သင်္ဂါ ယနာ ခြောက် တန် ။ မြတ်ဗုဒ္ဓသာသနာသမိုင်း နှင့် နောက်ခံသမိုင်းများ။

၁ ။ သင်္ဂါယနာ ခြောက်တန် ူမ္မတေးများ ။ မြန်မာသံစဉ် အဆိုတော်ကြီးများ ။

( မြန်မာ ဗုဒ္ဓ ဘာသာဝင်များအတွက် )

ဖတ်စရာ မှတ်စရာ
စာပဒေသာ ( ၇၄ )

ကြည့်စရာ သိစရာ
ဘာသာရေးရာ

မြတ်ဗုဒ္ဓသာသနာ

ဓမ္မဝိနယ မြတ်စွာဘုရား ဟောကြားခဲ့သော တရားတော် များကို
မပျောက်မပျက် အဓွန့်ရှည် စေကြောင်းနှင့်
မြတိစွာဘုရား အမှန်တကယ် ဟောကြး ပြသခဲ့သည့်
ဗုဒ္ဓတရား အစစ်အမှန်များ အမှန်အကန်များ ကို
ဗုဒ္ဓ ဘာသာဝင်များ လိုက်နာကျင့်ကြံ အားထုတ် နိုင်ကြစေရန် နှင့် သာသနာ သန့် စင် ပြန့်ပွါးရေးနှင့်
ဗုဒ္ဓသာသနာ နောင် အခါ မကွယ် ပျောက်ရေး တို့အတွက် ရည်ရွယ် လျက်
ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံကြီး၃ နိုင်ငံတွင်
ရှေး အခါက သင်္ဂါယနာ ၆ ကြိမ် ထိ တင်ခဲ့ပါသည်။

ဘု ရားပွင့်ရာ ဗုဒ္ဓဂါယာ မြတ်မဟာ ဒေသ အန္ဒိယ နိုင်ငံတွင် ၃ ကြိမ်
သီရိ လင်္ကာနိုင်ငံတွင် ၁ ကြိမ်
ထေရဝါဒ မြန်မာ နိုင်ငံတွင် ၂ ကြိမ်
ဆရာတော်ကြီးများ က ၇က်ပေါင်းလပေါင်းများစွာအချိန်ပေး၍ ၆ ကြိမ်တိုင် စည်းဝေးတိုင်ပင် မေးမြန်းဖြေကြား အဖြေထုတ်ကြကာ
ဓမ္မ တရားသဘင်ပွဲ ကြီးမျာကို
အပတ်တကုတ် ကျဉ်းပခဲ့ကြပါသည်။

ဗုဒ္ဓဘာသာဝင် နိုင်ငံများမှ ဘုရားသားတော် သံဃာတော် များက လာရောက် စုဝေးကြကာ တိပိဋက စာတတ်ပေတတ် ဆရာတော်ကြီးများကဦးဆောင်၍ ပုစ္ဆာ အမေးအဖြေ များ ဖြင့် နုတ်တက် အာဂုံဆောင် လျက် ပညာတတ် ဆရာတော်ကြီးများက ဗုဒ္ဓ ဘသာတရားများကို စုပေါင်း စီစစ် သုတ်သင် တည်းဖြတ် ခဲ့ကြရာ
အခြားဘာသာများနှင့မတူ ထူးခြားစွာဖြင့်
ဗုဒ္ဓ ဘုရားရှင် အမှန်ပင် ရှိခဲ့ကြောင်း ၊ ၄၅ ဝါကာလပတ်လုံး ဟောကြားခဲ့သောတရားများ အမှန် ဟော ကြားခဲ့ကြောင်း ။ဖေါ်ထုတ်ခဲ့ကြပြီး၊ သက်သေ အထောက်အထား အတိအကျ ပြစရာ သာဓက များ အဖြစ် ယနေ့ တိုင် ဗုဒ္ဓဂါယာ မြေမြတ်မဟာ က သက်သေပြလျက်ရှိနေပါသည် ။

အဓမ္မဝါဒီများ က ဗုဒ္ဓ၏တရားတော်များကို ဖျက်လိုဖျက်စီး လုပ်လာကြသော
မြတ်စွာဘုရား ပရိနိဗာန်စံပြီး နှစ် တစ်ရာခန့်အကြာတွင်
ဗုဒ္ဓ ဟောကြားတရားတော်များကို ဘုရားလက်ထက် တပည့် သာဝက သံဃာတော်များ က နှစ်ပေါင်း ၁၀၀ အတွင်း တွင် အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့ကြပြီး နောက် ပထမအကြိမ် နုတ်ဖြင့်အာဂုံဆောင် ရွတ်ဆိုကြလျက် ပထမအကြိမ်သံဃယနာ ကို ဦးစွာ တင်ဆောင်ခြင်း စတင် ပေါ်ပေါက်ခဲ့ပါသည်.

နောင်တွင် ဗုဒ္ဓယာသာသို့ ပြောင်းခဲ့သူ သီရီဓမ္မာအာသောက ဘုရင်ကြီးလက်ထက်တွင် ကျောက်စာများ စတင် ရေးထိုး ခဲ့ပြီး ထပ်မံ၍ တတိယ သံဃာ ယနာ ဗုဒ္ဓသဘင်ကြီးကို နုတ်တက် အာဂုဆောင် ရဟန်းသံဃာ တော်ကြီးများစုဝေးလျက် တတိယ အကြိမ် ဆင်ယင် ကျဉ်း ပခဲ့ပါသည်.

ဗုဒ္ဓ တရားတော် များကို ခေတ်အလိုက် နိုင်ငံအလိုက် နှစ်ပေါင်း ၂၅၀၀ အတွင်း ဗုဒ္ဓဘာသာဝင် နိုင်ငံများက စုပေါင်း စိစစ်ကြ ကာ ခေတ်အလိုက် ပေါ်လာသော မဟုတ်မမှန် အမှား များ ၊ အဖျက်
စကားများ ကို သုတ် သင် ကာ တရာတော်များကို မြတ်စွာဘုရား မူရင်း ဟော ကြားခဲ့သ ည့်အတိုင်း ပြန်ရအောင် ပြန် လည် စီစစ် ပြီး ကျောက် ထက် အက္ခရာတင်ခဲ့ကြရာ သီရီလင်္ကာ နိုင်ငံမှစတင်ကာ စတုတ္ထသံဃာယနာတွင် ပေထက် အက္ခရာ ဖြင့် စတင် ရေးထိုးနိုင် ခဲ့ပါသည်.

နောင်တွင် မြန်မာနိုင်ငံ ဆဌ သံဃာ ယနာ မှ စတင်ကာ ဘုရားဟော တရား ပိဋကတ် သုံးပုံ စာအုပ်များအဖြစ် ပုံနှိပ် ထုတ်ဝေ နိုင် ခဲ့ ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ခေတ် ဦးကာလ စာတတ်ပေတတ် ပညာတတ် နိုင်ငံခေါင်းဆောင်ကြီးဖြစ်သော နိုင်ငတော် ဝန်ကြီးချုပ်ဦးနု မှ ဘာသာရေး သာသနာရေး ပညာတတ် ဆရာတော်ကြီးများထံ ချဉ်းကပ်နည်းယူ ဩဝါဒများကို ခံယူ နာခံလျက် နိုင်ငံတကာအဆင့် ဆဌသံဃာယနါပွဲကြီးကို ခြိမ်ခြိမ့်သဲသဲ ဦးဆောင် စီစဉ် ကျဉ်း ပခဲ့ပါသည်။

ယနေ့ခေတ် ၂၁ ရာစုအင်တာနက်ကမ္ဘကြီးပေါ်တွင် ဘုရားဟော ပိဋကတ် တရားတော်များအားလုံးလိုလိုကို ခေတ်မီ ကွန်ပြူတာ e book စာအုပ်များအဖြစ် ၊အထူးသဖြင့်သိရီလင်္ကာနိုင်ငံနှင့် ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သော မြန်မာနိုင်ငံနှင့် ကမ္ဘာအဝန်း ဗုဒ္ဓဘာသာနိုင်ငံအများစုတွင် တဗုဒ္ဓတရားဓမ္ဗများစွာကို ဘာသာတရား လေ့ခါလိုက်စား ကြသူ ကမ္ဘာအဝနိးမှ စိတ်ဝင်စားသူများ လေ့လာ ဖတ်၇ှုနေနိုင်ကြပြီဖြစ် သည်. ။

သမိုင်း ခေတ် စနစ် များအရ
သာသနာ ဖျက် များ ပေါ် ပေါ်ပေါက်ခဲ့ကြသော ကာလများ တွင် သာသနာတော်သန့်ရှင်းတည်တန့်ပြန့်ပွါးရေး ဘာသာရေးအလုပ်များကို ဗုဒ္ဓဘာသာဝင်စစ်စစ် နိုင်ငံခေါင်းဆောင်ကောင်း ကြီးများက ဘာသာရေးအဆုံးအမများကို မိမိကိုယ်တိုင်နှင့်မိမိ ပြည်သူအများ အတတ်နိုင်ဆုံးအကောင်းဆုံးလိုက်နာကျင့်ကြံ စေခဲ့ပါသည်။

ဗုဒ္ဓတရားများကို နိုင်ငံလူကြီး လုပ်နေကြသူတွေ နှင့် မိဘ တွေကစ၍ အလေးပေးလိုက်နာခဲ့သော မြန်မာ နိုင္ငံ၏ ဒီ မိုကရေစီခေတ်ဦးကာလတွင် နိုင်ငံနေပြည်သူအများစုသည် မိမတို့၏နေ့စဉ် ဘဝများကို အများအားဖြင့် စိတ်အေးချမ်းသာစွာဖြင့် လှုပ်ရှားရုန်းကန် ရပ်တည်နေခဲ့နိုင်ကြေကြာင်း လေ့လာ သုံးသပ် တွေ့ရှိရပါသည်။

( မိမိတို့ ငယ်စဉ် ခလေးဘဝ ၊ ၁၉၆၀ ခုနှစ်ခန့် ဒီမိုကရေစီ ခေတ် နှောင်းကာလတွင် မူလ တန်း အလယ်တန်းအဆင့် အတန်းများတွင် ဗုဒ္ဓဘာသာ ကို နေ့စဉ်သင်ကြားခဲကြရပြီး မြို့ နယ်အဆင့် နှင့် ခရီုင်အဆင့် ဗုဒ္ဓဘာသာစာမေးပွဲကြီးများဖြေဆိုခဲ့ကြရပါသည် ။
မကြာသောကာလက အဆက်အသွယ်ရခဲ့သည့် မေမြို့ ပြင်ဦးလွင် တွင် အခြေချ နေ ထိုင်သူညောင်တုန်း ကျောင်းနေဖက် ငယ် သူငယ်ချင်း နှင့် ဆုံတွေ့စကားပြောဖြစ်ခဲ့ရာမှာ ေညာင်တုန်းမြိုနယ် လုံးကျွတ် ဗုဒ္ဓဘာသာစာမေးပွဲကြီး တွင် မိမိက ပထမ သူငယ်ချင်းဖြစ်သူ ပြု့းချို ခေါ်ခဲ့တဲ့ ယခု ကျော်လွင်က ဒုတိ ယရခဲ့ ကြောင်းကို သူကအမှတ်တရစကားပြောခဲ့ပါသည်,မိမိက မအူပင်ခရီုင် လုံးကျွတ်တွင် ဗုဒ္ဓဘာသာစာမေးပွဲ ပထမဆု ရ၍ မအူပင်မြို့သို့ ခလေးဘဝက ဆုသွားတက်ယူခဲ့သည်ကိုသာ အမှတ်ရနေမိခဲ့ ပါသည်. )

ယနေ့ မြန်မာနိုင်ငံ၏ အခြေခံပညာရေးစနစ်တွင် မြန်မာ ဗုဒ္ဓဘာသာဝင်များအတွက် အခြေခံ ဗုဒ္ဓဘာသာ သင်မသင်
မသီရပါ။ သိရသည်မှာ
မိမိတီု့ငယ် စဉ် ကျောင်းသားလူငယ် ခလေးဘဝမှ ရေတွက်သော် (၂၀၂၄- ၁၉၆၀ ) နှစ်ပေါင်း ၆၆ နှစ်အကြာ ယနေ့ အချိန်အခါ တွင်
ယခင် က ကမ္ဘာ့အလယ် တွင် ဝင်ဆန့်ခဲ့သော မိမိတို့၏အမိမြန်မာနိုင်ငံ တော်ကြီး၏ အခြေအနေသည်
ယခုအခါ အများသိရှိကြပြီး ဖြစ်သည့် အဖြစ်သနစ် စနစ် များအဆင့်သို့ သက်ဆင်း လျှောကျ ရောကရှိနေပါတော့သည်။

စိတ်ဝင်စားသူ မြန်မာ ဗုဒ္ဓဘာဿာဝင် အများအတွက်
ဗုဒ္ဓသာသာနာသမိုင်းတွင်အရေးပါသော သံဃာယနာတင် သမိုင်းနောက်ခံ အကြောင်းများကို အလွယ်တကူ နားဆင် သဘောပေါက်စေရေးတွေးဆလျက် မြန်မာသံစဉ် အဆိုတော်ကြီးများစုပေါင်းသီဆို ပူဇော်ထားသည့် သံဃာ ယနာ ခြေက်တန် ဓမ္မတေးကို
ရှာဖွေဖေါ် ထုတ် တင်ပြ မျှဝေပေးလိုက်ပါသည်။

မြန်မာပြည်သူအများ ဘေးဘယာ ဝေးကွာ၍
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်
နေ့စဉ်ဘဝများကို စိတ်အေးချမ်းသာ လန်းဖြာ စွာ
ဖြတ်သန်း နိုင်ကြပါစေကြောင်း
မျှော်တွေး တမ်းတ ဆန္ဒပြုလျက် ………………

အေးမြင့် (ညောင်တုန်း )
၂၀/၃/၂၀၂၄

ရည်ညွှန်း

မြန်မာသံစဉ် အဆိုတော်ကြီးများ
စုပေါင်းသီဆို ဂရဝပြုထားသည့်
ဗုဒ္ဓသာသနာသမိုင်း နောက်ခံ
သင်္ဂါယနာ ခြောက်တန် အကြောင်း ဓမ္မတေး များ။

၂ ။ မြတ်ဗုဒ္ဓ အခါတော်နေ့များ ( ဓမ္မ ဂီတ ) – တေးဆို

၃။ သံဝေဇနိယ လေးဌာန – ဓမ္မ ပူဇာ တေးများ ။ တင်တင်မြ ၊ရီရီသန့်

၄ ။ စကြာဝဠာ၏ ဝိညာဉ်ကို အရေျင်ဖမ်းခြင်း ( ပဌာန်း ဓမ္မတေး များ) ရီရီသန့်

၅ ။ မဟာ ဗုဒ္ဓဝင် ။ တေးရေး – ၊ တေးဆို – ရီရီသန့်

၆ ။ အောင်ခြင်း ရှစ်ပါး ။ သီဆို ပူဖော်သူ – တင်တင်မြ

၇ ။ မဟာဗုဒ္ဓဝင် ။ တိုင်းခြား အန္ဒိယ ? ပန်းချီ ပုံများ

၈ ။ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း – ဗုဒ္ဓဝင် ဓမ္မတေးများ

၉ ။ တေဘုမ္မာရှင်းတမ်း နှင့် ဇာတိ အာဏာ ရှင်းတမ်ဂ ။ တေးရေး ကျိုက်လတ် ဦးပြုံးချို ။ တေးဆို မောင်မောင်ကြီး ၊ရီရီသန့် ၊တင်တင်မြ

၁၀ ။ ခြောက်သွယ် ရောင်လျှမ်း မြတ် ပဌာန်း ။ တေးဆို ရီရီသန့်

မဇ္ဈိမဒေသ၏ မဟာဗုဒ္ဓဝင် ( ဓမ္မဒါနပြု ပူဇော် တင်ပြသူ မြန်မာ့အသံ ဦးအောင်မြင့် )

မဟာဗုဒ္ဓဝင် , အသံဖိုင်

ဗုဒ္ဓဂယာအကြောင်းနှင့် သတ္တသတ္တာဟ (၇) ဌာန အကြောင်း ။

ဗုဒ္ဓဂါယာ သံဝေဇဣဘ လေးဌာန

GAYA,the Land of Buddha’s Enlightenment

ကန့်ကော် တစ်ထောင် ဗုဒ္ဓဝင် ။ တေးဆို မာမာအေး