တို့ဗမာ ၊ ဒို့ ဗမာ

၁ ။ ဒို့ဗမာ သီချင်း မူရင်း ။ တေးရေး ဝိုင်အမ်ဘီ သခင်တင် ၊ ဆို – ဗျိတိသျှ ဘားမားအဖွဲ့

၂ ။ တို့ဗမာသီချင်း ။ တေးရေး – ဝိုင် အမ်ဘီ သခင်တင် ၊တေးဆို – ခင်ညွန့်ရီ ၊

၃။ တို့ဗမာ ။ ( မူရင်းသခင်ဘသောင်း )

၄။ တို့ဗမာသီချင်း ။တေးဆို -သန်းမြတ်စိုးး

၅။ မြန်မာ့ကြွေးေကြာ်သံ ။တေးဆို မေလှမြိုင်

၆။ ဇာတိမာန် ။ တေးဆို – ခင်ညွနိ့ရီ ။

၇ ။ ဒို့ဗမာ သရုပ်ဖေါ် ခဲပန်းချိ။ ရေးဆွဲခဲ့သူ – မောင်သန်းဖေ ( ညောင်တုန်း)

၈ ။ ဖတ်စရာမှတ်စရာ ( ) တွေးမိတွေးရာ၊ရေးမိရေးရာ ၊ဘဝရေးရာ ၊စာပဒေသာ ။ ဒို့ ဗမာ

ဖတ်စရာ
မှတ်စရာ ( ၁၀ )

တွေးမိတွေးရာ
ရေးမိရေးရာ
ဘဝရေးရာ
စာပဒေသာ

ဒီု့ဗမာ

မြန်မာပြည် လွတ်လပ် ရေးမရခင်က
လူငယ် တစ်ဦးဖြစ်ခဲ့သော
( ၁၉၄၈ လွတ်လပ် ရေးးရပြီးနောက် ၅ နှစ်ခန့်အကြာတွင် ကွယ်လွန်ခဲ့သူ )
အ ဖေ ဦးသန်းဖေရဲ့
လွတ်လပ်ရေး ရဘို့
ထိုခေတ် လူ င ယ် တစ် ဦး ၏ အတွေး အရေး ပန်းချီ များ နှင့်
အဖေ ရဲ့ လွတ်လပ်ရေး ကြွေးကြော်သံ
ဒီု့ဗမာ

ယခု
တို့ဗမာ
တို့ခေတ်ကိုတော့
ရောက်ရမည် မလွဲပါ။

မြန်မာ့ လွတ်လပ်ရေးနေ့
အမှတ်တရ သီချင်းကောင်းတစ်ပုဒ်ပါ ။
( တေးရေး ဝိုင်အမ်ဘီ သခင်တင်ရဲ့ ပြောင်မြောက်တဲ့ လက်ရာ
လွတ်လပ်ရေးနေ့ ဂုဏ်ပြ ုတေး)
မြန်မာ့လွတ်လပ်ရေးနေ့မှာ ပြန် ပေါ်လာတတ်တဲ့သီချင်း ကောင်းတစ်ပုဒ်ပါ။

တို့ဗမာ။
သခင်မျိုးဟေ့ ဒို့ဗမာ။
ဗမာလူမျိုးတွေ အများစု ဟာ
လူညံ့တွေမဟုတ်ကြ။
မျိုးနဲ့ရိုးနဲ့တော်ခဲ့ကြတဲ့ လူမျိုးတွေ။
သမိုင်းရှိတဲ့လူမျိုး ။
မြန်မာလူတော်တွေ
နေရာစုံ ဘာသာစုံ
ပညာရပ်မျိုးစုံမှာ
ကမ္ဘာအနှံ့မှာရှိနေခဲ့တယ် ။

ဒါတို့ပြည်
ဒါတို့မြေ
ဒါ ငါတို့ပြည်။

တို့ပိုင်တဲ့မြေ။
တိုင်းရင်းသားပြည်သူအများတွေ
အားလုံး ပိုင်ဆိုင်ကြတဲ့
အမိမြန်မာပြည် ။
တသီးပုဂ္ဂလ ပိုင်
နိုင်ငံမဟုတ်။

မြန်မာ့ လွတ်လပ်ရေး
နောက်ခံသမိုင်း။

လွတ်လပ်ရေးကို လွယ်လွယ် နဲ့ ရခဲ့ ကြတာမဟုတ် ။
တစ်တိုင်းတစ်ပြည်လုံး
တောရောမြို့ပါမကျန်
လွတ်လပ်ရေးရအောင်
ပြည်သူတွေ စုပေါင်းဝိုင်းဝန်း ပြီး၊
ရုန်းကန်ကြိုးစားခဲ့ကြရတယ် ။
ခုလဲ ပြည်သူအများစုတွေ
အထွေထွေ လွတ်လပ်ရေးအတွက်
ပြန်လည် ရုန်းကန်နေကြရပြန် ပြီလား ။

ယခင်

၁၉၄၈ လွတ်လပ်ရေး မရသေးခင်ကာလ
ထိုခေတ် လူ င ယ် တစ် ဦး ဖြစ်သူ
လွတ်လပ်ရေးရပြီး ၅ နှစ်ခနိ့အကြာ ကွယ်လွန်ခဲ့သူ
အဖေ ၏ အတွေး အရေးများ နှင့်
အဖေ ရဲ့ လွတ်လပ်ရေး ကြွေးကြော်သံ ပန်းချီကား တစ်ချပ်။

ဒို့ဗမာ

တို့ဗမာသီချင်း ထွက်ချိန်ကာလ လို့ယူဆရပါတယ်.
ကျွန် တော် မမွေးခင်
ကျွန် တော့် အဖေ လူငယ် ဘဝမှာ ဖြစ်မလားမသိ
အဖေ အိမ်ထောင်မကျေသေးချိန်လား မပြောတတ်
အဖေက လဲ သူ့မျိုးဆက် ကျွန် တော့်လိုဘဲ
ပန်းချီဝါသနာပါခဲ့လေသလားမသိ
မြန်မာ့ လွတ် လွပ် ရေးအတွက်
တစ်တိုင်းတစ်ပြည်လုံးက
စုပေါင်းရုန်းကန် ကြိုးစားနေကြစဉ် ကာလ မှာ ဖြစ်မယ် ထင်တယ်.

အဖေက
မြန်မာ့လွတ်လပ်ရေးအတွက် အားမတန် မန် မလျော့ကြဘဲ
ရရာ လက်နက်ဆွဲပြီး နယ်ချဲ့တွေကို တော်လှ န်ကြမယ်.
လွတ် လပ်ရေး ကို အရယူကြမယ်
မာန်ဟုန်အပြည့်နဲ့
ခဲပန်းချီတစ်ချပ် ရေးဆွဲ ခဲ့တယ်.

လွတ်လပ်ရေးရပြီးနောက် တစ်နှစ်ခန့်အကြာ
၁၉၄၉ ဖေဖေါ်ီါရိလ ၂၇ မှာ ကျွန်တော်မွေးဖွားခဲ့ပါတယ်.

အဖေ က တက်ကြွဆဲ လူငယ် ဘဝမှာ
လွတ်လပ်ရေးရပြီးစ ၄/၅ နှစ်ခန့် ကာလ မှာ ဆုံးပါးသွား ခဲ့ ပြီးနောက်
ကျွန် တော် အသက် ၅ နှစ် ၆ နှစ်ခန့်အရွယ်
ကျွန် တော် ငယ်စဉ် လူမှန်း သိတတ်စအရွယ်မှာ
အိမ်က စားပွဲပေါ်က စာအုပ် တွေကြား ဖိုင် စာအုပ်တွေထဲမှာ
အဖေ့ ခဲလက်ရာ ပန်းချီပုံ ကို အမှတ်မထင် တွေ့ခဲ့၇တယ်.
ဒို့ ဗမာ

အမည် တပ်ထားတဲ့ ထိုခေတ် လူငယ် လေးတစ်ယောက်ရဲ့
မြန့်မာ့ လွတ်လပ်ရေးအတွက်ာအားမန် ပန်းချီ.

အဖေ့ပန်းချိကားထဲမှာ အဖေရေးခဲ့တဲ့စာများကို မူရင်းသတ်ပုံအတိုင်း
ပြန် ကူးရေးကြည့်မိပါတယ်.

အ ဖေ ဦးသန်းဖေရဲ့
လွတ်လပ်ရေး ရဘို့
ထိုခေတ် လူ င ယ် တစ် ဦး ၏ အတွေး အရေးများ နှင့်
အဖေ ရဲ့ လွတ်လပ်ရေး ကြွေးကြော်သံ

ဒီု့ဗမာ

ဒို့ ဗမာတွေ ယခုထက်ထိ အားမကျသေးဘူးလား
ရှေးက ခေါင်းဆောင် ရဲဘို ကြီး လို မျိုး ချစ်စိတ် မခံချင်တဲ့စိတ်တွေကို မွေးကြပါ
ငါတို့ပြည်ကြီး ကြီးပွါးတော့မည် ။
တို့ ဗမာတွေ စွန့်စားတော့မည်
ငါတို့ ဗမာပြည်ကို ငါတို့ မတိုက်ရင် ဘယ် တော့ ငါတို့ပြည် ဖြစ်နိုင်မလဲ
ဒို့ ဗမာ
ဒို့ လို တက်လူတွေမတိုက်ဘဲနဲ့ ဟောဟို ရွတ် တွ ကြီးတွေ တိုက်လို့ ငါတို့ဗမာပြည်ကြီး အချီး နည်း ဘဲ
တို့ဗမာတွေ မခံချင်တဲ့စိတ်တွေရှိ လို့ တယောက်လုပ်တာကို တယောက် က ကြည့်မနေဘဲ
ဝ်ုင်း ဝင်း ကူညီမ ယ် ဆိုရင် မကြာခင် လွတ် လပ်ရေး ရနိုင်သည်။
သူတို့သေနတ်ကိုင်ရင် ငါတို့က ရဲတင်းကိုင်မယ်ဟေ့

သန်းဖေ

တော်လှန်ရေးမအောင်မြင်သေးခင်ကာလ
မြန်မာပြည်အဝှမ်းပြည်သူတွေအားလုံး,
ဂျပန် ဖက်ဆစ် တော်လှန်ရေးအတွက်
တစ်တိုင်းတစ်ပြည်လုံး စုပေါင်းဝိုင်းဝန်းကျိုးစာနေစဉ်ကာလမှာလဲ
အဖေက ဂျပန်တွေလက်တွင်းက သီသီလေး လွတ်ခဲ့ရတာ ကို အတူနေ အဒေါ် တွေ မဆုံးပါးခင်က ပြောပြခဲ့လို့
အဖေ့ ရဲ့ ဂျပန် တော်လှန်ရေးကာလ လူယ်ဘဝ ကိုသိခဲ့ရတယ်.

ညောင်တုန်းမြို့မှာ ဖက်ဆစ်ဂျပန် တွေ ကြီးစိုး,နေစဉ်ကာလမှာ အရှေ့ ပိုင်း ဘော လယ် ညွနိ့ ရပ်ကွက် ,နေ အဖေ့ကို ဂျပန် တွေ လာရှာကြတယ်.ဘာသတင်းရလို့လဲတော့မသိ။

၃၇ လမ်းမှာနေတဲ့အဖေ့အိမ်ကို ဂျပန် တွေ ရောက်လာကြတယ်. အိမ်မှာ အဖိုးနဲ့သူ့သမီးတွေ အဒေါ်တွေ အဖေနဲ့အတူနေကြတာ။ အဖေကသတင်းကြိုသိထားဘို့လားတော့မသိ.. ညောင်တုန်း မြို့ဘေး ပန်းလှိုင်မြစ်ထဲ နွေရာသီမှာမှ ပေါ်နေတတ်တဲ့ သောင် ပြင် ကြီး ပေါ်က ကိုင်းတောတွေကြားထဲ ကြိုတင် သွားပုန်းနေခဲ့တယ်.

အိမ်ကိုရောက်လာတဲ့ ဂျပန်တွေက အိမ်ထဲမှာပိုက်စိတ်တိုက် ရှာကြတော့တာပါဘဲ
အဖိုးနဲ့အဒေါ် ၄ ယောက်က ရင်တစ်ထိတ်ထိတ်နဲ့တဲ့
အနှိပ်အစက် နာမည် ကြီးတဲ့ ဖက်ဆစ်ဂျပန် တွေ ကို လူတိုင်းဒူးတုန် အောင် ကြောက်နေကြရတဲ့အချိန်
ဂျပန် တွေ ​ဘာမှ ၇ှာမတွေ့လို့အိမ် ပေါ်ကပြန် ဆင်းသွားကြ ။ပြန် သွားကြတယ်.
သူတို့ပြန်သွားကြ မရှီ ကြ တော့ မှ အဖိုးနဲ့အဒေါ် တွေသက်ပြင်းချ နိုင်ကြတော့တယ်လို့ ဆုံးသွားသူ အဒေါ် လတ် ဒေါ်ဒေါ် စန်းက တစ်ခါက ကျွန် တော်တို့ကို ပြောပြခဲ့ဘူးတယ်.

သက်ပြင်းချ ကြရမှာပေါ့
အိမ်က လက်ဖက်ရည် အိုးထဲမှာ သူတို့ရဲ့ မောင် အငယ်ဆုံး ကျွန် တော့်အဖေ မောင်သန်းဖေ ရဲ့လက်ပစ်ဗုံးတစ်လုံးကို အဖိုးအဖွား အဒေါ် တွေနဲ့ အဖေတို့က လက်ဖက်ရည်အိုးထဲမှာ ထည့် ဝှက် သိမိးထား ခဲ့ကြတာကို ဂျပန် တွေရှာတွေ့ မသွား ကြဘူး
လက်ပစ်ဗုံးကိုဂျ ပန် တွေ ရှာတွေ့သွားလိုကတော့
မတွေးဝံ့စရာ
အဖိုးအဖွား အဒေါဒေါ်တွေ မိသားတစ်စု လုံးမျိုးပြုတ် သွားနိုင်တယ်.
ကျွန် တော် လဲ လူ့ပြည် ရောက်လာမှာမဟုတ်
ဂျပန် ခေတ်မှာ

ကျွန်တော့် အဖိုးအဖွား အဒေါ် တွေ နဲ့ အဖေရဲ့

သေကံမရောက် သက်မပျောက် အဖြစ် တွေ ။

နောက် တော့ အဖိုးနဲ့အဒေါ်တွေက အန္တရာယ် ကြီးလှတဲ့ လက်ပစ်ဗုံး ကို အိမ် နောက်ဖေးက ကပ်လျက် ရေတွင်းထဲကို ချက်ခြင်း ပစ် ချ ဖျောက် ဖျက် ပစ်ခဲ့ကြရတယ် လို့ အဒေါ်က ပြောပြခဲ့ ဘူး ပါတယ်.

အဖိုးမိသားစုထဲမှာ တစ်ဥိးတည်းသောအငယ် ဆုံးမောင် ကလေး ကျွနိ တော့်အဖေဆုံးပြီး နောက် အဖိုးနဲ့ အဒေါ်တွေရဲ့ပြုစု ပျိုးထောင် စောင့်ရှောက် မှုနဲ့ အဖိုးအဒေါ်တွေ လက်ထဲမှာ ကျွန်တော် ကြီးပြင်းခဲ့ကာ ၁၀ တန်း အောင်ခဲ့။ RIT စက်မှုတက္ကသိုလ် တက်ခွင့်ရခဲ့ ဆည် မြောင်းအင်ဂျင်နီယာဖြစ်လာခဲ့ ကာ ဒီဘဝ ဒီ အခြေအနေ ကို ရောက်လာခဲ့၇သူ
ကျွန် တော့်ဘဝ ဇာတ်ကြောင်းတွေပါ။
ကျွန်တော်ငယ်စဉ် ကျောင်းမနေခင်မှာ အဖေ ဆုံးခဲ့တာ
အဖေ့ကိုမှတ်မိ ရုံ လေး သာရှိခဲ့ ပါတယ်.
ညီဖြစ်သူ ကတော့ မွေးကင်းစမို့ အဖေ့ကို သူ မသိရှာခဲ့ပါ။

မြန်မာ့လွတ်လပ်ရေးနေ့ အမှတ်တရ

အေးမြင့် (ညောင်တုန်း)
၅/၁/၂၀၂၄

ရည် ညှန်း

၁ ။ U Aye Myint Facebook post 5 Jan 2022
တို့ခေတ်ကိုတော့ ရောက်ရမည်မလွဲပါ
ဝိုင်အမ်ဘီ သခင်တင်၏
မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး
အမျိုးသားသီချင်း

၂ ။ အာရှ သူရဲကောင်း ။ တေးဆို ခင်ညွန့်ရီ

၃ ။ ဗိုလ်ရှု သဘင် ။တေးဆို ခင် ညွန့်ရီ ။

Youtube video