https://youtu.be/qzDLtyLstK8?si=_IUMawlW9BersM-d
ကူးယူဖေါ်ပြပါသည်
သူမတူတဲ့ အရှိုက် အဟိုက်၊ ဌာန်၊ မာန်၊ နရီစည်းကျ အဝင်အထွက် အစရှိတဲ့ မြန်မာ့အဆိုပညာကို ကျကျနန လှလှပပကြီး ဖော်ကြူးသွားလိုက်တာ။ နားထောင်နေသူကို ဒီနေရာ မှာ ဒီလိုဆိုရတယ်၊ ဒီလိုရှိုက်ရတယ်၊ ဒီလိုဝိုင်းရတယ်၊ ဒီလိုငေါက်ရတယ်၊ တချို့နေရာတွေမှာ စကားပြောသလိုဆိုရတယ်၊ တချို့နေရာတွေမှာ အတီးရှေ့က ဘယ်လိုဆောင်ဆိုရတယ်၊ စည်းကြား ဝါးကြားကို ဘယ်လိုဝင်ရတယ်ဆိုတာတွေကို သင်ပေးနေသလိုပါပဲ။ ဒီသီချင်းဟာ အဆိုကဝေလို့တင်စားခံရတဲ့ ပညာရှင်ကြီးရဲ့ မှတ်ကျောက်ပါပဲ။ တစ်ခေတ်တစ်ယောက် ထွန်းပေါက်ခဲ့တဲ့ အမေအေးတစ်ယောက် ကောင်းရာဘုံဘဝမှာစံစားနိုင်ပါစေ။
“လမင်းသာချိန် နေကွယ်ချိန်”
အတီး – စန္ဒရား ဦးစိန်သောင်း
#Video
#Cried
