ပဲခူးဟံသာဝတီခေတ်က စေတီဟောင်းတစ်ဆူ ယနေ့ခေတ် ဆည် မြောင်းရဲ့ အလှူ

တွေးမိတွေးရာ

ရေးမိရေးရာ

ဘာသာရေးရာ

စာပဒေသာ ( ၄၆ )

မြန်မာတို့ရဲ့ဆည် မြာင်းရုံးဝင်း ထဲက

ပဲခူးဟံသာဝတီခေတ်က စေတီပျက် တစ်ဆူကို

ပြန်လည် ပြုပြင် တည် ဆောက်ထားခဲ့ တဲ့

ယနေ့ ပဲခူးက စေတီတစ်ဆူ

ပဲခူးဟံသာ တဝီ ခေတ် ဓမ္မစေတိမင်းလက်ထက် က

ဘုရင့်မိသားစု ဝင် တွေ က ဟံသာဝတီဗုဒ္ဓဂါယာကို စု ပေါင်း တည်ထားပူ ဇော် ခဲ့ကြ သလို

နန်းတွင်းသူနန်းတွင်းသား မင်းညီမင်းသား မိသားစုတွေက လဲ

ဟံသာဝတီ ဗုဒ္ဓ ဂါယာ အနီးပတ်ပတ်လည်မှာ

ဘုရား စေတီ ကျောင်းကန် တွေ အများ အပြား ထည်ထားပူဇော် လှူဒန်းခဲ့ကြတယ်

ခေတ် တွေ အချိန် တွေ ကြာညောင်း ပြောင်း လာရာမှာ

စေတီပုထိုးတွေလဲဟောင်းနွမ်း ဆွေးမြေ့ ၊ ရာသီဥတုဒဏ်တွေပါခံ ရပြီး ပြိုလဲပျက်စီး ကုန်ခဲ့ကြတယ်

ပဲခူးဆည်မြောင်းဝင်း တောခြုံ ထဲ မှာ မမျော်လင့် မထင်မှတ်ဘဲ ဆည် မြောင်းအဖွဲ့သားတွေ

ပြန်တွေ့ခဲ့ကြ ရတဲ့

စေတီမရှိတော့ဘဲ အောက်ခံပနက်ခုံ သာ ရှိနေတဲ့ စေတီဟောင်းကို

ဆည်မြောင်းမိသားစုဝင် ဆရာတွေ တပည့်တွေ နဲ့အတူ ဆွေမျိုး တွေ မိတ်ဆွေတွေ

စုပေါင်း အလှူ အားနဲ့

လှိုဏ် စေတီတစ်ဆူကို အသစ် ပြန်လည် တည်ထား ကိုးကွယ် ဖြ စ်ခဲ့ကြတယ်။

စေတီပြီးလို့ ထီးတင်ပွဲ ပြုလုပ်ခဲ့တဲ့ တပိုတွဲ လပြည့်နေတိုင်းမှာ

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဘုရားပွဲကို ယခင်က နှစ်စဉ် ကျဉ်းပပြုလုပ်ခဲ့ကြပါတယ်။

ပဲခူးဆည်မြောင်းမိသားစုတွေ အင် ဂျင်နီယာတွေက

မိမိ ဆည် မြောင်း တာဝန် တွေ ကို မလစ်ဟင်း ရ အောင် မနားတမ်း လုပ်ခဲ့ကြ လုပ်နေခဲ့ကြသလို

ဘာသာ ရေး သာသနား,အလုပ်တွေကိုလဲ တစ်ဖက်တစ်လမ်းက အချိန်ရရင် ရသလို ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြပါတယ်.

ခေတ် ပြောင်းလာတဲ့ ခေတ်သစ် နည်းပညာခေတ်ကြိးမှာ

စေတီကို ကောင်းကင် ဒရုန်း ယဉ် နဲ့ ဝေဟင်မှ အပေါ်စီး ၃ ဖက်မြင် ဓာတ်ပုံနဲ့

ယနေ့ ဆည် မြောင်းအဖွံသားတွေရိုက်ကူး ဖေါ် ပြ ပေးထားတာ

ဘုရား က ပိုလို့ သပ္ပါယ် စရာဖြစ် ခဲ့ရ တယ်။

ဒရုန်း ဓာတ်ပုံ စီစဉ် ရိုကူး ဆောင်ရွက် ခဲ့ကြသူ ဆည် မြောင်းအဖွဲ့သားတွေနဲ့

ပဲခူးဆည် မြောင်း ဟန်မင်းဦးကိုအထူးဝမ်း သာကျေးဇူးတင်ရပါတယ် ။

အေးမြင့် (ညောင်တုန်း )

၁၉/၂/၂၀၂၄

ဆက်စပ် ရည် ညွှ န်း စာများ

၁.။ တွေးမိတွေး ရာ ရေးမိရေးရာ ၊ဖတ်တ်စရာ မှတ်စရာ ဘာသာရေးရာ စာပဒေသာ ( ၃၅ )

ပဲခူး ဟံသာဝတီ က စေတီတဆူ

၂.။ ဖတ်စရာမှတ်စရာ ဘာ သာရေးရာ စာပဒေသာ ( ၃၆ )

BAGO HANTHAWADDY AND ME :

၃။ မောင်အေးမြင့် (ညောင်တုန်း) ၏ မှတ်ဖွယ် မှတ်ရာ စာပဒေသာ ( ၂၀၂၀)

ဟံသာဝတီ ဗု ဒ္ဓ ဂါယာ နှင့် ကျွန် တော် ( ဆောင်းပါး စာမျက်နှာ ၂၆၂ မှ ၂၇၇ ထိ )

ရဉ်ညွှန်းစာများ (ပူးတွဲ)

(၁)

တွေးမိတွေး ရာ ရေးမိရေးရာ

ဖတ်စ၇ာ မှတ်စရာ

ဘာသာရေးရာ

စာပဒေသာ ( ၃၅ )

ပဲခူး ဟံသာဝတီ က စေတီတဆူ

တည်ထားကိုးကွယ်ထားခဲ့တာ ၁၄ နှစ်ကြာခဲ့ပြီ။

နှစ်စဉ် တပိုတွဲ လပြည့် နေ့တိုင်း ဘုရားပွဲ ကျဉ်းပနေကျ ဖြစ်ခဲ့တယ်။

ပဲခူး တိုင်း ဆည်မြောင်း ဝင်း ထဲမှာ တည်ထာ းကိုးကွယ် ထားရှိ ခဲ့သော သမိုင်း ရှိခဲ့ တဲ့ ပဲခူး ဟံသာဝတီ က စေတီဟောင်း ဘုရား တစ်ဆူ ဖြစ်ပါတယ် ။

၂၀၁၉ ဖေဖေါ်ဝါရီ လ တပိုတွဲ လပြည့် နေ့မှာ ၁၄ နှစ် ပြည့့်ပြီ။။ ( 5 Feb 2019)

ဗုဒ္ဓ ပုဇနိယ ပွဲ၊ ဓမ္မ ပူဇနိယ ပွဲ ၊သံဃ ပူ ဇနိ ယ ပွဲ တွေ နှစ်စဉ် လုပ် ဖြစ်ခဲ့တယ် ။

ပဲခူးမှာ တာဝန်ထမ်းစဉ် ကာလ တွေမှာ တိုက်ဆိုင်စွာ စေတီဟောင်းကို မမျော်လင့် ဘဲ ရှာဖွေ တွေ့ ရှိခဲ့ပြီးနောက်၊ စေတနာရှင် တွေ အများ စုပေါင်း အားနဲ့ စေတီ တော် အသစ် တစ်ဆူ ပြန်လည် တည်ထား ကိုး ကွယ်ခွင့် ရခဲ့ ပါတယ် ။

စေတီ တည်တော့ စေတီရဲ့ အလျားအနံ အမြင့် လှိုဏ် အခန်း အတွင်း အပြင် အချိုးအစား တွေနဲ့ အခန်း အတွင်း အကျယ်အဝန်း အရ၊ လေဝင်လေထွက် နဲအလင်းရောင် ကောင်း ကောင်း ရရှိရေးတို့ကို အနုပညာ ဝါသနာ ထုံ သူ အင်ဂျင်နီယာ ပြီပြီ ကိုယ်တိုင် အချိန်ပေး ခေါင်းစား ပြီး အလေးပေး ကြံဆ ပု့စ့ထုတ်ပြီး ကိုယ် တိုင် အားထုတ် တည်ဆောက် ခဲ့ပါတယ် ။

ပုဂံ အာန္န္ဒာ ပုံစံကို အခြေပြုထားလို့ ပဲခူး ကနေ ပုဂံကို ညတွင်းချင်း နေ့ ချင်း အပြေး သွားပြီး အကြိမ်ကြိမ်ရောက်ဘူးခဲ့ပြီး အာနန္ဒာ ဘုရားကို ပင် ထပ်သွားပြီး လေ့လာ လိုက်သေးတယ် ။ရပ်တော်မူ ဘုရားလေးဆူ ရဲ့ ပုံတော်နဲ့ တည်နေရာ အရပ်မျက်နှာ မှားယွင်းမှာ စိုးရိမ်တာလဲပါတယ်။

ဘုရားစတည်တော့ ဘုရား ပဏ္ဏက်ရိုက်တော့ ပဲခူးက ဆည် မြောင်း ပိုင်ကျို့ ရေတံခါး အနီးမှာတည်ရှိတဲ့ ကျားတက် ဘုန်းကြီးကျောင်းမှာ ရဟန်းဘောင် ဝင်ပြီး မှ ကျားတက်ဆရာတော်ကြီးရဲ့ အဆုံးအမကို ခံယူကာ စေတီကိုစတင် တည်ဘို့ လုပ်ခဲ့ပါတယ်။

မိတ်ဆွေတွေ ဆရာတွေ တပည့်တွေ ဆွေမျိုး တွေ အင်အားနဲ့ စုပေါင်းတည်ထားကိုးကွယ်ခဲ့တဲ့ စေတီ ဘုရားမှာ အဓီက အလှူရှင် တွေ အားလုံးနီးပါးရဲ့ အလှူ ကမ္ဗျည်း ကျောက်စာတွေ ရေးထိုးပြီးလဲ ဘုရား မှာ မှတ်တမ်း တင်ထားခဲ့ပါသေးတယ် ။

လုပ်ခဲ့သမျှ အားထုတ်ခဲ့ သမျှ အ ပေါ် မှာ လဲ ကျေနပ် အားရ မိ ခဲ့ ရပါတယ် ။

နှစ်တိုင်းနီးပါးလဲ ပဲခူးကို ပြန်ရောက် ဖြစ်ခဲ့တယ် ။

ပဲခူးမှာ ၅ နှစ်တာ နေခဲ့ပြီး နောက် မှာ တာဝန်အရ ပြောင်း ရွှေ့ ခဲ့ရ ပြီး ၊ အနားယူခဲ့ပြီးနောက်ပိုင်းမှာ နောင် ရောက်လာ ခဲ့ ကြတဲ့ ၊ တာဝန် လွှဲပြောင်း ထမ်းဆောင်ကြတဲ့ အဆင့်ဆင့်သော မျိုးဆက်သစ် ဆည် မြောင်း အင်ဂျင်နီယာ ဝန်ထမ်းတွေကလဲ ဘုရား ဝေယာ ဝစ္စ နဲ့ ဘုရား ပြုပြင် ထိန်းသိမ်းရေး တွေကို နှစ်စဉ်ပုံမှန် လုပ်နေကြတာ တွေ့ရလို့လဲ အထူးကျေးဇူးတင် ဝမ်းသာ အားရ ဂုဏ်ယူ နေမိရပါတယ် ။

အေးမြင့် ( ညောင်တုန်း)

၅/၂/၂၀၂၄

(၂ )

ဖတ်စရာမှတ်စရာ

ဘာ သာရေးရာ

စာပဒေသာ ( ၃၆ )

BAGO HANTHAWADDY AND ME :

” 10th Years Anniversary “

This full moon day of Da po twe ( 3 February 2015 ) was a tenth year anniversary of a Pagoda Festival in Bago ID where reconstruction of a pagoda,Thiri Mingalar Suu Taung Pyayy Zaydi Daw , was built on the site of a damaged pagoda seemingly built in Da -ma Zaydi period of Bago Hantharwaddy era , located within Irrigation Department compound of Bago.

I met my former office staffs in Bago yesterday where I served as director for 5 years there from 2003 till 2008 .

During my stay in Bago we found an old pagoda mound with shrubs covered the Pagoda plank .

Then a square brick wall with Four ladder footsteps were suddenly excavated by our staffs by manual .

We jointly decided together to set up a new pagoda similar to appearance and shape of ArNan Dar of Bagan.

About 3 years was spent to build this pagoda that we called ” Thi Ri Min Ga Lar Suu Taung Pyay Zaydi Daw”

Now the pagoda was ten years old .

Thanks to all who donated and contributed in building of this remarkable pagoda located in Irrigation Department compound of Bago.

Aye Myint ( Nyaungdone )

ပဲခူးဘုရား

ဦးနှောက်စားပြီး ဒီဇိုင်းပုံစံထုတ် တည်ထားခဲ့တာ ဘယ်လောက်ကုန်မယ် မတွက်ခဲ့ဘူး ။

ခုထိ ဘယ်လောက်ကုန်တယ်လဲ မသိဘူး ။

အကြမ်းသိချင်တဲ့လူ အလှူရှင်ကဗျည်းတွေ လိုက် ပေါင်းလိုက်ရင်ရပြီ။

တည်ဆောက်တာ ၃ နှစ်နီးပါးကြာခဲ့တယ်။

အလှူ ရငွေနဲ့ တဆင့်ပြီး တစ်ဆင့်ဆောက်ခဲ့ရတာ ။

ပြီသလောက်လှည့်မကြည့်ကြေး ၊ လုံဝ အပြီးဘဲ အချောသတ်ပြီး ဘဲ။

ပန်ူးတင်ခုံ ပြီးတော့ မန်တိုင် ပြီးတော့ လှိုင် ခန်း ပြီးတော့

အမိုး ပြီးတော့ စေတီကြိးကို တစ်ခုပြီးတစ်ခု အချောသတ် အပြီး လုပ်ခဲ့တာပါ။

ပြီးသလောက်အဆင့်တိုင်း တစ်ခုလုံး မပြီးခင် ကတည်းက ဘုရားပွဲလုပ်ခဲ့ တယ် ။

ထီးတင်ပြီး တာ နှစ်စဉ် တပိုတွဲ လပြည့် ဘုရားပွဲ လုပ်လာခဲ့တာ ၁၃ နှစ်ရှိ ခဲ့ပါ ပြီ (၂၀၁၈ )

ပြန် လည် ဖေါ်ပြပါတယ်။

အေးမြင့် ( ညောင်တုန်း)

၅/၂/၂၀၂၄