ဒေါ်မာမာအေးရဲ့ ဘဝ တစ်စိတ်တစ်ပိုင်း
https://youtu.be/umEZbOs6SFU?si=-GBdEakI1bZXZxlLဖတ်စရာ မှတ်စရာ
သိစရာ ကြည့်စရာ ( ၂ )
ပြည်သူချစ်သော အဆိုတော်ကြီး ဒေါ်မာမာအေး ပရိသတ်များအတွက်
မြန်မာ့ ဂီတ ၊ မြန်မာသံစဉ် သီချင်း ချစ်သူ တွေ မြတ်နိုး သူတွေ အနားမှာ
မြန်မာ အဆိုတော်ကြီး ဒေါ်မာမာအေး က
မြန်မာ သံစဉ် သီချင်းတွေ အမြဲ သီ ဆိုနေရင်း
သက်ရှိ ထင်ရှား ရှိ နေသ လို
လှုပ်ရှား အသက်ဝင် ရှိနေပါသေးတယ်.
မြန်မာ သီချင်းတွေ ဆိုနေမြဲပါ
၉ /၁/၂၀၂၄ နေ့ တွင် အသက် ၈၂ နှစ် အရွယ် တွင်
ရေမြေခြား တိုင်းတပါး USA တွင် ကွယ်လွန်သွားခဲ့သော
ရှာမှရှား မြန်မာ ဂန္ထဝင် အဆိုတော်ကြီး
ဒေါ်မာမာအေး သို့ အမှတ်တရ
တွေးမိတွေးရာ
ရေးမိရေးရာ
ဘဝနေဝင်ချိန်
ပြောပြစရာတွေကတစ်ပုံကြီး နဲ့ အဆိုတော်ကြီး ဒေါ်မာမာအေး
ဘဝနေဝင်ချိန်တွေကို ကျေနပ်ကြည်နူးပျော် ရွှင်စွာ ဖြင့်
အထီးကျန် မဟုတ်ဘဲ
ဘဝနေဝင်ချိန်မှာ
ကံကောင်းစွာ ဖြင့် ဖြတ်သန်းနေနိုင်ခဲ့သူ
ကမ္ဘာ့ရွာကြီးထဲက ပြည်ပတစ်နေ ရာ မှာ ရောက်နေတဲ့
မြန်မာ သံစဉ် ဂန္ထဝင် အဆိုတော်ကြီး ဒေါ် မာမာအေး။
ယနေ့မှာ
ကမ္ဘာရွာကြီးဖြစ်နေတဲ့ကမ္ဘာကြီးပေါ်မှာ
အခြား ကမ္ဘာ့ နိုင်ငံသားတွေလိုပါဘဲ
မြန်မာတွေကလဲ တကမ္ဘာလုံးနေရာအနှံ့ မှာ
ခေတ်မီစွာ ပြနိ့နှံ့ရောက်ရှိနေကြတာဖြစ်လို့
တိုင်းတစ်ပါး နိုင်ငံခြားကို ရောက်ရှိအခြေချ နေထိုင်နေတဲ့
မြန်မာ အဆိုတော်ကြီး ဒေါ် မာမာအေးကို
သူစတင်ရောက်ရှိခဲ့သည်မှ ၉/၁/၂၀၂၄ မှာ ကွယ်လွန်ချိန်အထီ
တကမ္ဘာလုံးက အမေဒေါ်မာမာအေးဂီတချစ်သူပေါင်း
မြောက်များစွာ က သူ့ကို ဝန်းရံ နေခဲ့ကြပါတယ်
သူ့သီချင်းတွေကို တကမ္ဘာလုံးက မြန်မာသံစဉ် သီချင်းချစ်သူတွေ အမြဲနားထောင်နေကြတယ်၊
ဘဝေနဝင်ချိန်တွေမှာ
ပြည် သူ့ အချစ် တော် အဆိုတော်ကြီးအဘို့က
သူ့မှာ အထီးကျန် ဘဝ တွေ မဟုတ်ဘဲ
နေဝင်ချိန် သူ့ဘဝတွေကို သူကကျေနပ်ကြည်နူး ဝမ်း သာစွာဖြင့်
ဘဝကိုဖြတ်သန်းသွားနေခဲ့သူဖြစ်နေပြီး
သု့ ဘဝ ပုံရိပ်တွေကို
သူ့ရဲ့ ရုပ်သံ သတင်းဗီဒီယိုတွေမှာ ရီ ရီမောမော ပြုံးရွှင် တဲ့ မျက်နှာပေးနဲ့
တစ်ခါတစ်ခါ တွေ့ နေရတတ်ခဲ့ ပါတယ်.
ဘယ်သူနဲ့မှ မတူ ၊
သူမတူအောင် ရှာမှရှား မြန်မာအဆိုတော်ကြီးတစ်ဦးပါ။
မျိုးချစ် သူရဲကောင်း တွေ များစွာ ထဲက တစ်ဦးလို့ပင်
ပြောနိုင်မဲံ့
မြန်မာသံစဉ် ဂန္ထဝင်မြောက် နိုင်ငံသိ အဆိုတော်ကြီး
မျိုးချစ်မြန်မာ အဆိုတော်ကြီး ေဲဒါ်မာမာအေး ပါ။
သူလုပ်ရပ် သူ့သီဆိုခဲ့တဲ့သူ့သီချင်းတွေက သက်သေတွေပါ။
ရှေး ဂီတသီချင်းကြီး တွေနဲ့အတူ
သူ့ခေတ် ကျွန် တော်တို့ ငယ် စဉ် လူငယ်ဘဝ
ခေတ်တစ်လျောက်လုံးမှာ
မြန်မာ သံ စဉ် သီချင်းရာပေါင်းများစွာကို သီဆို ခဲ့ရုံသာမက
သူ့ရဲ့ ငယ်ဘဝမှာ ရုပ်ရှင်လဲရိုက်ခဲ့ သေးတယ်.။
BBS မြန်မာ့အသံမှာသာမက BBC ကမ္ဘာ့အသံမှာ လဲ
သူ့ အသံနဲ့ နိုင်ငံတာဝန် ကျေပွန်စွာ တာဝန်ထမ်းခဲ့သူဖြစ်တယ်.
သူ့ဘဝ သူ့အတွေ့အကြုံ စာတွေလဲ ရေးခဲ့သေးတယ်.
သူ့ရဲ့ BBC မှ ပုံမှန် လွှင့်ပေးခဲ့ဘူးတဲ့ ပြောပြစရာတွေတစ်ပုံကြီးက သူပြေချင်တဲ့သူ့ဘဝ တွေနဲ့ သူ့ဂီတ အတွေ့အကြံု တွေအကြောင်းအများကြီးပါဘဲ။
စွယ်စုံတော်သူ စိတ်ကောင်းစေတနာ ရှိသူ မြန်မာ အနုပညာရှင် အဆိုတော်ကြီးပါ။
အမိ နိုင်ငံရဲ့ ခေတ်စနစ်တွေ အခြေအနေအရသာ
ကမ္ဘာရွာကြီးထဲက မြိို့ကြီးတစ်မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ရတယ်
ကမ္ဘာ့ နိုင်ငံပေါင်းချုပ်အသင်းကြီး ဖြစ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲကြီး UN United Nations တည်ရှိရာ USA New York မြို့မှာ အခြေချ နေထိုင် နေကြသူ
မြန်မာပြည်မှ နိုင်ငံသိ စာရေးဆရာကြီးများဖြစ် ကြသော
ကဗျာဆရာကြီးဦးတင်မိုးနှင့် မောင်စွမ်းရည်တို့နှင့် ဆက်သွယ်ပြီး,
မြန်မာအဆိုတော်ကြီးက
နယူးယောက်မြို့မှာ ပထမဆုံးသွားရောက်နေထိုင်ခဲ့ပါတယ်.
နောင်မှာ မြန်မာတွေ အများအပြားနေထိုင်ကြရာ
Fort Wane မြို့ကို ပြောင်းရွှေကာ
နေဝင်ချိန်သူ့ဘဝ တွေကို
ပျော် ရွှ င် ကြည်နူးကျေနပ်စွာ နေထိုင်ခဲ့ပြီးနောက်
၉/၁/၂၀၂၄ မှာ ဘဝနိးဂုံး ချုပ် ခဲ့ပါတယ် ။
အဆိုတော်ကြီး ဒေါ်မာမာအေးဟာ
သူ့ဘဝမှာ လိုလေသေးမရှိ သူ့အနားမှာ ကမ္ဘာက မြန်မာတွေ
ဝိုင်းကာပတ်လို့ နေနိုင်ခဲ့သူ နိုင်ငံသိ ပြည်သူ့ချစ် အဆိုတော်ကြီး တစ်ဦးဖြစ်ပါတယ်.
ဒေါ်မာမာအေးက သူ့အသက် ၇၅ နှစ်ပြည့်မှာ အမှတ်တရ ပွဲလုပ်ဘို့ မြန်မာပြည် ကို ခေတ္တ ပြန်လာခဲ့တယ်.
သူ့ရဲ့ အသက် ၇၅ နှစ်ပြည့်အမှတ်တရ စိန်ရတု ဂီတပွဲကြီးမှာ
သူချစ်ခင်လေးစားတဲ့ သူ့ထက်အသက်ကြီးတဲ့
ဝါရင့် အဆိုတော်ကြီးတွေ၊သူနဲ့ခေတ်ပြိုင် အဆိုတော်ကြီးတွေအပြင် ခေတ်သစ် တက်သစ်စ လူငယ် အဆိုတော်လေး တွေကိုပါ
ဖိတ်ကြားပြီး
ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံကြီးမှာ အမှတ်ရရ ထူးကဲတဲ့ ဂီတပဒေသာပွဲကြီး ကို လုပ်ခဲ့ပါတယ်.
ရုံပြည့်ရု့လျှံ ဂီတချစ်သူတွေအများအပြားထဲမှာ
ကျွန် တော်လဲ ရှေ့တန်းတွေက ထိုင်ခုံလက်မှတ်ဝယ်ပြီး
တစ်ညလုံးသွားရောက် အားပေးခဲ့တာ အမှတ်ရမိပါသေးတယ်.
အဆိုတော်ကြီးက မန္ထလေး ကိုဆက်သွားခဲ့ပြီး
သူ့ရဲ့ ၇၅ နှစ် ပြည့်စိန်ရတု ဂီတ ပွဲကြီးကို မြန်မာ တေးဂိတ မြတ်နိုးသူ မန္တလေးသား တွေအတွက် လဲ ဂီတပဒေသာ ပွဲ ဆက် လုပ်ခဲ့ပါသေးတယ်
လွန်ခဲ့သော ၆ နှစ်ကျော်ခန့် ကဖြစ်လို့ မကြာလှသေးပါ။
အဆိုတော်ကြီးဒေါ်မာမာအေးက မြန်မာသံစဉ်သီချင်းပေါင်းမြောက်များစွာ ရာကျော် သီဆိုခဲ့ပါတယ် ။.
သီးချင်းအများစုကို ကျွန်တော် ကြိုက်ခဲ့ပါတယ်.
ဒေါ်မာမာအေးသီဆိုခဲ့တဲ့သီချင်တွေအများကြိးထဲက
ကျွန် တော့်အဘို့ ထူးခြားခြား ကြိုက်ခဲ့တဲ့ အကြိုက်ဆု့း သီချင်းက
ငယ်စဉ် ၁၇ နှစ်သား လူငယ် ကျောင်းသားဘဝ
၁၀ တန်း ကျောင်းသားဘဝ မှာ ပထမဆုံးကြားခဲ့ဘူးတဲ့ ဆည်းဆာသီချင်းပါ။
ဘယ် အချိန် ပြန်နားထောင်ထောင် ယနေ့ထိ မရိုးနိုင် သေးဘဲ နားထောင် လို့ကောင်းနေဆဲ ဆည်းဆာ သီချင်း ပါဘဲ။
ယခုတော့
ကျွန်တော်ကိုယ်တိုင် လဲ
ဆည်းဆာ အချိန် နေဝင်ချိန် ရောက်နေပါပြီ
အသက် ၇၅ နှစ်ထဲ ဝင်နေ ပြီ ဖြစ်တဲ့ စိန် ရတုပွဲနီဲးကပ် လာနေပြီး
၂၀၂၄ ဖေဖေါ်ဝရီလ ၂၇ ရက်နေ့မှာ
အသ် ၇၅ နှစ်ပြည့်ရောက်ပါပြီ
မြန်မာသံစဉ်သီချင်းဂီတချစ်သူတွေအဘို့
အဆိုတော်ကြီး ဒေါမာမာအေး ပြောပြ ရေးပြခဲ့ ဘူးသလို
အဆိုတော်ကြီးဒေါ်မာမာအေးအကြောင်းတွေ က
ပြောပြစရာတွေ တစ်ပုံတစ်ပင်ကြီး ရှိနေကြမှာမလွဲပါ လို့
ယုကြည်ယူဆ မိပါတယ်.
လက်၇ှိဘဝမှာ ဘယ်သူမပြု မိမိမှု
ကိုယ် ပြုသောကံ ကိုယ် ထံပြန်လာ မှာ ဖြစ်သလို
အတိတ် ပစ္စုပ္ပန် ဘဝသံသရာ တွေမှာ လဲ
ကိုယ် ပြုခဲ့ သောကံ ကိုယ် ထံပြန်လာ မှာ မလွဲ ပါလို့
ယုံကြည် ပါတယ်. ။
( ကံဆိုတာ ကမ္မ အလုပ်ပါ )
မြန်မာအဆိုတော်ကြီးဒေါ်မာမာအေးအတွက်
လု့ဘဝ သံသရာတစ်ကွေ့ မှာ ကောင်းတာလုပ်ခဲ့ကြသူတွေအဘို့
နောက်ဘဝသံသရာမှာ
ကောင်းရာဘုံဘဝ မှာ ရောက်ကြမှာမလွဲပါလို့ မျှော်တွေးဆလျက်
အေးမြင့် (ညောင်တုန်း)
၁၁/၁/၂၀၂၄
ရည်ညွှန်း
Youtube video အထီး .ကျန်မဟုတ် တဲ့
အဆိုတော်ကြီးဒေါ်မာမာမာအေးအကြောင်း ရုပ်/သံ ဗီဒီယို
