
တွေးမိတွေးရာ
ရေးမိရေးရာ
ဘာသာရေးရာ
စာပဒေသာ ( ၄၆ )


မြန်မာတို့ရဲ့ဆည် မြာင်းရုံးဝင်း ထဲက
ပဲခူးဟံသာဝတီခေတ်က စေတီပျက် တစ်ဆူကို
ပြန်လည် ပြုပြင် တည် ဆောက်ထားခဲ့ တဲ့
ယနေ့ ပဲခူးက စေတီတစ်ဆူ
ပဲခူးဟံသာ တဝီ ခေတ် ဓမ္မစေတိမင်းလက်ထက် က
ဘုရင့်မိသားစု ဝင် တွေ က ဟံသာဝတီဗုဒ္ဓဂါယာကို စု ပေါင်း တည်ထားပူ ဇော် ခဲ့ကြ သလို
နန်းတွင်းသူနန်းတွင်းသား မင်းညီမင်းသား မိသားစုတွေက လဲ
ဟံသာဝတီ ဗုဒ္ဓ ဂါယာ အနီးပတ်ပတ်လည်မှာ
ဘုရား စေတီ ကျောင်းကန် တွေ အများ အပြား ထည်ထားပူဇော် လှူဒန်းခဲ့ကြတယ်

ခေတ် တွေ အချိန် တွေ ကြာညောင်း ပြောင်း လာရာမှာ
စေတီပုထိုးတွေလဲဟောင်းနွမ်း ဆွေးမြေ့ ၊ ရာသီဥတုဒဏ်တွေပါခံ ရပြီး ပြိုလဲပျက်စီး ကုန်ခဲ့ကြတယ်
ပဲခူးဆည်မြောင်းဝင်း တောခြုံ ထဲ မှာ မမျော်လင့် မထင်မှတ်ဘဲ ဆည် မြောင်းအဖွဲ့သားတွေ
ပြန်တွေ့ခဲ့ကြ ရတဲ့
စေတီမရှိတော့ဘဲ အောက်ခံပနက်ခုံ သာ ရှိနေတဲ့ စေတီဟောင်းကို
ဆည်မြောင်းမိသားစုဝင် ဆရာတွေ တပည့်တွေ နဲ့အတူ ဆွေမျိုး တွေ မိတ်ဆွေတွေ
စုပေါင်း အလှူ အားနဲ့
လှိုဏ် စေတီတစ်ဆူကို အသစ် ပြန်လည် တည်ထား ကိုးကွယ် ဖြ စ်ခဲ့ကြတယ်။

စေတီပြီးလို့ ထီးတင်ပွဲ ပြုလုပ်ခဲ့တဲ့ တပိုတွဲ လပြည့်နေတိုင်းမှာ
ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဘုရားပွဲကို ယခင်က နှစ်စဉ် ကျဉ်းပပြုလုပ်ခဲ့ကြပါတယ်။
ပဲခူးဆည်မြောင်းမိသားစုတွေ အင် ဂျင်နီယာတွေက
မိမိ ဆည် မြောင်း တာဝန် တွေ ကို မလစ်ဟင်း ရ အောင် မနားတမ်း လုပ်ခဲ့ကြ လုပ်နေခဲ့ကြသလို
ဘာသာ ရေး သာသနား,အလုပ်တွေကိုလဲ တစ်ဖက်တစ်လမ်းက အချိန်ရရင် ရသလို ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြပါတယ်.
ခေတ် ပြောင်းလာတဲ့ ခေတ်သစ် နည်းပညာခေတ်ကြိးမှာ
စေတီကို ကောင်းကင် ဒရုန်း ယဉ် နဲ့ ဝေဟင်မှ အပေါ်စီး ၃ ဖက်မြင် ဓာတ်ပုံနဲ့
ယနေ့ ဆည် မြောင်းအဖွံသားတွေရိုက်ကူး ဖေါ် ပြ ပေးထားတာ
ဘုရား က ပိုလို့ သပ္ပါယ် စရာဖြစ် ခဲ့ရ တယ်။
ဒရုန်း ဓာတ်ပုံ စီစဉ် ရိုကူး ဆောင်ရွက် ခဲ့ကြသူ ဆည် မြောင်းအဖွဲ့သားတွေနဲ့
ပဲခူးဆည် မြောင်း ဟန်မင်းဦးကိုအထူးဝမ်း သာကျေးဇူးတင်ရပါတယ် ။
အေးမြင့် (ညောင်တုန်း )
၁၉/၂/၂၀၂၄
ဆက်စပ် ရည် ညွှ န်း စာများ
၁.။ တွေးမိတွေး ရာ ရေးမိရေးရာ ၊ဖတ်တ်စရာ မှတ်စရာ ဘာသာရေးရာ စာပဒေသာ ( ၃၅ )
ပဲခူး ဟံသာဝတီ က စေတီတဆူ
၂.။ ဖတ်စရာမှတ်စရာ ဘာ သာရေးရာ စာပဒေသာ ( ၃၆ )
BAGO HANTHAWADDY AND ME :
၃။ မောင်အေးမြင့် (ညောင်တုန်း) ၏ မှတ်ဖွယ် မှတ်ရာ စာပဒေသာ ( ၂၀၂၀)
ဟံသာဝတီ ဗု ဒ္ဓ ဂါယာ နှင့် ကျွန် တော် ( ဆောင်းပါး စာမျက်နှာ ၂၆၂ မှ ၂၇၇ ထိ )







