ဝင်းဦး၏ ဖခင် ချစ်ဒုက္ခ ဦးဘညွန့် ၏ တေးရေး ပြည်သန်းနွယ်၏ ချစ်ဒုက္ခ သီချင်း
https://m.facebook.com/groups/2770174796564724/permalink/3860489514199908/?
ဝင်းဦးအမှတ်တရ Facebook post 7 May 2024

၁၉၈၇ခုနှစ်မှာထွက်ခဲ့တဲ့ ဦးဦးပါဝင်သရုပ်ဆောင်ညွှန်ကြားရိုက်ကူးပြီး ဝင်းဦး၊ကျော်စွာဝင်း၊ချိုပြုံး၊အေးအေးသင်းတို့ ပါဝင်ထားတဲ့ ငွေလှိုင်းဇာပေါ်မှာရုပ်ရှင်အပါအဝင်ရုပ်ရှင်ဇာတ်ကား ၄ ကားကို ဖလင်ကနေ digital ပြောင်းပြီးအများပြည်သူတွေကိုပြသဖို့စီစဉ်နေကြောင်း ရုပ်ရှင်အစည်းအရုံးက နေ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၇လပိုင်း၊လွန်ခဲ့တဲ့ ၁၀လလောက်ကကြော်ငြာထားတာကို သတင်း website တစ်ခုမှာဖတ်လိုက်ရပါတယ်။မှိုတက်နေတဲ့ ဖလင်တွေကို မှိုသန့်စင်ဖို့ အတွက် နဲ့ digital ပြောင်းဖို့က ကားထုပ်တစ်ထုပ်ကိုငွေကျပ် ၁၀သိန်းကျော်ခန့်ကုန်ကျမှာဖြစ်ပြီး ဇာတ်ကားထုပ်တွေရဲ့မူလပိုင်ရှင်တွေအနေနဲ့ ကားထုပ်ပိုင်ဆိုင်ကြောင်းအထောက်အထားနဲ့အတူ ကျသင့်ငွေကို ရုပ်ရှင်အစည်းအရုံးကိုပေးသွင်းရမှာဖြစ်ပြီးတကယ်လို့ပေးသွင်းခြင်းမရှိပါက အစည်းအရုံးက ကျသင့်ငွေကိုစိုက်ထုတ် ပြောင်းလဲကာ အစည်းအရုံးရဲ့ မူပိုင်အဖြစ်သိမ်းဆည်းသွားမယ်လို့ သတင်းမှာဖော်ပြထားပါတယ်
ရုပ်ရှင်အစည်းအရုံးကတရားဝင်ကြော်ငြာထားတာမို့ ကြေငြာချက်ကမှန်ကန်နိုင်ပါတယ်
ဦးဦးရဲ့ဇာတ်ကားတွေရှားပါးနေလို့ ပရိတ်သတ်တွေကြည့်ရဖို့ တောင့်တနေချိန် ဒီသတင်းဟာ ဝမ်းသာစရာကောက်ရိုးတစ်မျှင်ပါပဲရှင်။ဒီလိုဆိုရင် ပရိတ်သတ် တွေ မကြည့်ရ ပဲ ကားထုပ်ရှိ နေဆဲ ဇာတ်ကား တွေထဲမှာခိုင်မာလာနှင်းဆီ၊ဗိမ္မိသာရနဲ့ အတူ ငွေလှိုင်းဇာပေါ်မှာရုပ်ရှင်ကားထုပ်လဲ ပါဝင်လာပါပြီ။ လုံးဝဖလင်ပျက်စီးသွားတာမဟုတ်လို့ တစ်ချိန်ချိန် တော့ကြည့်ခွင့်ရကောင်းရနိုင်တဲ့ မျှော်လင့်ချက်လေးရှိလာပြီမို့ ဝမ်းသာစရာသတင်းလေးမျှဝေပါရစေ

