မှ တ် ဖွယ်မှတ်ရာ
ဆည် မြောင်းရေးရာ
စာပဒေသာ ( ၅၀ )
တိတ်တခိုးရေ

အေးမြင့် (ညောင်တုန်း ) စီစဉ် တင်ပြ သည့်
ေရွှ ဒုံး စာပေ ၏ ပထမဦးဆုံးလက်ရာ စာအုပ် ၊
မှတ် ဖွယ် မှတ်ရာ ဆည် မြောင်းရေးရာ စာပဒေသာ ပထမ စာအုပ် ၊
ကန်ထဲကရေ ၊သဲထဲကရေ
မကြာမီ ထွက်လာပါတော့မည်။
အေးမြင့် (ညောင်တုန်း )
၂၃ /၈ / ၂၀၂၃
ရည် ညွှန်းစာ
RIT မိတ်ဆွေကြီး စာရေးဆရာ အင်ဂျင်နီယာ ဦးကျော်ဦး ၏
ပဏာမ မိတ်ဆက် နီဒါန်း
တိတ်တခိုးရေ
ရေပိုက်ခေါင်းမလုံလျှင်၊ ရေပိုက် ရေတိုင်ကီ ပေါက်လျှင်၊ ရေတိုင်ကီထဲမှ ရေများ လျှံထွက်နေလျှင် စသည့် အခါများ၌ ရေလေလွင့်ယိုဖိတ်နေသည်ကို မြင်သာသောကြောင့် ပိတ်ကြ ပြုပြင်ကြခြင်းဖြင့် အဖိုးတန်ရေများ ဆုံးရှုံးခြင်းမှ ကာကွယ်ကြသည်။ ဖော်ပြပါနည်းလမ်းများဖြင့် ဆုံးရှုံးနေသောရေပမာဏထက် မများသော်မှ မနည်းလှသည့် ရေများ လေလွင့်နေသည်ကိုမူ မမြင်ရသောကြောင့် ကာကွယ်ရကောင်းမှန်း မသိကြချေ။
မမြင်သာသောနည်းဖြင့် ရေများဆုံးရှုံးနေမှုများအနက် တစ်နည်းမှာ အငွေ့ပြန်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်း ခြောက်သွေ့ဒေသတွင် အငွေ့ပြန်သည့်ပမာဏသည် ရွာကျသောမိုးရေထက် နှစ်ဆများသည်။ ယင်းဒေသ၌ ရေရှားရခြင်းသည် မိုးနည်းခြင်းအပြင် ရေငွေ့ပြန်မှု များလှသောအကြောင်းကြောင့်လည်း ဖြစ်သည်။ မိုးနည်းသည်ကို များလာအောင် လုပ်၍ မဖြစ်နိုင်သော်လည်း ရေငွေ့ပြန်ခြင်းကိုမူ လျှော့ချ၍ ရနိုင်သည်။ မည်သို့လျှော့ချမည်နည်း။ ဤစာအုပ်တွင် အဖြေပေးထားသည်။
မမြင်သာသောနည်းဖြင့် ရေများဆုံးရှုံးနေမှုများအနက် နောက်တစ်နည်းမှာ ရွာကျစီးဆင်းလာသောမိုးရေအချို့ သဲချောင်းများရှိ သဲများအတွင်း၌ ဖြည်းဖြည်းချင်း စီးဆင်းသွားကာ မြစ်ထဲ၊ ထိုမှတဆင့် ပင်လယ်ထဲ မျောပါဆုံးရှုံးသွားသည်။ သဲချောင်းဘေး သို့မဟုတ် သဲချောင်းအနီးတွင် ရှိသော ရွာများအတွက် ရေလိုနေလျှင် သဲချောင်းသို့ စီးဆင်းရောက်ရှိလာသော ရေများကို တားဆီးထားလိုက်ရုံဖြင့် နွေအခါ သုံးနိုင်သည်။ မည်သို့တားဆီးမည်နည်း။ ဤစာအုပ်တွင် အဖြေပေးထားသည်။
ဦးအေးမြင့်၏ စိတ်ရှည်လက်ရှည် အားထုတ်မှုမှ မွေးဖွားလာသော ဤစာအုပ်သည် မံသစက္ခုဖြင့် မမြင်နိုင်သည့် အငွေ့ပြန်သောရေ၊ သဲချောင်းများအတွင်း ဖြတ်စီးသွားသောရေများကို ဉာဏ်စက္ခုဖြင့် မြင်လာအောင်၊ အကျိုးရှိရှိ အသုံးချတတ်အောင် အလင်းဖွင့်ပေးသော စာအုပ်ဖြစ်ပါသည်။
ကျော်ဦး
၁၄/၆/၂၀၂၃
