မြစ်တွေဟာ လူသားတွေရဲ့အသက်ရှင်နေထိုင်ရာဘဝတွေအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်ပါတယ်။
လူတွေအတွက် အချို့နေရာတွေမှာ သောက်သုံးဖို့၊ အစားအစာရရှိဖို့ ၊ မြေသြဇာကောင်းမွန်စေဖို့၊ ကုန်စည်တွေ သယ်ပို့ဖို့ ၊လျှပ်စစ်ဓာတ်ထုတ်လုပ်ဖို့ စတဲ့ ကဏ္ဍပေါင်းစုံရဲ့ အဓိကအရင်းအမြစ်ဟာ မြစ်တွေဆီကပဲ ရရှိနေတာလို့ ဆိုရမှာပါ။
ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုရင်တော့ ဧရာဝတီမြစ်ကို နိုင်ငံရဲ့အသက်သွေးကြော ၊ အရေးပါဆုံးမြစ်ကြီး အဖြစ် ရည်ညွန်းကြသလို ကမ္ဘာပေါ်မှာလည်း ဒေသအလိုက် အလွန်အရေးပါတဲ့ မြစ်ကြီးတွေ ရှိနေပါတယ်။
ဒီတခါတော့ ကမ္ဘာပေါ်က အရေးပါဆုံး မြစ်ကြီး ၁၀ စင်းရဲ့ အကြောင်းကို သုတဇုန် မိတ်ဆွေတွေထံ ဗဟုသုတ အနေနဲ့ ဝေမျှချင်ပါတယ်။
OO
