မြဝတီမင်းကြီး ဦးစ ( ၁ )

မြဝတီမင်းကြီး ဦးစ

ဝီကီပီးဒီးယား မှ

မြဝတီမင်းကြီးဦးစ

(၁၁၂၈-၁၂၁၅) မြဝတီမင်းကြီး ဦးစသည် ကုန်းဘောင်ခေတ်၌ ထင်ရှားကျော်ကြားသော စာပေနှင့် ဂီတပညာရှင်ကြီးတစ်ဦး ဖြစ်သည်။

ဘဝဖြစ်စဉ်

နှလုံးရည်ဘက်တွင်သာမက လက်ရုံးရည်ဘက်တွင်လည်း အထူးထူးချွန်လှသော နောင် “မြဝတီမင်းကြီး” တွင်မည့် ဦးစသည် ဆင်ဖြူရှင်မင်းတရားကြီး နန်းစံ ၃-နှစ် သက္ကရာဇ် ၁၁၂၈-ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက် အင်္ဂါနေ့တွင် စစ်ကိုင်းမြို့ အနောက်မိချောင်းတက်ချောင်း(မိချောင်းတော်ရွာ)၌ ဖွားမြင်ခဲ့သည်။ အဖမှာ အလုံမြို့ မြောက်လက် မောက်တက်ရွာသား မြင်းစီးကြီးသား ဦးပေါက်ကျော်ဖြစ်၍ အမိမှာ သက္ကရာဇ် ၉၉၂-ခုနှစ်တွင် နန်းတက်တော်မူသော သာလွန်မင်းတရားကြီးလက်ထက် အမတ်ကြီးဗညားကျန်းတော၏မြေး ရှင်ငြိမ်းသာ(ဒေါ်ငြိမ်းသာ) ဖြစ်သည်။

ဦးစ အသက် ၆-နှစ်အရွယ်သို့ရောက်သောအခါ အဖဖြစ်သူသေဆုံးသည်။ နောက် အသက် ၁၁-နှစ်အရွယ်လောက်တွင် အင်းဝမြို့မဲထီးရွာ မဲထီးဆရာတော် ဦးပရမကျောင်းတွင် သာမဏေအဖြစ်နှင့် စာပေသင်ကြား၍ တတ်မြောက်လျှင် လူထွက်ကာ စစ်ကိုင်းမြို့ ပန်းထိမ်ဝန်ဟောင်း ဦးညွှန့်၏သမီး မအေးနှင့်သင့်မြတ်သည်။ ထိုစဉ် ပန်းထိမ်အလုပ်၊ရွှေကျောက်ရောင်းဝယ်ရေး အလုပ်စသည်တို့ကို လုပ်ကိုင်နေလေသည်။ ထိုစဉ်ကပင်လျှင်လည်း အပျော်အပါး အတီးအမှုတ်အရာတွင် ဝါသနာထုံသောကြောင့် ဘိုးတော်မင်းတရားကြီး၏ လက်ဝဲဆိုင်း အမှုထမ်း ဆိုင်းဆရာကြီး ဦးတရုပ်ထံ၌ ကြေးဝိုင်းတီးခဲ့သည်။ ဦးစ အသက် ၁၉-နှစ်အရွယ်တွင် မယားမအေးသေဆုံး၍ အမရပူရမြို့သို့ပြောင်းရွှေ့ကာ အိမ်ရှေ့နန်းစံ ရွှေတောင်မင်း၏ အိမ်ရှေ့သံတော်ဆင့် လက်ျာပျံချီထံတွင် ရေးမှတ်သည့်ဘက်မှ အမှုထမ်း၍နေလေသည်။ ထိုအချိန်အခါမှစ၍ ဦးစသည် စာပေနယ်ဘက်သို့ နွှယ်ယှက်ကူးပြောင်းပြီဟု ယူဆရန်ရှိပေသည်။ ထိုစဉ်အတွင်း သက္ကရာဇ် ၁၁၀၅-ခုနှစ်တွင် တန်တားဦးရွာလျှင် ဖွားရာဇာတိရှိသော “ရွှေဘုံနိဒါန်း” ဆရာ “ဇေယျသင်္ခယာ” ဘွဲ့ခံ အိမ်ရှေ့အတွင်းဝန် သည် အိမ်ရှေ့နန်းစံ ရွှေတောင်မင်း အထံတော်သို့ဦးစ၏ အရည်အသွားကို လျှောက်ထားတင်ဆက်သည်တွင် ဦးစသည် အိမ်ရှေ့တော်သို့ရောက်ရသည်။

ထိုအတွင်းဦးစသည် ကြိုးများ ဘွဲ့များကိုလည်းရေးသားစ ပြုလာသည်။ ယိုးဒယားဘာသာနှင့်ရှိသော “အီနောင်ဇာတ်” ကိုလည်း မြန်မာဘာသာပြန်၍ တီးကွက်၊မှုတ်ကွက် ဇာတ်သီချင်းများနှင့်တကွ ရေးသားပြီးစီးသည်။ ထိုအခါ ဦးစ၏ ဉာဏ်ရည်သည် အိမ်ရှေ့အိမ်တော်နှင့် အတွင်းတော်တို့တွင်မျှမကပဲ တနိုင်ငံလုံး ကျော်စော ထင်ရှားသွားလေသည်။ သို့နှင့် “အီနောင်ဇာတ်”ကို ရေးသားပြီးစီး၍ မရှေးမနောင်း၌ပင်လျှင် အိမ်ရှေ့ဘဏ္ဍာစာရေး ခန့်တော်မူခြင်းခံရပြီးလျှင် အပါးတော်တွင် စေသုံးထမ်းရွက်ရလေသည်။ သက္ကရာဇ် ၁၁၇၀-ပြည့်နှစ်ဦးတွင် သားတော်အိမ်ရှေ့မင်း နတ်ရွာစံလေသည်။ ထိုအခါ ဘဝရှင် ဗဒုံမင်းတရားကြီးသည် မြေးတော် စစ်ကိုင်းမင်းကို အိမ်ရှေ့နှင်းတော်မူသည်တွင် ဦးစကို အိမ်ရှေ့သံတော်ဆင့် အရာနှင့် “ပြည်လုံးယူ-လှေမှူး” ခန့်တော်မူလေသည်။ နောက် အိမ်ရှေ့အတွင်းဝန် ခန့်တော်မူပြန်၍ “နေမျိုးဇေယျသူရ” ဘွဲ့ဖြင့်လည်း တိုးတက်ချီးမြှင့်ခြင်းခံရပြန်လေသည်။ ဤတွင် အမှတ်အသားများ၌ “နေမျိုးဇေယျသူရ” ဘွဲ့ကို သက္ကရာဇ် ၁၁၇၅-ခုနှစ်တွင် ကသည်း-မျည်းတဲပြည် မဟာရာဇာ ထောင်ထားသည့်အရေးတော်ကို နှိပ်နွံ၊ပြီးပြေ အောင်မြင်၍ ပြန်လာသော အခါကျမှ ဦးစအား “နေမျိုးဇေယျသူရ” ဘွဲ့ဖြင့်ချီးမြှင့်သည်ဆိုသည်။ သို့ရာတွင် ရာဇဝင် အစောင်စောင်နှင့် တိုက်ဆိုင်ကြည့်ရှုပြန်သောအခါ ထို ကသည်း-မျည်းတဲအရေးတွင် ဦးစပါသည်ကားမှန်သည်။ သို့ရာတွင် ထိုစဉ်ကပင်လျှင် “နေမျိုးဇေယျသူရ” ဘွဲ့ကို ရရှိပြီးဖြစ်၍ “အိမ်ရှေ့အတွင်းဝန်-နေမျိုးဇေယျသူရ” အဖြစ်နှင့် “တပ်ကြီး ၃-တပ်၊မြင်း၁၅၀၊ စစ်သည်သူရဲ ၁၅၀၀” ကို အုပ်ချုပ်ကွပ်ကဲ၍ တမူးကြောင်းရှေ့က ချီတက်တိုက်ခိုက်ကြောင်းတွေ့ရသည်။ ဤသည်ကားဦးစ၏ ပထမစစ်ပွဲဖြစ်လေသည်။

သက္ကရာဇ် ၁၁၈၁-ခုနှစ် နယုန်လအတွင်း ဘိုးတော် ဗဒုံမင်းတရားကြီးနတ်ရွာစံ၍ မြေးတော်အိမ်ရှေ့ မင်းနန်းတက်တော်မူလေသည်။ ထိုအခါ အိမ်ရှေ့အတွင်းဝန် “နေမျိုးဇေယျသူရ” ဘွဲ့ခံဦးစကို ကျေးဇူး သစ္စာစောင့်သိသူ အဖြစ်နှင့် “ငွေသပြာ တထောင့်ငါးရာ အဖိုးများစွာထိုက်သော လက်စွပ်တကွင်း” ကိုပေးသနားတော်မူ၍ အတွင်းဝန်အရာ ခန့်ထား ချီးမြှင့်တော်မူလေသည်။ ထိုနှစ် တန်ဆောင်မုန်းလအတွင်း ဘဝရှင် မင်းတရားကြီးသည် ထီးဆောင်းမင်္ဂလာ မဟာဥကင်သ ဖွင့်တော်မူလေသည်။ “သီရိပဝရ သုဓမ္မ မဟာရာဇာဓိရာဇာ” ဟူသော တံဆိပ်-နာမံတော်ကိုလည်းခံယူတော်မူ လေသည်။ ထိုအခါ “လက်ဝဲတော် တော်နေရာနေ အတွင်းဝန် နေမျိုးဇေယျသူရကို “သီရိမဟာဇေယျသူရ”ဘွဲ့ ဖြင့် ထပ်ဆင့်ချီးမြှင့်တော်မူပြန်သည်။ သက္ကရာဇ် ၁၁၈၅-ခုနှစ်တွင် ဦးစသည် မိမိ၏ လက်ရုံးရည်အစွမ်းကို ထင်ရှားစေနိုင်ပြန်သည့် အမှုအခင်းတစ်ခု ထပ်မံပေါ်ပေါက်လာလေသည်။ ထိုအမှုအခင်းမှာ အခြားမဟုတ်။ လက်နက်နိုင်ငံတော်ဖြစ်သော ဓညဝတီ ရခိုင်ပြည်နယ် ရှင်မဖြူကျွန်းတွင် စစ်တကောင်း-ကုလားတို့က အလံစိုက်မှုမှစ၍ အင်္ဂလိပ်နှင့် မြန်မာတို့ ပထမအကြိမ် စစ်မက်ဖြစ်ပွားရခြင်း အကြောင်းဖြစ်ပေသည်။ “ရှင်မဖြူကျွန်း” အရေးပေါ်ပေါက်လျှင် ပေါ်ပေါက်ချင်း အလုံဝန်ကြီး မင်းကြီး-မဟာဗန္ဓုလအား “သတိုး“ ဘွဲ့တပ်၍ ပေးတော်မူပြီးလျှင် ဓညဝတီကြောင်း ကွပ်ကဲ အုပ်ချုပ် ချီတက်စေတော်မူ၏။ ထိုအခါ ဦးစအားလည်း “မင်းကြီးမဟာသူရ” ဘွဲ့နှင့် လက်ဝဲ-စစ်ကဲခန့်၍ ရှေ့ဦးချီနှင့်တော်မူစေသည်။

( တင်နိုင်တိုး၏ ကုန်းဘောင်နွယ် စာပေမျိုးဆက် စာအုပ်တွင် ပွဲစားကြီး ဦးဖြိုး၊ ဒေါ်သာလိတို့၏ သမီး ခင်စောနှင့် စုံဖက်ရာ သားတစ်ဦး၊ သမီးနှစ်ဦး ဖွားမြင်သည်ဟု ပါရှိသည်။ သား ဦးမောင်ကလေးသည် ကင်းဝန်ဦးကြွယ်ဝ၏ သမီး ဒေါ်ခင်ငြိမ်းနှင့် စုံဖက်ကာ သားမောင်မြကြီး၊ သမီးခင်နှင်းဦးနှင့် သား မောင်မြသီး(ခေါ်) ငှက်တွင်းဆရာတော် လောင်းလျာတို့ကို ဖွားမြင်ခဲ့သည်။ မြဝတီမင်းကြီး၏ နှမအရင်း ဒေါ်လုံမမှာမူ Mr.White ဆိုသူ နိုင်ငံခြားသားတစ်ဦးနှင့် အိမ်ထောင်ကျကာ သမီး မဖြူကို ဖွားမြင်ခဲ့၏။ မဖြူသည် ဦးစံကိုင်နှင့် လက်ဆက်ကာ သမီး ခင်ဦးဇွန်းကို ဖွားမြင်ပါသည်။ )

သက္ကရာဇ် ၁၁၈၆-ခုနှစ် ကဆုန်လအတွင်း တပ်ဦးချုပ် အတွင်းဝန် မင်းကြီးမဟာသီဟသူရသည် ရှေ့ချီ-သောင်းတပ်မှူးအဖြစ်နှင့်ပင် အင်္ဂလိပ်တို့နှင့် ရှေးဦးစွာ “ဂေါတော့ပလ္လင်” တွင် ဆိုင်ပြိုင် တိုက်ခိုက်ရလေ သည်။ အင်္ဂလိပ်တို့ မရပ် မခံနိုင် ကိုယ်လွတ်ထွက်ပြေးကြရ၏။ ထိုတွင် တစ်ရက်ရပ်ဆိုင်းပြီး တပ်ဦးချုပ် အတွင်းဝန်မင်းကြီး မဟာသီဟသူရပင် ရှေးဦးချီတက်၍ ပန်းဝါသို့ ဆိုက်ရောက်ပြန်လျှင် ဒုတိယအကြိမ် အင်္ဂလိပ်တို့နှင့် ဆိုင်ပြိုင်တိုက်ခိုက်ရပြန်ရာ အင်္ဂလိပ်တို့မခံနိုင်၍ ထွက်ပြေးရပြန်သည်။ အကြီးပြုသူ အင်္ဂလိပ်ဗိုလ်နှင့် စစ်ဗာရီကုလား အများလည်းသေဆုံးသည်။ သုံ့ပန်းအများနှင့် လက်နက်-သေနတ် အများကိုလည်းရလိုက်၏။ ထိုပန်းဝါ-အောင်တပ်တွင် “မင်းကြီး မဟာသီဟသူရ” ဘွဲ့ခံဦးစသည် အဖြီးအခိုင် တပ်တည်လုပ်၍ အောင်ပွဲသဘင်ခံလေသည်။ အမိန့်တော်မြတ်အတိုင်းလည်း ၄-လမျှရပ်တန့်နေ၏။ နောက် ရွှေဖဝါးတော်အောက်သို့ ပြန်လည်ဆိုက်ရောက်လျှင် “ဝန်ကြီး” ခန့်ထားခြင်း ခံရ၍ တိုင်းရေး ပြည်မှုများကို ကြည့်ရှု စီရင်ရလေသည်။ သို့ရာတွင် မြန်မာတို့က ရခိုင်ပွဲဦး၌ ဦးစ၏ လက်ရုံးရည် နှလုံးရည်ဖြင့် အနိုင်ရလိုက်ငြားသော်လည်း ကံမကောင်း အကြောင်းမလှ၍ နောက်ဆုံး “ရန္တပို” အရပ်၌ စာချုပ် ချုပ်ဆိုပြီးလျှင် အရှုံးနှင့် နိဂုံးချုပ်လိုက်ရလေသည်။

ဘကြီးတော်မင်းတရားလက်ထက် နောက်ပိုင်းခေတ်ကာလနှင့်သာယာဝတီမင်း လက်ထက် ရှေ့ဦး-ခေတ်ကာလတွင် တိုင်းပြည်ကြီး တဖြည်းဖြည်း လှုပ်ရှားလာရပုံ၊ ထိုသို့ တိုင်းပြည် လှုပ်ရှားခိုက် ဝန်ကြီး “မဟာသီဟသူရ” ဘွဲ့ခံဦးစအား ကြမ္မာဂြိုဟ်ဆိုးက မည်မျှ အငြိုးကြီးခဲ့ပုံတို့မှာ အထူးစိတ်ဝင်စားစရာ ကောင်းလှသည်။ ထိုအထူး စိတ်ဝင်စားဖွယ် ကောင်းလှသော အကြောင်းအရာ အဖြစ်အပျက်တို့ကို အထူးစိတ်ဝင်စားဖွယ်ရာပင် ရေးသားထားရှိသည့် သက္ကရာဇ် ၁၉၄၇-ခုနှစ်ထုတ် “ရှုမဝ မဂ္ဂဇင်း” အတွဲ-၁၊ အမှတ်-၄ လာ ဆရာဇေယျ၏ “ထောင်တွင်းကသီချင်းသံ” ဆောင်းပါးမှ ထုတ်နှုတ်ဖော်ပြလိုက်ပါအံ့။ ထိုမှစ၍ ဘကြီးတော်ဘုရားသည် တိုင်းရေး ပြည်မှုတို့ကို တဖြည်းဖြည်း လျစ်လျူရှုတော်မူ၍ နိုင်ငံတော် အုပ်ချုပ်ရေးအာဏာများသည် မိဖုရားခေါင်ကြီး နန်းမတော်-မယ်နုနှင့် မောင်တော် စလင်းမင်းသားကြီး မောင်အိုတို့ လက်သို့ အထင်အရှား ရောက်သွားရာ ဘကြီးတော်ဘုရားကို လက်ကိုင်ထားသော စလင်း-မင်းသားကြီး မောင်အိုတို့လူစုက တစ်ဖက် ညီတော် သာယာဝတီမင်းသားကတစ်ဖက် အာဏာလုပွဲ ဖြစ်ရာမှ စလင်းမင်းသားကြီးမောင်အိုတို့ အကြံအောင်တော့မလိုလို ရှိနေခိုက်တွင် ညီတော်သာယာဝတီမင်းသားသည် နေပြည်တော် အင်းဝမှ ရွှေဘိုမြို့သို့ထွက်၍ ခုခံရာတိုင်းပြည်လူထုအင်အားသည် သာယာဝတီမင်းဘက်သို့ ညွှတ်သည်ဖြစ်သောကြောင့် မျက်နှာချင်းဆိုင်လေရာ အရေးရှုံးနိမ့်၍ နောက်ဆုံးတွင် ဘကြီးတော်ဘုရားနန်းမှဆင်း၍ သာယာဝတီမင်းအားနန်းလွှဲရလေသည်။

ထိုအခါ သာယာဝတီမင်းသားက ငါတို့ညီတော် နောင်တော်သည် အချင်းချင်းအမျက်မရှိ။ နောင်တော် သည်လည်း ငါ့အား သားတော်တမျှ ချစ်မြတ်နိုးတော်မူသည်။ ငါသည်နောင်တော်အား ခမည်းတော်ကဲ့သို့ အမှတ်ထားသည်။ နောင်တော်၏ကျေးဇူးကို ငါသည် ဘဝဆက်တိုင်း ဆက်ဆပ်၍မကုန်နိုင်။ သို့ပါလျက် နန်းမတော်-မယ်နု၊မင်းသားကြီးမောင်အို တို့သည် ငါ့နောင်တော်၏ ကျေးဇူးသစ္စာတော်ကိုမထောက်။ ငါတို့ညီတော် နောင်တော် အကြားတွင် လည်ဆယ် လုပ်ကြံကြခြင်းဖြစ်သည်။ “ဝန်ကြီးငစ” နှင့် အပေါင်းပါမှူးမတ်တို့သည်လည်း ငါတို့ကျေးဇူးသစ္စာတော်ကို ထောက်မြှော်သင့်ပါလျက် မထောက် မထားရန် သူကိုအားပေးပြုသည်။ သင်းတို့တစုကို ငါသတ်ထိုက်ပြီ။ သို့သော်ငါသည် ဘုရားဆုကိုပန်သည်ဖြစ်သော ကြောင့် ကြီးလှစွာသော သည်းခံခြင်းကိုပြုမည်။ သင်းတို့တစုအား ထောင်တွင်သာ အကျဉ်းထားပါတော့- ဟု အမိန့်တော်ချမှတ်တော်မူ၍ ဝန်ကြီးဦးစမှာ ကိုယ့်အရှင်၏ ကျေးဇူးသစ္စာတော်ကို စောင့်သိလျက် လက်ရုံးရည် နှလုံးရည်ဖြင့် ဦးလည်မသုန် ထမ်းရွက်ခဲ့၍ နိုင်ငံတော်တွင် အမြင့်ဆုံးဖြစ်သော လွှတ်တော်ဝန်ကြီးအရာနှင့် “မဟာ” ဘွဲ့ကို ခံယူရသော်လည်း နိုင်ငံရေးအလှည့်မသင့် သဖြင့် ကြီးစွာသော ပုန်ကန်မှု ရာဇဝတ်တော်ကြီး သင့်၍ သူခိုး-ဒမြတို့နှင့် အတူထောင်တွင် အကျဉ်းကျခံနေရလေသည်။

ဤသို့ သာယာဝတီမင်းက အကြောင်းကြောင်းကို ထောက်ထား၍ အသက်ဆုံးရှုံးစေ စီရင်သင့်လျက်မစီရင်ပဲ ထောင်တွင်သာထားရာ မင်းသားကြီးမောင်အိုတို့အပေါင်းပါလူတသိုက်သည် လက်မလျော့သေးပဲ ဘကြီးတော်ဘုရားကို ပြန်၍နန်းတင်မည်ဟူသော အကြံဖြင့် ထောင်တွင်းမှပင်စီစဉ်၍ သက္ကရာဇ် ၁၂၀၁-ခုနှစ် တပေါင်းလတွင် စလင်း-မင်းသား၏လူများဖြစ်သော ရွှေထား-မင်းသား အခေါ်ခံ ငဝင်းငယ်၊ ဗိုလ်ငခန်းကျော်၊ဗိုလ်ငရွှေမောင်တို့က ခေါင်းဆောင်၍ လူတထောင့်ငါးရာနှင့် မတ္တရာ-ကျော်စဉ်က စ၍ သူပုန်ထစေလေသည်။ သို့သော် ထိုအကြံလည်း အထမမြောက်၍ ဝန်ကြီး-ဦးစနှင့် အတူ အမရပူရမြို့တွင်ချုပ်ထားသော စလင်းမင်းသားကြီး မောင်အို၊ မယား၊သမီး၊ အတွင်းဝန်-ငပါရောက်၊ မြို့လတ်ဝန်-ငရေး၊သံတော်ဆင့် ငရွှေသာ၊ ပုခန်း-ငရံမင်း၊ စာရေးကြီး ငပျို၊တောင်ငူဝန်-ငကူး၊ အဆောင်မြဲ-ငထွန်းညိုတို့ကို သက္ကရာဇ် ၁၂၀၂-ခုနှစ် ကဆုန်လဆန်း ၁၂-ရက်နေ့တွင် အပြစ်နှင့် အညီ ကွပ်မျက်လေသည်။

အကယ်၍ ထိုအချိန်၌ ဝန်ကြီးဦးစသည် မူလချုပ်နှောင်ထားရင်းအတိုင်း အမရပူရထောင်တွင် မင်း သားကြီးမောင်အိုတို့နှင့် အတူရှိပါမူ ကွပ်မျက်ရာတွင် ဧကန်ပါပြီးဖြစ်ပေလိမ့်မည်။ ကျွန်ုပ်တို့ ယခုဆောင်းပါး အစတွင် တင်ပြခဲ့သော “ကုန်းဘောင်နေမင်း၊ဖုန်းရောင်ဝေရှင်း၊ တောင်ဒီပါထိန်ထိန်လင်း” အစချီသော မဟာဂီတ-ပတ်ပျိုးသံကိုလည်း ကြားကြရမည် မဟုတ်ချေ။ သို့သော် ဦးစ၏ကံကား မကုန်သေး။ ပါးကွက်-လက်မရွံ့တို့လက်တွင် အသက်ဆုံးရှုံးရမည့် ကံဇာတာမပါသူဖြစ်သောကြောင့် အမှုဖြစ်ပွားသည့် အချိန်တွင် ဦးစသည် ထောင်ထဲ၌ မရှိတော့ချေ။ မရှိပုံကားဤသို့တည်း၊ စလင်းမင်းသားကြီးနှင့် အပေါင်းပါတို့ကို မကွပ်မျက်မီ ခြောက်လခန့်လောက် သက္ကရာဇ် ၁၂၀၁-ခုနှစ် သီတင်းကျွတ် လပြည့်ကျော် ၁၃-ရက်နေ့ “သူရိယာဝံသာဘိ သီရိပဝရာလင်္ကာရ ဓမ္မသေနာပတိ မဟာဓမ္မရာဇာဓိရာဇဂုရု” သာသနာပြု သဲအင်းဆရာတော်ကြီးပျံလွန်တော်မူရာ အသျှင်မိဖုရားခေါင်ကြီး ကိုယ်တော်တိုင် အလောင်းတော်ကို ဖူးမြော်ရန်စီစဉ်လေသည်။ ထိုအခါ ထုံးစံရှိသည့် အတိုင်း ထွက်တော်မူမည့် လမ်းစဉ်တလျှောက်ကို အကျဉ်းထောင်မှ ထောင်သားတို့သည် ထွက်၍ လမ်းချောအောင် ဖို့လုပ် ပြုပြင်ကြရလေသည်။ လမ်းပြင်သော အကျဉ်းသမားများတွင် ဝန်ကြီးဟောင်း ဦးစလည်းပါဝင် လေသည်။ ထို့နောက် ချိန်းချက်သည့်နေ့တွင် အသျှင်မိဖုရားခေါင်ကြီးဘုရားနှင့် သမီးတော်-စုဘုရားကြီးတို့ ထွက်တော်မူလာရာ ဦးစတို့လမ်းဖို့နေရာသို့ ရောက်သည်တွင် သမီးတော်စုဘုရားကြီးသည် လမ်းဘေးတွင် ပေါက်ပြားတလက်နှင့် တဖားဖားလမ်းဖို့နေသော ဦးစကို မြင်သဖြင့် ရပ်တန့်စေပြီးလျှင် “ဟိုဘက်နားက လမ်းဖို့နေတာ စစ မဟုတ်လား။ ခေါ်စမ်းပါ ခေါ်စမ်းပါ”ဆို၍ အပါးတော်မြဲများကလည်း ဦးစကို သွားရောက်ခေါ်ငင်ရလေသည်။ (သားတော် သမီးတော်များက ဦးစ အား “စစ” ခေါ်ခြင်းဖြင့် ဦးစ အားမည်မျှ ချစ်ခင်ရင်း ရှိကြသည်ကို သိနိုင်ပေသည်။)

ဦးစလည်း သမီးတော်စုဘုရားကြီးရှေ့တော်သို့ရောက်လျှင် မြေပေါ်တွင် ပြားပြားဝပ်လျက် “ကျွန်တော်မျိုးကြီးမှာ အမျက်တော်ရှိသဖြင့် ရာဇဝတ်တော်ပန်းကို ပန်ဆင်နေခဲ့ရသည်မှာ နှစ်နှစ်ကျော်ရှိပါပြီ။ ထောင်တွင်း၌ အကျဉ်းခံသည်မှာ ဒုက္ခကြီးလှကြောင်း” လျှောက်ထားရာ သမီးတော် စုဘုရားကြီးလည်း သနားလှသဖြင့် “စစ က ဖုန်းတော်ဖွဲ့တပုဒ်ရေးပြီး ငရွှေသာကို ပေးလိုက်ပါ။ အခွင့်တော်သာလျှင် ခမည်းတော်အား ကူညီလျှောက်ထားပေးပါမည်” ဟု ကတိပေး၍ မှာကြားခဲ့လေသည်။ ဦးစလည်း ထိုနေ့ည ထောင်သို့ပြန်ရောက်သည်နှင့် တပြိုင်နက် ဖုန်းတော်ဖွဲ့ကိုရေးသားလေသည်။ ဤသို့စီကုံးရေးသားပြီးနောက် သမီးတော်-စုဘုရားကြီး မှာထားခဲ့သည့်အတိုင်း ထောင်အဝှန်းတို့လက် မှတဆင့် ရုပ်သေး-မင်းသားကိုင် “ငရွှေသာ”ကို အပ်လိုက်ရာ ၁၂၀၁-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၃-ရက်နေ့ အနောက်စမုတ်တော် ရုပ်သေးပွဲတွင် သာယာဝတီမင်းနှင့် မိဘုရား သားတော် သမီးတော်တို့ စုံညီ ရှုစားတော်မူခိုက် ဦးရွှေသာက သံနေသံထားနှင့် ဆိုလေသည်။ ထူးခြားလှသောကြောင့် သာယာဝတီမင်းက ဘယ်သူဖွဲ့ဆိုသလဲ အမေးတော်ရှိရာ အနီးတွင် အသင့်စောင့်နေသော သမီးတော် စုဘုရားကြီးက ထောင်မှာ အကျဉ်းထားသော ဝန်ကြီးဟောင်း ငစ ဖွဲ့ဆိုသည်။ ယခုလည်း ထောင်တွင် နှစ်နှစ်ကျော်၍ ဒုက္ခရောက်လှပါပြီ၊ နှမြောဘို့ကောင်းပါသည် စသည်ဖြင့် လျှောက်ထားသည်တွင် သာယာဝတီမင်းသည် ပညာကို မြတ်နိုးသည်ကတကြောင်း၊ ချစ်လှစွာသော သမီးတော်က လျှောက်ထား တောင်းပန်သည်က တကြောင်းကြောင့် “လွတ်ပါစေ” ဟု အမိန့်တော်ရှိသဖြင့် ညတွင်းချင်းပင် အကျဉ်းမှ လွတ်ရလေသည်။

မြဝတီဝန်ကြီးဟုတွင်ပုံ

ဘကြီးတော်ဘုရားက ဦးစ၏ ထမ်းရည် ရွက်ရည်အလျောက် “မြဝတီမြို့”စား အသနားတော်မြတ် ခံရခြင်းပင်ဖြစ်ပေ၏။ ထို့ကြောင့်လည်း “မြဝတီဝန်ကြီး-ဦးစ” ဟု ယခုတိုင် ကျော်စော ထင်ရှားလျက်ရှိသည်။ သို့ရာတွင် ရာဇဝင်ကြီးများ၌လည်း မည်သည့်ခုနှစ် သက္ကရာဇ်တွင် မြဝတီမြို့စား အသနားတော်မြတ်ခံရ ကြောင်းနှင့် မပါမရှိ။ အတ္ထုပ္ပတ္တိနှင့် ဆိုင်ရာ အမှတ်အသားများ၌လည်း မလာမရှိ။ ပထမ မြန်မာ-အင်္ဂလိပ်စစ်ပွဲကြီး ငြိမ်းအေးပြီးသည့်နောက် အင်းဝရွှေမြို့တော်သို့ လာရောက် နေထိုင်ကြသော အင်္ဂလိပ်လူမျိုးအရာရှိများအနက် အင်းဝ-ရွှေမြို့တော်တွင် ခုနစ် နှစ်ခန့်မျှ နေထိုင်၍ အမှုတော် ထမ်းရွက်သွားရသူ ကာနယ်ဘားနေး၏ အမှတ်အသား တခုတည်းတွင်သာ ဦးစအား မြဝတီဝန်ကြီး ခန့်ထား သူကောင်းပြုတော်မူကြောင်း တွေ့ရသည်။ ကာနယ်-ဘားနေးကား မြဝတီဝန်ကြီး ဦးစနှင့်လည်း အလွန်ခင်မင် ရင်းနှီးသူ တယောက်ဖြစ်သည့်အလျောက် သူ့မှတ်ချက် စာတမ်းအရ ဦးစသည် မြဝတီဝန်ကြီးအဖြစ်ကို (အင်္ဂလိပ်) သက္ကရာဇ် ၁၈၃၀-ပြည့်နှစ်၊ (မြန်မာ) သက္ကရာဇ် ၁၁၉၂-ခုနှစ်တွင် ခံယူရရှိခြင်းပင်ဖြစ်သည်။

မြဝတီမင်းကြီး၏ စိတ်နေသဘောထား

မြဝတီမင်းကြီး ဦးစ၏ စိတ်နေသဘောထား ပညာဗဟုသုတများအကြောင်းနှင့်ပတ်သက်၍လည်း ကာနယ်ဘားနေး၏ မှတ်ချက် စာတမ်းကိုပင် ကိုးကားသင့်သေးသည်ထင်ပါသည်။ “သက္ကရာဇ် ၁၈၃၀၊ဇွန်လ ၃၀-ရက်နေ့။ ။ ကျွန်ုပ်သည် မြန်မာမှူးမတ်များနှင့် ထမင်းစားပွဲ တည်ခင်းကျင်းပသည်။ ကျွန်ုပ်သည် အားလုံးသော မှူးမတ်များနှင့် သင့်မြတ်ခဲ့သည်။ မောင်စက ကျွန်ုပ်အား ခေါ်၍ မြစ်တဖက်ကမ်းကို လက်ညှိုးထိုးပြပြီးလျှင် ယခုအခါ ပျက်စီး ယိုယွင်းလျက်နေသော နေရာသည် တခါတုန်းက လူနေ အိမ်ခြေများစွာနှင့် စည်ကားသော နေရာဖြစ်ကြောင်း၊ ဤကဲ့သို့ ပျက်စီးယိုယွင်းရခြင်းမှာ မကြာခင်က တိုက်ခိုက်ရသော စစ်ပွဲကြောင့်ဖြစ်ကြောင်း၊ နောင်အခါတွင် ဆင်းရဲသား ကျွန်တော်မျိုးများအား သနားသဖြင့် စစ်ပွဲမဖြစ်လိုကြောင်း၊ မဖြစ်သင့်ကြောင်းများကို ပြောဆိုသည်။ မောင်စသည် အလွန်စိတ်နေ သဘောထားကြီးမားသောသူဖြစ်သည်။ မောင်စသည် နာဂရီ ဘာသာကို ရေးတတ်၍ ဟိန္ဒူစတန်နီ စကားကိုလည်း အတန်ငယ်ပြောတတ်သည်။ ၎င်းနောက် ကျွန်ုပ်အား ခရစ်ယန်ဘုရားရှိခိုးဆုတောင်းသီချင်းမှ နှစ်ပိုဒ် သုံးပိုဒ်လောက်ကို သီဆို၍ ပြသည်။ ကျွန်ုပ်မှာ အလွန်အံ့ဩမိသည်။ သူသည် စာဖြူခရစ်ယာန်များထံမှ ထိုသီချင်းကို သင်ယူထားဟန်တူသည်။ မောင်စသည် ကသည်းလူမျိုးတို့၏ စကားကိုလည်း အနည်းငယ် တတ်ကျွမ်းသေးသည်။

ဘဝနိဂုံး

ထို့နောက်တွင်မူကား မြဝတီမင်းကြီး ဦးစအား သာယာဝတီမင်း လက်ထက်တွင် ထပ်မံ သူကောင်းပြုသည်ဟု မကြားရတော့ချေ။ မင်းမှုထမ်း အလုပ်မှ လွတ်ကင်း၍ ဆင်းရဲသားအဖြစ် အေးအေးပင် နေသည်ဟု ထင်ဖွယ်ရှိပေသည်။ ပုဂံမင်း လက်ထက်တွင် မြင်းမူရွာကို စားရသည်ဟူ၍ လည်းကောင်း၊ မင်းတုန်းမင်း အထွတ်အမြတ်သို့ ရောက်စတွင် ဝန်ကြီး-ဦးစအား အမှုတော် ထမ်းနိုင်ပါမည်လော-ဟုအမေးတော်ရှိရာ ထမ်းနိုင်ပါကြောင်းလျှောက်ထား၍ ထမ်းရွက်ရကြောင်း အမှတ်အသားများ ရှိပေသည်။ ၎င်းမင်းတရားကြီး လက်ထက် သက္ကရာဇ် ၁၂၁၅-ခုနှစ် ဝါခေါင်လဆန်း ၁-ရက်နေ့တွင် ထီးသုံး နန်းသုံး မြန်မာ့ယဉ်ကျေးမှု ကဗျာဂီတများကို ဖန်တီးခဲ့သော မြဝတီမင်းကြီးသည် အနိစ္စရောက်လေသည်။

ရေးဖွဲ့ခဲ့သမျှ

ဘုံပျံနေနန်း ဆောင်းဘွဲ့ပတ်ပျိုး

စက်လဲပျော်ပါနိုင် အီနောင်ဇတ်ထွက် ယိုးဒယား

ထောင်ရောင်နေကသာ ဘုန်းတော်ဘွဲ့ သီချင်းခံ

ရည်ညွှန်းကိုးကား

– သုတ၊မောင်။ စာဆိုတော်များ အတ္ထုပ္ပတ္တိ။ တတိယအကြိမ်နှိပ်။ ရန်ကုန်။ ဇွဲပုံနှိပ်တိုက်၊ ၁၉၆၈။

ရှုပြောပြင်

ကုန်းဘောင်ခေတ် (အေဒီ ၁၇၅၂-၁၈၈၅)

မင်းမျိုးမင်းနွယ်များ

ဘုရင်များ

အလောင်းမင်းတရား နောင်တော်ကြီးမင်း မြေဒူးမင်း စဉ့်ကူးမင်း ဖောင်းကားစား မောင်မောင် ဘိုးတော်ဘုရား(ဗဒုံမင်း) ဘကြီးတော်(စစ်ကိုင်းမင်း) သာယာဝတီမင်း ပုဂံမင်း မင်းတုန်းမင်း သီပေါမင်း

မိဖုရားများ

စန္ဒာဒေဝီ မိဖုရားခေါင်ကြီး ဆင်ဖြူရှင်မယ် နန်းမတော်မယ်နု နန်းမတော် မမြလေး မင်းရွှေကျူ စကြာဒေဝီ ခင်သဲ (မြောက်နန်းမိဖုရား) ဆင်ဖြူမရှင် စိန်တုံးမိဖုရား စားပွဲတောင်တိုက်စားမိဖုရား ကျောက်တလုံးရွာစားမိဖုရား ရွာပုလဲမိဖုရား မိုင်းနောင်စုဖုရားကြီး စုဖုရားလတ်

အိမ်ရှေ့မင်းသားများ

ရွှေတောင်မင်း ကနောင်မင်းသား

မင်းညီမင်းသားများ

မြင်ကွန်းမင်းသား မြင်းခုန်တိုင်မင်းသား စကြာမင်းသား အမြင့်မင်းသား တပယ်မင်းသား မောင်ရွှေအိုင် (ပြင်စည်မင်းသား) မောင်နဂါး (ပြင်စည်မင်းသား) မောင်မျိုးစစ် (ပြင်စည်မင်းသား) ထိပ်တင်ပု (ပြင်စည်မင်းသား) သတိုးမင်းရဲ (ပြင်စည်မင်းသား)

မင်းသမီးများ

ကန္နီမြို့စားမင်းသမီး လှိုင်ထိပ်ခေါင်တင် ပင်တိုင်စံမင်းသမီး မြောင်လှမင်းသမီး ပင်းထိပ်ခေါင်တင် မိုးမိတ်ထိပ်ခေါင်တင်

အခြား

မင်းတုန်းမင်း၏ မိဖုရားများနှင့် သားတော်၊ သမီးတော်များ စာရင်း

ပုဂ္ဂိုလ်များ

ဆရာတော်ကြီးများ

ဆရာတော်ဦးဗုဓ် ဗန်းမော်ဆရာတော် သင်္ဂဇာဆရာတော် မောင်းထောင်ဆရာတော်များ ခင်ကြီးဖျော်

စစ်သူကြီးများ

မဟာနော်ရထာ မဟာသီဟသူရ မဟာဗန္ဓုလ မြဝတီ ဝန်ကြီး ဦးစ ဗိုလ်မြတ်ထွန်း

အမတ်များ

ဦးပေါ်ဦး ပခန်းမင်းကြီးဦးရန်ဝေး ယင်းတောဝန်ကြီး ဦးရွှေတုတ် တိုင်တားမင်းကြီး ကင်းဝန်မင်းကြီး ယောမင်းကြီး ဦးဘိုးလှိုင် လက်ဝဲနော်ရထာ လက်ဝဲသုန္ဒရ မင်းလက်ဝါး

စာဆိုတော်များ

စလေဦးပုည အချုပ်တန်းဆရာဖေ ဖိုးသူတော်ဦးမင်း စာဆိုတော်ဦးမင်း မဟာအတုလမင်းကြီး ဦးကြင်ဥ ကျည်းကန်ရှင်ကြီး တောင်သမန်လယ်စား ဦးဖေငယ် ဒုတိယ နဝဒေး စိန္ဒကျော်သူဦးဩ ဦးတိုး ဦးကြော့ မောင်းထောင် ဦးကျော်လှ ဦးကြီး ဦးယာ ဆောမြို့စား ဦးစီ မယ်ခွေ

အခြား

ကျုံးဝန်ဘုမ္မဇေယျ ရနောင်မောင်မောင်တုတ် အယူတော်မင်္ဂလာ ဦးနိုး ဦးချစ်ညို စားတော်ဝန်ဦးခဲ စလင်းမင်းသားကြီးမောင်အို ဒိုင်းခင်ခင် ဘိုးဘိုးအောင် ဆင်ခိုးမကလေး မင်းဂျူအီ မယ်ကောင်းစံ

ဒေသ

ရွှေဘို စစ်ကိုင်း အင်းဝ အမရပူရ မန္တလေး

အကြောင်းအရာများ

တရုတ် – မြန်မာ စစ်ပွဲများ ကောင်းတုံစာချုပ် ပထမ အင်္ဂလိပ် – မြန်မာစစ် ရန္တပိုစာချုပ် ဒုတိယ အင်္ဂလိပ် – မြန်မာစစ် တတိယ အင်္ဂလိပ် – မြန်မာစစ် ပါတော်မူခြင်း ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း မှန်နန်း ရာဇဝင် ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး ပြည်မင်းသားအရေးတော်ပုံ မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း ပန်းထိမ်းမင်းသား အရေးအခင်း အိမ်ရှေ့မင်းထန်းတော ရတနာပုံ စက်ရုံများ သပြေတန်း ခံတပ် စဉ့်ကူးမင်း ခေါင်းလောင်းတော် သာယာဝတီမင်း ခေါင်းလောင်းတော်

ပုဂံခေတ် ပင်းယခေတ် အင်းဝခေတ် တောင်ငူခေတ် ညောင်ရမ်းခေတ် ကုန်းဘောင်ခေတ် ရတနာပုံခေတ် ကိုလိုနီခေတ် ဂျပန်ခေတ် ပါလီမန်ဒီမိုကရေစီခေတ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ခေတ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီခေတ် မျက်မှောက်ခေတ်

ကဏ္ဍများ: ၁၇၆၆ မွေးဖွားသူများ၁၈၅၃ ကွယ်လွန်သူများကုန်းဘောင်ခေတ်ရှေးခေတ်မြန်မာ ကဗျာစာဆိုတော်များ

ဤစာမျက်နှာကို ၉ နိုဝင်ဘာ ၂၀၂၂၊ ၀၃:၀၂ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။

မြဝတီမင်းကြီး ဦးစ၊ ယိုးဒယားသီချင်းကို မြန်မာဆန်စေသူ

• ဘိုဘို

• ဘီဘီစီမြန်မာပိုင်း

၂၂ ဖေဖော်ဝါရီ ၂၀၂၂

ဓာတ်ပုံ ရင်းမြစ်,

ROGER VIOLLET COLLECTION

ဓာတ်ပုံ ပုံစာ,

ကုန်းဘောင်ခေတ်လယ်က မြန်မာနန်းတွင်းဝတ်ဆင်မှု

ဦးစကို စစ်သည်စာဆို၊ ကုန်းဘောင်ခေတ် မဟာဂီတလောကရဲ့ ဥသျှောင်တပါးအဖြစ် လူသိများလှပါတယ်။ ဘီသိုဗင်၊ မိုးဇတ် စတဲ့ ဥရောပ ဂန္ထဝင် ခန်းဆောင်ဂီတစာဆိုကြီးတွေလိုပဲ မြန်မာပြည် ဂီတ လောကမှာလည်း ဂန္ထဝင်ကဝိကြီးတပါး ဖြစ်တဲ့ ဦးစဟာ ထိုင်းနိုင်ငံက ယိုးဒယားတေးတွေကို မြန်မာ့ဂီတလောကထဲ သွတ်သွင်းရာမှာ ဦးဆောင်ပါဝင်ခဲ့သူ အဖြစ်လည်း ထင်ရှားပါတယ်။ နောက် ဦးစဟာ အုပ်ချုပ်ရေး၊ စစ်ရေးမှာ အစွမ်းပြခဲ့တဲ့ ဗိုလ်ချုပ် ဝန်ကြီးတပါးလည်း ဖြစ်ခဲ့ပါတယ်။ သူ စားခဲ့တဲ့ မြဝတီမြို့ကတော့ မကွေးတိုင်း သရက်ခရိုင်မှာ ရွာအဖြစ် ကျန်ရှိနေပါတယ်။

သီချင်းဘုရင် အီနောင်ရှင်

ဦးစကို မြန်မာ့မဟာဂီတမှာ သီချင်းဘက်က ထိပ်တန်းအရောက်ဆုံးဆိုပြီး လူထုဒေါ်အမာစတဲ့ အနုပညာသမိုင်းရေးဆရာတွေက စာဖွဲ့ကြပါတယ်။ ဘုံပျံနေနန်း၊ မှိုင်းပြာမှုန်ဝေ၊ ကုန်းဘောင်ပရမေ နဲ့ အထူးထူးငယ်နှင့် ဆိုတဲ့ မင်းကြီးရဲ့ ပတ်ပျိုးကြီးလေးပုဒ်ကိုလည်း မဟာဂီတရဲ့ ထိပ်ဆုံးက သီချင်းကြီး တွေအဖြစ် ဆရာစဉ်ဆက် သတ်မှတ် ပြီး လေးလေးစားစား တီးမှုတ်သီဆိုကြတာ ဖြစ်ပါတယ်။ နောက်ပြီး မြဝတီမင်းကြီးရဲ့ စာဆိုသက် ဟာ အသက် ၂ဝ ကျော် အရွယ်ကနေ ၇ဝ ကျော်ထိ အနှစ် ၅ဝ ကျော် ရှည်ကြာခဲ့ပြီး ကုန်းဘောင်ခေတ်လယ်ပိုင်းမှာ အထူးထင်ရှားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်,

DEA / BIBLIOTECA AMBROSIANA

ဓာတ်ပုံ ပုံစာ,

အီနောင်မင်းသားကိုစံတုတ်နဲ့ မင်းသမီး ယင်းတော်မလေး

သူ့ရဲ့ ဂီတခရီးအစမှာ ဘိုးတော်ဘုရားသားတော် အိမ်ရှေ့မင်း အမိန့်နဲ့ ယိုးဒယားတေးတွေ ရေးစပ်တာ၊ အီနောင်ဇာတ် ကို ပြန်ဆိုတာတွေက အထူးထင်ရှား ပါတယ်။ ဒီလိုရေးစပ်ရာမှာ မူရင်းတေးသွားရဲ့ အနှစ်သာရလည်း မပျက်ဘဲ မြန်မာဆန်အောင် ပြောင်းယူရုံသာမက စာပေအရလည်း ဂန္ထဝင်မြောက်တဲ့ တေးသစ်တွေ ရခဲ့ပါတယ်။ ဒါကြောင့် ဦးစဟာ မြန်မာ့ယဉ်ကျေးမှုမှာ ထိုင်းအနုပညာတွေ သွတ်သွင်းပြီး ကြွယ်ဝအောင် တန်ဆာဆင်ခဲ့သူ အဖြစ် လေးစား ခံခဲ့ရပါတယ်။

အီနောင်ဟာ ဣန္ဒာဝုဓခေါ် သိကြားမင်းပေးတဲ့ လက်နက်ပိုင်ရှင် ဂျားဗားမင်းသားနဲ့ ပွတ်စပါးမင်းသမီးတို့ရဲ့ အချစ်ဇာတ်လမ်းဖြစ်ပြီး မလေး ယဉ်ကျေးမှုမှာ ပန်ဂျီဇာတ်အဖြစ် သိကြပါတယ်။ ပန်ဂျီကို ပန်းရည် ဆိုပြီး မြန်မာမှုပြုခဲ့သလို ဣန္ဒာဝုဓကို ထိုင်းကတဆင့်ရတဲ့ မြန်မာတွေကလည်း ထိုင်းလို အီနောင်လို့ လိုက်ခေါ်ခဲ့ကြပါတယ်။ ပွတ်စပါးကတော့ ထိုင်းမှာ ဘူဆာဘာ ဖြစ်ပါတယ်။ ဒါကြောင့် အီနောင်ဇာတ်ကို မြန်မာမှာ ကရာမှာ မလေး ဆန်ဆန် မုတ်ဆိတ်ကျင်စွယ်တပ်ကသလို ထိုင်းဆန်ဆန် လက်အိပ်စွပ် လက်သည်းတပ်ကတာတွေ ရှိခဲ့ပါတယ်။ နောက်ပြီး ဇာတ်အိမ်တည်တဲ့ နိုင်ငံတွေရဲ့ နာမည်ကလည်း ဒါဟာ၊ ကူရေပန် စတဲ့ ဂျားဗား ကျွန်းပေါ် က အင်ဒို၊ မလေး၊ ဟိန္ဒူ တိုင်းပြည်ဟောင်းတွေ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ပထမအီနောင်မင်းသားဟာ ထိုင်းက ပါလာတဲ့ မောင်လှိုင်းဖြစ်ပြီး နန်းတွင်း မှာ မောင်မောင်လှိုင်းဆိုပြီး လူကြိုက်များခဲ့ပါတယ်။ သူနေပုံ ထိုင်ပုံ ပျော့ပျောင်းလို့လည်း လိုက်အတုခိုးရပါတယ်။ မင်းတုန်းနဲ့ သီပေါမင်းခေတ်တွေမှာတော့ ကိုစံတုတ်နဲ့ မယင်းတော်တို့ အီနောင်ဇာတ်ကတာ ခေတ်စား ပါတယ်။ မင်းမိန်းမပိုင်းမှာ လူချစ်လူခင်ပေါလွန်းလို့ ကိုစံတုတ် နန်းတော်ပေါ်ကို ဆုတော်ခံဝင်ရင် မျက်နှာကို ပုဝါအုပ် ခစား ရကြောင်း ပြောစမှတ် ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်,

FUTURE PUBLISHING

ဓာတ်ပုံ ပုံစာ,

ဂျားဗားကျွန်းက ပန်ဂျီဇာတ်သရုပ်ဖော်အက

တခါ ဦးစ ရေးခဲ့တဲ့တေးတွေဟာ ကုန်းဘောင်ခေတ် နိုင်ငံရေးနဲ့ သူ့ဘဝအတက်အကျအချိန်တွေကိုလည်း ထင်ဟပ်နေပါတယ်။ ယိုးဒယားမင်းသမီး နှင်းနုတို့ အကူအညီနဲ့ ဖော်ကွာဝေး၊ လွမ်းပိုအောင်၊ လေပြည်ဆော်သွင်းမြူး၊ အို လျှံညီးလင်း၊ စက်လည်း ပျော်ပါနိုင် စတဲ့ ယိုးဒယားတေးတွေစပြီး ပြန်ဆို ရေးဖွဲ့ချိန်ဟာ ဘိုးတော်ဘုရား လက်ထက် ကုန်းဘောင်နိုင်ငံ ဘုန်းမီးနေလတောက်ပချိန်၊ သူ့ဘဝတက်လမ်းတွေ့ချိန် ဖြစ်ပြီး ဘကြီးတော်ဘုရား စောင်းတီးသင်ဖို့ စုံသာမြိုင်လယ် သီချင်းခံ ရေးစပ်ချိန်နဲ့ ဆင်ဖြူမရှင်ဖြစ်လာမယ့် လောကမြတ်စွာ မင်းသမီးနားထွင်းပွဲအတွက် စိန်ကြောင်နီလာ ပတ်ပျိုး ရေးစပ်ရတဲ့ အချိန် တွေကတော့ သူ့ဘဝ အတွက် အအောင်မြင်ဆုံးအချိန် ဖြစ်ပါတယ်။ နောက် သူ့ဘဝ သေဘေးက လွတ်ဖို့ အချုပ်ထဲကနေ ကုန်းဘောင်ပရမေ၊ ကုန်းဘောင်နေမင်း ဘုန်းတော်ဘွဲ့ ပတ်ပျိုးတွေ ရေးပြီး သာယာဝတီမင်းဆီ ဆက်ခဲ့ရပြန်ပါတယ်။ နောက်ဆုံး သာယာဝတီမင်း ရန်ကုန်ကို စုန်ဆင်းပြီး တနင်္သာရီကို သိမ်းထားတဲ့ ဗြိတိသျှကို အင်အားပြချိန်မှာ စိန်ခြယ်ညီးလင်း ဥက္ကလာပမွန်သံ ပတ်ပျိုးကို ၇၄ နှစ်အရွယ်မှာ ဦးစ စပ်ဆိုခဲ့ပါတယ်။

Skip podcast promotion and continue reading

ဦးစဟာ ကြိုး၊ တမ်းချင်း၊ တျာချင်း၊ သင်္ဘောလွှင့်ချင်း၊ မီးခွက်ကချင်း၊ အန်ချင်း၊ နတ်ယိုင်သံ လဲ့ချင်း စတဲ့ သီချင်းမျိုးစုံကို စပ်နိုင်တဲ့ တေးပါရဂူကြီး ဖြစ်သလို ပတ်ပျိုးချည်း ၆၉ ပုဒ် ရေးခဲ့ကြောင်း သိရပါတယ်။ အရင်က ကြိုးနဲ့ တျာချင်း၊ ရတု၊ သီချင်းခံ စတဲ့ တေးမျိုးတွေသာ ရှိတဲ့ မြန်မာ့ဂီတလောက မှာ ယိုးဒယားနဲ့ ပတ်ပျိုးကို စတင်စပ်ဆိုသူတွေအဖြစ် သူနဲ့ ခေတ်ပြိုင်တစု မော်ကွန်းတင်ခံခဲ့ရပါတယ်။ မြဝတီသံဆန်း ဆိုတဲ့စာနဲ့အညီ သံဆန်းဘုရင် ဖြစ်ပါတယ်။

သူစပ်တဲ့ သီချင်းတွေထဲမှာ ဘုံဆောင်မြင့် ဖောင်လားကြိုး၊ ဂန္ဓမာတောင် နတ်ပန်းဘွဲ့၊ စိန်ခြယ်ခြူးသန်း နဲ့ သာဆန်းရဂုံဗွေ ပတ်ပျိုးများ၊ ထောင်ရောင်နေ နဲ့ ထူးမခြားနား သီချင်းခံများဟာ အထူးထင်ရှားပါတယ်။ ထူးမခြားနားကို သူရေးတယ် မရေးဘူး ဝိဝါဒကွဲကြတာတွေလည်း ရှိပါတယ်။

ဒီလို တေးစပ်ရာမှာ သီချင်းကြီးသီချင်းခံ ဆိုတဲ့အတိုင်း ခက်ခဲနက်နဲအောင် ရေးဖွဲ့ခဲ့ပါတယ်။ ဥပမာ ကုန်းဘောင်ပရမေထဲက လေးရောင်ခြည်လျှံလန်း၊ နတ်နန်းတည့် ဝေယံလယ် ဆိုတဲ့စာသားကို တီးတဲ့အခါမှာ လေးရောင်ခြည်၊ လျှံလန်းနဲ့ နတ်နန်းတည့် ဝေယံလယ် နေရာတွေမှာ တီးလုံးတဖြတ်စီ ဝင်အောင် တီးနိုင်တဲ့အထိ ဦးစက အသေးစိတ် သေချာ ရေးသား စပ်ဆိုခဲ့တာပါ။ စာနဲ့အတီးလိုက်ဖက်အောင်၊ စာသားအစ ပါးစပ် ဟချိန်မှာ စောင်းက အဖွင့်တီးနိုင်အောင်ထိ အသွားကို စပ်ဟပ် စီစဉ်ခဲ့ပါတယ်။ သီချင်း တပိုဒ်ထဲမှာ စောင်းသံနှစ်မျိုးပြောင်းတီးရတဲ့အထိ ခက်ခဲအောင်လည်း သူရေးစပ် တတ်ပါတယ်။

ရာမာယဏကို ချစ်ကြသူများ၊ ထိုင်းနဲ့ မွန်မြန်မာရှမ်း

မြို့စားရွာစားရတဲ့ မြန်မာစာဆိုမယ်များ

ထိုင်းဘုရင်သွေး မကင်းတဲ့ မြန်မာတွေ

ဓာတ်ပုံ ရင်းမြစ်,

UNIVERSAL HISTORY ARCHIVE

ဓာတ်ပုံ ပုံစာ,

အင်္ဂလိပ် မြန်မာ ပထမစစ်အတွင်းက မြင်ကွင်း

စစ်သည်ဝန်ကြီး

ဦးစကို စစ်သားစာဆိုကြီးအဖြစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း တပ်မတော်ပိုင်းက ပွဲထုတ်သုံးခဲ့ပါတယ်။ သူ့ကို ဂုဏ်ပြုတဲ့ မြဝတီမဂ္ဂဇင်း ကို ၁၉၅၂ က စပြီး စိတ်ဓာတ်စစ်ဆင်ရေးဌာနက ထုတ်ခဲ့ပါတယ်။ တကယ်လည်း ဦးစဟာ အိမ်ရှေ့မင်းသားအဖနှစ်ပါးကို အမှုထမ်းရာကနေ အဆင့်ဆင့်ရာထူးတွေ တက်ပြီး ဝန်ကြီး ဖြစ်ခဲ့ပါတယ်။ ဘိုးတော်နဲ့ ဘကြီးတော်လက်ထက် ပထမအင်္ဂလိပ်မြန်မာစစ်မဖြစ်ခင်နဲ့ စစ်အတွင်းမှာ မဏိပူရနဲ့ ရခိုင် စစ်မျက်နှာ တွေမှာ မြန်မာတပ်တွေကို ခေါင်းဆောင်တိုက်ခဲ့တဲ့ မင်းကြီးမဟာသီဟသူရဘွဲ့ခံ စစ်ဗိုလ်ချုပ်လည်း ဖြစ်ပါတယ်။ ဘင်္ဂလားစစ်မျက်နှာမှာ ဗြိတိသျှတွေကို ရင်ဆိုင် ရစဉ်က ပန်းဝါတိုက်ပွဲကို သူ အောင်နိုင်ခဲ့ပြီး မဟာဗန္ဓုလ ရန်ကုန်ကို ခုခံဖို့ ဆုတ်ခွာချိန်မှာ မြောက်ဦးကနေ ခုခံခဲ့ရပါတယ်။

အာသံ၊ မဏိပူရနဲ့ ရခိုင်မှာ မြန်မာနဲ့ ဆင်နွှဲခဲ့တဲ့ စစ်ပွဲအတွင်း နယ်ခံတွေကို မြန်မာတပ်တွေဘက်က ဖိနှိပ်ညှဉ်းပန်းတာတွေရှိခဲ့တယ်ဆိုပြီး ဒေသခံတွေနဲ့ ဗြိတိသျှမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ ပထမ အင်္ဂလိပ်စစ် ပြီးနောက် ကဘော်ချိုင့်ဝှမ်းကို မြန်မာဘက်က ပြန်ရအောင်လည်း ဦးစ ကြိုးပမ်းခဲ့ပါတယ်။

နောက် ဘကြီးတော်လက်ထက်မှာ လွှတ်တော်ဝန်ကြီးအဖြစ် ဆောင်ရွက်စဉ် သာယာဝတီမင်းသားပုန်ကန်မှုမှာ ငခင်ငယ် ဆိုပြီး ငယ်မည်သုံးပြီး စာထုတ်တဲ့အတွက် သာယာဝတီ အမျက်ရှပြီး သူနန်းရတဲ့အခါမှာ ဦးစကို ဖမ်းပြီး နှစ်နှစ် အကျဉ်းချခဲ့ပါတယ်။ နောက် ရွှေဘိုနားက ကျောက်မြောင်းမှာ နန်းစံနေတုန်း လမ်းပြင်ရတဲ့ အဖွဲ့မှာ ဦးစပါလာတာကို တွေ့တဲ့အတွက် သာယာဝတီမင်း သမီးတော် စုဘုရားကြီးက ခမည်းတော်ဆီ ဘုန်းတော် ဘွဲ့ရေး ဆက်သဖို့ တိုက်တွန်းလို့ ပြန်လွတ်လာခဲ့ပါတယ်။ နောက် မင်းတုန်းမင်းခေတ် အသက် ၈၇ နှစ်အရွယ်ကျမှ ရွှေဘိုမှာ ဦးစ အနိစ္စရောက်ပါတယ်။ သူရေးသားခဲ့သမျှကို မင်းတုန်းမင်းအမိန့်နဲ့ စုဆောင်း စေခဲ့တဲ့အတွက် မြဝတီစာစုအဖြစ် ကျန်ရစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်,

HULTON ARCHIVE

ဓာတ်ပုံ ပုံစာ,

အမရပူရခေတ်က လက်ရာကောင်း ကျောင်းကြီးတဆောင်

ဉာဏ်သစ်လောင်းချိန်

မြဝတီမင်းကြီးတို့ စာဆိုတဲ့ခေတ်ဟာ ကုန်းဘောင်ခေတ်ရဲ့ ဉာဏ်သစ်လောင်းချိန်ဆိုပြီး မြန်မာ့စွယ်စုံကျမ်းက ရေးပါတယ်။ ကုန်းဘောင်အစောပိုင်းကာလ စစ်ချီတက်သိမ်းပိုက်မှုတွေအပြီး ဘိုးတော်ဘုရားလက်ထက်မှာ ပြန်လည်ထူထောင်ရေးတွေ လုပ်ခဲ့ပါတယ်။ စစ်တမ်းကောက်တာ၊ ဒင်္ဂါးထုတ်တာတွေ အပြင် ဘာသာရေးဝိဝါဒကွဲတာတွေလည်း အဆုံးသတ်စေခဲ့ပါတယ်။ နောက် အိန္ဒိယက သက္ကတ၊ ဟင်ဒီ၊ နဂရီဘာသာတွေနဲ့ ရှိတဲ့ ဆေးကျမ်း၊ ဗေဒင်ကျမ်း တွေကို မြန်မာပြန်စေပါတယ်။ နောက် ထိုင်းက ခေါ်လာတဲ့ ပညာရှင် မင်းညီမင်းသား မင်းသမီးတွေကို မေးမြန်းပြီး ရာမ၊ အီနောင်၊ကေသာသီရိ နဲ့ သင်္ခပတ္တ ဇာတ်တွေကို ပြန်ဆိုစေသလို ထိုင်း အနုပညာနဲ့ ယဉ်ကျေးမှုတွေကို ပျံ့နှံ့စေပါတယ်။ အနောက်တိုင်းက စွယ်စုံကျမ်းပြန်ဆိုမှုနဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန် ပြုမှုတွေလည်း မက္ခရာမင်းသားနဲ့ တခြား ပညာရှိတွေ အစပျိုးခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်,

INDIANAPOLIS MUSEUM OF ART AT NEWFIELDS

ဓာတ်ပုံ ပုံစာ,

ဦးစနဲ့ ခင်တဲ့ ဆရာယုဒသန်

ဦးစဟာ နိုင်ငံခြားသားတွေနဲ့ ခင်မင်ပြီး ထိုင်း၊ ဟင်ဒီ၊ ကသည်း၊ နဂရီ၊ အင်္ဂလိပ်ဘာသာတွေ တတ်ကျွမ်းသလို အာဗေးမာရီယာ ကက်သလစ်ဘုရား သီချင်းကို မှီးပြီး အထူးထူးငယ်နှင့် ပတ်ပျိုးကြီးကို ရေးစပ်ခဲ့ပါတယ်။ ဒီလို ဘာသာစုံ ကျွမ်းကျင်နှံ့စပ်တဲ့အတွက် သူရေးတဲ့ သီချင်းတွေမှာ အိန္ဒိယသံ၊ ကသည်းသံ၊ တရုတ်သံ၊ မွန်သံ၊ အင်္ဂလိပ်သံတွေ ပါတာ ဖြစ်ပါတယ်။ နောက် မြန်မာသီချင်းလောကမှာ ဒီလို တေးသံသစ်တွေ ဝင်လာတာဟာ မြန်မာ ဘုရင်နိုင်ငံ သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေနဲ့ ထိစပ်လာတဲ့ ယဉ်ကျေးမှုတွေရဲ့ ရိုက်ခတ်မှုလည်း ဖြစ်ပါတယ်။

တခါ မြဝတီမင်းကြီးကို ငြိမ်းချမ်းရေး မြတ်နိုးသူ၊ စစ်မက်ဖြစ်ပွားတာကို မလိုလားသူအဖြစ်လည်း ဟင်နရီဘားနေးနဲ့ တခြား ခေတ်ပြိုင် အနောက်တိုင်း မှတ်တမ်းတွေမှာ ဖော်ပြကြပါတယ်။ ဦးစဟာ အဲဒီခေတ် မြန်မာနိုင်ငံမှာ အထက်မြက်ဆုံး ပုဂ္ဂိုလ်တယောက်ဆိုပြီး သူနဲ့ ခင်မင်ရင်းနှီးတဲ့ ခရစ်ယာန် သာသနာပြု ဆရာ ယုဒသန်က မှတ်ချက်ချခဲ့ပါတယ်။ ဦးစဟာ လောကမှာ ဘုရားတဆူတည်းရှိတယ်ဆိုတဲ့အမြင်ရှိသူလို့လည်း ယုဒသန်က ဆိုပါတယ်။

ပန်းဝါတိုက်ပွဲမှာ မြန်မာတပ်ထက် အင်အားငါးရာသာတဲ့ အင်္ဂလိပ်တပ်ကို နိုင်ခဲ့ပေမယ့် သုံ့ပန်း တွေကို မညှဉ်းဆဲခဲ့ကြောင်း ဦးစက အနောက်တိုင်းသား တွေကို ရှင်းပြခဲ့ပါတယ်။

ရန်ထောင်ဖို့ သီချင်းစပ်သူ

ယောက်ျားမင်းသမီး မယ်အောင်ဗလ

လေဘာတီမောင်ကလေးလို့ မန္တလေးကခေါ်တဲ့သူ

ဓာတ်ပုံ ရင်းမြစ်,

ELIFRANSSENS

ဓာတ်ပုံ ပုံစာ,

အင်းဝမြို့ဟောင်းက ထိုင်းပုံ စေတီနှစ်ဆူ

မင်းကြီးနဲ့အတူ စာဆိုဘက်တွေထဲမှာ ပြင်စည်မင်းသား မောင်နဂါးဟာ ထင်ရှားပါတယ်။ ဘိုးတော်ဘုရားရဲ့သားတော် မင်းသားကြီးဟာ ဦးစနဲ့ သက်တူ ရွယ်တူဖြစ်ပြီး ယိုးဒယား ၁၂ ခန်းလို့ခေါ်တဲ့ သီချင်းတွေကို အတူတူ ပြန်ဆိုခဲ့ကြပါတယ်။ သူတို့နှစ်ယောက် တယောက်ရေးတဲ့သီချင်း တယောက်က စာသားဖြည့်တာ၊ အသံထည့်တာတွေ ရှိခဲ့ကြောင်း ဒဂုန်ခင်ခင်လေးနဲ့ တခြား ပညာရှင်တွေက ရေးသားခဲ့ကြပါတယ်။ ဦးစက ယိုးဒယား နှဲသွား၊ ပြင်စည်က ကြေးသွားတွေကို မူတည်စပ်ဆိုခဲ့တယ်လို့လည်း ဒဂုန်ခင်ခင်လေး ရေးခဲ့ပါတယ်။

သူ အသက် ၂၃ နှစ်အရွယ်မှာ ရွှေတောင်မင်း အမိန့်နဲ့ ယိုးဒယားတေးတွေ ပြန်ဆိုတဲ့ အဖွဲ့မှာ သူနဲ့အတူ ရွှေတိုက်စိုး ဦးတိုး၊ သခင်မင်းမိ၊ တောင်ငူမြို့စား စတဲ့ စာဆိုတွေ ပါခဲ့ပါတယ်။

ဦးစဆီမှာ စောင်းတီး သင်ခဲ့သူတွေထဲ အနောက်နန်းမတော် မမြကလေးလို့ ထင်ရှားတဲ့ သာယာဝတီမင်းရဲ့ စာဆိုမိဘုရားကြီးပါသလို စောင်းပညာမှာ တဘက်ကမ်းခတ်တတ်သူအဖြစ် ကျော်ကြားတဲ့ ဦးဖူးခေါင်လည်း ပါပါတယ်။

စာဆိုကျော် မြဝတီမင်းကြီးနဲ့ မင်းတုန်းမင်းခေတ် စောင်းအကျော် ဒေဝဣန္ဒာမောင်မောင်ကြီး၊ ကိုလိုနီခေတ် ဆိုင်းဘုရား စိန်ဗေဒါတို့ သုံးယောက်ကို မဟာဂီတလောကမှာ ဘယ်ခေတ်မှ ထပ်မပေါ်နိုင်တဲ့ ကြီးသုံးကြီးအဖြစ် ယူဆကြကြောင်း လူထုဒေါ်အမာရဲ့ မြန်မာ့မဟာဂီတ စာအုပ်မှာ ပါရှိပါတယ်။ ဦးစဟာ သဘင်ဝန်ဦးသော်နဲ့ တိုင်ပင်ပြီး ရုပ်သေးသဘင်ကို တီထွင်ခဲ့တယ်လို့လည်း အဆိုရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်,

DEA / G. DAGLI ORTI

ဓာတ်ပုံ ပုံစာ,

အာနနန္ဒာအုတ်ကျောင်းက ကုန်းဘောင်ခေတ် လူနေမှုသရုပ်

ဦးစရဲ့ လူသားဆန်မှု

မြဝတီဝန်ကြီးဟာ ယိုးဒယားတေးတွေ ပြန်ဆိုပြုစုချိန်မှာ ယိုးဒယား ဇာတ်မင်းသမီး နှင်းနုကို နှစ်သက်ခဲ့ပြီး အင်းမတု နှင်းနုရွှေနှစ်ကဲ့ စိမ်းလေပစ်အား၊ သည်ညဉ့်ကြီးလယ် ဘယ့်နှယ်ပြန်ပါရမယ်၊ ကင်းရန်ကများ ဆိုပြီး စာစပ်တာတွေ ရှိခဲ့ပါတယ်။ နောက် သူ့ရဲ့ ဒုတိယဇနီးဖြစ်လာမယ့် စစ်ကိုင်းဘက်က မယ်နှောင်းကို လွမ်းလို့ စပ်တဲ့ လွမ်းဓလေ့ ပတ်ပျိုးပါ လကိုမြင် ကြယ်စင်မဟုတ်ဘူး စာသားနဲ့ ပတ်သက်ပြီး မဟာဂီတ ပညာသည်တွေကြား အဓိပ္ပာယ် အယူအဆ မျိုးစုံ ငြင်းခုံခဲ့ကြပါတယ်။

သူ့အနုပညာကို ချစ်မြတ်နိုးတဲ့ နန်းတွင်းလောကကလည်း သူ့ကို စစ ဆိုပြီး နာမည် အဖျားဆွတ် ခေါ်ခဲ့ပါတယ်။ မင်းတုန်းမင်းရဲ့ အလယ်နန်းမတော် ဆင်ဖြူမရှင် မိဘုရားကြီး ဖြစ်လာမယ့် မင်းသမီးကလေး ငယ်စဉ် ကလည်း ဦးစကို တွေ့ရင် ရင်ခွင်ပေါ်တက်ပြီး လေးငါးရက် ရှိပြီ၊ စစကို မတွေ့ရ၊ ဘယ်ကို သွားနေတုံး၊ လွမ်းလိုက်ထာ လို့ ပြောရင်း ဖက်လှဲတကင်း နှုတ်ဆက်တတ်ပါတယ်။ ဒီအခါ ဦးစကလည်း သည်လိုသာ လာရိတွန်းမှဖြင့်၊ ကျွန်းချည့်မယ် ဇေယျာခွန်ချင်၊ ကိုးပြည်ထောင်ရှင့်၊ ရာမင်းဖျား နှစ်ပါးလွန်ကြည်လင်လှတယ်၊ ဘုန်းပြင်ရှိဘူး ဆိုပြီး တေးဖွဲ့ဆိုခဲ့ပါတယ်။

သူနဲ့ စာဆိုဘက် မင်းကြီးကတော် ခင်ဆုံကိုတော့ ဦးစက စာဖွဲ့ ကျီစယ်တတ်ပါတယ်။ လဲ့လဲ့ကြီးညို၊ သည်ကိုယ်မှာ ဆည်မတန့်နိုင်ဘု၊ နွေးရန်အပြု၊ စောရွှေညို မယုံမပုံရသည်မို့ သောကတောင်ထု ဆိုပြီး ခင်ဆုံကို သူက စာချိုးတဲ့အတွက် ဟိုကလည်း သက်ကျားကြီး၊ ခုတောင် သည်စိတ်မျိုး မကုန်သေးဘူး ဆိုပြီး ခွန်းတုံ့ပြန်ခဲ့ပါတယ်။ သူ့အိမ်ကို သရက်သီးလာရောင်းတဲ့ ကသည်းမငယ်နှစ်ယောက်ကို ကြည့်ပြီး ဦးစ စပ်တဲ့ အို သရက်သီးမယ်၊ ချဉ်မနှောပါမှ ငွေကျောကို ကိုင်မိမယ်၊ မျိုးနွယ်မှာ မိတ်ကယ်ပါထင့်၊ မိလိတ်ဆာဗျည်း၊ တခါနှစ်ခါ ကြိမ်ရအောင်၊ တို့အိမ်ကို ပျော်တော်စုခဲ့၊ ဟိန်းဒုပစ္စည်း ဆိုတဲ့ တေးကလည်း ထင်ရှားပါတယ်။

ဦးစဟာ စစ်ချီရင်း တွေ့တဲ့ တောအလှ တောင်အလှတွေကိုလည်း စာဖွဲ့တတ်ပါတယ်။ ဒီနေရာမှာတော့ သူ့ရှေ့က နဝဒေးကြီးနဲ့ နတ်ရှင်နောင် စတဲ့ စစ်သည် စာဆိုတွေနဲ့ နီးစပ်ပါတယ်။ ဒါကြောင့် မြောက်ဦးနားက စကားတောင်ဘွဲ့၊ ကသည်းနယ်စပ်က ကျောက်ဆစ်ကုန်းဘွဲ့ စတဲ့ ကဗျာအလှတွေ ကျန်ရစ်ခဲ့ ပါတယ်။

ဓာတ်ပုံ ရင်းမြစ်,

DUNCAN1890

ဓာတ်ပုံ ပုံစာ,

အိန္ဒိယ ဘုရင်ခံချုပ်ကို သီပေါမင်း ထီးဖြူ ရုံတော်မှာ ရာမဇာတ်ကြီးနဲ့ ဖျော်ဖြေ

အီနောင်ဇာတ်သိမ်း ကုန်းဘောင်မီးငြိမ်း

ဦးစတို့ ပျိုးထောင်ခဲ့တဲ့ မဟာဂီတနဲ့ သဘင်လောကကြီးဟာ မင်းတုန်းမင်းလက်ထက်မှာ အစွမ်းကုန်ထွန်းတောက်ခဲ့ပြီး စောင်းကြိုးကို ခုနစ်ကြိုးကနေ ၁၃ ကြိုးထိ တပ်တီးကြတယ်လို့ သိရပါတယ်။ ၁၈၈၅ ခုနှစ် သီပေါမင်း ပါတော်မူပြီးနောက် နန်းတွင်းက ရာမနဲ့ အီနောင် ဇာတ်အဖွဲ့သားတွေ အစည်းပြေ ကုန်ကြသလို မဟာဂီတပညာရှင်တွေလည်း တိမ်မြုပ်ကုန်ကြပါတယ်။ ရာမဇာတ်တော်သားတွေ အောက်ပြည်ကို စုန်ဆင်း သွားပြီး ဖျာပုံနဲ့ ရန်ကုန် ရေကျော်ဘက်မှာ ရာမဇာတ်အဖွဲ့တွေ ပေါ်လာခဲ့ပါတယ်။ အီနောင်ဇာတ်သားတွေကတော့ မြစ်သားဘက်မှာ လယ်ပြန်စိုက်ကြပါတယ်။ နောက် နန်းတွင်း အရာရှိဟောင်းတွေက ဇာတ်အဖွဲ့သား တွေကို ပြန်စုစည်းပြီး ဇာတ်ပြန်ကနိုင်ဖို့ ထောက်ပံ့ပါတယ်။ တောင်ခွင်မင်းကြီး ကတော် အကူအညီနဲ့ ၄၅ ရက်က တာမျိုးတွေ လုပ်ခဲ့ပေမယ့် ပုံမှန်ကနိုင်ဖို့ မလွယ်တဲ့အတွက် ကိုစံတုတ်တို့ ဇာတ်ခေါင်းကွဲခဲ့ပါတယ်။ မဟာဂီတသား တချို့ကိုတော့ သီပေါစော်ဘွားက ခေါ်ယူ ထောက်ပံ့ထားခဲ့ပါတယ်။

နောက်ပိုင်းမှာ အီနောင်နဲ့ ရာမဇာတ်တော်တွေကို စုစည်းပုံနှိပ်တာတွေ လုပ်ခဲ့ပေမယ့် တီးကွက်နဲ့ ကကွက်တွေ တိမ်မြုပ်ကုန်ပါတယ်။ လွတ်လပ်ရေး ရပြီးနောက် ရာမကို နိုင်ငံတော်ဇာတ်အနေနဲ့ ပြန်လည်ပွဲထုတ်တာတွေ ရှိခဲ့ပေမယ့် အီနောင်ကတော့ ဟန်လောက်သာ ကျန်ပြီး အပြည့်အစုံ ကဖို့ ခက်ခဲ သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း အီနောင်ဇာတ်ထွက် ယိုးဒယားနဲ့ ပတ်ပျိုးတွေကတော့ မဟာဂီတပညာရှင် အဆက်ဆက်ရဲ့ ထိန်းသိမ်းမှုနဲ့ အတော် စုံစုံလင်လင် ကျန်ရစ်ခဲ့ပါတယ်။ မဟာဂီတဂိုဏ်းတွေ ကွဲပြားမှုကြောင့် သီချင်းစာသားနဲ့ ရေးသူ ဝိဝါဒကွဲတာတွေကလည်း ပါတော်မူပြီးနောက် တောက်လျှောက် ရှိနေခဲ့ပါတယ်။ ဒီအတွက် ဦးမောင်မောင်လတ်၊ ဒီးဒုတ်ဦးဘချို၊ ဦးပြုံးချို စတဲ့ ပညာရှင်တွေအပြင် နောက်ဆုံး နိုင်ငံတော်မူအဖြစ် မဟာဂီတကျမ်းကြီး တစောင်ကိုလည်း ယဉ်ကျေးမှုဌာနအကူအညီနဲ့ ၁၉၅၃ ကတည်းက ကြိုးပမ်းထုတ်ဝေခဲ့ကြပါတယ်။

ဒဂုန်ခင်ခင်လေးလက်ဝယ်မှာ ရှိတဲ့ မြဝတီမင်းကြီးရေးတဲ့ စာတွေကို သူကိုယ်တိုင် စုဆောင်းထားခဲ့တဲ့ စာစုကိုလည်း မြဝတီစာစုနှင့်သီခြင်းစု အဖြစ် ၁၉၆၇ မှာ ထုတ်ဝေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်,

THET AUNG

ဓာတ်ပုံ ပုံစာ,

အိုင်စီဂျေက ပြန်လာတဲ့ ဒေါ်စုနဲ့ ဦးမင်းသူ-ဒေါ်လွင်မေသိန်း

မင်းကြီးအနွယ်အဆက်များ

မြဝတီမင်းကြီးက တိုက်ရိုက်ဆင်းသက်တဲ့ အဆက်အနွယ်အဖြစ် သားတော်သူ မြဝတီပုံနှိပ်စက်ပိုင်ရှင် ဦးမောင်ကလေးနဲ့ မြေးတော်သူ ငှက်တွင်း ဆရာတော်ကြီးတို့ မင်းတုန်းမင်းခေတ်မှာ ထင်ရှားခဲ့ကြပါတယ်။ ငှက်တွင်း ဆရာတော် ဟာ စတုဘုမ္မိကမဂ္ဂင်ဂိုဏ်းကို စတင်တည်ထောင်သူ အဖြစ် မြန်မာနိုင်ငံရဲ့ ဗုဒ္ဓ သာသနာဝင်မှာ ထင်ရှားပါတယ်။

မင်းကြီးနှမ ဒေါ်လုံမနဲ့ ပြင်သစ်အမေရိကန်အမျိုးသားတို့ ပေါင်းဖက်ရာက ဆင်းသက်တဲ့ မြေးတော်သူ နန်းတွင်းအပျိုတော် ဒေါ်ခင်ဦးဇွန်းကတော့ ရန်ကုန်တက္ကသိုလ် ယုဒသန် ကောလိပ်က ပါဠိပါမောက္ခနဲ့ တက္ကသိုလ် အမတ် ဦးထွန်းဖေရဲ့ဇနီး ဖြစ်လာပါတယ်။ သူတို့သားသမီးတွေထဲက ပထမဆုံး မြန်မာအမျိုးသမီး တက္ကသိုလ် ကောင်စီဝင် ဖြစ်တဲ့ ဒေါ်မြသိန်း၊ ပထမဆုံး သိပ္ပံဘွဲ့ရ မြန်မာအမျိုးသမီး ဒေါ်လှသိန်းနဲ့ ဗြိတိသျှလေသူရဲ ဦးတင်သိန်းတို့ဟာ မင်းကြီးရဲ့ မြစ်တော်စပ် ပါတယ်။ အဲဒီနောက် ထပ်မံ ပေါက်ဖွား လာတဲ့ အထဲက နဝတခေတ်မှာ ရှေ့နေချုပ်ဖြစ်တဲ့ ဒေါက်တာထွန်းရှင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ခေတ်က ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ ဦးမင်းသူရဲ့ဇနီး ဒေါ်လွင်မေသိန်း တို့ဟာ ဦးစရဲ့ တီတွေ ဖြစ်ကြပါတယ်။

NURPHOTO

ဓာတ်ပုံ ပုံစာ,

မြန်မာတွေ ဖျက်ဆီးခဲ့တဲ့ အယုဒ္ဓယမြို့ဟောင်း

မြန်မာပြည်ရောက် ထိုင်းဘုရင်

ထိုင်းမြောက်ပိုင်းက မြန်မာကျောင်းကန်ဘုရားများ

မန္တလေးက ယိုးဒယားမုန့်တီ

ထိုင်းမြန်မာ ချစ်ကြည်ရေးနဲ့ ဇော်ဂျီ

ဓာတ်ပုံ ရင်းမြစ်,https://ichef.bbci.co.uk/ace/ws/800/cpsprodpb/105D7/production/_123313076_gettyimages-900094488.jpg