၁။ စိန်မွတ္တား ( မန္တလေး)

စိန်မွတ္တား
ဝီကီပီးဒီးယား မှ
Contents hide
• Beginning
• ငယ်ဘဝ
• ပညာရေး
• အနုပညာဘဝ
• နိဂုံး
• ကိုးကား
စိန်မွတ္တား (၇၀ နှစ်) သည် မြန်မာနိုင်ငံမှ ဆိုင်းပညာရှင် ဖြစ်သည်။
ငယ်ဘဝ
စိန်မွတ္တားကို ဖခင် ဦးဘသောင်း နှင့် မိခင် ဒေါ်သောင်းကြည်တို့မှ ၁၃၁၄ ခုနှစ် ဝါခေါင်လဆန်း ၂ ရက် (၁၉၅၂ ဇူလိုင်လ ၂၃ ရက် ဗုဒ္ဓဟူး) နေ့ က မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ မွေးချင် (၈) ယောက်တွင် ဒုတိယမြောက် ဖြစ်သည်။ [၁]
ပညာရေး
အသက် (၁၄) နှစ်တွင် မြန်မာ့ဆိုင်းပညာကို စတင် သင်ယူခဲ့သည်။ လက်ဦးဆရာများမှာ ပန်တျာဆရာတိုင်းချစ်စိန်၊ ဦးစိန်မောင်လွင်၊ စိန်ဗိုလ်တင့် စသူတို့ဖြစ်သည်။
အနုပညာဘဝ
သာသနာရေးဝန်ကြီးဌာန နှင့် အဆို အက အရေး အတီး ကော်မတီ တို့ ပူးပေါင်းကျင်းပသော ဒုတိယအကြိမ် ဖိတ်ခေါ် ဓမ္မတေးပြိုင်ပွဲတွင် ပညာရှင်အဆင့် အတီး ရွှေတံဆိပ်၊ အရေး ရွှေတံဆိပ်တို့ ရရှိချိန်တွင် စတင် လူသိများလာခဲ့သည်။ နောက်ပိုင်းတွင် ပြိုင်ပွဲစုံမှ ဆုတံဆိပ်များစွာရရှိခဲ့ပြီး နိုင်ငံကျော် ဆိုင်းဆရာတဦးဖြစ်လာခဲ့သည်။ ၂၀၀၄ ခုနှစ်က ပန်းဒဏ္ဍာရီဇာတ်ကားဖြင့် ရုပ်ရှင်တေးဂီတဆု၊ ၂၀၀၇ ခုနှစ်ဝယ် ကိုးဆယ်ဆသာလိမ့်မည်ဇာတ်ကားဖြင့် ရုပ်ရှင်တေးဂီတဆု တို့ကို ရရှိခဲ့သဖြင့်လည်း နိုင်ငံကျော် ဆိုင်းပညာရှင်ကြီး ထပ်ဆင့်အကယ်ဒမီ ဂီတစာဆို စိန်မွတ္တားဟု ထင်ရှားသည်။
အမျိုးသား ယာဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) က ဂုဏ်ထူးဆောင် ဝိဇ္ဇာ ဘွဲ့ ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။ အဆိုပါ တက္ကသိုလ်တွင် ဂုဏ်ထူးဆောင် ဧည့်သည်တော် ပါမောက္ခအဖြစ် မကွယ်လွန်မီအထိ တာဝန်ထမ်းဆောင်ခဲ့သည်။
နိဂုံး
၂၀၂၁ ဇူလိုင် ၂၄၊ ဝါဆိုလပြည့်ကျော် ၁ ရက် စနေ နံနက် ၈ နာရီတွင် မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံတွင် ဆေးကုသမှု ခံယူရင်း အသက် ၇၀ အရွယ်၌ ကွယ်လွန်သည်။[၂][၃]
ကိုးကား
1. https://www.youtube.com/watch?v=22eKBq4E9fk
2. http://burmese.dvb.no/archives/476991
3. https://burma.irrawaddy.com/lifestyle/entertainment/2021/07/24/244474.html
• ကဏ္ဍများ: ၂၀၂၁ ကွယ်လွန်သူများမြန်မာ ဂီတပညာရှင်များ
• ဤစာမျက်နှာကို ၂၀ ဧပြီ ၂၀၂၃၊ ၀၆:၄၈ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။


Published By DVB | 24 July, 2021
ဆိုင်းပညာရှင်ကြီး စိန်မွတ္တား၊ မဟာရန်ကုန် ဂျက်စတင်းတို့ ကွယ်လွန်

ဆိုင်းပညာရှင်ကြီး အကယ်ဒမီ စိန်မွတ္တား၊ မဟာရန်ကုန် ဂျက်စတင်းတို့ဟာ ခုရက် ပိုင်းတွေမှာပဲ ဆက်တိုက်ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံကျော် ဂီတစာဆို၊ ထပ်ဆင့်အကယ်ဒမီ အသက် ၇၀ အရွယ် ဆိုင်းဆရာကြီး စိန်မွတ္တားကတော့ ဒီကနေ့ ဇူလိုင် ၂၄ ရက် မနက် ၈ နာရီလောက်က မန္တလေးမြို့က ပုဂ္ဂလိက ဆေးရုံတခုမှာ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့တာဖြစ်ပြီး မဟာရန်ကုန် ဂျက်စတင်းကတော့ မနေ့ညက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ဆိုင်းပညာရှင်တယောက်ဖြစ်တဲ့ စိန်ဒူးဝါးကတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလိုရေးသားမျှဝေထားပါတယ်။
“မနေ့က နိုင်ငံကျော် မဟာရန်ကုန် ဂျက်စတင်း… ဒီနေ့ နိုင်ငံကျော် မန္တလေးက ထပ်ဆင့် အကယ်ဒမီ ဂီတစာဆို အကို စိန်မွတ္တား… လူလောကက ထွက်ခွာသွားကြပြီ… နောက်ဆုံးခရီး လိုက်ပါပို့ဆောင်ခွင့်တောင်မရပါလား… မိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲရပါတယ် ကောင်းရာသုဂတိလားကြပါစေ… သေခြင်းတရားကို မလွန်ဆန်နိုင်လို့ ကိုယ့် အလှည့်ဘယ်တော့လည်း စောင့်နေကြရတာပါလား”
ဆိုင်းပညာရှင်ကြီး ဦးစိန်မွတ္တားဟာ ၂၀၀၄ ခုနှစ်က ပန်းဒဏ္ဍာရီ ဇာတ်ကားနဲ့ ရုပ်ရှင်တေးဂီတဆု၊ ၂၀၀၇ ခုနှစ်က ကိုးဆယ်ဆ သာလိမ့်မည် ရုပ်ရှင်ဇာတ်ကားမှာ ရုပ်ရှင်တေးဂီတဆု တို့ကို ရရှိခဲ့ပါတယ်။
ဒီနာရေးသတင်းနဲ့ ပတ်သက်ပြီး ချစ်ခင်ရတဲ့ အနုပညာရှင်တွေ သေဆုံးမှုအတွက် ပရိသတ်တွေကတော့ အနုပညာရှင်တွေကပါ ဝမ်းနည်းစိတ်မကောင်းကြောင်း မျှဝေရေး သားနေကြတာကို တွေ့ရပါတယ်။
TAGSကွယ်လွန်ဂျက်စတင်းစိန်မွတ္တား