မြန်မာနိုင်ငံတော်သမိုင်း ၊ ဗန်းမော်တင်အောင် ၏ တမူထူး တဲ့ သမိုင်း အမြင် စာအုပ်

မှတ်ဖွယ် မှတ်ရာ
သမိုင်းရေးရာ
စာပဒေသာ ( ၁၂ – က )

ဗန်မော်တင်အောင်၏
မြန်မာနိုင်ငံတော်သမိုင်း (အစ-အဆုံး )
စာအုပ်
နှင့်
သမိုင်းသင်ခန်းစာများ။

နိုင်ငံတည် ထောင်ရေးမှာ သမိုင်းသင်ခန်းစာတွေယူတတ်ကြဘို့
လိုအပ် ကြောင်း
တွေ့ ရှိ လိုက်ရပါတယ်။

မြန်မာနိုင်ငံတော်သမိုင်းကို
ဆရာဗန်းမော်တင်အောင်က
အဖြစ်မှန်တွေကို အထောက်အထားတွေထဲကရှာ​ေဖွရေးသားပြီး
သူ့ အမြင်အတွေးအယူအဆတွေနဲ့ သုံးသပ်ပြီး ရေးသားထားခဲ့သော
ထူးခြားတဲ့သမိုင်းစာအုပ်ဖြစ်ပါတယ်
သမိုင်းသက်သက် ရီုးရိုး မြန်မာသမိုင်းစာအုပ် မဟုတ်တာ တွေ့ရှိရပါတယ်.
သမိုင်းတွေအပေါ် ဆရာက တွေးဆ သုံးသပ်ချက် တွေနဲ့ ထုတ် နုတ် ရေးထားတဲ့ အမြင်သစ် မြန်မာနိုင်ငံသမိုင်းစာအုပ် ဖြစ်နေပါတယ်.

စာရေးဆရာ ကြီး ဗန်းမော်တင်အောင်၏ မြန်မာနိုင်ငံသမိုင်း စာအုပ် အစအဆုံး ကို
အခန်း ၆ ခန်း ခွဲပြီး မြနိမာနိုင်ငံ တော် အကြောင်း အသံနဲ့ဖတ်ပြတာ နားထောင်ရ ပါတယ် .
Youtube မှာ အခြားအသံစာအုပ်တွေများစွာရှိတဲ့ ကြားထဲမှာ
မမျော်လင့်ဘဲ တွေ့လိုက်ရပြီး
စာအုပ်ကိုင် စာဖတ်မနေရတော့ ဘဲ
စာအုပ်ပါ အခန်း အလိုက် အစအဆုံးကို မရပ်မနား အလွယ်တကူ နားထောင် ဖြ စ်လိုက်ပါတယ်။

ယခု နောက်ဆုံးမှာ စာအုပ်တစ်ခုလုံးကို အသံ နဲ့ဖတ်ပြပေးတာ YouTube မှာ ရှာဖွေ တွေ့ရှိ ပြီး ကူးယူ ရရှိလိုက်ပါတယ်

စာရေး ဆရာကြီးဗန်မော်တင်အောင်ရဲ့
ကိုယ် တိုင် တွေ့ရှိ သုံးသပ်ချက် များကို
အားရဝမ်းသာစရာ အများဆုံး တွေ့ရှီလိုက် ရတယ်။
ကုန်းဘောင်ခတ် ခေါင်းဆောင်းဆောင်တွေရဲ့
အကောင်းအဆိုး နိုင်ငံထူထောင်ရေး လုပ်ရပ်မျိုး စုံကို
နားထောင် ရပါ တယ်.

မိမိ ကိုယ် တို င် စာရေး ဆရာကြီးရဲ့ မြန်မာနိုင်ငံ သမိုင်း စာအုပ်ကို စိတ်ဝင်စားလို့ ဘတ်ဘို့ ဝယ်ထားတာ ကြာခဲ့ပါပြီ
လက် ဝယ် ရှိထားပေမဲ့ အလုပ်တွေကများ ဖတ်စရာမှတ်စရာ လေ့လာစရာ သိချင် ဖတ် ချင်စရာ စာတွေ လုပ်ချင်တာတွေ ကလဲ များလွန်းနေတော့
စာအုပ် ဝယ်စဉ်က အချီး နီဒါန်းသဘော နဲ့
ဆရာဗန်း မော်တင်အောင် ဘာတွေများရေးထားသလဲ
လောက်သာလေ့လာခဲ့ဘူးတယ်.

ယခု စာအုပ်ကို ဖတ်ပြပေး လို့ အသေးစိတ် ကို အလွယ်တကူနားထောင်သိရှိ လိုက်ရ တော့ မှ ဘဲ
စာရေးး ဆရာကြီး ဗန်းမော် တင် အောင်ကို
ထပ်မံ လေးစား ဂုဏ်ယူမိ ရ ပြီး
ထပ်ပြီး အထင်မကြီးဘဲမနေနိုင်တော့ ပါ ။

ဖြစ်စဉ် သမိုင်းတွေကို အခြေခဲ ရေးသားဖေါ်ပြပြီး
သမိုင်းထဲကသင်ခန်းသာတွေ နဲ့
ဆရာဗန်းမော် တင်အောင်၏ကိုယ်ပိုင် အတွေးအမြင်နဲ့
ဆရာရဲ့ တွေရှီ ချက်များ အယူအဆ သုံးသပ်ချက်များကို ကြားသိခဲ့လိုက်ရ ပါတယ်။

ပထဆုံး တွေ့ရှိလိုက်၇တဲ့ ကုန်းဘောင်ခေတ် မြန်မာနိုင်ငံသမိုင်း အသံစာအုပ် ကို
အချိန် ၁နာရီကျော်ကြာ နားထောင်ခဲ့ ရတာ အချိန်ကုန်ရကျိုး အလွန်နပ် ခဲ့တယ်။

စာအုပ်တစ်အုပ်လုံးအစအဆုံးဖတ်ပြတာက
အချိန် ၇ နာရီ ၅၂ မိနစ် ၄၀ စက္ကန့် ကြာရှိပါတယ်.
မိမိဖတ်လိုရာအခန်းကို ရွေးထုတိပြီး အချိန် ပေး နားထောင်နိုင်ပါတယ်။
မငြီးမငြူ ချောမောစွာ အသံပြတ်သားစွာနဲ့ ဖတ်ပြသူကို ကျေးဇူးတင်ရပါတယ်.

ကမ္ဘာ ့ခေတ်သမိုင်းအဆက်ဆက်မှာ မဝေး လှသေးတဲ့ ၂၀ ရာစုမတိုင်မီ ၁၈ရာစု ၁၉ ရာ စု ခေတ် ကာလတွေက
ကုန်းဘောင် ခေ တ် မြန်မာနိုင်ငံ အကြောင်း အသံစာအုပ်ကို နားထောင်ပြီး
မိမိ ၏ ကိုယ်ပိုင် သုံးသပ် တွေ့ရှိခဲ့ ၊ ရရှိ ခဲ့ သည့် အမြင်များ ကို ဖေါ်ပြလိုက်ပါတယ်၊

သမိုင်းထဲက တွေ့ ရတဲ့ သင်ခန်းစာတွေပါ.
ခေတ်တွေကပြောင်းနေတာပါ
ယနေ့အချိန်အခါမှာ
နိုင်ငံတော်ပြည်အရေး တွေ အတွက်
အလုပ်မျိုးစုံ ဘာ တွေဘဲ လုပ်လုပ်
ပတ်ဝန်းကျင် ကမ္ဘာကြီးကို မလေ့ လာ မဆက်စပ်ဘဲ
မလုပ်သင့် ကြကြာင်း
အဓိက သုံးသပ် တွေ့ရှိ လိုက် ရပါတယ်။

ကုန်းဘောင်ခေတ် မြန်မာနိုင်ငံတော် အသံစာအုပ်မှ
မိမိ ကိုယ်တိုင် ကြားသိ တွေ့ ရှိ ရရှိ ခဲ့ လို က်သည့်
မိမိအမြင် သမိုင်းသင်ခန်းစာ အချို့ နဲ့ သုံးသပ် ရရှိချက်တွေ ကို အချုပ် ဖေါ်ပြ လိုက်ပါတယ် ။

၁။ နွားကွဲကျားကိုက်

၂။ လူမျိုးကြီးဝါဒ

၃ ။ ခေါင်းဆောင်မှု ညံ့ ဖျင်း အရည်အချင်း ညံ့ဖျင်း သည့် ခေါင်းဆောင်များ လက်ထက်တွင်
တိုင်းပြည် ဆုတ်ယုတ် ပျက်စီး ပါသည်

၄။ မြန်မာ့သမိုင်း ဖြစ်စဉ် မှာ
ကမ္ဘာအရေးနှင့်အတူ
အိမ်နိးချင်း နိုင်ငံများနှင့် ပါ အဓိက ဆက်သွယ် ရီုက်ခတ် နေပါသည် ဆက်စပ်နေ ပါသည်

၅။ ခေတ် တွေ အဆက်ဆက်ပြောင်းနေ ပေရာ
ခေတ် ပြောင်းတာကို ကို ရှု မြင် ခါ
အိမ်နီးချင်းနှင့်ကမ္ဘာ့နိုင်ငံများ နှင့် မိတ်ကောင်းဆွေကောင်းချစ်ကြည်ရေး ဖြင့်
လိမ္မာပါးနပ်စွာ နိုင်ငံအတွက်သာ အလေးထားအုပ်ချုပ်လျင်
မိမိနိုင်ငံ မိမိ ပြညိသူ များ နှင့်လိုက် လျောညီထွေစွာ
အုပ်ချုပ် နိုင်လျင်
တိုင်းပြည် ငြိမ်းအေးနိုင်ပါမည်

၆. ယနေ့ ကာလသည် လက်နက် ဖြင့် နယ်ချဲ့ နေကြသညိ့
ခေတ် တွေ မဟုတ် တော့ ပါ
ယနေ့ကမ္ဘာ မှာ ထူးထူးခြားခြား ချွင်းချက်မှာ
ရုရှာ’ကျူးကျော်စစ် သာအဓိကဖြစ်နေသည်

၇။ နည်းပညာတိုးတက်မှုများက တစ်ဟုန်ထိုးဖြစ်နေ ပါ ပြီ ။
ခေတ်တွေစနစ်တွေ ပြောင်းနေပါသည် ၊
၂၀ ရာစု နောက်ကြောင်းပြန် ခေတ်တွေမဟုတ်တော့ပါ
၂၁ ရာစု အင်တာနက်ခေတ် ယခင် ITမှ ယခု AI ခေတ် ၊ ပညာခေတ် နည်းပညာခေတ် ကြီး ဖြစ်နေပါပြီ

၈။ နယ် မြေများ မချဲ့ထွင် ကြသော်လည်း
နယ်မြေများကို ချယ် လှယ် လွမ်းမိုးနိုင်ရေး ကို နိုင်ငံကြီး အချို့က ယနေ့ခေတ်သစ် နည်းပညာသစ်များဖြင့် ကျိုးစားနေဆဲဖြစ်သည်.

၉။ ကမ္ဘာပေါ်ရှိ တိုင်းပြည်အုပ်ချုပ် သူ အများစုက
အမျော်အမြင်ကြီးစွာဖြင့် နိုင်ငံနေ ပြည်သူများအတွက်
စေတနာအပြည့်ဖြင့်
အတ္တစီးပွါးရေးအခြေမပြုဘဲ
နိုင်ငံတိုးတက် ကြီးပွါးရေး ကိုသာ အခြေခံခါ
အားထုတ် ကျိုးစားနေကြသည့်
ပြောင်းလဲနေသော ခေတ်သစ် ကမ္ဘာ ကြီး ဖြစ်နေပါပြီ.
ယနေ့ ဖွံ့ဖြိုး တိုးတက်နေသော နိုင်ငံကြီးများတွင် ပညာတတ် လူေတာ် ခေါင်းင်းဆောင် အများစုက မိမိနိုင်ငံ ရှေ့ တန်းရောက်ရေးကို အပြိုင်အဆိုင် ကြိုးစားနေကြသည်.

၁၀ ။လူကြီး လုပ်ချင် ကြသူ ခေါင်းဆောင် လုပ်ချ င်ကြသူများ
အဘို့ သမိုင်းတွေကို လေ့လာ သုံးသပ် ကြခါ ဖြစ်ခဲ့ မှားခဲ့ မှန်ခဲ့သော သမိုင်းသင်ခန်းစာများကို ထုတ် ယူ တတ်ကြ ဘို လိုကြောင်း တွေ့ရှိရသည် ။

၁၁။ နယ်ချဲ့ အာဏာ ရှင်ဗျိ တိသျှ ကိုလို နီတွေကို မြန်မာတစ် နိုင် ငံ လုံးက စုပေါင်း တိုက်ထုတ် ခဲ့ကြရာမှာ တိုင်းရင်းသားကိုယ်စားလှယ် တွေ အားလုံးက ပင်လုံ ညီလာခဲ ကြီး နောက်ဆုံးေခါ် ယူ တိုင်ပင်ပြီး နောက်ဆုံးအဆင့် လုံးဝ လွဝ်လပ်ရေး ရဘို့ကို စနစ်တကျနဲ့ အဆင့်ဆင့် ရုန်းကန် ကျိုးစား တိုက်ထုတ်ခဲ့ကြရ တာကို တွေ့ရပါတယ်. ။ ဘာမျှ အလွယ် မရပါဘူး ။ မြန်မာ့ လွတ်လပ် ရေး သမိုင်းတွေမှာ သင်ခန်းစာတွေ ဖေါ်ပြနေပါတယ်။ ကိုလိုနီခေတ် မြန်မာသမိုင်းမှာ ဗန်းမော် တင် အောင်က ရေးသားသုံးသပ်ထားတာတွေ နား ထောင် ရပါတယ် ။

သမိုင်းသင်တာ “ မ အ “ ’ အောင် လို့ဟု ပြောကြားခဲ့ သော
၂၀ ရာစု မြန်မာ သမိုင်းပညာရှ င် ဆရာကြီး ဒေါက်တာသန်းထွန်း၏ အဆိုအမိန့်ကို ဂု ဏ် ယူ လေးစား စွာဖြင့်

သမိုင်း သင်ခန်းစာများထုတ်ယူနိုင်ကြပါစေ ကြောင်း
ဆန္ဒပြုလျက်

အေးမြင့် (ညောင် တုန်း )
၁၀ – ၇-၂၀၂၃

ရည်ညွှန်း –
ဗန်းမော်တင်အောင်၏ မြန်မာနိုင်ငံသမိုင်းစာအုပ် မှ
ကုန်းဘောင်ခေတ် မြန်မာနိုင်ငံ တော် အသံစာအုပ်
( YouTube အသံဗီဒီယို ပူးတွဲ လျက် )
အောက်ပါပုံကို ကိုနှိပ်၍ဖွင့်နားထောင်နိုင်ပါသည် ။

https://youtu.be/Mti0f5B-UDQ
ကို အင်တာနက်စာမျက်နှာတွင် ရိုက်၍ ရှာဖွေနားဆင်နိုင်ပါသည်

ဗန်မော်တင်အောင် ၏ မြန်မာနိုင်ငံတော်သမိုင်း အသံစာအုပ်များ

ပုဂံ ခေတ်မတိုင်မှီမှ အစပြုခဲ့သော မြန်မာနိုင်ငံသမိုင်း( အစ/အဆံုး ) အသံဖိုင်များ

၁ ။ အခန်း ၁ – မြန်မာနိုင်ငံသမိုင်းကို လေ့လာခြင်း ။သမိုင်းဆိုသည်ကား အဘယ်နည်း

၂ ။ အခန်း ၂ – မြန်မာနိုင်ငံ၏ ပထဝီအနေအထား

၃ .။ အခန်း ၃ – ပုဂံ ခေတ် မြန်မာနိုင်ငံ သမိုင်း

၄။ အခန်း ၄ – အင်းဝနှင့် ဟံ သာဝတီ ခေတ်

၅ ။ အခန်း ၅ – တောင်ငူ နှင့် ညောင် ရမ်း ခေတ်

၆ ။ အခန်း ၆ – ကုန်းဘောင် ခေတ်

၇ ။ အခန်း ၇ – ကိုလိုနီ ခေတ်

၈ ။ မြန်မာနိုင်ငံတော်သမိုင်း အစ အဆုံး အသံစာအုပ်