စင်ကာပူနိုင်ငဲ ၏ ထူးခြားတဲ့ စိတ်ကူးစိတ်သန်း များ

( မိမိသဘာဝ ပတ်ဝန်းကျင် စိုပြေ စိန်းလန်းသာယာ စေလိုသူများအတွက် )

ဖတ်စရာ မှတ်စရာ ( ၁၀၇)

တွေးမိတွေးရာ
ရေးမိရေးရာ
ကြည့်စရာ သိစရာ
သဘာဝပတ်ဝန်းကျင်ရေးရာ
စာပဒေသာ

အင်ဂျင်နီယာ သဘာဝပတ်ဝန်းကျင်ရေးရာသမား နေတဲ့
တောမြို့က တောအိမ်

ရ ည်ညွှန်း Youtube video

သစ်တောသစ်ပင် တကယ်ချစ်ခင်သူများနေထိုင် ကြတဲ့နိုင်ငံ
A Woodland Jungle City SINGAPORE

သူများနိုင်ငံမှာ
လမ်းတကာနေရာတိုင်းလိုလို မှာမြေသားပြင် ကို တွေ့ရရှားပြီး မြက်ခင်းပြင်တွေ သစ်ပင်ကြီးငယ်တွေ ပန်းအလှပင်တွေ ပန်းခြံတွေ ကိုသာအများဆုံးတွေ့နေရတတ်တယ်။

မိုးမျှော်တိုက်အုပ်စုတွေ တစ်ခုနဲ့တစ်ခုကပ်ဆောက် မထားဘဲ သဘာဝ လေဝင် လေထွက်ကောင်းအောင် လေဟာပြင် Open Space တွေ ကို ပိသုကာနည်းပညာဖြင့် လိုသလို တွက်ချက် ခြားပေးထားပြီး Town Plan စနစ်တကျဖြင့် ဖန်တီးပေးထားတာ တွေ့ရတယ်။

ခလေး/လူကြီး တွေအတွက် ကျန်းရေးအတွက် ကိုယ်လက်လှုပ်ရှားနိုင်ဘို့ ကစားကွင်းတွေ ကိုလဲ ရပ်ကွက်တိုင်း နေရာတိုင်းလိုလိုမှာ အများအပြား တွေ့နေရတတ်တယ်။

ပင်လယ်ရေပတ်ခြာဝိုင်းနေတဲ့ကျွန်းနိုင်ငံ သေးသေးလေးမှာ ကျွန်းပတ်လည်မှာ အပန်းဖြေစရာ ပင်လယ် ကမ်းခြေ ကို ၁၀ မိုင်ခနိ့တစ်ဆက်တည်း မိုင်ချီပြီး ဖန်တီးပေးထားပြီး ပင်လယ်ကမ်းခြေမှာ ပင်လယ်စပ်သဲသောင်ပြင်သာတွေ့ရပြီး ဖုံမထတဲ့ သဲသောင်
စပ် တွေနဲ့ ကပ်လျက် မှာ ဖုံမထစေတဲ့ မြက်ခင်ပြင် ၊ကွန်ကရစ်လူလျှောက်လမ်း၊စက်ဘီးစီး လမ်းတွေနဲ့ ၊ကပ်လျက်မှာ ကစားကွင်းမျိုးစုံတွေ ၊မြက်ခင်းပြင်ကျယ်ကြီးတွေနဲ့ ထပ်မံဖန်တီးထားတာ တွေကြောင့် ဖုံထစေတဲ့ မြေသား ပြင် ကို ရှာလို့မတွေ့ရသလောက် ရှာမှရှား ဆိုရမလောက်ပါဘဲ။

သူများနိုင်ငံမှာတွေ့ရမြင်ရတာတွေကို မိမိနိုင်ငံမှာ လဲ တွေ့ချင် မြင်ချင် ပေမဲ့ –
မိမိဘာသာ တစ်ကိုယ်တော် အားကျ နမုနာယူ ၊အတုယူပြီး မိမိလုပ်နိုင် ဖန်တီးနိုင်တဲ့ မိမိနိုင်ငံက အိမ်ကို အပင်တွေပတ်ခြာဝိုင်း နေအောင်ဖန်တီးထားခဲ့တယ်.
အားမရသေးဘဲ အိမ်ပြင်မှာ ဖုံထတဲ့မြေသား ပြင်နည်းအောင် မြက်ခင်း၊သဲခင်း ၊ကျောကိစရစ်ခင်း ၊ကြွေပြားခင်း ၊အုတ်ပြားခင်း ၊ကွန်ကရစ်ခင်း ၊ မြေပေါ်က အလှရေကန် ငယ်စတဲ့ အခင်းမျိုးစုံနဲ့ နေရာအလိုက် ခင်းထားပြီး နှစ်ရှည်ပင် ကြီးတွေ ပတ်ခြာဝန်းရံနေအောင် လုပ်လာခဲ့လိုက်တာ အိမ်မှာ သစ်ပင်သစ်တောတွေကာရံနေလို့ တိုက်ခတ်လာတဲ့ အပြင်လေနွေးပူက အလာနည်းပြီး အပင်တွေဖြတ်တိုက်လာတဲ့လေအေးတွေနဲ့ တောမြို့ကလေးက Jungle Home တောအိမ်လေး ဖြစ်လို့ နေပါတော့တယ်။

တွေးမိတွေးရာရေးမိရေးရာ လုပ်နေသူ တစ်ယောက်
သူ့နေအိမ်မှာလဲ လုပ်ချင်ရာတွေလုပ်နေတတ်ပါတယ်။
ဝါသနာနဲ့လဲဆိုင်မယ် ယူဆတယ်။

ရှေးကတည်းက မီးမကြာမကြာပျက် နေတတ်တဲ့နိုင်ငံမှာ မီးပျက်ရင် ပတ်ဝန်းကျင် ဘေးအိမ်တွေက မီးစက်သံတွေဆူညံနေတဲ့အချိန်မှာ လုပ်ချင်ရာလုပ်နေတဲ့မိမိအိမ်မှာ အိမ်တွင်းအိမ်ပြင် ပတ်ပတ်လည်မှာ အလကားရတဲ့ နေရောင်ခြည်နဲ့ လူသားတွေတီထွင်ကြံဆ ဖန်တီးထားတဲ့ ဆိုလာလျှပ်စစ်မီးတွေဆင်ထားပြီး တိတ် ဆိတ် ငြိမ်သက်စွာ ဖြင့် အိမ်မှာမီးတွေ ထိန်ထိန်ငြီး နေတတ်ပါတယ်. ၁၀နှစ်ကျော်ထိ ကြာခဲ့ပါပြီ ။

မြက်ခင်းပြင် တွေ သစ်ပင်ပန်းပင် တွေရေလောင်းရလွယ် အောင် အိမ်ဘေးမှာ မြက်ခင်းပေါ်မှာ နွေခေါင်ခေါင်မှာ မိုး တုရွာသလို ဖြစ်အောင် မိုးရွာအောင်လဲ ကြံဆ တီထွင် ဖန်တီးထားတာလဲ ရှိနေပါသေးတယ်.။

တွေးမိတွေးရာ လုပ်မိလုပ်ရာ လုပ်နေသူ
Engineer Environmentalist

အေးမြင့် (ညောင်တုန်း)
၂၃၊၄၊၂၀၂၄