
1- Singapore to start technical studies into “ Long Island “ of East Coast
Past, present and future Reclamation Projects located in Singapore sea
Singapore East Coast ပင်လယ်ကမ်းခြေအနီးက
Tentatively Future Long Island Project to be studied soon for the feasibility analysis

နိုင်ငံတော်ပြည်အရေး
နိုင်ငံဖွံ့ ဖြိုး တိုးတက်ဘို့အရေး တွေ
ပြည်သူတွေအရေး တွေ အတွက်
ကောင်းအောင် နဲ့ပိုကောင်းအောင်
လူကြီးတွေနဲ့ ပညာရှင် တွေက
အမြဲ စဉ်းစားတွေခေါ် ကြံဆနေကြတဲ့ နိုင်ငံမှာ
အနာဂတ်မှာ ပေါ်ထွက် လာ နိုင်ခြေရှိတဲ့
ပင်လယ် ထဲက စီမံကိန်းတစ်ခု

Facebook Post by Richard Myo Thant
“စင်ကာပူ East Coast ကမ်းခြေမှာတည်ဆောက်နိုင်တဲ့ Long Island ပရောဂျက်”East Coast ကမ်းခြေဟာ စင်ကာပူမှာနေထိုင်တဲ့သူအတော်များများအတွက် အပတ်စဉ်အပန်းဖြေစရာ နေရာတစ်ခုဖြစ်ပါတယ်။East Coast Park မှာ ညဘက်စတည်းချပြီး BBQ ကင်စားကြသလို နေ့လယ်ဘက်မှာ သူငယ်ချင်းတွေစုထိုင်ပြီး ရယ်စရာမောစရာတွေပြောကြ၊ သီချင်းဆိုကြတာလည်းရှိပါတယ်။ဒါ့အပြင် East Coast ကမ်းခြေတလျှောက်မှာ Windsurfing ရွက်တိုက်အားကစားလုပ်နေသူလည်း အများကြီးရှိပါတယ်။ စင်ကာပူအစိုးရဟာ အဲ့ဒီ East Coast ကမ်းခြေနေရာကို မြေဧက (၂၀၀၀) နီးပါးလောက်ကျယ်မယ့် Long Island တည်ဆောက်ဖို့ “#ဖြစ်နိုက်ခြေရှိမရှိ” လာမယ့် ၂၀၂၄ မှာ စတင်စုံစမ်းလေ့လာမယ်လို့ ဆိုလိုက်ပါတယ်။သဘောက ဒီ Long Island ပရောဂျက်ကြောင့် ဖြစ်လာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးအားလုံးကို လေ့လာစုံစမ်းခြင်းပြုဖို့ Plan ချလိုက်တာပါ။
Long Island ဘာဖြစ်လို့ရှိဖို့လိုတာလဲကမ္ဘာကြီးပူနွေးလာမှုကြောင့် သက္ကရာဇ် ၂၁၀၀ ခုနှစ်မှာ ပင်လယ်ရေမျက်နှာပြင်ဟာ (၁) မီတာအထိမြင့်တက်လာမှာဖြစ်ပါတယ်။ (နောက်နှစ်ပေါင်း ၇၇ နှစ်လောက်အကြာကို ကြိုစဉ်းစားတာပါ)အဲ့ဒီအခြေအနေမှာ ပင်လယ်ဒီရေအမြင့်ဆုံးအချိန်မှာ မုန်တိုင်းများရှိခဲ့ရင် ပင်လယ်ရေဟာ ၄ မီတာကနေ ၅ မီတာအထိမြင့်တက်နိုင်ပါတယ်။ပင်လယ်ရေမျက်နှာပြင် ၁ မီတာမြင့်တက်ရင် ကမ်းခြေရေစပ်ဟာ ကုန်းတွင်းဖက်ကို မီတာအတော်များများဆုတ်သွားပါလိမ့်မယ်။ (တြိဂံပုံမှာ တြိဂံအခြေအနားကို ၁ မီတာထားပြီး စဉ်းစားကြည့်ရင် သိပါလိမ့်မယ်) အကယ်၍ ကမ်းခြေကုန်းစောင်းဟာ ၁၅ ဒီဂရီရှိရင် ပင်လယ်ရေအမြင့်ပေ ၁ မီတာတက်ရင် ရေစပ်နေရာဟာ ကုန်းတွင်းကို ၃•၈၆ မီတာဆုတ်သွားပါလိမ့်မယ်။ အဲ့ဒီလို ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကနေကာကွယ်ဖို့ East Coast Park ကမ်းခြေမှာ (၃) မီတာအမြင့်ရှိတဲ့ sea wall အကာအရံကို တည်ဆောက်ချင်တာဖြစ်ပါတယ်။
Long Island ဆိုတာဘာလဲဟိုးချန်ဂီလေဆိပ်နား Tenah Merah Ferry Terminal ကနေ Garden by the Bay နားက Bay East Garden အထိ ရေဝင်ရေထွက်ဂိတ် (၂) ခုပါဝင်တဲ့ ကုန်းမြေတည်ဆောက်မှာဖြစ်ပါတယ်။ အခုအားလုံးအပန်းဖြေဖို့သွားနေတဲ့ East Coast Park ကမ်းခြေနဲ့ Long Island ကြားမှာ ရေချိုရေအိုင်ကြီး fresh water reservoir တစ်ခုပေါ်ပေါက်လာမှာဖြစ်ပါတယ်။
ကောင်းကျိုးတွေကဘာတွေရှိမလဲEast Coast ကမ်းခြေအပါအဝင် စင်ကာပူရဲ့ ၃ ပုံ ၁ ပုံလောက်ဟာ ပင်လယ်ရေမျက်နှာပြင်ရဲ့အထက် (၅) မီတာအမြင့်အောက်မှာတည်ရှိနေပါတယ်။အဲ့ဒီတော့ ကမ္ဘာကြီးပူနွေးလာခြင်းနဲ့ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းရဲ့ဆိုးကျိုးကို ကာကွယ်ဖို့ အနှေးနဲ့အမြန် တစ်ခုခုလုပ်ကို လုပ်ရတော့မှာပါ။အဲ့ဒီ East Coast ကမ်းခြေမှာ အပန်းဖြေနေကျလူတွေက ပင်လယ်ကမ်းစပ်မဟုတ်လည်း ရေချိုရေအိုင်ကြီး ဘေးမှာအပန်းဖြေကြပေါ့။ ပင်လယ်လှိုင်းရိုက်ခတ်သံကတော့ ပျောက်သွားမှာပေါ့။အသစ်ပေါ်လာမယ့် Long Island ပေါ်မှာ အိမ်ပေါင်း (၆၀,၀၀၀) လောက်အထိ ဆောက်လုပ်နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။Long Island ရဲ့နေရာအကုန်လုံးကို အိမ်ဆောက်ပစ်မှာမဟုတ်သလို လူထုအပန်းဖြေဖို့နေရာတော့ ထည့်သွင်းစဉ်းစားမှာ သေချာပါတယ်။
ကျနော်ကျမတို့အပတ်စဉ်သွားနေကျ သဘာဝ East Coast သဲသောင်ပြင်ကြီးကို ပင်လယ်လှိုင်းလာမပုတ်တော့ဘူးပေါ့အဲ့ဒီသဲသောင်ပြင်ကြီးရဲ့ ၁၀၀% ဟာ သဘာဝကမ်းခြေမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီနေရာတွေဟာ ၁၉၆၆ ခုနှစ်မှာစခဲ့တဲ့ East Coast Reclamation Scheme ထဲမှာပါခဲ့တာပါ။(ပုံထဲမှာကြည့်ရင် စင်ကာပူရဲ့အရင်က မြေဖို့ပြီးကုန်းမြေလုပ်ထားတဲ့နေရာတွေနဲ့ နောင်အနာဂတ်မှာ မြေဖို့နိုင်တဲ့ နေရာတွေကို တွေ့နိုင်ပါတယ်)အဲ့ဒီလိုဖြည့်ဖို့မြေတွေကို Bedok နဲ့ Tampines တောင်ကုန်းတွေကမြေတွေနဲ့ ပြည်ပကတင်သွင်းတဲ့ သဲတွေပါဝင်ပါတယ်။အခု Long Island ပေါ်လာရင် မြို့လည်ခေါင်က Marina East ဒိစတြိတ်အနေနဲ့ Long Island နဲ့ဆက်သွားပြီး Marina downtown central business ဒိစတြိတ်ပေါ်လာနိုင်ပါတယ်။ချန်ဂီလေဆိပ်ဖက်မှာလည်း ချန်ဂီလေဆိပ်က Changi Business Park ကို logistics နဲ့ aviation hub အဖြစ်တိုးချဲ့နေမှုကို အထောက်အကူပြုပါလိမ့်မယ်။
ဘယ်သူတွေက ထောက်ပြပြောဆိုနေကြသလဲသဘာဝပတ်ဝန်းကျင်သမားတွေ၊ Hawaii of Singapore ပျောက်သွားမှာကို စိုးရိမ်နေကြတဲ့ Windsurfers တွေကတော့ စိတ်ပူနေကြပါတယ်။ဒီ Long Island ပရောဂျက်က စတင်သေးတာမဟုတ်ပဲ လုပ်လို့အဆင်ပြေမှုဘယ်လောက်ရှိမလဲဆိုပြီး အစိုးရက နောက်နှစ် ၂၀၂၄ မှာ စတင်လေ့လာဖို့ပြင်ဆင်နေတာပါ။East Coast ဟာ နယ်နယ်ရရမဟုတ်ပါ။ ၁၉၈၀ ကျော်ကာလတုန်းက ကမ္ဘာပေါ်မှာအကြီးဆုံး windsurfing centre ဖြစ်ခဲ့ပြီး surfing board ပေါင်း (၈၀၀) လောက်ထိန်းသိမ်းထားခဲ့ရဖူးတယ်လို့ ဆိုပါတယ်။အဲ့သည်လိုပဲ စင်ကာပူရဲ့သန္တာကျောက်တန်းတွေဆုံးရှုံးသွားမှာကို စိုးရိမ်ကြတဲ့ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေလည်းရှိပါတယ်။ဥပမာအနေနဲ့ပြောရရင် တရုတ်ပြည်မကြီးရဲ့ coastal wetlands သဘာဝကမ်းခြေစိမ့်မြေဧရိယာရဲ့ တစ်ဝက်ဟာ အခုလို land reclamation မြေချဲ့ခြင်းကြောင့်ဆုံးရှုံးခဲ့ရဖူးပါတယ်။သဘာဝရေနေသတ္တဝါတွေ၊ marine ecosystems တွေ၊ biodiversity ကိစ္စတွေကို စင်ကာပူအစိုးရကအသေအချာထည့်စဉ်းစားမှာဖြစ်ပါတယ်။ဒီလို မြေဧရိယာတိုးချဲ့မှုကြောင့် တောင်ဖက်ကကျွန်းလေးတွေအပေါ်မှာ အကျိုးသက်ရောက်မှုပါထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။အဲ့ဒီ Long Island ပေါ်မှာ အသစ်ဆောက်မယ့်အိမ်တွေအတွက်ကတော့ Sea View နဲ့ ဈေးကောင်းရမှာဖြစ်ပါတယ်။စင်ကာပူကအခုနောက်ပိုင်း မြေဧရိယာတိုးချဲ့ရာမှာ သဘာဝအတိုင်းလို့ထင်ရအောင် တည်ဆောက်တိုးချဲ့နေတာကို တွေ့ရပါတယ်။မည်သို့ပင်ဖြစ်စေ အားလုံးမကြာခဏသွားလာအပန်းဖြေနေကြတဲ့ East Coast Park အရှေ့မှာ Long Island ပရောဂျက်ပေါ်လာနိုင်ကြောင်း အသိပေးရေးသားလိုက်ပါတယ်။Richard Myo Thant1-December -2023#RichardMyoThant’

Credit : Facebook post by Richard Myo Thant 1 December 2023·
Comment by Dr Ohn Myint / 2 -12-2023
ပိုက်ဆံရှိတယ် ပါဝါလုံလောက်တယ်အတတ်ပညာရှင်ရှိတယ် စဉ်းစားတတ်တဲ့သူတွေအုပ်ချုပ်တယ်၊ ဒါဆိုဖြစ်တာပေါ့။
