ဦးကျော်ကျော်လှိုင် ပြောပြသော ဘုရင် အနော်ရထာ https://youtu.be/GihrqF3p7fw?si=ElrtRehRZFpqeX5c
ပုဂံပျက်သုဉ်းခြင်း နှင့်မွန်ဂိုဘုရင်
ဒီနေ့ ဗီဒီယိုမှာတော့ မြန်မာ့သမိုင်းမှာ အလှည့်အပြောင်းကြီး ဖြစ်စေခဲ့တဲ့ မွန်ဂိုလ်-မြန်မာ စစ်ပွဲအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ကူဗလိုင်ခန် (Kublai Khan) ရဲ့ မွန်ဂိုလ်တပ်တွေနဲ့ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက် မြန်မာ့တပ်မတော်တို့ရဲ့ အားပြိုင်မှု၊ နာမည်ကျော် ငဆောင်ချမ်းတိုက်ပွဲရဲ့ စစ်ဗျူဟာတွေနဲ့ ပုဂံအင်ပါယာကြီး ဘာကြောင့် ပျက်သုဉ်းခဲ့ရသလဲ ဆိုတာတွေကို သမိုင်းမှတ်တမ်းတွေနဲ့အညီ ပြောပြပေးသွားမှာပါ။ သမိုင်းကို စိတ်ဝင်စားသူတွေအတွက် လက်မလွှတ်သင့်တဲ့ ဗီဒီယိုလေးမို့ အဆုံးထိ ကြည့်ရှုပေးကြပါဦး။
မွန်ဂိုလ်မြန်မာစစ်ပွဲ #ပုဂံခေတ် #မြန်မာသမိုင်း #ငဆောင်ချမ်းတိုက်ပွဲ #နရသီဟပတေ့ #တရုတ်ပြေးမင်း #သမိုင်းကြောင်း #စစ်ပွဲသမိုင်း #ဗဟုသုတ #myanmarhistory # MongolInvasionofBurma #BaganEmpire# PaganDynasty# KublaiKhan #WarHistory #AncientBattles #MyanmarDocumentary #ppastory #ppastorymyanmar
https://youtu.be/Yy7Ome43J0g?si=ou36_BBIfyVuOGyu
Fall of a Nation နိုင်ငံတစ်ခုပျက်သုဉ်းခြင်း
ကူဘလိုင်ခန်ဟာ သူယွမ်ဧကရာဇ်အဖြစ်အရိုက်အရာခံယူတဲ့ ၁၂၇၁ ခုနှစ်မှာပဲ မြန်မာနိုင်ငံကို သစ္စာပေးသံအဖွဲ့ စေလွှတ်ဖို့ ယူနန်ဘုရင်ခံကို တာဝန်ပေးပါတယ်။
ကူဘလိုင်ခန်အနေနဲ့ ပုဂံမင်းဆက်ကိုပြောင်းလဲပစ်ဖို့ ရည်ရွယ်ချက်မရှိပဲ သစ္စာပေးပြီး နှစ်စဉ်ပုံမှန် ပဏ္ဏာဆက်သဖို့သာတောင်းဆိုခဲ့တာပါ။
မွန်ဂိုတွေရဲ့သစ္စာပေးမူကိုအကြိမ်ကြိမ်ငြင်းပယ်ခဲ့ပြီးတဲ့နောက် ၁၂၇၇ ခုနှစ်မှာ နရသီဟပတေ့မင်းဟာ သူ့ကိုယ်သူယုံကြည်မူရှိစွာနဲ့ မြောက်ဖက်နယ်ခြားက မွန်ဂိုသြဇာခံလိုက်တဲ့ တိုင်ရှမ်းပြည်တခုဖြစ်တဲ့ Kaungaiကို ပညာပေးဖို့တိုက်ဆင်၁၂၀ ပါဝင်တဲ့စစ်တပ်တွေလွှတ်လိုက်ပါတယ်။
နယ်ခြားတလျှောက်မြင့်မား မတ်စောက်တဲ့လျိုမြောင်ချိုင့်ဝှမ်းတွေကိုဖြတ်သန်းချီတက်လာတဲ့ မြန်မာတပ်တွေကို တူရကီလူမျိုးဗိုလ်ချုပ်နာစာအူဒင်ရဲ့မြင်းတပ်တွေကBaoshanဒေသမှာဆီးကြိုပိတ်ဆို့တိုက်ခိုက်ပါတယ်။
နိဂုံး
မွန်ဂိုတွေဟာ မြန်မာပြည်ထဲမှာ ပုဂံထီးနန်းပြိုလဲသွားတဲ့အတွက်ပေါ်ပေါက်လာတဲ့ အာဏာလေဟာနယ် Power Vacuum နေရာကို အစားမထိုးနိုင်ခဲ့သလို မြန်မာပြည်ကိုလည်း မွန်ဂိုအင်ပါယာထဲသွတ်သွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။
ဒါပေမယ့် မွန်ဂိုကျုးကျော်မူကာလတွေအတွင်းမှာပဲ နှစ်ပေါင်းနှစ်ရာကျော်ငြိမ်းချမ်းသာယာစွာတည်ရှိလာတဲ့ပုဂံမြန်မာနိုင်ငံဟာအစိတ်စိတ်အမွှာမွှာကွဲကြေသွားပါတယ်။
ပုဂံ #မွန်ဂို #ကူဘလိုင်ခန် #နရသီဟပတေ့ #သမိုင်း #သုတ #knowledgeandthoughts #history #knowledge #kublaikhan #mongol #bagan #burma #myanma
https://youtu.be/wjGkWbVY7i0?si=zlP9q7xlsWgcJ1h1
ဓမ္မရံကြီး ကုသိုလ်ရှင် ဤမ်တဝ်သျင်
ပုဂံမြို့ဟောင်းရှိ ဓမ္မရံကြီး ဘုရားသည် ထုထည် အကြီးမားဆုံး ပုဂံခေတ် ဘုရားကြီး အဖြစ် ထင်ရှား၍ ဘုရားကြီး၏ ကုသိုလ်ရှင်မှာ အလောင်းစည်သူမင်း၏ သားတော် နရသူမင်း ဖြစ်သည်။ ဤမင်းကို ကျောက်စာတွင် ဤမ်တဝ် (သျင်) မင်းဟု ဖော်ပြထား၍ ရာဇဝင်ကျမ်းများတွင် ကုလားကျမင်းဟု၍လည်း ဖော်ပြထားသည်။
နရသူမင်း၏ ကောင်းမှု ဓမ္မရံကြီးဘုရားသည် ပုဂံခေတ်၏ အကောင်းဆုံး ဗိသုကာလက်ရာ ဘုရားစေတီကြီးများ အနက် တစ်ဆူ အပါအဝင် အဖြစ်ကျော်ကြားလှသော်လည်း ရာဇဝင်ကျမ်းများ၌ ဖော်ပြပါရှိသော နရသူမင်း၏ အကြောင်းမှာ များစွာ မကောင်းလှပေ။ သူသည် ခမည်းတော်ဖြစ်သူ အလောင်းစည်သူမင်းကိုသတ်၍ ထီးနန်းတက်ခဲ့သူ ဖြစ်ကြောင်း ရာဇဝင်ကျမ်းများ၌ ဖော်ပြထားသည်။ ဦးကုလား၏ ရာဇဝင်ကြီးကမူ နရသူမင်းသည် မြတ်စွာဘုရားရှင် တန့်ကြည့်တောင်ပေါ်ကြွတော်မူခဲ့စဉ် အခါက တောင်စောင့် ဘီလူး ဖြစ်ခဲ့၍ မြတ်စွာဘုရားကို အင်ဖက် (၃) ချပ်ဖြင့် နေကာခဲ့သဖြင့် ပုဂံတွင် မင်း (၃) ကြိမ် ဖြစ်ရသည် ဟု ဖော်ပြထားသည်။ ယင်း (၃) ကြိမ်မှာ (၁) စလေငခွေးမင်း၊ (၂) နရသူမင်း နှင့် (၃) နရသီဟပတေ့မင်း ဖြစ်သည် ဟု ဆိုထားသည်။ ယင်း အချက်ကို ထောက်ထား၍ ရာဇဝင်ပညာရှင် ဆရာတော်ကြီးတစ်ပါးက နရသူမင်းသည် ဖခင် အလောင်းစည်သူမင်းကို သတ်ခဲ့သည်မှာ မဖြစ်နိုင်ကြောင်း ဆိုထားသည်။ အကြောင်းမှာ အကယ်၍ နရသူသည် ဖခင်သတ်သူသာ ဖြစ်လျှင် ပုဂံ၌ နောက်တစ်ကြိမ်လူဖြစ်ကာ နရသီဟပတေ့မင်း အဖြစ် မဖြစ်လာနိုင်ကြောင်း ရှင်းပြထားသည်။ ဟုတ်သည်၊ သို့ ဖြစ်လျှင် ဤ ဖြစ်ရပ် နှစ်ခုတွင် တစ်ခုခုတော့ မှားရပေလိမ့်မည်။
နရသူမင်းနှင့် ပတ်သက်၍ အခြား အငြင်းပွားကြသည့် ဖြစ်ရပ်တစ်ခုလည်း ရှိသေးသည်။ ယင်းမှာ ကုလားကျမင်းဟု အမည်တွင်ခြင်း ပတ်သက်၍ ဖြစ်သည်။ ရာဇဝင်ကျမ်းများတွင် နရသူမင်းကို ပဋိက္ခရား ကုလားပြည်မှ ကုလားသူရဲ (၈) ဦးက လုပ်ကြံသတ်ဖြတ်ခဲ့သည် ဟု ဖော်ပြထား၍ ယင်း အချက်ကြောင့် ကုလားကျမင်းဟု အမည်တွင်သည် ဟု ဆိုထားသည်။ သို့ရာတွင် ပါမောက္ခလုစ်နှင့် ဒေါက်တာသန်းထွန်းတို့ကမူ နရသူမင်းကို လုပ်ကြံသည်မှာ ပဋိက္ခရားက ကုလားများ မဟုတ်၊ သီဟိုဠ်ကျွန်းမှ ကုလားများ ဖြစ်သည် ဟု ဆိုထားကြပြန်သည်။ ယင်းသို့ ဆိုခြင်းမှာ သီဟိုဠ်ကျွန်းရှိ ပရက္ကမဗာဟုမင်း၏ ဒေဝနဂလကျောက်စာ (c. 1264-65) နှင့် စူဠဝံသကျမ်းလာ မှတ်တမ်းများကို အားကိုး၍ ဆိုထားခြင်း ဖြစ်သည်။
သို့သော်လည်း သူတို့၏ အဆိုကို သမိုင်း ဆရာ မိုင်ကယ်အောင်သွင်က ပြန်လည် စိစစ်တင်ပြထားသည်မှာလည်း စိတ်ဝင်စားဖွယ် ကောင်းသည်။ သူ၏ အဆိုအရ ဒေဝနဂလ ကျောက်စာတွင် သီဟိုဠ်သားများက ပုဂံဘုရင်ကို လုပ်ကြံ သတ်ဖြတ် အောင်နိုင်ကြောင်း ဖော်ပြချက် မပါ။ အောက်မြန်မာနိုင်ငံကိုသာ ရောက်ကြောင်းပါသည်။ ထို့ပြင် စူဠဝံသသည် ထို ဖြစ်ရပ် ဖြစ်ပြီး နှစ်ပေါင်း (၁၅ဝ) ဝန်းကျင်မှ ပြန်လည် ချဲ့ကားရေးသားထားသည့် အတွက် စိတ်မချရ ကြောင်း ဆိုထားသည်။ ထို့ပြင် မိုင်ကယ်အောင်သွင်က နရသူကို ကုလားကျမင်းအဖြစ် ခေါ်ကြောင်း ပုဂံခေတ် တိုက်ရိုက် ခေတ်ပြိုင် မှတ်တမ်းသော်လည်းကောင်း၊ ခေတ်ပြိုင် နီးပါး မှတ်တမ်းသော်လည်း မရှိဟု ထောက်ပြထားသည်။ ထို့ပြင် ကျန်စစ်သား၏ အမည်တွင် ကလန် ဟု ကျောက်စာ ရေးသည်ကို ရာဇဝင်ဆရာများ အဖတ်မှား၍ “ကျန်ရစ်” သည်ဆိုသော အဓိပ္ပါယ်ကောက်သဖြင့် အနော်ရထာမင်း သတ်သည့် ကလေးများ အနက်မှ ကျန်ရစ်သူ မင်းလောင်း အဖြစ် ရာဇဝင်ဆရာများ ထိုးဇာတ်ဆင်သည့် အတိုင်း ကုလားကျ မင်းအမည်၌လည်း နှောင်းခေတ် ကျောက်စာပါ “ကျ” နှင့် ပတ်သက်၍ အဓိပ္ပါယ်ကောက်မှားကာ ဇာတ်လမ်းဆင်ခြင်းလည်း ဖြစ်နိုင်ကြောင်း တင်ပြထားသည်။
မည်သို့ ဖြစ်စေကာမူ ပုဂံခေတ် ကျောက်စာမှတ်တမ်းများအရ ပုဂံခေတ် ဘုရင်များသည် သူတို့၏ ကောင်းမှု စေတီပုထိုး ကျောင်းကန်များ တည်ထားရာတွင် မင်းမိန့် ဖြင့် အခမဲ့ လုပ်အားရယူကာ အတင်းအကြပ်စေခိုင်းခြင်းမျိုး မတွေ့ ရပါ။ ဘုရားစေတီတည်ထားရာတွင် သက်ဆိုင်ရာ ပန်းဆယ်မျိုး အတတ်ပညာရှင်များအတွက် လုပ်အားခ ပေးကြောင်းကို ကျောက်စာများတွင် ဖော်ပြထားသည်။ နရသူမင်း၏ ကောင်းမှုသည်လည်း ထိုသို့ပင် ဖြစ်တန်ရာပါသည်။ ရာဇဝင်များနှင့် ပါးစပ်ရာဇဝင်များတွင် ချဲ့ကားချက်များလောက် မဖြစ်တန်ရာပါ။ ထို့ပြင် မိုင်ကယ်အောင်သွင်က နရသူမင်းနောက် ဆက်ခံသော နရပတိစည်သူမင်းလက်ထက်တွင် အချိန်တိုအတွင်း တိုင်းပြည် တိုးတက်စည်ပင်အောင် ဆက်လက်ဆောင်ရွက်နိုင်သော သက်သေများအရ နရသူမင်းလက်ထက် သီဟိုဠ်ဖျက်၍ မင်းမဲ့ကာလအသွင် တိုင်းပြည် ပျက်စီးရကြောင်း ဆိုသည်မှာလည်း မဖြစ်နိုင်ကြောင်း ထောက်ပြထားသည်။ တွေးဆယူကြစေသတည်း။
ဘိက္ခု ေ က သ ရ
၂၁၊ ၀၄၊ ၂၀၂၄















နရသီဧပတေံ ၊ ဂျန် ဂျစ် ခန်။ အင်ပါယာ နှင့် ပုဂံ ရွှေ ပြည် ပျက် သုံး ခြင်း စ – ဆုံး စာရေးသူ ဗန်းမော်တင်အောင် ရေးသားခဲ့သည့် ပုဂံရွှေပြည်စာအုပ်ကို
အသံရှင်ကိုဘုန်းသွင်မှ တင်ဆက်သည်။
