ကန်ထဲကရေ နှင့် သဲထဲကရေများ

ရွာလိုက်ပါ့မိုး DVB ရုပ်သံ သတင်း

မှတ်ဖွယ် မှတ်ရာ
ဆည်မြောင်းရေးရာ
စာပဒေသာ ( ၅၂ )

ကန်ထဲကရေ၊ သဲထဲကရေ

တစ်ချိန်က DVB သတင်းသမား
သားကြီဇေယျ လွှင့်တင်ပေးခဲ့ တဲ့
ရွာလိုက် ပါ့မိုး သတင်းဗီဒီယို

ပြန်တွေ့ရလို့
ပြန်လည်ဖေါ်ပြပေး လိုက်ပါတယ်။

တစ်ခါက မြန်မာနိုင်ငံ
နိုင်ငံတစ်ဝန်းလုံးလိုလို မှာ
နေပူပြင်းပြီး
သောက်သုံး ရေကန်ကတွေ
ေရခန်းခြောက်ခဲ့ကြလို့
ဆည်မြောင်းဆရာသမားကြီးဦးထွေးမြင့်က
ရေကန်တွေမှာ ရေခန်းသက်သာပြီး ရေပို လှောင်နိုင်အောင်
အချိန် ယူ အကြံထုတပေးခဲ့ပါတယ်

ဆရာသမားကတော့ကွယ်လွန်ခဲ့ပါပြီ

ဆရာသမားကိုဂုဏ်ပြုပြီး
ကန်ထဲရေ သဲထဲကရေ စာအုပ်
ကျွန်တော်ရေးသားစီစဉ် ထုတ်ဝေ ဖြစ်ခဲ့တယ်

ကန်ထဲကရေ တွေ ရေခန်းသက်သာစေရေးနည်းစနစ်တွေနဲ့
အညာဒေသာသဲချောင်း ေတွအောက်မှာ
ေရလှောင်နိုင်ရေး နည်းလမ်း တွေအကြောင်းတွေ
ပါဝင်တဲ့
ပြည်သူတွေ ကိုယ်တိုင်
အလွယ် ဆုံး နဲ့အမြန်ဆုံး ဆောင်ရွက်နိုင်ကြတဲ့
နည်းပညာပေးစာအုပ် တစ်အုပ် ဖြစ်ပါတယ်

ပြည်သူအပေါင်း
ရေရှားပါးပြတ်လပ်ခြင်းဘေးမှ
ထာဝရ ကင်းဝေးနိုင်ကြပါစေ ခင်ဗျား ။

အေးမြင့် ( ညောင်တုန်း )
၃ ဒီဇင်ဘာလ ၂၀၂၃

မှတ်ဖွယ်မှတ်ရာ

ဆည် မြောင်းရေးရာ

စာပဒေသာ ( ၅၁ / က )

ကန်ထဲကရေ များ နှင့် သဲထဲကရေ များ ။

မြန်မာပြည်တစ်ဝန်းရှိ မြေပေါ် သောက်သုံးရေကန်များ မြေအောက်သဲချောင်းများထဲတွင်

ရေအလွယ်တကူ ပိုမိုစုဆောင်း သိုလှောင်နိုင်ရေးအတွက်

ကုန်ကျစရိတ် အသင့်အတင့်ဖြင့်

အချိန်တိုအတွင်း ဆောင်ရွက်နိုင် သည့်

စာရေးသူ ဝါရင့် ရေပညာရှင်ကြီး ၇ ဦး ၏

နည်းပညာ လက်ဆောင် ။

အေးမြင့် (ညောင်တုန်း) စီစဉ် ထုတ်ဝေသည့်

ကန်ထဲကရေ ၊သဲထဲကရေ

နည်းပညာပေး စာအုပ် ထွက်ပါပြီ ။

ရည် ညွှန်း (၁)

စာရေးဆရာ အင်ဂျင်နီယာ ဦးကျော်ဦး၏ မိတ်ဆက် နိဒါန်း

တိတ်တခိုးရေ

ရေပိုက်ခေါင်းမလုံလျှင်၊ ရေပိုက် ရေတိုင်ကီ ပေါက်လျှင်၊ ရေတိုင်ကီထဲမှ ရေများ လျှံထွက်နေလျှင် စသည့် အခါများ၌ ရေလေလွင့်ယိုဖိတ်နေသည်ကို မြင်သာသောကြောင့် ပိတ်ကြ ပြုပြင်ကြခြင်းဖြင့် အဖိုးတန်ရေများ ဆုံးရှုံးခြင်းမှ ကာကွယ်ကြသည်။ ဖော်ပြပါနည်းလမ်းများဖြင့် ဆုံးရှုံးနေသောရေပမာဏထက် မများသော်မှ မနည်းလှသည့် ရေများ လေလွင့်နေသည်ကိုမူ မမြင်ရသောကြောင့် ကာကွယ်ရကောင်းမှန်း မသိကြချေ။

မမြင်သာသောနည်းဖြင့် ရေများဆုံးရှုံးနေမှုများအနက် တစ်နည်းမှာ အငွေ့ပြန်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်း ခြောက်သွေ့ဒေသတွင် အငွေ့ပြန်သည့်ပမာဏသည် ရွာကျသောမိုးရေထက် နှစ်ဆများသည်။ ယင်းဒေသ၌ ရေရှားရခြင်းသည် မိုးနည်းခြင်းအပြင် ရေငွေ့ပြန်မှု များလှသောအကြောင်းကြောင့်လည်း ဖြစ်သည်။ မိုးနည်းသည်ကို များလာအောင် လုပ်၍ မဖြစ်နိုင်သော်လည်း ရေငွေ့ပြန်ခြင်းကိုမူ လျှော့ချ၍ ရနိုင်သည်။ မည်သို့လျှော့ချမည်နည်း။ ဤစာအုပ်တွင် အဖြေပေးထားသည်။

မမြင်သာသောနည်းဖြင့် ရေများဆုံးရှုံးနေမှုများအနက် နောက်တစ်နည်းမှာ ရွာကျစီးဆင်းလာသောမိုးရေအချို့ သဲချောင်းများရှိ သဲများအတွင်း၌ ဖြည်းဖြည်းချင်း စီးဆင်းသွားကာ မြစ်ထဲ၊ ထိုမှတဆင့် ပင်လယ်ထဲ မျောပါဆုံးရှုံးသွားသည်။ သဲချောင်းဘေး သို့မဟုတ် သဲချောင်းအနီးတွင် ရှိသော ရွာများအတွက် ရေလိုနေလျှင် သဲချောင်းသို့ စီးဆင်းရောက်ရှိလာသော ရေများကို တားဆီးထားလိုက်ရုံဖြင့် နွေအခါ သုံးနိုင်သည်။ မည်သို့တားဆီးမည်နည်း။ ဤစာအုပ်တွင် အဖြေပေးထားသည်။

ဦးအေးမြင့်၏ စိတ်ရှည်လက်ရှည် အားထုတ်မှုမှ မွေးဖွားလာသော ဤစာအုပ်သည် မံသစက္ခုဖြင့် မမြင်နိုင်သည့် အငွေ့ပြန်သောရေ၊ သဲချောင်းများအတွင်း ဖြတ်စီးသွားသောရေများကို ဉာဏစက္ခုဖြင့် မြင်လာအောင်၊ အကျိုးရှိရှိ အသုံးချတတ်အောင် အလင်းဖွင့်ပေးသော စာအုပ်ဖြစ်ပါသည်။

ကျော်ဦး

ရည် ညွှန်း (၂ )

အမျိုးသားစာပေဆုများရှင် စာရေးဆရာ အင်ဂျင်နီယာ ဦးကျော်ဦး၏ မိတ်ဆက် စာ ။

( Kyaw Oo Facebook post 8 November 2023 )

ရုပ်ရှင် ဂီတ စာပေစသည့် အနုပညာနယ်ပယ်တို့်၌ ဝါသနာပါလှသဖြင့် ရုပ်ရှင် ရုပ်သံဇာတ်လမ်း သီချင်း စာအုပ်စာပေစသည်တို့ကို မြင်လျှင် ကြားလျှင် တွေ့လျှင် မအားလပ်သည့်ကြားမှ ခေတ္တမျှ ဖြစ်စေ၊ ကြည့်မိ လိုက်ပါသီဆိုမိ ကောက်ဖတ်မိသူ များလှသည်။ ထိုသို့ ဝါသနာကြီးလှသူများကို မိမိတို့၏ ပတ်ဝန်းကျင်တွင် အတွေ့ရလွယ်သည်။

သို့သော် အနုပညာမဟုတ်သော ပညာရပ်တစ်ခု၌ မိမိဘဝကို မြှုပ်နှံထားကာ ယင်းပညာရပ်အကြောင်း ဘယ်အချိန်မေးမေး ချက်ချင်း တုံ့ပြန်ဆွေးနွေး ပြောဆိုရေးသားသူများ၏ အရေအတွက်သည်မူ အနုပညာ ဝါသနာအိုးတို့ကဲ့သို့ မများလှချေ။ ထို့ထက်ပို၍ မိမိစိတ်ဝင်စားသော ပညာရပ်အကြောင်း လေ့လာ ဆည်းပူးရန် ကိုယ်ပိုင်ငွေကြေး စိုက်ထုတ်ပြီး အသိပညာနှင့် အတွေ့အကြုံ နယ်ပယ်ကို ချဲ့ထွင်သူမျိုးသည် ပို၍ ရှားပါးလိမ့်မည်။

ထိုသို့သော ရှားပါးလူသားများထဲက တစ်ဦးမှာ “ကန်ထဲကရေ၊ သဲထဲကရေ”စာအုပ်ကို စီစဉ်သူ “အေးမြင့် (ညောင်တုန်း)” ဖြစ်သည်။ အေးမြင့်(ညောင်တုန်း) သို့မဟုတ် ဦးအေးမြင့် ညွှန်မှူး(ငြိမ်း) ဆည်မြောင်း ဦးစီးဌာန၏ မြေနိမ့်ပိုင်း မြစ်ဝကျွန်းပေါ် ဟိုက်ဒရောလစ် အင်ဂျင်နီယာပညာ၊ ရေအရင်းအမြစ် အင်ဂျင်နီယာ ပညာတို့အပေါ် ဝါသနာကြီးလှပုံ၊ အသိပညာနှင့် အတွေ့အကြုံနယ်ပယ်ကို ချဲ့ထွင်ပုံ အများကြီးထဲမှ သူတကာ ပြုနိုင်ခဲသော လုပ်ဆောင်ချက်တစ်ခုကို ကောက်နုတ်တင်ပြလိုသည်။

သူသည် လုပ်သက် ၃၅ နှစ်အတွင်း ဌာနအစီအစဉ်ဖြင့် တက်ရောက်ခဲ့သော သင်တန်းများ၊ ဆွေးနွေးပွဲများကိုပင် အားမရသေးဘဲ အငြိမ်းစားယူပြီးနောက် သင်တန်းများ၊ ဆွေးနွေးပွဲများကို မိမိအစီအစဉ် မိမိကုန်ကျစရိတ်ဖြင့် တစိုက်မတ်မတ် တက်ရောက် ဆွေးနွေး ဟောပြောခဲ့သည်။ ပြည်တွင်း၌သာ မဟုတ်၊ ပြည်ပဆွေးနွေးပွဲများလည်း ပါသည်။ ပြည်ပ

ဆိုရာတွင် နီးနီးနားနား ထိုင်း၊ အင်ဒိုနီးရှား၊ တရုတ်စသည်တို့အပြင် လက်တင်အမေရိက မက္ကဆီကိုနှင့် ဥရောပတိုက် ဆွီဒင်နိုင်ငံတို့အထိ မိမိကုန်ကျစရိတ်ဖြင့် ခြေဆန့်ခဲ့သူ ဖြစ်သည်။

ပညာရပ်ဆိုင်ရာတွင် ခေတ်နှင့်အမီလိုက်၍ လေ့လာသူ ဦးအေးမြင့်သည် ရှေးခေတ်မြန်မာတို့၏ ဆည်မြောင်းဘက်ဆိုင်ရာ စွမ်းဆောင်မှုများကိုလည်း ပြန်လည်ဖော်ထုတ်ပေးနေသည်။ ယင်းမှာ (သမိုင်းပါမောက္ခ ငြိမ်း) ဒေါက်တာတိုးလှထံ ခေတ်အဆက်ဆက် ဆည်မြောင်းလုပ်ငန်းများ သမိုင်းကို ပြုစုပေးပါရန် မေတ္တာရပ်ခံပြီး ဒေါက်တာတိုးလှ လိုအပ်သော အချက်အလက်များကို ရှာဖွေစုဆောင်းပေးလျက် ဦးအေးမြင့်က

( ၂ )

အကုန်အကျခံကာ “ရှေးမြန်မာမင်းတို့ တည်ဆောက်ခဲ့သော ဆည်မြောင်းများ” အမည်ဖြင့် အပိုင်းလေးပိုင်းခွဲ၍ စာအုပ်များ ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

ဦးအေးမြင့်က ရေပညာရှင်ကိုးဦး၏ ဆောင်းပါး ၂၄ ပုဒ်ကို စုဆောင်းစီစဉ်ထုတ်ဝေသော “ကန်ထဲကရေ၊ သဲထဲကရေ” စာအုပ်တွင် အပိုင်းလေးပိုင်း ပါသည်။ ပထမအပိုင်းက ကန်ထဲ၌ စုဆောင်းသိုလှောင်ထားသော ရေများ အငွေ့ပြန်ခြင်းဖြင့် ဆုံးရှုံးနေပုံ၊ ယင်းကို မည်သို့ ကာကွယ်နိုင်ပုံတို့ ဖြစ်သည်။

ကန်ထဲကရေများ အငွေ့ပြန်ဆုံးရှုံးနေသည်ကို လျှော့ချထိန်းသိမ်းရန် တစ်ကမ္ဘာလုံး ကြိုးစားနေကြသော်လည်း ယနေ့အထိ ကျေနပ်လောက်သော အဖြေမရသေးချေ။ ကန်ရေပြင်ပေါ် ဆိုလာပြားများ ခင်း၍ အငွေ့ပြန်မှုကို လျှော့ရင်း လျှပ်စစ်ထုတ်ပေးနိုင်သည့် နည်းလမ်းသည်လည်း နေရာအများစု၌ အဆင်မပြေသေးဟု သိရသည်။ ကွယ်လွန်သူ ဆည်မြောင်းအင်ဂျင်နီယာ ဦးထွေးမြင့် ဦးစီးလုပ်ဆောင်ပြခဲ့သည့် ကန်ထဲကရေများ အငွေ့ပြန်ဆုံးရှုံးမှုကို လျှော့ချသောနည်းသည် ကုန်ကျစရိတ် မများဘဲ လက်တွေ့အောင်မြင်ခဲ့သော်လည်း ရေရှည်တွင် အဆင်မပြေခဲ့ချေ။ အဆင်မပြေဖြစ်ခြင်းသည် နည်းပညာကြောင့် မဟုတ်၊ လူမှုရေးအကြောင်းများကြောင့် ဖြစ်သည်။ ယင်းနည်းပညာကို ကျွန်တော်၏ မိုးရေလှောင်ကန် စာအုပ်တွင် ဖော်ပြခဲ့ပြီး ယခုစာအုပ်တွင် ပို၍ ပြည့်စုံအောင် ထပ်မံထည့်သွင်း

ထားသည်။ နည်းပညာအရ မှန်ကန်ပြီး လက်တွေ့အောင်မြင်ပြီး ဖြစ်ရာ ဆက်လက်မသုံးဖြစ်စေသော လူမှုရေး၊ စီးပွားရေးအကြောင်းများကို မည်သို့ကျော်လွှားနိုင်မည်နည်း ဆိုသည်ကို ဆက်လက် စူးစမ်းသင့်လှသည်။

စာအုပ်၏ ဒုတိယအပိုင်း သဲထဲကရေသည် မြေအောက်သဲတမံများအကြောင်း ဖြစ်သည်။ မိုးရေလှောင်ကန် စာအုပ်တွင် မိတ်ဆက်ခဲ့သော မြေအောက်သဲတမံများအကြောင်းကို မြန်မာနိုင်ငံ အညာဒေသတွင် ဆောက်လုပ်ထားသော သဲတမံများ၏ ပုံများနှင့်တကွ ယခုစာအုပ်တွင် ပြည့်ပြည့်စုံစုံ ဖတ်ကြရမည်။ ဤအပိုင်း၌ မြေအောက်ရေအကြောင်း ဆောင်းပါးများလည်း ပါသည်။

မြန်မာနိုင်ငံ၏ ရေအရင်းအမြစ်ဆိုင်ရာ အချက်အလက်များ ကိန်းဂဏန်းများကို စာအုပ်၏ တတိယအပိုင်းတွင် အားပါးတရ ဖတ်ကြ ကိုးကားကြရမည်။

( ၃ )

စတုတ္ထအပိုင်းတွင် ရန်ကုန်တိုင်း ဒလတွင် သောက်ရေကန်ထဲမှ ရေများ အငွေ့ပြန်မှု လျော့နည်းစေရန် လုပ်ဆောင်ချက် အဆင့်ဆင့် အပြင် အညာ မိုးနည်းရေရှား ကျေးရွာများ၏ သဲချောင်းများ၌ ဆည်မြောင်း

ဌာနက တည်ဆောက်ခဲ့သော မြေအောက်သဲတမံများ၏ ပုံစံနှင့် မြေပုံ ဓာတ်ပုံများ စာရင်းဇယားများကို ဝေဝေဆာဆာ မြင်တွေ့နိုင်ကြသည်။

ပညာရပ်အပေါ် ထားရှိအားထုတ်သော ဦးအေးမြင့်၏ ဝါသနာ၊ စေတနာ၊ သူ၏ အားထုတ်ပုံ အသိမ်းအဆည်း အမှတ်အသား ကောင်းလှပုံကို ဤစာအုပ်က ပြသည်။ ကျွန်တော် ရေအကြောင်း စာအုပ် ဆောင်းပါး ပို့စ်များ ရေး၍ ကိုယ်ဘာသာကိုယ် မသေမချာ ဖြစ်နေလျှင်၊ ရေးပြီးတာကို ပြန်လည် စစ်ဆေးစေလိုလျှင် ဦးအေးမြင့်ကို ပြန်မေး ပြန်တိုင်ပင်ရသည်။ မေးတိုင်း ပြန်တိုင်ပင်တိုင်းလည်း သူက အချက်အလက် အကိုးအကား ကိန်းဂဏန်းများနှင့် ပြန်ရှင်းပြသဖြင့် “သူလိုလူမျိုးနှင့် မိတ်ဆွေဖြစ်ရတာ အရတော်လေစွ”ဟု ကျေနပ်

ဝမ်းမြောက်ရသည်။ ရေအကြောင်း၊ အထူးသဖြင့် ရေငွေ့ပြန်ဆုံးရှုံခြင်း သဲချောင်းထဲက ရေကို ရယူအသုံးချခြင်း မြန်မာ့ရေအရင်းအမြစ်တို့ကို စိတ်ဝင်စားသူ မိတ်ဆွေများလည်း “ကန်ထဲကရေ၊ သဲထဲကရေ”စာအုပ်ကို ဖတ်ရှုလျှင် “ဤစာအုပ်မျိုးကို ဖတ်ရတာ အရတော်လေစွ”ဟု ကျေနပ်ဝမ်းမြောက်ကြပါလိမ့်မည်။

(ဤစာအုပ်ကို အလိုရှိသူများ ပါရမီစာပေ၊ ၂၃၀၊ ၂၉ လမ်း၊ ပန်းဘဲတန်း၊ ရန်ကုန်(ဖုန်း ဝ၁ ၈၂၅၃၂၄၆ / ဝ၉ ၇၈၃ ၉၅၃ ၂၄၆)။ ၂/၄၊ ကမ္ဘာအေးစေတီတော်မုခ်ဦးစောင်းတန်း (ဖုန်း ဝ၉ ၂၆၂ ၂၆၄ ၇၀၈)။ ၂၉၅၊ ဈေးအရှေ့လမ်း၊ ထားဝယ် (ဖုန်း ဝ၅၉၂၀၂၃၀၃၅)တို့၌ ရောင်းဈေး ၁၅၀ဝ၀ ကျပ်ဖြင့် ဝယ်ယူနိုင်ပါသည်။

အွန်လိုင်းက မှာယူလိုသူများ ဤလင့်ခ် https://bit.ly/3SvrLT6 ကို နှိပ်၍ မှာယူနိုင်ပါသည်။ သို့မဟုတ် ကျွန်တော့ထံ မှာကြားပါက ပို့ပေးပါမည်။ ပို့ခ ရန်ကုန် ၂၀ဝ၀ ကျပ်၊ နယ် ၃၀ဝ၀ ကျပ် ဖြစ်ပါသည်။)

ကျော်ဦး

ပူးတွဲ –

၁။ စာအုပ်ပါ ဆောင်းပါးများ မာတိကာ

အပိုင်း (၁) ကန်ထဲကရေ

အပိုင်း (၂ ) သဲထဲ ကရေ

အပိုင်း ( ၃ ) မြန်မာ့ရေအရင်းအမြစ်များ စီမံ ခန့်ခွဲ အသုံးချခြင်း

အပိုင်း ( ၄ ) မြန်မာပြည်တွင်း အမှန်တကယ် လက် ေတွ့ တည်ဆောက် အသုံး ချနေ သော

ကန်ထဲကရေ၊ သဲထဲက ရေ စု ဆောင်း ခြင်း လုပ်ငန်းများ။

၂ ။ အက္ခရာ စဉ် အညွှန်း မာတိကာ ( အက္ခရာ ဝလိ )

– အကြောင်းအရာ မာတိကာ အညွှန်း

– လူပုဂ္ဂိုလ်များ အညွှန်း

ရည် ညွှန်း

မှတ်ဖွယ်မှတ်ရာ

ဆည် မြောင်းရေးရာ

စာပဒေသာ ( ၅၀ )

မိုးရွာတုန်းရေခံ

ခံထားတဲ့ရေအငွေ့မပြန်စေနဲ့ ။

တိုက်ဆိုင်လွန်းလိုက်တာ

ကျွန်တာ်က

မြန်မာပြည်အဝန်း မှာတစ်ချိန်က နွေရာသီမှာနေပူပြင်း

အပူဒဏ်လွန်ကဲပြီး

သောက်သုံးရေကန် တွေ ရေခန်းခြောက် ကုန်ပြီး

နိုင်ငံအဝှမ်း ရေရှားပါးပြတ် လပ်ခဲ့ပြီး နောက်မှာ

နောင် မှ ာ

ရေရှားပြသနာမကြံုတွေ့ ကြရအောင်

မိမိတို့ ဆည် မြောင်းအင်ဂျင်နီယာ တစ်တွေ

ဆရာသမားတစ်ဦးနဲ့ပူးပေါင်းလုပ်ခဲ့တဲ့အလုပ် တွေကို

DVB သတင်းထောက်ကြီး ကိုသားကြီးဇေယျ ကသိရှိသွားလို့

သတင်းထုတ်လွှင့်ခဲ့တယ်

ယနေ့မှာ

ကျွန်တော်က

အဲ ဒီအလုပ်တွေအကြောင်း ပြည်သူတွေသိစေဘို့

လက် ငင်းလက်တွေ့အသုံးချနိုင်ဘို့ရည် ရွယ်ပြီိး

ကန်ထဲကရေ သံထဲကရေ

အမည်နဲ့

စာအုပ် မကြာခင် ထွက်လာဘို့

အားထုတ် နေချိန် နဲ့

လာတိုက်ဆိုင်နေတယ် .

ကံကောင်းပေစွ

စာအုပ် ကြော်ငြာတစ်ခုထပ်၇လိုက်တယ်

DVB ကိုသားကြီးဇေယျကိုကျေးဇူးတင်နေရတယ် ။

တိုက်ဆိုင်လွန်းလိုက်တာက

ဆည် မြောင်း ဆရာသမားဦးထွေးမြင့်က

လွန် န်ခဲ့သော ၇ နှစ် ဒီလမှာဘဲ

အသက် ၈၆ နှစ်အရွယ် မှာ

၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့မှာ

ဘဝတစ်ပါးပြောင်းသွားခဲ့ပါတယ်.

ရေလှူခဲ့သူ ဆရာသမား

ကောင်းရာဘုံမှာ ရှိနေပါစေ ။

ဆရာသမားသို့ အမှတ်တရ

ဂုဏ်ယူလျက်

အေးမြင့်( ညောင်တုန်း )

၁၄ စက်တင်ဘာလ ၂၀၂၃