My Dog Family

Do dogs have a concept of Time

https://youtu.be/RVyhxyiSNQg?si=vs7OW-CUkQU-YcUs

m.facebook.com/story.php

Dog Lover

တွေးမိတွေးရာ

ရေးမိရေးရာ

ဖတ်စရာ မှတ်စရာ

ဘဝရေးရာ

စာပဒေသာ ()

ဇာတိ ဇရာ မရဏာ

ဘဝသံသရာ တစ်ကွေ့နှာ လာဆုံတွေ့ကြတဲ့

သံယောစင်ကလေးတွေ ခွေးလေးတွေ

အို နာချိန် အချိန်တန်တော့

သူတို့ရဲ့ ကျွေးကျေးဇူးရှင် သူတို့ သခင်တွေကို

ရာသက်တိုင်

အပြီး အပိုင် ခွဲခွါသွားခဲ့ကြပါတယ်

အဖေအမေ ၂ ကောင် ရှေ့က ဆုံးပါးသွားခဲ့ကြရာမှာ အမေမာစီ ၂၀၂၂ လွတ်လပ်ရေးနေ့မှာ

ဆုံးသွား ခဲ့ပြီး နောက် ၁ နှစ်အကြာ ၂၀၂၃ ပြည်ထောင်စုနေ့မရောက်မီရက်အလိုမှာ

သူ့သမီးချောလေး Beauty က သူ့အမေနောက်ကို ပထမဆုံးလိုက်သွားခဲ့တယ်

တစ်ရက်ထဲအတူ မွေးခဲ့ကြတဲ့ သားသမီး ၅ ကောင်ထဲမှာ အမေနဲ့အတူ နေတတ်သူ အမေ့ကိုပွတ်သီးပွတ်သပ်လုပ်နေတတ်တဲ့ကောင်မလေး က သူ့မမေမရှိတာနဲ့ တစ်နှစ်အကြာမှာ သူ့အမေနောက်ကို ပထမဆုံးအရင်လိုက်သွားခဲ့တယ်

အမေဖြစ်သူ မမာစီ Mercy ကလဲ

သူ့ရင်ခွင်ပိုက်ခလေး ၅ ကောင်ထဲမှာ

သူ့သမီးချောလေး Beauty မလေး ကို အချစ်ဆုံး

ကျန် ခွေးထီးလေးတွေဆို အော်လိုက် ငေါက်လိုက်နဲ့

သူ့ခလေးတွေဆော့နေ ရန်ဖြစ်နေကြသံကြားရင်

အသံကြားတာနဲ့အဝေးက အပြေးနှင်လာပြီးရန်ပွဲကိုဖြေတယ်

ရန်ပွဲမှာ ဆိုးတဲ့အထီးကောင်လေးတွေ

သူ ဆုံးမတာကိုက်တာ အခံရဆုံး

သူ့အမေကို ခလေးတွေ အားလုံးက

ကြောက်ကြတယ် ချစ်ကြေက်ရိုသေကြတယ်

အစားအလွန်မက်တဲ့ဖိုးဝတုတ်ကောင်ဆိုရင်

ထမင်းကြွေးရင် သူအရင်ကုန်တယ်

ကျန်တဲ့ညီကိုမောင်နှမတွေပုဂဲထဲ

လိုက်လုစားတတ်တယ်

ဒါပေမဲ့

သူ့အမေစားနေတာကိုတော့ ဘေးကရပ်စောင့်ထိုင်ကြည့်နေတတ်တယ် ဝင်လုမစားဘူး

အမေမာစီကလဲ အသက်ကြီးတော့စားတာက

နှေးတယ်

ကြွေးတာအကုန်မစားနိုင်ရင်

ပုဂထဲချန်ထားခဲ့ပြီးဖြေးဖြေးလေးလေးထွက်သွားတယ်

သူ့အမေ အဝေးရောက်တာနဲ့ ဖိုးဝတုတ်ကောင်

သူ့အမေ ပုဂံထဲကစားလက်စ ကို သူတစ်ကောင်ထဲဝင်စားတော့တာဘဲ

သားသမီး၅ ကောင်နဲ့အတူ အဖေအမေ အိမ် အဖေါ်ခွေး စုစုပေါင်း အိမ်မိသားစုဝင်

၇ ကောက်ရှိခဲ့တာ

တစ်ရက်ထဲ့အတူတူ မွေးကြတဲ့

နောက်ဆုံး မွေးတဲ့ ကောင်ကို Lucky Seven လို့

မွေးပြီးပြးခြင်း Lucky လို့အမည်ပေးခဲ့တယ် လွန်ခဲ့သော ၁၂ နှစ်ကျော်အချိန်တွေကပါ

ယခုတော့ သားငမီးခွေးလေးတွေ ၅ ကောင်အနက် ရှေ့က ၃ ကောင် ဆုံးပါးသွားခဲ့ကြတာ

ယခုအခါ

နံပတ် ၄ ဝတုတ် Fatty နဲ့ နံပတ် ၅ Lucky ဖိုးကံကောင်းတို့ ခွေးထီးပလေး ညီအသ်စ်ကို

၂ ကောင်သာ ကျန်တော့တယ်

ကျန်းမာရေးကောင်းနေကြပါတယ်

မိသာစုဝင်

ခွေးမောင်နှမ ၅ ကောင်မှာ

Beauty လို့ မွေးစကတည်းက

နာမည်ပေးထားတဲ့

ခွေးမကလေး မချော ချောလေး ၁၀/၂/၂၀၂၃ မှာ

ဆုံးပါးသွားခဲ့ရပါတယ်

၁ နှစ်ကာပြီ ပြည့်ခဲ့ပြီ

ကျန်ခဲ့ တဲ့မောင်လေး၂ ကောင်လဲ

အသက် ၁၂ နှစ်ကျော်နေကြပါပြီ

သူတို့အရွယ်သက်တန်းအရ အို လာနေကြပြီ

သတ္တဝါ တစ်ခု ကဇ့တစ်ခုပေမို့

ဘဝသံသရာခရီးမှာ

သတ္ထဝါအားလုံး ဘဝတွေက

အတူတူ တစ်ပုံစံထဲ ဖြတ်သန်းကြရတာပါဘဲ

ဇာတိ ဇရာ မရဏ

ခရီးကို

တသ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရရာမှာ

ဘဝတွေကို စွန့်ခွါ သွားကြရမှာပါဘဲ

ဒါနဲ့များ

လူသားတွေအချင်းချင်း

တစ်ရေထဲနေ တစ်ရေထဲသောက် တစ်ပြည်ထောင်ထဲ နေကြသူ လူငါးမျိုးနွယ်တွေအချင်းချင်း

ဘာကြောင့်များ

မလိုမုန်းထား ခိုက်ရန်တွေပွါးနေကြကာတာပါလိမ့်

လောဘ ဒေါသ မောဟ အမိုက်မှောင်တွေ

မိုူမွှန်အောက် ဖုံးလွမ်းနေကြပါလိမ့်

သတ္တဝါအများ

ကိုယ်ရောသိတ်ပါ လန်းဖျာ လျက်

ထာဝရ ပျော်ရွှင်သော ချမ်းသာသုခများ

ပိုင်ဆိုင်နိုင်ကြရေး

မျော်တွေးလျက်

အေးမြင့် ( ညောင်တုန်း)

၁၁/၂/၂၀၂၄

( ခွေးမကလေး မချော ဆုံးခဲ့တာ

တစ်နှစ်ပြည့်ခဲ့သောနေ့)

Dog Lover

တွေးမိတွေးရာ

ရေးမိရေးရာ

ဖတ်စရာ မှတ်စရာ

ဘဝရေးရာ

စာပဒေသာ ()

ဇာတိ ဇရာ မရဏာ





ရာသက်တိုင်



















လိုက်လုစားတတ်တယ်

ဒါပေမဲ့



နှေးတယ်






၇ ကောက်ရှိခဲ့တာ





ယခုအခါ


၂ ကောင်သာ ကျန်တော့တယ်


မိသာစုဝင်



နာမည်ပေးထားတဲ့








ဘဝသံသရာခရီးမှာ

သတ္ထဝါအားလုံး ဘဝတွေက


ဇာတိ ဇရာ မရဏ

ခရီးကို



ဒါနဲ့များ

လူသားတွေအချင်းချင်း


ဘာကြောင့်များ



မိုမွှန်အောက် ဖုံးလွမ်းနေကြပါလိမ့်

သတ္တဝါအများ




မျော်တွေးလျက်

အေးမြင့် ( ညောင်တုန်း)

၁၁/၂/၂၀၂၄

