တွေးမိတွေးရာ၊ ရေးမိရေးရာ
ကြည့် စရာ၊ သိစရာ
ဖတ်စရာ
ဆည် မြောင်းရေးရာ
စာပဒေသာ ( ၄၃ )
မြန်မာတို့ရဲ့ ဆည် မြောင်း မှ
အနူပညာရှင်တစ်ဦး
ဆည်မြောင်းအင်ဂျင်နီယာ သီချင်းေရးဆရာ
အနုပညာသမား
နမ္မ တူ စံသွင်
https://youtu.be/C992Vxc1OvI?si=x4cvnY5GT2mHu-C_
သူက တစ်ချိန်က နိုင်ငံသိ တေး ပြုစာဆို သီချင်ရေး ဆရာနဲ့ သီချင်းဆိုသူ တစ်ဦးဖြစ်ခဲ့ သလို
တစ် ချိန်မှာ ခေတ်တစ်ခေတ်မှာ
ကျွန်တော်တို့ဌာန ဆည်မြောင်းအတွက်လဲ ဆည် ေ မြာင်း ရေတံခါးသီချင်း တွေကိုလဲ
စပ် ဆို ရေးသားပေးခဲ့သူ တစ်ဥိး ဖြစ်ခဲ့ပါတယ်. ။
လူတွေ အသိနည်းကြပါတယ်.
https://youtu.be/F_VJVvfPy70?si=NiJw0MgAdWkdoW6d
ဒါကြောင့်
လူတွေသိလေ ပိုကောင်းလေ
သူ့အကြောင်းတွေကို ပိုသိအောင်
ဖြည့်စွက် ဖေါ်ပြပေးလိုက်ပါတယ်.
ကျွန်တော့် အတွက်လဲ
လူတွေသိစေ လိုတဲ့ ကျွန် တော်တို့ဆည်မြောင်း အလုပ်တွေအကြောင်း
( ဂီတမိခင် အဆိုတော်ကြီး ဒေါ်မာမာအေး ပြောခဲ့သလို )
ကျွန်တော်ပြောပြချင် တာ တွေ ကလဲ တစ်ပုံ ကြီး ရှိနေတာမို့
ဆည်မြောင်းအကြောင်းတွေများစွာထဲက
ဆည်မြောင်း ရေတံ ခါးတွေ အကြောင်း ကို
လူတွေသိလေ ပိုကောင်းလေ သီချင်းစာသား အတိုင်း
၂၁ ရာစုရဲ့ အာရုဏ် ဦးကာလ ဆည်မြောင်း ခေတ်တစ်ခေတ်မှာ
ကျွန်တော်တို့ဆည်မြောင်းသားတွေ တည်ဆောက်အကောင်အထည်ဖေါ်ခဲ့ကြတဲ့
အောက်ပြည်အောက်ရွာ အောက်မြန်မာပြည် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ က
ရေ ကြီးက္ငင်း ရေ နက်ကွင်း တွေ ကို
စိုက်ပျိုးရေးအတွက် ( စပါးစိုက်ပျိုးေရး အတွက် )
ရေအောက်ရတနာမြေ
ရေနက်ကွင်းလယ်ယာမြေ ဖေါ်ထုတ်ရေး စီမံချက်အလုပ်တွေထဲက အဓိက ပါဝင်ခဲ့တဲ့
အလို အလျောက် ရေထုတ် ၊ရေနုတ် ၊ ရေထိန်း ရေသွင်း ရေ လှောင် နိုင်ခဲ့တဲ့
ရေတံခါး ကြီးတွေအကြောင်းကို
တေး ရေး ဆရာ အင်ဂျင်နီယာ နမ္မတူ စံသွင် တို့ နဲ့အတူ သီချင်းတွေ လုပ်ဖြစ်ခဲ့ကြပါတယ်။
သူ ရေးသား သီချင်း ,စပ်ဆိုတာတွေကို ဒါရိုက်တာ ကိုစိန် လင်းနဲ့အတူ
သီချင်း ဗီဒီယို တွေ ကို လုငန်းခွင် တွေမှာ သွား ရောက် ရိုက်ကူး ခဲ့ ကြပြီး ၊
ဝါသနာအရ မိမိ ကိုယ် တိုင် တာဝန်ယူ စီမံ ဖန်တီး ပြုလုပ်ခဲ့ကာ
ခေတ်တစ်ခေတ်မှာ ဆည်မြောင်းမှ စီစဉ် ရိုက်ကူး ထုတ်လုပ်,တင်ပြ နိုင်ခဲ့ကြပါတယိ။
အင်ဂျင် နီ ယာဖြစ် နေ ကြ ပေမဲ့ အနုပညာ ဂီတ ဝါသနာပါသူတွေ ဆည်မြောင်း ရုံးမှာ လာဆုံခဲ့ကြလိုက်တာပါ။
မြစ်ဝကျွန်းပေါ်ဆည်မြောင်းအလုပ်တွေ လုပ်နေတဲ့ ဆည် မြောင်း ရုံးတစ်ရုံးမှာ လာဆုံတွေ့ခဲ့ကြပြီးနောက်
၆နှစ် တာ ကာလအတွင်း မြန်မာအ င်္ဂလိပ် ဆည် မြောင်းရေတံခါး သီချင်း MTV သီချင်း ဗီဒီယို ရုပ်သံ တွေစုစု ပေါင်း ၆ ပုဒ်ကျော်ကို ဝါသနာအရ လုပ်ဖြစ်ခဲ့ကြတယ်။
ဆည်မြောင်း အကြောင်း ကျွန်တော်ပြောချင်ပြချင်တဲ့ အကြောင်းအရာ အချက်အလက် စာကြမ်း တွေအပေါ် မူ တည်ပြီး ရေနက်ကွင်းရေတံခါးသီချင်းတွေ အားလုံးကို ဆည် မြောင်းအင်ဂျင်နီယာ နမ္မတူစံသွင်က သီချင်းစာသား ရေးစပ်ပေးခဲ့တယ်
စုစုပေါင်း မြန်မာလို ၇ ပုဒ် အင်္ဂလိပ်လို ၃ ပုဒ်
သီကုံး ရေး စပ်ပေးခဲ့ပါတယ် ။ အနုပညာ ရသမြောက် ဆည် မြောင်းပညာပေးလဲဖြစ်၊ ဖျော်ဖြေရေးလဲရတဲ့ သီချင်းတွေ ဖြစ် ခဲ့ပါတယ်။ ကျွန်တော့် ရည် ရွယ်ချက်တွေ အထမြောက် အောင်မြင်ခဲ့တယ်။
ဆည်မြောင်းရေတံခါးကြီးတွေ တစ်နှ စ်ပြီးတစ်နှစ် တည်ဆောက်ပြီးခဲ့တိုင်း
နိုင်ငံနေပြည်သူတွေကို သတင်းပေး ပညာပေး ဖျော် ဖြေ ဘို့
ဆည်မြောင်းတွေအကြောင်း ရေတံခါးသီချင်းဗီဒီယို တွေ ကို
မြန်မာအသံမှ
နှစ်စဉ် တစ်ပုဒ် ပြီးတစ်ပုဒ် အသိပညာပေး ထုတ်လွှင့်ပြသပေးနိုင်ခဲ့ပါတယ် ။
လြပ်ချင်တာတွေ ပြီးခဲ့ အောင်မြင်ခဲ့ပြီး ရည်ရွယိချက် မြောက်ခဲ့ပါတယ်။
နိုင်ငံတာဝန် ကို ‘မိမိ တို့ ကျွမ်းကျင် ရာ လိမ္မာအင်ဂျင်နီ ယာပညာနဲ့သာမက
မိမိဝါသနာပါရာ အ လုပ်နဲ့ပါ တစ်ဖက်တစ်လမ်းမှ နိုင်ငအတွက် ပေးဆပ် လုပ်ပေးခဲသူ
ကိုယ့် အလုပ်ကို ယ် လုပ် ၊ကို ယ့်တာဝန် ကိုယ် ယူ ကြတဲ့
ခေတ်တစ်ခေတ်က ဆည် မြောင်းအင်ဂျင်နီယာတွေပါ ။
မိမိ တာဝန်ယူရတဲ့ ဆည်မြောင်း အင်ဂျင်နီယာ အလုပ်တွေကို
ကျွမ်းကျင် နိုင်နင်းစွာ တာဝန် ကျေကျေ လုပ်နိုင်ခဲ့သူ
တစ်ခေတ်တစ်ချိန်က မြန်မာ တို့ ရဲ့ ဆည်မြောင်း ဌာနကြီးက
အင်ဂျင်နီ ယာတွေများစွာထဲက
အနုပညာရှင် တေးရေး သီချင်းရေးဆရာ ရှားရှားပါးပ်း အင်ဂျင်နီယာ တစ်ဥိး ဖြစ်တဲ့
နမ္မတူ စံသွင် ပါ။ ။
အေးမြင့် ( ညောင်တုန်း )
၁၅/၂/၂၀၂၄
ရည်ညွှန်း (ပူးတွဲ)
အနုပညာ Media Facebook post 15 Feb 2024
နမ္မတူစံသွင် အကြောင်း ရုပ်သံ ဗီဒီယို
စံသွင်(နမ္မတူ)ရဲ့ အောင်မြင်ကျော်ကြားတဲ့ သူ့သီချင်းများအကြောင်း
Youtube – https://youtu.be/C992Vxc1OvI
#စံသွင်(နမ္မတူ) #song #songwriter #news #အနုပညာmedia #interview #myanmarnews #todaynews #myanmarcelenews #myanmarcelebritynews
