
ဆွေးတသသဖြစ်စေသူ မေလှမြိုင်
By ကိုရွှေအောင်
Share on FacebookShare on Twitter
“နှစ်လရာသီ ခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ … ယနေ့ဖြင့် သတိတရားထားဖို့အခြေ (အများပြည်သူတွေ)၂ … အာဇာနည်နေ့ကိုလေ … တွေးရှုကာပဲ အလေးပြုပါမယ်လေ … စနစ်အခြေ ပြောင်းခဲ့ပေမယ့် အဖြစ်ဟောင်းများတော့ ဖြေသော်မပြေ … လွမ်းမျက်ရည်မြေခပြီမို့ … ဆွေးတသသ တွေးဆမရွှင်ပေ….ရွှေရင်ဆူကဲ ကြေကွဲဝမ်းနည်းကြပုံတွေ … ယနေ့ထက်တိုင် အခြေ မမေ့ရက်နိုင်ပါပေ … (အာဇာနည် ခေါင်းဆောင်ကြီးတွေ)၂ … ကောင်းရာသုဂတိ ရောက်ရှိကြပြီလေ … တေးကဗျာအနုစာခွေ … ရေးကာတွေးရှု အလေးပြုပါတယ်လေ”။
ကျနော်တို့ငယ်ငယ် ၁၉၇ဝ ပြည့်နှစ်ဝန်းကျင်က ၁၉ ဇူလိုင် အာဇာနည်နေ့ဆို မြန်မာ့အသံရေဒီယိုက ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန် ဥသြဆွဲပြီးတာနဲ့ ဒီသီချင်းသံတန်းကြားရတယ်။ အဲ့ဒီအချိန်ဆို မိုးကလည်း တဖွဲဖွဲရွာနေတော့ ဘယ်ဆီဘယ် လွမ်းတယ်မသိ။ ပြောင်းဆန်အောင်ဆော့နေကျ ကျနော်တို့ ကလေးတသိုက် အသံမကြားရဘဲ ရပ်ကွက်လမ်းကလေးကလည်း တိတ်ဆိတ်လို့။ ဘဝမှာ သီချင်းနားထောင်ပြီး လွမ်းတတ်အောင် သင်ပေးခဲ့တဲ့ သီချင်းတပုဒ်ပါပဲ။
RelatedPosts
• မြိုင်(သီချင်းစာသား)
မြိုင် (သီချင်း)
ဝီကီပီးဒီးယား မှ
ဒေါ်မေလှမြိုင် ဆိုထားတဲ့ “မြိုင်” သီချင်းပါ။ မူရင်းအဆိုရှင်ကတော့ မြခြေချင်းမငွေမြိုင်တဲ့။ ရွှေမန်းတင်မောင် ရဲ့ ကန့်ကူလက်လှည့်ဆရာမ ဖြစ်ပြီး အင်မတန်ဇာတ်စီးကောင်းတယ် လို့ နာမည်ကျော်ပါတယ်။ ရွှေမန်းရဲ့ ဗုဒ္ဓဝင်ဇာတ်တော်တွေမှာ သူ့ အနုပညာအမွေတွေကို တစွန်းတစ အကဲခတ်နိုင်ပါတယ်။ သူ့ခေတ်ကထုတ်တဲ့ မျက်နှာချေထုတ်ကြော်ငြာတွေမှာ မြင်ဖူးသလောက်တော့ မျက်လုံးမျက်ခုံးကောင်းကောင်း ဗမာဆန်ဆန်ချောတဲ့ အမျိုးသမီးကြီးပါ။ ဦးသုမောင်ဆိုတဲ့ ပန်းဦးပန်မယ့်သူ သီချင်းထဲက “လက်ဦးပန်ချင် အမြန်ပင်လာခဲ့ဖို့ ကိုခေါ်ချင်ပါတယ် မောင်ခေါ်ချင်ပါတယ် ..” ဆိုတာလည်း သူဆိုထားတဲ့သီချင်းပါပဲ။ ဒီသီချင်းကို နန်းတော်ရှေ့ဆရာတင် က ရေးပေးပြီး အဆိုရှင်ရဲ့ ပညာစွမ်းကို သေတ္တာမှောက်ပြမည့် ကိုယ်ရည်သွေး တေးတစ်ပုဒ်ဖြစ်ပါတယ်။
မေလှမြိုင် ကတော့ စစ်ပြီးခေတ် မြန်မာ့အသံ မှာ ထိပ်ထိပ်ကြဲပညာရှင်ကြီးပါပဲ။ သူ့အသံက ပီလည်းပီ၊ မြည်လည်းမြည်၊ ကြည်လည်းကြည်တဲ့ ပါရမီရှင်ကြီးပါ။ သီချင်းစာသားကို တစ်လုံးချင်း ရှင်းရှင်းလင်းလင်း၊ ဌာန်ကရိုဏ်းကျကျ ဆိုထားပါတယ်။ စာဘောင်ပဲ့အောင်ဆိုတယ်လို့ ခေါ်ပါတယ်။ ဒါတောင်မှ နှစ်တွေကြာလာတဲ့အခါ စာသားတွေကို နားကြားနဲ့ ထင်သလိုပြင်ဆိုကြရင်း “မြိုင်ဆိုရင် ဆိုင်သလို စကားနော် မြိုင်အပိုမကြွားဘူး တရားနဲ့ပျော်တဲ့ မြိုင်..မမြိုင်၊ မမြိုင်..” ကို တချို့ကဆိုကြရာမှာ ”မြိုင်ဆိုရင် စိုင် ဂဠုန် နဂါးရော မြိုင်ဗိုလ်မထားဘူး အများကတင်တဲ့မြိုင်..” လို့ ဆိုကြတာ တော်တော်ကြားမိပါတယ်။ အဓိပ္ပာယ်တခြားစီပါ။
မြိုင်(သီချင်းစာသား)
အများနဲ့အကုန်ဆိုင်… မြိုင်ဆိုလျှင်ဖြင့် အင်မတန်ကောင်း..။ မြခြေကျင်းငွေမြိုင် ဆိုရင်ဖြင့် အင်မတန့် အင်မတန် ကောင်း..။
(မြိုင် အကြောင်းကို အသီးသီးမှတ်စရာ၊ လှည့်လည်ကြံရှာ ကြည့်မိပြန်ရာ ဣတိတဿမာ ထို့ကြောင့်..)၂
(အကြံထူးပါတဲ့ ဉာဏ်ထူးပါတဲ့ ကံထူးပါတဲ့မြိုင်၊ ကြည်ကြည်လင်လင် အေးအေးဆေးဆေး မြိုင်)၂ (တန်ဆောင်မုန်း တန်ဆောင်တိုင် သူ့အိမ်ထဲလည်းမြိုင်၊ ကိုယ့်အိမ်ထဲလည်းမြိုင် အရပ်ချင်းညီညီပြိုင်၊ အရပ်ချင်းကပြိုင်၊ ပွားရာကမှနိုင်၊ များရာကမှနိုင် အရပ်ချင်းညီညီပြိုင်)၂ စိတ္တရဂီဝါ ရာဇာမင်းတို့ ဘာသာချင်းမို့ အချင်းချင်းပျော်တဲ့မြိုင်၊ (အကြောင်းယှဉ်ပြိုင် ၎င်း ခင်မြိုင်)၂ (မင်းဝံတောင်မောင်း ခြောက်သောင်းတောမြိုင်)၂၊ ပြုမူအင်အားဇောပိုင် ပုထုဇဉ်များတောမြိုင်၊ ရှိသမျှမြိုင်တွေကုန်အောင် မပြောပါရစေနဲ့ မောလှချေရဲ့၊ (တကယ့်ကိုထူးတဲ့ မမြိုင် စန္ဒကူးနံ့သာမွှေးတဲ့မြိုင်)၂၊ (စားတော့လည်းမြိုင် သွားတော့လည်းမြိုင်၊)၂ မမြိုင်၊ မမြိုင်၊ မဟာမြိုင်ကြီးမှာ တစ်ယောက်တည်း ပျော်တဲ့ မြိုင်။
(မြိုင်ဆိုလျှင် ဆိုင်သလိုစကားနော် မြိုင်အပိုမကြွားဘူး တရားနဲ့ပျော်တဲ့ မြိုင်၊ မမြိုင်၊ မမြိုင်) ၄
(စောင်းနဲ့လည်းမြိုင် အကဲပိုင် တယောနဲ့လည်းမြိုင် အကဲပိုင်)၂ ပန်းမြိုင်လယ် စပါယ်ရှယ်သီချင်းကို ရိုးတိုးရွတ ခနခန ဆိုတဲ့မြိုင်၊ အသုံးကျတဲ့ အကိုတို့မြိုင်၊ မမုန်းကြနဲ့ အကိုတို့မြိုင်၊ မြိုင်ကြီးတောမှာ တစ်ယောက်တည်းပျော်တဲ့မြိုင်။
မြိုင်..မြိုင်..မြိုင်.. ကျွန်မ၊ စတိုင်..စတိုင်..စတိုင်..ကျကျနန၊ ဂဃနဏ စုံစုံလင်လင် ခုံခုံမင်မင်၊ ရဂုံတွင် မြိုင်တွေက ပေါလှချည်ရဲ့.. ။ မြိုင်တွေစုံအောင်လေ ကျွန်မ ဂုဏ်တင်လို့လည်း မကြွားတတ်ပါဘူး..။ သနားစရာမမြိုင်….၊ ချစ်စရာမမြိုင်၊ အဆုံးအပိုင်ရနိုင် … မမုန်းနိုင်မမြိုင်၊ ကာလတီးလုံး ပိုင်ပိုင်နိုင်နိုင်၊ နန်းတော်ရှေ့ဆရာတင် ထွင်တဲ့ မြိုင်၊
<img src=”https://login.wikimedia.org/wiki/Special:CentralAutoLogin/start?type=1×1″ alt=”” width=”1″ height=”1″ style=”border: none; position: absolute;”>
• ဤစာမျက်နှာကို ၂၀ အောက်တိုဘာ ၂၀၂၂၊ ၀၂:၃၆ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။
