မာတိကာ
• အစပိုင်း
• ငယ်ဘဝ
အနုပညာခရီး
ပါဝင်ခဲ့သည့် ရုပ်ရှင်များ
ထုတ်ဝေခဲ့သည့် ဓာတ်ပြားများ
အနုပညာဘဝပြင်ပ
အတ္ထုပ္ပတ္တိစာအုပ်
ဘဝနိဂုံး
ရည်ညွှန်းကိုးကား
မေရှင် (ရုပ်ရှင်သရုပ်ဆောင်)
ဝီကီပီးဒီးယား မှ
မေရှင်

မွေးဖွား
သန်းရှင်
၁၀ မတ်၊ ၁၉၁၇
ကွယ်လွန်
၃ စက်တင်ဘာ၊ ၂၀၀၈ (အသက် ၉၁)
အလုပ်အကိုင်
• ရုပ်ရှင်သရုပ်ဆောင်အဆိုတော်
အိမ်ထောင်ဖက်(များ)
မရှိ
မိဘ(များ)
ဦးခင်လေး + ဒေါ်ဖွားယုံ(ရုံ)
ရရှိသည့်ဆုများ
ဝဏ္ဏကျော်ထင်ဘွဲ့
မေရှင်သည် မြန်မာ့ရုပ်ရှင်လောကနှင့် ဂီတလောကတို့တွင် စစ်ကြိုခေတ်မှစတင်၍ ကျော်ကြားလာခဲ့သော ဝဏ္ဏကျော်ထင်ဘွဲ့ရ နိုင်ငံကျော် ရုပ်ရှင်မင်းသမီး၊ အဆိုတော်တစ်ဦးဖြစ်သည်။[၁]
ငယ်ဘဝ
ဒေါ်မေရှင်ကို (၁၂၇၈ ခုနှစ်) ၁၉၁၇-ခုနှစ်၊ မတ်လ ၁ဝ-ရက်နေ့တွင် မန္တလေး အရှေ့ပြင် အောင်တော်မူရပ်၌ အဖ ပွဲစားကြီး ဦးခင်လေး၊ အမိ ဒေါ်ဖွားယုံတို့က မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဒေါ်သန်းရှင် ဖြစ်သည်။ မွေးချင်း ညီအမ ၅ ဦးအနက် အငယ်ဆုံး သမီးဖြစ်ကာ အမဖြစ်သူများမှာ ဒေါ်ချစ်စု၊ ဒေါ်ချစ်ဥ၊ ဒေါ်သိန်းချစ်၊ ဒေါ်ပွားယဉ်တို့ ဖြစ်သည်။ ဝက်စလီယန်ကျောင်းမှ ၇-တန်း၁၉၃၆ခုနှစ် တွင်အောင်မြင်ခဲ့သည်။
အနုပညာခရီး
အနုပညာ၌ ပျော်မွေ့သော်လည်း အဆက်အသွယ်က မရှိသဖြင့် ၁၉၃၆ခုနှစ်တွင်မှ သူ၏ ဝါသနာကို အထောက်အကူ ပြုမည့် အကြောင်းတစ်ရပ်ပေါ်လာခဲ့သည်။ အေဝမ်းဖလင် ရုပ်ရှင် ကုမ္ပဏီမှ ရုပ်ရှင်မင်းသမီးသစ်များ အလိုရှိကြောင်း လျှောက်ထားနိုင်ကြောင်း ကြော်ငြာအရ အမဖြစ်သူနှင့် တိုင်ပင်ကာ မန္တလေးအေဝမ်း တိုက်ခွဲသို့ သွားရောက်စုံစမ်းခဲ့သည်။ မန္တလေးတိုက်ခွဲမှာပင် လျှောက်လွာတင်ခဲ့သည်။ မကြာမီ ရန်ကုန်အေဝမ်းကုမ္ပဏီမှ ရုပ်ရှင်မင်းသမီးအဖြစ် ရွေးချယ်ကြောင်း အကြောင်းပြန်ကြားခဲ့ရာ ရန်ကုန်သို့ ဆင်းလာခဲ့ပြီး ကုမ္ပဏီသို့သွားရာမှ မူလ သန်းရှင် အမည်ကို မေရှင်ဟု ပြောင်းလဲမှည့်ခေါ်ခဲ့သည်။ အေဝမ်းမှ မေသန်းဟူသော မင်းသမီးကို မွေးထုတ်ပြီးဖြစ်ရာ နောက်ထပ် ရောက်လာ ကြသော မင်းသမီးများကို မေရှင်၊ မေချစ်၊ မေမြင့်၊ မေနု၊ မေသစ်၊ မေဆန်း၊ မေလွင် စသည်ဖြင့် မေ နာမည်များ မှည့်ခေါ်ခဲ့သည်။
အသက်-၁၈ နှစ်မှ စတင်ကာ အဆိုတော် မမေရှင် အဖြစ် ထင်ရှား ကျော်ကြားလာခဲ့ပြီး အသက်၁၉ နှစ်တွင် မင်းသား ရဲခေါင် ချစ်ဆွေ နှင့် တွဲဖက် သရုပ်ဆောင် ရသော ဖူးစာရှင် အသံတိတ် ဇာတ်ကားကို ပထမဆုံး ရိုက်ကူးခဲ့သည်။ ၁၉၃၇တွင် “ဖူးစာရှင်” ရုပ်ရှင်အား ရုံတင်ပြသနိုင်ခဲ့သည်။ အသံတိတ်ဇာတ်ကားများ ရိုက်ကူးရာမှ အေဝမ်းသဘင်ဝန်ဓာတ်ပြား ထုတ်လာရာတွင် ဓာတ်ပြားသွင်းခွင့်ရရှိခဲ့သည်။ ရုပ်ရှင်ထဲတွင် သီဆိုခဲ့သော တေးများအပါအဝင် သီချင်းအပုဒ်ပေါင်း(၈၀)ခန့် သီဆိုခဲ့သည်။ နိူင်ငံကျော် အဆိုတော် ရုပ်ရှင်မင်းသမီးဘဝသို့ ရောက်ရှိသွားသောအခါ ဦးတင်မောင်နှင့်တွဲကာ ကားကြီးကားကောင်းများ ရိုက်ကူးခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင်လည်း ဆက်လက်ရိုက်ကူးခဲ့သည်။ ထို့နောက် မြန်မာ့ ရုပ်ရှင်လောက၏ ပထမဆုံး အသံထွက် ဇာတ်ကားဖြစ်သည့် မြှားနတ်မောင် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်များက လက်ခံကာ အောင်မြင်မှုများ ရရှိခဲ့သည်။ နောက်ဆုံးရိုက်ကူးခဲ့သော ကားမှာ သားတို့ရုပ်ရည် ဇာတ်ကားဖြစ်သည်။ ရုပ်ရှင် ဇာတ်ကားပေါင်း ၁၄ကား နှင့် ဓာတ်ပြား တေးသီချင်းပေါင်း ၄ဝကျော် ကို သီဆို ခဲ့သည်။ ထို့နောက် ၁၉၆၁ခုနှစ် အသက်၄၅နှစ် အရွယ်တွင် ရုပ်ရှင်လောကမှ အနားယူခဲ့သည်။
ပါဝင်ခဲ့သည့် ရုပ်ရှင်များ
• ဖူးစာရှင်
• မြှားနတ်မောင်
• ချစ်အမျှ
• ချစ်ရေစင်
• စောင်းတော်ရှင်
• ချိန်တန်ပြီ
• မေ့တွက်တာ
• သားတို့ရုပ်ရည်
ထုတ်ဝေခဲ့သည့် ဓာတ်ပြားများ
• ချစ်ရေစင်
• အောင်ခြင်းရှစ်ပါး
• ပျို့မှာတမ်း
• ရွှေအင်းဝ
• ပါရမီတော်
• ရှင်သီဝလိ
• သော်တာငွေမင်း
• မြတ်လေးငုံ
• ကျေးစေတမာန်
• ချစ်ခက်သက်လျာ
အနုပညာဘဝပြင်ပ
၁၉၅၁မှ ၁၉၅၈ခုနှစ်အထိ မြန်မာ့အသံတွင် အမှုထမ်းခဲ့ပြီး ၁၉၅၈ခုနှစ်၌ ဝဏ္ဏကျော်ထင်ဘွဲ့ကို ရရှိခဲ့သော်လည်း မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားတွင် လှူဒါန်း ခဲ့သည်။
အတ္ထုပ္ပတ္တိစာအုပ်
အေဝမ်းရုပ်ရှင် တခေတ်တွင် မေရှင်ဟု နာမည်ကြီးသည့် ရုပ်ရှင်မင်းသမီးကြီးနှင့် အဆိုတော်ကြီးလည်း ဖြစ်သူ ဒေါ်မေရှင်၏ အတ္ထုပ္ပတ္တိကို “ပန်းတပွင့်ရဲ့ ရင်ခုန်သံ” အမည်ဖြင့် စာရေးဆရာမ ဝင်းဝင်းမြင့် (နန်းတော်ရှေ့) က ရေးသား ထုတ်ဝေခဲ့သည်။
ဘဝနိဂုံး
၂၀၀၈ခုနှစ် စက်တင်ဘာလ ၃ရက် ည၁၁နာရီ ၃ဝမိနစ်၊ အသက် -၉၁ နှစ် အရွယ်တွင် မန္တလေးမြို့ရှိ အောင်တော်မူ ရပ်ကွက်၊ ၂၆ ဘီလမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြား၊ မြစန္ဒာလမ်းသွယ်ရှိ ‘ရတနာ’ နေအိမ်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
“အဆုတ်ထဲကို ရေဝင်တယ်ဆိုပြီး ဆေးရုံက မှတ်ချက်ချတယ်။ ဆရာဝန်က အိမ်ခေါ်သွား ဆိုတော့ အိမ်မှာပဲ ဆုံးသွားတာပါပဲ။ ပြီးခဲ့တဲ့ စနေနေ့ ဆေးရုံတက်တာ ဗုဒ္ဓဟူးနေ့က ဖောက်လာပြီး ဆုံးသွားတာပါ” ဟု ဒေါ်မေရှင်၏ တူဖြစ်သူ တစ်ဦးက မဇ္ဈိမ သတင်းဌာန ကို ပြောပြသည်။
ဒေါ်မေရှင်၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို စက်တင်ဘာလ ၅-ရက်နေ့၊ ညနေ ၃-နာရီတွင် ကြာနီကန် သုသာန်တွင် ဂူသွင်း သင်္ဂြိုဟ်ရာ မိသားစုများနှင့်အတူ ရုပ်ရှင်၊ဂီတ ပညာရှင်များ၊ မြို့မိမြို့မများ လိုက်လံပို့ဆောင် ပေးခဲ့ကြသည်။
ရည်ညွှန်းကိုးကား
2. ခေတ်ဟောင်း အဆိုတော်နှင့် ရုပ်ရှင် မင်းသမီးကြီး ဒေါ်မေရှင် ကွယ်လွန်၊ မဇ္ဈိမ သတင်းဌာန။
3. မန္တလေး အဘိဓာန်၊ နေထွတ် The Dream Crystals Publishing House၊ ၁၉၉၉။
4. သိမှတ်ဖွယ်ရာ ကိုယ်ရေး အချက်အလက်များ။ ရေးသားသူ၊ ထုတ်ဝေသည့် စာအုပ်တိုက်နှင့် ခုနှစ်၊ လတို့ မပါရှိ။ ဗိုလ်ချုပ်ကြီး ခင်ညွန်ရဲ့ ထောက်လှမ်းရေး လက်ကျန်တွေက စုစည်း ထုတ်ဝေခဲ့တာလို့ ယူဆကြသည်။
• ကဏ္ဍများ: မြန်မာ အမျိုးသမီး အဆိုတော်များမြန်မာ အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင်များ၁၉၁၇ မွေးဖွားသူများ၂၀၀၈ ကွယ်လွန်သူများ
• ဤစာမျက်နှာကို ၈ မတ် ၂၀၂၄၊ ၁၆:၄၅ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။
May Shin, Burmese Classic Singer & Artist passed away
on September 05, 2008
ခေတ်ဟောင်း အဆိုတော်နှင့် ရုပ်ရှင် မင်းသမီးကြီး ဒေါ်မေရှင် (၁၉၁၇ – ၂ဝဝ၈) ကွယ်လွန်ပြီ
မိုးမခ၊ မြန်မာအိုင်အက်စ်ပီ
စက်တင်ဘာ ၄၊ ၂၀၀၈
ယခင်က အနုပညာလောကတွင် ရှမ်ရှမ်းတောက် ကျော်ကြားခဲ့သူ ဒေါ်မေရှင်သည် မန္တလေးမြို့ရှိ အောင်တော်မူ ရပ်ကွက်၊ ၂၆ ဘီလမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြား၊ မြစန္ဒာလမ်းသွယ်ရှိ ‘ရတနာ’ နေအိမ်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားခြင်း ဖြစ်သည်။
ဒေါ်မေရှင်ကို ၁၉၁၇ ခုနှစ်၊ မတ်လ ၁ဝ ရက်နေ့တွင် မန္တလေး အရှေ့ပြင် အောင်တော်မူရပ်၌ အဖ ပွဲစားကြီး ဦးခင်လေး၊ အမိ ဒေါ်ဖွားယုံတို့က မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဒေါ်သန်းရှင် ဖြစ်သည်။ မွေးချင်း ညီအမ ၅ ဦးအနက် အငယ်ဆုံး သမီးဖြစ်ကာ အမဖြစ်သူများမှာ ဒေါ်ချစ်စု၊ ဒေါ်ချစ်ဥ၊ ဒေါ်သိန်းချစ်၊ ဒေါ်ပွားယဉ်တို့ ဖြစ်သည်။ ဝက်စလီယန်ကျောင်းမှ ၇ တန်း အောင်မြင်ခဲ့သည်။
၁၉၃၆ ခုနှစ်တွင် ရန်ကုန် အေဝမ်း (A1) ရုပ်ရှင် ကုမ္ပဏီနှင့် ဆက်သွယ်၍ ရုပ်ရှင်လောကသို့ ရောက်သည်။ ပထမဦးဆုံး ဇာတ်ကားမှာ ရုပ်ရှင်မင်းသား ရဲခေါင်ချစ်ဆွေနှင့် တွဲဖက် သရုပ်ဆောင်ရသော “ဖူးစာရှင်” အသံတိတ် ဇတ်ကားဖြစ်သည်။
အသက် ၁၈ နှစ်မှ စတင်ကာ အဆိုတော် မမေရှင် အဖြစ် ထင်ရှား ကျော်ကြားလာသည်။ မေရှင်၏ ထင်ရှားခဲ့သည့် ဇာတ်ကားများမှာ ‘ဖူးစာရှင်’၊ ‘မြားနတ်မောင်’၊ ‘ချစ်အမျှ’၊ ‘ချစ်ရေစင်’၊ ‘စောင်းတော်ရှင်’၊ ‘ချိန်တန်ပြီ’၊ ‘မေ့တွက်တာ’ စသည့် ဇာတ်ကားများ ဖြစ်ပြီး၊ အေဝမ်း (A1) ဓာတ်ပြား ကုမ္ပဏီမှ ‘ချစ်ရေစင်’၊ ‘အောင်ခြင်းရှစ်ပါး’၊ ‘ပျို့မှာတမ်း’၊ ‘သော်တာငွေမင်း’၊ ‘မြတ်လေးငုံ’၊ ‘ကျေးစေတမာန်’၊ ‘ချစ်ခက်သက်လျာ’ စသော သီချင်းဓာတ်ပြားများ အသံသွင်း ထုတ်ဝေ ဖြန့်ချိခဲ့သည်။
ရုပ်ရှင် စုစုပေါင်း ၁၄ ကား ရိုက်ကူးခဲ့၍ အသက် ၄၅ နှစ် အရွယ် ၁၉၆၁ ခုနှစ်တွင် ရုပ်ရှင်လောကမှ အနားယူခဲ့သည်။ သာသနာရေးတွင် ရရှိသည့် ဝဏ္ဏကျော်ထင်ဘွဲ့ကို မန္တလေးမြို့ရှိ မဟာမြတ်မုနိ ဘုရားတွင် လှူဒါန်းခဲ့သည်။
အေဝမ်းရုပ်ရှင် တခေတ်တွင် မေရှင်ဟု နာမည်ကြီးသည့် ရုပ်ရှင်မင်းသမီးကြီးနှင့် အဆိုတော်ကြီးလည်း ဖြစ်သူ ဒေါ်မေရှင်၏ အတ္ထုပ္ပတ္တိကို “ပန်းတပွင့်ရဲ့ ရင်ခုန်သံ” အမည်ဖြင့် စာရေးဆရာမ ဝင်းဝင်းမြင့် (နန်းတော်ရှေ့) က ရေးသား ထုတ်ဝေခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေသူ ဂီတ အနုပညာရှင် (ဒေါ်) မာမာအေးက ပြောကြားရာတွင် – ဒေါ်မေရှင်သည် လှလှပပ၊ ငြိမ်းငြိမ်းချမ်းချမ်းနှင့် အေးချမ်းသိမ်မွေ့သော အနုပညာရှင်တဦးအဖြစ် နေထိုင်လိုသူ ဖြစ်ကြောင်း၊ မိမိနှင့်လည်း အဆက်အသွယ်မပြတ်ခဲ့ကြကြောင်း၊ မိမိတို့ အနုပညာသည်အချင်းချင်း ရင်းနှီးချစ်ခင်စွာ နေထိုင်သူတဦး ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒေါ်မေရှင်၏ ကြွင်းကျန်သော ရုပ်ကလပ်ကို မနက်ဖြန် စက်တင်ဘာလ ၅ ရက်နေ့၊ ညနေ ၃ နာရီတွင် ကြာနီကန် သုသာန်တွင် ဂူသွင်း သြင်္ဂိုလ်မည် ဖြစ်သည်။
