ဖတ်စရာ မှတ်စရာ ( ၈၇ )
ကြည့်စရာ သိစရာ
သဘာဝ ပတ်ဝန်းကျင် ရေးရာ
စာပဒေသာ
သူ့လမ်းသူသွား သူ့အစာသူရှာစား ကြတဲ့
လူတွေနဲ့ယဉ်ပါးနေကြတဲ့
ပင်လယ်ကတက်လာကြတဲ ရေဖျံမိသားစု အုပ်စုတစ်သိုက်
ကြာခဲ့ပါပြီ
အချိန် ၂ နှစ်ခန့်အတွင်း မှာ
၁- ပင်လယ်ကမ်းခြေအနီး
ပင်လယ်ကမ်းဘေးက ရေမြောင်းမကြီးဘေး မှာ
လမ်းလျှောက်ရင်း
ပင်လယ်ပျော် ဖျံမိသားစုတစ်သိုက် မြောင်းထဲကူးလာကြပြီး မောင်းဘောင်လှေခါးကတစ်ဆင့် ကုန်းပေါ်တက်နားကြ၊ သစ်ပင်ရိပိအောက်မှာ နားကြ ကစားကြ နဲလုပ်နေကြတယ်
ဖျံအုပ်တွေ လူနား ရောက်လာ ကြတာ
ပထမဆုံးတွေ့ခဲ့ဘူးတယ်။
သူတို့ကလဲ သူတို့ပတ်ဝန်းကျင်ကလူတွေကို ဂရုမစိုက်ကြဘူး
၂- နောက်တစ်ကြီမ်မှာ သူတို့ဘဲထင်ရပါတယ်
ပင်လယ်ဒီရေကျပြီး မြောင်းထဲ ရေစစ်နေချိန်မှာ
ပင်လယ်ဘက်ကို မြောင်းရေတွေ စီးဆင်း နေတဲ့ အချိန်
မြောင်းထဲမှာ ပင်လယ်ထဲမှ ရေဆန်တက်လာကြတဲ့ငါးတွေကို ပင်လယ်ရေဖျံအုပ်စု ပေါင်း ၆ ကောင်ခန့်က
ငါးတွေကို နောက်ကနေရေထဲမှာအပြေးလိုပ်ဖမ်းနေကြတာတွေ့ခဲ့ရပြန်တယ်
မြောင်းဘောင်အောက် လျို ဂလိုင် တွေထဲ ပြေးဝင်ပုန်း ကြတဲ့ ငါးတွေကိုလဲ အမိအရရှာဖွေဖမ်းစားကြတယ်
၃-တတိယအကြိမ်မှာ သူတို့အုပ်စုဘဲလားမသိ
အုပ်လိုက်တွေ့ရပြန်တယ်
ပင်လယ်ကမ်းစပ် လူမြင်ကွင်းထဲမှာရှေနောက် တန်းစီပြီး ရေထဲမှာ ငုပ်လိုက်ပေါ်လိုက်နဲ့ ရေကူးလာနေကြတယ်
တစ်နေရာရောက်တော့ ကုန်းပေါ်ကို ခုန်ဆွ ခုန်ဆွနဲ့ တက်ပြေးကြတယ်
လူတွေနားမှာ လူတွေကိုဂရုမစိုက် ဖြတ်သန်းသွားနေကြတယ်
သူတို့ဘာလုပ်ဘယ်သွားမလဲသိချငိတာနဲ့
သူတို့အုပ်စု နောက်ကနေ လမ်း အမြန်လျှောက်ပြီး
အမီလိုက်ကြည့်တယ်
လူတွေ စက်ဘီးတွေသွားနေတဲ့လမ်းကို အုပ်စုလိုက် ဖြတ်ကူးသွားကြပြီး ၊ အုပ်စုလိုက်ပြေးကြပြန်တယ် ။
လမ်းတဖက်မှာရေကန်ကျယ်ကြီး တစ်ကန် ရှိနေတာများ သိနေကြသလို
ရေကန်ရေချိုကန် လဲရောက်ရောရေထဲခုန်ဆင်းပြီးရေကူးကြတော့တာဘဲ
ပျော်နေကြလေရဲ့
ဘယ်လောက်ကြာကြာနေကြလဲမသိတော့
လမ်းလျှောက်ဘို့ ပြန် လှည့် ထွက် လာ ခဲ့ပါတော့တယ်
၄- စတုတ္ထ အကြိမ်မှာတွေခဲ့ရပြန်တာက လူတွေအပန်းဖြေနားနေကြတဲ့ ပက်လယ်ကမ်းဘေး အနိမ့်ပိုင်းသောင် ပြင်ပေါ် မှာ ကိုယ်တော်လေးတွေက လူတွေနားမှာ သဲထဲလူးဆော့ကစား နေကြတယ်
လူတွေကိုလူမထင် ဂရုမစိုက် ကြ
တစ်ခါ ပင်လယ်ဘေးသောင်စပ်ကနေ လူတွေရှိရာ ကုန်းပေါ်မြက်ခင်းပေါ်တက်လာကြပြန်တယ် ပြေးကြလွှားကြ ဆော့ကစားနေကြနဲ့ မိသားစုတွေလို့ထင်ရတဲ့ ပင်လယ်ဖျံ အုပ်စု တစ်သိုက် လူတွေအနား မှာ ပျော်မွေ့နေကြလေရဲ့
စင်ကာပူနိုင်ငံမှာ တားမြစ်ထားတာက သဘာဝတိရစ္ဆာန်တွေကျေးငှက်သာရကာတွေ ခိုတွေ ကိုအစာမကြွေးရဘူး
ကြွေးတာမိရင်အရေးယူနိုင်တဲ့ဥပဒေပြဌာန်းထားပုံရတယ် အစာမကြွေးရ ကြော်ငြာ ဆိုင်းဘုတ်တွေမကြာခနတွေ့ရတယ်
မြောက်တွေ ခိုတွေ ငါးတွေကို အစာမကြွေးရဘူး
သူတို့သဘာဝအတိုင်း လူတွေလိုဘဲ ကိုယ့်ဝမ်းစာကိုယ့်ဘာသာ ရှာဖွေ စားကြပစေ
ရေးမြောင်းတွေ ရေကန်တွေထဲမှာ သူတို့သဘာဝ အတိုင်း
သွားလာ နေထိုင် ကျက်စားနိုင်အောင် ပင်လယ်ရေဖျံတွေကို နိုင်ငံတွင်းမှာ ဘေးမဲ့ လွှတ်ပေးထားတယ်လို့နားလည်ရပါတယ်
နိုင်ငံနေပြည်သူတွေကလဲ သဘာဝတိရစ္ဆာန်ကောင်တွေကို အနှောက်အယှက်မပေးကြဘူး
ကုန်းပေါ်တက်လာနားနေကြတဲ့ ပင်လယ်ရေဖျံမိသားစု ဗီဒီယို ကို မျှဝေလိုက် ပါတယ်
သဘာဝ ပတ်ဝန်းကျင်ရေးရာ အလုပ်တွေလုပ်နေသူ
ကျွန်တော် Engineer Environmentalist တစ်ဦးပါ
အေးမြင့် (ညောင်တုန်း)
၁-၄-၂၀၂၄
