ကန်မြဲချစ်မင်းဝေ ရှာဖွေ မျှဝေ သည့် Facebook ပေါ်က သိစရာကြည့်စရာများ
အရမ်းကောင်းတဲ့စာကို
ဖတ်မိသူတိုင်းတစ်ခုခုကျန်ပါစေ
ကူးယူဖေါ်ပြပါသည်။
လေ နှင့် အတူ
~•~•~•~••

ကောင်ကလေး တယောက် သနားစရာ၊ သနားစရာ ဖြစ်လို့လည်း ကောင်ကလေးဟု ခေါ်ကြသည်။ သို့သော် ထိုသနားစရာကို ဘယ်လို ကယ်တင်ကြမည်နည်း။
သူ့မှာ အမေ မရှိ၊ လူမှန်းမသိခင် ငယ်စဉ်ကပင် အမေ ကွယ်လွန်ခဲ့သဖြင့် မိခင်မေတ္တာ ဆိုသည်ကို ကိုယ်တွေ့ မကြုံခဲ့စဖူး။
အမေ မရှိသည့်နောက် အဖေနှင့် နေခဲ့ရသော်လည်း အဖေ လုပ်သူမှာ ပရိယေသန ဝမ်းစာကြောင့် ဟိုပြေးသည်ပြေးနှင့် လုပ်ကိုင်ခဲ့ရာ သားကလေး တယောက်ကို ရင်အုပ်မကွာ မပြုစုနိုင်။
ရပ်ဝေးသို့ သွားရသော အလုပ်ကိစ္စကြောင့် သားတယောက်ကို ဟိုဆွေမျိုး သည်ဆွေမျိုး အိမ်သို့ ပို့ထားရသည်။ စရိတ်လည်း မှန်မှန် မထောက်နိုင်။
အလွန်တရာမှ ကသီလင်တ နိုင်သဖြင့် တပင်လဲမူ တပင်ထူ ဟူသော စကားပုံအတိုင်း နောက်အိမ်ထောင် ယူသည်။ ထိုအခါ သားနှင့် မိထွေး အတူ မထားနိုင်။
ဆွေမျိုး ဉာတိ ကလည်း စားနိုင်သောက်နိုင်သည့် လူတန်းစား မဟုတ်သည့် အပြင် မကျန်းမမာသော လူက များလေရာ ရပ်ဝေးမှာ နေထိုင်စဉ် ဇာတိရပ်၌ ကျန်ရစ်ခဲ့သော သားကို ဘယ်လို နေသည် ဘယ်လို ထိုင်သည်မျှကိုပင် မသိ။
သဗ္ဗေ သတ္တာ ကမ္မသကာ ဟု ဆို၍ ဖြစ်သလို စခန်းသွားရသည်။
ထိုအခါ သားဖြစ်သူမှာ မိဘ ဆွေမျိုး ဉာတိ ဆရာသမားတို့၏ အဆုံးအမနှင့် ကင်းဝေးလေသောကြောင့် လမ်းပေါ်မှာ အချိန်ကုန်သည်။ သူတပါး အိမ်မှာ အချိန် ကုန်သည်။ ရုပ်ရှင်မှာ အချိန် ကုန်သည်။
ဤကဲ့သို့ အိမ်လည်၍ချည်း နေရသောကြောင့် ကျောင်းလည်း မှန်မှန် မတက်။ စာမေးပွဲလည်း တဖုတ်ဖုတ်ကျ။ သူတပါး၏ အလိုက်ကမ်းဆိုးကိုလည်း မသိ။ စည်းမရှိ ကမ်းမရှိနှင့် နေသည်မှာ လေ နှင့် အတူ လွင့်ပါနေသော အမှိုက်သရိုက်ကဲ့သို့။
ဤအခြေအနေတွင် ဆွေမျိုး ဉာတိတို့ကလည်း ပါးစပ်ပေါက် တပေါက် တိုးလာခြင်းကို သည်းမခံနိုင်သော ဘဝသို့ ဆိုက်ရောက်၏။ ထို့ကြောင့် ကောင်ကလေးကို နှင်ချလေသည်။
သည်ကောင်လေးသည် ဘယ်သွားနေရပါမည်နည်း။ သူတပါး အိပ်ချိန်တန်မှ တခါး လာခေါက်သော ကောင်ကလေးကို ဘယ်သူ တခါး ဖွင့်ပေးမည်နည်း။
ထို့ကြောင့် ကောင်ကလေးသည် ကြုံရာအိပ်၊ ကြုံရာစား ဖြစ်နေလေသည်။ ကြာလျှင် အိပ်စရာ ကြုံတော့မည် မဟုတ်။
သူကိုယ်တိုင်ကလည်း ကျနော့်မှာ စားစရာ မရှိတော့ အိမ်ကပစ္စည်းများကို လစ်လျှင် လစ်သလို ခိုးထုတ်ပြီး ပေါင်နှံ ရောင်းချပြီး သုံးစွဲနေပါသည်ဟု ဆိုသည်။
ဤသို့ ဆိုရခြင်းကြောင့် ရှက်စရာ၊ ကြောက်စရာ ဟူ၍လည်း မတွေးမိ။ မရှိလျှင် ခိုးစားခြင်းသည် သူ၏ အခွင့်အရေး တရပ် ပမာ ဖြစ်နေသည်။
ဤဘဝမှာ နေ၍ တစတစ ဟိုဘဝ ရောက်တော့မည်။ ဆံပင်ရှည် ဖားဖားနှင့် အများတကာက လမ်းသရဲဟု သမုတ် ကြတော့မည်။
သူလို ကောင်လေးတွေ မြန်မာနိုင်ငံမှာ အမှန် ရှိသည်။ ဘယ်နှစ်ယောက်လဲ ဟူ၍ စာရင်း အတိအကျ မရှိ၍ မပြောတတ်။ သို့သော် တယောက်ကစ တရာ ဖြစ်လာသောအခါ ပြဿနာ တက်လိမ့်မည်။
သင်းတို့ကို သနားပါသည်ဟု ပြောနေကြသော်လည်း သူ့ကို ဘယ်လို ပြန်လည် ထူထောင်ပေးကြမည်နည်း။
ရှေးအခါကမူ ဤကဲ့သို့ လေနှင့် အတူ လွင့်နေသော သူငယ်များကို လူမှုဝန်ထမ်းသမားတို့က စုံစမ်း ရှာဖွေ၍ လူငယ်များ ဂေဟာသို့ ပို့ပြီးလျှင် ထိုဂေဟာမှာ အသက် မွေးဝမ်းကျောင်း အတတ် တခုခု သင်ပေး၍ ကြီးပြင်းလာသော အခါ အလုပ်အကိုင် နေသားတကျ ဖြစ်အောင် ဆောင်ကြဉ်း ပေးသည်ဟု ကြားဖူးသည်။
ယခုမှာမူ ဤကိစ္စကို ဆိုင်ရာ ဖခင်နှင့် ဆွေမျိုး ဉာတိတို့ကလည်း ဘာမျှ မလုပ်၊ အရပ်ကလည်း ဆိုင်သူက ဘာမျှ မလုပ်သောကြောင့် ဘာမျှမလုပ်နိုင်။ ဤကဲ့သို့ ဘာမျှ မလုပ်ခြင်းကြောင့် ဘာမျှမဖြစ်၊ ကောင်ကလေးသာလျှင် လေနှင့် အတူ လွင့်နေသည်။
ရောဂါ ဆိုသည်မှာ နုတုန်း ကု၍ လွယ်သည်။ သို့သော် ရောဂါရသည် မရသည်ကို မသိလျှင် သေခါနီး အင်ဂျက်ရှင်း တချက် ထိုးပြီး နောက် အသက် အထွက်ဖို့သာ ရှိမည်။
သည်ကောင်ကလေးလို အဖြစ်အပျက်မျိုး မိမိ ပတ်ဝန်းကျင်မှာ ရှိသလား။ ရပ်ကွက် ဆိုင်ရာ လူကြီးများ သိဖို့ လိုသည်။ ရှိလျှင် ဘယ်လို လုပ်မလဲ။ နည်းလမ်း ရှာဖို့ လိုသည်။
လေနှင့်အတူ လွင့်နေသော အမှိုက်စကလေး တခုကို ကြည့်လျှင် ဘာမျှ အရေးမကြီးဟု ထင်စရာပင်။
သို့သော် အမှိုက်စကလေးမှ အမှိုက်ပုံကြီး ဖြစ်လာသော အခါ ထိုအမှိုက်ပုံသည် အတွင်းမှ လှိုက်၍ ပူနေသောကြောင့် အလိုလို ထပြီး မီးတောက်လိမ့်မည်။ ။
(စာရေးဆရာကြီး မောင်ထင် ရေးသားခဲ့သည့် ဤဆောင်းပါးကို ပါရမီ စာပေတိုက်က ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဝေသော “မောင်ထင် အတွေးပဒေသာ” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက် အသက် ၉၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)
မူရင်း – သာလွန်ဂန္တဝင်ကြီးများ
ကန်မြဲချစ်မင်းဝေ ပြန်လည် မျှဝေ သည်။။
ကူးယူဖေါ်ပြပါသည်
ထိုလေပြေကို မြို့မငြိမ်း စေခဲ့ပါသည်

ဒီဇိုင်းမျိုးဆွေသန်း
♫ ♪ ♫ ♪ ဘယ်သူတွေ ထိုလေပြေကိုစေ ♫ ♪ ♫ ♪
ဟောဒီ ရေနန်းဗိမာန် ငွေငန်းဓိဌာန် ရောက်ပြန်ပြီလေ၊♫ ♪ ♫ ♪
နှစ်ဦးဂီတလက်ဆောင် မာပါစေ သာပါစေ ♫ ♪ ♫ ♪
ခေတ်တစ်ခေတ်မှာမှ တစ်ယောက်ပေါ်သော အနုပညာရှင်ထဲတွင် မြို့မငြိမ်းကား အငြင်းပွားဖွယ်မရှိသော ချစ်ဖွယ်ရာ အနုပညာရှင်ဖြစ်ပြီး တစ်နိုင်ငံလုံး၏ နှလုံးသားများကို သိမ်းကျုံးယူငင်နိုင်စွမ်းရှိကာ မိမိနေရာ၀န်းကျင်လောကကို အလှဆင်ပေးနိုင်သူတကား ဟုပြောလျှင် နည်း ပါလိမ့်မည်။
သင်္ကြန်တဲ့၊ မြန်မာတွေရဲ့ထူးကဲလှတဲ့ပွဲပါ၊ တစ်နိုင်ငံလုံးကိုလွှမ်းမိုးနိုင်သော ရိုးရာပွဲဟုဆိုလျှင် နံပါတ်(၁) သင်္ကြန်ဟု အဖြေရပါလိမ့်မည်၊ မြန်မာတို့၏ သင်္ကြန်သည် သမိုင်းခေတ် အဆက်
ဆက်ကို ဖြတ်သန်းလာခဲ့သော်လည်း သင်္ကြန်ကို ဖော်ဆောင်ပုံများကတော့ မြန်မာများ၏ ရိုးရာဟန်ကို အခြေခံပြီး အသက်သွင်းခဲ့ကြ သည်ကသာများပါသည်။
သင်္ကြန်ကို ပို၍ပို၍အသက်၀င်အောင် အနုပညာပုံသဏ္ဍာန်မျိုးစုံဖြင့် အသက်သွင်းခဲ့ကြသည်
ကိုလည်း ကျွန်တော်တို့ နှစ်တိုင်းနှစ်တိုင်းမြင်တွေ့ခဲ့ကြပါပြီ ထိုပုံသဏ္ဍာန်များစွာတို့ထဲမှ အမှန်တကယ်ပင် အသက်၀င်လှုပ်ရှားသွားသော၊ သင်္ကြန်ရောက်တိုင်း အားလုံး၏နှလုံးသားကို သိမ်းပိုက်သွားနိုင်သော အနုပညာရှင်တစ်ဦးကိုတော့ ကျွန်တော်မြင်တွေ့ခဲ့ဖူးပြီး ဂုဏ်ကျေးဇူး
ကို အောက်မေ့ဆင်ခြင်ခဲ့ဖူးပါသည်၊ ကျွန်တော်တို့ရှေ့ ကျွန်တော်တို့ခေတ် တစ်လျှောက်လုံး
အတွက် သင်္ကြန်တိုင်းသင်္ကြန်တိုင်းကို နှစ်သက်ဖွယ်ရာဖြစ်အောင် နူးညံ့သောနှလုံးသား၊ ပျော်ရွှင်ဖွယ်ရာ စိတ်ထားတို့ဖြင့် သင်္ကြန်ကာလလေးကို ကူးမြောက်နိုင်အောင် ရိုးရာအစဉ်
အလာတွင်အနုပညာစွက်၍ လှသောနှလုံးသားဖြင့် တစ်ခေတ်လုံးအတွက် ဖြည့်စွက်ပေးအပ်
ခဲ့သောသူတစ်ဦးမှာ ငြိမ်း ဆိုသော မြို့မငြိမ်းပင်၊သူသာလျှင်ဖြစ်ပါသည်။
မန္တလေးမြို့မှ မြို့မဆိုသော အပျော်တမ်းတေးဂီတအဖွဲ့လေးက သင်္ကြန်ရောက်တိုင်း
တစ်နိုင်ငံလုံး၏ နှလုံးသားတွေကို သိမ်းပိုက်ခဲ့တာ အခုမြင်တွေ့ခဲ့ကြရပါပြီ။
တူးပို့သီချင်းမဆိုဘဲ သင်္ကြန်ကိုကြိုလို့မရကြတော့သလို အတိတ်ကောင်းနိမိတ်ကောင်းမယူဘဲ၊ မြနန္ဒာမဆိုဘဲ သင်္ကြန်တက်လို့မရကြပါ မြို့မ + ငြိမ်း ဆိုသောလိုဂိုတံဆိပ်လေးသည်
သင်္ကြန်၏လိုဂိုဖြစ်ခဲ့ပါပြီ၊ မန္တလေး၏ icon ဖြစ်ခဲ့ပါပြီ၊ ကျွန်တော့်အဖို့တော့ မင်းတုန်းမင်း
လက်ထက်က တံဆိပ်တော်ဟုခေါ်သော ဒေါင်းတံဆိပ်ပုံသည် ရတနာပုံမန္တလေးနန်းတော်
ထဲမှ ပထမဆုံးတံဆိပ်တော်ဖြစ်ခဲ့လျှင်၊ ရတနာပုံမန္တလေး၏ ဒုတိယတံဆိပ်တော်သည် ထိုမြို့ဟောင်း မြို့ရိုးအပြင်ဘက် ကျုံးနံဘေးက မြို့မငြိမ်းသာလျှင် ဖြစ်သည်ဟု ဆိုချင်ပါသည်။
ကြည့်ရအောင်ပါ လက်နှစ်ဖက်ကို လက်ခုပ်တီးမယ်လို့ပြင်လိုက်ပါ၊ ချိုမိုင်မိုင် ကို မေ့ထား
လိုက်ပါ။ လူလားမြောက်ခဲ့ပါပြီ။ အသင့်ဖြစ်ရင် လက်ခုပ်နှစ်ဖက်ကိုတီးပါ။ ဘာသီချင်းဖြစ်နိုင်
ပါသနည်း၊ သင်္ကြန်နှစ်ဦးတူးပို့ တူးပို့ ပါ၊ မြနန္ဒာ နေညိုညိုရိပ်ခါသန်းတော့ပါ ဒါပဲ ဖြစ်ပါသည်။
အဲဒါ ငြိမ်း ဆိုသော မြို့မငြိမ်းပါ၊ မြို့မငြိမ်းသည် ဂရိတ် ပါ။
အဲဒီသီချင်းတွေကိုကျော်ပြီးတော့ ဘယ်သူမှလည်း သင်္ကြန်ကိုမသိမ်းပိုက်နိုင်တော့ပါ။ ဒီ့ထက်လှအောင်လည်း သင်္ကြန်ကိုအသက်မသွင်းနိုင်တော့ပါ။
အဲဒီဆရာမြို့မငြိမ်းဟာ သင်္ကြန်ရောက်တိုင်း မြို့မပျော်တမ်းတီးဝိုင်းအဖွဲ့လေးနဲ့ မန္တလေးမြို့
တော်ကြီးကို နှစ်စဉ်မပြတ် တင်ဆက်ဖို့အတွက် အတော်ကြိုးစားခဲ့ရပါလိမ့်မယ်။
မပြည့့်မစုံနဲ့ ကသီလင်တနိုင်ခဲ့တဲ့နှစ်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ငြိမ်း ဘက်ကတော့ သူ့အနုပညာ တစ်ချက်လေးမှ လျော့ပါးသွားတာမတွေ့ခဲ့ပါ။ ကမ္ဘာစစ်ကို ဖြတ်သန်းနေရတဲ့
ကာလ ဒေသ နောက်ခံနဲ့ မန္တလေးမြို့က မြို့သူမြို့သားတွေဟာ နောက်နှစ်သစ်ကို မြို့မငြိမ်းရဲ့ သီချင်းသစ်တွေနဲ့ ကူးပြောင်းခွင့်ရတဲ့ အကြောင်းအရာဟာလည်း များစွာသောကျေးဇူးတွေကို ဖြစ်ပေါ်စေမှာလဲ မလွဲပါ။
မြို့မတီးဝိုင်းအဖွဲ့ဟာ နှစ်တစ်နှစ်မှာ သင်္ကြန်ကျဖို့အတော်ခက်ခဲခဲ့ပါတယ်တဲ့။ တီးဝိုင်းပစ္စည်း
တွေကလည်းမရှိ၊ အစစအရာရာ မစုံမလင်နဲ့ အဆင်မပြေချိန်မှာသင်္ကြန်ချိန်ခါကလည်း ကျ
ရောက်လာပါတယ်။အဖွဲ့သားတွေအားလုံး ပူပင်နေကြချိန်မှာ ဆရာငြိမ်းက ဝါးပုလွေလေးတွေ လုပ်နေပါတယ်တဲ့။ တစ်ပေါက်ပုလွေလေးတွေပါ၊ မြန်မာလို သုံးပေါက်သံ၊ လေးပေါက်သံပေါ့။ ဒို ရေ မီ စသည်ဖြင့် တစ်သံခြင်းသာပါတဲ့ သူ့စိတ်ကူးနဲ့သူ တီထွင်ထားတဲ့ပုလွေပါ။
ပြီးတော့ လူခွဲပြီး အပိုဒ်ခွဲပေးလိုက်ပါတယ်၊ ဒီအဖွဲ့က ကိုယ်ကျတဲ့နေရာမှာ ဒို တစ်သံပဲမှုတ်၊
ဆို၊ မီ၊ စသဖြင့် ကိုယ့်အပိုင်းနဲ့ကိုယ် တစ်သံပဲမှုတ် ကျန်တဲ့သူတွေအတွက် တူရိယာပစ္စည်းက
တော့ ကိုယ့်ရဲ့ ဘယ်နဲ့ညာ လက်နှစ်ဖက်ပါတဲ့၊ ကားပေါ်ရောက်ပြီးကားစထွက်မှပဲသီချင်းတိုက်
ပေးသွားတယ်တောင် ပြောကြပါတယ်။
ကဲ အဲဒီသီချင်းလေးကို အားလုံး ညီညီညာညာ သံပြိုင်လေးလက်ခုပ်တီးကြည့်လိုက်ရအောင်ပါ။
♫ ♪ ♫ ♪ … သင်္ကြန်နှစ်ဦး တူပို့တူးပို့ တူးသံမြူးသာယာ … ♫ ♪ ♫ ♪
သင်္ကြန်မယ်များ … ♫ ♪ ♫ ♪တူးပို့တူးပို့ တူးမာရဲ့နော်ဗျာ … ♫ ♪ ♫ ♪
ငွေငန်းသံစုံ တူးပို့တူးပို့ အာရုံဖျော်ဖြေတာ … ♫ ♪ ♫ ♪
မယ်တို့ကိုလည်း တူးပို့တူးပို့ မာပါစေနော်ဗျာ … … ♫ ♪ ♫ ♪
♫ ♪ ♫ ♪ … ပိတောက်တွေ ၀င်းလျှံ ရွှေရည်လူး တူးပို့တူးလဲ့ဝါ … ♫ ♪ ♫ ♪
ညှင်းလေဖြူးဖြူး ဆော်ကာမြူး တူးပို့တူးညင်သာ … ♫ ♪ ♫ ♪
သင်္ကြန်ရေ အေးတာ အေးတာ … ♫ ♪ ♫ ♪
သင်္ကြန်ရေ အေးတာ အေးတာ … ♫ ♪ ♫ ♪
ရွှဲရွှဲလောင်းပါ့ တူးပို့တူးပို့ … ♫ ♪ ♫ ♪
တူးသံမြူးသည် ချစ်ကြည်သင်္ကြန်ခါ ။ … ♫ ♪ ♫ ♪ … ♫ ♪ ♫ ♪
တူးမာ၊ တူးသံ၊ တူးလဲ့၊ တူးဝါ၊ တူးညင် တွေနဲ့တူးသံသာနေတာတွေက နောက်မှ အကဲဖြတ်ပါ
အဲဒါ ကျွန်တော်တို့ တစ်ခေတ်လုံးမှာ သီချင်းတွေထဲမှာ သံစဉ် Tune ကို စာသားလုပ်ပြီးဆိုတဲ့ တစ်ပုဒ်တည်းသော သီချင်းပါ။
လက်ခုပ်သံတွေရဲ့ အဓိပ္ပာယ်ကိုလည်း နားလည်ပါပြီ၊ နောင်ခေတ်အဆက်ဆက်ကိုလည်း
တူးပို့တူးပို့ သီချင်းလေး ဖြတ်သန်းသွားတော့မှာကိုလည်းသိပါပြီ၊ ကျန်တဲ့ တန်ဖိုးမြောက်များ
စွာပါ၀င်ပြီး အကဲဖြတ်ခံနိုင်စွမ်း ရှိတာကိုလည်း မြင်တွေ့ရပါပြီ။ ဗေပုံ တူးပို့ တူးပို့ ဆိုတဲ့
သင်္ကြန်ဒိုးဆစ်သံကလေးကိုလည်း ဘယ်သူရသွားသလဲလို့မေးစရာမလိုတော့ပါ၊
ဆရာမြို့မငြိမ်းက သူ ရသော်လည်းယူမသွားတော့ပါ၊ မြန်မာတစ်မျိုးသားလုံးကို အန္တိမပိုင်ဆိုင်
ခွင့်ပေးခဲ့ပါပြီ၊ အပေါ်ယံအမြင် လိုဂို (LOGO) ဖြစ်တဲ့ မြို့မတံဆိပ်ကလေးကိုလည်း ဆရာငြိမ်း
ကိုယ်တိုင်ရေးဆွဲခဲ့သလို မြို့မဆိုသော အနှစ်သာရကိုလည်း ရှာဖွေပေးခဲ့ပြီး မန္တလေးမြို့နှင့် သင်္ကြန်၏ ပုံရိပ်အတွက် တံဆိပ်ဖြစ်စေခဲ့ပါပြီ။
ပျော်ရွှင်တတ်သော မြန်မာတို့၏ နောက်နှစ်သစ်တစ်ခုသို့ ကူးပြောင်းသည် အထိမ်းအမှတ်ဖြစ်
သော ရိုးရာအစဉ်အလာသင်္ကြန်ပွဲတော်ကို အစဉ်အလာတွင် မြို့မငြိမ်းက အနုပညာစွက်ပေး
ခဲ့ပုံကို ယနေ့မြင်လိုက်ရပြီမဟုတ်ပါလား
မကြာခင်အချိန်အတွင်းမှာ နောက်နှစ်သစ်တစ်ခုကို ဝင်ရောက်ကူးမြောက်ပါတော့မယ်၊ ဒီ အကြောင်းအရာတစ်ခုတည်းကိုပဲ ခေတ်အဆက်ဆက်မှာ ပုံသဏ္ဍာန်များစွာနဲ့ကူးပြောင်းခဲ့
ကြတာ၊ Sexy Lady ဆက်ဆီလေးဒေးးး လား၊ ဆူညံနေသလား၊ အော်ဟစ်နေသလား မူးနေသလား၊ ရူးနေသလား၊ ပြဲနေတဲ့ဂျင်းဘောင်းဘီနဲ့ကျိုးနေတဲ့ခါးလား၊ ဖင်ပဲလုံယုံစကဒ်
အတိုနဲ့ နှုတ်ခမ်းကအနီလား ပြဿနာမဟုတ်တော့ပါ၊ နောက်နှစ်ကိုကူးမြောက်ဝင်ရောက်ဖို့့ချောမွေ့ပြေပြစ်တဲ့ အရာကလေးတစ်ခု ရှိနေပါတယ်၊ မြို့မငြိမ်းပါ၊
သူ အလှဆင်ပေးသွားတဲ့ ကမ္ဘာထဲက မြန်မာတွေပါ၊
ထိုလေပြေကို မြန်မာတွေအတွက် မြို့မငြိမ်းစေခဲ့ပါသည်။
အေးမြသောညနေချမ်းက ဆိုက်ရောက်လို့လာခဲ့ပါပြီ။
သာယာအေးချမ်းကာစအချိန်တွင် ညနေလေပြေထဲတွင် တစ်ညီတစ်ညာတည်းသောအသံကို
ကြားယောင်လာစပြုပါပြီ၊ အတိတ်ကောင်းဆောင်ရတော့မည်၊ နိမိတ်ကောင်းယူကြရတော့မည်၊
သာယာပြန့်ပြူးကြည်နူးစရာကောင်းသော သဘာဝပတ်ဝန်းကျင်နောက်ခံအခြေအနေပေါ်က
နေညိုညိုရစ်သန်းစအချိန်မှာ၊ ပျော်ရွှင်နေတဲ့ စိတ်အခြေအနေလေးတွေ မကုန်ဆုံးခင် မျှော်လင့်
ချက်အသစ်များစွာက ပန်းပိတောက်တွေလိုဖူးပွင့်နေမယ့် နှစ်သစ်တစ်ခုကို ကျွန်တော်တို့
မြန်မာများ ကူးပြောင်းဝင်ရောက်ကြပါတော့မည်။
ဘယ်ညာလက်နှစ်ဖက်ကို အသင့်ပြင်လိုက်ပါ၊ လက်ခုပ်နှစ်ဖက်ကို အားပါးတရတီးခတ်ပြီး
ခန္တာကိုယ်ကိုယ် စီးချက်နဲ့အတူယိမ်းနွဲ့လိုက်ပါ၊ နှုတ်ခမ်းနီလည်းရဲခဲ့လို့ရသလို၊ စကဒ်
လည်းကွဲပါ၊ ဂျင်းဘောင်းဘီလည်းပြဲခဲ့ လို့ရပါသည်၊ တစ်နိုင်ငံလုံးကတီးခတ်လိုက်တဲ့ လက်ခုတ်သံတွေက ညနေထဲမှာ လွင့်ပြန့်လို့လာနေပါပြီ။
မြနန္ဒာ နေညိုညိုရစ်ခါသန်းတော့—–
သင်္ကြန်လေလို့ခေါ်တဲ့ အတာကူးတဲ့လရဲ့ညနေ လေပြေလေး တိုက်ခတ်လာပါပြီ၊
အားလုံးကို ထိုလေပြေလေးက နောက်ထပ်နှစ် အသစ်တစ်ခု သို့ ခေါ်ဆောင်သွားတော့မည်၊
ထိုလေပြေလေးနှင့်အတူလိုက်ပါနိုင်ဖို့ အရောင်၊ အဆင်း၊ အနံ့အရသာမရှိသော ထိုလေပြေ
လေးကို မြင်တွေ့နိုင်ဖို့၊ ခံစားနိုင်ဖို့ သိရှိနိုင်ဖို့၊ လိုက်ပါနိုင်ဖို့၊ ကူးပြောင်းနိုင်ဖို့အတွက်
တစ်ခေတ်လုံးတွင် တစ်ယောက်တည်းသာပေါ်ခဲ့လေသော နည်းပညာအကူအညီမပါပဲ စောစီးစွာ ကမ္ဘာကြည့် ကြည့်မြင်နိုင်ခဲ့သော မန်းတလေးမြိ့က နောက်ဆုံးမင်းနေပြည်တော်၏ ကျူံးနဘေး ဒေါ့ဂျစ်ကားပေါ်မှ နှလုံးသားလှသော အနုပညာရှင်တစ်ဦးသည် အသိ၊ ဥာဏ်၊ပညာ၊ တရားဓမ္မတို့တွင်နှလုံးသားကိုထည့်သွင်းလျက်ထိုလေပြေလေးကို အရောင်၊ အဆင်း
အနံ့အရသာ၊ အဓိပ္ပါယ်များစွာ ထည့်သွင်းပြီး အသိပေးခဲ့ပါလေပြီ။
ထိုလေပြေကို မြို့မငြိမ်း စေခဲ့ပါသည်။
ရှေ့ကလူတွေဘယ်လိုနေ (၁၁)
ဒီဇိုင်းမျိုးဆွေသန်း
(၂၀၁၄ သင်္ကြန်အတက်နေ့ ညနေ ၁ နာရီ ၂၁ မိနစ်)

မြို့မငြိမ်းပုံတူ
Drawing- Ba Htay Kyi
Design – MST
မူရင်းပိုင်ရှင်များကို credit ပေးပါသည်။
ကန်မြဲချစ်မင်းဝေ #ရှာဖွေမျှဝေ သည်။
အတူမရှိ အတုမရှိ
တစ်ခေတ်တစ်ခါက
စာပေသဘင်ဂီတရုပ်ရှင်
အနုပညာသည်တွေ ထွက်ခဲ့တဲ့
သာသနာ့ရောင်ဖုံ:
မြို့ရွှေညောင်တုန်းမှ
ပေါ်ထွက် လာခဲ့တဲ့ –
ဗိုလ်အောင်ဒင်ကို
မွေးဖွားခဲ့သူ
စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာကြီး
ရွှေဒုံးဘီအောင် ။
( အောက်ပ် video link ကို နှိပ်၍ ကြည့်၇ှုပါရန် )
ရှာမှရှား
တစ်ခေတ်မှာတစ်ယောက်သာပေါ်ခဲ့ဘူးတဲ့
ရှေးက ပညာရှင် မြန်မာလူတော်
အကျော်အ မော်ကြီးတွေမျိုးစုံ
အများအပြားထဲက
စာပေရုပ်ရှင် နယ်ပယ် ထဲက အနုပညာရှင် တစ်ယောက်
ပြန်လည်ထုတ်ဖေါ်ပြသပေးခဲ့သူ
ခေတ်ဟာင်းခေတ်ကောင်းခဲ့တဲ့
တစ်ခေတ်တစ်ခါက
တစ်ချိန်က မြန်မာ့အသံ ဦးအောင်မြင့်ကို
အထူးကျေးဇူးတင်ရပါတယ်
♥️ #သီးခြားတက္ကသိုလ်
ရေး – #ကိုမြတ်လေး
ဆို – #ဆရာကြီးတင်မိုး
ေရွှ ငွေ ဆုတံဆိပ် ပေါင်းများစွာပိုင်ဆုင်သူအမျိုးသမီး အားကစားသမား။
ဝဏ္ဏကျော်ထင် ဂျနီဖာတင်လေး ။

ဒီနေ့ထူးထူးဆန်းဆန်းပဲ
နေပူတော့အိမ်မှာပဲနေနေတာ
သားတော်မောင်ကသူတို့ဆီငါးနာရီမီးပျက်မှာ
အဲဒီတော့မြေးလေးကိုခေါ်ပြီး
ဂေါက်ကွင်းကိုလာခဲ့မယ်တဲ့
ကိုယ့်အိမ်လည်းငါးနာရီမီးပျက်မှာဆိုတော့
အိုခေပေါ့
ဒါနဲ့ဂေါက်ကွင်းမှာဆုံကြပြီး
မြက်ခင်းပြင်မှာထိုင်ကြတာပေါ့
ခနနေတော့
ဂျနီဖာတင်လေးလည်းရောက်လာတယ်
သူလည်းအိမ်မှာမီးပျက်လို့
ဘီယာသောက်မလို့တစ်ယောက်တည်းထွက်လာတာတဲ့
အသက်၇၄နှစ်အမျိုးသမီးကြီးက
တစ်ယောက်တည်းဘီယာသောက်တယ်ဆိုတာ
မြန်မာပြည်မှာတော့နည်းနည်းထူးဆန်းနေမယ်ထင်တယ်
သူကတော့အေးအေးဆေးဆေးပါပဲ
လူကလည်းယောက်ကျားကြီးလိုပဲလေ
အရပ်ကလည်း၅’၁၀”တဲ့
ကိုယ့်ထက်နှစ်လက်မမြင့်တယ်
သူ့အကြောင်းပြောရရင်
သူကပုသိမ်ဇာတိ
အမေကဂျာမန်နွယ်တယ်
အဲတာကြောင့်လည်းအရပ်မြင့်တာပေါ့
သူငယ်ငယ်ကတည်းကအားကစားဝါသနာပါတယ်
မိသားစုရန်ကုန်ပြောင်းတော့
အားကစားနယ်နဲ့ပိုနီးစပ်သွားတာပေါ့
အဲတာနဲ့သူကပြေးခုန်ပစ်နယ်ကိုရောက်သွားတယ်သူကစားတာက
သံလုံးပစ်နဲ့သံပြားပစ်အားကစားနည်း
နောက်တော့ဘော်လီဘောလည်းကစားတယ်
မြန်မာနိုင်ငံအားကစားလောကမှာတော့
သူကအောင်မြင်မှုအရှိဆုံးကစားသမားပဲ
အရင်ကကျွန်းဆွယ်ပွဲလို့ခေါ်တဲ့
အရှေ့တောင်အားကစားပြိုင်ပွဲတွေမှာ
ရွှေတံဆိပ်၁၇ခု
ငွေတံဆိပ်၃ခုနဲကြေးတံဆိပ်တစ်ခုရခဲ့တယ်
စံချိန်သစ်သုံးခုလည်းတင်နိုင်ခဲ့တယ်
အဲတာကြောင့်နိုင်ငံတော်ကသူ့ကို
ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်ခဲ့တယ်
ကျွန်တော်အမှတ်မမှားရင်
အားကစားသမားထဲကဝဏ္ဏကျော်ထင်ဘွဲ့ရတာ
သူတစ်ယောက်ပဲရှိမယ်ထင်တယ်
နောက်ပိုင်းတော့ဒူးဒါဏ်ရာကြောင့်
အားကစားလောကကအနားယူခဲ့ပေမဲ့
ဂေါက်သီးတော့ရိုက်တယ်
တကယ်တန်းတော့မြန်မာနိုင်ငံမှာ
ထူးချွန်အောင်မြင်သူတွေကိုထိုက်ထိုက်တန်တန်
ဂုဏ်ပြုတာမျိုးသိပ်မရှိဘူး
နိုင်ငံတော်တော်များများမှာ
Hall of fame ဆိုပြီးတော့
အထင်ကရပုဂ္ဂိုလ်တွေကိုဂုဏ်ပြုတဲ့
နေရာတွေသတ်သတ်မှတ်မှတ်ထားကြတယ်
ဒီမှာလည်းအဲဒီလိုလုပ်ပေးဖို့
တက်လာသမျှဘယ်အစိုးရမှလုပ်မပေးခဲ့ဘူး
နောင်နိုင်ငံကိုအုပ်ချုပ်မဲ့အခုလူငယ်တွေလက်ထက်တော့
ဖြစ်လာမယ်ထင်ပါရဲ့လေ
U Soe Lwin Facebook post 26 April 2024
