ပ သုံးလုံး ဝိပဿနာ ဘာဝဏာ တရာဒေသနာများ

 ̒ပ̕ သုံးလုံး ဆရာတော်ကြီး ဘဒ္ဒန္တဇောတိက

Abhidhamma in English

Abhidhamma in Myanmar

Audio in English

Audio in Myanmar

Video in English

Video in Myanmar 

eBook in English

eBook in Myanmar

NEWS သတင်းဏ္ဍ

လှုဒါန်းရန်အကြံပြုချက်များContact UsUseful LinkLIVE Webcast

Pa Thone Lone Sayadaw Gyi Banddanta Jotika                                                   

 ̒ပ̕  သုံးလုံး ဝိပဿနာပညာတက္ကသိုလ် 

̒ ̒ပ̕  သုံးလုံးဝိပဿနာပြန့်ပွားရေးအဖွဲ့ချုပ် 

ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင်၊ဒဂုံမြို့နယ်၊ပြည်အရှေ့ရပ်ကွက်၊
မြို့မကျောင်းလမ်း၊အိမ်တော်ရာတိုက်၊ရွှေတည်ကျောင်း ပဓာနနာယက

ဘဒ္ဒန္တဇောတိက

သာသနဓဇဓမ္မာစရိယ၊ မဟာကမ္မဋ္ဌာနာစရိယ၊ 

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ

ဝိပဿနာပညာတက္ကသီလာဒီအမ္မိက(ကျမ်းပြု)

http://www.facebook.com/media/set/?set=a.3633336519769.224153.1464856977&type=3

 ̒ပ̕  သုံးလုံး ဝိပဿနာပညာတက္ကသိုလ် 

̒ ̒ပ̕  သုံးလုံးဝိပဿနာပြန့်ပွားရေးအဖွဲ့ချုပ် 

ရွှေတိဂုံအရှေ့မုခ်ဦး၊ ကြားတောရလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – +၉၅(၁) ၃၇၇၇၃၁

**************************************************

ဆရာတော်ကြီး၏ ထေရုပတ္တိ အကျဉ်း

 ̒ပ̕ ̕ သုံးလုံး ဝိပဿနာပညာတက္ကသိုလ် ̒̒ ̒ပ̕ ̕ သုံးလုံးဝိပဿနာပြန့်ပွားရေးအဖွဲ့ချုပ် ဘဒ္ဒန္တဇောတိက

မဟာကမ္မဋ္ဌာနာစရိယ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၏ ထေရုပ္ပတ္တိအကျဉ်းချုပ်

ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင်၊ဒဂုံမြို့နယ်၊ပြည်အရှေ့ရပ်ကွက်၊
မြို့မကျောင်းလမ်း၊အိမ်တော်ရာတိုက်၊ရွှေတည်ကျောင်း ပဓာနနာယက
ဘဒ္ဒန္တဇောတိက (မဟာကမ္မဋ္ဌာနာစရိယ) ထေရုပ္ပတ္တိကထာ


၁။ ဘွဲ့တော် – ဘဒ္ဒန္တဇောတိက (̒̒ ̒ပ̕ ̕ သုံးလုံး)
၂။ သာသနာဝင်အမှတ် – ၁၂/ဒဂန (သ) ၀၀၀၀၅၂
၃။ သက်တော်၊သိက္ခာတော်၊ဂိုဏ်း – ၆၉ နှစ်၊ ၅၀ ဝါ၊ သုဓမ္မာဂိုဏ်း
၄။ သီတင်းသုံးရာဌာန – ဒဂုံမြို့နယ်၊အိမ်တော်ရာတိုက်၊ရွှေတည်ကျောင်း
၅။ ဆရာတော် လျောင်းလျာကို ၁၃၀၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့် ၊အင်္ဂါနေ့၌ ဦးသာရင် + ဒေါ်အေးပုံတို့မှ ပဲခူးတိုင်း (အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ကွင်းသာကျေးရွာတွင်မီးရှုးသန့်စင်ဖွားမြင်တော်မူခဲ့ပါသည်။
၆။ ရှင်ရဟန်းပြုခြင်း
      ၁၃၁၂ခုနှစ်၊တန်ဆောင်မုန်းလပြည့်နေ့၌နတ်တလင်းမြို့နယ်၊တာပွန်မြို့၊အဝေရာကျောင်း ဆရာတော်ဘဒ္ဒန္တဝါသဝအား ဥပဇ္ဈယ်ပြု၍ဒေါ်စောနန်း၊(သမီး)မသန်းစိန်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
      ၁၃၁၉ ခုနှစ်၊ တပို့တွဲလပြည့်၊ တနင်္ဂနွေနေ့နံနက် ၉း၄၂ နာရီ၌ နတ်တလင်းမြို့နယ်၊ တာပွန်မြို့၊တာကျိုးကျောင်း ၊ခဏ္ဍသိမ်တွင်ဇီးကုန်းမြို့ ဘုရားကြီးကျောင်းဆရာတော်ဘဒ္ဒန္တသြသဓ (နိုင်ငံတော်ဝိနည်းဓိုရ်)အား ဥပဇ္ဈယ်ပြု၍ ကာရကသံဃာတော်များမှ ကမ္မဝါစာ (၅)ကြိမ်ချီးမြှောက် တော်မူသောကြောင့်ဒေါ်စောနန်း၊ (သမီး)မသန်းစိန်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သောရဟန်း အဖြစ်သို့ရောက်ရှိခဲ့ပါသည်။

၇။ စာပေသင်ယူခြင်း
      ဇီးကုန်းမြို့၊ ဘုရားကြီးကျောင်းဆရာတော် ဘဒ္ဒန္တ သြသဓ (နိုင်ငံတော် ဝိနည်းဓိုရ်)၊ ဘဒ္ဒန္တ သုတဗုဒ္ဓိ၊ဘဒ္ဒန္တသေဋ္ဌိလ (ဒီဃဘာဏက)ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ပါဠိတက္ကသိုလ်၊ ညောင်တုန်းကျောင်းတိုက်ရှိ ဘဒ္ဒန္တသြဘာသာဘိဝံသအစရှိသောစာချဆရာတော်များ ၊မန္တလေးမြို့၊ ရွှေရေးဆောင်တိုက်ဆရာတော်(နိယံအကျော်)ဘဒ္ဒန္တပဏ္ဍ၀ ဘုရားကြီးတိုက် အမရပူရကျောင်း (ဝိနည်းအကျော်) ဘဒ္ဒန္တဥက္ကံသ မစိုးရိမ်တိုက်ဟောင်း ဘဒ္ဒန္တစန္ဒောဘာသ၊ ပါဠိတက္ကသိုလ်၊ တောင်ထီးလင်းတိုက် ဘဒ္ဒန္တပုညာနန္ဒ (သ.စ.အ) ကုသိနာရုံတိုက် ဘဒ္ဒန္တနရိန္ဒ အစရှိသော ဆရာတော်များထံ စာပေ သင်ယူခဲ့ပါသည်။
 

၈။ အောင်မြင်ခဲ့သော စာမေးပွဲများ
နိုင်ငံတော်အစိုးရ ပထမပြန်စာမေးပွဲ (ပထမငယ်တန်း-ပထမလတ်တန်း- ပထမကြီးတန်း) နှင့်သာသနဓဇ ဓမ္မာစရိယဘွဲ့ (၁၃၂၆ ခုနှစ်)၊ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ်၊ ညောင်တုန်းတိုက်မှ ကျင်းပအပ်သော ပရိယတ္တိ သာသနာပါလ စာချတန်းတို့ကိုအောင်မြင်ခဲ့သည်။ ပါစိတျာဒိ ပါဠိဂုဏ်ထူးတန်းစာဝါများကိုလည်း သင်ယူဆည်းပူးခဲ့သည်။

၉။ စာပေသင်ကြားပို့ချခြင်း
နတ်တလင်းမြို့နယ်၊ တာဝတိ ံသာကျောင်းတိုက်၊ မန္တလေးမြို့ တောင်ထီးလင်းပါဠိ တက္ကသိုလ် ကျောင်းတိုက်တို့၌ပါဠိပထမပြန်စာဝါများကိုပို့ချပေးခဲ့ပြီး၊ ယခုသီတင်းသုံးရာ အိမ်တော်ရာတိုက်ရွှေတည်ကျောင်း၌ အောက်ယမိုက် ငါးကျမ်းတို့ကို ပို့ချပေးနေဆဲဖြစ်သည်။

၁၀။ ရေးသားပြုစုခဲ့သောကျမ်းဂန်များ
၁။ မဟာသတိပဋ္ဌာန်အနှစ်ချုပ် ကျင့်ဖွယ်ကျမ်း (ပဉ္စမအကြိမ်)
၂။ ဝိပဿနာဘာဝနာအနှစ်ချုပ် ကျင့်ဖွယ်ကျမ်း (သတ္တမအကြိမ်)
၃။ အလယ်အလတ်လမ်းမှန် အနှစ်ချုပ် ကျင့်ဖွယ်ကျမ်း
၄။ ဝေဒနာကမ္မဋ္ဌာန်းအနှစ်ချုပ်ကျင့်ဖွယ်ကျမ်း
၅။ စား-သောက်-ခဲ-လျက် အနှစ်ချုပ် ကျင့်ဖွယ်ကျမ်း
၆။ ဝိပဿနာ ညဝါ အနှစ်ချုပ် ကျင့်ဖွယ်ကျမ်း
၇။ ဝေဒနာသံယုတ်ပါဌ်အနက် အဓိပ္ပာယ်ကျမ်း
၈။ နိဗ္ဗာန် နှင့် အာရုံစိတ် စေလွှတ်နည်းကျမ်း
၉။ ထွက်သက်/ဝင်သက် အကျင့်မှန် ဝိပဿနာကျမ်း
၁၀။ လေးပါးကျင့်စဉ် နိဗ္ဗာန်ဝင်ကျမ်း
၁၁။ သဂြိုလ်သရုပ်ဋီကာ အဖွင့်အကျယ်ကျမ်း
၁၂။ ဓမ္မာစရိယ အနှစ်ချုပ်သင်ဖွယ်ကျမ်း
၁၃။ ကျောင်းရေစက်ချ တရားစာ

၁၁။ သာသနာရေးဆောင်ရွက်ချက်များ
(က) နိုင်ငံတော်အစိုးရ တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲ စာထောက်/စာမ- တာဝန်များကို၁၃၅၀ ခုနှစ်မှ ၁၃၆၀ ခုနှစ်အထိ (၁၀) နှစ်တိတိတာဝန်ယူခဲ့ပါသည်။
*ဒဂုံမြို့နယ် ပါဋ္ဌိပထမပြန်ကြီးကြပ်ရေးအဖွဲ့ဝင် တာဝန် (၁၀)နှစ်
*ပထမအကြိမ်သံဃနာယကရွေးချယ်ပွဲ – ဒဂုံမြို့နယ်၊ဝိနည်းဓိုရ်
*ဒုတိယအကြိမ်သံဃနာယကရွေးချယ်ပွဲ – ဒဂုံမြို့နယ်၊သံဃနာယကအဖွဲ့ဝင်
*တတိယအကြိမ်သံဃနာယကရွေးချယ်ပွဲ – ဒဂုံမြို့နယ်၊ဝိနည်းဓိုရ် *စတုထ္တအကြိမ်သံဃနာယကရွေးချယ်ပွဲ – ဒဂုံမြို့နယ်၊သံဃဝန်ဆောင်
(ခ) ̒̒ ̒ပ̕ ̕ သုံးလုံး အာဒိကမ္မိကဆရာကြီး ဦးပဂျီငိုနှင့်အတူ ၁၉၆၇ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံအတွင်း လှည့်လည်ပြီး မဟာပဒေသ (၄)ပါးနှင့်အညီ ပါဠိတော်မူ ဝိပဿနာ ကမ္မဋ္ဌာန်းသင်တန်း များဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
(ဂ) ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ကြားတောရလမ်း၊မြေကွက်အမှတ်(၂၀/၂၁/ဃ)ရှိ ̒̒ ̒ပ̕ ̕ သုံးလုံး ဝိပဿနာပညာပြန့်ပွားရေးအဖွဲ့ချုပ်၏ ̒̒ ̒ပ̕ ̕ သုံးလုံးဝိပဿနာ ပညာ တက္ကသိုလ်ကြီးကိုဦးဆောင်တည်ထောင်သော ̒ ̒ပ̕ ̕ သုံးလုံးဝိပဿနာပညာတက္ကသိ လာဒိကမ္မိကပုဂ္ဂိုလ်အဖြစ် တာဝန် ယူ ဆောင်ရွက်ခဲ့ပြီး၊ ပဓာန နာယကချုပ် ဆရာတော် တာဝန်ကိုလည်း ယခုအထိတာဝန်ယူဆောင်ရွက် နေဆဲဖြစ်သည်။
(ဃ) ၁၉၇၀ ခုနှစ်မှစတင်ပြီး ယခုအချိန်အထိ နှစ်ပေါင်း (၃၇) နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအားစုစည်း၍ –
(၁) ဝါတွင်းကာလသင်တန်းသား (ရဟန်းတော်) ၈၀၀၀ (ရှစ်ထောင်ပါး)
(၂) ဆရာဖြစ်သင်တန်းသား (ရဟန်းတော်) ၁၀၀၀ (တစ်ထောင်ပါး)
(၃) တရားစခန်းဝင်ယောဂီ (လူပုဂ္ဂိုလ်) ၉၀၀၀ (ကိုးထောင်ဦး)
(၄) အချိန်ပိုင်းယောဂီ (ရုံးပိတ်ရက်) (လူပုဂ္ဂိုလ်) ၂၀၈၀၀၀ (နှစ်သိန်းရှစ်ထောင်ဦး) တို့အား မဟာပဒေသ (၄)ပါးနှင့်အညီပါဠိတော်မူ ဝိပဿနာပညာများပို့ချ ပေးခဲ့သည်။ ယခုအထိလည်းပို့ချနေဆဲဖြစ်သည်။
(င) ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ကြားတောရလမ်း၊မြေကွက်အမှတ် (၂၀/၂၁/ဃ) ၌ ̒̒ ̒ပ̕ ̕ သုံးလုံး ဝိပဿနာပညာ တက္ကသိုလ်သုံးထပ်ကျောင်းဆောင်ကြီးကို ကျပ်သိန်းပေါင်း ၇၀၀၀ (ကျပ်သိန်းခုနှစ်ထောင်) အကုန်အကျခံ၍လည်းကောင်း၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ပြည် အရှေ့ရပ်ကွက်၊မြို့မကျောင်းလမ်း၊အိမ်တော်ရာတိုက်၊ရွှေတိုက်ကျောင်း၌ စာချ/စာသင် သံဃာတော်များ သီတင်း သုံးရန် သုံးထပ်ကျောင်းဆောင် သစ်ကြီးကိုကျပ် သိန်းပေါင်း ၅၀၀(ကျပ်သိန်းငါးရာ)အကုန်အကျခံ၍လည်းကောင်းတာဝန်ယူ ဆောက်လုပ် လှူဒါန်းခဲ့ သည်။

၁၂။ နိုင်ငံတော်မှ လှူဒါန်းသော သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်မှာ –

၁၃၆၂ ခုနှစ်၊ (2001) တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွဲ့ဖြိုးရေးကောင်စီမှ မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းမှုကို ခံယူခဲ့သည်။
၁၃။ နိုင်ငံတော်မှ အလှူခံလိုသော ၂၀၀၈ ခုနှစ်၊သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်မှာ – (အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်) ဖြစ်ပါသည်။

 

 

**************************************************

 

 

 

 ဝိပဿနာပညာသည် ဒုလ္လဘ (ကျမ်းပြုရေးသားသူ – အာဒိကမ္မိကဆရာကြီး ဦးပဂျီငို)

 ဝိပဿနာ ညဝါ အနှစ်ချုပ် ကျင့်ဖွယ် (̒ပ̕  သုံးလုံး ဝိပဿနာပညာတက္ကသိုလ် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇောတိက)

  ဂမီ ္ဘရဝိပဿနာ ရှုဘွယ်ကျမ်း (တတိယတွဲ) (ကျမ်းပြုရေးသားသူ – အာဒိကမ္မိကဆရာကြီး ဦးပဂျီငို)

   ဝိပဿနာ ဘာဝနာ အနှစ်ချုပ် ကျင့်ဖွယ် (̒ပ̕ သုံးလုံး ဝိပဿနာပညာတက္ကသိုလ် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇောတိက)

   မဟာသတိပဋ္ဌာန် အနှစ်ချုပ် ကျင့်ဖွယ် (̒ပ̕ သုံးလုံး ဝိပဿနာပညာတက္ကသိုလ် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇောတိက)

 အလယ်လမ်းမှန် အနှစ်ချုပ် ကျင့်ဖွယ် (̒ပ̕ သုံးလုံး ဝိပဿနာပညာတက္ကသိုလ် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇောတိက)

 ဝိပဿနာ ဘာဝနာ နှစ်စောင်တွဲ (̒ပ̕ သုံးလုံး ဝိပဿနာပညာတက္ကသိုလ် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇောတိက)



ဝိပဿနာ ပညာ မိန့်ခွန်း (ကျမ်းပြုရေးသားသူ – အာဒိကမ္မိကဆရာကြီး ဦးပဂျီငို)

ဝိပဿနာ ဘာဝနာ ရှုဆင်ခြင် ကျင့်သုံးနည်း (̒ပ̕ သုံးလုံး ဝိပဿနာပညာတက္ကသိုလ် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇောတိက)



ဦးပဂျီငို (တိုးတက်ရေး ဦးစိန်) ရာပြည့် ဂုဏ်ပြုမော်ကွန်း

Dhamma Talk Video