သက်တော်ရှည် ညောင်တုန်း ဆရာတော် / စျေးကျောင်း ဆရာတော်ကြီး ၊ ဘဒ္ဒန္တ ဩသဓာဘိဝံသ

ဖတ်စရာ မှတ်စရာ ( ၁၁၃ )

မှတ်ဖွယ် မှတ်ရာ ၊ သာသနာ ဘာသာရေးရာ စာပဒေသာ

သာသနာ့ရောင်ဖုံး မြို့ရွှေညောင်တုန်း

ကျန်းမာနေဆဲ့ သက်တော်ရှည် ညောင်တုန်းဆရာတော်ဘုရား ကြီး၏ ကျန့်မာရေးစောင့်ရှောက်နေပုံများ အကြောင်း ။

စျေးကျောင်းဆရာတော်ကြီး၏ တစ်နေ့တာ နေထိုင် စားသောက်ပုံနည်းစနစ်များ

ညောင်တုန်းဆရာတော်ကြီး

သက်တော် ၁၀၃ နှစ် ထဲ ရောက်နေပါပြီ။

၂၀၂၃ အောက်တိုဘာလမှာ မရောက်တာကြာတဲ့ ဇာတိမြေ ညောင်တုန်း မြို့ကို အလည်အပတ်သွား ရောက်ခဲ့ စဉ် က ဆရာတော်ကြီးသီတင်းသုံးရာစျေးကျောင်းတိုက်ကို သွားရောက်တွေ့ဆုံဖူးမျှော်ခဲ့ပါတယ်။

အသက် ၁၀၂ နှစ် ခန့် ရှိနေပြီး သတိကောင်း ၊စကားကောင်းကောင်းပြောနေနိုင်တာတွေ့ခဲ့ရတယ်။

ရန်ကုန်မှလာကြတဲ့ တပည့်သံဃာတွေနဲ့စကားကောင်းကာင်းပြောနေကြလို့ တွေ့ဘို့စောင့်နေခဲ့ရသေးတယ်။

ဆရာတော်ကြီးအကြောင်း ၊ဆရာတော်ကြီးနဲ့ဆက်စပ် စာများ

ညောင်တုန်း ဆရာတော်ကြီးရဲ့ ကျန်ူမာရေးစောင့်ရှောက်ပုံ

ရာပြည့်ရာကျော် ဆရာတော်ကြီးများ

၏ကျန်းမာရေး နည်းလမ်းများ” ၊

ေ၇းထားကြတဲ့ စာတွေပြန်တွေ့လို့ ပြန်လည်ကူးယူဖေါ်ပြလိုက်ပါတယ်။

အေးမြင့် ( ညောင်တုန်း )

၅၊၅၊၂၀၂၄

ရည်ညွှန်းစာများ

( ၁ ) ရာပြည့်ရာကျော်ဆရာတော်ကြီး

(၂ ) “ရာပြည့်ရာကျော် ဆရာတော်ကြီးများ

၏ကျန်းမာရေး နည်းလမ်းများ” ၊ ( စာရေးဆရာ စေတနာလှိုင်၏ ဆောင်းပါး)

(၃ ) သာသနာ့ရောင်ဘုန်း မြို့ရွှေညောင်တုန်း

—————-

ရည်ညွှန်း ( ၁ )

ရာပြည့်ရာကျော်ဆရာတော်ကြီး

————–

ဘဒ္ဒန္တ ဩသဓာဘိဝံသ

အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက

ပုဏ္ဏမာရာမဈေးကျောင်းတိုက်၊ ညောင်တုန်းမြို့။

ပုံတော်ကို ၉၉ နှစ်ပြည့် ကာလက ရိုက်ကူးခဲ့တာဖြစ်ပြီး ရာပြည့်ပူဇော်ပွဲအတွက် ရည်ရွယ်ရိုက်ကူးထားတာဖြစ်ပါတယ် ။ တပည့်ဒကာ ဒကာမများပူဇော်နိုင်ရန်တင်ပေးလိုက်ပါတယ် ။

ပုံကူးယူပုဇော်လိုသူများဆက်သွယ်နိုင်ပါတယ်

📷📷📷📷📷📷

ရာပြည့်ပုံတော် ရိုက်ကူးရန်အလုပ်အပ်နှံခဲ့တဲ့ ဆရာတော်၏တပည့် ဘုန်းဘုန်း ဦးသုန် နှင့် ဒကာ ဒကာမများကို အထူးကျေးဇူးတင်ပါသည်

NTA photography။ 09 794488400

ရည်ညွှန်း ( ၂ )

“ရာပြည့်ရာကျော် ဆရာတော်ကြီးများ ၏ကျန်းမာရေး နည်းလမ်းများ” ၊

Saydanar Hlaing

ပုဏ္ဏမာရာမ စျေးကျောင်း ဆ ရာတော်။ ။

ညောင်တုန်းမြို့ ပုဏ္ဏမာရာမ စျေးကျောင်း အဘိဓဇမဟာရဋ္ဌဂုရု၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသြသဓာဘိဝံသည်လည်း သက်တော်၁၀၁ နှစ်သို့ ရောက်လာသည့်တိုင် နှလုံးရောဂါကြောင့် ဆေးဝါးမှီဝဲနေရခြင်း

နှင့်နားမျက်စိအာရုံ လျော့နည်းလာသည်မှအပသတိကောင်းဆဲ သွားနိုင်လာနိုင် စားနိုင်ဆဲဖြစ်သည်။

သွားတွေလည်း ကောင်းဆဲဖြစ်သည်။

ဆရာတော်ကြီး ဤသို့ကျန်းမာအသက်ရှည်နေခြင်းမှာ အစားအသောက်အနေအထိုင် ဆင်ခြင်သောကြောင့်ဖြစ်သည်။

စျေးကျောင်းဆရာတော်ကြီး၏ တစ်နေ့တာ နေထိုင် စားသောက်ပုံနည်းစနစ်များ

၁။ ဆရာတော်ကြီးသည် အစားအသောက်အချိန်မှန်သည်။

၂ ။ ရေချိုး မိုးချိုးအချိန်မှန်သည်။

၃ ။ ကျိန်းစက်ချိန်မှန်သည်

၄ ။ အစားအသောက် ဆင်ခြင်သည်။

၅ ။ မိမိနှင့်တည့်သော အစားအစာကိုပင် သင့်တင့် မျှတရုံသာ ဘုဥ်းပေးသည်။

၆။ ကွမ်းစား ဆေးသောက်လည်းကင်း၏။

၇။ အဲယားကွန်းနှင့်နေသော်လည်း မိမိကျန်းမာရေးနှင့်ဆန့်ကျင်ဘက်မဖြစ်။

၈ ။ ဆရာတော်ကြီးသည် နံနက်လေးနာရီတွင် အိပ်ရာထ မျက်နှာသစ်၍ဘုရား

ဝတ်ပြုကာ ပရိတ်ရွတ်ဖတ်ပူဇော်သည်။

၉ ။ ထို့နောက် အရုဏ်ဆွမ်းဘုဥ်းပေးသည် ။

၁၀ ။ ထိုအရုဏ်ဆွမ်း ဘုဥ်းပေးပြီးချိန်မှစ၍နေ့ဆွမ်းမဘုဥ်းမပေးမချင်းလည်း မည်သည့် အစားအသောက်ကိမျှ မဘုဥ်းပေးဘဲ ရေကိုပင် သောက်လေ့မရှိပေ။

၁၁ ။ နံနက်ကိုးနာရီတွင် ကျောင်းပေါ်မှာပင်စင်္ကြံလျှောက်သည် ။

၁၂ ။၁၀နာရီတွင် ရေပူနှင့်ရေအေးစပ်၍ရေချိုးသည်။

၁၃ ။ ၁၁နာရီတွင် နေ့ဆွမ်းဘုဥ်းပေးသည်။

ဆွမ်းဘုဥ်းပေးရာ၌အရည်သောက်ဟင်းတစ်ခွက်၊ရုံးပတီသီးကြော် သို့မဟုတ် အစိမ်းကြော်ကဲ့သို့ဟင်းတစ်ခွက်၊ကျောင်းက စီမံထားသောဟင်း၊ဒါယကာ ဒါယိကာများ လှူသောဟင်း စသည် ဖြင့် အရံဟင်း၁၀ခွက်ခန့်ပါသည်။

၁၄ ။ ဆရာတော်ကြီးသည် ဆွမ်းအတော်ဘုဥ်းပေးနိုင်သေး၏။ဆွမ်းတစ်ခါဘုဥ်းပေးလျှင် ဆန်နို့ဆီဘူး တစ်ဘူးချက် နီးပါးကုန်သည်။သက်ကြီးရွယ်အတော် များများ အသက်ကြီးလာလျှင် ဇီဝှာပသာဒပျက်ကာ အစားအသောက် နည်းလာကြသော်လည်း ဆရာတော်ကြီးကမူပို၍ပင် ဘုဥ်းပေးနိုင်သည်။

. စံကင်းဆရာတော်ကြီးက အစားအသောက်နည်းပြီး ကျန်းမာသက်ရှည်သော်လည်း ဆရာတော်ကြီးကမူ အစားအသောက်များများ ဘုဥ်းပေးပြီး အသက် ရှည်သည်။

၁၅ ။ ဤသည်မှာ ဆရာတော်ကြီးက သွားကောင်းသဖြင့်အစာကြေညက်အောင် ဝါးနိုင်ခြင်းနှင့်ပါစကဝမ်းမီးချက်အား ကောင်းသောကြောင့်ဖြစ်ပေ မည်။

၁၆ ။ ဆရာတော်ကြီးသည် ဆွမ်းဘုဥ်းပေးပြီးသည်နှင့်လက်ဖက်နှင့်အကြော်စုံကိုဘုဥ်းပေးသည်။ငှက်ပျောသီးလည်း နေ့စဥ်ပုံမှန် ဘုဥ်းပေး၏။ထို့ပြင် သစ်တော်သီး၊လိမ္မော်သီး၊ပန်းသီး ရရာအသီး တစ်မျိုးမျိုးကိုလည်း ဘုဥ်းပေး၏။ကောက်ညှင်းကျည်တောက်နှင့်ထမနဲကိုလည်းအလွန်ကြိုက်၏။

၁၇ ။ ဆရာတော်ကြီးသည် ဆွမ်းဘုဥ်းပေးပြီးနောက် တစ်ရေးတစ်မှေးကျိန်းစက်၍မွန်းလွဲတစ်နာရီတွင် အိပ်ရာထတော်မူသည်။

၁၈ ။ မွန်းလွဲနှစ်နာရီတွင် သံဃာ တစ် ပါးပါးက ဆရာတော်ကြီးအား နေ့စဥ်ထုတ် သတင်းစာထဲက ကောင်းနိုးရာရာနှင့်ဗဟုသုတဖြစ်ဖွယ်ရာများကို ဖတ်ပြရသည်။

ထို့နောက် ဘုရားဟော ဒေသနာများ၊ဓမ္မပဒ၌လာသည့်ဇာတ်ဝတ္ထုများကိုဖတ်ပြရသည်။

၁၉ ။ ဆရာတော်ကြီး မျက်စိ အားကောင်းစဥ်က စာအုပ်နှင့်မျက်နှာ ခွာ လေ့မရှိပေ။

ဆရာတော်ကြီးသည် မိမိယခင်က ကျက်မှတ်ထားသော စာများနှင့်ဂါထာများကိုလည်း မကြာခဏ ပြန်လည် ရွတ်ဆိုနွှေးလေ့ရှိသည် ။

၂၀ ။ ညနေ ငါး နာရီတွင် ဘုရားဝတ်ပြုသည်။

၂၁ ။ ထိုနောက် နာရီဝက်သာသာ စင်္ကြံလျှောက်သည်။

နောက်ပိုင်း၌ချော်လဲသွားသဖြင့် စင်္ကြံ မလျှောက်နိုင်တော့ပေ။

၂၂ ။ ညခုနစ်နာရီတွင် ဦးပဥ္စင်းတစ်ပါးနှင့်အတူ ပရိတ်ရွတ်ဖတ်ပူဇော်သည်။ထိုစဥ်အနီးနေ ဦးပဥ္စင်းတစ်ပါးက ဆရာတော်ကြီး ညောင်းညာမှုပြေစေရန် တိုင်းရင်းဆေး တစ်မျိုးမျိုးကို လိမ်းပေးရသည်။

၂၃ ။ ဆရာတော်ကြီးသည် မွန်းလွဲသည်နှင့်ဆေးဝါးမှလွဲ၍မည်သည့်ဖျော်ရည် မည်သည့် အာဟာရမျှ မဘုဥ်းပေးတော့ပေ။

၂၄ ။ ညရှစ်နာရီတွင် သတင်းနားထောင်၍ကိုးနာရီတွင် တရားနှလုံးသွင်းကာကျိန်းစက်တော်မူသည်။

ဤကား စျေးကျောင်းဆရာတော်ကြီး၏ တစ်နေ့တာ နေထိုင် စားသောက်ပုံနည်းစနစ်များပင် ဖြစ်ပါသည်။ဆရာတော်ကြီး ဤသို့ကျန်းမာအသက်ရှည်နေခြင်းမှာ အာဝါသသပ္ပာယ၊ဥတုသပ္ပာယ၊ပုဂ္ဂလသပ္ပာယ၊ဘောဇနသပ္ပာယဟူသော သပ္ပာယ လေးပါးတို့နှင့်အညီ နေထိုင် စားသောက်သောကြောင့်လည်း ဖြစ်ပေသည်။

ဟုတ်ကဲ့ပါ။ဖြည့်စွက်ရေးပါမယ်။

ကျေးဇူးပါ။မိမိသိရသလောက်‌ရေးသားပူဇော်ခြင်းပါ။

Saydanar Hlaing

Tint Naing ဆရာတော်ကြီးရဲ့အဓိကအလေ့အကျင့်က၊ညနေဘုရားဝတ်တက်ပြီးရင်၄၅မိနစ်ခန့်၊ခပ်သွက်သွက်စင်္ကြန်လျှောက်တာနေ့တိုင်းပါပဲ၊ချော်လဲသွားလို့ကျန်းမာရေးထိခိုက်တာလည်းပါတယ်၊ကောင်းကောင်းမလျှောက်နိုင်တော့လို့ကျန်းမာရေးချူချာသွားတာ။

—————

ရည်ညွှန်း ( ၃ )

သာသနာ့ရောင်ဘုန်း မြို့ရွှေညောင်တုန်း

သာသနာ့ရောင်ဘုန်း မြို့ရွှေညောင်တုန်း အကြောင်း အမှတ်တရ ဂုဏ်ပြု မှတ်တမ်းတင်သူ တစ်ဦးတွေ့ရို့ လာလို့ ဝမ်းသာ ဂုဏ်ယူမိရပါတယ် ။

ကျွန်တော်ကိုယ်တိုင် က လဲ မနေတတ် လို့ ၊

“ညောင်တုန်းမြို့က ရာ ပြည့် ပွဲ သဘင် ၂ရပ် “ ဆိုပြီး မကြာသေးခင်က စာရေး မှတ်တမ်းတင် ဂုဏ်ပြ ခဲ့ပါတယ် ။

Facebook လူမှုကွန်ယက် စာမျက်နှာပေါ် မှာ တွေးမိတွေးရာ၊ ရေးမိရေးရာ အမှတ်စဉ် ၁၀၀ မြောက် စာပါ ။

ကမ္ဘာ့ မြန်မာစာဖတ်ပရိသတ်တွေကိုပါသိစေလိုတာနဲ့ ကိုယ်ပိုင် ဖန် တီး ထောင် ထားတဲ့ မှတ်ဖွယ် မှတ်ရာ စ ာ ပဒေသာ website နာမည် နဲ့ ကျွန်တော့် ayemyint.blog မှာလဲ ထပ် မံ မျှဝေထားပါသေးတယ်

Website ကတော့ အချိန် မရွေး ကြိုက်သလို ပြန်ရှာ ကြည့်နိုင်ပ့ါတယ်

U Aye Myint Facebook နဲ့အတူ ၊ ayemyin.blog web sites တွေမှာ ဆည်မြောင်းအင်ဂျင်နီယာအနေနဲ့ ပညာရပ်ပိုင်းတွေ ရေးသား တင်နေသလို ၊အထွေတွေ ဗဟုသုတ ဆိုင်ရာ မိမိဝါသနာပါတဲ့ အကြောင်းအရာတွေကိုလဲ ရေးတင်နေခဲ့ပါတယ် ။

အေးမြင့် ( ညေ,င်တုန်း) နဲ့ ရေးနေပါတယ်။

ကိုယ် ပိုင်website ထောင် ပြီး ၁လခွဲခန့်အတွင်း စာပုဒ်ရေ ၅၀ ကျော် တင်ဖြစ်ခဲ့ပါတယ် ။

ဒီန့ထိ ကမ္ဘာ တစ်ဝှမ်း မြန်မာ စာဖတ်ပရိသတ် ပေါင်း ၃၀၀ ကျော် က အကြိမ် ၁၅၀၀ ကျော် ဖတ်ရှုကြတာတွေ့နေရပါတယ်

မြန်မာကဖတ်တဲ့အကြိမ်ရေ ၃၀ ကျော်သာ ရှိတာ ဝမ်းနည်းစဖွယ် တွေ့ရပါတယ် ။

အင်တာ,နက် အသုံးပြုနိုင် မှု အဓိက အားနည်းတာရယ် ၊ အားပေးမှု အားနည်းတာရယ် လို့သာ မှတ်ယူရပါတယ် ။

ဆည်မြောင်းမှာ ဿက္က၇ာဇ် ၂၀၀၀ ဝန်းကျင် ၊ ရှေ့/နောက် ကာလတွေမှာ ကျွန်တော်တို့ခေတ် လုပ်ခဲ့ ကြတဲ့ ညောင်တုန်းကျွန်းမြေယာဖေါ်ထုတ်ရေး အလုပ်တွေထဲက နမူနာပြ ပထမဆုံး တည်ဆောက်ခဲ့တဲ့ ပန်းလှိုင် ရေတံခါး အကြောင်း ရေထားးတာ သိရလို့ ဝမ်းသာရပါ တယ် ။

နောင်မှာ ညောင်တုန်းကျွန်းပတ်လည်မှာ ကြီးကြီးငယ် ငယ် ရေတံခါးပေါင်း ၁၀ ခုကျော် တည်ဆောက်ခဲ့ပါတယ်။

ကျွန်တော်ကိုယ်တိူင် ပါဝင်ပတ်သက်ခဲ့ဘူးတာကြောင့် ညောင် တုန်း ကျွန်းစီမံကိန်း အကြောင်း ကမ္ဘာကသိအောင် ကမ္ဘာ ပညာရှင်များစင် မြင့်မှာ စင်ကာပူ၊ဆွီဒင် ၊ နဲ့ အင်ဒို နီးရှားနိုင်ငံတွေကိုသွားပြီး စာတမ်းဖတ်ကြားတင်ပြနိုင်ခဲ့ပါသေးတယ်။

ညောင်တုန်းကျွန်းစီမံကိန်းကြီး က မိခင်ဆည်မြောင်းဌာနရဲ့ အောက်မြန်မာပြည် ဧရာဝတီ မြစ်ဝကျွန်းပေ့ါ်ဒေသမှာ လုပ်ခဲ့ တဲ့ အလုပ်တွေများစွာထဲက ၊အထင်ကရ လုပ်ငန်းစီမံကိန်းကြီး တစ်ခု ပါ.။

ရည် ညွှန်း

Saydanar Hlaing ရဲ့ Facebook post 17/6/2021

ညောင်တုန်းတစ်ခွင် ၊ အလှဆင် ။

အေးမြင့် ( ညောင်တုန်း )

၇/၅/၂၀၂၂