မြန်မာပြည်၏ နိုင်ငံရေး လူမှုရေး စီးပွါးရေး ကျန်းမာရေး,ပညာရေး စာပေ သဘင် ဂီတ ရုပ်ရှင် အနုပညာ အားကစား နယ်ပယ် စုံ မှ သက်ဆိုင်ရာကျွမ်းကျင်သူများ, ပညာရှင်များ အောင်မြင်ကျော်ကြားသူများ။ ဘဝမှာ ထူးခြားစွာ တစ်စိုက် မတ်မတ် ရုန်းကန် ကြိုးစား, ပြီး မှတ်တိုင်များစိုက်ထူ ဖြတ်သန်းနေခဲ့ကြသူ ဂုဏ်ယူဘွယ်ရာ မြန်မာ လူတော် များ အကြောင်း

၁ ဇွန် ၂၀၂၄
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(နာယက) သူရဦးတင်ဦး ဇွန် ၁ ရက် မနက်ပိုင်း ၈ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်သွားခဲ့ပြီလို့ မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်သူ သူရဦးတင်ဦး ဟာ ကွယ်လွန်ချိန်မှာ အသက်(၉၈) နှစ်ရှိပြီ ဖြစ်ပါတယ်။
ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ စိုးရိမ်လူနာအဖြစ် ဆေးကုသခံယူပြီးတဲ့နောက် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
‘’ရုပ်အလောင်းကို နေအိမ်မှာငါးရက်ထားဖို့ နဲ့ ဈာပနကိစ္စ ဆက်စီစဉ်နေပါတယ်’’ လို့ သူရဦးတင်ဦးရဲ့ သားဖြစ်သူ ဦးသန့်ဇင်က ဘီဘီစီကို ပြောပါတယ်။
၂ဝ၁၇ ခုနှစ်တုန်းက နေအိမ်က ရေချိုးခန်းမှာ ချော်လဲပြီးတဲ့နောက် ကျန်းမာရေးထိခိုက်ခဲ့တာဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တည်ထောင်ခဲ့တဲ့ သူရဦးတင်ဦးကို NLD သင်္ကေတ ပင်နီတိုက်ပုံ နဲ့ အမြဲမြင်ရလေ့ရှိတာဖြစ်ပါတယ်။
