မြန်မာဂန္ဓဝင် ရုပ်ရှင် – ဗိုလ် အောင်ဒင်

ဗိုလ် အောင်ဒင်မူရင်း ရုပ်ရှင် ၂ ကားနှင့် မောင် ကြေးမုံ၏ ကက်ဆက် ခွေအသံဇာတ်လမ်းများ ။ Laurel ရုပ်ရျင်သင်တန်းသားများ၏ အသံသရုပ်ဖေါ် ဗီဒီယို ဇာတိလမ်းများစုစည်းမှု

၁.။ ဗိုလ် အောင်ဒင် မူရင်း ရုပ်ရှင်

၂ . ဗိုလ် အောင်ဒင် အဆက် ၊ ဒုတိယ ရုပ်ရှင် ကား ၊ သားဗိုလ် အောင်ဒင်

၃ -က ။ မောင်ကေးမုံ၏ဗိုဘ် အောင်ဒင် အသံဖိုင် ဇာတ်လမ်း အစ ၊ပထမ့ပိုင်း

၃-ခ ။ မောင်ကြေးမုံ၏ ဗိုလ်အောင်ဒင် အသံဖိုင် ၊ ဒုတိယပိုင်း

၃ – ဂ ။ ဗိုလ် အောင်ဒင် ပြန်လာပြီ ၊ ( အပိုင်း ၁ မှ ၈ အထိ အစအဆုံးအသံ ဇာတ်လမ်း) မောင်ကြေးမုံ၏ ဗိုလ်အောင်ဒင် ကက်ဆက်ခွေ ဇာတ်လမ်း များ ( စ /ဆုံး )

ဗိုလ် အောင်ဒင် ပြန်လာပြီ အသံ ဇာတ်လမ်း ( ၁ +၂ )

၅-က ။ဗိုလ်အောင်ဒင် အပိုင်း ၁ အသံ သရုပ်ဖေါ် Laurel

၅- ခ ။ ဗိုလ်အောင်ဒင် အပိုင်း ၃ အသံ သရုပ်ဖေါ် Laurel

၅-ဂ ။ ဗိုလ်အောင်ဒင် အပိုင်း ၄ အသံ သရုပ်ဖေါ် Laurel ေီုလ်အောင်ဒင် ပြန်လာပြီ

Movie Talk – ရွှေဒုံးဘီအောင် နှင့်တွေ့ဆုံဆွေးနွေးခန်း (၁၉၈၃ ) အပိုင်း ၁

မြန်မာရုပ်ရှင် စိန်ရတု သဘင်

Movie Talk – ရွှေဒုံးဘီအောင် နှင့်တွေ့ဆုံဆွေးနွေးခန်း (၁၉၈၃ ) အပိုင်း၂

ရွှေဒုံးဘီအောင်

ဝီကီပီးဒီးယား မှ

အစပိုင်း

• ငယ်ဘဝ

• ဘဝနိဂုံး

• ကိုးကား

ရွှေဒုံးဘီအောင်

မွေးဖွား

နေမျိုးကျော်သူအောင်

ဖေဖော်ဝါရီ ၁၇၊ ၁၉၀၆

ညောင်တုန်းမြို့

ကွယ်လွန်

မတ် ၁၁၊ ၁၉၈၆ (အသက် ၈၀)

ပညာရေး

ဆယ်တန်းအောင်

အလုပ်အကိုင်

ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ၊ ဇာတ်ညွန်းရေးဆရာ

မိဘ(များ)

ဦးဘိုးလှ(ခေါ်) ဦးဖိုးရွှေလှ + ဒေါ်လှကေသီ

ရရှိသည့်ဆုများ

မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု

ရွှေဒုံးဘီအောင်သည် မြန်မာရုပ်ရှင် ဒါရိုက်တာတစ်ဦး ဖြစ်သည်။ ဒါရိုက်တာ ရွှေဒုံးဘီအောင်ကို ညောင်တုန်းမြို့၌ ၁၉၀၆-ခု၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် ဦးဘိုးလှ(ခေါ်) ဦးဖိုးရွှေလှနှင့် ဒေါ်လှကေသီတို့မှ မွေးဖွားခဲ့သည်။ မွေးချင်းနှစ်ဦးအနက် အကြီးဖြစ်၍ ငယ်မည်မှာ နေမျိုးကျော်သူအောင် ဖြစ်သည်။

ငယ်ဘဝ

ငယ်စဉ်က ညောင်တုန်းမြို့၊ ဟိုက်စကူးကျောင်း၌ ပညာသင်ကြားသည်။ ၁၉၂၇-ခုနှစ်တွင် ဆယ်တန်းအောင်မြင်၍ ညောင်တုန်းမြို့၊ မြူနီစပယ်ရုံးတွင် စာရေးဝင်လုပ်ရင်း ၁၉၃၂-ခုနှစ်တွင် ဒဂုန်မဂ္ဂဇင်း၌ ကံထူး ဝတ္ထုကို စတင်ရေးသားခဲ့သည်။ ကျောင်းသားဘဝတွင် ဗိုလ်အောင်ကျော်ကို ရည်ညွှန်းသော (Dying Ahzarni) သေလုဆဲ အာဇာနည်ဆိုသော အင်္ဂလိပ်ကဗျာကို ရေးစပ်ပြီး ပြိုင်ပွဲဝင်ရာ ရွှေတံဆိပ်ဆု ရရှိခဲ့သည်။

ထို့နောက် ဒဂုန်မဂ္ဂဇင်းနှင့် အဆက်အသွယ်ရကာ ညောင်တုန်းမြို့မှ ရန်ကုန်သို့ ပြောင်းရွှေ့လာကာ ဒဂုန်မဂ္ဂဇင်း၌ပင် ရွှေဒုံးဘီအောင် ကလောင်အမည်ဖြင့် ရေနတ်ဒေဝီပဒမဏိ၊ ပြည်ကြီးမျတ်ရှင် တာသိယောပီယ၊ လေးတော်ရှင် စသည့် ရှေးဟောင်းဝတ္ထုကြီးများကို ရေးခဲ့သည်။ ဒဂုန်မဂ္ဂဇင်း အယ်ဒီတာအဖြစ် လုပ်ကိုင်နေသော ဒဂုန်ဦးလှဖေ၏ လက်ထောက် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ စစ်ပြီးခေတ်၌ ပျောက်ကျား(၉)၊ ဗိုလ်အောင်ဒင် ပြန်လာပြီ နှင့် စိုးပါနဲ့မေ လုံးချင်းဝတ္ထုများ ရေးခဲ့သည်။

၁၉၃၄-၃၅-ခုနှစ်တွင် ဗမာတာရာ အမည်ရှိ ကိုယ်ပိုင်စာအုပ်တိုက် ဖွင့်ပြီး သုံးရောင်ခြယ် အမည်ရှိ ဝတ္ထုကို ထုတ်ဝေခဲ့သည်။ ထို့နောက် ဗြိတိသျှဘားမားရုပ်ရှင် (ညွန့်မြန်မာရုပ်ရှင်)၌ ဇာတ်ညွန်းရေးဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး သူပုန့်သွေး၊ ရီရီကုသိုလ်၊ ရွှေဘုန်းတော် စသော အသံတိတ် ဇာတ်ကားများနှင့် အပျိုစင်၊ အချစ်ဆုံးသူဇာ၊ ဒေဝီမေတ္တာနှင့် ဂုဏ် အသံထွက် ဇာတ်ကားများအတွက် ဇာတ်ညွန်းများ ရေးသားခဲ့သည်။

၁၉၄၀-၄၁-ခုနှစ်တွင် ဗြိတိသျှဘားမားရုပ်ရှင် အတွက် ခင်မောင်ရင်၊ ဘချစ်၊ မေမေဝင်းတို့ ပါဝင်သော ဗိုလ်အောင်ဒင် အသံထွက်ဇာတ်ကားကို ဒါရိုက်တာအဖြစ် စတင်ရိုက်ကူးခဲ့ရာ အောင်မြင်ကျော်ကြားခဲ့ပြီး မြန်မာ့ရုပ်ရှင်သမိုင်း၌ ကျန်ရစ်ခဲ့သော ဇာတ်ကားတစ်ကား ဖြစ်သည်။

စစ်အတွင်းကာလဖြစ်သော ဂျပန်ခေတ်အတွင်း၌ ကန်တော်ကြီး မြိုင်ရုံတွင် တကယ့်စစ်သား ပြဇာတ်နှင့် စစ်ပြီးစအချိန်တွင် ရန်ကုန်အနောက်ပိုင်း ကာဋ္ဌေးရုံ၌ အသွင်မတူ ပြဇာတ်များ တင်ဆက်ခဲ့သည်။ ထို့နောက် စစ်ပြီးခေတ်တွင် မဟာဗန္ဓုလ (အပြီးမသတ်ခဲ့) ခုနှစ်စင်ကြယ်၊ လောဘမုန်တိုင်း စသော အသံတိတ်ဇာတ်ကားများကို ရိုက်ကူးခဲ့ပြီး၊ ၁၉၄၈-ခုနှစ် နောက်ပိုင်း ကာလများတွင် ပွဲခါညောင်ရေ၊ ဒေါက်တာအောင်ကျော်ဦး၊ သားဗိုလ်အောင်ဒင်၊ ဤလူ့ဘောင်တွင်၊ ပတ္တမြားမယ်၊ ဘဝလက်ဆောင်၊ အတွေ့ နှင့် ကိုယ်ပိုင်ရွှေဥဒေါင်း ရုပ်ရှင်မှ မောင့်ကရုဏာ၊ တိမ်ညိုနှင့် စန္ဒာ စသောဇာတ်ကားများကို ရိုက်ကူးခဲ့သည်။

ဒါရိုက်တာ ရွှေဒုံးဘီအောင် ရိုက်ကူးခဲ့သော ရုပ်ရှင်ကားများအနက် မာလာရီဇာတ်ကားတွင် မင်းသားကျော်ဝင်းသည် အကောင်းဆုံး အမျိုးသား သရုပ်ဆောင် အကယ်ဒမီ ရွှေစင်ရုပ်ဆုကို ပထမဦးဆုံး ရရှိခဲ့၍ ပွဲခါညောင်ရေဇာတ်ကားတွင် မင်းသမီး မေမြင့် နှင့် အတွေ့ဇာတ်ကားတွင် မင်းသမီး သီသီသည် အကောင်းဆုံး အမျိုးသား သရုပ်ဆောင် အကယ်ဒမီရွှေစင်ရုပ်ဆုကို ရရှိခဲ့သည်။ ကိုယ်တိုင်လည်း ၁၉၅၇-ခုနှစ်တွင် ဒေါက်တာအောင်ကျော်ဦး ဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့သည့်ပြင် ဒေါက်တာအောင်ကျော်ဦး ဇာတ်ကားသည်လည်း အကောင်းဆုံး ဇာတ်ကားဆု ရရှိခဲ့သည်။

၁၉၆၂-ခုနှစ်၊ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် မြန်မာနိုင်ငံရုပ်ရှင်ကောင်စီ၏ ပထမဦးဆုံး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၈-ခုနှစ်တွင် ရုပ်ရှင်ပညာ အမြုတေ အမည်ရှိ ရုပ်ရှင်ပညာပေး စာအုပ်ကို ထုတ်ဝေခဲ့သည်။ ၁၉၈၀-ပြည့်နှစ်မှစ၍ တာမွေမြို့နယ်၊ အခြေခံအလုပ်သမား အစည်းအရုံးတွင် ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့သည်။

ဘဝနိဂုံး

ဒါရိုက်တာ ရွှေဒုံးဘီအောင်သည် ၁၉၈၆-ခုနှစ်၊ မတ်လ(၁၁)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ရင်မေ၊ ဒေါ်တင်ရွှေနှင့် သားတစ်ယောက် ကျန်ရစ်ခဲ့သည်။


[၁]

ကိုးကား

1. မြန်မာ့ရုပ်ရှင်ဆရာကြီးများ၏ အဆိုအမိန့်များမှ

ကဏ္ဍများ: ၁၉၀၆ မွေးဖွားသူများ၁၉၈၆ ကွယ်လွန်သူများမြန်မာ ရုပ်ရှင် ဒါရိုက်တာများမြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရှင်များ

ဤစာမျက်နှာကို ၁၈ ဇန်နဝါရီ ၂၀၂၁၊ ၁၄:၂၃ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။