ကိုအံ့ကြီး ၊ မြန်မာသံစဉ် ရေဒီယိုသီချင်းများ ။

https://m.soundcloud.com/akmoe-uk/sets/ko-ant-gyi-selection

အံ့ကြီး၊ ကို

ဝီကီပီးဒီးယား မှ

မာတိကာ

အစပိုင်း

• ငယ်ဘဝ

• မိသားစု
Toggle မိသားစု subsection

• မွေးချင်းများ

• သားသမီးများ
ဘဝနိဂုံး

• သီဆိုခဲ့သော သီချင်းများ

• ကိုးကား

ကိုအံ့ကြီး

ကိုယ်ရေး အချက်အလက်များ

မွေးဖွား

ဇွန် ၁၇၊ ၁၉၂၃

ကွယ်လွန်

ဇွန် ၂၃၊ ၂၀၁၇ (အသက် ၉၄)

အလုပ်အကိုင်

တေးသံရှင်

ကိုအံ့ကြီးသည် မြန်မာတေးသံရှင်တစ်ဦး ဖြစ်သည်။ ကိုအံ့ကြီးသည် မန်းတောင်ရိပ်ခို သီချင်းကို ပထမဦးဆုံး သီဆိုသူ ဖြစ်သည်။ ရန်ကုန်မြို့ ဘီတီဘရားသား မိသားစု တီးဝိုင်းနှင့် အသံသွင်းသည်။

မန္တလာမြင့်၏ အကျော်ကြားဆုံးတေးတစ်ပုဒ် ဖြစ်သော ရွှေဘိုသနပ်ခါး သီချင်းကို ရန်ကုန်သူ အမည်ဖြင့် ပြန်လည်သီဆိုခဲ့သည်။

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် အနုပညာရှင်များမှ သူ၏ဝါသနာ၊ ဂီတအနုပညာကို လေးစားဂုဏ်ပြုသောအားဖြင့် ပေးအပ်ချီးမြှင့်ခဲ့သော မြန်မာဂီတထူးချွန်ဆုကြီးကို ရရှိခဲ့သည်။

ငယ်ဘဝ

ဖခင်ဖြစ်သူ ချင်းတွင်းနယ်မြေ သစ်တောဝန်ထောက် ဦးကေကေ (ခ) ဘာတာချာဂျီ နှင့် မိခင်ဖြစ်သူ ဒေါ် ဝင်း တို့မှ ၁၉၂၃ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ဖွားမြင်သည်။

အစ်ကိုကြီး ဦးဘတူက ပြင်ဦးလွင်ရှိ ကော်ဖီခြံကို ဝယ်ယူကာ ခြံလုပ်ငန်းကို စတင်လုပ်ကိုင်သည်။ ယင်းလုပ်ငန်းကို မောင်နှမများ စုပေါင်းလုပ်ကိုင်ရာမှ ဘတူနှင့်ညီအစ်ကိုများ အစုစပ်ကုမ္ပဏီကို ထူထောင်ခဲ့ပြီး နောင်တွင် BT Brother Co. ဟူ၍ ဖြစ်လာသည်။

ဘီတီဘရားသား စတူဒီယိုကို တည်ထောင်သောအခါ ဦးဘသိန်းက အသံဖမ်းအင်ဂျင်နီယာအဖြစ် လုပ်ကိုင်သည်။

ဂျပန်ခေတ်ကို ဖြတ်သန်းခဲ့သူဖြစ်ရာ ဂျပန်စကားကို ပိုင်နိုင်စွာ ပြောဆိုနိုင်သည့်အပြင် အင်္ဂလိပ်၊ မလေး၊ အင်ဒို၊ တရုတ်၊ အိန္ဒိယနှင့် အီတလီစကားများကိုလည်း ပြောဆိုနိုင်သည်။

၁၉၅၀ ပြည့်နှစ်တွင် အင်ဒို ခရီးစဉ်၊ ၁၉၅၃ ခုနှစ်တွင် ဂျပန် ခရီးစဉ်၊ ၁၉၆၀ ပြည့်နှစ်တွင် တရုတ် ခရီးစဉ် စသော ချစ်ကြည်ရေးခရီးစဉ်များ၌ နိုင်ငံတော်ဝန်ကြီးများနှင့် လိုက်ပါကာ မြန်မာသံစဉ်ကို လိုက်ပါသီဆိုပေးခဲ့သည်။

၁၉၆၁ ခုနှစ်၊ ရန်ကုန်မြို့၌ ကျင်းပသော မြန်မာ-အမေရိကန် ချစ်ကြည်ရေးဂီတပွဲတော်တွင်လည်း သီဆိုခဲ့သေးသည်။

မိသားစု

မွေးချင်းများ

• ဦး ဘတူ

• ဦး ဘသိန်း

• ဦး ဘဖြူ

• ဒေါ် မြခင်

သားသမီးများ

• ဦး ရေချမ်း

• ဦး ချမ်းပို

• ဒေါ် ခင်မေအံ့ကြီး

ဘဝနိဂုံး

၂၀၁၇ ခုနှစ် ဇွန် ၂၃ ရက်နေ့၊ ည ၉:၂၅ မိနစ်တွင် ရန်ကုန်မြို့၊ ပါရမီ အထွေထွေရောဂါကုဆေးရုံ၌ နှလုံးရောဂါကြောင့် ကွယ်လွန်သည်။[၁] တိမ်းပါးချိန်၌ ဇနီးဖြစ်သူတွင် သားနှစ်ယောက်၊ သမီးတစ်ယောက် ကျန်ရစ်သည်။

သီဆိုခဲ့သော သီချင်းများ

ဤစာရင်းသည် မပြည့်စုံသေးပါ။ သင်မှ ဖြည့်စွက်ရေးသားခြင်းဖြင့် ကူညီနိုင်ပါသည်။

1. ယဉ်တစ်ကိုယ်မယ်

2. အောင်ပင်လယ်

3. ကသစ်ပန်း

4. မန်းတောင်ရိပ်ခို

5. လှကြစမ်းဗျာတို့

6. စိမ့်ကြီးမြိုင်ကြီး

7. တူရိယာလုလင်

8. တူရိယာလုံမေ

9. မိုး

10. မြနန္ဒာ

11. ရန်ကုန်သူ

12. ဝန္ဒေမာတရံ

13. ဗျော

14. စိမ်းလဲ့ကန်သာ

15. တစ်မိုးသစ်လေသောအခါ

16. လူချွန်လူကောင်း

17. သုံးရာသီ

18. ပြုံးတုံ့လှည်

19. ရက်မြတ်သင်္ကြန်

20. ကိုယ့်ဒူး ကိုယ်ချွန်

21. သူနဲ့သာ

22. ဖူးစာ

23. ဘဝသခင်

24. လှသွေးရည်

25. တေးလုလင်

26. ရွှေမင်းဂံ

27. မြိုင်ဟေမဝန်

28. စစ်ကိုင်းတောင်

29. ကျေးရွာဝါဒ

30. ချစ်သောသူတို့

31. မေ့ပါနိုင်

32. ပန်းပုသူဇာ

33. အသည်းပန်းသခင်

34. သူကလေး

35. ကိုယ့်အသက်ရှည်သမျှပါ ခင်

36. မိန်ရာသီ

ကိုးကား

1. လင်းလင်းခိုင် (၂၄ ဇွန် ၂၀၁၇)။ လူချွန်လူကောင်း၊ ယဉ်တစ်ကိုယ်မယ် အပါအဝင် ထင်ရှားသည့် တေးသီချင်းများစွာ သီဆိုခဲ့သူ မြန်မာဂီတပညာရှင် တေးသံရှင် ဦးအံ့ကြီး ဇွန်လ ၂၃ ရက် ညပိုင်းတွင် ရန်ကုန်မြို့ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးတွင် ကွယ်လွန်The Daily Eleven။ ၂၄ ဇွန် ၂၀၁၇ တွင် ပြန်စစ်ပြီး။

ကဏ္ဍများ: မပြည့်စုံသေးသည့် စာရင်းများ၁၉၂၃ မွေးဖွားသူများ၂၀၁၇ ကွယ်လွန်သူများမြန်မာ အမျိုးသား အဆိုတော်များ

ဤစာမျက်နှာကို ၃၁ မေ ၂၀၂၃၊ ၀၄:၁၃ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။