ဧရာဝတီ မြစ် ဆုံအရေး တွေးစရာများ ။. MYITSONE. မြစ်ဆုံရေးရာ သတင်း များ စုစည်းမှု ၊

မြစ်ကြီး ဧရာဝတီ

၁ ။ မြစ်ဆုံစာချုပ်ထဲမှာ ဘာတွေပါသလဲ ။ BBC NEWS

၂။ မြစ်ဆုံစီမံကိန်း ဘယ်သူ့မှာတာဝန် ရှိသလဲ။ ဘယ်လို သဘော တူခဲ့ကြသလဲ ။

၂ ။ https://youtu.be/sHyLTHoIyhE

မြစ်ဆုံစီမံကိန်း ဘယ်သူ့မှာတာဝန်ရှိသလဲ ။ BBC တန်ကြီးဟောင်း ဦးစိုးသိန်းနဲ့ BBBC သီးသန့်မေး မြန်း ခန်း ။

၂(က) မြစ်ဆုံနှင့်ပတ်သက်၍ – ဧရာဝတီသတင်း ။

– Chinese Company’s Press Conference in Yangon on MYITSONE

– မြစ်ဆုံ စီမံကိန်း Irrawaddy News

၃။ ဧရာဝတီ မြစ်ဆုံ အရေး နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ။


မြစ်ဆုံအရေး တွေး စရာ များ ။ Myitsone Controversy : Planned Giant Hydropower Dam Located at the Apex of Major Ayeyarwady River of Myanmar

fb.watch/cIAMOqONsV/

မြစ်ဆုံအရေး တွေး စရာ များ

မြစ်ဆုံအရေး

နဲ့

ဆက်စပ်နေတဲ့

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ

ဟင်္သာတ တာတစ်ကျော

ဧရာဝတီ မြစ် ရေကြီး မှ ု ပြဿနာတွေ နဲ့

ရေဘေးကာကွယ်ရေး နည်းလမ်းများ။

အချိန်တွေပြောင်း

ခေတ်တွေပြောင်းလာတော့

အတွေးအခေါ် အယူအဆတွေ လဲ

ခေတ်နဲ့ အညီ ပြောင်လဲနေပါတော့တယ် ။

တစ်ခေတ် တစ်ခါက ရြေကြီးမှ ုတွေကာကွယ်ဘို့ဆိုရင်

ရေဘေးကာကွယ်ရေး မြေသား တာတမံတွေ အခိုင်အမာ တည်ဆောက်မြှင့်တင်ပြီး ကာကွယ်ခဲ့ ကြပါ တယ် ။ Structural Measure လို့ ဆိုတဲ့ အင်ဂျင်နီယာ အဆောက် အအုံ နဲ့ ဖြေရှင်းတဲ့ နည်းပေါ့ ။

ရေဘေး ကာကွယ်ရေး အလုပ်တွေ အဓိကထား လုပ်နေကြတဲ့ ကျွန်တော်တို့ ရဲ့မိခင်ဌာန ဆည်မြောင်း ဌာန မှာ ပင်လျင်

ကျွန်တော်တို့ ကိုယ်တိုင် ဒီနည်းဘဲ အဓိကထား လုပ်ခဲ့ ကြတာ ဒီနေ့ အထိတိုင် ပါဘဲ။

ဒါပေမဲ့ နယ်သာလင်နိုင်ငံမှာ ဒီလိုမဟုတ်တော့ ဘူး၊

ကျွန်တော်တို့ကိုယ်တိုင် မြစ်ဝကျွန်းပေါ်ဒေသ ရေစီမံခန့်ခွဲ မှ ု ပညာတွေ လေ့ လာခွင့် ရခဲ့ ကြ တဲ့ ပင်လယ်ရေမျက်နှာ ပြင်အောက်မှာနေကြတဲ့ နယ်သာလင်နိုင်ငံက ဒတ်ခ်ျ ပညာရှင်တွေ ကိုယ်တိုင် ဒီနေ့မှာဆိုရင် ရာသီဥတုတွေ ကမောက်ကမ ပြောင်းလဲနေတတ်တဲ့ ခေတ်ကြီးနဲ့ အညီ ရေဘေးကာကွယ်ရေး နည်းစနစ် အယူအဆသစ်တွေ ကို တီထွင် ကြံဆပြီး သူတို့ နိုင်ငံမှာကို လက်တွေ့ အသုံချနေကြတာကို မကြာမီက သတိထားမိခဲ့ ဘူးပါတယ် ။

အဓိက အခြေခံ အယူအဆ ကတော့ ရိုးရိုးစင်းစင်းလေးဘဲ။

ကျွနိေ တ်ာတို့ သက်ရှိ လူသားတစ်တွေမှာ လူ့အခွင့် အရေး နဲ့ ရပိုင်ခွင့် တွေ ရှိကြသလို

ရေအင်ဂျင်နီယာ ဒတိခ်ျ ပညာဂှင်တွေရဲ့ အတွေူအခေါ်ဆန်းသစ် လိုက်ပုံက

အသက်ဇီဝ မရှိတဲ့ ရေ နဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်က နေရာ ဒေသ အသီးသီးမှာ စဉ်ဆက်မပြတ်စီးဆင်းနေကြတဲ့ မြစ်ချောင်းတွေ အနေနဲ့ လဲ သူတို့မှာ လဲ လူတွေရဲ့ လူ့အခွင့် အရေး လို ဘဲ မြစ်တွေအတွက် မြစ် အခွင့် အရေးတွေ ရှိရမယ်ဆိုတဲ့ အယူအဆပါဘဲ။

မြစ်တွေရဲ့ မြစ်အခွင့်အရေးက ဘာများပါလိမ့် ။

တစ်ခြားမဟုတ်ဘူး ။

Room for the River လို့ ခေါ်တဲ့ မြစ်တွေ ချေုာင်းတွေ မှာ ပုံ မှန်ထက် စီးဆင်းတဲ့ ရေ ၊ မြစ်ရေ ကြီး လာခဲ့ ရင် ပိုလျံ များပြားလာတဲ့ ရေတွေ ကောင်းကောင်း စီးနိုင်အောင် ရေစီး လမ်းကြောင်း အသစ် နေရာ ပေး ဘို့ ဆိုတာပါဘဲ။

တစ်ကယ်တမ်းကတော့ မြစ်တွေချေုာင်းတွေ အများစု မှာ ခုမှ တွေးခေါ်လာကြတယ်ဆိုတဲ့ အယူအဆ ဖြစ်တဲ့ ရေစီးဆင်းရမဲ့လမ်းကြောင်းနေရာ ဖြစ်တဲ့ မြစ်ကြောင်းတစ်လျောက်မှာ Flood Ways ခေါ်တဲ့ ရြေကြီးချိန် ရေစီး လမ်းကြောင်းတွေက မိုးရာသီအတွက် Flood Plains

ရေလှ ွးမ်းလွင်ပြင်တွေကို သဘာဝက ဖန်တီး ပေး ထားပြီးသားပါ။

မိခင် ဧရာဝတီ မြစ်ကြီးရဲ့ မြေပြန့် လွင်ပြင် စီးဆင်းရာ မြစ်ကြောင်းတစ်လျောက်မှာ ဧရာဝတီမြစ်ကြီးဟာ နွေ အခါမှာ ရေစီး လမ်းကြောင်း က တစ်မိုင် အတွင်း မြစ်ထဲမှာ ရှိနေတတ်ပေမဲ့ မြစ်ရေကြီးတဲ့ မိုးရာသီအချိန်မှာတော့ ဧရာဝတီရဲ့ ရေသွားလမ်းကြောင်း

ရေလှ ွမ်း လွင်ပြင်ဟာ အကျယ်ဆုံး နေရာတွေမှာ ၄ မိုင်ကနေ ၅ မိုင်အထိ ပင် မြစ်ပြင် အကျယ် ရှိနေတတ်ပါတယ် ။

လူသားရယ်လို စတင် ဖြစ်ထွန်း လာကတည်းက ရေကြည်ရာ မြက်နု ရာရှာ ကြတဲ့ ခေတ်အဆက်ဆက် လူသားတွေဟာ သူတို့ အတွက် လူမှ ုစီးပွ ား ဘဝကို အထောက်အကူ ပြ ုတဲ့ မြစ်ကြီးတွေ နား မြစ်ကမ်းနားဖူး ပေါ် မှာဘဲအခြေချ နေထိုင်လာကြတာဖြစ်တော့ ဖေါ်ပြပါ ရေလွှ မ်းလွင်ပြင် ဧရိယာ အကျယ်တွေက တစ်နှစ်ထက်တစ်နှစ် လျော့လာတော့တယ် ။ ဒီမှာ သဘာဝရဲ့ ရေစီးကြောင်းသွားရာ ရေလှ ွမ်းလွင်ပြင် Flood Plain ထဲ ကို လူတွေ နေရာ ဝင် လု နေထိုင် စိုက်ပျိ ုးကြရာကနေစတင်ပြီး လူတွေအပေါ် မြစ်ရေကြီးမှု ပြဿနာတွေ စတော့ တာပါဘဲ။ မြစ်တွေရဲ့ မြစ်အခွင့် အရေးကို လူတွေက ဝင်ရောက် နှောက်ယှက် ဖျက်ဆီးလိုက်သလို ဖြစ်ကုန်တယ်။

ဧရာဝတီ မြစ်ရီုးတစ်လျောက် မြစ်ရေကြီးရခြင်းအကြောင်းအချက်တွေ များစွာ ရှိနိုင်တဲ့ အထဲက အရေးကြီးအချက်တစ်ခု လဲ ဖြစ်ပါတယ် ။

ဒတ်ခ်ျ အင်ဂျင်နီယာတွေက ဒီအချက်ကို အလေးထားကြတယ်။

မူလ ရေစီး ရာ ရေ လှ ွမ်း လွင် ပြင်တွေကို ပြန်ဖေါ်ဘို့ကြိုးစားကြတယ်။

သူ့ နိုင်ငံရဲ့ မြစ်ဝကျွန်ပေါ် တစ်ခွင်မှာ တစ်ချိန် က တာတွေဆောက် ပြီးရေဘေးကာကွယ်ခဲ့ သော် လဲဘဲမြစ်ရေကြီးမှုတွေ ပုံမှန်ဆက်ဖြစ်နေတာ တွေ့နေကြရာက တစ်ဆင့် သမရီုးကျ အတွေးအခေါ်ကို မြေလှန်လိုက်ပြီး ရေကြီးတတ်တဲ့ တစ်ချိ ု့ နေရာ တွေမှာ ဆောက်ပြီး တာတွေ ဖျက်ပြီး မြစ်အတွက်ရေလမ်းကြောင်း ထပ်ပေး နိုင်ဘို့ လုံလောက်တဲ့ အကွအဝေး ရောက်တဲ့ အထိ တာတွေကို နောက်ဆုတ် ရှေ ွ ဆောက်တဲ့ အလုပ်တွေ လုပ်ကြတယ် ။ တြခြား နည်းတွေလဲ သုံးကြသေးတယ်။ မဟာ ဗြ ူဟာမြာက် စီမံကိန်း Dutch New Delta Plan ဒတိခ်ျတို့ ရဲ့ မြစ်ဝကျွန်းပေါ် စီမံကိန်းသစ် အနေနဲ့ အင်ဂျင်နီယာတွေက ရေးဆွဲပြီး သက်ဆိုင်ရာကို တင်ပြတော့ အစိုးရကသဘောတူခွင့်ပြုလို့ ခုဆို နယ်သာလင်နိုင်ငံမှာ နှစ်တို နှစ်ရှည် စီမံကိန်း အသွင်နဲ့ အကောင်အထည်ဖေါ်နေကြတယ်လို့ ကြားနေရပါတယ် ။

မြစ်ဆုံ နဲ့ ပတ်သက်ပြီး ဧရာဝတီမှာ ရေကြီးတာနဲ့ ဆက်စပ်ပြီး ကမ္ဘာ့ ဘဏ်မှာ ဒီနေ့ထိ အတိုင်ပင်ခံ အင်ဂျင်နီယာ လုပ်နေတဲ့ ဝါရင့် ဆရာသ မား တစ်ဦးနဲ့ မကြာမီက မေးမြန်းဆွေးနွေးဖြစ်ခဲ့ ပါတယ် ။

ကျွန်တော်က ဆည်မြောင်း အင်ဂျင်နီယာ ပီပီ ကျွန်တော့် အယူအဆကို တင်ပြခဲ့ တယ်။

ဟင်္သာတ မှာ ရေကြီးတာကို မြစ်ဆုံ ဆည် ဆောက်ပြီးတစ်နည်းဖြေရှင်း လို့ရတယ်ဆို တဲ့ အတွေးအမြင် သဘောထားကို ဒီဇိုင်းပုံထုတ်ပိုင်းတွေ အသေးစိတ် မသိသေးတဲ့ ကျွန်တော်က

ဧရာဝတီမှာ ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ ရေကြီးမှ ုပြဿနာတွေက်ု ဆည်မဆောက် ဘဲ တာဆင့် တာမြှင့် နည်းတွေနဲ့ လုပ်သွား လို့မရနိုင်ဘူးး လားလို့ ကျွန်တေိာက လုပ်နေကျ အလုပ်ကို အခြေခံပြီးဆွေးနွေးကြည့်တယ် ။

ဆရာထောက်ပြတာ က ဧရာဝ တီ မြစ်ကြီးရဲ့ ကြမ်းခင်း မြေမျက်နာပြင်က နှစ်တိုင်း အနယ်ချ နုန်းပို့ချပြီး နှစ်တိုင်း မြစ်ကြမ်းပြင် မြင့်နေတဲ့ အတိုင်း ခင်ဗျား တာတွေ လိုက်မြှင့် နေမလား လို့ ပြန် မေးပါတယ်။

သေချာတာတစ်ခုကတော့ အများစုသော ကျွန်တော်တို့ လို အင်ဂျင်နီယာ တစ်တွေ ဟာ ဧရာဝတီအကြောင်း ပညာရပ်ပိုင်းဆိုင်ရာမှာ ကောင်းကောင်း မသိကြသေးပါဘူး ။

လေ့ လာ သုတေသန ပြ ုမှ ု အလွန်တရာ အားနည်းခဲ့ တဲ့ ကျံန်တော်တို့ နိုင်ငံ နဲ့ ကျွန်တော်တို့အင်ဂျင်နီယာ လောကသားတွေ ဟာ ဧရာဝတီနဲ့ ပတ်သက်လို့ အများကြီး ဆက်လက် လေ့လာ ဘို့ လိုနေသေးကြောင်းပါ ခင်ဗျား။

အေးမြင့် ( ညောင်တုန်း )

မြန်မာ့ နှစ်ဆန်းတစ်ရက်နေ့

ရည်ညွှန်း ။ ဆရာ ဦးဝင်းမျိ ုးသူရဲ့ မြစ်ဆုံ ကိစ္စ Facebook Post မှာ ပူးတွဲ ဖြန့်ထားတဲ့ You Tube Post ပညာပေး ဗွီဒီယို ဖိုင် ။

– မြစ်ဆုံဆည် အရေး။ Eleven Media သတင်း

– မြစ်ကြီးဧရာဝတီ DVB သတင်း

၄။ ၊ အေးလွင် (ကသာ)၏ ရေကိုယူမလား၊ လျှပ်စစ်ကိုယူမလား

မြစ်ဆုံ

ရေကိုယူမလား၊ လျှပ်စစ်ကိုယူမလား


#အောင်ပင်လယ် မဂ္ဂဇင်း နှင့် greenness Facebook post 6 Jan အေးလွင်(ကသာ) ၏ ပတ်ဝန်းကျင် ဆောင်းပါး ကို ပြန်လည် ကူးယူ ဖေါ်ပြပါသည်. 

မြစ်ဆုံစီမံကိန်းဟူသောအသံကိုကြားမိလိုက်တိုင်းဝမ်းနည်းစိတ်ကအလိုလိုပေါ်လာတတ်သည်။ဤစီမံကိန်းသည်မြန်မာပြည်၏အသည်းနှလုံးကိုဆွဲထုတ်ယူသွားမည်ဟုစိတ်ထဲခံစားမိသောကြောင့်ဖြစ်သည်။တစ်ဆက်တည်း စဉ်းစားမိသည်မှာ မြန်မာပြည်၏ အသက်သွေးကြောနှင့် တူသောနိုင်ငံ၏ခန္ဓာကိုယ် အစိတ်အပိုင်ကို အတ္တကိုယ်ကျိုးအတွက် ရောင်းစားရက်သော သူတို့အကြောင်းပင်ဖြစ်သည်။ 

မြစ်ဆုံကိုလုပ်ဆောင်ဖို့ ကန့်ကွက်ရမည်က ပြည်သူအားလုံးတို့၏ နိုင်ငံသားတာဝန်တစ်ခုဖြစ်လာပြီ ဖြစ်သည်။ ဧရာဝတီမြစ်သည် မြစ်ကမ်းဝဲယာတစ်လျှောက်ရှိ လူပေါင်းများစွာ၏ အသက်ရှင်နေထိုင်ရေးအတွက် အကျိုး ကျေးဇူးပြုခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ ရေကြောင်းသွားလာရေးနှင့် မြစ်အတွင်းမှ သားငါးများ ပေးဆပ်ခဲ့သလို မြစ်ဝဲယာရှိ သစ်တောကြီးများမှ သစ်တောထွက်ပစ္စည်းများ သုံးစွဲနိုင်အောင်ပေးခဲ့သည်။ မြန်မာတို့ အတွက် အလွန်တန်ဖိုးရှိသော မြစ်တစ်စင်းဖြစ်သလို မြန်မာပြည်တစ်ခုထဲ ပိုင်ဆိုင်ခွင့်ရသော မိုင် ၁၃၅၀ ရှည်သောမြစ်ဖြစ်သည်။ 

ငယ်စဉ်ကလေးဘဝက မိဘများနှင့် အတူ မြစ်ကမ်းဘေးရောက်သည့်အခါတိုင်း မြစ်ကြောင်းတစ်လျှောက် စုန်ဆန်သွားလာကြသည့် သင်္ဘောကြီးငယ်များ၊ မော်တော်များ၊ လှေငယ်များကို နှစ်သက်စွာ ငေးမောကြည့်ခဲ့ဖူးသညည်။ ရွက်လှေဖြင့် စုန်ဆန်သွားလာသည့် လှေကြီးလှေငယ်များ ရွက်တစ်လှည့်၊ စက်တစ်လှည့်ဖြင့် မောင်းနှင်သော ကုန်တင်လှေကြီးများကို မြင်တွေ့ခဲ့ဖူးသည်။ ဗန်းမော်၊ မန္တလေး မြစ်ကြောင်းခရီးစဉ်ကို အကြောင်းအားလျော်စွာ မကြာခဏ စီးခဲ့ရသည်။ ဗန်းမော်သို့သွားမည်ဆိုလျှင် ညဦးကတည်းက ဆိုက်ကပ်လာသော မန္တလေးမှလာသည့် သင်္ဘောကို စီးရသည်။ အချို့က ညကတည်းက သင်္ဘောပေါ်တက်ပြီး နေရာ ဦးထားကြသည်။ ကျွန်တော်တို့ကတော့ မနက် ၄ နာရီအရောက် သင်္ဘော မထွက်ခွာမီသွားကြသည်။ သင်္ဘောပေါ်တွင် အငြိမ်မနေဘဲ ဟိုသွားသည်သွားဖြင့် ခရီးတစ်လျှောက်လုံး သွားမည်ဖြစ်သောကြောင့် နေရာအတွက် စိတ်မပူပေ။ မနက်ခင်း သင်္ဘောထွက်၍ နေရောင်ခြည်ပေါ်ထွကလာသည်နှင့် သင်္ဘောပေါ်ရှိ စားသောက်ခန်းတွင် လက်ဖက်ရည်၊ မုန့် ဝယ်စားသည်။ အိမ်မှ ပါလာသော မုန့်များနှင့် သင်္ဘောဆိပ်မှ ဝယ်ယူလာခဲ့သော ကောက်ညှင်းပေါင်း၊ အကြော်များကိုလည်း ဆိုင်မှာ ထိုင်စားနိုင်သည်။ ပြီးနောက် သင်္ဘောတစ်စင်းလုံး လျှောက်သွားကြည့်ကာ နောက်ဆုံးတော့ ခေါင်မိုးပေါ်တက်တော့သည်။ ခေါင်မိုးပေါ် တက်နေကြသော ကိုယ့်လိုလူတွေကလည်းရှိကြသည်။

မြစ်ဘေး ဝဲယာရှုခင်းကြည့်ရင်း မြစ်ပြင်ထဲ ခုတ်မောင်းလာသော မော်တော်၊ စက်လှေများတွေ့ရပါက ဘာရယ်မဟုတ်ဘဲ ပျော်ရွှင်မြူးတူးစွာ လက်ဝှေ့ရမ်းပြနှုတ်ဆက်ကြသည်။ ၁၉၈၅ ခုနှစ်၊ ၈၆ ခုနှစ်လောက်က သင်္ဘောခရီးဖြင့် ဗန်းမော်၊ ရွှေကူ သို့မကြာခဏ သွားခဲ့ရာတွင် သတိထားမိသော အရာများမှာ ကသာမှထွက်ပြီး ချိန်မှစ၍ ဗန်းမော် ရောက်သည်အထိ မြစ်ကမ်းထဲယာတွင် သစ်တောကြီးများနှင့် စိမ်းစိုနေခြင်းပင်ဖြစ်သည်။ နောက် သတိရမိသော အဖြစ်မှာ ကျွန်တော်တို့တွင်ပါလာသော ရေပုလင်းထဲသို့ မြစ်ထဲမှ ရေခပ်ထည့်ပြီး သောက်ကြခြင်းပင်ဖြစ်သည်။ သင်္ဘောပေါ်တွင် ပါလာသော ရေပုံးဖြင့် ခပ်ယူပြီး ရေကို ဒီအတိုင်း သောက်နိုင်အောင် ဧရာဝတီ၏ မြစ်ရေသည် ကြည်လင်လှပေသည်။ 

ရေသန့်ဘူးယဉ်ကျေးမှုပေါ်လာပြီးနောက်လည်း ဒီအတိုင်းသောက်ကြသေးသည်။ ၂၀၀၄ ခုနှစ်နောက်ပိုင်းတွင်ကား သင်္ဘောမော်တော်စီးသမျှ လူအားလုံးတွင် ရေသန့်ဘူး ကိုယ်စီနှင့်ဖြစ်လာသည်။ ကျေးလက်နေ ပြည်သူများ ကိုယ်တိုင် မြစ်ရေကို မသောက်တော့ခြင်းမှာ ကျန်းမာရေး အသိမြင့်မားလာခြင်းကြောင့်ဖြစ်သည်။ ဧရာဝတီမြစ်ကမ်းဝဲယာနေထိုးကြသော ကျေးလက်များမှာ မိုးတွင်းအခါ၊ ရေကြီးသော အခါ အလုပ်မလုပ်နိုင်သော်လည်း မြစ်ရေကျချိန် မြေနုကျွန်းပေါ်သောအခါ စိုက်ပျိုးလုပ်ကိုင်ကြသည်။ အလွန်ကောင်းမွန်သော မြေဩဇာ အပေါ်တွင် စိုက်ပျိုးရခြင်းဖြစ်သည်။ ရေလုပ်ငန်းလုပ်သူများအတွက်လည်း ဧရာဝတီက ငါသယံဇာတများ အဆက်မပြတ်ပေးနေသည်။ ပြည်တွင်း ရေကြောင်းသွားလာရေးအတွက် နှစ်ပေါင်းများစွာ အသုံးချခဲ့ရပြီး ယခုလည်း အသုံးဝင်နေဆဲဖြစ်သည်။

ယခုအချိန်တွင်မှာတော့ ဧရာဝတီသည် ဒဏ်ရာ ဒဏ်ချက်များဖြင့် နာကျင်နေပြီကို တွေ့ရမည်ဖြစ်သည်။ ကသာမှ ဗန်းမော်သို့ သင်္ဘောဖြင့် သွားပါက ယခင်ကမြင်ခဲ့သော သစ်တောကြီးများမှာ မျက်လှည့်ပြလိုက်သလို ပြောင်ရှင်းလုမတတ်ဖြစ်သွားပြီဖြစ်၏။ ရေကြောင်းသွားလာရေးကလည်း မိုးတွင်း ရေကြီးချိန်မှလွဲ၍ ရေကြောင်းမကောင်းတော့သဖြင့် သွားလာရခက်လာသည်။ ရာသီဥတုဖောက်ပြန်မှုကို ဖြစ်စေသည့် သစ်တောပြုန်းတီးမှုများနှင့် မြစ်အထက်ပိုင်းမှ တရားမဝင်ရွှေကျင်သည့် အနည်အနှစ်များကလည်း မြစ်ကို သက်တမ်းတိုးစေလေသည်။ မြစ်အတွင်း သောင်ထွန်းမှုကလည်း ကြောက်ခမန်းလိလိဖြစ်လာသည်ကို ယခုနှစ်တွင် တွေ့လာရသည်။ အနှစ် ၅၀ ကျော်အတွင်း စံချိန်တင်ရေကြီးမှု နှစ်ကြိမ်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသလို စံချိန်တင် သောင်ထွန်းမှုကတော့ ဒီနှစ် တစ်ကြိမ်သာ ကြုံရသေးသည်ဟု ဆိုရမည်ဖြစ်သည်။ 

ဧရာဝတီမြစ်ကြောင်းမှာ ကျဉ်းကျဉ်းလေးသာ ကျန်တော့သည်ကိုကြည့်ရင်း မြစ်ဆုံသာလုပ်ခဲ့လျှင် ဆိုသည့်အတွေးကို ဆက်မတွေးရဲအောင် ဖြစ်လာရပြီဖြစ်၏။ ဟိမဝန္တာဒေသကို အစပြုလာခဲ့သော မြစ်ဖျားတွင် ဧရာဝတီမြစ်အပါအဝင် အာရှဒေသမြစ်ဖျားဖြစ်သော အိန္ဒုမြစ်၊ ဂင်္ဂါမြစ်၊ ဗြဟ္မပုတ္တတရမြစ်၊ သံလွင်မြစ်၊ ယန်စီမြစ်၊ ဟွမ်ဟိုမြစ် (မြစ်ဝါမြစ်)၊ မဲခေါင်မြစ်နှင့် တာရင်းမြစ်တို့သည်လည်း တစ်စတစ်စနှင့် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲပြင်များ လျော့ကျလာပြီး ရေအရင်းအမြစ်တွေ လျော့နည်း လာပြီဖြစ်သည်ကို တွေ့ရမည်ဖြစ်၏။ ကမ္ဘာပေါ်ရှိ မြစ်ဖျားတွင်လည်း ရေခန်းခြောက်မှုများနှင့် ကြုံလာရပြီဖြစ်သလို ဧရာဝတီသည်လည်း မြစ်ကြောင်းတစ်လျှောက် သောင်ထွန်းမှုများနှင့် ရေတိမ်လာ၍ သင်္ဘောများ သွားလာရန် ခက်ခဲလာပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် မိုင် ၆၀၀ ကျော်ရှည်သောမြစ် ၁၇၇ စင်းရှိ၍ ရေကာတာအတားအဆီးမရှိဘဲ လွတ်လပ်စွာ စီးဆင်းနိုင်သောမြစ်မှာ ၆၄စင်းသာရှိသည်ဟု သိရသည်။ 

ပင်လယ်ထဲအထိ ၁၂ ရာသီမပြတ် စီးဆင်းနိုင်သော မြစ်ကတော့ ဧရာဝတီအပါအဝင် ၂၁ စင်းသာရှိသည်ဟု သိရသည်။ ကမ္ဘာပေါ်တွင် ၃၃စင်းမြောက် အရှည်ဆုံးမြစ် လည်းဖြစ်၏။ မြန်မာတစ်ပြည်တည်းသာ ပိုင်ဆိုင်ခွင့်ရသည့် ဧရာဝတီမြစ်သည် ရေအရင်းအမြစ်ကို မြန်မာပြည်အတွက် အခမဲ့လက်ဆောင်ပေးထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ရေပေါများသည့် နိုင်ငံဖြစ်သည်။ အာရှတိုက်တစ်ခုလုံး၏ ရေ ၁၂% ပိုင်ထားသလို အရှေ့ တောင်အာရှတွင်ရှိသည့် ရေ၏ ၁၆% ကိုပိုင်ဆိုင်ထားသည်။ သို့သော် မြန်မာတို့က ရေအရင်းအမြစ်ကို မကုန်ဆုံးနိုင်သော အရာလို့ ထင်ထားကြပြီး တန်ဖိုးထား ထိန်းသိမ်းရမှန်းမသိကြချေ။ ကမ္ဘာပေါ်တွင် အပေါများဆုံးသော အရာဝတ္ထုမှာ ရေဖြစ်ပြီး ကမ္ဘာ့မျက်နှာပြင်၏ ၇ဝ% သည် ရေမျက်နှာပြင်ဟု ပြောသော်လည်း ရေငန်အများစုသာဖြစ်နေသည်။ သောက်သုံးလို့ရသည့် ရေပမာဏမှာ ၀.၀၀၃% သာရှိ သည်ဟု သိရသည်။ ယခုအခါ ကမ္ဘာပေါ်တွင် ရေရှားပါးမှု ကြုံလာရပြီဖြစ်၏။ ရေကာတာတည်ဆောက်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ သစ်တောများ ခုတ်ထွင်မှုနှင့် မြစ်ချောင်းများ ပျက်စီး လာရသည်။ 

ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ချင်းတွင်း၊ မြစ်များလည်း ပျက်စီးလာပြီဖြစ်သလို အခြားမြစ်ချောင်းများလည်း ပျောက်ကွယ်လုမတတ်ဖြစ်သည်ကို တွေ့ရမည်ဖြစ်၏။ မြန်မာပြည်သည်လည်း မကြာမီ ရေအရင်းအမြစ်ရှားပါးလာတော့မည်ဖြစ်၏။ လျှပ်စစ်မီးနှင့် ပတ်သက်လျှင် လက်ရှိမြန်မာပြည်၌ လူဦးရေ ၆၀% ကျော်သည် လျှပ်စစ်မီးမရသေးဟု သိရသည်။ အိမ်ထောင်စုအားလုံး၏ ၅၅% ကျော်ကို ၂၀၂၁ခုနှစ်၌ စီမံထားသည်ဟု သိရသည်။ ၂၀၃၀ ခုနှစ်၌ မြန်မာတစ်နိုင်ငံလုံး ဓာတ်အားအပြည့်ရဖို့ ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ ၃၀၀ သန်းဖြင့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းကို အကောင်အထည်ဖော်မည်ဟု သိရသည်။ စွမ်းအင်ပင်မ အစီအစဉ်အရ ရေကာတာ ၅၀ ကျော်တည်ဆောက်ရန် လျာထားနေရာများမှာ သံလွင်၊ ဧရာဝတီမြစ်တို့၏ မြစ်လက်တက်အပေါ်၌ ဖြစ်သည်ဟု သိရသည်။ ရေကာတာကြောင့် မြစ်၏ ရေစီးရေလာ ဂေဟစနစ်ထိခိုက်လာမည်။ တိမ်ကောလာမည်ဟု ပညာရှင်များက ထောက်ပြကြသည်။ 

မြစ်ချောင်းတွေအပေါ် ရေကာတာတည်ဆောက်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များက မြစ်ချောင်းအပေါ် မှီခိုရှင်သန်နေရသည့် ပြည်သူပြည်သားများအပေါ် ရိုက်ခတ်လာမည်ဖြစ်သည်။ မြန်မာပြည်၏ အနာဂတ်တွင် မီးလိုအပ်ချက်ထက် ရေလိုအပ်ချက်က ပိုအရေးကြီးလာတော့မည်ဖြစ်သည်။ လျှပ်စစ်မီးမရှိဘဲ အသက်ရှင်နေနိုင်သော်လည်း ရေမရှိဘဲနှင့်တော့ မည်သည့်လူသား မှ အသက်မရှိနိုင်ပေ။ လျှပ်စစ်မီး လိုအပ်ချက်အတွက် ကျေးလက်များတွင် ဆိုလာပြားများ ဖြင့် ရနိုင်သည်။ မဟာဓာတ်အားလိုင်းကြီး သွယ်တန်းပြီး၍ လျှပ်စစ်မီးများရရှိကာ စက်မှုဖွံ့ဖြိုးလာလျှင်လည်း ရေလိုအပ်ချက်က ကြီးမားလာမည်ဖြစ်၏။ စက်မှုလုပ်ငန်းများအတွက် ရေမရှိလျှင် အခက်အခဲတွေ့မည် ဖြစ်၏။ လူတစ်ကိုယ်အတွက် ရေမရှိလျှင် အခက်အခဲဖြစ်မည်။ လူအများအတွက် ရေမရှိလျှင်ကား ကပ်ရောဂါသဖွယ် ဘေးသင့် မည်ဖြစ်၏။ 

ယခုတော့ မြစ်ဆုံစီမံကိန်းကို ပြန်စတော့ မလိုလုပ်နေသည်ကိုကြည့်ပြီး လုပ်ဖြစ်ခဲ့ပါက နှစ်သန်းပေါင်း ၅၀ သက်တမ်းရှိခဲ့သော မြစ်တစ်စင်း၏ နိဂုံးဖြစ်သွားမည်ဖြစ်၏။ မြစ်ဆုံစီမံကိန်းမှ ရရှိမည့် လျှပ်စစ်ပမာဏထက် ဆုံးရှုံးသွားရမည့် ရေအရင်းအမြစ်ပမာဏထက် ဆုံးရှုံးရမည့် ရေအရင်းအမြစ်ပမာဏတန်ဖိုးက ဘယ်လိုမှ နှိုင်းယှဉ်မရအောင် ကွာခြားလွန်းနေသည်။ ရေ၏ တန်ဖိုးကို ဆုံးရှုံးပြီးမှ သိလျှင်လည်း ပြန်မရနိုင်တော့ပေ။ ကာကွယ်ထိန်းသိမ်းရမည်မှာ အားလုံး၏ တာဝန်ဖြစ်သည်။ တရုတ်ပြည်ကတော့ မြစ်ဆုံစီမံကိန်းကို မဖြစ်မနေဆောင်ရွက်ရန် အမျိုးမျိုးလုပ်နေသည်။ မြန်မာဘက်က ဆုံးရှုံးမှုမှာ အနန္တဖြစ်၍ တရုတ်တို့သာ အကျိုးရှိစေမည့် မြစ်ဆုံစီမံကိန်းကို နိုင်ငံအကျိုးမျှော်တွေး၍ အပြီးတိုင် ရပ်စဲစေချင်ပါသည်။ ကျွန်တော်တို့ ရွေးရမည့်လမ်းတစ်ခုတည်းသာ ရှိနေပါသည်။ ၎င်းမှာ “ရေယူမလား၊ မီးယူမလား” ပင်ဖြစ်ပါသည်။

အေးလွင်(ကသာ)

ေအာင်ပင်လယ်လူမှုဝန်းကျင်မဂ္ဂဇင်း

greenness

၅ (က) ဧရာဝတီ မြစ်ဆုံစီမံကိန်း လေ့လာ စီစစ် ရေး ကော်မရှင် နှင့် EIA

၅ (ခ) ဧရာဝတီ မြစ်ဆုံစီမံကိန်း လေ့လာ စီစစ် ရေး ကော်မရှင် အဖွဲ့ဝင် ၏ အမြင်

၆။ မြစ်ဆုံစီမံကိန်း အကောင်အထည်ဖေါ်လိုက်ရင် ဘာတွေဖြစ်သွားနိုင်သလဲ။

၇။ မြစ်ဆုံစီမံကိန်းအပေါ် ဒေသခံ များ၏ အမြင်နှင့် သဘောထား