သက်တော်ရှည် မြန်မာ ဆရာတော်ကြီးများ
က။ ဘဒ္ဒန္တ ဩသဓာဘိဝံသ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ပုဏ္ဏမာရာမဈေးကျောင်းတိုက်၊ ညောင်တုန်းမြို့။
ခ ။ အဂ္ဂါဘိဇေ ရွှေကျင်သာသနာပိုင် စစ်ကိုင်းရွှေ ဟင်္သာ တောရ ဆရာတော် ဘုရားကြီး
( ဂ ) မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)၏ အအိပ်အနေ တရား
(ဃ) သက်တော် ရှည် မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများထဲမှတစ်ပါး၊ ကျန်းမာ သက်ရှည် နေတဲ့ ဆရာတော် ကြီး ၊ ချမ်းမြေ့ဆရာတော် ဘုရား ။
သက်တော်၇ှည် ဆရာတော်ကြီးများ၏ ကျန်းမာရေးဩဝါဒများ ( အသေးစိတ် )
( က )
ရာပြည့်ရာကျော်ဆရာတော်ကြီး,။ ဇာတိမြေက ညောငန်တုန်း ဆရာတော်ကြီး ၏ ကျန်းမာ အသက်၇ှည် ရေးဆိုင်ရာ လမ်းညွှန် ဩဝါဒ များ
————–
ဘဒ္ဒန္တ ဩသဓာဘိဝံသ
အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက
ပုဏ္ဏမာရာမဈေးကျောင်းတိုက်၊ ညောင်တုန်းမြို့။
ဖတ်စရာ မှတ်စရာ ( ၁၁၃ ) က
္မှတ်ဖွယ် မှတ်ရာ ၊ သာသနာ ဘာသာရေးရာ စာပဒေသာ
သာသနာ့ရောင်ဖုံး မြို့ရွှေညောင်တုန်း မှ
သက်တော် ရှည် စျေးကျောင်းဆရာတော်ကြီး၏ တစ်နေ့တာ နေထိုင် စားသောက်ပုံနည်းစနစ်များ။
ကျန်းမာနေဆဲ့ သက်တော်ရှည် ညောင်တုန်းဆရာတော်ဘုရား ကြီး၏ ကျန့်မာရေးစောင့်ရှောက်နေပုံများ အကြောင်း ။
ညောင်တုန်းဆရာတော်ကြီး
သက်တော် ၁၀၃ နှစ် ထဲ ရောက်နေပါပြီ။

၂၀၂၃ အောက်တိုဘာလမှာ မရောက်တာကြာတဲ့ ဇာတိမြေ ညောင်တုန်း မြို့ကို အလည်အပတ်သွား ရောက်ခဲ့ စဉ် က ဆရာတော်ကြီးသီတင်းသုံးရာစျေးကျောင်းတိုက်ကို သွားရောက်တွေ့ဆုံဖူးမျှော်ခဲ့ပါတယ်။
အသက် ၁၀၂ နှစ် ခန့် ရှိနေပြီး သတိကောင်း ၊စကားကောင်းကောင်းပြောနေနိုင်တာတွေ့ခဲ့ရတယ်။
ရန်ကုန်မှလာကြတဲ့ ဆရာတော်ကြီရဲ့ တပည့်သံဃာတွေနဲ့စကားကောင်းကာင်းပြောနေကြလို့ တွေ့ဘို့စောင့်နေခဲ့ရသေးတယ်။
ဆရာတော်ကြီးအကြောင်း ၊ဆရာတော်ကြီးနဲ့ဆက်စပ် စာများ
ညောင်တုန်း ဆရာတော်ကြီးရဲ့ ကျန်ူမာရေးစောင့်ရှောက်ပုံ
ရာပြည့်ရာကျော် ဆရာတော်ကြီးများ
၏ကျန်းမာရေး နည်းလမ်းများ” ၊
ေ၇းထားကြတဲ့ စာတွေပြန်တွေ့လို့ ပြန်လည်ကူးယူဖေါ်ပြလိုက်ပါတယ်။
အေးမြင့် ( ညောင်တုန်း )
၅၊၅၊၂၀၂၄
ရည်ညွှန်းစာများ
( ၁ ) ရာပြည့်ရာကျော်ဆရာတော်ကြီး
(၂ ) “ရာပြည့်ရာကျော် ဆရာတော်ကြီးများ
၏ကျန်းမာရေး နည်းလမ်းများ” ၊ ( စာရေးဆရာ စေတနာလှိုင်၏ ဆောင်းပါး)
(၃ ) သာသနာ့ရောင်ဘုန်း မြို့ရွှေညောင်တုန်း
ရည်ညွှန်း ။ (၄) (မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)၏ အအိပ်အနေ တရား
ရည်ညွှန်း ( ၂ )
ဆက်စပ် ကျန်းမာရေး လမိးညွှန် ဆောင်းပါဂ ။
“ရာပြည့်ရာကျော် ဆရာတော်ကြီးများ ၏ကျန်းမာရေး နည်းလမ်းများ” ၊ ( စာရေးဆရာ စေတနာလှိုင်၏ ဆောင်းပါး)
Saydanar Hlaing
ပုဏ္ဏမာရာမ စျေးကျောင်း ဆ ရာတော်။ ။
ညောင်တုန်းမြို့ ပုဏ္ဏမာရာမ စျေးကျောင်း အဘိဓဇမဟာရဋ္ဌဂုရု၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသြသဓာဘိဝံသည်လည်း သက်တော်၁၀၁ နှစ်သို့ ရောက်လာသည့်တိုင် နှလုံးရောဂါကြောင့် ဆေးဝါးမှီဝဲနေရခြင်း
နှင့်နားမျက်စိအာရုံ လျော့နည်းလာသည်မှအပသတိကောင်းဆဲ သွားနိုင်လာနိုင် စားနိုင်ဆဲဖြစ်သည်။
သွားတွေလည်း ကောင်းဆဲဖြစ်သည်။
ဆရာတော်ကြီး ဤသို့ကျန်းမာအသက်ရှည်နေခြင်းမှာ အစားအသောက်အနေအထိုင် ဆင်ခြင်သောကြောင့်ဖြစ်သည်။
စျေးကျောင်းဆရာတော်ကြီး၏ တစ်နေ့တာ နေထိုင် စားသောက်ပုံနည်းစနစ်များ
၁။ ဆရာတော်ကြီးသည် အစားအသောက်အချိန်မှန်သည်။
၂ ။ ရေချိုး မိုးချိုးအချိန်မှန်သည်။
၃ ။ ကျိန်းစက်ချိန်မှန်သည်
၄ ။ အစားအသောက် ဆင်ခြင်သည်။
၅ ။ မိမိနှင့်တည့်သော အစားအစာကိုပင် သင့်တင့် မျှတရုံသာ ဘုဥ်းပေးသည်။
၆။ ကွမ်းစား ဆေးသောက်လည်းကင်း၏။
၇။ အဲယားကွန်းနှင့်နေသော်လည်း မိမိကျန်းမာရေးနှင့်ဆန့်ကျင်ဘက်မဖြစ်။
၈ ။ ဆရာတော်ကြီးသည် နံနက်လေးနာရီတွင် အိပ်ရာထ မျက်နှာသစ်၍ဘုရားဝတ်ပြုကာ ပရိတ်ရွတ်ဖတ်ပူဇော်သည်။
၉ ။ ထို့နောက် အရုဏ်ဆွမ်းဘုဥ်းပေးသည် ။
၁၀ ။ ထိုအရုဏ်ဆွမ်း ဘုဥ်းပေးပြီးချိန်မှစ၍နေ့ဆွမ်းမဘုဥ်းမပေးမချင်းလည်း မည်သည့် အစားအသောက်ကိမျှ မဘုဥ်းပေးဘဲ ရေကိုပင် သောက်လေ့မရှိပေ။
၁၁ ။ နံနက်ကိုးနာရီတွင် ကျောင်းပေါ်မှာပင်စင်္ကြံလျှောက်သည် ။
၁၂ ။၁၀နာရီတွင် ရေပူနှင့်ရေအေးစပ်၍ရေချိုးသည်။
၁၃ ။ ၁၁နာရီတွင် နေ့ဆွမ်းဘုဥ်းပေးသည်။
ဆွမ်းဘုဥ်းပေးရာ၌အရည်သောက်ဟင်းတစ်ခွက်၊ရုံးပတီသီးကြော် သို့မဟုတ် အစိမ်းကြော်ကဲ့သို့ဟင်းတစ်ခွက်၊ကျောင်းက စီမံထားသောဟင်း၊ဒါယကာ ဒါယိကာများ လှူသောဟင်း စသည် ဖြင့် အရံဟင်း၁၀ခွက်ခန့်ပါသည်။
၁၄ ။ ဆရာတော်ကြီးသည် ဆွမ်းအတော်ဘုဥ်းပေးနိုင်သေး၏။ဆွမ်းတစ်ခါဘုဥ်းပေးလျှင် ဆန်နို့ဆီဘူး တစ်ဘူးချက် နီးပါးကုန်သည်။သက်ကြီးရွယ်အတော် များများ အသက်ကြီးလာလျှင် ဇီဝှာပသာဒပျက်ကာ အစားအသောက် နည်းလာကြသော်လည်း ဆရာတော်ကြီးကမူပို၍ပင် ဘုဥ်းပေးနိုင်သည်။
. စံကင်းဆရာတော်ကြီးက အစားအသောက်နည်းပြီး ကျန်းမာသက်ရှည်သော်လည်း ဆရာတော်ကြီးကမူ အစားအသောက်များများ ဘုဥ်းပေးပြီး အသက် ရှည်သည်။
၁၅ ။ ဤသည်မှာ ဆရာတော်ကြီးက သွားကောင်းသဖြင့်အစာကြေညက်အောင် ဝါးနိုင်ခြင်းနှင့်ပါစကဝမ်းမီးချက်အား ကောင်းသောကြောင့်ဖြစ်ပေ မည်။
၁၆ ။ ဆရာတော်ကြီးသည် ဆွမ်းဘုဥ်းပေးပြီးသည်နှင့်လက်ဖက်နှင့်အကြော်စုံကိုဘုဥ်းပေးသည်။ငှက်ပျောသီးလည်း နေ့စဥ်ပုံမှန် ဘုဥ်းပေး၏။ထို့ပြင် သစ်တော်သီး၊လိမ္မော်သီး၊ပန်းသီး ရရာအသီး တစ်မျိုးမျိုးကိုလည်း ဘုဥ်းပေး၏။ကောက်ညှင်းကျည်တောက်နှင့်ထမနဲကိုလည်းအလွန်ကြိုက်၏။
၁၇ ။ ဆရာတော်ကြီးသည် ဆွမ်းဘုဥ်းပေးပြီးနောက် တစ်ရေးတစ်မှေးကျိန်းစက်၍မွန်းလွဲတစ်နာရီတွင် အိပ်ရာထတော်မူသည်။
၁၈ ။ မွန်းလွဲနှစ်နာရီတွင် သံဃာ တစ် ပါးပါးက ဆရာတော်ကြီးအား နေ့စဥ်ထုတ် သတင်းစာထဲက ကောင်းနိုးရာရာနှင့်ဗဟုသုတဖြစ်ဖွယ်ရာများကို ဖတ်ပြရသည်။
ထို့နောက် ဘုရားဟော ဒေသနာများ၊ဓမ္မပဒ၌လာသည့်ဇာတ်ဝတ္ထုများကိုဖတ်ပြရသည်။
၁၉ ။ ဆရာတော်ကြီး မျက်စိ အားကောင်းစဥ်က စာအုပ်နှင့်မျက်နှာ ခွာ လေ့မရှိပေ။
ဆရာတော်ကြီးသည် မိမိယခင်က ကျက်မှတ်ထားသော စာများနှင့်ဂါထာများကိုလည်း မကြာခဏ ပြန်လည် ရွတ်ဆိုနွှေးလေ့ရှိသည် ။
၂၀ ။ ညနေ ငါး နာရီတွင် ဘုရားဝတ်ပြုသည်။
၂၁ ။ ထိုနောက် နာရီဝက်သာသာ စင်္ကြံလျှောက်သည်။
နောက်ပိုင်း၌ချော်လဲသွားသဖြင့် စင်္ကြံ မလျှောက်နိုင်တော့ပေ။
၂၂ ။ ညခုနစ်နာရီတွင် ဦးပဥ္စင်းတစ်ပါးနှင့်အတူ ပရိတ်ရွတ်ဖတ်ပူဇော်သည်။ထိုစဥ်အနီးနေ ဦးပဥ္စင်းတစ်ပါးက ဆရာတော်ကြီး ညောင်းညာမှုပြေစေရန် တိုင်းရင်းဆေး တစ်မျိုးမျိုးကို လိမ်းပေးရသည်။
၂၃ ။ ဆရာတော်ကြီးသည် မွန်းလွဲသည်နှင့်ဆေးဝါးမှလွဲ၍မည်သည့်ဖျော်ရည် မည်သည့် အာဟာရမျှ မဘုဥ်းပေးတော့ပေ။
၂၄ ။ ညရှစ်နာရီတွင် သတင်းနားထောင်၍ကိုးနာရီတွင် တရားနှလုံးသွင်းကာကျိန်းစက်တော်မူသည်။
ဤကား စျေးကျောင်းဆရာတော်ကြီး၏ တစ်နေ့တာ နေထိုင် စားသောက်ပုံနည်းစနစ်များပင် ဖြစ်ပါသည်။ဆရာတော်ကြီး ဤသို့ကျန်းမာအသက်ရှည်နေခြင်းမှာ အာဝါသသပ္ပာယ၊ဥတုသပ္ပာယ၊ပုဂ္ဂလသပ္ပာယ၊ဘောဇနသပ္ပာယဟူသော သပ္ပာယ လေးပါးတို့နှင့်အညီ နေထိုင် စားသောက်သောကြောင့်လည်း ဖြစ်ပေသည်။
ဟုတ်ကဲ့ပါ။ဖြည့်စွက်ရေးပါမယ်။
ကျေးဇူးပါ။မိမိသိရသလောက်ရေးသားပူဇော်ခြင်းပါ။
Saydanar Hlaing
Tint Naing ဆရာတော်ကြီးရဲ့အဓိကအလေ့အကျင့်က၊ညနေဘုရားဝတ်တက်ပြီးရင်၄၅မိနစ်ခန့်၊ခပ်သွက်သွက်စင်္ကြန်လျှောက်တာနေ့တိုင်းပါပဲ၊ချော်လဲသွားလို့ကျန်းမာရေးထိခိုက်တာလည်းပါတယ်၊ကောင်းကောင်းမလျှောက်နိုင်တော့လို့ကျန်းမာရေးချူချာသွားတာ။
(ခ ) ဆက်စပ် ဆရာတော်ကြီးတစ်ပါး ။
အဂ္ဂါဘိဇေ ရွှေကျင်သာသနာပိုင်
စစ်ကိုင်းရွှေ ဟင်္သာ တောရ ဆရာတော် ဘုရားကြီး ၏ ကျန်းမာသေက်၇ှည်စေရေး ဩဝါဒ လမ်းညါှန်ချက်

အသက်၇ှည်၇ာ အနာမဲ့ကြောင်း သက်တော်ရှည် မြန်မာ ဆရာတော်ကြီးများ၏
လက် တွေ့ နည်းလမ်းကောင်းများဆက်စပ် ဆရာတော်ကြီးတစ်ပါး ။
အသက်ရှည်ကြောင်း🙏🙏🙏
ဘုန်းကြီးမှာ သွေးတိုးလဲ မရှိဘူး၊ နှလုံးရောဂါလဲ မရှိဘူး၊ ဘာရောဂါမှ မရှိဘူး ဒကာတို့၊
၁ ။ * အသက်ရှည်ရှည် နေထိုင်နိုင်အောင် ပူပင်သောက မထားနဲ့၊
ပူပန်စရာ သောကဖြစ်စရာ ကြုံလာရင်လဲ သတိနဲ့ ဆင်ခြင်ပြီး ဖြေဖျောက်ပစ်၊
၂ ။ * အစားအစာကိုလဲ ကိုယ်နဲ့သင့်တင့်ရာကို ချင့်ချိန်ပြီး မျှတအောင်စား၊
၃ ။ * ကိုယ်လက်လှုပ်ရှားမှု တခုခုအနေနဲ့ လမ်းဖြစ်ဖြစ် မှန်မှန်လျောက်၊
ပူပင်သောက ကြောင့်ကြမှု များရင်လည်း လူဟာ အသက်တိုတယ်၊ လူအိုတယ်
အစားအသောက် အနေအထိုင် ပူပင်ကြောင့်ကြမှု နည်းနိုင်သမျှနည်းတာဟာ
စိတ်ချမ်းသာရေး၊ ကျန်းမာရေးလို့ သဘောပေါက်။
#ပါဠိတော်ထဲမှာလဲ-
#အတိတ်ကိုစွဲပြီး မပူပန်ပါ၊
#အနာဂတ်ကို စွဲ၍ မတောင့်တပါ၊
#ပစ္စုပ္ပန် ရှိတာလေးနဲ့ မျှတပါသည်၊
ထို့ကြောင့် ရုပ်ဆင်း ကြည်လင်ပါသည်-လို့ ဟောထားတာ ရှိပါသည်။
ဒါကြောင့် တို့ ကျန်းမာရေးကောင်းခြင်း အကြောင်းတရပ်ကတော့ စိတ်အေးအေး ထားတတ်ခြင်း၊
ပူပင်ကြောင့်ကြမှု ကင်းခြင်း-လို့ ဆိုနိုင်ပါတယ်။
၄ ။ နောက်တစ်ခုက စိတ်အလုပ်ပဲ၊
တကယ့်ကို စိတ်အလုပ် လုပ်ထားတဲ့သူ တယောက်ဟာ သေချိန်ကျလို့ သေခါမှ သေရော၊
မကျန်းမမာ ဖြစ်ခဲတယ်၊
ဟိုဘဝက ပါလာတဲ့ ကံဟောင်းကံကြွေးရှိလို့ ခံရတာမျိုးမှ တပါး ကျန်းမာရေးမထိခိုက်ဘူးဆိုတာ
တို့တကယ် ယုံကြည်တယ်။
အလုပ်လုပ်နေတယ်၊ အလုပ်လုပ်နေလို့ ညအိပ်ချိန် နည်းသွားမယ်၊ ဘာမှမဖြစ်ဘူး၊
စိတ်အလုပ်ပြောတာနော်၊ စိတ်အလုပ်ဆိုတာ ကမ္မဋ္ဌာန်းအလုပ် ပြောတာ၊ ငါငယ်ငယ်ကတဲက လုပ်ခဲ့တာပဲ၊
ဒီကမ္မဋ္ဌာန်းအလုပ်ကလဲ ငါ့ကို ကျန်းမာစေတယ်လို့ ယူဆတယ်။
၃-က ။ နောက်တစ်ခုက ကိုယ်လက်လှုပ်ရှားခြင်းက ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ လေ့ကျင့်မှုတရပ်ပဲ၊ လမ်းလျှောက်ခြင်းဟာ ကမ္မဋ္ဌာန်းထိုင်တဲ့ ပုဂ္ဂိုလ်များ (ထိုင်ပြီးအလုပ်လုပ်ရတဲ့ပုဂ္ဂိုလ်များ) အတွက်
အလွန်အရေးကြီးတယ်၊ လမ်းမလျှောက်လို့ ဖြစ်ကိုမဖြစ်ဘူး၊
ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်မှာ စင်္ကြသွားခြင်းရဲ့အကျိုး ၅-ပါး ဟောထားတာရှိတယ်၊
#ခရီးသွားနိုင်၊ #ကြံ့ခိုင်အားအင်၊ #ကင်းစင်ရောဂါ၊ #အစာကြေညက်၊ #မပျက်သမာဓိ၊
ငါးပါးရှိ၊ မှတ်သိစင်္ကြိအကျိုးတည်း-တဲ့
ငါတော့ အင်္ဂလန်မှာနေတုံး ဘယ်လောက်အေးအေး လမ်းလျှောက်ထွက်တာပဲ မိုးသိပ်များလို့ မထွက်နိုင်ရင် အခန်းတွင်းမှာ လေ့ကျင့်ခန်းလုပ်တယ်၊ ခြေဖျားကိုထိအောင် ကွေးညွတ်ရတဲ့ လေ့ကျင့်ခန်းမျိုးတွေ မပျက်မကွက် လုပ်လေ့ရှိတယ်၊
ဒါကြောင့် နှာစေးချောင်းဆိုးမှစ တပါးတခြား ဘာရောဂါဖြစ်တယ်လို့ သိပ်မရှိပါဘူး။
စစ်ကိုင်း-ရွှေဟင်္သာဆရာတော်
Buddhavasa Tiloka
🌸 အားလုံး အသက်ရှည်ကျန်းမာ ဘေးရန်ကွာ၍
ကောင်းသောအလိုဆန္ဒများ ပြည့်ဝကြပါစေ…
Credit- ဇေတဝန်
ညွှန်း Facebook post မဟာ ကုသိုလ် တော် ကျောင်းတိုက် -မ/ဒဂုံ 4 June 2022
ရည်ညွှန်း ။ (၄)
(ဂ) ကျန်းမာရေးဆိုင်ရာ ဆက်စပ် ဆရာတော်ကြီးတစ်ပါး၏ ဩဝါဒ ။
(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)၏ အအိပ်အနေ တရား

ကူးယူဖေါ်ပြပါသည်
အိပ်လို့ အားရှိတယ် မထင်နဲ့ ရပ်ထဲရွာထဲမှာ နေ့ခင်းနေ့လည် အိပ်ခဲကြပါတယ်။ ည ဘာလို့ အိပ်တုန်း ?
အိပ်ခြင်းရဲ့အကြောင်းဟာ ‘အပူနဲ့အပုပ်လေ ။ အပူနဲ့ အပုပ်ဟာ သွေးကြောလေကြောထဲ ပါသွားရော။နေ့မှာ နေရဲ့အပူချိန် ရှိတဲ့အတွက် မွှေးညှင်းပေါက် ပွင့်နေတယ်၊ ဒီတော့ မအိပ်ချင်သေးဘူး။
ဟော – ညဦး ၆ နာရီလောက်ဆိုတော့ နေဝင်သွားပေမယ့် အပူချိန် ကျန်နေသေးတယ်၊ မွှေးညှင်းပေါက်ကလေးတွေ ရှိနေသေးတယ်။ ရှိတဲ့အပူပုပ်က ထွက်သာသေးတယ်။
ည ၉နာရီ, ၁၀ နာရီ ဆိုတော့ နေနဲ့တော်တော် ဝေးသွားပြီ ထင်တယ်။ အအေးဓာတ်ကလေး ရလာပြီ ဆိုတော့ မွှေးညှင်းပေါက်တွေ ပိတ်ကုန်ပြီ။ အပူအပုပ်က ဘယ်မှ ထွက်စရာမရှိတော့ အစာအိတ်ထဲကနေ ခါးဆစ်ရိုးကနေ ဖောက်ပြီး နောက်ကျောကို တက်ကရော။ဘေးထွက်စရာ, ဖြန့်ထွက်စရာ မရှိတော့ အပေါ်ဖောက်မှာပဲလေ၊ နောက်ကျောကတဆင့် အုပ်ဆက်ကြောထိုး၊ အဲဒီကမှ ငယ်ထိပ်ကို ဖောက်သွားမှာ။
၁၀ နာရီ, ၁၁ နာရီလောက်ရောက်တော့ ပိုအေးလာပြီထင်တယ် ဟေ့ …။ အဲဒီမှာ …. ရှိသမျှ အပူ အကုန်လုံး အလုံးအရင်းနဲ့ နောက်ကျောက ထိုးတက်၊ ငယ်ထိပ်ကို သွားဖောက်တော့ သွေးကျပြီး …..မျက်ခုံးကြီးလေးလံလာတယ်၊ ပြီးတော့ သန်းလာတယ်၊ နောက်တော့ ငိုက်လာတယ်။ ထိနမိဒ္ဓက ဝင်ပြီး အမိန့်ပေးရော ‘ ငါ အိပ်မယ် တဲ့ နေ့တိုင်း အိပ်လာတာ, တစ်သက်လုံး အိပ်လာတာ ဒီနေ့ တစ်ရက် မအိပ်ဘူးကွာ လို့ ပြောရဲလား ? ဒီ ထိနမိဒ္ဓ ကိလေသာကျ ဘုရားထက် ကြည်ညိုတယ်ဘုရားအာရုံပြုတာ ဘယ်လောက်ကြာတုန်း ? ( ခဏကလေးပါဘုရား )
ထိနမိဒ္ဓ ကျတော့ရော( တစ်ညလုံးပါ ဘုရား )
ဒါဆို ….. ဘုရားနဲ့ ထိနမိဒ္ဓ ဘယ်သူ့ကို ဆည်းကပ်တာ ပိုနေတုန်း ? ( ထိနမိဒ္ဓ ကို ပိုပြီး ဆည်းကပ်ပါတယ်ဘုရား )
ဒါဖြင့် ခင်ဗျားတို့ ဗုဒ္ဓဘာသာဝင်တွေလား ? ထိနမိဒ္ဓ ဘာသာဝင်တွေလား ?
…………………………………………………………………………
အိပ်လိုက်ကြတာ,
တကယ်လို့များ တို့ယောဂီတွေ လောဘကြီးကြီး, သောကကြီးကြီးနဲ့ တနေကုန်….. ဖုတ်လှိုက်ဖုတ်လှိုက် သွားနေသူဆိုရင် ညအိပ်ရင် …..အပူအပုပ် များလွန်းတော့ ‘ဟောက်ပြီးတော့ တောင် အိပ်တတ်ပါသဗျာ…။အပူအပုပ်က နှာခေါင်းကချည်း ထွက်လို့မနိုင်တော့ဘူးလေ၊ ရှူလေမှာ လေဘက်ကို တိုးယူတာ, ရှိုက်လေမှာ အထဲထဲရှိတဲ့ အပူအပုပ်ကို ထုတ်ပစ်တာ…၊
တို့ ရန်ကုန်ပြော ပြောရရင်တော့ နေ့မှာ ….ကားတွေ,လူတွေ ရှုပ်နေတဲ့အတွက် မြူနီစပယ် ဝင်မသာဘူး၊ ည …..ကားတွေသိမ်းပြီ ဆိုတော့မှ …..မြူနီစပယ် ဝင်ရသလို ပါပဲဗျာ။
နေပူ မိုးရွာ မရှောင် , လောဘထန်ထန်, သောကထန်ထန်နဲ့ အတင်း သွားထားတဲ့ လူတစ်ယောက်ဟာ အပူအပုပ် `စု နေပြီ ….။ညကျတော့ ….ဝင်လေကလေးက လေကောင်းလေသန့်ကလေး၊ အဲဒီ လေကောင်းလေသန့်ကလေးနဲ့ လေဆိုးလေပုပ်တွေကို ‘ထွက်လေ နဲ့ ထုတ်ပစ်ရတယ်၊ အဲဒီအချိန်မှာ အလွန်ပင်ပမ်းတဲ့ပုဂ္ဂိုလ်, အပူအပုပ်ကြီးတဲ့ ပုဂ္ဂိုလ်ဟာ’ နှာခေါင်းနဲ့ လေ မဆန့်တော့တဲ့အတွက်ပါးစပ်ကြီးပါ ဟောက်အိပ်သဗျာ….။အဲဒီမှာ …..အပူအပုပ် ကုန်တဲ့အချိန်ဟာ နိုးတဲ့အချိန်ပဲ ။အအိပ်ကြီးတော့ အပူအပုပ်ကြီးလို့စိတ် မကလက်တော့တဲ့ ရဟန ္တာ အရှင်သခင်ကြီးတွေကျတော့ အိပ်ကို မအိပ်တော့ဘူး၊အရိယာအရှင်သခင်ကြီးများမှာ ကိလေသာမှ မရှိတော့ဘဲ။
ပြီးတော့လည်း ….တနေကုန် ဝင်လေထွကိလေနဲ့ရှူသွင်း, ရှိုက်ထုတ် လုပ်နေတော့ အပူအပုပ် မအောင်းနိုင်တော့ဘူး။
တို့ ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီးက ဘယ်လိုများ မှတ်လောက်သားလောက်အောင် အမိန့် ရှိသွားသလဲ ဆိုရင် “လူတစ်ယောက်ဟာ တစ်နေ့ သုံးမိနစ် အိပ်ရင် လုံလောက်ပါတယ် ” တဲ့ ။
ဒါက အရိယာအမြင်, အရိယာရှုထောင့်က မိန့်တာ၊`အပူအပုပ်နည်းရင် နည်းသလောက် အအိပ်နည်းတယ်အပူအပုပ် ကင်းတဲ့အချိန်ဟာ နိုးတဲ့အချိန်။ ဒါပေမယ့် ……နိုးသာနိုးတယ်, မထသေးဘူးစိတ်က နိုးတာ မျက်လုံးမဖွင့်သေးဘူး၊ နိုးချင်စိတ်နဲ့ ‘ ဖွင့်တယ် – ဖွင့်တယ် အဆင့်ဆင့် သွားတာဗျ။အပူအပုပ် ကင်းစင်ပြီး…..နိုးထလာမှသာကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း #အဲဒါ ….. အိပ်လို့ အားရှိတာလား ?
နေ့မှာထက် ညမှာက ဝင်လေထွက်လေက ပုံမှန် မဖြစ်ဘူးလား ?အိပ်ပြီဆို ….သောကအနှောင့်အယှက်တွေ မရှိတော့ဘူးဝင်လေထွက်လေက -နှာသီးနဲ့ ချက်တိုင်၊ ချက်တိုင်နဲ့ နှာသီး ပုံမှန်ဗျ ။ပုံမှန်ဖြစ်တဲ့အတွက် ချက်တိုင်ကနေ တန်းပြီးထွက်ရင် အပူအပုပ်တွေ အကုန်ပါသွားပြီ ၊ အဲဒီအပူအပုပ် ကုန်လို့အားရှိတာ ။အိပ်လို့ အားရှိတယ် မထင်နဲ့ ။
တို့ … နေ့မှာလည်း ပုံမှန်လေးသာ ရှူ နေ, ရှိုက်နေရင်အပူအပုပ် အောင်းနိုင်ပါဦးမလားဗျာ …။
ည အိပ်တဲ့ …..လူတစ်ယောက်ရဲ့ ရှူ ရှိုက်နှုန်း မဖြစ်သေးလို့ အပူအပုပ်တွေ စုနေတာ ဘာလို့ မဖြစိတုန်း ? နိုးကတည်းက -သောကနှိုးလို့ နိုးခဲ့တာက များတာကိုး….
`ငါ့နှယိ, အိပ်ယာထ ….နောကိကျလိုက်တာ, ဘာလုပ်ရဦးမယ်, ညာလုပ်ရဦးမယ်, ပျာယီးပျာယာနဲ့ ။အဲဒီကတည်းက ဝင်လေထွက်လေခင်ဗျာချက်တိုင်အထိ မရောက်တော့ဘဲ ရင်ညွှန့်ကနေ ပြန်ထွက်ရတာ၊သူ့အောက်က ….ဘဝင်လေက ပင့်တင်ထားပြီလေ
အိပ်နေချိန်ကတော့ …လောဘတွေ , သောကတွေခဏ ပျောက်နေတော့ ဘဝင်လေ ….အခုအခံ မရှိတော့ဘူး၊သူ့စိတ်နဲ့ သူ့ကိုယ် ကောင်းလိုက်တာဗျာ
ဟော နိုးပါပြီ ဆိုတာနဲ့ သောကက တစ်ချက် ဆောင့်လိုက်မယ်၊ လောဘက တစ်ချက် ဆောင့်လိုက်မယ်၊
ဆောင့်လိုက်တာနဲ့ …ဝင်လေထွက်လေ ပုံမှန် မဖြစ်တော့ဘူး၊ ရင်ညွှန့်လောက်ကပဲ အဆင်းအတက် လုပ်နေရတော့ အပူအောင်း မနေပေဘူးလားဗျာ။ဒါ အိပ်ခြင်းရဲ့ အကြောင်းကို ပြောတာ။
ယောဂီတို့ ….ကိုယ်တိုင် စမ်းကြည့်ပါ။တို့ ပြောလို့ ဆိုပြီး မယုံပါနဲ့ ဦး ဟုတ်, မဟုတ် …လက်တွေ့ စမ်းကြည့်ကြ။အိပ်တာလေးကိုပင်လျင် ကောင်းကောင်း ကွဲကွဲပြားပြား သိအောင် လုပ်ခဲ့စမ်းပါ။အဲဒီမှာ …စိတ်ကလေးက အရင်နိုးလာပါတယ်ဗျ ။ဒါပြီးမှ ….ကိုယ်ကို အထခိုင်းတာပါစိတ်ရောက်တဲ့နေရာမှာ စိတ်ကြောင့်ဖြစ်တဲ့ လေရဲ့ လှုပ်ရှားမှုကြောင့် ရုပ်လည်း အသက်ဝင်ရတာ။အပေါ်ပိုင်း ကိုယ်ပေါ်မှာ စိတ်ရောက်လို့ရှိရင် စိတ်ကြောင့် ဖြစ်တဲ့လေ ‘ စိတ္တဇဝါယောကြောင့် ထပြီး လှုပ်ရှားပေးရတာ ။ဒါပြီးတော့ …အောက်ပိုင်းကိုယ်ကြီးကို ထောင် ချင်တော့ ….လက်ကလေးကို အထောက်ခိုင်းသေး ထင်တယ်၊ဒီမှာလည်း ….လက်မှာ စိတ်ရောက်မှ၊ လက်မှ စိတ္တဇဝါယော ပျံနှံ့ပြီး လှုပ်ရှားပြီး အသက်ဝင်ပေးရပါတယ်။ ဒါပြီးမှ ….ကိုယ်ကြီးကို ထပေးအောင် ထောင်ပေးရတာပါ။
ယောဂီတို့ …..အိပ်နေတာချည်းက တံခါးပေါက်နဲ့ တည့်ချင်မှ တည့်မှာပါ၊ တံခါးပေါက်တည့်အောင် စိတ်ကပဲ ……ထည့်ပေးရပြန်ပါတယ်။အဲဒီလို …..စိတ်က ဒီကိုယ်ကြီးကို အသက်သွင်းပြီး အဆင့်ဆင့်ခိုင်းလာပုံကို မြင်အောင် ကြည့်ပေးစမ်းပါ။ ဒါကို ဇာဂရိတေ၊ နိုးတဲ့ကာလမှာလည်း သမ္ပဇာနကာရီ ကောင်းကောင်း …..ကွဲကွဲပြားပြားသိအောင် လုပ်ပေးစမ်းပါတဲ့။
ဘယ်သူသည် ထသလဲ ?ဘာကြောင့် ထသလဲ ?အဲဒီမှာ …’စိတ်နဲ့ ကိုယ် နှစ်ဦးပေါင်းပြီး အတိုင်ဖောက်လုပ်ပြီးတော့ ထရတာလေးတွေ မြင်လာပါလိမ့်မယ်။
🙏🙏🙏

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)
Credit to … https://www.facebook.com/donation.of.dhamma/
ဓမ္မမိတ်ဆွေများ ကောင်းကျိုးတရားများ တိုးပွားကြပါစေ
————————————————————————–
ပြန်လည်မျှဝေ ကုသိုလ်ပြုပါ၏။
(ဃ )သက်တော် ရှည် မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများထဲမှတစ်ပါး၊ ကျန်းမာ သက်ရှည် နေတဲ့ ဆရာတော် ကြီး ၊ချမ်းမြေ့ဆရာတော် ဘုရား ။

ချမ်းမြေ့ဆရာတော်ဘုရားကြီး
ကျန်းမာရေးဘာ့ကြောင့်ကောင်းတာလဲ ချမ်းမြေ့ဆရာတော်ဘုရားကြီးက သက်တော် ၉၅ နှစ်ထဲရောက်နေပါပြီ။
သက်တော် ၉၅ နှစ်ထဲရောက်နေပါပြီ။
ကျန်းမာရေးက ကောင်းနေတာပါပဲ။ဆရာတော်ဘုရားကြီး လဲနေလို့ ဘာဝေဒနာခံစားနေရလို့ဆိုတာ မရှိခဲ့ပါဘူး။
ဖူးလိုက်ရင် ကြည်လို့ လင်လို့ စာဖတ်လို့။
ဒါ ကံ စိတ် ဥတု အဟာရ သပ္ပါယ မျှ
တအောင် နေထိုင်ကျင့်သုံးခဲ့လို့ဆိုတာ
သေချာပါတယ်။
ဆရာတော်ဘုရားကြီးအနားရောက်သွားရင် တပည့်တော်ဘာရောဂါရှိလို့ပါ
လျှောက်ရမှာ ရှက်တောင်လာပါတယ်။
ဆရာတော်ဘုရားကြီးက စိတ်ကောင်းနှလုံးကောင်းနဲ့နေတယ်။အများအကျိုးရှိမည့် အလှူအတန်းနဲ့ပျော်တယ် ။စာဖတ်ခြင်းနဲ့ပျော်တယ်။တင့်တယ်လှပခြင်းကိုနှစ်သက်တယ်။
အထူးသဖြင့် ကျန်းမာရေးကိုလိုက်စားတယ်။ကျန်းမာမှ သာသနာကြာကြာပြုနိုင်မယ်လို့ မြင်ထားတယ်။
ကံ စိတ် ဥတု မျှတအောင်နေထိုင်တာကိုတော့ လူတိုင်းသတိထားမိမယ် ။ အဟာရမှီဝဲတာကိုတော့ တပည့်ရင်းများမှလွဲပြီးမသိနိုင်ဘူး။
ဆရာတော်ဘုရားကြီးက ဆွမ်းဘုဉ်းပေးတာကို ဂရုစိုက်တယ်။အချိန်လေးစားတယ်။ဘုဉ်းပေးတဲ့အခါ စကားမပြောတော့ဘူး။
အဟာရကို မျှတအောင်ဘုဉ်းပေးတာထက် ပြည့်၀အောင်ဘုဉ်းပေးတယ်လို့ဆိုချင်တယ်။ဘာပြုလို့လည်းဆိုတော့ ဆရာတော့ဆွမ်းကျ ကို ပုံစံမပျက်ကျွှန်တော်စားခွင့်ရခဲ့တယ်။ နည်းလွန်းသွားတဲ့ဟင်းခွက်မပါဘူး။မျှဘုဉ်းပေးတယ်ဆိုတာ ထင်ရှားတယ်။
ကျွန်တော်ကတော့ ဟုတ်ပါဘူး။ငါးမွကြော်ကောင်းလွန်းလို့ အပြောင်ဆွဲပစ်တယ်။
ဆရာတော်ဘုရားကြီးက အဟာရ
တန်းဘိုးကိုနားလည်ပြီး အချိန်ကော အ
ဟာရကော တိတိကျကျလိုက်နာ ကျင့်
သုံးတော့ တကိုယ်လုံးမှာရှိတဲ့ မျက်စိ
အစာအိမ် ကျင်ကြီးကျင်ငယ် စွန့်တဲ့နေ
ရာတွေကအစ ကြွက်သားတွေကျန်းမာ
ပြီး ဇရာဒဏ်ကို ကြာရှည်ခံနေတာပါ။
သက်တော်ရသော်လည်း ဂီလာနလို
မနေရပဲ ကျန်းမာရေးစံပြပုဂ္ဂိုလ်ကြီးဖြစ်
နေတယ်။ကျွန်တော်တို့ထက် စာအများကြီးဖတ်နိုင်နေတာကကို ကျွန်တော်တို့ထက်နုပျိုနေတယ်။အရွယ်ရှိတုန်းက
တရားဓမ္မတွေ မနားမနေဟောပြောညွှန်
ပြခဲ့ပြီး အရွယ်ရလာတော့ လိုအပ်တဲ့
နေရာတွေ သံဃာတော်တွေကို အလှူ
ဒါနများပြုပြီး ကောင်းမှုကုသိုလ်တ
ရားဖြင့်မွေ့ပျော်နေတော့ကာ စိတ်၏
ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်း
အကျိုးရနေတာပါ။
ခုအချိန်မှာ စကားတလုံးမိန့်ကြားလိုက်ရင်လည်း အရမ်းတန်ဘိုးရှိနေတာကို နာကြားရတယ်။
သက်တော်ရလို့လည်း ခုထိ သတိ
မလွတ်ဖူး။တခါတရံလူကြီးသဘာ၀ မေ့
တတ်တာလေးအနည်းငယ်ရှိတယ်။ဒါ
တောင် ကျွန်တော်တို့လောက်မဆိုးဘူး။
ငယ်မူပြန်ဖို့တော့ ခုထိ အစအနမမြင်သေးဘူး။
ခြုံပြောရရင် ကာယကံ ၀စီကံ မနောကံကံသုံးပါးလုံး ထိန်းသိမ်းစောင့်ရှောက်ဖို့ကိုယ်တိုင်ကျင့်ကြံပြသွားတဲ့ စံပြဆရာတော်ဘုရားကြီးပါ။သီလ
သမာဓိ ပညာ ဂုဏ်သိက္ခာသုံးဖြာလည်း
စံပြပါ။ဒါ့ကြောင့် မဆုံးနိုင်သောကြည်
ညိုခြင်းများဖြင့် ဦးခိုက်ပူဇော်ခြင်း ခံ
ယူနေရတာပါ။
ဆရာတော်ဘုရားကြီး ကျန်းကျန်းမာမာနဲ့သက်တော်ရာကျော်ရှည်ပါစေ။
( Credit: Mg Bo Facebook post 25 Aug2022 )
ဆက်စပ် – လူ့ဘဝ သက်တန်း
ဘဝ သ က်တန်းများ
ဘဝ သံသရာတစ်ကွေ့မှာ
လောကလူ့ဘဝ တာဝန် ကြေကြသူများ။
သက်ရှိထင်ရှား ရှိနေစဉ် အတွင်း
လူ့ဘဝမှာနေခဲ့ကြရတဲ့ အချိန်တိုလေး အတွင်းမှာ
ကာလတိုသည်ဖြစ်စေ ၊နေတဲ့ကာလ ရှည်သည်ဖြစ်စေ
နိုင်ငံအတွက် အလုပ်တွေအများကြီးလုပ်ပေးခဲ့ကြ ၊
နိုင်ငံကို အလုပ်အကြွေး ပြုပေးခဲ့ကြတဲ့
ပြည်သူတွေ ရဲ့ဘဝအေးချမ်းသာယာစေရေး တွေကိုပါ
ကြံဆပေးခဲ့ကြသူ
ရဟနိးပညာရှိ ၊လူပညာရှိတွေချည်းပါဘဲ။
လု့ဘဝ လူ့ လောကတာဝန်ကျေခဲ့ကြသူ
ပညာရှိ ရဟနိးသံဃာတော်ကြီးတွေ ၊လူ ပညာတတ်ကြီးတွေ ပါ ။
ရည် ညွှန်း
ခေတ်အဆက်ဆက်လူ့ဘဝ သက် တန်း များ၊ ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်များအချို့
အသက်ရှင်တုန်း တရားရမှ ဖြစ်မယ်””
၁- ရှင်သာရိပုတ္တရာ အသက် ( ၆၈ )နှစ်
၂- ရှင်မောဂ္ဂလာန် အသက် ( ၆၈ )
၃- ရှင်ရာဟုလာ(ဗုဒ္ဓ၏သားတော်)အသက်(၄၄ )
၄- ဆရာတော် ဦးဗုဓ် အသက် ( ၅၅ )
၅- ကြာနီကန်ဆရာတော် – ( ၄၆ )
၆- ၄၇ဘွဲ့ရဆရာတော် အသက် ( ၅၄ )
၇- ရှင်မဟာသီလဝံသ အသက် ( ၆၅ )
၈- လယ်တီဆရာတော် – ( ၇၇ )
၉- ကျီးသဲလေးထပ်ဆရာတော် ( ၇၇ )
၁၀-ပုဂံ ရှင်အရဟံ အသက် ( ၈၁ )
၁၁-မန်လည်ဆရာတော် – ( ၇၉ )
၁၂-မိုးကုတ်ဆရာတော် အသက် ( ၆၃ )
၁၃-မဟာစည်ဆရာတော် – ( ၇၈ )
၁၄-သဲအင်းဂူဆရာတော် – ( ၆၁ )
၁၅-ငါးကျမ်းပြန်ဆရာတော် – ( ၆၅ )
၁၆-တရုပ်နိုင်မင်း ဆင်ဖြုရှင် (၃၈)နှစ်
၁၇-ရခိုင်ဘုရင်မင်းထီး (၁၁၂) နှစ်၊
၁၈-အလောင်းစည်သူ (၇၅) နှစ်
၁- ဗိုလ်ချုပ်အောင်ဆန်း အသက် ( ၃၂ )
၂- ကွန်ဖူးမင်းသား ဘရုစ္စလီ – ( ၃၂ )
၃- မိုက်ကယ်ဂျက်ဆင် အသက် ( ၅၀ )
၄- သီပေါမင်း – အသက် ( ၅၇ )
၅- စုဖုရားလတ် – အသက် ( ၆၆ )
၆- မင်းသား ရွှေဘ အသက် ( ၆၀ )
၇- သရုပ်ဆောင် ၀င်းဦး – ( ၅၄ )
၈- သရုပ်ဆောင် ဒွေး အသက် ( ၄၁ )
၉- သရုပ်ဆောင် ပြေငြိမ်း – ( ၂၉ )
၁၀-သရုပ်ဆောင် ဇင်မာဦး – ( ၅၁ )
၁-အဆိုတော် စိုင်းထီးဆိုင် – ( ၅၈ )
၂-အဆိုတော်တွံတေးသိန်းတန် ( ၅၈ )
၃-ဇာတ်မင်းသား ရွှေမန်းတင်မောင်( ၅၁ )
၄-စာရေးဆရာ ပီမိုးနှင်း – ( ၅၇ )
၅-စာရေးဆရာ အောင်သင်း – ( ၈၈ )
၆-ဟာသ သရုပ်ဆောင် မော့စ် ( ၅၉ )
၇-ဂဠုန် ဆရာစံ အသက် ( ၅၅ )
၉- ကနောင်မင်းသား အသက် ( ၄၇ )
၁၀- မဟာဗန္ဓုလ အသက် ( ၄၂ )
၁- မင်းသိင်္ခ အသက် ( ၆၉ )
၂- ဦးသန့် အသက် ( ၆၅ )
၃- ၀န်ကြီးချုပ် ဦးနု အသက် ( ၈၇ )
၄- ရတုစာဆို နတ်ရှင်နောင် – ( ၃၅ )
၅- အဆိုတော် လွှမ်းမိုး – ( ၄၇ )
၆- မယ်တော် မာယာ အသက် ( ၅၅ )
၇- ဒေါ်ခင်ကြည်(ဗိုလ်ချုပ်ကတော်) ၇၆ ။
၈- အေဗရာဟင် လင်ကွန်း – ( ၅၆ )
၉- ပြင်သစ်သမ္မတ နပိုလီယန် – ( ၅၂ )
၁၀-အမေရိကန်သမ္မတ ဂျော့ဝါရှင်တန်( ၆၇ )
၁၁- ဒုတိယကမ္ဘာစစ်ဖန်တီးရှင် ဟစ်တလာ ၅၆ ။
၁၂- ဘိုးမင်းခေါင် အသက် ( ၆၈ ) ပွဲလည်ပြင်ပ ချီးမွမ်းကြလည်း ၊ ရှုတ်ချ နောက်ဆုံး ရှိချေ၏ ။ ဝိညာဥ်ထင်လင်း သက်ရှင်ခြင်းကား ၊ သေခြင်းနောက်ဆုံး ရှိချေ၏ ။ ( ဓမ္မ သံဝေဂ )
Credited by Dr Rahula from Sg
ပွဲလည်ပြင်ပ ချီးမွမ်းကြလည်း ၊
ရှုတ်ချ နောက်ဆုံး ရှိချေ၏ ။
ဝိဥာဏ်ထင်လင်း သက်ရှင်ခြင်းကား ၊
သေခြင်းနောက်ဆုံး ရှိချေ၏ ။
( ဓမ္မ သံဝေဂ )
