
မြန်မာအကကို ကြည်ရှု့သူတွေ မျက်နှာ မလွှဲအောင် ကပြတတ် မှုကြောင့်
နာမည်ကြီး နေတဲ့ ဆရာမလေး ခိုင်မာလွင် ဗွီဒီယို
December 31, 2020 by Myanmar Thadin
ဆရာမခိုင်မာ လွင်ကတော့ အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်က ဆရာမတစ်ဦး ဖြစ်ပြီး မြန်မာရိုးရာအကဗွီဒီယိုလေး ရိုက်ကာ လူမှုကွန် ရက်မှာ မျှဝေလေ့ရှိသူပါ။ မြန်မာအကဆို ပျင်းစရာကြီးလို့ သတ်မှတ် ထားကြသူတွေတောင် ဆရာမရဲ့ အချိုးအစား ကျကျ ကတတ်မှု၊ မျက်နှာအမူအရာလေးတွေကြောင့် ကြည့်ရှုသူတော်တော်များများ သဘောကျကာ ဝန်းရံ အားပေးမှုရရှိခဲ့တယ်လို့ ဆိုရမှာပါ။ ပရိသတ်ကြီးရေ… မြန်မာအကတွေကို တန်ဖိုးထားလေးစားသလို နောက်မျိုးဆက် တွေကိုလက်ဆင့်ကမ်းပြန်လည်မျှဝေပေးနေတဲ့ ဆ ရာမခိုင်မာလွင်ရဲ့ ကြည့်ရှုသူ တစ်သန်းနီးပါးအားပေးခဲ့တဲ့ အကဗွီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေး လိုက်ပါတယ်။တိုင်းတစ်ပါး ယဉ်ကျေး မှုတွေ အများဆုံး စိမ့်ဝင် လာတဲ့ နှစ်ဆယ့် တစ်ရာစု ခေတ်ကြီး ထဲမှာ

ခေတ်ပေါ်အကတွေကို စိတ်ဝင်တစား သင်ယူနေသူတွေများ လာပေမယ့် မြန်မာ့ရိုးရာယဉ်ကျေးမှုအကတွေကို စိတ်ဝင်တစား သင်ယူမယ့် သူတွေကတော့တဖြည်းဖြည်းရှားလာပြီလို့ ဆိုရမှာပါ ဒါပေမယ့် ခေတ်သစ် ပညာရေးစနစ်အရ အခြေခံပညာ ကျောင်းတွေမှာ အခြေခံ က ဗျာလွတ်အက နဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုအကတွေကို သင်ကြားဖို့ သတ်မှတ်လိုက် တာကတော့ တကယ်ကို ဝမ်းသာစရာပါ မြန်မာအကကို တကယ်တတ်ကျွမ်းလိမ္မာစွာ ကတတ်သူတွေရှား လာတဲ့ ခေတ်ကြီးထဲမှာတော့ လတ်တလော လူမှုကွန်ရက်ပေါ်မှာ မြန်မာ အကတွေ နဲ့ နာမည်ကြီး လာသူကတော့ ဆရာမခိုင်မာလွင်ပါ

အခု နောက်ပိုင်း မြန်မာ အက ကို လူကြီးလူငယ် စိတ်ဝင်စား လာပြီး သင်ယူလေ့လာနေကြတော့ အရမ်းဂုဏ်ယူတယ်
မြန်မာအက အခြေ ခံ ကို စတင်ပြီး ဖော်ထုတ်ခဲ့တဲ့ ပညာရှင်တွေကို အရမ်းလေးစားတယ်
မြန်မာ အက ကို ဒီထက်ပိုပြီး ပရိသတ်တွေ သိလာအောင် တန်ဘိုးထားလာအောင်ကြိုးစားသွားမှာလို့လည်း မြန်မာအကဆရာမ ခိုင်မာလွင်က ဆိုပါတယ်

၁ ။ ဆောင်းအမီ ( စိုးစန္ဒာ ထွန်း)
၂။ ချစ်သူ ဝိုင်းဝိုင်းလည် ( နီနီ ဝင်းရွှေ )
၃ ။ ရတနာပုံ။ ( မြန်မာပြည် သိန်းတန် )
၄။ မန္ထလာကိုကို မန္တလေးသူ ရန်ကုန်ကုန်သူ
၅။ ပင်တိုင်စံ ၊ ( ဆို အိအိချွန် )
၆။ အောင်ဗလ အလွမ်း ပြေ ။
၇။ တောသူအချစ်
၈ ။ ချစ်သူ ဝိုင်းဝိုင်း လည် ။
၉ ။ ကခြေသည် .။ ( နီနီဝင်း ရွှေ)

၁၀ ။ စိန်နားကပ်ကြီးပန်ရမလို ( နီနီဝင်း ရွှေ )


