တို့ ဗမာ ။ မြန်မာ့သမိုင်း ရေးရာ သီချင်းများ။

၁ ။ တို့ ဗမာ သီချင်း။ တေး ရေး – ဝိုင်အမ်ဘီ သခင်တင် ၊ တေးဆို – ခင်ညွန့်ရီ ။

၂။ ပါတော်မူ ၊ မြန်မာ ဂန္ဓဝင် သီချင်း။ တေးရေး – ရွှေတိုင် ညွန့် ,၊ တေးဆို – စိန်ပါတီ ။

၃။ ရွှေပြည်ကြီး ။ တေးရေး- နန်းးတော် ရှေ့ ဆရာတင်၊ တေးဆို – စိန်ပါတီ ။

၄။ တို့ဗမာ။ Dobama . , U Ant Gyi, Steve Addis and William Crawford

၅။ ဒီု့ ဗမာ ။ ဓီရာမိုရ် ၏ လက်ရာမြောက် အနုပညာ လက်ရာ

မှတ်ဖွယ် မှတ်ရာ
ပညာရေးရာ
စာပဒေသာ ( ၈ )

ယနေ့လူငယ် နောင်ဝယ် လူကြီး

ဒါ မြန်မာ ဟေ့
ဒါငါတို့ရဲ့ အမိနိုင်ငံ

မျိုးဆက်သစ်
မြန်မာ လူငယ်
ဂီတ ပညာရှင် လေးများ။

မညံ့ကြတဲ့
မြန်မာ လူငယ် တွေ

NUAC
(( National University of Arts and Culture ) Yangon
2015-2016 Academic Year
180 Music Students
created a song
named
ဒါ မြန်မာ

Composer,Music Producer Diramore
ဓီရာမိုရ် ၏
လက်ရာမြောက်
အနုပညာ လက်ရာ

မြန်မာပြည်မှာ
ပညာရပ်နယ်ပယ်စုံ မှာ
ပညာတတ် လူငယ်တွေ
အများအပြားရှိနေကြပါတယ်။

အနာဂတ်နိုင်ငံတော်ကြီး
ဖွံ့ဖြိုးတိုးတက်
စည်ပင်သာယာ ဝပြော ဘို့အရေး
လူကြီးလုပ်သူတွေက
လူငယ် တွေကို
မြေတောင်မြှောက် ခါ အားပေး ဘို့သာ
လိုနေတာပါ

ရှေးခေတ်က
ပညာရပ်နယ်ပယ်စုံက
ပညာတတ်လူတော်တွေ
လူကြီးတွေအများအပြားဟာ
သူတိုလူငယ်ဘဝ မှာ
သူတို့ခေတ်လူကြီးတွေရဲ့
ပံ့ပိူးကူညီ
အားပေး ခံခဲ့ကြရတာတွေနဲ့အတူ
လူငယ်ပြီပြီ သွက်လက် တက်ကြွစွာနဲ့
ကိုယ်တိုင်က လဲ အားထုတ် ကြိုးစားခဲ့ကြလို့
နောင်မှာ
ပညာတတ် လူကြီးလူတော် ဖြစ်ခဲ့ကြပြီး
တိုင်းပြည် ဘက်စုံဖွံ့ဖြိုးတိုးတက်ဘို့ အရေး တွေ မှာ
ပညာရပ် နယ်ပယ်စုံကနေ
မိခင်နိုင်ငအတွက်
တစ်တပ်တအား
တစ်ဒေါင့်တစ်နေရာကနေ
ပါဝင်ကူညီ ဆောင်ကျဉ်းပေးနိုင်ခဲ့ကြပါတယ်

ယနေ့ လူငယ်တွေဟာ
နောင်မှာ
လူကြီးတွေလုပ်ကြရမယ်

ယန့ လူကြီးတွေလက်ထဲမှ
ပုခုံးပြောင်တာဝန် တွေ
တဖြည်း ဖြည်း ချင်း စတင်ခါ လွှဲယူကြရမဲ့
ယနေ့ခေတ်လူငယ်တွေ ဖြစ်ကြတယ်

၂၁ ရာစု ကမ္ဘာကြီး ကိုယ်တိုင် ကလဲ
ပညာရ ပ်နယ်ပယ်စုံမှာ
တစ်ဟုန်ထိုးတိုးတက်နေတဲ့
အင်တာနက် ကမ္ဘာ့ရွာကြီး ဖြစ်နေပါပြီ

ကမ္ဘာမှာ အထီးကျန်နေလို့မဖြစ်တော့ တဲ့
နိုင်ငံအချင်းချင်းကူးလူးဆက်ဆံ ပေါင်းသင်းနေကြရတဲ့
တကဲ့ ကမ္ဘာ့ရွာကြီးဖြစ်နေပါပြီ
ဝါးလုံးခေါင်းထဲမှာ
ထီးထီးချည်း လသာနေကြတဲ့နိုင်ငံတွေ
ကမ္ဘာပေါ်မှာ နည်းလာနေပါပြီ

ဆက်သွယ်ရေးတွေကကောင်း၊
ကူးလူးဆက်ဆဲရေးတွေကလဲကောင်းနေကြတဲ့ ကမ္ဘာမှာ
နယ်ပယ်စုံမှာ
နည်းပညာတွေက လဲတစ်ဟုန်ထိုးတိုးတက် နေ တဲ့ ၊
ကမ္ဘာ့ ရွာ ကြီးဟာ
ပညာတတ်ခေါင်းဆောင်တွေအများစု
အုပ်ချုပ်နေကြတဲ့
ပညာ ရွာ ပညာ ကမ္ဘာကြီးဖြစ်လို့နေပါပြီ ။

အေးမြင့်( ညောင်တုန်း)
၁၁ ၊ ၃ ၊ ၂၀၂၃

ရည် ညွှန်း ။

၁။ ဒါ မြန်မာ

Composer,Music Producer Diramore
ဓီရာမိုရ် ၏
လက်ရာမြောက်
အနုပညာ လက်ရာ
‘“ဒါမြန်မာ “ youtube music video ( ပူးတွဲ )
https://youtu.be/9QbTLbaAuYg

၂။ မှတ်ဖွယ် မှတ်ရာ ၊ပညာရေးရာ ၊စာပဒေသာ များ၊

(၁) ငယ်စဉ်အခါ ပညာရှာ မှတ်သားစရာ
ယခင် ၁၉၇၂ RIT ကျောင်းဆင်း ခဲ့သည့် နှစ် ၅၀ အကြာ
ယခု ၂၀၂၂ အမှတ်တရ ( ၁၆ ဒီဇင်ဘာ ၂၀၂၂ )

(၂) မြန်မာ သင်္ချာ ဂဏန်းများ
မြန်မာမှာလဲ မြန်မာ့ရိုးရာ အစဉ်အလာ သင်္ချာဂဏန်း
အ​ခေါ်အဝေါ် တွေရှိပါတယ်.( ၂၂ ဒီဇင်လာ ၂၀၂၂ )

(၃) စင်ကပူပညာရေးစနစ် အ ကြောင်း ( ၉ နိုဝင်ဘာ ၂၀၂၂ )

(၄ ) စာဖတ်ကြပါ။ ( ၁၁ ဇန္နဝါရီ ၂၀၂၃။ )

(၅) အင်တာနက် ကမ္ဘာကြီးဖြစ်နေတဲ့ ယ နေ့ ကမ္ဘာ့ ရွာကြီး
( ၁၅ ဖေ ဖေါ် ဝါရီ ၂၀၂၃ )

(၆) စာအုပ်စာပေ လူ့မိတ်ဆွေ ၊သူများနိုင်ငံတွေ
စာဖတ်အား ကောင်းကြတဲ့ခလေးတွေ
( ၂၅ ဖေ ဖေါ် ဝါရီ ၂၀၂၃ )

( ၇ ) နေချင်စရာ ယနေ့ကမ္ဘာ လေ့လာစရာ
( ၂၈ ဖေ ဖေါ် ဝါရီ ၂၀၂၃ )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s