ဆည် မြောင်းအလုပ်တွေ မနေမနားလုပ် ရင်း သီးချင်းဂီတလဲ ဝါသနာပါတဲ့
အင်ဂျင်နီယာ ဆရာသမားတစ်ဦး ။
ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်
တောင်ကြီးနေ ဆရာသမားဆီ အလည်ရောက်သွားရင်း
ကျွန်တော့် အကျိ ုက်ဆုံးသီချင်းတစ်ပုဒ်ကို ဆရာ သမားက တီးပြီး လက်စွမ်းပြခဲ့တယ် ။
လက်ဦးဆရာ သမား ဦးစဝ်အောင်မြင့်ပါ။
ခုတော့ဆရာသမားမရှိတော့ပါဘူး။
၂၀၂၁ ကိုဗစ်လှီုင်းမှာ ပါမသွားခင် တစ်ပတ် ခန့်အလိုမှာ ဆရာသမားနဲ့အဝေးကနေ စကားကောင်းကောင်းပြောဖြစ်ခဲ့ လိုက် သေးတယ်.
ဆည် မြောင်းမှာအလုပ်စဝင်ဝင် ခြင်း ပထမဆုံးဆုံ စည်း တွေ့ခဲ့ရတဲ့ လက်ဥိးဆရာတစ်ဦးပါ။
ဆရာသမားနဲ့ စပါးစီမံကိန်းမှာ ၁၀ နှစ် ၁၀ မိုး ဆရာသမားလက်အောက်မှာ ပညာယူ အလုပ် တွဲ လုပ်ခဲ့ရပြီး ရာ ထူးအမျိုးမျိုးနဲ့ ပြောင်း ရွှေ့ ခဲ့ရာမှာ တစ်ချိန်မှာ ချင်းပြည်နယ် တာဝန် ခံအဖြစ် ချင်းတောင် ကို ဒု- ညွှန်ကြားရေး မှူး ရာထူးတိုးနဲ့ ဆရာတွေ ပို့လို့ရောက်သွားခဲ့တယ် ၊
အစက ချင်းတောင်ပို့တဲ့ ဆရာတွေကို ရက်စက်လိုက်တာ လို ထင်ခဲတာ ၊ ဒါ ပေမဲ့ညတာဝန်ပေးရာ ဒေသကို မငြီးမညူ အလုပ်သွားလုပ်ခဲ့တယ်။ ပထမအကြိမ် လက် ထောက် ညွှန်ကြားရေးမှူး ရာထူးတိုးနဲ့ သံလွင်အရှေ့ခြမ်း ကိုင်းတုံဒေသ ကို၍်းတုံခရိုင် ဆည် မြောင်းတာဝန်ခဲအဖြစ် တာဝန်ပေးစဉ်ကလဲ မငြ္းမငြု ဘာမှ မပြောာဘဲ ငွါးရောက် အခခုပ်တွေလုပ်ခဲ့ပါသေးတယ် ။ တစ်နှစ်မပြည့်ခင် ရန်ကုန်ပြန်ခေါ်လို့ တစ်နှစ်ပြည့်အောင် ဆက် နေ ဆက်အခုပ် တွေခပြီးပြတ် အောင် ခုပ် နေခဲ့လိုက်ပါသေးတယ်.
ဆည် မြောင်းလုပ်သက် ၃၅ နှစ် အတွင်း ဘယ်ပို့ပို့ အမြဲ တာဝန်ယူ သွားလုပ်ခဲ့သူပါ။
ဒါကြောင်းလဲညတစ်နိုင်ငံလုံူမှာ ဆည် မြောင်းအခုပ် တွေ မျိုးစုံ လုပ်ခဲ့ရ ၊လုပ်နိုင်ခဲ့ပါတယ်။ ဒေသနဲ့အတဒ့အလုပ်မျိုးစုံအတွေ့အကြုံတွေများစွာရခဲ့တယ်။ ပင်စင်ယူခါနီးမှာ ဆရာသမားတွေက အထက် က ဆည် မြောင်းရဒ့ချုပ်ကို တာဝန်ချတော့ တစ်နိုင်ငံလုံုးဆည် မြောင်ူအခုပ် တွေ မူလကတည်ူက ကြိုတင်ါသိပြီး နောကြေပြီးဖြစ်နေပြီး ။ရဒံချုပ်ဆိုတာ တစ်နိုင်ငံလုံူအလုပ် တွေ တာဝန်ယူလုပ်ပေးနေရတဲ့ဌာန ကြီးပါ။ အခုပ်တွေနဲ့ပတိသက်လို့ ထူးထွေပြဿနာ မတွေ့ခဲံရ၊မရှိခဲ့ပါဘူး။ အလုပ်များကြတဲ့ အထက်က ညွှန်ကြာူရေးမှူချုပ် ဆရာသမားကြီးတွေကိုာများစွာအထောက်အကူပြုပေးနိုင်ခဲ့တယ်လို့ မှတ်ယူမိပါတယ် ။
ရာ ထူး တိုးတိုင်း ဘယ် သွားချင်တယ်လို့လဲ ဘယ် တော့်မှမပြော ၊ပို့ လာတဲ့နေရတိုင်းကိုလဲ မသွားချင်ပါဘူးလို့လဲ အထက်က ဆရာသမားကြိး တွေကို တစ်ခါဘူးမှ ဘယ် တုနိးကမျှမပြောခဲ့ဘူးပါ။
ချင်းတောင် ရောက် တော့ နေရ ထိုင်ရ အလုပ်လုပ် ခဲ့ရ တာ ချင်းတောင်တစ်ခွင် ပြဲပြဲစင် လျှောက်သွားပြီး ဆည် မြောင်း အလုပ် တွေ လုပ်ခဲ့ ရတာ ပျော်နေခဲ့တယ်။ ပြန်ပြောင်းဘို့ ပင် ခေါင်ူထဲမရောက်
ရောက်လေရာမှာ ဘာလုပ်လုပ် အလုပ်လုပ်နေရရင် ပျော်နေတတ်တာ။ ဘယ်နေရာ ရောက်ရောက် အပေါ်ကတာဝန်ပေးတဲ့ ဆည်မြောင်း အလုပ်တွေအပြင် အမြဲ လေ့လာ ဖတ်မှတ်နေလို့ စိတ်ဝင်စားရာ ဆည်မြောင်ူ အလုပ်တွေကို လဲ တာဝန်မပေးမခိြင်ဘံနဲ့လဲ ရောက်လေရာမှာ အလုပ်တွေ ရှာဖွေလုပ်တတ်သေး တယ် ။
ဝန်ကြီး အဆက်ဆက် နှစ်ပေါင်းများစွာ ဝန်ကြီး အကြံပေး လုပ်နေသူ ဆရာသမား ဦးထွေးမြင့် က သူကိုယ် တိုင်လဲ နယ် သာလန် မှာ ၁၉၅၃ ခန့်က စတင်ဖွင့်ခဲတဲ့ IHE နိုင်ငံတကာ ေ၇အားနည်းပညာတက္ကသိုလ်ကို မြန်မာပြည်ကပထမဆုံးပညာသင်သွားခဲ့ ဘူးသူမို့ နယ် သာလန်မှာ ၁၉၈၂/၈၃ IHE ပညာသင်နှစ်မှာ သူ့လို မြစ်ဝကျွန်းပေါ်အင်ဂျင်နီယာ နည်းပညာတွေသင်ပြီးပြန်လာခဲ့သူကို ချင်းတောင် ပို့၇မလားဆိုပြီး စေတနာဒေါသောနဲ့ ဝန်ကြီးကို တပြည်လုံးစိုက်ပျိုးရေးဆည် မြောင်း လူကြီးတွေပါတဲ့ နှစ်ပတ်လည်အစည်း အဝေးကြီးမှာ ထပြောအကြံပြုတာနဲ့ ချင်းတောင်မှာ အလုပ်လုပ်နေရင်း ပျော်နေတုန်းတစ်နှစ်အကြာမှာ ရန်ကုန်က မြစ်ဝကျွန်းပေါ် အလုပ်တွေ ကိုသာ အဓိက လုပ်နေတဲ့ အောက်မြန်မာပြည် မြောင်းရုံး ကို လူမှန် နေရာမှန် ရောက်လာခဲ့၇တယ်.
ရောက်လာတဲ့ ဆည် မြာင်း ရုံးမှာ လဲ မြစ်ဝကျွန်းပေါ်အလုပ် တွေမျိုးစုံကို မြစ်ဝကျွန်းရေ ဆည် မြောင်း ပညာရှင် အကြံပေး ဆရာသမား ကြီး ဦးထွေးမြင့် လက်အောက်မျာ သူနဲ့အတူဆရာတွေ တပည့်တွေနဲ့တစပျော်တပါးလုပ်လာခဲ့လိုက်တာ ၆ နှစ်ကြာခဲ့တယ်.။ ဆည် မြောင်း ဆရာတပည့်တွေ စုပေါင်းပြီး အခုပ်တွေမငြီးမညူ နဲ့တစ်ပျော်တစ်ပါး ခုပ်ခဲ့ကြတာ ၆ နှစ်အတွင်း ဗအာက်မြန်မာပြည် မြေနိမ့်ပိုင်းဒေသ မြစ်ဝ ကျွန်းပေါ် အလုပ် တွေအများကြီး အောင်မြင် ပြီးမြောက်ခဲ့ပါတယ်။
ချင်းတောင်မှာ တာဝန်ကျစဉ်က ကျွန်တော် တစ်နှစ်လုံးလုံး Yamaha organ သေးလေး နဲ့ အတီး ကျင့် ခဲ့ တဲ့ သီချင်း ။ ဆောင်းရယ် နှင်းရယ် ချစ် သူရယ် သီချင်းကို လက်ဦးဆရာ ဦးဏဝ်အောင်မြင့် ဆရာသမားကလဲနှစ်သက်သဘောကျပုံရတယ်.
ချင်းတောင် မှာတာဝန်ကျစဉ် တစ်နှစ်လုံးလုံး ည နေ ရုံးဆင်း အိမ်ရောက်ရင် ချင်းတောင်ကအေးတော့ အိမ် အလုံ ပိတ်ပြီး အိမ် မှာ တစ်ယောက်ထဲ သီချင်းကိုအတီးကျင့်ခဲ့တာ တစ်နှစ်ကြာခဲ့တယ်.
1/2/3 ဂဏန်းNotes သီချင်း တွေကြည့်ပြီး ကျင့်ခဲ့တာ တစ်နှစ်အကြာမှာ အလွတ်တီးနိုင်ခဲ့တယ် .
အေးတဲ့ချင်းတောင် ညတွေမှာ အိမ်မှာ အဖေါ်မပါ တစ်ကိုယ် တည်း တစ်ယောက်ထဲနေရင်းသီးချင်းနားထောင် ၊သီချင်းတီး ကျင့် ခဲ့တာ မမေ့နိုင် စရာ ဘဝတွေပါဘဲ
မိတ်ဆွေတွေ တွေ့ ပွဲ ဆုံပွဲတစ်ချိ ု့မှာ သီချင်းဆိုခိုင်းရင် စာဘတ်ပြီး ကျွန် တော် လိုက်ဆို နိုင်တဲ့ တစ်ပုဒ်တည်းသော ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ် သီချင်း ပါ။
ကြိုက်တဲ့သီချင်းတွေများစွာထဲက မူလသံစဉ် အလိုက်အတိုင်းသီချင်း စာကြည့် ပြီးဆိုနိုင်ခဲ့တဲ့ သီချင်းပါ။
https://m.facebook.com/groups/205657513107254/permalink/561388097534192/?
https://m.facebook.com/groups/205657513107254/permalink/561388097534192/?
