ဝီကီပီးဒီးယား မှ
ကိုသန်းလှိုင် (၁၉၃၃-၁၉၈၃) သည် မြန်မာ အဆိုတော်နှင့် စာရေးသူ တစ်ဦး ဖြစ်သည်။
ငယ်ဘဝ
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်တွင် ကုန်သည် ဦးရွှေလင်း၊ ဒေါ်စောဥ တို့မှ ၁၉၃၃ ခုတွင် မွေးသည်။ မွေးချင်း ၅ ယောက်အနက် အငယ်ဆုံးသား ဖြစ်သည်။
ရန်ကုန်မြို့ မက်သဒစ်ကျောင်း (အထက (၁) ဒဂုံ) တွင် ပညာသင်ပြီး စိန့်ဂျွန်းကျောင်းမှ ဆယ်တန်း အောင်သည်။ ရန်ကုန်တက္ကသိုလ်၌ ပညာဆက်သင်ရာ ဝိဇ္ဇာဘွဲ့ ရသည်။
ဂီတ လှုပ်ရှားမှု
ငယ်စဉ်က ဒေးဒရဲမြို့ ဂီတဆရာ ဦးချမ်းအေးထံတွင် သင်ယူဖူးသည်။ ဘွဲ့ရပြီးနောက် အစ်ကို ခင်မောင်မြင့်ရှိရာ ပဲခူးသို့လိုက်ကာ ကျောင်းဆရာလုပ်ရင်း ပဲခူးမေတ္တာ ဂီတအဖွဲ့ကို ထောင်သည်။ ရွှေဒုံး ဂီတအဖွဲ့မှ မမေ့နိုင် သီချင်းဖြင့် ဂီတနယ်သို့ စရောက်သည်။
ရန်ကုန်သို့ ပြောင်းလာပြီးနောက် အစိုးရဝန်ထမ်း ဝင်လုပ်ကာ သီတဂူ ဂီတအဖွဲ့ကို တည်သည်။
တက္ကသိုလ်အနုပညာအသင်းတွင် အဆိုနည်းပြ တာဝန်ယူသည်။ စကားပြောကောင်းတဲ့ မသဲအူ သီချင်းမှာ ဓာတ်ပြားရခဲ့သည်။
ယဉ်ကျေးမှု ဝန်ကြီးဌာန၌ ဂီတသုတေသနမှူး အဖြစ် တာဝန်ထမ်းစဉ် ဂီတပဒေသာ မဂ္ဂဇင်းကို ဦးစီးထုတ်ဝေသည်။ ထိုဌာနတွင် လက်ထောက်ညွန်ကြားရေးမှူး အဆင့်အထိ ရောက်ခဲ့သည်။
ကျော်ကြားသော တေးများ
ခေါင်းစဉ်။ တေးဆို။ တေးရေးမှတ်ချက်။ ဥဿာလှိုင်ထိပ်ထား၊ တစ်ဆောင်း သစ်ပြန်ပြီ ၊ လှယမင်းနဲ့ တွေ့ဆုံခြင်း၊ ဂန့်ဂေါ်မြိုင်တန်း ၊ ချစ်သော ဧရာဝတီ။ ကိုယ်မမေ့သည်။ သည်နွေမိုးဆောင်း ပြောင်းသော်လည်း။ ချစ်ရသည်က အသက်ထက်ဆုံး ၊ ဖူးပွင့်ဝေစည် ၁၂ ရာသီ။ ငြင်းပယ်မှာဘဲ စိုးမိတယ်။ ကြင်နာခြင်းတဝက် ရှုပ်ထွေးခြင်းတဝက်။ စကားပြောကောင်းတဲ့ မသဲအူ။ အချစ်စိမ်းမလေး မပလီ။ အလွမ်းနွေကို စမ်းရေထဲမှာ မျှောလိုက်ပြီ။ မေတ္တာဘုံက ပုံပြင်သက်ထား။ ဒို့များအချစ်က သုံးနဲ့လေး။ မောင့်ရင်ထဲမှာ နွေပြီးနွေ။ ထာဝရအသည်းရဲ့ ရုပ်ပုံလွှာ။ မနာတတ်သော အသဲကလေး။ မျက်ရည်မိုးဖြင့် ပျိုးပါ့မယ်။ ချစ်လိုလျက်နဲ့ ဝေးတစ်ဝက်မေတ္တာ။ တစ်ကမ္ဘာစီ ဝေးကြရတော့မှာလား။ မလွမ်းသော မျက်ရည် မောင်လွမ်းပြေ။ သဇင်သို့ ပြန်ကြားချက်။ သူ့ကိုချစ်၍ ခွဲရသည်။ အကြောင်းမဆုံ ဝေးကြသော်လည်း။ စေတနာ။ မေတ္တာ ကမ္ဘာများဖြင့် မခြားလိုတယ်။ မေတ္တာကမ္ဘာ ခြားလေသူ။ တက္ကသိုလ်မြေမှ ဇာတ်လမ်းတစ်ပုဒ်.၊ နှလုံးသားထဲက နွေ လေးကလေးရဲ့ သုံး။ မေတ္တာပန်းများ ပွင့်စေမည်။ ကိုယ်သာတိတ်တိတ် ချစ်စိတ်ရယ်ဖြေ။ တူတူရေ။ ခင်ယုမေကိုသန်းလှိုင်။ ပန်းနုမာလာ နှုတ်ဆက်လွှာ။ ခင်ယုမေကိုသန်းလှိုင်
စာပေ ရေးသားခြင်း
ဂီတနှင့် ပတ်သက်သော ဆောင်းပါးများကို သပြေ တေးမဂ္ဂဇင်းတွင် ရေးသည်။
ထုတ်ဝေခဲ့သော စာအုပ်များ
ခေါင်းစဉ်ထုတ်ဝေနှစ်ထုတ်ဝေသူမှတ်ချက်ဂင်္ဂါမြစ်မှ နေဝန်းနီသမ္မတ ကနေဒီပထမ ခေတ်ဟောင်း သီချင်းပေါင်းချုပ်မြန်မာ့ဇာတ်သဘင် နှစ်ပါးသွားနှင့် ဇာတ်သဘင် အခေါ်စကားများ
မိသားစု ဘဝ
၁၉၆၀ ပြည့်၊ ဇွန်လ ၆ ရက်တွင် ပဲခူးသူ မူမူမြင့်နှင့် အိမ်ထောင်ကျသည်။ ဝင်းဦးလှိုင်နှင့် ဝင်းမြင့်လှိုင် ဟူသော သားနှစ်ယောက် ရသည်။
ဘဝနိဂုံး
၁၉၈၃ ခု၊ ဇွန်လ ၁၇ ရက်တွင် အစာအိမ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ ဇနီးနှင့် သားနှစ်ယောက် ကျန်ရစ်သည်။ [၂]
ကိုးကား
- https://web.facebook.com/groups/MmClassical/posts/1907306862685254/?_rdc=1&_rdr
- လေးစိုး (ဒေးဒရဲ)။ “တစ်ဆောင်းသစ်ပြန်ပြီ ကိုသန်းလှိုင်”
၁။ တစ်ဆောင်းသစ်ပြန်ပြီ သီချင်း ၁၀ပုဒ်
ကိုသနိးလှိုင် နှောင်းခေတ် သီချင်းများ ၁၂ ပုဒ် Music Video သီချင်းစာသားပါ ရုပ်သံ ဗီဒီ ယို များ
သည်နွေမိုးဆောင်းပြောင်းသော်လည်း
ရေဒီယိုသီခင်ေးများ စီးရီး -၁ + ၂ ( ပုဒ် )
ငြင်းပယ်မှာဘဲ စိုးမိတယ်
ကနိ့ကော်မြိုင်တနိး အလွမ်းပြေ အခွေ ( ကိုတင်လှိုင် ၊ ကိုသနိးလှိုင်
သူ့ကိုချစ် ၍ ခွဲရပါသည်
ကံ့ကော် ပွင့်လေးတွေ ငိုနေပြီ ( ရေး – မောင် ဆွေ နွယ် )
မေတ္တာဘုံက ပုံပြင်သက်ထား
