၉/၁/၂၀၂၄ နေ့တွင် ဘဝတစ်ပါးပြောင်းသွားသူ မြန်မာသံစဉ် ဂန္ထဝင် အဆိုတော်ကြီး ဒေါ်မာမာအေးသို့ အမှတ် တရ
https://youtu.be/bA1_iot89ig?si=YhuKfYP-D_Xg3Wxiဖတ်စရာ မှတ်စရာ
( ၁၇ )
သိစရာ ကြည့်စရာ
ဘာသာ ၊
သာသနာ
ဒေါ်မာမာအေး သီဆိုခဲ့သော
ကျိုက်လတ် ဆရာကြီးဦးပြုံးချို၏
တေးဘုမ္မာ ဓမ္မတေး သီ ချင်း
တေးဘုမ္မာ မူရင်းစာသားများ နှင့်
လယ်တိဆရာတော်ဘဒရားကြီး၏ တေးဘုမ္မာသီချင်းကို သဘောတွေ့ကြောင်း သတင်းစကား
ဖေါ်ပြပေးသူအား ကျေးဇူးတင်ရပါသည် ။
ပြန်လည် ကူးယူဖေါ်ပြပါသည်.
9/1/2024 နေ့တွင် ဘဝတစ်ပါးပြောင်းသွားခဲ့သူ
မြန်မာဂန္ထဝင် အဆိုတော်ကြီး ဒေါမာမာအေးသို့ အမှတ်တရ
အေးမြင့် (ညောင်တုန်း )
၁၂ ၁/၂၀၂၄
ရည် ညွှန်း
Ko Nay Facebook post 19 Dec 2023
ဓမ္မတရား Nay Yar Facebook post 9/1/2024
တေးဘုမ္မာ ဓမ္မသီချင်း စာသား
🛑 လယ်တီဆရာတော်ကြီးကိုယ်တိုင်
” ဟဲ့- ဒီသီချင်း ဘယ်သူရေးတာလဲဟ “🌼🌿
သီဆိုပြသူမှ ‘ ကျိုက်လတ်မြို့က ဆရာဦးပြုံးချို ပါဘုရား ‘ လို့ ပြန်လျှောက်တော့
” ဟံ- ဒီလူကိုရအောင်ခေါ်ပြီး မင်းတို့(ပညာ့အလင်း)သတင်းစာတိုက်မှာ အသုံးပြုကြ၊ ဒီလိုစွယ်စုံတတ်တဲ့လူမျိုး တစ်သောင်းမှာ တစ်ယောက်မရှိဘူးဟ ” လို့တောင် ပြန်မိန့်သတဲ့။
၂။ ‘ ဘာမဟုတ်တဲ့ မောင်ပြုံးချိုက ‘ လို့ ပြောမိတဲ့ ဒီးဒုတ်ဦးဘချို တရားဝင် ပြန်တောင်းပန်ရတဲ့ သီချင်း
၃။ ကိုယ်ကိုတိုင် ဘယ်နှစ်ခါနားထောင်နားထောင် တစ်ပုဒ်လုံးကို နားမလည်နိုင်သေးတဲ့သီချင်း
” တေဘုမ္မာ “
ရေး – 🎻ကျိုက်လတ် ဦးပြုံးချို
🎶တေဘုမ္မာ၊ အနိစ္စာ ဒုက္ခာ အနတ္တာ တရားမရလို့ များလှသံသရာ၊ ကာမောဃာ ဘဝေါဃာ ဒိဋ္ဌောဃာ၊ အဝိဇ္ဇောဃာ စိတ်မောဟာ မကင်းတာ အရင်းခံ သူတဏှာ၊ ဒိဋ္ဌိဥာဏ် ၀င်စားထင်မှား မြင်ငြားကြတာ၊ လူဘဲ နတ်ဘဲ မှတ်စွဲလို့သာ၊ မှားချက်အလွန်နာ၊ ငါ့သားငါ့မယား လင်သားဥစ္စာ၊ ငါ့ကိုယ်ငါ့ဟာ အစဉ်မကွာ သက္ကာယကြောင့် မာနတွေ ထောင်ကြတာ၊ ဝိပဿနာ ၀င်စားထင်လျား၊ မြင်ငြားကြပါ၊ ဘာမျှရှာမရ အ,သာရက မှန်စွာ အနတ္တာ ခန္ဓာ၊ ဖြစ်ရင်းတည်ရင်း ပျက်ရင်းချုပ်ကာ၊ ရုပ္ပတိသညာ၊ ဖေါက်ပြန်မဆိတ်ပါ အနိစ္စလက္ခဏာ၊ ရုပ်တရားနာမ်တရားနှစ်ဖြာ၊ အိုနာသေမည် အတည်မကျပါ၊ သင်္ခါရဟာ ဘင်ကာလမကြာ၊ ငါးဖြာဂတိမှာ၊ လေးဘုံ အပါယ်ငရဲစာ၊ အဝိဇ္ဇာ အကြောင်းကြောင့် သင်္ခါရာ ဝိညာဏ် နာမ်တရား ရုပ်တရားနှစ်ဖြာ အဝိဇ္ဇာ အကြောင်းကြောင့် သင်္ခါရာ ဝိညာဏ်နာမ်တရား ရုပ်တရားနှစ်ဖြာ ခြောက်ခုအာရုံ ကာမဂုဏ်ဆန္ဒ- ပဋိစ္စ သမုပ္ပါန် ရှုပ်ပြန်အတွင်းအပတဏှာ။ (ရှက်စရာတွေးတော့ သမုဒယပါ၊ မဂ္ဂဆေးနှင့် ကုရမှာ၊ လက္ခဏာရေးဖြင့် ရှုကြပါ၊ တေ ဘုမ္မာ)🎶🎵🎶🎵
🎶(မြေ-ရေ-လေ-မီး ဓာတ်ကြီးအစုပါ၊ လွန်တရာမမြတ်သော အတ္တဘော ခန္ဓာ၊)၂၊
(မုန်းဖွဲ့မလွတ်ပါ၊ သုံးဆယ့်နှစ်ကောဋ္ဌာ၊)၂၊ (မိုက်မဲအဝိဇ္ဇာ၊ စိတ်တဏှာ အနိဋ္ဌာ- ဣဋ္ဌာရုံထင်မိမှား၊ ကာယအပုပ်ကောင်ဟာ ဟုတ်ယောင်သာ ရုပ်ဆောင်စွာ ချူပ်နှောင်ကာ သူလှည့်စား၊ )၂၊ 🎵
(တရားကွာ မှားရှာ များသတ္တဝါ ဘ၀အနေကာ ဖြစ်ပျက်သံသရာ )၂၊
မီးဆယ့်တစ် ငြိမ်းရာချူပ်ရာ၊ နိဗ္ဗာန်ရောက်နိုင်ရာ မဂ်ဖိုလ်ကြိုးစားရအောင်ရှာ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ သမုစ္ဆေပဟာန် ဧကန်ပါယ်၍ခွာ၊ အထက်တန်း တက်လှမ်းမကြာ ရုပ်နာမ်ခန္ဓာ နှစ်၀လုံးဟာ၊ အစတုံးကာ ဘ၀ဆုံး အမတာ၊ အဲသို့မှသာ ဘေးတကာ ရန်တကာ ကင်းဝေးမှာ၊🎵 အရဟတ္တဖိုလ် ပညာကိုသာ၊ အနုသယကိလေ တိခြွေပယ်ဖို့ရာ၊ အမှန်ဝါယမန် စိတ်သန် သမာဓိ ဝိပဿနာ့ဥာဏ် ရင့်သန်စေဖို့ရာ။🎶🎵🎶🎵
🎶ငါးဆူရှင် ပါရမီတော်ရင့်သည်။
ပွင့်တော်မူရာ ဘဒ္ဒဤကမ္ဘာ၊ ဗုဒ္ဓုပ္ပါ ငါးကြိမ်ဆင့်တောင် ကျွတ်ခွင့်မပါ လွဲလျက်မှန်စွာ၊ ရှည်လျား- သုညကမ္ဘာတွေမှာ- ဓမ္မာသွေခွါ အပါယေမှာ ပျော်ဖို့၊ တရားမသိလို့အမြဲမိစ္ဆာ၊ အမှားအတိ အလွဲစိတ်မှာ၊ ငရဲတိရစ္ဆာ တကတဲမဆိတ်စွာ အသဲထိတ်စရာ စည်ပင်ကြတော့မှာ။🎶🎵🎶🎵
🎶(မကောင်းဒုစရိုက်တွေဟာ နည်းအောင်ကျင့်ပါ) ၂၊
(နှစ်လ နေ့ရက်နာရီတွေဟာ၊ အချိန်အလကား မကုန်စေရာ) ၂။
(ကာမဂုဏ် ရမ္မက်ဆိုးကို ဖျက်ချိူးနိုင်မှသာ၊
ဖြစ်ရာဘ၀သံသရာ၊ ပညာပါရမီ ကြီးရင့်အောင်ဖို့ပါ)၂။ 🎵
အတီတာ မိုက်စ မိုက်ပင်ပျိုးလို့မိုက်ဆိုးခဲ့တာ၊ ယခုလဲမိုက်ဆဲမှန်စွာ၊ ရှေ့ကိုတိုးလို့တံပိုးမိုက်အုံးမှာ၊ အဆုံးသတ်သင့်တာ။
(ကိုယ့်ကိုယ်ကို သနားပါ များသတ္တဝါ)၂၊ 🎵
(လောဘ ဒေါသ မောဟ လောင်မီးကိလေသာ၊) ၂၊ (တဟုန်းဟုန်းတောက်လို့သာ၊ တဖြုန်းဖြုန်းမောက်မို့စွာ)၂🎵
(အကုသိုလ် စရိုက်ဆိုးတွေဟာ ပြုလွယ်ဖြစ်လွယ် စိတ်အားထက်သန်စွာ)၂၊ 🎵
(နတ်ရွာနိဗ္ဗာန်လမ်းကို လှမ်းဖို့အမှုဟာ ထဲစိတ်မပါ၊) (နေရာဟောင်းကို အလွန်အောင်းမေ့တာ)၂၊ 🎵
လေးဘုံပါယ်ရွာ လေးဘုံပါယ်ရွာ
ထဲမှာ- နေမြဲသာ၊ များသည်သတ္တဝါ။🎶🎵🎶🎵
Credit: သီချင်းနှင့် သီချင်းစာသား 🙏🏻🌿
Video Edited by Ko Nay
ပြည်သူချစ်သော အဆိုတော်ကြီး ဒေါ်မာမာအေး ပရိသတ်များအတွက်
သူမတူအောင်
ပြောပြစရာတွေတစ်ပုံကြီး ပြောပြခဲ့တဲ့
အဆိုတော်ကြီး ဒေါ် မာအေး ရဲ့
သူ့ဘဝ ၊ သူ့သီချင်းများနဲ့
ဒီနေ့ မြန်မာ့ဂီတ အကြောင်းများ။
မြန်မာ့ ဂီတ ၊ မြန်မာသံစဉ် သီချင်း ချစ်သူ တွေ မြတ်နိုး သူတွေ အနားမှာ
မြန်မာ အဆိုတော်ကြီး ဒေါ်မာမာအေး က
မြန်မာ သံစဉ် သီချင်းတွေ အမြဲ သီ ဆိုနေရင်း
သက်ရှိ ထင်ရှား ရှိ နေသ လို
လှုပ်ရှား အသက်ဝင် ရှိနေပါသေးတယ်.
မ့န်မာ သီချင်းတွေ ဆိုနေမြဲပါ
၉ /၁/၂၀၂၄ နေ့ တွင် အသက် ၈၂ နှစ် အရွယ် တွင်
ရေမြေခြား တိုင်းတပါး USA တွင် ကွယ်လွန်သွားခဲ့သော
ရှာမှရှား မြန်မာ ဂန္ထဝင် အဆိုတော်ကြီး
ဒေါ်မာမာအေး သို့ အမှတ်တရ
