BURMESE Water a festival Songs (11) /
တစ်ခေတ်တစ်ခါက
ခေတ်ဟောင်း ခေတ်ကောင်းစဉ်ကာလတွေက
မြန်မာ့ရိုးရာ မန္တလေး သင်္ကြန်
ကူးယူ မျှဝေပါသည်
မန်းသင်္ကြန် ဖြတ်ပိုင်း
✍️ဆူးငှက်
မန္တလေးသင်္ကြန်ဆိုတာ နာမည်ကြီးပါတယ်။ နာမည်ကြီးတယ် ဆိုတာက ၂ပိုင်းရှိတယ်။ ရှေးတုန်းက သင်္ကြန်က ရိုးရာယဉ်ကျေးမှုနဲ့ ဂီတ၊အက၊အလှ သင်္ကြန်အဖြစ် နာမည်ကြီးတယ်။ သင်္ကြန်မှာ
ကားတွေနဲ့ တူရိယာပစ္စည်းတွေ တင်ပြီး ဆိုကြ၊ တီးကြ၊ ကကြတာက ၁၉၃၀၀န်းကျင်က မန္တလေးမှာ
စခဲ့တာတဲ့။ ၁၉၃၀ကနေ ၁၉၄၂ ဒုတိယကမ္ဘာစစ်မီး အစ ဆိုပါတော့။ ဝံသာနုသင်္ကြန်၊ ၁၃၀၀ပြည့်
အရေးတော်ပုံသင်္ကြန်တွေအဖြစ်လည်း မန္တလေးက မမေ့မလျော့ ဆင်နွှဲခဲ့တယ်။ စစ်ကြီးကာလအတွင်း ၁၉၄၂က ၁၉၄၅အထိတော့ မန္တလေးတစ်မြို့လုံး စစ်ရှောင်တိမ်းနေကြတော့ မန္တလေးသင်္ကြန်ဆိုတာက ခပ်ပါးပါးပဲပေါ့။ ၁၉၄၅ စစ်အပြီး သင်္ကြန်အရှိန်မရသေး။ ၁၉၄၆သင်္ကြန် နာလန်ထ အားယူစ။
၁၉၄၇ သင်္ကြန်ကိုတော့ အရင်နှစ်တွေကထက် ပိုမိုထူးကဲပြီး မြို့လုံးကျွတ်သင်္ကြန်အဖြစ် ဝှဲချီး ကျင်းပခဲ့တယ်။ ရပ်ကွက်တိုင်းစေ့ အလှပြယာဉ်တွေ ထွက်တယ်။ ရပ်ကွက်တိုင်းစေ့ ဧည့်ခံမဏ္ဍပ်တွေ ထွက်တယ်။ စစ်ကြီးကြောင့် နိုင်ငံရေးအသိစိတ်တွေကြွလာပြီး အလှပြယာဉ်ရဲ့ အပြင်အဆင်တွေ၊
သင်္ကြန်သံချပ်တွေ၊ သင်္ကြန်သီချင်းတွေမှာ ဖက်ဆစ်ဆန့်ကျင်ရေး တိုင်းပြည်နဲ့ လူမျိုးလွတ်လပ်ရေးတွေကို အသားပေးဖော်ပြလာတယ်။ တိုင်းပြည်လွတ်လပ်ဖို့ခတ်မှီ စစ်လက်နက်ပစ္စည်းတွေရှိမှ ဖြစ်မယ်လို့ ယုံကြည်ပြီး အလှပြယာဉ်တွေမှာ တိုက်သင်္ဘောတွေ၊ တင့်ကားတွေ၊ သံချပ်ကာ ကားတွေ၊
တိုက်လေယာဉ်ပျံတွေ၊ ဒုံးပျံတွေ ပုံစံချိုးပြီး အလှဆင်ကြတယ်။ အဲဒီ ၁၉၄၇ခုနှစ် သင်္ကြန်မှာပဲ ယနေ့ထက်တိုင် မရိုးနိုင်တဲ့ မန်းတောင်ရိပ်ခို သီချင်းကို မြို့မငြိမ်းက ရေးစပ်ပြီး မြို့မငွေငန်းအလှပြယာဉ်က
သီဆိုတီးမှုတ်ခဲ့တယ်။
၁၉၅၁သင်္ကြန်ကတော့ ငြိမ်းချမ်းရေး သင်္ကြန်တဲ့။ အဲဒီတုန်းက ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် အာဏာရ အစိုးရဝန်ကြီးတွေနဲ့အတူ မန္တလေး ငြိမ်းချမ်းရေး သင်္ကြန်ကို လာရောက်ဆင်နွှဲခဲ့တယ်။ အလှပြယာဉ်ပေါင်း ၁၀၀ကျော်၊ အလှပြသင်္ကြန်မဏ္ဍပ်ပေါင်း ၁၀၀ကျော် ရှိခဲ့သတဲ့။
နောက်နှစ် ၁၉၅၂ခု သင်္ကြန်ကတော့ နာမည်ကျော် ပြည်ထောင်စု သင်္ကြန်တဲ့။ အဲဒီနှစ်က အသစ်စက်စက် သမ္မတကြီးကိုယ်တိုင် ဝန်ကြီးချုပ်နဲ့အတူ မန္တလေးသင်္ကြန်ကို ဆင်နွှဲသတဲ့။ အလှပြယာဉ်ပေါင်း ၁၀၀ကျော်ကလည်း အရင်နှစ်ကထက် သာအောင် လျှပ်စစ်မီးတွေ၊ တူရိယာဝိုင်းတွေနဲ့ ခမ်းခမ်းနားနား ပြင်ဆင် ဆင်နွှဲကြတယ်။ ဧည့်ခံမဏ္ဍပ် ရာကျော်ကလည်း အရပ်သူ ယိမ်းအဖွဲ့တွေနဲ့ လှလှပပ မြူးမြူးကြွကြွ ဆင်နွှဲကြတယ်။ ဒီနှစ်ပိုင်းတွေဟာ မန္တလေးသင်္ကြန်အဖို့ ငြိမ်းချမ်းရေး သင်္ကြန်၊ပြည်ထောင်စုသင်္ကြန်များအဖြစ် ယဉ်ကျေးမှုကို မှတ်ကျောက်တင်နိုင်ခဲ့တယ်။
၁၉၆၂နောက်ပိုင်း ၁၉၈၀ ဝန်းကျင် အထိ ဗဟိုမဏ္ဍပ် မြို့နယ် ဆုပေးမဏ္ဍပ်တွေနဲ့ ပြိုင်ပွဲသင်္ကြန်ဟာ မန္တလေးမှာ ထင်ရှားခဲ့တယ်။ နှစ်အလိုက် အတိုးအဆုတ် အနည်းငယ်သာ ရှိပေမယ့် နှစ်စဉ် အလှပြယာဉ်ပေါင်း ၅၀က ၁၀၀အတွင်း၊ သံချပ်အဖွဲ့ပေါင်း ၂၀ကျော်၊ အလှပြမဏ္ဍပ်ပေါင်း ၅၀က ၁၀၀အတွင်း ရှိခဲ့တာချည်းပါပဲ။ အစဉ်အဆက် ထိန်းသိမ်းခဲ့တဲ့ ရိုးရာယဉ်ကျေးမှုနဲ့ မန္တလေးသင်္ကြန်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်ဆဲ ကာလတွေပါ။ အဲဒီနှစ်တွေမှာ မန္တလေးသင်္ကြန်ရဲ့ထူးခြားမှုက ရုပ်ရှင်မင်းသားဝင်းဦးနဲ့ မြို့မငွေငန်း အလှပြယာဉ်တို့ပါပဲ။ ဝင်းဦးကလည်း
လျှမ်းလျှမ်းတောက်နေချိန်။ မန္တလေးသင်္ကြန်မှာ သူကိုယ်နှိုက်က သူ့စရိတ်သူခံပြီး မြို့မနဲ့ မန္တလေးပရိသတ်ကို အခွင့်အရေးတစ်ခုအနေနဲ့ လာရောက်ဖျော်ဖြေတာပါ။ ၁၁နှစ်တိတိ ကြာရှည်ခဲ့ပါတယ်။ သူ့ကိုယ်ကျိုး လုံးဝမပါဘဲ အနုပညာတန်ဖိုးရှိတဲ့ အသင်းနဲ့ အနုပညာရပ်ဝန်းဆီ အရောက်လာပြီး ပူးပေါင်း လက်တွဲတဲ့ ဖြစ်စဉ်ပါ။
၁၉၈၀ကျော် ဝန်းကျင်မှာတော့ စီးပွားရေးအခြေအနေတွေအရ မန္တလေးသင်္ကြန်မှာ အလှပြယာဉ်တွေ၊ မဏ္ဍပ်တွေ သိပ် မထွက်နိုင်တော့ဘူး။ အစဉ်အလာ ကြီးမားတဲ့ မြို့မအသင်းကိုယ်နှိုက်ကပဲ အလှပြယာဉ် မထွက်နိုင်တော့ဘူး။ ဆင်ဆာအဖြတ် အတောက်တွေ များလာတော့ သံချပ်အသင်းတွေလည်း မထွက်နိုင်တော့ဘူး။
ဒါကြောင့်လည်း ၁၉၈၄ခုနှစ်မှာ ကုန်လွန်ခဲ့တဲ့ မန္တလေးသင်္ကြန်တွေကို လွမ်းဆွတ် အမှတ်ရပြီး မမေ့မပျောက် မှတ်တမ်းတင် ကျန်ရစ်စေတဲ့ သင်္ကြန်မိုး
ဇာတ်ကားကို မန္တလေးသားတွေ မဏ္ဍိုင်ပြုပြီး ကြီးကျယ်ခမ်းနားစွာ ရိုက်ကူးနိုင်ခဲ့တာပါ။
၁၉၃၀ ဝန်းကျင်မှသည် ၁၉၈၄ သင်္ကြန်မိုး အထိကတော့ ယဉ်ကျေးမှုကို အခြေခံတဲ့ ဂီတ၊ အက၊အလှတွေနဲ့ မန္တလေးသင်္ကြန်ရဲ့ မှတ်တမ်း ရုပ်ပုံလွှာတွေပေါ့။
ထူးခြားစည်ကားခဲ့သော မန္တလေးသင်္ကြန်ပုံရိပ်အချို့
၁၉၂၅ ဝန်းကျင်။ ။လော်ရီကားများပေါ်တွင် အလှဆင်၍ အတီးအမှုတ်များဖြင့် စတင်ဆင်နွှဲခဲ့သည့်
အလှပြယာဉ်များ ပေါ်ထွက်ခဲ့သော သင်္ကြန်။
၁၉၃၀ ဝန်းကျင်။ ။ အလှပြယာဉ်များကို အပြိုင်အဆိုင်ပြင်ဆင်ကြပြီး မိမိတို့ အဖွဲ့အလိုက် သင်္ကေတ
ရုပ်ပုံရုပ်လုံးများ ချိုး၍ ဆင်နွှဲကြသဖြင့် မြို့လူထုက စိတ်ဝင်စားခဲ့သော သင်္ကြန်။ (ထိုနှစ်တွင် မြို့မ
အပျော်တမ်း တူရိယာအသင်းက ငွေငန်း ရုပ်လုံးချိုး ၍ အလှပြယာဉ်ကို ဆင်ယင်ခဲ့သည်။)
၁၉၃၉ ခုနှစ်။ ။ ၁၃၀၀ပြည့် အရေးတော်ပုံကာလနှင့် တိုက်ဆိုင်၍ သင်္ကြန်အဖွဲ့များက အရေးတော်ပုံကို ဂုဏ်ပြုသည့် သီချင်းများ ရေးစပ်သီဆိုကြသော သင်္ကြန်။
၁၉၄၇ ခုနှစ်။ ။ ဒုတိယကမ္ဘာစစ်ကြောင့် မြို့ကို စွန့်ခွာထွက်ပြေး ခဲ့ကြရသဖြင့် သင်္ကြန်နှင့် အဆက်ပြတ်နေရာမှ ၁၉၄၇ခုနှစ် (၁၃၀၉ခုနှစ်) သင်္ကြန်ကို မန္တလေးမြို့တွင် အလှပြယာဉ်ပေါင်း ရာကျော်၊ သင်္ကြန်မဏ္ဍပ်ပေါင်း ရာကျော်ဖြင့် ဝှဲချီးကျင်းပ။ အလှပြယာဉ်များက ကိုယ်ပိုင်တပ်မတော် ခေတ်မီရေးနှင့် လွတ်လပ်ရေးကိုဖော်ကျူးသည့် သင်္ကေတများဖြင့် ဆင်နွှဲကြပြီး မြို့မအသင်းက ယနေ့ထက်တိုင် နာမည်ကျော်ကြားနသော ““ရွှေမန်းတောင်ရိပ်ခို”သီချင်းကို မြို့မငြိမ်း ရေူစပ်ပြီး စတင် သီဆိုခဲ့။ (အေးအေးချမ်းချမ်း၊ရေလောင်းရေပက်နှင့်
ပျော်ပါစေကွယ် စသောသီချင်းများလည်း ပါဝင်ခဲ့။)
၁၉၅၁ ခုနှစ်။ ။ ငြိမ်းချမ်းရေးသင်္ကြန်အဖြစ် နိုင်ငံတော်သမ္မတနှင့် ဝန်ကြီးချုပ်ကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့။ မြို့လုံးကျွတ် အလှပြယာဉ်ပေါင်း ၁၀၀ကျာ်၊ အလှပြ မဏ္ဍပ်ပေါင်း ၁၀၀ကျာ်၊ မြို့တွင်း ရေပက်ကစားရန် ရပ်ကွက်အနှံ့ ကျုံးရေကန်များ တူးဖော်ပေးခဲ့။ မြို့မအဖွဲ့အတွက် မြို့မငြိမ်းက ငြိမ်းချမ်းရေး သင်္ကြန်သီချင်း ရေးစပ်ခဲ့။
၁၉၅၂ ခုနှစ်။ ။ပြည်ထောင်စုသင်္ကြန်အဖြစ် ထိုစဉ်က နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်ဝန်ကြီးချုပ်တို့
ပါဝင်ဆင်နွှဲခဲ့။ အလှပြယာဉ်နှင့် အလှပြမဏ္ဍပ်များ ပိုမို များပြားစွာ ပါဝင်ဆင်နွှဲခဲ့။ မန္တလေးသင်္ကြန်
သမိုင်းတွင် အစည်ကားဆုံးသင်္ကြန် အဖြစ် မှတ်တမ်းတင်ခဲ့။ ရိုးရာသင်္ကြန်တီးလုံးနှင့် အကများတွင်
အနောက်တိုင်း တီးလုံးသံစဉ်များ ပေါင်းစပ်မှု စတင်ခဲ့။ ဝင်းလိုက်မယ် ရေသဘင်အဖွဲ့မှ ရတနာနတ်မယ် မှာ ထင်ရှားခဲ့။ အလားတူ ဝါးပုလွေ အလက် ၆၀ကျာ်ဖြင့် တီးခတ်သော မြို့မငြိမ်း၏ A.M.B.A စောင်းကောက် အလှပြယာဉ်နှင့် တီးလုံးသံစဉ်များ ထင်ရှားခဲ့။
၁၉၆၉ ခုနှစ်မှ ၁၉၈၀ ခုနှစ် ဝန်းကျင်ထိ သင်္ကြန်များ။ ။ဗဟိုဆုပေးမဏ္ဍပ်အပြင် မြို့နယ်အလိုက် ဆုပေးမဏ္ဍပ်များဖြင့် အလှပြယာဉ်ပေါင်း ၉၀ကျော်၊ အလှပြမဏ္ဍပ်ပေါင်း ၁၀၀ ဝန်းကျင်၊ သံချပ်အသင်းပေါင်း ၃၀ခန့်ဖြင့် နှစ်စဉ် မြို့လုံးကျွတ် ဆင်နွှဲခဲ့။ မြို့မတူရိယာအသင်း၏ ငွေငန်းအလှပြယာဉ်တွင်
ရုပ်ရှင်မင်းသား ဝင်းဦး ပါဝင်ဖျော်ဖြေခဲ့ပြီး ရှေ့ပြေးကားပေါင်း ၂၀ကျာ်၊ အခြွေအရံကားပေါင်း ရာကျော် အတူလိုက်ပါ။ ပရိသတ် သောင်းဂဏန်းဖြင့် မြို့လုံးအနှံ ညစဉ်ဖျာ်ဖြေခဲ့။ နဂါးမယ်၊ ရွှေမန်းမေ၊ မီးရထား၊ ပွဲညွှန့်သူဇာ၊ ငုရွှေဝါ၊ မြသစ်လွင် စသောအသင်းများ ထင်ရှားခဲ့။
✍️𝕮𝖗𝖉𝕿𝖔𝕺𝖜𝖓𝖊𝖗_ ဆူးငှက်
✨ ဆောင်းပါး
🌼🙏 လေ့လာသူ မမြင်ဖူးသူတို့ သိမ်းထားနိုင်ရန်၊ မူရင်းရေးသူကိုခရက်ဒစ်ပေးပြီး၊ ဗဟုသုတအဖြစ် တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်…😇
All rights and credits go to rightful owner.
BurmaHistoricalMoments~မြန်မာ့သမိုင်းမှတ်တမ်းများ ( မြန်မာ့သင်္ကြန်)







” ကူးယူဖေါ်ပြပါသည် ။
BurmaHistoricalMoments~မြန်မာ့သမိုင်းမှတ်တမ်းများ ( မြန်မာ့သင်္ကြန်)
၁ ၈ ၈ ၀ ခုနှစ်ဝန်းကျင်က သင်္ကြန် ပွဲတော် “
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼 ( ၁၈၈၂ခုနှစ်တွင်ပုံနှိပ်ထုတ်ဝေသော ဆာဂျော့စကော့ (မြန်မာအမည် -ရွှေရ်ိုး)ရေးသားသည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အကြောင်းကို Burma စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။) မြန်မာတို့၏ ပျော်ရွှင်စရာအကောင်းဆုံးနှစ်သစ်ကူးပွဲတော်ကို အင်္ဂလိပ်လူမျိုးများအပါအဝင် မည်သည့်လူမျိုးမဆို မေ့လျော့မထားနိုင်အောင် ပျော်ရွှင်နှစ်သက်စရာပွဲတော်အဖြစ် တစ်သက်တာထူးခြားမှတ်သားစရာကောင်းလှပေသည်။နှစ်စဉ် မြန်မာတို့၏ ပထမဆုံးလ
ဖြစ်သည့်တန်ခူးလမှာ ဧပြီလနှင့်တိုက်ဆိုင်တတ်လေသည်။နှစ်သစ်ကူးမည့်ရက်ကို မန္တလေးရှိ ဘုရင့်နက္ခတ်ပညာရှင်များက သတ်မှတ်ပေးကြပြီးယင်းရက်ကို အင်္ဂလိပ်ပိုင် အောက်မြန်မာနိုင်ငံတွင် ဆက်လက်ကျင်းပပေးနိုင်ရန် ပြည်နယ်အစိုးရ အတွင်းဝန်များကိုတာဝန်
ပေးထားသည်။(ထိုအချိန်တွင် အထက်မြန်မာနိုင်ငံမန္တလေးရတနာပုံနေပြည်တော်ကို သီပေါမင်းအုပ်ချုပ်
လျှက်ရှိပြီး အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့သိမ်း
ပိုက် အုပ်ချုပ်နေချိန်ဖြစ်၏။) နှစ်သစ်ဆန်းတိုင်း သိကြားမင်းလူ့ပြည်ဆင်းသည်
ဟုအယူအဆရှိ၍ ယင်းနှင့်သက်ဆိုင်သော သင်္ကြန်စာ
ကို ပုဏ္ဏားများဗေဒင်ဆရာများက ရေးသားကြသည်။လာ
မည့်နှစ်အတွက် မည်သို့ဖြစ်မည်ပျက်မည် မည်သည်ကို
ဆောင်ရမည် ရှောင်ရမည်ဟု ထည့်သွင်းရေးသားကြ
သလို သိကြားမင်းကိုင်ဆောင်လာသောအရာကိုမူတည်
၍ ရေအိုးကိုင်ဆောင်လာပါက မိုးကောင်းမည်သီးနှံအ
ထွက်တိုးမည် ဟုလည်းကောင်း လှံစင်္ကြာကိုင်ဆောင်
လာပါက ဘေးအန္တရာယ်ပေါများမည် ဟုလည်းကောင်း
အဆိုးအကောင်းခန့်မှန်းသည်။ ထိုသို့လူ့ပြည်ဆင်းရာ
တွင် သိကြားမင်းစီးလာသော တိရိစ္ဆာန်ကိုလည်း နဂါး
စီးလာလျှင် မိုးကောင်းမည် ဂဠုန်စီးလာလျှင် အခြေအ
နေ လှုပ်လှုပ်ရှာရှားရှိမည် စသဖြင့်ဗေဒင်ဆရာများနှင့်
ပုဏ္ဏားများက ဟောကိန်းထုတ်ကြသေးသည်။ ထိုသို့ဖြင့် ပညာရှိများက သိကြားမင်းလူ့ပြည်ဆင်း
သည့်အချိန်ရောက်ပြီဟု သတ်မှတ်သည့် အခါတွင်
နန်းတော်အတွင်းမှ အမြှောက်ပစ်ဖောက်လေ့ရှိသည်။
ထိုအခါ ရေအိုးများကိုင်ဆောင်ထားသော အများပြည်
သူတို့သည် နေအိမ်အတွင်းမှ ထွက်လာကြလေသည်။
ရေအိုးများထဲတွင် သပြေရွက်များနှင့်အခြာစိမ်းလန်း
သောသစ်ရွက်များကို အိုးပြည့်မခန်းထည့်ထားကြ၏။
သက်ကြီးရွယ်အို တစ်ဦးက ဆုတောင်းမေတ္တာပို့သ
ပေးပြီးသည့်နောက်တွင် ရေများကို မြေပြင်ပေါ်သို့
သွန်ချလိုက်လေတော့သည်။ အားလုံးစိတ်ထဲတွင်
ပျော်ရွှင်ချမ်းမြေ့ခြင်း ဖြစ်ပေါ်နေလေသည်။ နံနက်စောစောပင် အားလုံးလိုလို ကြည်လင်
သန့်စင်သောရေကို အိုးအပြည့်ထည့်ကာ ဘုန်းကြီး
ကျောင်းများသို့သွားကြပြီး ရေကပ်လှူ ကြကာ ဘေး
အန္တရာယ်ကင်းဝေးစေကြောင်း ဆုတောင်းကြသည်။
ထို့နောက် ဘုရားသို့သွားကာ ဗုဒ္ဓရုပ်ပွားတော်များ
အား ရေသန့်စင်ဆေးကြောကြသည်။ ရေသပ္ပါယ်ရ
သောအကျိုးကား များပြားလှပေသည်။ရေသပ္ပါယ်
ပြီးနောက် အိမ်အပြန်လမ်းတွင် အချင်းချင်းရေလောင်း
ရေပက်ဖြန်းကြလေသည်။ဆုတောင်းမေတ္တာများလည်း
ပို့သကြ၏။နံနက်စာမစားမီ လူတိုင်းမှာရေများဖြင့်
စိုရွှဲကုန်ကြတော့သည်။ သို့သော်လည်းမည်သူမှ အဝတ်အစားမလဲကြပေ။
ပူသောရာသီဖြစ်သည်က တစ်ကြောင်း ထပ်မံ၍ရေစိုဦး
မည်ကတကြောင်းကြောင့်ဖြစ်၏။ ရိုသေလေးစားစွာ
တစ်ဦးနှင့်တစ်ဦးရေလောင်းတတ်ကြပြီး လူတိုင်းပင်
ရေစိုနေကြသည်။ မိန်းကလေးတို့မှာ အများဆုံးရေ
လောင်းခံရသူများဖြစ်သည်။၃ရက်တာ ကာလအတွင်း
ရေမစိုသူဟူ၍ မရှိ လူတိုင်းပင်ရေလောင်းခံကြရသလို
ချမ်းမြေ့ခြင်းအမှတ်အသားအဖြစ် ရေလောင်းခံရသည်
ကိုလူတိုင်းကလည်း လိုလားသည်။စာရေးကြီးတစ်ဦး
က သူ၏ အကြီးအကဲထံလာရောက်ပြီး ငွေဖလားထဲ
တွင်ရေထည့်ကာ ဦးစွာရှိခိုးကန်တော့၏။ထိုနောက်ရေ
ကန်တော့မည်ဆိုကာ ကျောကုန်းပေါ်သို့ရေများလောင်း
ချတော့သည်။သိမ်မွေ့စွာဆိုက ရေလောင်းသည်ဟု
ဆို၍ ပွင့်လင်းစွာဆိုက ရေပက်သည်ဟုပြောရမည်
ဖြစ်သည်။ ညစ်ပတ်မသန့်စင်သောရေကို မည်သူမျှ
မည်သည့်နေရာမှ မပက်ကြပေ။ စိတ်ရွှင်လန်းရန် အချင်းချင်းနောက်ပြောင်ကျီ
စယ်မှု့မှန်သမျှ ကိုလည်း မည်သူမျှစိတ်မဆိုးကြသလို
မည်သည့်နိုင်ငံခြားသားတို့ကလည်း ရေပက်ခြင်းကို
မကန့်ကွက်ကြပေ။စီးပွားရေးဆန်သောတရုတ်လူမျိုး
တို့ကမူ ရေပက်ခြင်းကို စီးပွားရေးအမြင်ဖြင့်စိတ်ဝင်
တစားရှိတတ်သည်။ မော်လမြိုင်တွင် ကျွန်တော်တာ
ဝန်ယူစဉ်က တရုတ်ကုန်သည်ကြီးတစ်ဦးသည် မင်း
လမ်းမကြီးရှိ သူ၏ အိမ်ရှေ့တွင်ရေစုပ်စက်များချထား
ကာ ခြံဝန်းထဲမှ ရေတွင်းနှင့်ဆက်သွယ်ထားသော
လမ်းဘေးရှိ တိုင်ကီများကို ရေစုပ်ထည့်ပေးလေသည်။
လူတိုင်းကိုလည်း တိုင်ကီထဲရှိရေများကို စိတ်ကြိုက်
ရေပက်ကစားစေ၏။ ထိုအချိန်တွင် သူ၏ရေစုပ်များ
မည်မျှ အစွမ်းထက်ကြောင်း ကောင်းကြောင်းကို
တရုတ်ကုန်သည်ကြီး ဘွန်တိုက်က အကျယ်တဝံ့
ကြော်ငြာခြင်း ပြုလေတော့သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ပြည်မြို့တွင်
အင်္ဂလိပ်အရာရှိလူငယ်တစ်ဦး သူ့မိတ်ဆွေနှစ်ဦးနှင့်
အတူ ထမင်းစားနေခဲ့သည်။ထိုစဉ်အိမ်နီးချင်းတစ်ဦး
က သူ့ထံသို့တစ်လမ်းကျော်မှ မိန်းကလေးများရေပက်
ရန်လာလိမ့်မည်ဟု သတင်းပေးသည်။ထို့ကြောင့်သူ
တို့သည် ဝရံတာပေါ်သို့ ရေတိုင်ကီများထုတ်၍ ရေ
ပက်ရန်အဆင်သင့်စောင့်ဆိုင်းရင်း စားလက်စအစား
အသောက်များဆက်စားနေ၏။စားသောက်နေစဉ်မှာ
ပင်သူတို့ကိုယ်ပေါ်သို့ရေစက်များကျရောက်လာသော
အခါမှ မိန်းကလေးများရောက်လာကြောင်းသိကြလေ
ရာ သူတို့လည်း ရေပြန်ပက်ရန် ရေတိုင်ကီများထား
ရာသို့ အပြေးထသွားကြသည်။သို့သော်သူတို့နောက်
ကျလေပြီ။ ရေတိုင်ကီများကို မိန်းကလေးများကနေ
ရာယူကာ ခွက်များဖြင့် လောင်းပက်ခြင်းခံရ၍အင်္ဂလိပ်
သုံးဦးလုံး စိုရွှဲသွားကြလေတော့သည်။ သို့သော်အရာရှိငယ်မှာ စိတ်မလျှော့ နီးရာမိန်း
ကလေးတစ်ဦးကို လှမ်းဆွဲကာရေထဲသို့နှစ်လိုက်လေ
တော့သည်။သူ့အပြုအမူကြောင့် မိန်းကလေးများမှာ
အံ့သြထိတ်လန့်ကာ ထွက်ပြေးကုန်ကြသည်။မိန်းက
လေးအားလုံးမှာ မြို့ပေါ်ရှိ လူကြီးလူကောင်းတို့၏
သမီးများဖြစ်ကြသည်။မြန်မာတို့၏ ထုံးစံမှာ သင်္ကြန်
အခါတွင်း နောက်ပြောင်သည်ပင်ဖြစ်စေ အပျိုအရွယ်
တို့ကို ယောင်္ကျားလေးများက လက်ဖျားနှင့်မထိကြရ
ပေ။ရေထဲဆွဲနှစ်၍ တစ်ကိုယ်လုံးသာမက ဆံပင်များ
ပါ ရေစိုစေခြင်းကား ဆိုဘွယ်ရာမရှိတော့ချေ။နှစ်သစ်
ကူးချိန် တလျှောက်လုံး ထိုအင်္ဂလိပ်အရာရှိငယ်အား
မည်သူကမှ အရောတဝင် ရေပက်ခြင်းမပြုလုပ်ကြ
တော့။ မန္တလေးရတနာပုံနေပြည်တော်၏နှစ်သစ်ကူး
ပွဲတော် အထူးသရုပ်မှာ “သင်္ကြန်တော်ကြီး”ဟု ခေါ်
သော ဘုရင်မင်းမြတ်ခေါင်းဆေးခြင်းမင်္ဂလာပြုခြင်း
ဖြစ်၏။ အခြားအချိန်များတွင်ခေါင်းလျော်ခြင်းကို
ခေါင်းဆေးခြင်းမင်္ဂလာပြုသည်ခေါ်ပြီး သင်္ကြန်ကဲ့သို့
နှစ်သစ်ကိုဖွင့်လှစ်ပေးသည့်အနေဖြင့် အခမ်းအနား
ဖြင့်ကျင်းပလေ့ရှိသည်။ယခင်ကမူ မော်လမြိုင်တစ်
ဘက်ကမ်း ကျောက်တောင်များပေါသော ခေါင်းဆေး
ကျွန်းမှ ရေကိုတကူးတကသယ်ယူလာပြီး သင်္ကြန်
တော်ကြီးကျင်းပကြောင်းသိရသည်။သို့သော် ၁၈၂၆
စစ်ပွဲပြီးစက အင်္ဂလိပ်တို့ တနင်္သာရီနယ်များနှင့်သံ
လွင်မြစ်ဝအထိ သိမ်းပိုက်ပြီးချိန်မှစ၍ ခေါင်းဆေး
ကျွန်းမှ ရေကိုမသယ်ယူတော့ပဲ ဧရာဝတီမြစ်ရေဖြင့်
သာ အစားထိုးခဲ့သည်။ မြန်မာတို့၏ နှစ်သစ်ကူးချိန်အခါ အခြားလိုလား
ဖွယ်ရာ အကြောင်းအရာများစွာအနက် သင်္ကြန်တွင်း
အလှူ အတန်းပေးခြင်းလည်း အပါအဝင်ဖြစ်သည်။
ကျေးလက်တောရွာများတွင် သူတို့အိမ်မျကို ဟာလာ
ဟင်းလင်း ဖွင့်ထားခဲ့ကြပြီး လမ်းပေါ်လျှောက်သွား
သမျှ လူများကို ရိုးရာ အစားအသောက်မျိုးစုံတည်ခင်း
ဧည့်ခံကျွေးမွေးကာ စတုဒီသာအလှူ ပေးကြလေ့ရှိ၏။
နှစ်သစ်ကူးပွဲတော်နောက်ဆုံးနေ့ မွန်းတည့်ချိန်တွင်
သိကြားမင်း လူ့ပြည်မှနတ်ဘုံသို့ ပြန်တက်ခြင်း အ
ထိမ်းအမှတ်အဖြစ် နန်းတော်တွင်းမှ အမြှောက်ပစ်
ဖေါက်သည်နှင့် တပြိုင်နက် ရေပွဲသဘင်မှာလည်း
ပြီးဆုံးခြင်းရောက်လေသည်။ ရေပြွတ်ရေခွက်တို့ကို
နောက်နှစ်အတွက်သိမ်းကာ အဝတ်စိုများခြောက်သွေ့
ရန်နေပူလှမ်းကြသည်။ ထိုနောက်မှ လာမည့်နှစ်အ
တွင်း ပုဏ္ဏားတို့ဟောကိန်းထုတ်ထာသည်များ မှန်
မမှန်ကို စောင့်ကြည့်နေကြရန်သာ ရှိလေတော့သည်။
စာကိုး။ Sir Jame Gorge Scott’
‘BURMA’ တင်ထွေးမြန်မာပြန်
” ရွှေရိုး၏ ဗမာ”စာအုပ်မှ ကောက်
နှုတ်ဖော်ပြပါသည်
✍️Credit via @ နန်းစံ မြန်မာမှုပန်းပုအရောင်းပြခန်း
📸crd photo 🙏
https://www.facebook.com/MyanmarKnowledgeGuide?mibextid=ZbWKwL
✨လေ့လာသူ မမြင်ဖူးသူတို့ သိမ်းထားနိုင်ရန်၊
မူရင်းရေးသူကိုခရက်ဒစ်ပေးပြီး၊ ဗဟုသုတအဖြစ် တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်…😇
All rights and credits go to rightful owner.
BurmaHistoricalMoments~မြန်မာ့သမိုင်းမှတ်တမ်းများ ( မြန်မာ့သင်္ကြန်)





