မြန်မာမှု၊ မြန်မာ့ တေးဂီတ နှင့် မြန်မာ့ ယဉ်ကျေးမှု ဂီတကောင်စီ နှီးနှောဖလှယ်ပွဲ ( မန္တလေး မြို့ ၁၉၆၃)

(က) မြန်မာမှုနှင့် တေးဂီတ

၁။ ရွှေ ပြည် ဦးဘထတင်

၂။ ပါ မော က္ခ ဦးချမ်းမြ

၃။ လူထု ဦးလှ ၊ ရှေ့ နေ ဦးလှ ညွန့်

( ခ ) ဂီတ နှင့် မြန်မာ့ ယဉ် ကျေး မှု

၄ ။ ဦး မောင် မောင်တင်

၅ ။ ကထိက ဒေါ် စီစီဝင်း

၆ ။ ဦးဘသင် ( မြန်မာ ညွန့် မဟာဂီတ )

( ဂ ) ခေတ်ပေါ် မဟာဂီတ တိုးတက် မြှင့်တင် ရေး

၇ ။ ဦး ကြည်မြ

၈ ။ တက္ကသိုလ် ဘုန်းနိုင်


Contents ဆွေးနွေး ဟောပြော သူ ပညာရှင် ကြီးများ အထုပတ္တိ အကျဉ်း ။

၁ ။ ဘတင်၊ ဦး (ရွှေပြည်)

ဝီကီပီးဒီးယား မှ

ရွှေပြည်ဦးဘတင်

ရွှေပြည်ဦးဘတင်သည် ထင်ရှားသော နိုင်ငံသမိုင်းပညာရှင်၊ မြန်မာစာ၊ မြန်မာမှု ပညာရှင်ကြီးတစ်ဦး၊ စာဟောဆရာကြီး ဖြစ်သည်။ မန္တလေး၏ မဟာဂီတ ပညာရှင်ကြီး တစ်ဦးလည်း ဖြစ်သည်။

ဆရာကြီးသည် တက္ကသိုလ်ဘွဲ့ရ ပညာရှိကြီးတစ်ဦး မဟုတ်ပါ။ သို့သော် ဆရာကြီး၏ ပညာအရည်အချင်းကြောင့် မန္တလေး အမျိုးသားကျောင်းဆရာ၊ မန္တလေး ဆရာအတတ်သင် ကျောင်းဆရာ၊ မန္တလေး ပန်တျာကျောင်းအုပ်၊ သမိုင်းသုတေသီ စသည့် အစိုးရခန့် ပညာရှင်အလုပ်များကို တာဝန်ယူခဲ့ရပြီး တက္ကသိုလ်ဆရာများကို မြန်မာစာ၊ မြန်မာမှု၊ မြန်မာရာဇဝင်များ ပို့ချဟောပြောပေးခဲ့ရသော ဆရာကြီးတစ်ဆူပင်ဖြစ်သည်။ 

မန္တလေးတက္ကသိုလ် ရှိ “အေဝမ်း” ခန်းမကြီးတွင် တစ်ပတ်တစ်ခါ ဆရာကြီး ပို့ချဟောပြောပေးသောအခါ မြန်မာစာ ပါမောက္ခများ၊ မြန်မာစာကထိကများက ကျိုးကျိုးနွံနွံနှင့် လိုက်လံနာကြား ရေးမှတ်ကြရသည်။ ဟောပြောသည့် အကြောင်းအရာများသည် ပုံနှိပ်စာအုပ်တွေ၊ ပေပုရပိုက်များထဲကသာမက ရှေးလူကြီးများ ကျန်ကောင်း ကျန်ရာ ကျန်ခဲ့သည့် နန်းတွင်း ပညာရှိကြီးများ၏ မှတ်သားပြောဆိုချက်များလဲ ပါရှိသည်။ ဆရာကြီးသည် အသားညို၍ ဥပဓိရုပ်ခန့်ညားသည်။ ခေါင်းပေါင်းစွပ်ထားပြီး တိုက်ပုံအင်္ကျီ အမြဲဝတ်လေ့ရှိသည်။ လည်တွင် ပုဝါရှည်တစ်ခု အမြဲပတ်ထားလေ့ရှိသည်။ မျက်လုံးမှေးပြီး ပြောဟောလေ့ရှိပေမယ့် မျက်နှာထိ မျက်နှာထား၊ အသံနေ အသံထား၊ မှင်မောင်း ကောင်းလှသောကြောင့် စာနာသည့် ပရိသတ်သည် မငြီးနိုင်ဘဲ အစအဆုံး နာယူမှတ်သားလေ့ ရှိသည်။ 

နန်းဓလေ့ မန်းဓလေ့များကို ပြောပြရာတွင် နန်းတွင်းသူ နန်းတွင်းသားများကို ထင်ယောင် မြင်ယောင်မိပြီး ငေးမော နားထောင်ကြရသည်။ တခါတရံ ရှေးသီချင်းကြီးများကို အသံနေ အသံထားနှင့် စည်းဝါးကိုင်ပြီး သီဆိုပြတာမျိုးလဲ ရှိသည်။ 

ဂီတမှာ ဘယ်လောက် အစွဲတကြီး လေးစားသလဲဆိုလျှင် သူ့သားများအားလုံးကို မြန်မာယောက်ျားတိုင်း ပတ္တလား တီးတတ် ရမယ်၊ ပန်းချီ ဆွဲတတ်ရမယ်ဆိုပြီး ကိုယ်တိုင် သင်ပေးလေ့ ရှိသည်။ ပြီးလျှင် သူလေးစားသော ဂီတပညာရှင်ကြီးများဆီတွင် ဆက်လက်အပ်နှံ သင်ယူစေသည်။ ဆရာမြို့မငြိမ်းနှင့် အတွဲဖြစ်သော ပန်းချီကျော် ဦးဘသက်သည် ဂီတပညာရှင်လဲဖြစ်ပြီး တယောထိုး ကျွမ်းပါသည်။ ထိုဆရာများဆီကိုလဲ ဆရာကိုယ်တိုင် သားများကို အပ်နှံခဲ့သည်။

ဆရာရွှေပြည်သည် ကိုလိုနီခေတ်၊ မန္တလေး မျိုးချစ်နိုင်ငံရေး ခေါင်းဆောင်များထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ နိုင်ငံရေး တရားဟောရာမှာ ဦးတိုး ရာမရကန်ထဲမှ သဇင်ပန်းဘွဲ့ကို ဌာန်နှင့်မာန်နှင့် သီဆိုဟောပြော လေ့ရှိပြီး ပရိသတ်က ညစဉ်မပြတ် တခဲနက် အားပေး နားထောင်ကြ၍ ညပေါင်း ၁၄၀ တိတိ ရှိသောအခါ အင်္ဂလိပ်အရေးပိုင်က အမိန့်ထုတ်တားမြစ်ရပြီး ရပ်လိုက်ရတော့သည် ဟုဆို၏။

ဂျပန်များ အောက်မြန်မာပြည်မှ မထွက်သေးခင် အင်္ဂလိပ်စစ်တပ်လဲ မန္တလေးကို အခြေမချသေးခင် ဦးရာဇတ်နှင့် လူထုဦးလှတို့က အထက်ဗမာနိုင်ငံ ဖဆပလအဖွဲ့ချုပ်ကို ဖွဲ့သည်။ ရန်ကုန်တွင် ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလအဖွဲ့ချုပ်ဖွဲ့သောအခါ ကိုယ်စားလှယ် ၁၀ ဦး တောင်းရာမှာ ဆရာရွှေပြည်ဦးဘတင် ပါခဲ့သည်။ လူထုကြည်ညိုသော နိုင်ငံရေးသမားအဖြစ် ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလဲ အထူးလေးစား၍ ပြည်တွင်းစစ်ဖြစ်စက ငြိမ်းချမ်းရေးလုပ်ငန်း ဆောင်ရွက်ရာမှာ ဆရာရွှေပြည်ကိုပဲ ကော်မတီဝင်အဖြစ် ထည့်သွင်းခဲ့ဖူးပါသည်။ ကျန်းမာရေးမကောင်း၍ ဆက်လက် မလုပ်နိုင်ခဲ့ရှာပါ။

ဆရာကြီးရွှေပြည်ဦးဘတင်၏ တပည့်ရင်းချာများက အမျိုးသားကျောင်းထွက် လူထုဒေါ်အမာ၊ ဗိုလ်ခင်မောင်ကလေး စသူတို့ပဲ ဖြစ်သည်။ စာဖတ်ရာ၊ သီချင်းဆိုရာ၊ စကားပြောရာများတွင် ဌာန်ကရိုဏ်း ပယတ်တို့ကို အထူးသတိထားကြောင်း သိရသည်။

မန္တလေး၊ ဓမ္မဗိမာန် စာဆိုတော်နေ့ ဟောပြောပွဲမှ အပြန် ထုံးစံအတိုင်း ပတ္တလား ခေါက်ပြီး အထလိုက်မှာ ပတ္တလားအစွန်းကိုကိုင်ရင်းလဲကျပြီး ဆရာကြီး ကွယ်လွန်သွားခဲ့ရှာပါသည်။ [၁] ရွှေပြည်ဦးဘတင်၏ သားမှာ ဒါရိုက်တာ ဝင်းဖေ ဖြစ်ပြီး မြေးမှာ မီမီဝင်းဖေ ဖြစ်သည်။ 

အခြားကြည့်ရန်

မြန်မာ့စာဆိုရွှေပြည်ဦးဘတင်

ကိုးကား

  1.  မောင်စွမ်းရည်

ကဏ္ဍ

၂။ ပါ မောဥ ဦးချမ်းမြ ။ မြကေတု

ဝီကီပီးဒီးယား မှ

MyaKTu.jpg

မြကေတုမွေးဖွားချမ်းမြ
နိုဝင်ဘာ ၂၃၊ ၁၉၀၈
တောင်ငူမြို့၊ ပဲခူးတိုင်းကွယ်လွန်ဇန်နဝါရီ ၂၄၊ ၁၉၉၇(အသက် ၈၈)
မန္တလေးနိုင်ငံလူမျိုး မြန်မာအခြား အမည်များယုဇန၊ ဦးချမ်းမြအလုပ်အကိုင်စာရေးဆရာ၊ တက္ကသိုလ်ပါမောက္ခမိဘ(များ)ဦးဘိုးရင် + ဒေါ်စိန်း

မြကေတု သည် မြန်မာနိုင်ငံသား မြန်မာစာပညာရှင်၊ တက္ကသိုလ်ပါမောက္ခ၊ စာရေးဆရာတစ်ဦးဖြစ်သည်။ အမည်ရင်းမှာ ချမ်းမြ ဟုတွင်၍ မြကေတုအမည်ဖြင့် စာပေများရေးသားကာ ယုဇန၊ ဦးချမ်းမြ ကလောင်အမည်များဖြင့်လည်း အသုံးပြုသည်ရှိ၏ ။

ကိုယ်ရေးအကျဉ်း

တောင်ငူ မြို့၌ အဖ ကုန်သည်ကြီး ဦးဘိုးရင်၊ အမိ ဒေါ်စိန်း တို့က ၁၉၀၈ ခု နိုဝင်ဘာ ၂၃ ရက် (သုတေသန စာစဉ် သမိုင်းတွင် ၁၉၁၂ ခု ဒီဇင်ဘာ ၁၈ ရက်ဟု ဖော်ပြ) နေ့တွင် ဖွားမြင် ခဲ့သည်။ အမည်ရင်းမှာ ဦးချမ်းမြ ဖြစ်သည်။

တောင်ငူမြို့ စံကျောင်း ဆရာတော် ထံတွင် စတင် ပညာ သင်ယူ ခဲ့သည်။ ၁၉၃ဝ ပြည့်နှစ်တွင် ဆယ်တန်း စာမေးပွဲကို ရာဇဝင် ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင် ခဲ့သည်။ ၁၉၃၅ ခု မတ်လတွင် မြန်မာစာ ဂုဏ်ထူးတန်းကို ပထမဆင့် ဒုတိယတန်းမှ အောင်မြင် ခဲ့သည်။ ၁၉၃၇ တွင် မဟာ ဝိဇ္ဇာတန်းကို ဂုဏ်ထူးဖြင့် အောင်မြင် ခဲ့ပြန်သည်။

၁၉၃၅ တွင် ဝိဇ္ဇာဂုဏ် ထူးတန်း အောင်မြင် ပြီးနောက် ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာနတွင် ချိန်ဝက် နည်းပြ ဆရာ အဖြစ် စတင် အမှု ထမ်းခဲ့သည်။ နည်းပြ ဆရာ (၁၉၃၇)၊ ဂန္ဓလောက မဂ္ဂဇင်း မြန်မာစာပိုင်း အယ်ဒီတာ (၁၉၃၈)၊ သထုံ အဆောင်မှူး (၁၉၄၂)၊ စေတနာ့ ဝန်ထမ်း တက္ကသိုလ် လေကြောင်း အချက်ပေး ဝါဒင် (၁၉၃၃ – ၄၂)၊ မန္တလေး တက္ကသိုလ် မြန်မာစာဌာန ကထိက (၁၉၅၁)၊ ၁၉၅၈ တွင် မန္တလေး တက္ကသိုလ် မြန်စာဌာန ပါမောက္ခ ဖြစ်ခဲ့ပြီး ၁၉၇၃ တွင် အငြိမ်းစား ယူခဲ့သည်။

၁၉၃ဝ ပြည့်လွန် နှစ်များ ကတည်းက ‘မြကေတု’ ကလောင် အမည်ဖြင့် ကဗျာ၊ ဆောင်းပါးများ စတင် ရေးခဲ့သည်။ တောင်ငူ ရာဇဝင် အကျဉ်းချုပ်နှင့် ဘုရား သမိုင်း (၁၉၆၂)၊ ယုဇနမာလာ ကဗျာများ (၁၉၆၅)၊ နန်းဓလေ့ မှတ်တမ်း (၁၉၆၆)၊ စာပေ တန်ဆောင် (၁၉၆၇)၊ အချုပ်တန်း ဆရာဖေ (၁၉၇၇)၊ သီလရှင် ထိပ်သား (၁၉၇၉)၊ နတ်ရှင်နောင် ဘဝနှင့် ပတ်ဝန်းကျင် (၁၉၈၅)၊ တက္ကသိုလ် စာပေ တန်ဆောင် (၁၉၉၄)၊ နှောင်းခေတ် တက္ကသိုလ် မှတ်တမ်းများ (၁၉၉၅) စသည် တို့ကို ရေးသား ခဲ့သည်။

‘ဦးချမ်းမြ’ အမည်ရင်းဖြင့် မြန်မာနိုင်ငံ သုတေသန အသင်း အတွက် နတ်ရှင်နောင် ရတုများ (၁၉၄ဝ)၊ ဦးယာ၏ ဆယ့်နှစ် ရာသီ လူးတား (၁၉၄၁)၊ ကဗျာယဉ် စာယဉ် လက်ရွေးစင် (၁၉၅၈ – ၁၉၆၁) စာအုပ် များကို တည်းဖြတ် ပြုစု ခဲ့သည်။ သခင်ထွေး ဧချင်းကို တည်းဖြတ် ပြီးခဲ့ သော်လည်း ပုံနှိပ်တိုက်တွင် စာမူ ပျောက်ဆုံး ခဲ့သောကြောင့် စာအုပ် မဖြစ်မြောက် ခဲ့ပေ။

ကလောင် အမည်ခွဲ တခုမှာ ‘ယုဇန’ ဖြစ်၏။ ၁၉၈၁ တွင် နိုင်ငံ့ ဂုဏ်ရည်ဘွဲ့ (ဒုတိယဆင့်) ရရှိ ခဲ့သည်။

ဘဝနိဂုံး

၁၉၉၇ ခု ဇန်နဝါရီ ၂၄ ရက်နေ့တွင် မန္တလေးမြို့၌ ကွယ်လွန် ခဲ့သည်။[၁]

စာပေအငြင်းပွားမှုပြဿနာ

၁၉၄၃ တွင် မြန်မာနိုင်ငံသုတေသနအသင်းမှ စီစဉ်ကာ ပါမောက္ခဦးဖေမောင်တင်နှင့် ဆရာပွားတို့က ဦးကုလား၏ မဟာရာဇဝင်ကို ထုတ်ဝေခဲ့ရာ အခန်းတစ်ခုတွင် 

ရွှေဖျဉ်းညီနောင်တို့ ညဉ့်အခါ ဦးတည်ဘွားနန်းသို့ဝင်၍ ဦးတည်ဘွား ရေစက်နှင့်အိပ်သည်ကို ရေကိုကုန်အောင် ပန်တူဖြင့် ရေစုပ်သည်။

ဟူသော စာတစ်ပိုဒ်ပါဝင်လေပြီး အောက်ခြေမှတ်စုတွင် “ပန်တူ” ဟူသည် “ရေစုပ်သော ကိရိယာ” အဖြစ်ပေးထားသည်။ ထိုအချက်နှင့်ပတ်သက်၍ သခင်ကိုယ်တော်မှိုင်းက ပန်တူသည် ရေစုပ်ကိရိယာမဟုတ်ဘဲ “ဂါထာမန္တရား”သာဖြစ်သည်၊ ရေစုပ်ကိရိယာဖြင့်စုပ်သည်မဟုတ်၊ ဂါထာမန္တရားဖြင့်သာ စုပ်သည်ဟု တိုးတက်ရေးမဂ္ဂဇင်းမှနေ၍ စတင်ဝေဖန်ချက်ပေးသည်။ ထိုဝေဖန်ချက်ကို ပြန်လည်ဖြေရှင်းသူမှာ မြကေတုပင်ဖြစ်၍ ထိုစဉ်က ရန်ကုန်တက္ကသိုလ်တွင် ပထမနှစ်ကျောင်းသားသာဖြစ်၏ ။ 

ဤသို့ဖြင့် ဝေါဟာရတစ်ခုကို အငြင်းပွားသော စာပေတိုက်ပွဲသည် ကြီးကျယ်ခဲ့ကာ တစ်ဖက်နှင့်တစ်ဖက် အနိုင်မခံအရှုံးမပေးဘဲ ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်၍ တိုက်ခိုက်ခဲ့ကြရာ ကျမ်းစာ၊ ကျောက်စာများကို ကိုးကားပြု၍ တိုက်ခိုက်ခဲ့ကြသည်။ ထို့အပြင် သခင်ကိုယ်တော်မှိုင်းကလည်း ဦးဖေမောင်တင်တို့အုပ်စုကို ပုဂ္ဂိုလ်ရေးထိုးနှက်မှုဖြင့် တိုက်ခိုက်သည်များရှိသကဲ့သို့ မြကေတုကလည်း သခင်ကိုယ်တော်မှိုင်းအပေါ် ထိုသို့တိုက်ခိုက်မှုများလည်းရှိခဲ့သည်။ ၎င်းတို့ဘက်အသီးသီးမှ ထောက်ခံသူများကလည်း ဆောင်းပါးများဖြင့် ဝေဖန်တိုက်ခိုက်ခဲ့ကြရာ သခင်ကိုယ်တော်မှိုင်းဘက်က ဟံသာဝတီဦးဘရင်က ထောက်ခံချက်ပေးပြီး မြကေတုဘက်က  ဝဇီရဗုဒ္ဓိဦးဖိုးစိန်က ထောက်ခံခဲ့သည်။ အချိန်ကာလကြာမြင့်စွာဆင်နွှဲခဲ့သည့် စာပေတိုက်ပွဲတစ်ခုဖြစ်၍ မြန်မာ့တာရာသတင်းစာ၊ ဗန္ဓုလ၊ ဒီးဒုတ်ဂျာနယ်များက ကြားဝင်စေ့စပ်ခဲ့ရသည်အထိဖြစ်ခဲ့သည်။[၂]

ကိုးကား

ကိုးကားအညွှန်းများ

  1.  ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်သော ‘၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း’ စာအုပ်'(၂ဝဝ၅ ခု၊ ဇူလိုင်)
  2.  မေမြို့မိုးကြည် (ဇူလိုင် ၁၉၈၅)။ မြန်မာစာပေတိုက်ပွဲများ (တတိယအကြိမ်)။ စာပန်းရဂုံစာပေ။ p. ၁၅၁-၁၈၈။

ယေဘုယျရင်းမြစ်များ

  1. နေထွတ်။ မန္တလေး အဘိဓာန်။ စာ ၄၈ – ၄၉။
  2. မလိခ။ မြန်မာ စာပေ အဘိဓာန်(၁)။ စာ ၂၆နှင့် ၂၃ဝ။
  3. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၉၈)။ စာ ၁၉၇။
  4. သုတေသန စာစဉ် သမိုင်း၊ သုတေသန စာစဉ် စာရင်း၊ သုတေသန စာစဉ် စာတည်းများ။ စာ ၅၁-၅၂။
  5. မန္တလေးနှင့် စာပေ ခရီး (၁၉၉၈)၊ စာ ၅၇ – ၅၈။

ကဏ္ဍများ

၃ ။ လူထုဦးလှ

ဝီကီပီးဒီးယား မှ

U Hla.JPG
Signature of Ludu U Hla.png

လူထုဦးလှမွေးဖွား၁၉ ဇန်နဝါရီ၊ ၁၉၁၀
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းရွာကွယ်လွန်၇ ဩဂုတ်၊ ၁၉၈၂(အသက် ၇၂)
မန္တလေးမြို့အလုပ်အကိုင်စာရေးဆရာအိမ်ထောင်ဖက်(များ)လူထုဒေါ်အမာသားသမီးစိုးဝင်း
သန်းရင်မာ
ဖိုးသံချောင်း
တင်ဝင်း
ငြိမ်းချမ်း (ညီပုလေး)မိဘ(များ)ဦးပု + ဒေါ်ခိုင်လက်မှတ်

လူထု၊ မဂ္ဂဇင်းတိုက်၊ ၈၄နှင့် ၃၃ လမ်း၊ မန္တလေး

လူထုဦးလှ (၁၉၁၀–၁၉၈၂)ကို ပဲခူးတိုင်း ညောင်လေးပင် မြို့နယ် ပုစွန်မြောင်း ရွာတွင် အဖ ကုန်သည် ဦးပု၊ အမိ ဒေါ်ခိုင် တို့မှ ၁၉၁၀ ခု ဇန်နဝါရီ ၁၉ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၇:၄၅ နာရီတွင် မွေးဖွားသည်။ မွေးချင်း သုံးယောက်တွင် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်းမှာ မောင်လှ ဖြစ်သည်။ ပုစွန်မြောင်းရွာ ဆရာ ဦးဖေခိုင် ကျောင်းတွင် ၄ တန်းအထိ ပညာ သင်ယူ ခဲ့သည်။ ၁၉၂၆ တွင် ညောင်လေးပင်မြို့ အာစီအမ် (ရိုမန်ကက်သလစ် သာသနာပြု) ကျောင်းမှ ခုနစ်တန်း အောင်ခဲ့သည်။ ၁၉၃၀ ပြည့်နှစ်တွင် ရန်ကုန် အစိုးရ အထက်တန်း ကျောင်းမှ ၁၀ တန်း အောင်ခဲ့သည်။

လူထု ဦးလှ (၁၉၁၀ – ၁၉၈၂)

ဆယ်တန်း အောင်ပြီးနောက် စာရင်းကိုင် စာရေး သင်တန်း တက်ခဲ့သည်။ ထိုသို့တက်နေရင်း မှာပင် လူငယ်များ ကြီးပွားရေး အသင်းသတင်းများကို သတင်းစာ များသို့ ပေးပို့ ခဲ့သည်။ ၁၉၃၁ တွင် ဘောလုံးသမား တဦး အဖြစ် မြူနီစီပယ်တွင် ရာပြတ် အင်စပက်တော်ဝင်လုပ် ခဲ့သည်။ တပြိုင်တည်း မှာပင် လူငယ်များ ကြီးပွားရေး အသင်းတိုက် စာကြည့်တိုက်မှူး၊ လူငယ်များ ကြီးပွားရေး အသင်း ညကျောင်း ဆရာ အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၃၂ တွင် “ကြီးပွားရေး မဂ္ဂဇင်း” ထုတ်ဝေသည့် အခါ စာ စရေး ခဲ့သည်။ ၁၉၃၃ တွင် “ကြီးပွားရေး လမ်းညွှန် မဂ္ဂဇင်း” ထုတ်ဝေသည့် အခါတွင် “ကြီးပွားရေး မဂ္ဂဇင်း” ကို မန္တလေးသို့ ပြောင်းရွှေ့ ထုတ်ဝေ ခဲ့သည်။ စစ်အတွင်း၌ မဂ္ဂဇင်း ရပ်ဆိုင်း ထားပြီး ကိုယ်ပိုင် စာအုပ်များ ရိုက်နှိပ် ထုတ်ဝေခဲ့သည်။ ထိုကာလ အထိ ‘ကြီးပွားရေး မောင်လှ’၊ ‘ကြီးပွားရေး အယ်ဒီတာ မောင်လှ’ ကလောင် အမည်များကို အသုံးပြု ခဲ့သည်။

လူထု ဂျာနယ် ၁၅ ရက် တကြိမ်ထုတ်ကို ၁၉၄၅ တွင် လည်းကောင်း၊ လူထု သတင်းစာကို ၁၉ ဧပြီ ၁၉၄၆ တွင် လည်းကောင်း စတင် ထုတ်ဝေသော အခါ “လူထုဦးလှ” ကလောင် အမည် တွင်လာ ခဲ့သည်။ ၁၉၅၁ – ၅၂ တွင် လူထု ဂျာနယ်နှင့် သတင်းစာကို ပူးတွဲ ထုတ်ဝေ ခဲ့သည်။ ထိုအခါမှ စ၍ သတင်းစာ ဂျာနယ် လုပ်ငန်းကို ဇောက်ချ လုပ်ကိုင် ခဲ့သည်မှာ ၇ ဇူလိုင် ၁၉၆၇ တွင် လူထု သတင်းစာ ရပ်ဆိုင်း သွားခဲ့သည် အထိပင် ဖြစ်သည်။ ထို့နောက်ပိုင်းတွင် လုံးချင်း စာအုပ်များ ကိုသာ ဆက်တိုက် ရေးထုတ် ခဲ့သည်။

စာပေနှင့် လူထု လူတန်းစား အဖွဲ့အစည်း များတွင် ပါဝင် ခဲ့သည်။ စာရေးဆရာ အသင်း အမှုဆောင် (၁၉၃၇) မန္တလေး အာဇာနည် ၁၇ ဦး ဈာပနသို့ စာရေးဆရာ အသင်း ကိုယ်စားလှယ် (၁၉၃၈) ၊ ဂျပန်ခေတ် စာရေးဆရာ အသင်း အဝေးရောက် အမှုဆောင်၊ အာရှ လူငယ် အသင်း ခရိုင် ဥက္ကဋ္ဌ (၁၉၄၃)၊ အထက် မြန်မာနိုင်ငံ ဖဆပလ အဖွဲ့ ဝါဒ ဖြန့်ချိရေးမှူး (၁၉၄၅)၊ အထက် မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ (၁၉၄၇)၊ ဗထူးအားကစားကွင်း ဒုတိယ ဥက္ကဋ္ဌ (၁၉၅၀) တာဝန် များကို ထမ်းဆောင် ခဲ့သည်။ ဂျပန်ခေတ် အာရှလူငယ် အသင်း ခရိုင် ဥက္ကဋ္ဌ လုပ်ခဲ့ သောကြောင့် ၁၉၄၅ တွင် ဗြိတိသျှ နယ်ချဲ့၏ အဖမ်းဆီး ခံရခြင်း အပါအဝင်၊ ဖဆပလခေတ်၊ မဆလ ခေတ်တို့၌ ၅ ကြိမ်တိတိ ဖမ်းဆီး ခံခဲ့ ရသည်။

သတင်းစာနှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖြစ် ၁၉၅၂ တွင် ဆိုဗီယက်၊ တရုတ်၊ ချက်၊ အရှေ့ဂျာမနီ၊ ၁၉၅၇ တွင် သီရိလင်္ကာ၊ ၁၉၆၀ တွင် အင်္ဂလန်၊ ပြင်သစ်နှင့် အနောက် ဂျာမနီ၊ ဂျပန်၊ ၁၉၆၂ တွင် အင်ဒိုနီးရှားနိုင်ငံ များသို့ သွားရောက်ခဲ့သည်။

ရရှိခဲ့သော ဆုများ

ထောင်နှင့် လူသား ဖြင့် ၁၉၅၇ ခုနှစ် စာပေဗိမာန် စာပဒေသာဆု၊ လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ ဖြင့် ၁၉၅၈ ခုနှစ် ယူနက်စကို စီးပွားရေး လူမှုရေး ဆိုင်ရာဆု၊ ရခိုင် ကျေးလက် ပုံပြင်များ ဖြင့် ၁၉၆၃ ခုနှစ် စာပေဗိမာန် အနုပညာ စာပေဆုတွင် ကလေး သူငယ် ဆိုင်ရာ စာပေ ဒုတိယဆုများ ရရှိ ခဲ့သည်။

ထင်ရှားသော စာပေလက်ရာများ

သတင်းစာ ဆရာ၊ စာရေးဆရာ ဖြစ်သည်နှင့် လျော်ညီစွာပင် စာမျိုးစုံ ရေးသား ခဲ့သည်။ 

၁၉၆၂ ခုနှစ်မှ စ၍ ထုတ်သည့် 

ကွယ်လွန်ခြင်း

၁၉၈၂ ခု ဩဂုတ်လ ၇ ရက်နေ့ နံနက် ၈:၁၅ နာရီတွင် မန္တလေးမြို့၌ ကွယ်လွန် ခဲ့သည်။

ဓာတ်ပုံများ

ကိုးကား

  1.  ရာပြည့် ဦးစိုးညွန့် (ဇူလိုင် ၂၀၀၅)။ ၂၀ ရာစု မြန်မာ စာရေး ဆရာ ၁၀၀ အတ္ထုပ္ပတ္တိ အကျဉ်း
  2.  ဒဂုန်ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ p. ၆၄-၆၆။
  3.  မလိခ။ မြန်မာဝတ္ထု အညွှန်း(၄)။ p. ၇၃-၉၄။
  4.  နေထွတ်။ မန္တလေး အဘိဓာန်။ p. ၃၀၄-၃၀၅။
  5.  နတ်နွယ်။ မိမိနှင့် စာရေးဆရာများ။ p. ၉၀-၉၆။
  6.  ပြန်/ဆက် စာတည်းအဖွဲ့။ နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း။ p. ၂၇၆-၂၈၁။
  7.  မန္တလေးနှင့် စာပေခရီး။ ဇွန် ၁၉⁠၉၈။ p. ၅၉-၆၀။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  8.  မြန်မာ စွယ်စုံကျမ်း နှစ်ချုပ်။ ၁၉၈၃။ p. ၂၈၀-၂၈၁။
  9.  ရှုမဝ စာတည်း အဖွဲ့ (စက်တင်ဘာ ၁၉၈၂). “ဝမ်းနည်း မှတ်တမ်း”. ရှုမဝ.
  10.  “စာရေးဆရာ လူထုဦးလှ ကွယ်လွန်” (၈ ဩဂုတ် ၁၉၈၂). လုပ်သားပြည်သူ့ နေ့စဉ်.

ကဏ္ဍများ