Biography 17 / မြန်မာ့ အကျော်အမော် သာလွန် ဂန္တဝင်ကြီးများ ။

ဂီတလောက –

၁။ ဝဏ္ဏကျော်ထင် (ဒေါ်)အောင်ကြည်(၁၈၉၆-၁၉၈၉)

မြန်မာ့ဂီတလောက၌ ဂီတမိခင်ကြီးဟု ထင်ရှားသော ဂီတပညာရှင် ဝဏ္ဏကျော်ထင် ဒေါ်အောင်ကြည်ကို မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၌ အဖ ရုပ်သေးမင်းသားကြီး ဦးဘစီ၊ အမိ ဒေါ်သင်းတို့က ၁၈၉၆−ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့တွင် မွေးဖွားသည်။ တစ်ဦးတည်းသော သမီးဖြစ်ပြီး ငယ်အမည် မစိန်ဥ ဖြစ်သည်။ အဘိုးဖြစ်သူသည် သီပေါမင်းလက်ထက် အသုံးတော်ခံဆိုင်း (သမီးတော်ဆိုင်း) တီးရသည့် ဆိုင်းဆရာကြီး ဦးထွန်းအောင်ဖြစ်ပြီး အင်းဝမြို့ဝန် ဦးလွှာ၏ အဆက်အသွယ်ဖြင့် နန်းတွင်း၌ ခစားဖျော်ဖြေခဲ့ရသည်။

ဂီတမိခင်ကြီး ဝဏ္ဏကျော်ထင် ဒေါ်အောင်ကြည်
ဖခင်ဖြစ်သူ ဦးဘစီမှာ သီပေါမင်းလက်ထက်က စင်တော်မင်းသား (ရုပ်သေးမင်းသား) ဖြစ်သည်။ မိခင်ဖြစ်သူ ဒေါ်သင်းမှာလည်း သီပေါမင်းလက်ထက် စင်တော်ကလေး ဆိုင်းဆရာ ဦးထွန်းအောင်၏ သမီးဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ကြည်သည် သဘင်မျိုးရိုး ဆိုင်းမျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သည်။

ဒေါ်အောင်ကြည်သည် မဟာဂီတ သင်ရိုးများကို အဘိုးဖြစ်သူ ဆိုင်းဆရာကြီး ဦးထွန်းအောင်ထံတွင် ခုနှစ်နှစ် သမီးအရွယ်မှစ၍ သင်ကြားခဲ့သူဖြစ်သည်။ ထို့ပြင် အကပညာကိုလည်း ခုနှစ်နှစ် သမီးအရွယ်ကပင် သင်ကြားခဲ့ရာ ကိုးနှစ်၊ ဆယ်နှစ်သမီး အရွယ်တွင် အရွယ်နှင့် မလိုက်အောင် ထူးချွန်စွာ ကပြနိုင်ခဲ့သည်။ ထို့ကြောင့် အဘိုးနှင့် အဖေတို့က ဇာတ်ပညာများကိုပါ သင်ကြားပေးခဲ့ရာ ၁၆−နှစ် သမီးအရွယ်တွင် ဦးလေးတော်သူ လူရွှင်တော်ကြီး ဦးချစ်စရာနှင့် ရှမ်းပွဲ ဆရာတင်တို့ တည်ထောင်သော ဇာတ်အဖွဲ့၌ စတင်ပါဝင်ကပြ နိုင်ခဲ့သည်။ ငယ်မည် မစိန်ဥ အစား မအောင်ကြည် ဟူသောအမည်ကို ထိုအချိန်မှ စ၍ ရှမ်းပွဲဆရာတင်က ပေးခဲ့ခြင်း ဖြစ်သည်။ ရှမ်းပွဲဆရာတင်ဇာတ်တွင်နှစ်နှစ်ကျော် ကပြခဲ့ပြီးနောက် ဦးလေးဖြစ်သူ လူရွှင်တော် ဦးချစ်စရာ၏ အငြိမ့်အဖွဲ့တွင် ခေါင်းဆောင်မင်းသမီး အဖြစ် ကပြခဲ့ပြန်သည်။ တဖန် ဇာတ်လောကသို့ ပြန်လည်ကူးပြောင်း ကပြခဲ့ပြန်ရာ ဦးစိန်အုပ်၊ ဦးဘကွန်း၊ ဦးဘလှိုင်၊ ဦးကျော်ရှိန် စသည့် နာမည်ကျော် ဇာတ်မင်းသားကြီးများနှင့် တွဲဖက်ကပြခဲ့ရသည်။ တစ်ဖန် အငြိမ့်လောကသို့ ကူးပြောင်းခဲ့ပြန်ရာ စန္ဒရား မမကြီး၏ အငြိမ့်အဖွဲ့တွင် ခေါင်းဆောင်မင်းသမီး မအောင်ကြည်အဖြစ် နာမည်ကျော်ခဲ့ပြန်သည်။ ဒေါ်အောင်ကြည်သည် ရာမဇာတ်ပညာကို သီတာဒေဝီ မင်းသမီးကြီး ဒေါ်မြနု ထံတွင် သင်ကြားပြီး စကော့ဈေး ရာမဇာတ် အဖွဲ့၌ သီတာဒေဝီ မင်းသမီးအဖြစ် ပါဝင်ကပြခဲ့သေးသည်။

ဒေါ်အောင်ကြည်သည် မဟာဂီတ သီချင်းကြီးများကို အဘိုးနှင့် ဖခင်ထံတွင် သင်ရိုးကျွတ်သည်အထိ သင်ကြားခဲ့ယုံသာမက ရုပ်သေးမင်းသားကြီး ဦးထွန်းအိုင်၊ ရုပ်သေးမင်းသမီး ဆရာမှန်း၊ ဘာဂျာ ဆရာလွှား၊ ဒေဝဣန္ဒာမောင်မောင်ကြီး၊ စောင်းမောင်မောင်လတ်၊ စန္ဒရား မောင်မောင်လေး၊ ဆရာဘကြီး၊ ဆရာဘလေး သည့် ဂီတပညာရှင်ကြီးများထံတွင် မဟာဂီတ သီချင်းကြီး၊ သီချင်းခန့်များကို သင်ကြားတတ်မြောက်ခဲ့ပေရာ သီဆိုမှု ဂီတပညာတွင်လည်း ထူးချွန်ခဲ့သူ ဖြစ်သည်။

ဒေါ်အောင်ကြည်သည် ရွာစားကြီး ဦးစိန်ဗေဒါ ဆိုင်းအဖွဲ့မှ နှဲဆရာ မြန်မာညွန့် ဦးချစ်မောင်နှင့် အိမ်ထောင်ကျခဲ့သည်။ ဦးချစ်မောင်မှာ ပတ္တလားကိုလည်း နိုင်နင်းစွာ တီးခတ်နိုင်သူ ဖြစ်ရာ ဒေါ်အောင်ကြည်သည် ဦးချစ်မောင်နှင့် တွဲဖက်၍ မဟာဂီတကို သင်ရိုးမပျက် တီထွင်ဆန်းသစ် တီးမှုတ်သီဆိုခဲ့သည်။
ဒေါ်အောင်ကြည်သည် နိုင်ငံတော် အစိုးရက ဖွဲ့စည်းသော သီချင်းကြီး ပန်ထျာမူမှန် ပြုစုရေးအဖွဲ့၌ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ရသည်။ မြန်မာ့ယဉ်ကျေးမှု တစ်ခုဖြစ်သော အဆိုအက၊ အနုသုခုမ ပညာလုပ်ငန်းများ၌ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သောကြောင့် နိုင်ငံတော် အစိုးရက ဒေါ်အောင်ကြည်အား ၁၉၅၉-ခုနှစ်တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့သည်။
ဂီတလောကတွင် ထင်ပေါ်ကျော်ကြားလျက် ရှိသော အဆိုအက ဂီတပညာရှင်များက အများအားဖြင့် ဒေါ်အောင်ကြည့်ထံတွင် အခြေခံ ဂီတပညာများကို စည်းပူးခဲ့ကြသူများသာ ဖြစ်ကြသည်။ ဒေါ်အောင်ကြည်သည် မဟာဂီတ သီချင်းကြီးများကို ဆိုနည်းဆိုဟန်များသာမက တီးရိုးတီးကွက်များကိုပါ သင်ကြားပြသပေးနိုင်သူ ဖြစ်သည်။ အသက်ကြီးရင့်သည့် (၉၃)နှစ် အရွယ်ရောက်သည်အထိ သီချင်းကြီးစာသားများနှင့် တီးရိုးတီးကွက်များကို မေ့လျော့ခြင်း မရှိဘဲ တပည့်များအား သင်ကြားပြသနိုင်ခဲ့သူလည်း ဖြစ်သည်။ ထို့ပြင် ဒေါ်အောင်ကြည်သည် မဟာဂီတ စာအုပ်များ၌ မပါဝင်သော ရှားပါးသီချင်းကြီးများကို သီချင်းစာသားများ ရွတ်ဆိုပြလျက် ဖော်ထုတ်ပေးခဲ့သည်။

ဒေါ်အောင်ကြည်၏ အဆိုအက ဂီတပညာကို အသံသွင်းခြင်း၊ ရုပ်မြင်သံကြားရိုက်ကူးခြင်းဖြင့် သက်ဆိုင်ရာက မှတ်တမ်းတင်ထားခဲ့သည်။ ဒေါ်အောင်ကြည်သည် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန ဂီတအကြံပေး ပုဂ္ဂိုလ်အဖြစ်၎င်း၊ ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာန ဂီတစိစစ်ရေး အဖွဲ့ဝင်အဖြစ်၎င်း၊ မြန်မာ့အသံ သီချင်းကြီး စိစစ်ရေးအဖွဲ့ဝင်အဖြစ်၎င်း ဆောင်ရွက်ခဲ့သည်။

❣️တစ်ခိုင်လုံးရွှေအေးအေးမြင့် ပြောပြချက်အနည်းငယ်

မြန်မာညွှန့်ဦးချစ်မောင်ဇနီးပါဂီတလုင်ဦးကိုကိုရဲ့မွေးစားအဖေအမေသင်ဆရာတွေပါမြန်မာညွန့်ဦးချစ်မောင်က
ဦးကိုကို ကိုငယ်စဥ်စန္ဒယားသင်တော့ မှားရမလားဆိုပီး
အပေါ်ထပ်ဝရံတာကနေ ခြေထောက်ဇောက်ထိုးဆွဲအပြစ်ပေးတာမင်းမှားအုန်း
မလားပေါ့ကြောက်ပါဘီအဖေရဲ့ဆရာရဲ့နောက်မမှားတော့ပါဘူးဆိုပီး အဲလိုနဲ့ ဂီတလုင်ဦးကိုကိုဇဗ္ဘူတလူဖြစ်လာတာပါ
ကျမဖေဖေပြောပြလို့သိရတာပါအမေကြီးဒေါ်အောင်ကြည်ကမြန်မာညွှန့်ဦးချစ်မောင်ဇနီးဂီတသီချင်းကြီးဆရာမကြီးပါအမေဒေါ်တင်တင်မြအမေဒေါ်မာမာအေးတို့ကိုသီချင်းကြီးတွေသင်ပေးခဲ့တာပါ
မြန်မာညွှန့်ဦးချစ်မောင်ဆုံးတော့အမေကြီးဒေါ်အောင်ကြည်ကိုဦးကိုကိုကဆုံးတဲ့အထိစောင့်ရှောက်ပေးခဲ့ပါတယ်ရှင် 🙏🙏🙏

ဘဝနိဂုံး

ဂီတလောကတွင် ဂီတမိခင်ကြီးဟု ထင်ရှားသော ဝဏ္ဏကျော်ထင် ဒေါ်အောင်ကြည်သည် ၁၉၈၉-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် (၉၃)နှစ်ရှိပြီ ဖြစ်သည်။[၁]

ကိုးကား

ပြင်ဆင်ရန်

  1. ↑ မြန်မာစွယ်စုံကျမ်းနှစ်ချုပ်(၁၉၉၀)
    Crd ဆိုင်း အငြိမ့် သီချင်းနှင့် ဟာသများ

၂- စာပေလောက

ပြည်မြန်မာ ၏စာဆို မင်းသုဝဏ်


*၁၉၂၆တွင် သတ္တမတန်းတွင် စကောလားရှစ်ရ


*၁၉၃၃တွင် ဝိဇ္ဇာဂုဏ်ထူးတန်းကို ပထမဆင့်ဖြင်အောင်
*၁၉၃၆တွင် အောက်စဖို့တက္ကသိုလ်မှ B.Litt ဘွဲ့ဆွတ်ခူး
*လန်ဒန်နှင့်ယေးလ်တက္ကသိုလ်များတွင်လည်း ဆည်းပူး
*၁၉၄၈ တွင်ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန စာတည်းမှူးတာဝန်ထမ်းဆောင်
*၁၉၆၁-၆၂ တွင် မြန်မာစာဌာန ပါမောက္ခ
*၁၉၅၁ တွင် ဝဏ္ဏကျော်ထင်ဘွဲ့၊၁၉၆၂ တွင်သီရိပျံချီဘွဲ့ရ
*၁၉၇၅ တွင်အိုဆာကာနိုင်ငံခြားဘာသာသင်ဧည့်ပါမောက္ခ
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
၁၉၀၉ ခု ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဟံသာဝတီခရိုင်
ကွမ်းခြံကုန်းမြို့၌ဖွားမြင်သည်။မိဖများမှာ ဦးလွန်းပင်နှင့်
ဒေါ်မိတို့ ဖြစ်သည်။
မြန်မာစာကို ၇ နှစ်သားအရွယ်မှ စတင် သင်ယူခဲ့သည်။
ငယ်စဥ် က ရွှေကျင်ကျောင်းတိုက် (ကြားကျောင်း)၊အမျိုးသားကျောင်းတို့တွင် သင်ယူခဲ့သည်။၁၉၂၃ တွင်
ရန်ကုန်မြို့ စိန်ဂျွန်းကျောင်းသို့ပြောင်းသည်။၁၉၂၆ တွင်
သတ္တမတန်းအောင်ပြီး စကောလားရှစ်ရသည်။၁၉၂၉ တွင်
ဆယ်တန်းစာမေးပွဲကို ပထဝီဘာသာဂုဏ်ထူးနှင့်အောင်သည်။
၁၉၃၃ တွင်မြန်မာစာဝိဇ္ဇာဂုဏ်ထူးတန်းကို ပထမတန်းကအောင်သည်။၁၉၃၅ တွင်မဟာဝိဇ္ဇာဘွဲ့ရသည်။၁၉၃၆
တွင် အင်္ဂလန်နိုင်ငံ အောက်စဖို့ တက္ကသိုလ်မှ ဘီလစ်
(B.Litt) ဘွဲ့ရသည်။၁၉၃၈-၃၉ တွင်လန်ဒန်တက္ကသိုလ်မှ
အဘိဓါန်ပြုစုနည်း( Lexicography) ပညာဆည်းပူးခဲ့သည်။၁၉၅၂ တွင် ယေး( Yale) တက္ကသိုလ်၌ ၆လခန့်
ဘာသာဗေဒပညာသင်ယူသည်။
၁၉၃၅ တွင် ရန်ကုန်တက္ကသိုလ်၌ မြန်မာစာနည်းပြ၊ ၁၉၃၉ တွင်လက်ထောက်ကထိက၊၁၉၄၂-၄၅ တွင်မြန်မာနိုင်ငံပညာတံခွန်အသင်း အဘိဓါန်ဌာနစာတည်း၊
၁၉၄၅-၄၆ တွင် မဂိုလမ်း အရေးပေါ်တက္ကသိုလ် မြန်မာစာလက်ထောက် ကထိက၊၁၉၄၈ တွင် ရန်ကုန်တက္ကသိုလ်
ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန ၊ဌာနမှူး( စာတည်းမှူး)တာဝန် ထမ်းဆောင်သည်။
၁၉၆၁-၆၂ တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ၊၁၉၆၂ မှ ၆၈ အထိ မူလဌာန ၊စာတည်းမှူး တာဝန်ထမ်းဆောင်သည်။ဆရာသည် ဝဏ္ဏကျော်ထင်ဘွဲ့ (၁၉၅၁)နှင့်သီရိပျံချီဘွဲ့ (၁၉၆၂)တို့ချီးမြှင့်ခံရသည်။
၁၉၇၅ မှ ၁၉၇၉အထိ အိုဆာကာမြို့၊နိုင်ငံခြားဘာသာတက္ကသိုလ်၌ မြန်မာစာဧည့်ပါမောက္ခ တာဝန်ထမ်းဆောင် သည်။ဂျပန်ပညာရှင်များနှင့်တွဲ၍လည်း စာအုပ်စာတမ်းများပြုစုခဲ့သည်။
ဆရာသည် ပထမဆုံး ခေတ်သစ်ကလေးကဗျာဆရာ ဖြစ််သည်။၁၉၃၄ ခေတ်စမ်းစာပေလှုပ်ရှားမှု၌ ပါဝင်ခဲ့သည်။ကဗျာ ၁၈ -ပုဒ်၊ပုံပြင် ၉ -ပုဒ် ရွေးချယ် ဖော်ပြခြင်းခံရသည်။
ထင်ရှားကျော်ကြားသော စာပေလက်ရာအချို့ကိုတင်ပြ
ပါသည်။
တက္ကသိုလ် မြန်မာအဘိဓါန် ၅ ပိုင်း (က မှဆ အထိ)၊
သုံးပွင့်ဆိုင် ခေတ်စမ်းစာပေ၊ပန်းနှင့်ပင်စည်။သပြေညိုနှင့်
အခြားကဗျာများ၊ပျဥ်းမငုတ်တို၊ရေချမ်းစင်၊အင်းလျားကန် သို့ အိုကူးတို့၊မောင်ခွေးဖို့ ကလေးကဗျာများ၊ဟိုက္ကူကဗျာမြည်းစရာ၊ကဗျာ့ပရိယာယ်၊ခရီးသည်၊ဝတ္တုပေါင်းချုပ်၊ကလေးပုံပြင် (ဘာသာပြန်)၊ဓမ္မပဒ၊ငါးရားငါးဆယ် ဇာတ်ပင်လယ်၊လီယာမင်းကြီး၊မိုးပေါ်မှာကြယ်တစ်လုံး၊သဘာဝပြက္ခဒိန် စသည်တို့ကိုရေးသားခဲ့သည်။ သုတရသ ဘာသာပြန် စသည် ဖြင့် စာမျိုးစုံ သည်။
ဆရာသည် ၂၀၀၄ ခုနှစ် ဩဂုတ်လ ၁၅ ရက်တွင် ဘဝတစ်ပါးသို့ ပြောင်းသွား ကွယ်လွန်ခဲ့သည်။
ဆရာ့ ကလေးကဗျာလာ ဆွမ်းအုပ်နီနီ ရွက်ပြီး ကျောင်းထွက်နေကြပြီ(၁၉၃၁)။တောင်ကုန်းရွာသာစခန်းက အလှူဗြောသံ(၁၉၃၅)လည်းနိုင်ငံအဝန်း ပျံ့နေပြီ။ဝ ထ က လ သ သက်ကြီးစာအံသံမှာလည်း နိုင်ငံတစ်နံတစ်လျားညံပေပြီ။သူ့မှာတမ်း ကဗျာ(၁၉၆၃)မှအလွမ်းမျက်ရည် သည် အားမာန်မျက်ရည် ဖြစ်နေပြီ။ပျဥ်းမငုတ်တိုကဗျာ(၁၉၄၉)ကိုရွတ်ပြီး လေပြေထဲတွင် ငယ်ရုပ်ဆင်လိုကြပြီ။ရောင်နီမှာ အောင်စည်ရွမ်းချင်ကြပြီ(၁၉၃၈)။ဆရာ့ကိုပြည်မြန်မာ၏စာဆိုအဖြစ် သိမှတ်နေကြပြီ။
ကျော်ကြားသော ဆရာ့စာများသည် ကမ္ဘာပတ်နေပြီဟုသာ။

၂ ။ လူထုဒေါ်အမာ

“ပြည်သူ ချစ်တဲ့ အနုပညာရှင်ဆိုတာ…”

(အသံဖိုင်ဖွင့် နားထောင်ရန်)

https://drive.google.com/open?id=1JWhCLOSg5Y1WEKt86ikRgYc4Puu3ePGj

၂၀၁၆ခုနှစ် နို၀င်ဘာ ၂၉ ရက်နေ့ဟာ စာရေးဆရာ သတင်းစာဆရာမကြီး လူထုဒေါ်အမာ ၁၀၁နှစ်ပြည့်မြောက်တဲ့ မင်္ဂလာအခါသမယဖြစ်ပါတယ်။ အလားတူ ဒီနှစ် ၂၀၁၆ဟာ ၁၉၆၄ခုနှစ် မေလမှာ ထုတ် ဝေခဲ့တဲ့ လူထုဒေါ်အမာရဲ့ “ပြည်သူချစ်သော အနု ပညာသည်များ”စာအုပ် ၅၂ နှစ် တင်းတင်းပြည့်တဲ့နှစ်လည်းဖြစ်ပါတယ်။ “ရွှေရတုလွန်နှစ်” လို့ ပြောရမှာပေါ့။ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်ဟာ သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ အထင်ရှားဆုံး စာအုပ်တစ်အုပ်ဖြစ်တယ်။ ဒီစာအုပ်မှာ မန္တလေးရတနာပုံခေတ်က မွေးဖွားပေးလိုက်တဲ့ အငြိမ့်မင်းသမီးကြီး မထွေးလေးအကြောင်း၊ ရတနာပုံခေတ်မှသည် ကိုလိုနီခေတ်ဦးတိုင် ထင်ရှားကျော်ကြားခဲ့တဲ့ ရုပ်သေးမင်းသမီးကြီး ဆရာပုအကြောင်း အလားတူ မြခြေ ကျင်၊ မငွေမြိုင်၊ ကောလိပ်စိန်၊ ရွာစားကြီး စိန်ဗေဒါ၊ နန်းတော်ရှေ့ဆရာတင်၊ လေဘာတီမမြရင်နှင့် မြို့မငြိမ်းတို့အကြောင်းကို “သုတ၊ ၇သ” ပါအောင် ထဲထဲ၀င်၀င် ရေးသားပြုစုထားပါတယ်။

ဒီစာအုပ်ထဲမှာ ပါရှိတဲ့ အနုပညာသည်များရဲ့အကြောင်းကို ဆရာမကြီး လူထုဒေါ်အမာက မန်းရာပြည့်စာစောင်မှာလည်း ရေးသားခဲ့တယ်။ လူထုဂျာနယ်မှာလည်း ရေးသားခဲ့ပြီးသားပါ။ နောက်တော့ လိုအပ်တာတွေ ထပ်မံ ဖြည့်စွက်ပြင်ဆင်ပြီး ၁၉၆၄ ခုနှစ် မေလ ၂၁ ရက်နေ့မှာပဲ ပထမအကြိမ် ပုံနှိပ်ခြင်းအဖြစ် အုပ်ရေ ၃၅၀၀ ကို စတင်ထုတ်ဝေ ဖြန့်ချိလိုက်တာဖြစ်ပါတယ်။ စာအုပ် ထုတ်ဝေတဲ့ ၁၉၆၄ ခုနှစ်ဆိုတာ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်မှာ တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီး ပုဂ္ဂလိကပိုင် အများစုကို ပြည်သူပိုင်သိမ်းရုံမက အဲဒီနှစ် မေလ ၁၇ ရက်နေ့မှာပဲ လက်ရှိထုတ်ဝေထားတဲ့ ငွေစက္ကူတွေ တရားမ၀င်ကြောင်း ကြေညာထားတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဆိုလိုတာက နိုင်ငံရေးအရလည်း မတည်ငြိမ် …၊ စီးပွားရေးအရလည်း ချွတ်ခြုံကျနေတဲ့ ကာလလို့ ပြောရ မှာပေါ့။ ဒါပေမယ့် ရက် ၂၀ အတွင်း ဒီစာအုပ်က အုပ်ရေ ၃၅၀၀ ပြိုက်ခနဲ ကုန်သွားပါသတဲ့။ ဒါကြောင့် နောက် ၄လအကြာ စက်တင်ဘာမှာ ဒုတိယအကြိမ် ပြန်ရိုက်ရတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။ အဲဒီအချိန် နိုင်ငံတော်မှာ အမြင့်ဆုံးစာပေဆုဖြစ်တဲ့ “ယဉ် ကျေးမှုအနုပညာဆိုင်ရာစာပေ” ပထမဆုကိုလည်း ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ နောက်ထပ် ဒီစာအုပ်ကိုပဲ ၁၉၆၇ ခုနှစ် ဇူလိင်လမှာ တစ်ကြိမ်၊ ၁၉၇၄ ခုနှစ်မှာ တစ်ကြိမ်နှင့် ၁၉၉၇ ဒီဇင်ဘာမှာ တစ်ကြိမ်နှင့် ငါးကြိမ်တိုင်တိုင် ပုံနှိပ်ထုတ်ဝြေပီးပါပြီ။

“ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်ကို ပရိသတ်က ဘာလို့ ကြိုက်နှစ်သက်ကြတာလဲ ..။
မြန်မာလူမျိုးတွေက ရုပ်သေး၊ ဇာတ်၊ အငြိမ့်၊ ဆိုင်းနှင့် သီချင်းဂီတတွေကို မက်မောခုံမင်ကြပါတယ်။ ဒါမျှမက … ဒီလို အနု ပညာရှင်တွေကိုလည်း လေးစားတန်ဖိုးထားကြပါတယ်။ သူတို့အနုပညာ၊ သူတို့အကြောင်းကို သိလိုကြတယ်။ မှတ်သားလိုကြတယ်။ ဒီလိုအပ်မှုကို “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်က ဖြည့်ဆည်းပေးလိုက်တာပါပဲ။ ဒီစာအုပ်မှာ ရေးသားဖော်ပြခဲ့တဲ့ “အနုပညာသည်များ” … ဆိုတာကလည်း အဟုတ်တကယ်လည်း ပြည်သူလူထုက ချစ်မြတ်နိုးခဲ့ကြတာပါ။ သူတို့အကြောင်းကိုများ ပြန်ပြောရရင် ထမင်းမေ့ဟင်းမေ့ ဆိုတာမျိုးပေါ့ ..။ ပရိသတ်ဆီက ကြားရတဲ့ သူတို့အကြောင်းတွေက ထောင့်စုံ၊ ကဏ္ဍစုံတယ်။ အနု ပညာအကြောင်းပြောမယ်…။ သူတို့ မြင်တွေ့တာ ပြောမယ်။ သူတို့သိတဲ့ အနုပညာရှင်ရဲ့ ဘ၀ဇာတ်လမ်းပြေမယ်။ သူတို့ ကြားဖူးတဲ့ အနုပညာရှင်ရဲ့ အနုပညာပုံရိပ်တွေအကြောင်း ပြောမယ်။ ဒါတွေက ကုန်ကြမ်းတွေပါပဲ။ ဒီကုန်ကြမ်းတွေကို ပညာရှင်အချင်းချင်းရဲ့ အမြင်တွေ၊ လုပ်ဖော်ကိုင်ဖက် ပညာရှင်များရဲ့ သုံးသပ်ချက်တွေနဲ့ ချိန်ထိုးရတာပေါ့။ ဆက်စပ်ရတာပေါ့။ ဒီထက် ပိုအရေးပါတာက စာရေးသူရဲ့ ရပ်တည်ချက်အမြင်နှင့် သဘောထားပါပဲ။

“ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်မှာ ပရိသတ်အလွှာပေါင်းစုံရဲ့ အသံတွေ ပါတယ်။ ပညာရှင်တွေရဲ့ အတွေ့ အကြုံ အသိအမြင်တွေ ပါတယ်။ စာရေးသူရဲ့ ခေတ်ကာလနှင့် ဆက်စပ်ပြီး မှန်ကန်တဲ့ သုံးသပ်ချက်တွေ ပါတယ်။ ပရိသတ်အသံကို အခြေခံလို့ တကယ့်လူထုစကားလုံးတွေ၊ ဒေသိယစကားတွေ …၊ သဘင်သုံးစကားလုံးတွေ ဖတ်မှတ်ရတယ်။ ပညာရှင်တွေ အသိ အမြင်ပါတာမို့ ပညာရပ်ဆိုင်ရာ စကားလုံးတွေသာမက ပညာပိုင်းဆိုင်ရာ ကောက်နုတ်တင်ပြမှုတွေလည်း ဖတ်မှတ်ရတာပါ။ ဒီလို အရပ်သုံး၊ ပညာရှင်သုံး စကားလုံးအကြောင်းအရာတွေမှာ စာရေးသူရဲ့ အမြင်ကြောင့် ခေတ်ကာလရဲ့ နောက်ခံကားချပ်တွေကိုပါ၊ ကျွဲကူးရေပါ လေ့လာမြင်တွေ့ရပါတော့တယ်။

ကျွန်တော့် စာဖတ်ခြင်းဓလေ့မှာ စွဲစွဲနစ်နစ်နှင့် ပထမဆုံး ဖတ်ခွင့်ရခဲ့တာ … ဒီစာအုပ်ပါ။ အဲဒီကာလအချိန်မှာတော့ အနု ပညာသည်တွေရဲ့ ဇာတ်ကြောင်းကိုပဲ ဖတ်တာ၊ ကြိုက်တာပေါ့။ ကိုယ်လည်း ကြားဖူး၊ နှုတ်ဖျားမှာ သီဆိုဖူးတဲ့ သီချင်းစာသားတွေနှင့် သီချင်းရဲ့ ကြောင်းရင်း နောက်ခံဗျူပ္ပတ်တွေကို သိလိုက်ရတော့ စာအုပ်ကို လက်က မချချင်ဖြစ်ခဲ့ရတယ်။ ဒါကြောင့် ဒီစာအုပ်ကို အကြိမ်ကြိမ် ပြန်ဖတ်မိတယ်။ အကြိမ်ကြိမ်ဖတ်ပါများလာတော့ အနုပညာနှင့် ပတ်သက်တဲ့ ပညာရပ်ဆိုင်ရာတွေ၊ အသုံးအနှုန်းတွေ ကို သတိထားမိ၊ လေ့လာမှတ်သားမိလာပြန်ပါတယ်။

ဥပမာ ဆိုပါတော့ …။ ပထမအကြိမ်ဖတ်စဉ်က …
“ကသစ်ပန်းဟူ၍ ယနေ့ခေါ်နေကြသည့် ဤသခွတ်ပန်းသီချင်းတွင် “သခွတ်ပွင့်ချိန်၊ အသူရှိန်၊ ၀တိ ံသာသို့ဆင်း” သည့် အခါ သမက်နှင့် ယောက္ခမ၊ သိကြားနှင့် အသူရာတို့ စစ်ခင်းကြသဖြင့် မိုးရွာသည့် အကြောင်းကို ဖွဲ့ဆိုထားလေသည်။ ဤအဖွဲ့တွင် ဆရာငြိမ်းသည် ခပ်ခံ့ခံ့ ခပ်ထည်ထည် စတင်ရေးဖွဲ့လာပြီးမှ အပြီးသတ်တွင် ကိုယ့်ပန်းချီကားကို ကိုယ်ခြစ်ပစ်သည့် ပန်းချီဆရာကဲ့ သို့ “ယောက္ခမဆိုတာ တည့်အောင်ပေါင်း ကျောင်းကိုထုတ် ဥပုသ်ရက်ရည်စောင့်ခိုင်းမှာ” ဟူသော အသောတစ်ခုနှင့် ပြန်၍ ဖျက် ထားလေသည်… ဆိုတာမျိုးကို ကြိုက်တယ်။

နောက် … ဒုတိယအကြိမ်၊ တတိယအကြိမ် ပြန်လှန်ဖတ်လိုက်တော့ …
“… သီချင်းတစ်ပုဒ်၌ (၁)ရေးဖွဲ့သည့် အကြောင်းအရာနှင့် အတွေးအခေါ်၊ (၂)ရွေးချယ်သီကုံးသည့် စကားလုံး၊ (၃) တေး သီချင်း၏ အသွားအလိုက်နှင့် တီးကွက်ဟူ၍ ၃ပိုင်း ရှိပေသည်။ ဤသုံးပိုင်းစလုံးတွင် ကြာရှည်စွာ တည်တံ့နိုင်သည့် အရည်အသွေး ပါရှိမှ သီချင်းတစ်ပုဒ်သည် နှစ်ကာလ ကြာညောင်းအောင် လူတွေက မြတ်နိုးစုံမက်စွာ သီဆိုနိုင်ပေသည်။ ဆရာငြိမ်း ရေးစပ်သည့် သီချင်းကလေးတွေ၌ သီချင်းအပုဒ် တော်တော်များများသည် ဖော်ပြပါအရည်အသွေးသုံးရပ်စလုံးနှင့် ပြည့်စုံသည်ကို တွေ့ရပါမည်။” … ဆိုတဲ့ ပညာရပ်ဆိုင်ရာ အချက်အလက်များကို မှတ်သား နှစ်သက်လာပါတယ်။

နောက်ပိုင်း … ဒီစာအုပ်ကို အချိန်ရတိုင်း ပြန်ဖတ်မိ …၊ ကြားဖူးတဲ့ အချက်အလက်တွေနှင့် ပြန်လည်တိုက်ဆိုင်လိုလို့ ဒီစာ အုပ်ကို ပြန်လှန် ရှာဖွေမိလာတော့ …
“မြို့မဆရာငြိမ်းကို ပြည်သူက သိသည်မှာ သီချင်းရေးဆရာဟူ၍သာ သိကြသည်။ သို့သော် ဆရာငြိမ်း၏ ရည်မှန်းချက်နှင့် သူ့တစ်သက်လုံး အချိန်ပြည့် ကြိုးပမ်းသွားမှုသည် မြန်မာ့ဂီတကို ကမ္ဘာ့ဂီတအဆင့်သို့ မြှင့်တင်နိုင်ရေး တိုးမြှင့်စေရန် (Symphony) ခေါ် မြန်မာသံစုံတီးဝိုင်းကြီး တစ်ဝိုင်း ဖွဲ့စည်းနိုင်ရေးသာလျှင် ဖြစ်လေသည်။
ဤရည်မှန်းချက် အောင်မြင်ရေးအတွက် ဆရာက သူ့တွင် ရှိသမျှ အင်အားနှင့် အစွမ်းအစကို သွန်လှဲ၍ သုံးသည်။ သူ့တစ် သက်လုံး ဇွဲနဘဲကြီးနှင့် မဖြစ်မနေ ကြိုးစားသည်။ အဆင်းရဲအမျိုးမျိုးကို ဆရာက မတုန်မလှုပ်ခံသည်။ ငတ်ပြတ်မှုကို ရင်ဆိုင်သည်.. သို့ရာတွင် ဆရာ့ရည်မှန်းချက်ကြီး မအောင်မြင်မီ လှေပြေးတုန်း တက်ကျိုးရသလို ဆရာငြိမ်းသည် “သူ့ခေါင်းဖြတ်ယူလိုသူ” တို့၏ ဒဏ်ကို ဆက်လက်မခံနိုင်တော့သဖြင့် သူ့ကိုယ်သူ သတ်သေလိုက်ခြင်းဖြင့် အရင်းရှင်စံနစ်အတွက် အစတေး ခံသွားရှာရလေ သည်။” …ဆိုတဲ့ အချက်အလက်မျိုးကို ပိုမိုစိတ်၀င်စားလာတော့တယ်။ ဆင်ဖိုနီမှသည် အရင်းရှင်စံနစ်အထိ စဉ်းစားသုံးသပ်ရတာ ပေါ့။

ဒါကြောင့် “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်ကြောင့် သုခမပညာကို မြတ်နိုးလာတယ်။ ယဉ်ကျေးမှုကို တန်ဖိုး ထားလာတယ်။အနုပညာရှင်တွေကို ချစ်မြတ်နိုးလာတယ်။ ဒီအနုပညာရှင်တွေ ဘယ်လိုခေတ်ကို ဖြတ်သန်းလာကြရပြီး၊ ဘာကြောင့် ပြည်သူတွေက တသသ ချစ်မြတ်နိုးလာကြသလဲဆိုတာ သဘောပေါက်လာမိတယ်။

အခုတစ်လော … မီဒီယာတွေမှာ … မကြားဖူးတဲ့ နာမည်တွေကအစ …၊ မကြားတစ်ချက် ကြားတစ်ချက် နာမည်တွေ အလယ် …၊ ထင်ရှားကျော်ကြားတဲ့ နာမည်တွေအဆုံး “အနုပညာရှင်” လို့ တွင်တွင်သုံးရာမက ..၊ အချို့မီဒီယာတွေကများ အနှီ ပုဂ္ဂိုလ်များကို “ပြည်သူချစ်သော …” လို့ ခပ်လွယ်လွယ် ကမ္ပည်းတင်လိုက်ကြလေတော့ … ဒေါ်ဒေါ်လူထုဒေါ်အမာ သုံးသပ်ပြတဲ့ “ပြည်သူချစ်သော …” ဆိုတဲ့ စံနှင့် တိုင်းမိလေတိုင်း …၊ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်နှင့်အတူ ပြည်သူ့ဖက်က အစဉ်အမြဲရပ်တည်တဲ့ ပြည်သူချစ်သော သတင်းစာဆရာ စာရေးဆရာမကြီး လူထုဒေါ်အမာကို အကြိမ် အကြိမ်ဦးချ ကန်တော့မိပါတော့တယ်။

ဆူးငှက်

ပြည်သူ ချစ်တဲ့ အနုပညာရှင်ဆိုတာ…( လူထုဒေါ်အမာလွန် ၁၂နှစ်ပြည့် ဂါရဝ)

https://drive.google.com/open?id=1JWhCLOSg5Y1WEKt86ikRgYc4Puu3ePGj ၂၀၁၆ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ဟာ စာရေးဆရာ သတင်းစာဆရာမကြီး လူထုဒေါ်အမာ ၁၀၁နှစ်ပြည့်မြောက်တဲ့ မင်္ဂလာအခါသမယဖြစ်ပါတယ်။ အလားတူ ဒီနှစ် ၂၀၁၆ဟာ ၁၉၆၄ခုနှစ် မေလမှာ ထုတ် ဝေခဲ့တဲ့ လူထုဒေါ်အမာရဲ့ “ပြည်သူချစ်သော အနု ပညာသည်များ”စာအုပ် ၅၂ နှစ် တင်းတင်းပြည့်တဲ့နှစ်လည်းဖြစ်ပါတယ်။ “ရွှေရတုလွန်နှစ်” လို့ ပြောရမှာပေါ့။ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်ဟာ သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ အထင်ရှားဆုံး စာအုပ်တစ်အုပ်ဖြစ်တယ်။ ဒီစာအုပ်မှာ မန္တလေးရတနာပုံခေတ်က မွေးဖွားပေးလိုက်တဲ့ အငြိမ့်မင်းသမီးကြီး မထွေးလေးအကြောင်း၊ ရတနာပုံခေတ်မှသည် ကိုလိုနီခေတ်ဦးတိုင် ထင်ရှားကျော်ကြားခဲ့တဲ့ ရုပ်သေးမင်းသမီးကြီး ဆရာပုအကြောင်း အလားတူ မြခြေ ကျင်၊ မငွေမြိုင်၊ ကောလိပ်စိန်၊ ရွာစားကြီး စိန်ဗေဒါ၊ နန်းတော်ရှေ့ဆရာတင်၊ လေဘာတီမမြရင်နှင့် မြို့မငြိမ်းတို့အကြောင်းကို “သုတ၊ ၇သ” ပါအောင် ထဲထဲဝင်ဝင် ရေးသားပြုစုထားပါတယ်။

ဒီစာအုပ်ထဲမှာ ပါရှိတဲ့ အနုပညာသည်များရဲ့အကြောင်းကို ဆရာမကြီး လူထုဒေါ်အမာက မန်းရာပြည့်စာစောင်မှာလည်း ရေးသားခဲ့တယ်။ လူထုဂျာနယ်မှာလည်း ရေးသားခဲ့ပြီးသားပါ။ နောက်တော့ လိုအပ်တာတွေ ထပ်မံ ဖြည့်စွက်ပြင်ဆင်ပြီး ၁၉၆၄ ခုနှစ် မေလ ၂၁ ရက်နေ့မှာပဲ ပထမအကြိမ် ပုံနှိပ်ခြင်းအဖြစ် အုပ်ရေ ၃၅၀၀ ကို စတင်ထုတ်ေ၀ ဖြန့်ချိလိုက်တာဖြစ်ပါတယ်။ စာအုပ် ထုတ်ဝေတဲ့ ၁၉၆၄ ခုနှစ်ဆိုတာ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်မှာ တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီး ပုဂ္ဂလိကပိုင် အများစုကို ပြည်သူပိုင်သိမ်းရုံမက အဲဒီနှစ် မေလ ၁၇ ရက်နေ့မှာပဲ လက်ရှိထုတ်ဝေထားတဲ့ ငွေစက္ကူတွေ တရားမဝင်ကြောင်း ကြေညာထားတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဆိုလိုတာက နိုင်ငံရေးအရလည်း မတည်ငြိမ် …၊ စီးပွားရေးအရလည်း ချွတ်ခြုံကျနေတဲ့ ကာလလို့ ပြောရ မှာပေါ့။ ဒါပေမယ့် ရက် ၂၀ အတွင်း ဒီစာအုပ်က အုပ်ရေ ၃၅၀၀ ပြိုက်ခနဲ ကုန်သွားပါသတဲ့။ ဒါကြောင့် နောက် ၄လအကြာ စက်တင်ဘာမှာ ဒုတိယအကြိမ် ပြန်ရိုက်ရတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။ အဲဒီအချိန် နိုင်ငံတော်မှာ အမြင့်ဆုံးစာပေဆုဖြစ်တဲ့ “ယဉ် ကျေးမှုအနုပညာဆိုင်ရာစာပေ” ပထမဆုကိုလည်း ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ နောက်ထပ် ဒီစာအုပ်ကိုပဲ ၁၉၆၇ ခုနှစ် ဇူလိင်လမှာ တစ်ကြိမ်၊ ၁၉၇၄ ခုနှစ်မှာ တစ်ကြိမ်နှင့် ၁၉၉၇ ဒီဇင်ဘာမှာ တစ်ကြိမ်နှင့် ငါးကြိမ်တိုင်တိုင် ပုံနှိပ်ထုတ်ဝေပြီးပါပြီ။

“ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်ကို ပရိသတ်က ဘာလို့ ကြိုက်နှစ်သက်ကြတာလဲ ..။
မြန်မာလူမျိုးတွေက ရုပ်သေး၊ ဇာတ်၊ အငြိမ့်၊ ဆိုင်းနှင့် သီချင်းဂီတတွေကို မက်မောခုံမင်ကြပါတယ်။ ဒါမျှမက … ဒီလို အနု ပညာရှင်တွေကိုလည်း လေးစားတန်ဖိုးထားကြပါတယ်။ သူတို့အနုပညာ၊ သူတို့အကြောင်းကို သိလိုကြတယ်။ မှတ်သားလိုကြတယ်။ ဒီလိုအပ်မှုကို “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်က ဖြည့်ဆည်းပေးလိုက်တာပါပဲ။ ဒီစာအုပ်မှာ ရေးသားဖော်ပြခဲ့တဲ့ “အနုပညာသည်များ” … ဆိုတာကလည်း အဟုတ်တကယ်လည်း ပြည်သူလူထုက ချစ်မြတ်နိုးခဲ့ကြတာပါ။ သူတို့အကြောင်းကိုများ ပြန်ပြောရရင် ထမင်းမေ့ဟင်းမေ့ ဆိုတာမျိုးပေါ့ ..။ ပရိသတ်ဆီက ကြားရတဲ့ သူတို့အကြောင်းတွေက ထောင့်စုံ၊ ကဏ္ဍစုံတယ်။ အနု ပညာအကြောင်းပြောမယ်…။ သူတို့ မြင်တွေ့တာ ပြောမယ်။ သူတို့သိတဲ့ အနုပညာရှင်ရဲ့ ဘဝဇာတ်လမ်းပြေမယ်။ သူတို့ ကြားဖူးတဲ့ အနုပညာရှင်ရဲ့ အနုပညာပုံရိပ်တွေအကြောင်း ပြောမယ်။ ဒါတွေက ကုန်ကြမ်းတွေပါပဲ။ ဒီကုန်ကြမ်းတွေကို ပညာရှင်အချင်းချင်းရဲ့ အမြင်တွေ၊ လုပ်ဖော်ကိုင်ဖက် ပညာရှင်များရဲ့ သုံးသပ်ချက်တွေနဲ့ ချိန်ထိုးရတာပေါ့။ ဆက်စပ်ရတာပေါ့။ ဒီထက် ပိုအရေးပါတာက စာရေးသူရဲ့ ရပ်တည်ချက်အမြင်နှင့် သဘောထားပါပဲ။

“ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်မှာ ပရိသတ်အလွှာပေါင်းစုံရဲ့ အသံတွေ ပါတယ်။ ပညာရှင်တွေရဲ့ အတွေ့ အကြုံ အသိအမြင်တွေ ပါတယ်။ စာရေးသူရဲ့ ခေတ်ကာလနှင့် ဆက်စပ်ပြီး မှန်ကန်တဲ့ သုံးသပ်ချက်တွေ ပါတယ်။ ပရိသတ်အသံကို အခြေခံလို့ တကယ့်လူထုစကားလုံးတွေ၊ ဒေသိယစကားတွေ …၊ သဘင်သုံးစကားလုံးတွေ ဖတ်မှတ်ရတယ်။ ပညာရှင်တွေ အသိ အမြင်ပါတာမို့ ပညာရပ်ဆိုင်ရာ စကားလုံးတွေသာမက ပညာပိုင်းဆိုင်ရာ ကောက်နုတ်တင်ပြမှုတွေလည်း ဖတ်မှတ်ရတာပါ။ ဒီလို အရပ်သုံး၊ ပညာရှင်သုံး စကားလုံးအကြောင်းအရာတွေမှာ စာရေးသူရဲ့ အမြင်ကြောင့် ခေတ်ကာလရဲ့ နောက်ခံကားချပ်တွေကိုပါ၊ ကျွဲကူးရေပါ လေ့လာမြင်တွေ့ရပါတော့တယ်။

ကျွန်တော့် စာဖတ်ခြင်းဓလေ့မှာ စွဲစွဲနစ်နစ်နှင့် ပထမဆုံး ဖတ်ခွင့်ရခဲ့တာ … ဒီစာအုပ်ပါ။ အဲဒီကာလအချိန်မှာတော့ အနု ပညာသည်တွေရဲ့ ဇာတ်ကြောင်းကိုပဲ ဖတ်တာ၊ ကြိုက်တာပေါ့။ ကိုယ်လည်း ကြားဖူး၊ နှုတ်ဖျားမှာ သီဆိုဖူးတဲ့ သီချင်းစာသားတွေနှင့် သီချင်းရဲ့ ကြောင်းရင်း နောက်ခံဗျူပ္ပတ်တွေကို သိလိုက်ရတော့ စာအုပ်ကို လက်က မချချင်ဖြစ်ခဲ့ရတယ်။ ဒါကြောင့် ဒီစာအုပ်ကို အကြိမ်ကြိမ် ပြန်ဖတ်မိတယ်။ အကြိမ်ကြိမ်ဖတ်ပါများလာတော့ အနုပညာနှင့် ပတ်သက်တဲ့ ပညာရပ်ဆိုင်ရာတွေ၊ အသုံးအနှုန်းတွေ ကို သတိထားမိ၊ လေ့လာမှတ်သားမိလာပြန်ပါတယ်။

ဥပမာ ဆိုပါတော့ …။ ပထမအကြိမ်ဖတ်စဉ်က …
“ကသစ်ပန်းဟူ၍ ယနေ့ခေါ်နေကြသည့် ဤသခွတ်ပန်းသီချင်းတွင် “သခွတ်ပွင့်ချိန်၊ အသူရှိန်၊ ဝတိ ံသာသို့ဆင်း” သည့် အခါ သမက်နှင့် ယောက္ခမ၊ သိကြားနှင့် အသူရာတို့ စစ်ခင်းကြသဖြင့် မိုးရွာသည့် အကြောင်းကို ဖွဲ့ဆိုထားလေသည်။ ဤအဖွဲ့တွင် ဆရာငြိမ်းသည် ခပ်ခံ့ခံ့ ခပ်ထည်ထည် စတင်ရေးဖွဲ့လာပြီးမှ အပြီးသတ်တွင် ကိုယ့်ပန်းချီကားကို ကိုယ်ခြစ်ပစ်သည့် ပန်းချီဆရာကဲ့ သို့ “ယောက္ခမဆိုတာ တည့်အောင်ပေါင်း ကျောင်းကိုထုတ် ဥပုသ်ရက်ရည်စောင့်ခိုင်းမှာ” ဟူသော အသောတစ်ခုနှင့် ပြန်၍ ဖျက် ထားလေသည်… ဆိုတာမျိုးကို ကြိုက်တယ်။

နောက် … ဒုတိယအကြိမ်၊ တတိယအကြိမ် ပြန်လှန်ဖတ်လိုက်တော့ …
“… သီချင်းတစ်ပုဒ်၌ (၁)ရေးဖွဲ့သည့် အကြောင်းအရာနှင့် အတွေးအခေါ်၊ (၂)ရွေးချယ်သီကုံးသည့် စကားလုံး၊ (၃) တေး သီချင်း၏ အသွားအလိုက်နှင့် တီးကွက်ဟူ၍ ၃ပိုင်း ရှိပေသည်။ ဤသုံးပိုင်းစလုံးတွင် ကြာရှည်စွာ တည်တံ့နိုင်သည့် အရည်အသွေး ပါရှိမှ သီချင်းတစ်ပုဒ်သည် နှစ်ကာလ ကြာညောင်းအောင် လူတွေက မြတ်နိုးစုံမက်စွာ သီဆိုနိုင်ပေသည်။ ဆရာငြိမ်း ရေးစပ်သည့် သီချင်းကလေးတွေ၌ သီချင်းအပုဒ် တော်တော်များများသည် ဖော်ပြပါအရည်အသွေးသုံးရပ်စလုံးနှင့် ပြည့်စုံသည်ကို တွေ့ရပါမည်။” … ဆိုတဲ့ ပညာရပ်ဆိုင်ရာ အချက်အလက်များကို မှတ်သား နှစ်သက်လာပါတယ်။

နောက်ပိုင်း … ဒီစာအုပ်ကို အချိန်ရတိုင်း ပြန်ဖတ်မိ …၊ ကြားဖူးတဲ့ အချက်အလက်တွေနှင့် ပြန်လည်တိုက်ဆိုင်လိုလို့ ဒီစာ အုပ်ကို ပြန်လှန် ရှာဖွေမိလာတော့ …
“မြို့မဆရာငြိမ်းကို ပြည်သူက သိသည်မှာ သီချင်းရေးဆရာဟူ၍သာ သိကြသည်။ သို့သော် ဆရာငြိမ်း၏ ရည်မှန်းချက်နှင့် သူ့တစ်သက်လုံး အချိန်ပြည့် ကြိုးပမ်းသွားမှုသည် မြန်မာ့ဂီတကို ကမ္ဘာ့ဂီတအဆင့်သို့ မြှင့်တင်နိုင်ရေး တိုးမြှင့်စေရန် (Symphony) ခေါ် မြန်မာသံစုံတီးဝိုင်းကြီး တစ်ဝိုင်း ဖွဲ့စည်းနိုင်ရေးသာလျှင် ဖြစ်လေသည်။
ဤရည်မှန်းချက် အောင်မြင်ရေးအတွက် ဆရာက သူ့တွင် ရှိသမျှ အင်အားနှင့် အစွမ်းအစကို သွန်လှဲ၍ သုံးသည်။ သူ့တစ် သက်လုံး ဇွဲနဘဲကြီးနှင့် မဖြစ်မနေ ကြိုးစားသည်။ အဆင်းရဲအမျိုးမျိုးကို ဆရာက မတုန်မလှုပ်ခံသည်။ ငတ်ပြတ်မှုကို ရင်ဆိုင်သည်.. သို့ရာတွင် ဆရာ့ရည်မှန်းချက်ကြီး မအောင်မြင်မီ လှေပြေးတုန်း တက်ကျိုးရသလို ဆရာငြိမ်းသည် “သူ့ခေါင်းဖြတ်ယူလိုသူ” တို့၏ ဒဏ်ကို ဆက်လက်မခံနိုင်တော့သဖြင့် သူ့ကိုယ်သူ သတ်သေလိုက်ခြင်းဖြင့် အရင်းရှင်စံနစ်အတွက် အစတေး ခံသွားရှာရလေ သည်။” …ဆိုတဲ့ အချက်အလက်မျိုးကို ပိုမိုစိတ်ဝင်စားလာတော့တယ်။ ဆင်ဖိုနီမှသည် အရင်းရှင်စံနစ်အထိ စဉ်းစားသုံးသပ်ရတာ ပေါ့။

ဒါကြောင့် “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်ကြောင့် သုခမပညာကို မြတ်နိုးလာတယ်။ ယဉ်ကျေးမှုကို တန်ဖိုး ထားလာတယ်။အနုပညာရှင်တွေကို ချစ်မြတ်နိုးလာတယ်။ ဒီအနုပညာရှင်တွေ ဘယ်လိုခေတ်ကို ဖြတ်သန်းလာကြရပြီး၊ ဘာကြောင့် ပြည်သူတွေက တသသ ချစ်မြတ်နိုးလာကြသလဲဆိုတာ သဘောပေါက်လာမိတယ်။

အခုတစ်လော … မီဒီယာတွေမှာ … မကြားဖူးတဲ့ နာမည်တွေကအစ …၊ မကြားတစ်ချက် ကြားတစ်ချက် နာမည်တွေ အလယ် …၊ ထင်ရှားကျော်ကြားတဲ့ နာမည်တွေအဆုံး “အနုပညာရှင်” လို့ တွင်တွင်သုံးရာမက ..၊ အချို့မီဒီယာတွေကများ အနှီ ပုဂ္ဂိုလ်များကို “ပြည်သူချစ်သော …” လို့ ခပ်လွယ်လွယ် ကမ္ပည်းတင်လိုက်ကြလေတော့ … ဒေါ်ဒေါ်လူထုဒေါ်အမာ သုံးသပ်ပြတဲ့ “ပြည်သူချစ်သော …” ဆိုတဲ့ စံနှင့် တိုင်းမိလေတိုင်း …၊ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်နှင့်အတူ ပြည်သူ့ဖက်က အစဉ်အမြဲရပ်တည်တဲ့ ပြည်သူချစ်သော သတင်းစာဆရာ စာရေးဆရာမကြီး လူထုဒေါ်အမာကို အကြိမ် အကြိမ်ဦးချ ကန်တော့မိပါတော့တယ်။ ✍️𝕮𝖗𝖊𝖉𝖎𝖙 𝖙𝖔 𝕺𝖗𝖎𝖌𝖎𝖓𝖆𝖑 ဆူးငှက်

မြန်မာ့ ဂီတလောက -မြို့မငြိမ်း

😪မြို့မငြိမ်း..
( သို့မဟုတ်)
မှိုင်းပြာရီညို့ 😪

🎺 ခြူးသန်းနဲ့ ဘုံပျံ၊
နတ်ဝိသုကံ ဖန်သလိုပင်၊
အံ့ဖွယ်တနုန်း၊ရွှေတောင်နန်း သစ်လွင်၊ထောင့်နှစ်ရာနှစ်ဆယ်စွန်း တစ်ပြည့်မြောက်ကဆုန်တွင်၊ကုန်းဘောင်နွယ် ဘုန်းမြို့တည်၊မင်းတုန်းဘုရင်၊
အနောက်ဝယ်ရစ်ခွေ
ဧရာမြူးရွှင်.အေးမြကြည်လင်၊
တောင်တော်မန်းဦး ပျံ့ပျူးသာမြေပြင်။..🎺🎺🎺

( နန်းမြို့တော်သီချင်းမှ..)

( ၁)**

ခရီးသွားလမ်းကြောင်း၌ ကျွန်းခံနေရော့သလားမသိ။ရပ်ဝေးခရီးဆိုလျှင် အတော်အတန်ထွက်ခဲသောမိမိသည် လွန်ခဲ့သည့်နှစ် နွေဦးပေါက်ရာသီက စီးကရက်ကုမ္ပဏီတစ်ခု၏ အစီအစဉ်ဖြင့် မန္တလေးသို့ ရောက်ဖြစ်ခဲ့သည်။🥀🥀🥀

ရန်ကုန်နွေပင်လျှင် အတော်အတန်ပူလောင်လှပြီမို့
မန္တလေးကား ဆိုဖွယ်ရာမရှိတော့ပေပြီ။သို့ရာတွင် စိမ်းနေသော အထက်မြန်မာပြ ည်၏ မြင်ကွင်းတွေကအပူဒဏ်ကို မေ့လျော့သွားစေခဲ့သည်။လူတွေရှုပ်ထွေးလှသော၊ စက်ဘီးတွေများမြောင်လှသော၊ မြင်းလှည်းတွေထူထပ်လှသော၊ယာဉ်ကြီးယာဉ်ငယ်အသွယ်သွယ်တို့ ဥဒဟိုဖြတ်သန်းနေကြသော မန္တလေးကား မိမိရှိနေစဉ် မည်သို့သောယဉ်အန္တရာယ်မှ ကြုံကြိုက်ဖြစ်ပေါ်သည်ကို
မတွေ့ရ။အားလုံးသည် ကိုယ်အာရုံနှင့်ကိုယ်ဝင်စားလျက် အန္တရာယ်မဖြစ်ပေါ်ရေးကို သတိတရား “အသိစည်း”ဖြင့် ထိန်းမတ်ရင်း ပြေပြစ်စွာစခန်းသွားလျက် ရှိနေပေသည်။🥀🥀🥀

မန္တလေးကား.မိမိ၏စိတ်အာရုံကို ငယ်စဉ်ကတည်းကပင် ဖမ်းစားနိုင်ခဲ့သော မြို့တော်ကြီးဖြစ်ခဲ့သည်။🥀🥀🥀

ယဉ်ကျေးမှုအနုပညာလက်ရာ အမွေအနှစ်တွေ ပေါ်ထွန်းရာမြို့၊
ဇာတိသွေးဇာတိမာန် တက်ကြွထက်သန်စေမည့် မင်းနေပြည်တော်ရှိခဲ့သောမြို့၊
ဘာသာသာသနာထွန်းကားပွင့်လင်းသောမြို့၊ စာပေအနုပညာရှင်များ ဂီတအနုပညာရှင်များပေါ်ထွန်းရာမြို့ အစရှိသဖြင့် ဂုဏ်ထူးဝိသေသတပ်၍ ကုန်နိုင်ဖွယ်မရှိသောမြို့ကြီးမို့ စိတ်အာရုံမျောလွင့်နေခဲ့မိခြင်းသည်
စင်စစ်မတော့ ဘာမျှဆန်းလှသည်မဟုတ်။🥀🥀🥀

အထူးသဖြင့် မန္တလေးခရီးစဉ်ကို သွားဖြစ်သည့်တဒင်္ဂ မိမိ၏စိတ်အာရုံထဲ၌ပေါ်လာခဲ့သော ပုံရိပ်လွှာတစ်ခုက ရန်ကုန်မြေမှခွာကတည်းကပင် အာရုံ၌ ယှက်မိုးဖြန့်ကြက်နေခဲ့သည်။ထိုပုံရိပ်ရှင်ကား အခြားမဟုတ်။
ကွယ်လွန်သူ ဂီတစာဆိုအကျော်အမော် ဆရာ”မြို့မငြိမ်း”ပင်တည်း။🥀🥀🥀

မန္တလေးသို့မရောက်မီ ရန်ကုန်၌ရှိစဉ်ကပင် ဆရာငြိမ်း၏
သင်္ကြန်တေးသွားသည် တန်ခူးလေနှင့်အတူ မွှေးမြသွားခဲ့သည်မဟုတ်ပါလား။မြန်မာပြည်၏ သင်္ကြန်တိုင်းသည် “တူးပို့”တေးသံဖြင့် နှစ်သစ်ကို ခေါက်ရိုးကျိုးစွာ ကူးပြောင်းခဲ့သည်မှာ ယခုထက်တိုင် ဘယ်လိုမှ မပြောင်းလဲသေး။မည်သည့်သင်္ကြန်သီချင်းတွေမှ “တူးပို့”ဘောင်ကို မကျော်နိုင်ခဲ့။
ဒါတင်မက—

🎼 သင်္ကြန်လေသုတ်ဖြူးဆော်သွေးအေးအေးညှင်းညှင်းဂီတတွေဆောင်ကြဉ်းလို့ပင်ပြောင်းသွဲ့တူယှဉ်* နွဲ့ယိမ်းကာ ဖော်သွင်းငင်*
သင်္ကြန်မာလာ ဖော်ဆွေပျော်စေချင်မာကြစေခါရေသဘင်** သာကြစေခါရေသဘင်
ရွှဲလို့စိုအောင် လောင်းပါတော့လေ***🎼 စသည့် သင်္ကြန်သီချင်းကိုပင် ထိပ်တိုက်ရင်မဆိုင်နိုင်သေး။ ဆရာမြို့မငြိမ်းကား သီချင်းရေးဖွဲ့သည့်အတတ်၌ ပါရမီထူးကဲလှသော ပညာရှင်ကြီးပါတကား။🥀🥀🥀

**( ၂) ****

စာပေနှင့်လက်ပွန်းတတီးမဖြစ်မီကာလငယ်ကို ပြန်လည်ငဲ့ကြည်ဖြစ်သောအခါ ခံစားမှုအာရုံကားချပ်၌ ဖြန့်မိုး​ဖြာ ယှက်နေသော အရိပ်များစွာအနက် ဂီတရိပ်သည် ထူးထူးကဲကဲ ပေါ်ထွက်ခဲ့သည်ကို သတိပြုဖြစ်သည်။🥀🥀🥀

မိမိစွဲလန်းနှစ်ခြိုက်ခဲ့သောသီချင်းများက တစ်ပုံတစ်ပင်။
မိမိအဖို့ သီချင်း၏ရသကို
တေးဂီတ၊ စာသား၊ သံစဉ်၊ အဆိုတို့ဖြင့် ခံစားရရုံနှင့် အားရကျေနပ်ခြင်း မရှိတတ်။အထူးသဖြင့် မိမိနှစ်သက်သောသီချင်းအား ရေးဖွဲ့စပ်ဆိုပေးသူကို သိရမှ ဘဝင်ကျတတ်သည်။ထိုအခါတွင် မည်သည့်ဂီတစာဆိုအနေ
ဖြင့် မည်သို့သောသီချင်းမျိုးကို
ရေးလျှင် လက်ရာမြောက်တေးသီချင်းဖြစ်နိုင်ကြောင်း
မှန်းဆ၍ရသလိုမျိုး ရှိလာသည်။🥀🥀🥀

သို့ရာတွင် မိမိ၏အမှန်းအဆသည် အခြားအခြားသောဂီတစာဆိုများအပေါ်၌ မှန်ကောင်း မှန်နိုင်ခဲ့သော်လည်း ဆရာမြို့မငြိမ်းအပေါ်၌မူ
များစွာလွဲမှားခဲ့လေပြီတကား။🥀🥀🥀

ဆရာငြိမ်းကား ခန့်အောင်ရေးရမည်ဆိုလျှင် အဟုတ်တကယ် ခန့်အောင်ရေးနိုင်သူပင်။ဇာတိမာန် ဇာတိသွေးကြွအောင်ကော ရေးပြရဦးမည်လား။
“မြန်မာမှမြန်မာ ဒါ တို့အမိမြန်မာနိုင်ငံတော်ကြီး”ဆိုသောစိတ်ဓာတ်မျိုး ပေါ်ပေါက်တက်ကြွလာအောင် စွမ်းဆောင်နိုင်သူလည်းဖြစ်သည်။ဒါမှမဟုတ်
အနုအလှသမုဒယများကို တယုတယဖွဲ့ပြရဦးမည်လား။
ရသည်။တကယ့်ကို နုရွလှပလျက် ခံစားတတ်သောနှလုံးသားကို အရည်ပျော်ကြသွားအောင် ဖန်ဆင်းပြလိုက်ပေလိမ့်မည်။ရှေးစာပေလည်းနှံ့စပ်လျက် ခေတ်ကိုလည်း မျက်ခြည်မပြတ်။တီထွင်တတ်သောဉာဏ်ကလည်း အမြဲတမ်း တောင်ပံခတ်နေလေတော့ ဆရာငြိမ်းဖန်ဆင်းသမျှ ကြိုက်နှစ်သက်ကြသည်မှာ ဘာမျှမဆန်း။🥀🥀🥀

နတ်သျှင်နောင်လိုသီချင်းမျိုး၌
ဇာတိသွေး၊ ဇာတိမာန်များတက်ကြွစေရန် ပင့်နှိုးနိုင်သကဲ့သို့
နတ်သျှင်နောင်၏စာပေစွမ်းအားကိုလည်း ခေတ်လူတို့လေးစားမြတ်နိုးသွားစေရန် စွမ်းဆောင်ပြခဲ့သည်။ထိုသီချင်း၌ စာဆိုရေးဖွဲ့ခဲ့သောရတုမှာ –
“ပေါ်နွေလလျှင်…ငှက်သွင်ပျံကြွမတန်သော်”ဟူသောစာပိုဒ်တစ်ခုလုံးကိုပင် ဘောင်ဝင်အံကျအောင် သွတ်သွင်းရေးဖွဲ့ခဲ့လေသည်။🥀🥀🥀

မိမိနှစ်သက်ခဲ့ဖူးသော သီချင်းတော်တော်များများကို ပြန်လည်ကောက်နုတ်ကြည့်သောအခါ
ဆရာမြို့မငြိမ်း၏ သီချင်းအတော်များများကို သွားတွေ့ရသည်။အိမ်တော်ရာဘုရားဈေး၊
မန်ဒါလီ၊ ကသစ်ပန်း၊ လေချိုသွေး၊ ရှင်တစ်ခုထဲ၊ မြင်းခင်းတော်၊ နတ်သျှင်နောင်၊ ဘင်ဂျိုသံ၊ မေဓာဝီ၊ ချစ်တာပဓာန၊ နှစ်ယောက်ထဲ၊ ချစ်အကျိုးတော်ဆောင်၊ ဖူးစာပိုင်၊
ပျို့မှတ်တမ်း၊ လူချွန်လူကောင်း၊
ရေချိုးဆိပ်၊ ယဉ်တစ်ကိုယ်မယ်၊
တိမ်လွှာမို့မိုလွင်၊ ပြီးတော့..
သင်္ကြန်သီချင်းအချို့—။🥀🥀🥀

ဒါတွေက မိမိနားအာရုံမှ
တစ်ဆင့် ရင်ထဲ၌ ပဲ့တင်ရိုက်ခတ်
ပီတိလှပ်ဖိုခဲ့ရသော သီချင်းများဖြစ်သည်။မိမိနားမဆင်ခဲ့ရဖူးသော သီချင်းတွေ များစွာရှိသေးသည်။နှစ်ပိဿခွဲ၊ ယောက်မ၊ မုန့်စား၊ မောင့်အရည်အချင်း၊ တစ်ချစ်တည်းချစ်၊ ခင့်အိပ်မက်၊
နန်းမြို့တော်၊ ရေခင်းတော်၊ ဒေါင်းစက်ယာဉ်၊ လက်ဝဲသုန္ဒရ၊
မင်းရာဇာ၊ စာဆိုခံလ၊ ရှုမဝ၊
လူပျိုသိုး၊ အလှပြိုင်ပွဲ၊ လူမိုက်နဲ့ငွေ၊ ဆင်ဝန်ကတော်၊ တုံ့လှယ့်မေတ္တာ၊ လေထဲကဖူးစာ၊ ပျိုး၊
တစ်ကြိုက်တည်းကြိုက်၊ ချိုအီ၊
မြို့မတေးသံ၊ မယ်တို့မြေ၊ တံမွှာပဥ္စင်၊ ၁၃၀၀ ပြည့်သင်္ကြန်၊ချစ်ကြည်သံသာ၊ ငြိမ်းချမ်းရေးရေသဘင်၊ ကဆုန်ညောင်ရေ၊
ဘသားယောက်ျား၊ လှံမင်းသားစိန်လှံဗိုလ် နှစ်ပါးသွားသီချင်း၊
ထိုသုံးပါး၊ တက်ခေတ်အမယ်အို၊
ခရီးသည်ကြီးပြဇာတ်မှသီချင်း၊
ချစ်ရဲဘော်ပြဇာတ်မှသီချင်း၊
ဝါသနာပြဇာတ်မှသီချင်းများ၊
ကမ္ဘာ့ငြိမ်းချမ်းရေးသီချင်း၊
လွတ်လပ်တဲ့ဗမာပြည် အစရှိသဖြင့် တကယ့်ကို များမြောင်လှစွာ။🥀🥀🥀

သည်လိုသီချင်းကောင်း သီချင်းသန့်များစွာကို စပ်ဆိုသီဖွဲ့သွားခဲ့သော သီချင်းရှင်၏ရုပ်ပုံလွှာနှင့် မနောဓာတ်မှာ မည်သို့ရှိပါသနည်း။မိမိကား
ဆရာမြို့မငြိမ်းကို မြင်ဖူးသူမဟုတ်။ သည်တော့ အမေလူထုဒေါ်အမာ မှတ်တမ်းပြုထားသည့်
“ပြည်သူချစ်သော အနုပညာသည်များ” မှ ဆရာငြိမ်း၏ရုပ်ပုံလွှာကို မြင်အောင် အာရုံခံစားထားလိုက်သည်။🥀🥀🥀

♦ ဆရာငြိမ်း၏ရုပ်မှာ နှာတံပေါ်ပေါ် မျက်နှာသွယ်သွယ်နှင့်
ရုပ်ရည် ချောမောလှပသူဖြစ်သည်။အသားဖြူဖြူ၊ အရေပါးပါး၊ ပခုံးကျယ်ကျယ်၊ လူကနည်းနည်းကိုင်းသည်။ဆရာငြိမ်း၏မျက်လုံးသည် သူများနှင့်မတူ။အတော်ထူးသည်။ထူးထူးခြားခြားတောက်ပ၍ သူတစ်စုံတစ်ခုကို စူးစူးစိုက်စိုက်တွေးသည့်အခါ သူငယ်အိမ်နှစ်ခုမှာ ခုန်နေသူဖြစ်သည်။မျက်စိလျင်ပုံကလည်း အတော်ထူးခြားသည်။နဖူးကျယ်ကျယ်နှင့် ဆံတံခွန်ရှိ၍ ဆံပင်က ပျော့ပြောင်းသည်။ဆရာငြိမ်းအရပ်မှာ ၅ ပေ ၄ လက်မခန့်ရှိသည်။🌷🌷🌷

♦ အဝတ်အစားကို ကောင်းကောင်းသပ်သပ်ရပ်ရပ်ဝတ်တတ်သည်။တိုက်ပုံအင်္ကျီကိုလည်း မြတ်နိုးသည်။လူကြည့်စေမည့် ထူးခြားသည့် အဆင်အသွေးမျိုးကို သူကမကြိုက်။
ရိုးရိုးဣန္ဒြေရရကိုဝတ်သည်။အသက်ကြီးလာသည့်အခါ
လုံချည်ဆိုလျှင် အဖြူခံ၊ အညိုစင်းအကွက်၊ မီးခိုးစင်း အကွက်ကလေးမျိုးကိုသာ သူကဝတ်တတ်သည်။ရှက်လည်းရှက်တတ်သည်။အနေအထိုင်လည်း အလွန်သိမ်မွေ့သူဖြစ်သည်။🌷🌷🌷

♦ စိတ်နေစိတ်ထားမှာ ပညာနှင့်ပတ်သက်၍ ဝမ်းထဲမာနကြီးသည်မှအပ စိတ်ကောင်းနှလုံးကောင်း အလွန်ရှိသည့်လူဖြစ်သည်။သူဘယ်သူ့ကိုမှ
မကောင်းမပြော။ဘယ်သူနှင့်မှ ခိုက်ရန်ဖြစ်ပွားခြင်းမရှိ။အရက်မူးနေလျှင်သော်မှ စကားအလွန်အကျွံမရှိရ။မူး၍ အရုပ်ဆိုးအောင် တစ်စုံတစ်ခုဖြစ်သည်မရှိပေ။မိန်းမနှင့်တစ်သက်လုံး တစ်ခါမျှ ရန်မဖြစ်ဖူးသည့်အပြင် သားသမီးကိုသော်မှ ရိုက်နှက်ဆုံးမလေ့မရှိသူမဟုတ်ပေ။သားသမီးအပေါ် စိတ်တိုင်းမကျလျှင် အရက်သောက်သည်။🌷🌷🌷

♦ အပေါင်းအသင်းလည်း သူက ကျယ်ကျယ်ဝန်းဝန်းထားသူမဟုတ်။အင်မတန်ခင်မင်ရင်းနှီးသူကိုသာ ပေါင်း၍ သူများအိမ်သွားလည်လျှင် နှုတ်ဆက်ပြန်ရမည်ကို ဝန်လေးတတ်သူဖြစ်လေသည်။ဘယ်သူနှင့် ဘာအကြောင်းကို အပြင်းအထန် ငြင်းခုန်နေသည်ဟုလည်း မရှိပေ။🌷🌷🌷

… သည်မျှဆိုလျှင် လူသားသက်သက်တစ်ယောက်အနေ
ဖြင့် ဆရာငြိမ်း၏ နူးညံ့သိမ်မွေ့သော စိတ်ထား၊ ရိုးသားသောဂုဏ်၊ သူ့ကြောင့်လောကကြီး
အနှောက်အယှက်မဖြစ်ပုံတို့ကို အထင်းသားတွေ့မြင်ရမည်ဖြစ်သည်။🥀🥀🥀

ဘယ်အလုပ်မဆို မဖြစ်ဖြစ်အောင်လုပ်မည်ဆိုသောဇွဲ၊ လုပ်သောအခါ၌ သူတစ်ပါးနှင့်မတူ၊
ထူးထူးကဲကဲဖြစ် အောင် ကြံဆ
လုပ်ဆောင်တတ်သော တီထွင်ဉာဏ်တို့က ဆရာငြိမ်းအား ထူးကဲသော ဂီတစာဆိုကြီးအဖြစ်သို့ ပို့ဆောင်ပေးလိုက်လေရော့သလားမသိ။🥀🥀🥀

၁၉၃၁ ခုနှစ်လောက်ဆီက မန္တလေးမြို့ရှိ မြို့မတူရိယာအဖွဲ့သည် ခွေးတံဆိပ်ဓာတ်ပြားကုမ္ပဏီနှင့် ဓာတ်ပြား ၁၂ ပြားသွင်းရန်စာချုပ်ပြီး ဓာတ်ပြားများသွင်းခဲ့ကြသည်။ရေးစပ်ပေးသူက နန်းတော်ရှေ့ဆရာတင်။
ရေးခ တစ်ပုဒ် ၁၅ိ/-။တူရိယာအဖွဲ့တီးမှုတ်ခ တစ်ပုဒ် ၁၀ဝိ/-။
အဲသည့်တူရိယာအဖွဲ့ထဲမှာ ဆရာငြ်ိမ်းလည်းရှိသည်။ဆရာတင်တစ်ယောက် ဗာဟီရကိစ္စတွေကြောင့် သီချင်းကို အချိန်မီ
မပေးနိုင်သည့်အခါ ကုမ္ပဏီနှင့် စကားများရတော့သည်။ဤတွင်ဆရာငြိမ်းလည်း ကြားဝင်ကာ
သီချင်းရေးဖို့ ဖြစ်လာခဲ့သည်။
ပထမဆုံးသီချင်းကား “ခင့်အိပ်မက်”။ 🥀🥀🥀

နှလုံးသားလှုပ်ရှားစ မိန်းမပျိုလေးတစ်ဦး၏ အမျှော်စိုက် တေးသွားတစ်ပုဒ်။နေရာဒေသ၊
အခင်းအကျင်း၊ နောက်ခံကားချပ်၊ ဒါတွေတစ်ခုမှမလွတ်။ရာသီဥတုအဖွဲ့၊ ကောင်းကင်အနေအထား၊ မိန်းမပျိုလေး၏
စက်ရာခန်းရှိပြတင်းတံခါး၊ ထိုးဖောက်မြင်နေရသည့်ညောင်ကိုင်း၊ ပြီးတော့ လေတိုး၍ ပွတ်တိုက်သံ။အချစ်စိတ်ကို လူးလွန့်နိုးကြွစေသည့် အဖွဲ့များ၊
အိပ်မက်ထဲပေါ်လာပုံကို ရေးဖွဲ့ထားတာကိုပဲကြည့်။🥀🥀🥀

🎼 “မှေးတမှိတ်မှိတ်* အိပ်စက်မပျော့်တပျော်ဆီ*
မောင်မိန်းမသားပါ ရမ်းကားလျှင် အရှင်းပင်မတော်သည်
သိုပေမယ့်လည်း* သူ့လက်ချောင်းက ဆင်နှာမောင်းနဲ့ မသာကပြီ*
ကမြင်းကြောပွေလီအိပ်မက်ထဲမို့ တော်တော့သည် သည်အိပ်မက်မှန်ရင်မောင်မင်းကြီးသားနဲ့ဧကန္တတွေ့တော့မည်ထိတ်လန့်စရာ အလိုလိုရင်ဖိုသည်သို့သော်စိတ်မှာရွှင်မလို ကြည်ဒီအိပ်မက်အတိုင်း မှန်ပါရစီ”🎼

သည်သီချင်းကို အားလုံးသဘောကျကြသည်။သည့်နောက်ပိုင်း ဆရာငြိမ်းအဖို့
သီချင်းများစွာရေးရမည့်တာဝန်က အလိုလိုကျရောက်လာခဲ့ချေပြီ။ဆရာငြိမ်းကား ဝါသနာပါရာကို မျောနစ်နေရမည်ဆိုလျှင် အိပ်ချိန်၊ စားချိန်ကိုပင် မေ့လျော့နိုင်သူဖြစ်သည်။အိပ်ရာဘေးတွင် မီးခြစ်ထားလျက် စိတ်ကူးရလျှင် မီးခြစ်ထခြစ်လျက် ကောက်တေး၊ ကောက်ရေးတတ်သူပင်တည်း။🥀🥀🥀

စာကြီးပေကြီးနှံစပ်၍ သီချင်းခန့်များကို လက်စွမ်းပြစပ်ဆိုရေးဖွဲ့သကဲ့သို့ ခေတ်ကာလအလျောက်ပေါ်ပေါက်သောဘန်းစကားများကိုပင် သီချင်းထဲ ထည့်သွင်းစပ်ဆိုတတ်သူလည်းဖြစ်သည်။သည်တော့လည်း ဆရာငြိမ်း၏သီချင်းများကို လူတန်းစားမရွေး ကြိုက်နှစ်သက်ကြသည်မှာ ဘာမျှတော့ အဆန်းမဟုတ်။🥀🥀🥀

*

စစ်ပြေးကာလတုန်းက ဆရာငြိမ်းလည်း စစ်ကိုင်းဖက်သို့ စစ်ရှောင်ခဲ့ရဖူးသည်။ အဲသည်မှာတင် ” ရေချိုးဆိပ်” သီချင်းကို
မွေးဖွားဖြစ်ခဲ့လေသည်။ဆရာငြိမ်းကား စာဆိုပီသပါပေ၏။ရလေရာ၊ ရောက်လေရာ ဘဝနေရာအသီးသီးကို တေးဂီတဖြင့် ခြယ်မှုန်းတတ်စမြဲတည်း။
“ထိုသုံးပါး”သီချင်းမှာ စစ်ပြေးကာလ ဒုက္ခသည်တို့အား ကရုဏာလွှမ်းခြုံလျက် ကယ်မစောင့်ရှောက်ခဲ့ကြသော သံဃာတော်တို့အား ကြည်ညိုရေးဖွဲ့ထားသောသီချင်းဖြစ်လေသည်။🥀🥀🥀

မိမိကား ဆရာငြိမ်းရေးသားခဲ့သော သီချင်းများစွာကို ကြိုက်နှစ်သက်ခဲ့သည်။ထိုနှစ်သက်ခဲ့သည့်သီချင်းများစွာထဲမှ အချို့လည်းထူးခြားနေ၏။
မိမိတို့မမီလိုက်သောကာလ
( ပြည်တော်သာ)ကာလတွင်
နိုင်ငံတော်က ပြည်တော်သာရေးအတွက် ရေးဖွဲ့စေသဖြင့် ရေးဖွဲ့ခဲ့သောသီချင်းကား ထူးခြားလှ၏။လူချွန်လူကောင်းသီချင်း။🥀🥀🥀

ပြည်တော်သာဖို့ နိုင်ငံတော်၌
လူချွန်လူကောင်းအရေးကြီးပုံ
လယ်ယာစိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းတိုးတက်ဖွံ့ဖြိုးရေး၊
လျှပ်စစ်ဓာတ်အားအလျှံပယ်ရေး…။ဒါတွေကိုထောက်ပြသည်။ပြည်သူတွေအနေနှင့်လည်း ကာယ၊ ဉာဏ၊
တိုးတက်ဖွံ့ဖြိုးဖို့ အရေးကြီးသည်။ဆရာဝန်တွေ၊ ကျောင်းဆရာတွေက ပြည်သူ့သားသမီးတွေကို လူချွန်လူကောင်းလေးတွေဖြစ်အောင်
မြေတောင်မြှောက် မွေးထုတ်ပေးရမည်။အားကစားတွင် ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်ဖို့၊ ကမ္ဘာ့ရာဇဝင်ကို လေ့လာသုံးသပ်ဝေဖန်ဖို့၊ ရေကြောင်း လေကြောင်းအဖက်ဖက်တွင် ကျွမ်းကျင်ဖို့၊ ဆရာငြိမ်းကား အနာဂတ်တိုးတက်ရေးအတွက် ကြိုတင်တွေးခေါ် မျှော်မြင်တတ်ခဲ့သူပါတကား။🥀🥀🥀

ဆရာငြိမ်းမကွယ်လွန်မီက
“ဘဘရဲ့သီချင်းတွေဟာ ဘဘသေပြီးမှပဲ ပိုကျော်ကြားလာမှာကွဲ့”ဟု ဆိုကြောင်းကြားဖူးရာ
ဆရာငြိမ်းသည် အနာဂတ်နိမိတ်ကို ကြိုတင်ဖတ်ကြားနိုင်သူဟုလည်း ဆိုနိုင်ကောင်းသည်။🥀🥀🥀

သည်လို မြန်မာ့ဂီတကို ကမ္ဘာ့ဂီတအဆင့်သို့တက်လှမ်းနိုင်ရန်
ကြိုးပမ်းဖို့ရာ အမြဲတမ်းရည်ရွယ်ချက်ကြီးစွာထားရှိလျက် အစစအရာရာအဆင်းရဲအပင်ပန်းခံကာ ဘဝကိုဖြတ်သန်းခဲ့ရှာသော ဆရာငြိမ်း၏နိဂုံးကား ကြေကွဲဖွယ်ရာအတိ။🥀🥀🥀

ဆရာငြိမ်း၏နောက်ဆုံးကာလလေးကို ပြန်တွေးမိလေတိုင်း
ရင်ထဲ၌အတိုင်းမသိ ဆွတ်မြလွမ်းမောနေခဲ့ရသည်။သည်အဖြစ်ကို လူထုဒေါ်အမာက မှတ်တမ်းတင်ခဲ့သည်။ဆရာငြိမ်း၏နောက်ဆုံးနေ့ရက်များ၌
ဆရာငြိမ်းမှာ စိတ်အနေအထား
အတော်ပင်လှုပ်ရှားနေပုံရသည်။ညဖက်အိပ်ချင်မှအိပ်သည်။ပုတီးစိပ်ချင်စိပ်နေသည်။ဖယောင်းတိုင် တစ်တိုင်ပြီးတစ်တိုင်ထွန်း၍ နေချင်နေတတ်သည်။ကြမ္မာငင်မည့်နေ့က
အိမ်သားတွေမသိခင် အစောကြီးပင် တံခါးဖွင့်လျက် အပြင်သို့ထွက်သွားခဲ့လေသည်။🥀🥀🥀

ထိုနေ့မနက်လင်းအားကြီးကလည်း ဦးတော်လုံ၏အုတ်ဂူသို့ သွားရောက်သေးဟန်ရှိသည်။ပြီးမှ တက်သေးအင်းသင်္ချိုင်း၏မြောက်ဘက် ၁-ဖာလုံခန့်အကွာတွင်ရှိသော
တမာပင်အောက်မှ ဝါးကွပ်ပျစ်တွင် ထိုင်လာပုံရသည်။🥀🥀🥀

ဆရာငြိမ်းကို ထိုအလုပ်သမားရပ်ကွက်မှလူတွေက ၎င်းတို့နိုးစမနက်လင်းကပင် ဝါးကွပ်ပျစ်ပေါ်ထိုင်နေသည်ကိုမြင်ကြသည်။သူထိုင်နေသည့်ရှေ့ ဝါးနှစ်ရိုက်ခန့်အကွာတွင် မြေလမ်းတစ်လမ်းရှိသည်။ဤမြေလမ်းအတိုင်း အနောက်သို့သွားလျှင် အုတ်ဖုတ်သည့်အုတ်စက်များရှိရာသို့ ရောက်သည်။မနက် ၈ နာရီအချိန်ခန့်တွင် မြို့ထဲသို့အုတ်များပို့၍ ပြန်လာသည့်ကားတစ်စီး စိန်ပန်းလမ်းမှ တောင်ဘက်ချိုးပြီး အုတ်စက်သွားလမ်းအတိုင်း မောင်းလာသည်။
ဤကားသည် ဆရာငြိမ်းထိုင်နေရာအနီးသို့ရောက်အလာတွင်
ဆရာငြိမ်းသည် ထိုင်ရာမှထပြေးလာပြီး ကားအောက် ခေါင်းထိုး၍ခံလိုက်သည်။ကားပေါ်တွင်ပါလာသည့် အုတ်သယ်အလုပ်သမားများကမြင်သောကြောင့် ဝိုင်းအော်ကြပါသေး၏။သို့သော် ကားက ဘရိတ်မအုပ်နိုင်တော့ ။ခေါင်းကိုပင် တက်နင်းမိသည်။🥀🥀🥀

ဂီတစာဆိုမြို့မငြိမ်းကား သူ့ကိုဘယ်သူဘယ်ဝါမှန်းမသိကြသည့် မန္တလေးမြို့စွန် လူနေကျဲလှသော အလုပ်သမားရပ်ကွက်တစ်ခု၏ လမ်းကြောင်းတစ်ခုပေါ်တွင် သွေးစီးကြောင်းလေးထင်လျက် ခွေခွေကလေး သေဆုံးနေရှာလေသည်။🥀🥀🥀

ကဲ 😪😪 ဘယ်ကလောက်များ
ကြေကွဲစရာကောင်းသည့်အဖြစ်ပါနည်း။လောကကြီးတစ်ခုလုံးသာယာလှပဖို့ ပန်းများစွာဖူးပွင့်ဝေဆာသွားစေခဲ့သော ဉယျာဉ်မှူးတစ်ယောက်၏ နောက်ဆုံးကားချပ်မှာ အကျည်းတန် တုန်လှုပ်ဖွယ်ရာတွေအတိ။😪😪😪

မန္တလေးရှိ ရွာတိုင်းသုဿန်ဘက်ရောက်လျှင်ဖြင့် ဆရာငြိမ်းအိပ်စက်လဲလျောင်းရာ အုတ်ဂူသို့ သွားရောက်ကြည်ညိုလှည့်ချင်သေးသော်လည်း မိမိဆန္ဒကားမပြည့်ခဲ့။တကယ်တော့လည်း ဘဝဟူသည် ကံစီမံရာကို နာခံနေရသည်မဟုတ်ပါလား။
ဘာများပြီးပြည့်စုံတာကောရှိလို့လဲ။ဆရာငြိမ်းကော လိုအပ်တာတွေပြည့်စုံသွားခဲ့လို့လား။🥀🥀🥀

ထိုစဉ်မှာပင် မိမိ၏နားယံတွင်းသို့ ဆရာငြိမ်းမသေမီ ရက်ပိုင်းအတွင်းကရေးစပ်ခဲ့သည်ဆိုသော သီချင်းစာသားလေးတချို့က လူးလွန့်ဝင်ရောက်လာလေ၏။

💘 “ဖြေဆည်မရွှင်* တစ်ကိုယ်တည်းအားငယ်သည်ထင်မိုးသက်လေနှင်
ပွေလေအောင်ဖန်ချင်
*
တမ်းတယောင် မှန်းဆမြင်* နွမ်းလျအောင် လွမ်းရအင်*
မြင်လှည့်ချစ်သူရယ်ရှင်* မှိုင်းပြာရီညို့
တိမ်လွှာမို့မိုလွင်
**💘

📕 ကြေကွဲရသောပုံရိပ်များ၊
နန္ဒာမိုးကြယ် 📕


ဇေယျာမြတ်( မြန်မာစာ မြန်မာစကား)