၁။ ပန်းပန်လျက်ပါ၊ ( ၁၉၆၀ ဝန်းကျင် ကာလ ) ဒါရိုက်တာချစ်ခင် ။ ကောလိပ်ဂျင်နေဝင်း၊မြတ် လေး၊ကြည်ကြည် ဌေး နှင့် ဘေဘီနွဲ့ ။ မူရင်းအဖြူအမဲ ရုပ်ရှင်
-ပန်းပန်လျက်ပါ ကက်ဆက်ခွေဇာတ်လမ်း ဿရု၌်ဖေါ် ပထမပိုင်း ။
-ပန်းပန်လျက်ပါ ကက်ဆက်ခွေဇာတ်လမ်း ဿရု၌်ဖေါ် ဒုတိယပိုင်း ။
-ပန်းပန်လျက်ပါ ကက်ဆက်ခွေဇာတ်လမ်း ဿရု၌်ဖေါ် , ဇာတ်သိမ်းပိုင်း ။
တွေးမိ တွေးရာ
ရေးမိရေးရာ
ရုပ်ရှင်ရေးရာ
စာပဒေသာ ( ၂ )
မဗေဒါရဲ့
ပန်းပန်လျက်ပါ
ရုပ် ရှင်ဝါသနာအိုးများအတွက်
မြန်မာရုပ်ရှင်ဇာတ်ကားကောင်းကြီး တစ်ခု
YouTube Video မျှဝေလိုက်ပါတယ်.
ခေတ်တစ်ခေတ်မှာ
တစ်ခေတ်မှာတစ်ယောက် သာ
ရှားရှားပါးပါး ထူးထူးခြားခြား ပေါ်ထွက်ခဲ့တဲ့
ဟောင်းပေမဲ့ ယနေ့တိုင် ခေတ်မီ ကောင်းနေဆဲ
အနုအလှ မြန်မာ ရုပ်ရှင် ဒရာမာ
Musical Drama Myanmar Movie
ဇာတ် ကားကောင်း ကြီးဖြစ်တဲ့
ဒါရိုက်တာ ကြီး ဦးချစ်ခင်ရဲ့
ပန်းပန်လျက်ပါ ရုပ်ရှင်ကားကြီး နဲ့
ရုပ်ရှင်မင်းသမီးကြီး ကြည်ကြည် ဌေး
သရုပ်ဆောင် ကောင်းခဲ့တဲ့ မဗေဒါ
မဗေဒါ ရဲ့ ပန်းပန်လျက်ပါ အငြိမ့်ပွဲကြီး
စာရေး ဆရာမကြီး ခင်နှင်းယုရဲ့ ဝတ္ထုကို
အခြေ ပြု ရိုက်ကူး ထားတာတွေ့ရတယ်.
မြန်မာကဗျာဆရာကြီး ဆရာဇော်ဂျီက
၁၉၆၀ ခုနှစ်ထုတ်
တက္ကသိုလ် အိုးဝေမဂ္ဂဇင်း ထဲမှာ
ပန်းပန်လျက်ပဲါ ဗေဒါလမ်း ကဗျာ ကို
ရေးသားခဲ့ပါတယ်.

ပန်းပန်လျက်ပါဇာတ်ကားမှာ ဗေဒါလမ်းကဗျာကို
ဇာတ်ဝင်သီချင်းအဖြစ် အသုံးပြုခဲ့ပါတယ်.
ရုပ်ရှင်ကားထဲက ရုပ်ရှင်သရုပ်ဆောင် ကောင်းတွေ အားလုံးလိုလို
ယနေ့မှာ အများစုမရှိကြတော့ပါ။
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော် ကျော်ခန့်အချိန်က
ပေါ်ပေါက်ခဲ့တဲ့ ရုပ်ရှင်
ရုပ်ရှင်ဝါသနာအိုးများ
အလွန်သဘောတွေ့နှစ်ခြိုက်လို့
အခါခါအထပ်ထပ်ကြည့်ပေမဲ့ လဲ
မရိုးနိုင်တဲ့
မြန်မာ ရုပ်ရှင်ကားကောင်းကြီး တစ်ကား
ဖြစ်ခဲ့တယ်
သဗ္ဗေသတ္တာ သင်္ခါရာ အနိစ္စပါဘဲ
မြန်မာ့ ရုပ်ရှင် လောက သမိုင်းကောင်းတွေအဖြစ်
ကွယ်လွန်သွားခဲ့ကြလေသူ
ဝါရင့် အနုပညာသမားကြီးတွေက တော့
သူတို့ရဲ့ဘဝအမှတ်တရကောင်း တွေကို
နှောင်းလူတွေအတွက်
နမူနာပြ ချန်ထားရစ်ခဲ့ကြပါတယ်.
ကိုယ့်သမိုင်းကိုယ် ရေးထိုးသွားကြရမဲ့
လူ့လောက လု့သဘာဝ လူ့သမိုင်းတွေပါဘဲ။
မျိုးဆက်သစ်တွေအတွက်က
နိုင်ငံအတွက်
သမိုင်းထဲက ကောင်းတာတွေဆက်ယူလာ
ပိုကောင်းအောင်ပြန်လုပ်ကြ
ဆိုးတာတွေ မကောင်းတာတွေ ဆက်ယူမလာနဲ့ ချန်ထားခဲ့ကြ
သမိုင်း သင်ခန်းစာဆိုတာ
ဒါပါဘဲ လို့မှတ်ယူမိပါတယ်
ဒါကြောင့်လဲ
သမိုင်းသင်ကြတာ
လူတွေ
“မအ “ အောင်လို့ ဆိုပြီး
သမိုင်းပညာရှင်ဆရာကြီး
ဒေါက်တာသန်း ထွန်းက
မှာကြားပြောကြားခဲ့တာဖြစ်တယ်
အေးမြင့် ( ညောင်တုန်း)
၁၇-၇-၂၀၂၃
ရည် ညွှန်း ဆက်စပ်စာ
ရင်ကိုငြိသော ရုပ်ရှင်တေးသံသာများ (အပိုင်း ၂)
ချစ်၍ရွာသောမိုး
ချစ်၍ရွာသောမိုး……သည်သီချင်းလေးကိုတော့ လူသိနည်းမည်ထင်။ တချို့ ရုပ်ရှင်ဝါသနာထုံသောသူ အနည်းငယ်သာ သိလိမ့်မည်။ ဒါပေမယ့် သည်သီချင်းပါဝင်သည့် ရုပ်ရှင်ကိုတော့ လူတိုင်းနီးပါး သိကြပါလိမ့်မည်။
“ပန်းပန်လျက်ပါ” ရုပ်ရှင်သည် ဆရာမကြီး (ဒေါ်) ခင်နှင်းယု၏ ပန်းပန်လျက်ပါ ဝတ္ထုကို ဒါရိုက်တာ ဦးချစ်ခင်က (၁၉၆၀)ခုနှစ်ဝန်းကျင်များမှာ အငြိမ့်သမ မဗေဒါအဖြစ် (ဒေါ်)ကြည်ကြည်ဋ္ဌေး၊ နယ်ပိုင်လေး ကိုစောထွန်း အဖြစ် ကောလိပ်ဂျင်(ဦး)နေဝင်း၊ တက္ကသိုလ်နည်းပြဆရာ အဖြစ် (ဦး) မြတ်လေး၊ သူဋ္ဌေးသမီး ခင်မမ အဖြစ် (ဒေါ်) ဘေဘီနွဲ့ တို့နှင့် အသက်သွင်းခဲ့သည်။ (၁၉၉၀)ခုနှစ်ဝန်းကျင်တွင် ဒါရိုက်တာ (ဦး) ကြီးမြင့်က မို့မို့မြင့်အောင်၊ ကျော်သူ၊ ဇော်ဦး နှင့် စန္ဒရား ခင်နုနု တို့ဖြင့် ရုပ်ရှင်အဖြစ် ပြန်လည်ဆန်းသစ်ခဲ့သလို ဒါရိုက်တာ (ဦး) ခင်ဇော် ကလည်း ချစ်ချစ်ဇော်၊ ကျော်သူ၊ လွှမ်းမိုး၊ စန္ဒရား ခင်နုနု တို့ဖြင့် ဗွီဒီယို အသွင် ပြန်လည်ခံစားခဲ့ကြသည်။
(ပန်းပန်လျက်ပါ ရုပ်ရှင်ကြော်ငြာ)

ပန်းပန်လျက်ပါ ဝတ္ထုသည် ဆရာမကြီး (ဒေါ်) ခင်နှင်းယု၏ အောင်မြင်ခဲ့သော ဝတ္ထုများထဲက ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ဆရာမကြီးသည် ဆရာ ဇော်ဂျီ၏ ဗေဒါလမ်းကဗျာများထဲက တစ်ပုဒ်ဖြစ်သည့် ပန်းပန်လျက်ပါ ကဗျာလေးထဲက ဗေဒါပန်းလေး၏ ဘဝကို ဈာန်ဝင်စားခဲ့သည်။ ဗေဒါပန်းလေး၏ ကြမ်းတမ်းလွန်းလှတဲ့ဘဝကို စာနာသနားမိသည် ထင်။ ဘဝတွေ ဘယ်လိုဘဲခက်ထန်ကြမ်းတမ်းနေပါစေ။ ဗေဒါပန်းလေး၏ မလျော့သော အားမာန်နဲ့ ပန်းပန်လျက်ရှိနေသည့် အသွင်ကို အားကျမိသည်ထင်။ ဆရာဇော်ဂျီ၏ ဗေဒါပန်းလေးကို အငြိမ့်သမလေး မဗေဒါအသွင် ဖန်ဆင်းလျက် ပန်းပန်လျက်ပါ ဝတ္ထုကို မွေးထုတ်ခဲ့လေသည်။
(တက္ကသိုလ်ကျောင်းတော်သားကြီးတွေကို ကပြဖျာ်ဖြေနေသည့် မဗေဒါ)

ဗေဒါပန်းလို မဗေဒါ၏ ဘဝသည်လည်း ကြမ်းတမ်းလှပေသည်။ ဗေဒါပန်းလေးနှင့်မတူတာက မဗေဒါသည် နှလုံးသားရှိသည့် ပုထုစဉ်လူသားတစ်ယောက်ပါ။ ဒါကြောင့် မဗေဒါတွင် ချစ်ခြင်း၊ မုန်းခြင်းတို့ကို ခံစားနိုင်သည်။ တက္ကသိုလ်နှစ်ပတ်လည်ည…. လတာပြင်လှိုင်းလို နိမ့်လိုက်မြင့်လိုက် ပရိယာယ်ကြွယ်လှသည့် လောကတွင် ရှင်သန်နေရသည့် မဗေဒါ တက္ကသိုလ်ကျောင်းတော်သားကြီးများကို ဖျော်ဖြေရသည့်ည။ ထိုညတွင် မဗေဒါ၏ နှလုံးသားတံခါးကို တက္ကသိုလ်ကျောင်းသား ကိုစောထွန်းက ရိုက်ဖွင့်ခဲ့လေသည်။
(ချစ်သူကိုစောထွန်းက အတင်းအကျပ် ချစ်ခွင့်တောင်းဆိုရာတွင်)

မဗေဒါသည် ရှုပ်ထွေပွေလီလှသည့် သဘင်လောကမှ ဖြစ်သော်လည်း သူမ၏ကိုယ်ကျင့်တရားကို အသက်လို ထိန်းသိမ်းခဲ့သည်။ သို့သော် မီးရောင်အောက်တွင် လူပြက်ကြီးတွေနှင့် တွဲကနေရသော မဗေဒါကို ချစ်သူ ကိုစောထွန်းက သဝန်တွေတိုခဲ့လေသည်။ သဘင်လောကမှ အနားယူပြီး သူနှင့် လက်ထပ်စေလိုသည်။ မဗေဒါသည် ချစ်သူလိုအင်ကို လိုက်လျောချင်သည်။ သို့သော် သူမတွင် တာဝန်တွေက မပြီးဆုံးနိုင်သေး။ သူမ၏ အဖေ့အမွေအိမ်ကို သပ်သပ်ရပ်ရပ်လေးဖြစ်အောင် အမေ့အတွက် ပြင်ဆင်ပေးချင်သေးသည်။ ဒါကြောင့် အငြိမ့်ဆက်ကဖို့ (၃)နှစ်စာချုပ်ချုပ်ခဲ့သည်။ (၃)နှစ်ပြည့်ပြီးမှသာ ချစ်သူအလိုကျဖြစ်စေမည်ဟု ဆုံးဖြတ်ခဲ့လေသည်။ သည်ဆုံးဖြတ်ချက်သည် သူမ၏ နှလုံးသားကို လှိုင်းလုံးတွေ ဖုံးမည်ကို မသိနိုင်ခဲ့ပေ။ ချစ်သူ၏ စွန့်ခွါမှုကို ခံခဲ့ရလေသည်။ ပို၍ဆိုးသည်က ချစ်သူ၏ မင်္ဂလာအခမ်းအနားတွင် ကပြဖျော်ဖြေရခြင်းပင်။
ထိုညသည် ဗေဒါပန်းလေးကို ဘဲအုပ်တစ်ရာနှစ်ရာက ဝိုင်းထိုးနေသလို နုံခြာလှသည့် အငြိမ့်သမ မဗေဒါကို ဓနရှင် လူတန်းစားတွေက ဝိုင်းဝန်းနှိပ်စက်နေကြသည်နှင့် တူလှပေသည်။ သို့သော် မဗေဒါသည် ဗေဒါပန်းလေးလို အံခဲပြီး အနုပညာသည် ပီသစွာ ဧည့်ပရိတ်သတ်ကို ဖျော်ဖြေနိုင်ခဲ့သည်။ မင်္ဂလာပွဲအပြီး အပြန်တွင်တော့ မဗေဒါသည် သူ့ဘဝဖြစ်အင်ကို ရေမှာမျောနေယင်း ဘဲအုပ်တွေ ထိုးဆိပ်ခံရသော်လည်း အလဲမပျက် စီးမျောနေသည့် ဗေဒါပန်းလေးနှင့် ခိုင်းနှိုင်းတင်စား၍ သူမ၏ဘဝကို “ပန်းပန်လျက်ပါ” ကဗျာလေးနှင့် ပုံဖော်စပ်ဆိုခဲ့သည်။ သူမကိုယ် သူမ ထိုကဗျာလေးနှင့် အားပေးခဲ့ရသည်။ ချစ်သူ ကိုစောထွန်းဆီလည်း ကဗျာလေးကို ပေးပို့လိုက်သည်။
(၃) နှစ်ပြည့်သည့်အခါတွင် ချစ်သူအပေါ်ပေးခဲ့သည့် ကတိကို တည်တံ့စေလိုသဖြင့် အငြိမ့်ကခြင်းကို ရပ်နားခဲ့သည်။ သူမရင်နှင့်ခံစား၍ သီချင်းလေးများကို ရေးစပ်ခဲ့သည်။ ထိုသီချင်းများထဲမှ “ချစ်၍ရွာသောမိုး” သီချင်းကို မြန်မာ့အသံမှ ထုတ်လွှင့်ခဲ့သည်။ ထိုသီချင်းတွင် ကချေသည်မလေးတစ်ယောက် ချစ်သူရွှေမင်း သားနှင့် ကွဲကွာသောကြောင့် သောကဝေကာ ကျရရှာသည့် မျက်ရည်များကို မိုးနှင့် တင်စားခဲ့သည်။ ရွှေမင်းသားကို ချစ်မိ၍ ကျရရှာသည့် မျက်ရည်မိုးတွေပင်။ ထိုသီချင်းလေးနှင့် မဗေဒါသည် သူမ၏ မျက်ရည်များကို သွန်ချခဲ့သည့် သရုပ်ကို (ဒေါ်) ကြည်ကြည်ဋ္ဌေးက မျက်နှာအမူအရာနှင့်ရော အသံနှင့်ပါ သရုပ်ဆောင်ပြခဲ့ပါသည်။ (ဒေါ်) ကြည်ကြည်ဋ္ဌေးသည် ချစ်၍ရွာသောမိုး သီချင်းနှင့် ပရိတ်သတ်၏ မျက်ရည်မိုးတွေကိုပါ ရွာသွန်းစေခဲ့သည် ထင်။
ချစ်၍ရွာသောမိုး
ယုံလည်း……ပုံပြင်…. မယုံသော်လည်း …..ဒဏ္ဏာရီဘဲ….ထင်….
ပြောရေးရှိက ပြောသရှင် ဆိုရေးရှိက ဆိုတယ်ရှင်……….
ကချေသည်နှင့် ရွှေမင်းသားသခင် ဟိုရှေးအခါများ ဆိုသရွေ့အမှာစကား
အသည်းနင့်နင့်ပင် ချစ်ကြသရှင် ကြိုက်ကြသရှင်
ယုံလည်းပုံပြင် မယုံသော်လည်း ဒဏ္ဏာရီဘဲထင်……..
သို့သော်မကြာခင် မင်းရင်ပြင် နန်းသိမ်းပွဲသဘင် ကျင်းဆင်ယင်
သို့သော်မကြာခင် မင်းရင်ပြင် နန်းသိမ်းပွဲသဘင် ကျင်းဆင်ယင်
အိမ်ရှေ့စံရွှေမင်းသား စုလျားရစ်ပတ် ဘိတ်သိပ်ဆင်
မင်းသွေးမင်းရည်ဒေဝီတစ်ဦးနှင့် မင်္ဂလာအခါဝင်
နဖူး….လက်တင် မြင်မြင်တွေး…ဆွေးပါဘိ လေး….ရေးရေးဘယ်သို့မမြင်….
မူးလျက်ပင် ဘဝင်မအေး…..နွေးပါဘိ လေး……လေးလေးဘယ်သို့မရွှင်….
ရင်ဝယ် သောကမျက်ရည်ခိုး…..မိုးသို့ပျံလျှင်….
မြူခိုးအပူခိုး လေနှင့်အတူနှင်…
တိမ်နယ် မိုးနယ် ကူးပြောင်းလျက်လျှင်
လျှပ်ဝါလျှပ်စီး ပြက်ပြက်ခါထင်….
သံဝါမိုးပေါက် တဖြောက်ဖြောက်ကျတော့လျှင်
မေတ္တာပေါက္ခ၀ ဝတီမိုး သူ့အပေါ်သာပင်…ဖြိုးဖြိုးရွာထင်
အေးသရှင်မြသရှင် ကချေသည်မ မျက်ရည်မှပင်
ဖြစ်သောမိုးဟု ထင်မှ သူထင်ပါစရှင်…..
ချစ်၍ ရွာသောမိုး…… ချစ်၍ ရွာသောမိုး……ပင်
(သီချင်းရေးစပ်သူမှာ စန္ဒရား(ဦး)ချစ်ဆွေ ထင်ပါသည်။)
(မူရင်း ပန်းပန်လျက်ပါ ရုပ်ရှင်မှ (ဒေါ်) ကြည်ကြည်ဋ္ဌေး၏ သီဆိုဟန်)
(အငြိမ့်သမက ဒါလင့်ခေါင်းပေါ် မိုးရွာချ မမက အရက်တွေ ရွာချ ဒါလင်က ကြွတ်စုတ်ကလေးဖြစ်လို့)

၂ ။ ပြန်လည်ရိုက် ကူးသည့် ၊ ဒါရိုက်တာ ဦးကြီးမြင့် ၏ပန်းပန်လျက်ပါ ဆေးရောင်စုံ ရုံတင် ရုပ်ရှင်ကားကြီး ။ ။ ( ၁၉၉၁ ) ကျော်သူ ၊ ဇော်ဦး ၊ မိုမို့မြင့်အောင်
၃ ။ ဒါရိုက်တာ (ဦး) ခင်ဇော် ကလည်း ချစ်ချစ်ဇော်၊ ကျော်သူ၊ လွှမ်းမိုး၊ စန္ဒရား ခင်နုနု တို့ဖြင့် ပြန်လည် ၇ီုက်ကူးအသက်သွင်းခဲ့သည့် ဗွီဒီယို ရုပ် ရှင် ။ မဗေဒါ
၃-၁ ။ မဗေဒါ – ပထမပိုင်း
၃-၂ ။ မဗေဒါ – ဇာတ် သိမ်းပိုင်း ။
၄- ချစ်ခွင့်မပိုင်
၅။ ရတနာပုံ
၆။ မှုံေ ရွှရည်
၇။ ကတ္တီပါ ဘိနပ်စီး ရွှေထီးဆောင်း
၈။ စကားပြောသော အသည်းနှလုံး
၉။ သီတာပြံုး
၁၀ ။ သားဗိုလ်အောင်ဒင်
၁၁။ ကျွန်တော်နှင့်ကိုဘကျော်
၁၂ ။ နှစ် ယောက်ထဲနေချင်တယ်
၁၃ ။ အပယ် ရတနာ
၁၄ ။ တစ်ကျော့နှစ်ကျော့တေးကိုသီ
၁၅။ ဆောင်းတစ်ည ဝယ်
၁၆ ။ ဖိုးပြုံးချို
၁၇ ။ ဗိုလ်အောင်ဒင်
၁၈ ။ ပုံပမာ
၁၉ ။ အတွေ့
၂၀ ။ မြေမှာပွင့်သော မေတ္တာပန်း
၂၁ ။စောင်းတော်ရှင်
၂၂ ။ ဗိုလ် အောင်ဒင် ပြန်လာပြီ.
၂၃ ။ မောင့် မူပိုင်ရှင်
၂၄ ။ တိမ်လွှာမို့မို့လွင်
