မြိုမငြိမ်း ဂု ဏ်ပြု တေးများ ။ မြို့မတေးသံ မာမာအေး

Contents hide

• Beginning

• ငယ်ဘဝ

• ဂီတစာဆိုဘဝ
Toggle ဂီတစာဆိုဘဝ subsection

• မြန်မာ့ရုပ်ရှင်

မိသားစု

• ဘဝနိဂုံး

• ကိုးကား

မြို့မငြိမ်း

ဝီကီပီးဒီးယား မှ

အလင်္ကာကျော်စွာ

မြို့မငြိမ်း

အလင်္ကာကျော်စွာမြို့မငြိမ်း

မွေးဖွား

ဦးကျော်ငြိမ်း

မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်နှစ် ၊ တပေါင်းလဆန်း (၅) ရက် ခရစ်နှစ် ၁၉၀၉ခုနှစ်၊ ဖေ ဖော်ဝါရီလ၊ ၂၃ရက်

မန္တလေးမြို့ဗြိတိသျှဘားမား

ကွယ်လွန်

စက်တင်ဘာ ၁၅၊ ၁၉၅၅ (အသက် ၄၆)

မန္တလေးမြို့မန္တလေးတိုင်းမြန်မာနိုင်ငံ

အလုပ်အကိုင်

တေးရေးဆရာ၊ ဂီတပညာရှင်

အိမ်ထောင်ဖက်(များ)

မသန်း မေ

သားသမီး

၁၃ ယောက်

မိဘ(များ)

ဦးညီ + ဒေါ်ချစ်ဦး

ရရှိသည့်ဆုများ

အလင်္ကာကျော်စွာဘွဲ့(၁၉၅၆)

ဂီတခရီးလမ်း

တက်ကြွသည့်နှစ်များ

၁၉၃၁-၁၉၅၅

ပူးတွဲ ပါဝင်မှု

မြို့မအ ပျော်တမ်းတူရိယာအဖွဲ့

လက်မှတ်

ဖိုင်:Myoma Nyein’s Signature.jpg


မြို့မငြိမ်း (၁၉၀၉- ၁၉၅၅) သည် မြန်မာ့ဂီတ လောကတွင် ထင်ရှား ခဲ့သော အလင်္ကာကျော်စွာဘွဲ့ရ တေး ရေးဆရာ၊ဂီတပညာရှင်တစ်ဦး ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံး တူရိယာအသင်းတစ်ခုဖြစ် သော မန္တလေးမြို့ဂုဏ် ဆောင် မြို့မအ ပျော်တမ်းတူရိယာအဖွဲ့ကို ဦး ဆောင်တည် ထောင်ခဲ့သူတစ်ဦးဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

မြို့မငြိမ်း၏ အမည်ရင်းမှာ ဦးကျော်ငြိမ်းဖြစ်သည်။ မန္တလေးမြို့ ပန်းယွန်းကုန်သည် ဦးညီ ၊ ဒေါ်ချစ်ဦးတို့၏ သားနှစ်ယောက်အနက် သားကြီးဖြစ်သည်။ ဦးကျော်ငြိမ်းအား ခရစ်နှစ် ၁၉၀၉ ခုနှစ် ၊ မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်နှစ် ၊ တပေါင်းလဆန်း (၅) ရက် ၊ တနင်္လာနေ့တွင် မန္တလေးမြို့၌ ဖွားမြင်ခဲ့သည်။

မြို့မငြိမ်းအသက် ၁၄ နှစ်သားအရွယ်တွင် ဖခင်က သူငယ်ချင်းဖြစ်သူ ဦးဘသက် (ခံစားမှုအနုပညာရှင် ပန်းချီ ဆရာကြီး ဦးဘသက်) ထံ ပညာရပ်များ ဆည်းပူးသင်ကြား ပေးရန် အပ်နှံပေးခဲ့သည်။ ၅ နှစ်ခန့်ကြာသောအခါ ပန်းချီ၊ ပန်းပု နှင့် မယ်ဒလင်၊ ဘင်ဂျို၊ ဗျက်စောင်း ပညာများကို သင်ကြားတတ်မြောက်ခဲ့ သည်။

မြို့မငြိမ်း၏ လက်ဦးဆရာများမှာ လက်ရင်းဆရာကြီး ဦးဘသက်၊ ‘မင်းကြီးဦးဆက်’ ဆိုသူ၏ ညီ ဦးချက်၊ ဦးလင်းနှင့် စောင်း ဦးမောင်မောင်လတ် (အာဠဝီ) တို့ဖြစ်ကြသည်။ ရွာစားစိန်ဗေဒါကြီးနှင့် ဒေဝဣန္ဒာ ဦးမောင်မောင်ကြီးတို့ထံမှလည်း မြန်မာ့စောင်းပညာကို သင်ကြားခဲ့သည်။

ဦးကျော်ငြိမ်းသည် ငယ်စဉ်ကပင် ပန်းချီနှင့် ဂီတကို ဝါသနာ ပါခဲ့သည်။ စောင်းတီးပညာကို ရွာစားကြီး စိန်ဗေဒါနှင့် စောင်း ဦးမောင်မောင်ကြီး တို့ထံမှ ဆည်းပူး သင်ယူခဲ့သည်။ ခရစ်နှစ် ၁၉၂၈ ခုနှစ်တွင် မန္တလေးမြို့မတူရိယာအသင်း ကို ဦးတော်လုံ ဆိုသူက တည်ထောင်ခဲ့ရာ ဦးကျော်ငြိမ်းလည်း ပါဝင်ခဲ့သည်။ ဦးကျော်ငြိမ်းသည် မြို့မ အဖွဲ့သားအဖြစ် အနောက်တိုင်း တူရိယာ တီးနည်းနှင့် တူရိယာ သင်္ကေတ ပညာတို့ကို သင်ယူခဲ့သည်။ ၁၉၃၁ မှစ၍ သီချင်းများကို ရေးစပ်ခဲ့ရာ မြို့မငြိမ်း ဟူသော ဂီတစာဆို အမည်ကို ခံယူခဲ့သည်။

ဂီတစာဆိုဘဝ[ပြင်ဆင်ရန်]

မြို့မငြိမ်း ရေးသားခဲ့သော သီချင်းပေါင်း (၂၀၀) ခန့် ရှိသည်ဟု သိရသည်။ မြို့မငြိမ်း၏ သီချင်းများအနက် ပထမဦးဆုံး တစ်တိုင်းပြည်လုံး ကျော်ကြားခဲ့သော သီချင်းမှာ “ချစ်ထာပဓာန” သီချင်း ဖြစ်သည်။ သီချင်းရေး သက်တမ်း (၂၄) နှစ်အတွင်း ကျော်ကြားခဲ့သော သီချင်းများမှာ လူချွန်လူကောင်း၊ ခင့်အိပ်မက် ၊ တစ်ချစ်ထဲ ချစ် ၊ မြင်းခင်းတော် ၊ နတ်သျှင်နောင်(ပြည်လှ ဖေဆို) ၊ မေ့ပါနိုင်(ပြည်လှ ဖေဆို) ၊ ပျို့မှာတမ်း( မေရှင်)ဆို) ၊ သက်ဝေ(ပြည်လှ ဖေနှင် မေရှင်)တွဲဖက်ဆို) ၊ ပါရမီတော် ၊ ချစ်ရဲဘော် ၊ မင်္ဂလာမောင်မယ်( မေရှင်)ဆို) ၊ကသစ်ပန်း( လေဘာတီမမြရင်ဆို) ငွေဇင်ယော် ၊ ပြုံးတဲ့မေ ၊ လေချိုသွေး စသော သီချင်းများ ဖြစ်ကြသည်။ မြို့မငြိမ်း သီချင်း စတင်ရေးသားခဲ့သော အချိန်၌ အနောက်တိုင်း တေးသွားများကို ပုံတူကူး၍ မြန်မာစကားလုံး သွင်းကာ စပ်ဆိုသော အလေ့အကျင့် ခေတ်စားနေသော အချိန်ဖြစ်သည်။ သို့သော် မြို့မငြိမ်းသည် အနောက်တိုင်း ဂီတမှ သီချင်းစပ်နည်းကို မှီငြမ်းသော်လည်း တေးသွားကို ခိုးချခြင်း မပြုပဲ သူ၏ ပင်ကိုဂီတဉာဏ်ဖြင့်သာ ကိုယ်ပိုင်တေးသွားများ ရေးစပ်ခဲ့သည်။

၁၉၃ဝ ခုနှစ်ခန့်က ‘တောမြိုင်ခြေလမ်း’ ယိုးဒယား သီချင်းတစ်ပုဒ်ကို မြို့မတူရိယာအသင်းသည် ပထမဦးဆုံး မြူးဇစ်နုတ်သင်္ကေတပြု၍ စတင်စမ်းသပ် တီးမှုတ်ခဲ့ကြပြီး၊ ဒုတိယသီချင်းမှာ ‘စံရာတောင်ကျွန်း’ ဖြစ်၍၊ ၁၉၂၅ ခုနှစ်က ယဉ်ကျေးမှုဝန်ကြီး ဦးထွန်းဖေ၊ ရွှေပြည် ဆရာကြီးဦးဘတင် (သမိုင်း)၊ ဆရာဘကလေး(မန်းပန်တျာပတ္တလား၊ စန္ဒရားနည်းပြဆရာကြီး) တို့အား မြန်မာသီချင်းကြီး၊ သီချင်းခန့်များကို သင်္ကေတ ပြု၍ ရနိုင်၊ မရနိုင်ကိစ္စနှင့် ပတ်သက်၍ နမူနာတီးပြခဲ့ကြသည်။ ၁၉၅၃-၅၄ ခုနှစ်တွင် မြို့မငြိမ်းသည် ပန်တျာ မူမှန်ပြုရေးသင်္ကေတ တင်မှတ်ရေး အကြံပေးအဖွဲ့တွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

မြို့မငြိမ်း၏ ‘ကသစ်ပန်း’ သီချင်းကို အကော်ဒီယံမောင်သန့်၊ ဒါးတန်းဦးသန့် ဦးစီးသော တီးဝိုင်းဖြင့် ဓာတ်ပြားသွင်းခဲ့သည်။ ထိုထဲမှာ ဝန်ကြီး ပဒေသရာဇာ၏ ‘ပုဇင်းတောင် သံကြိုး’ သီချင်းမှ မြို့မငြိမ်း မှီးယူ အသုံးပြုခဲ့သော ‘အုံ့ကာလေ တဖွဲဖွဲ၊ ရွာလေတသဲသဲ’ ဟူသော အပိုဒ်ကို ဒါးတန်းဦးသန့်က အနောက်တိုင်း တူရိယာ အကော်ဒီယံ (Accordian) ဖြင့် ဘယ်နှင့်ညာကို မြန်မာအတွဲအဖက်၊ မြန်မာမှု မြန်မာ့ဟန်အနှစ်သာရမပျက်စေဘဲ ကော့ဒ် (chord) များဖြင့် တီးခတ်ခဲ့သည်။ ထိုအပိုဒ်ငယ် (4 bars) ၄ စည်းများရှိသည်ကိုပင် စည်းရှိန်မြှင့်ကာ (8 bars) မျှ ဆန့်ထုတ်၍ မူလပင်ကို မြန်မာ့ဟန်မှ အခြေခံတေး သွားအယူအဆကို မျိုးပွားဖန်တီးခြင်း၊ (Variations on Theme) နည်းစနစ် ဖြင့် တယောအစွမ်းပြတီးခတ်ပေးခဲ့ပြီး ဖြစ်သဖြင့် ကသစ်ပန်းသီချင်းသည် ဒါးတန်းဦးသန့်နှင့် မြို့မငြိမ်းတို့၏ အနောက်တိုင်း ဝိုင်းဖွဲ့စနစ်နှင့်ပတ်သက်သော စမ်းသပ်မှုမှတ်တိုင် ဖြစ်ခဲ့သည်။

သင်္ကေတစနစ်နှင့်ပတ်သက်ပြီး ဒါးတန်းဦးသန့်နှင့် မြို့မငြိမ်းတို့၏ ဆရာများ၊ နည်းပညာပေးခဲ့သူများမှာ-မစ္စတာရီဂို၊ မစ္စတာဘော်ဘီ၊ မစ္စတာ ဒေးဗစ် စသူတို့ဖြစ်ကြသည်။ မစ္စတာ ရီဂိုသည် အယ်ဖင်စတုန်း ရုပ်ရှင်ရုံ (ရွှေတိုက်) ရုံဝင်းအတွင်း နေထိုင်သူဖြစ်ပြီး၊ ဘုရားရှိခိုးကျောင်းနှင့် ရုပ်ရှင်ရုံတွင် စန္ဒရားတီးသည်။ (ရီဂိုဗင်)ဟူသော တီးဝိုင်း Band နှင့် ဂီတသင်တန်းဖွင့် ထားသူဖြစ်သည်။ မစ္စတာဘော်ဘီမှာ ထရမ်းပက်သမားတစ်ဦးဖြစ်၍၊ တူရိယာ ပစ္စည်းမျိုးစုံနှင့် ဂီတနှင့်သက်ဆိုင်သော စာအုပ်စာတမ်းများ ရောင်းသောဆိုင် ဖွင့်ထားသည်။ မစ္စတာဒေးဗစ်မှာ မန္တလေးနန်းတွင်း စစ်ဘင်ခရာတီးဝိုင်းမှ တီးဝိုင်းခေါင်းဆောင်အဖြစ် မှတ်တမ်းတွင် တွေ့ရှိရသည်။

မန္တလေးမြို့ခံ မြို့မ အပျော်တမ်း တူရိယာအဖွဲ့

၁၉၃ဝ ခုနှစ်တစ်ဝိုက်က မန္တလေးမြို့ဟိုတယ် ပျော်ပွဲစားရုံနှင့် ကပွဲခန်းလေးများတွင် မစ္စတာရီဂိုက လာခေါ်တတ်၍ မြို့မငြိမ်း၊ ဒါးတန်းဦးသန့်တို့ လိုက်ပါ တီးမှုတ်ခဲ့ဖူးသည်။ ထိုစဉ်က မြို့မငြိမ်းမှာ ဆိုက်ဆိုဖုန်းနှင့် ကလာရီနက် တူရိယာနှစ်မျိုးကို သင်္ကေတဖတ် စနစ်ဖြင့် တီးမှုတ်ခဲ့သည်။

စစ်မဖြစ်မီကာလက မြို့မ တူရိယာအသင်း၏ သင်္ကေတသမားများ ဟု ဆိုနိုင်ကြသူများမှာ ဒါးတန်းဦးသန့်၊ မြို့မငြိမ်း၊ ဦးအေးကျော် (မန်းပန်တျာ ပန်းချီနည်းပြဟောင်း)၊ ဦးသိန်းမောင် (စမောသိန်းမောင်)၊ ချိုကြီး(ဂေါ်ချို)၊ တို့ဖြစ်သည်။ ၁၉၃၅ မှ ၁၉၃၈ အတွင်း ခေတ်ပေါ်တူရိယာများ၊ သင်္ကေ တစနစ်နှင့် ဓာတ်ပြားသွင်းယူခဲ့သော မြို့မငြိမ်း၏ သီချင်းများမှာ ချစ်တာ ပဓာန၊ ခင့်အိပ်မက်၊ ရှုမဝ၊ အလှပြိုင်ပွဲ၊ နန်းတော်ရှေ့ဆရာတင်၏ ဧရာဝတီ၊ အောင်ပင်လယ်၊ ထို့နောက် မြို့မငြိမ်း၏ မန်ဒါလီ၊ နှစ်ပိဿာခွဲ၊ ပျိုး၊ ကသစ်ပန်း စသည့် သီချင်းများ ဓာတ်ပြားသွင်းယူခဲ့ရာ အောင်မြင်ခဲ့သည်။

ထိုခေတ် ကမ္ဘာစစ် မီး မြန်မာပြည်သို့ ကူးစက်လောင်ခဲ့စဉ်၊ စစ်ဘေးရှောင်တိမ်းရင်း၊ ကျောက်မဲ ဘက်သို့ ရောက်သွားသည်။ သူငယ် ချင်း ဦးဘဟန် (ကားသင်း ဥက္ကဋ္ဌ) နှင့် တွေ့မှ ပြန်ခေါ်လာပြီး စစ်ကိုင်းဘက် ကူးသွားကြပြန်သည်။ ထိုမှတဆင့် ဂီတ မိတ်ဆွေများ စုစည်းမိကာ (‘ကမ္ဘာစစ်မီး လောင်ရာတွင် သူ ငါ ခိုကိုးစစ်ကိုင်း တောင်ရိုးမှပင် မြို့မအသင်းဝင် ရသမျှ စုစည်းလို့ပင် တီးဆိုရေးမပျက်၊ အား ဆေးတစ်ခွက် အသွင်’) ဟူသော မြို့မ သမိုင်းသီချင်းများ ပေါ်ထွက်လာခဲ့သည်။

ဤသို့ဖြင့် မြို့မငြိမ်းတို့ ဂီတ မိတ်ဆွေများတစ်စု၊ မန္တလေး ၈၄ လမ်း ရှိ ဘီကျင်ဟော်တယ်တွင် အဖျော်ယာမကာစုပ်ရင်း၊ အနုပညာအကြောင်း စိတ်ကူးဆွေးနွေးမှုလေး လုပ်ဖြစ်ခဲ့သည်။

၁၉၂၈-၂၉ ခုနှစ်တွင် ‘ကဆုန်ညောင်ရေနှင့် တဝါတွင်း’ သီချင်းများ ရေးဖြစ်ခဲ့ရာ၊ အသင်းသား များက လက်ခံအားပေးခဲ့ကြသည်။ ၁၉၃၅ ခုနှစ်ခန့်တွင် မြို့မ တူရိယာအသင်းသည် ခွေးတံဆိပ် ဓာတ်ပြားကုမ္ပဏီနှင့် သီချင်းများစွာ သွင်းခဲ့သည်။ နန်းတော်ရှေ့ဆရာတင်၏ ဥစ္စာရင်းမှန်၊ အလှူ့ရှင်၊ သော့တွဲ၊ ဧရာဝတီ၊ အောင်ပင်လယ် အပါအဝင် မြို့မငြိမ်း၏ ချစ်တာပဓာန၊ ခင့်အိပ်မက်၊ ရှုမဝ၊ အလှပြိုင်ပွဲများသည် ပထမဦးဆုံး သော ဓာတ်ပြားသီချင်းများဖြစ်ခဲ့သည်။ မြို့မငြိမ်းသည် သီချင်းရေးသက် ၁၈ နှစ်၊ အနှစ် ၂ဝ အတွင်း သီချင်းပုဒ်ရေပေါင်း ၁၅ဝ မှ ၂ဝဝ နီးပါအထိ ရေးသားပြုစုသွား ခဲ့သည်။ ၁၉၃၅ ခုနှစ်ခန့်မှစ၍ စစ် မဖြစ်မီအထိ ဓာတ်ပြားပေါင်း ၄ဝ ကျော် သွင်းခဲ့သည်။

အေဝမ်းနှင့် သွင်းယူခဲ့သော ဓာတ်ပြားများမှာ ပါရမီတော်၊ ရေခင်း တော်၊ နတ်သျှင်နောင်၊ ပျို့မှာတမ်း၊ မေ့ပါနိုင်၊ ဖူးစာပိုင်၊ မင်္ဂလာမောင်မယ်၊ သက်ဝေ၊ ချစ်လွန်းတင်၊ လှမြ ဉ္ဇူ၊ လေထဲက ဖူးစာ၊ ရွှေမင်းဝံ၊ နွဲ့မျိုးစုံ၊ ချစ်ကျိုးတော်ဆောင်တို့ ဖြစ်သည်။ သက်ဝေကို အဆိုတော်ပြည်လှဖေ နှင့် မေရှင်တို့က သီဆိုခဲ့သည်။ ချစ်ကျိုးတော်ဆောင်ကို တင်တင်အေး နှင့် သီဆိုစေခဲ့သည်။ အေဝမ်းနှင့် ဓာတ်ပြားသွင်း၍ မကြာမီ စစ်ဖြစ်ခဲ့ရာ ထို ဓာတ်ပြားများကို အချို့ စစ်မဖြစ်မီ ထုတ်၍၊ အချို့ကို စစ်ပြီးခေတ်မှ ပြန် ထုတ်ခဲ့သည်ဟု သိရှိရသည်။

ဆဋ္ဌသင်္ဂါယနာတင် မဟာနာယက ညောင်ရမ်းဆရာတော်ဘုရာကြီး၏ အန္တိမ ဈာပနသဘင်တွင် မြို့မငြိမ်းမှ မောင်းတစ်ဝိုင်း၊ ကြေးတစ်ဝိုင်းဖြင့် မြန်မာ့ဆိုင်းဝိုင်း နှင့် အနောက်တိုင်း တူရိယာများနှင့် တွဲဖက်တီးမှုအစကို စတင် ခဲ့သည်။

မြို့မငြိမ်းသွင်းယူခဲ့သော ဓာတ်ပြားသီချင်းများမှာ ချစ်တာပဓာန၊ ခင့်အိပ်မက်၊ ရှုမဝ၊ အလှပြိုင်ပွဲ၊ နှစ်ပိဿာခွဲ၊ မန်ဒါလီ၊ တချစ်ထဲချစ်၊ လေချိုသွေး၊ လားတွေ ထပ်၊ ရှင်တခုပဲ၊ ဖရဲသီးနဲ့ ဘဲဥ၊ မောင့် အရည်ချင်း၊ ယောင်းမ၊ မျက်မှန်စိမ်းနှင့် မြက်ခြောက်၊ အူချင်ယောင်ယောင်၊ မေဓာဝီ၊ လက်ဝဲသုန္ဒရ၊ နှစ်ယောက်ထဲ၊ ကသစ်ပန်း၊ စစ်ကိုင်းတောင်၊ ချစ်ကဝေ၊ လင်းအာရုဏ်၊ ဒေါင်းစက်ယာဉ်၊ ခုံးမျက်စ၊ ပျိုး၊ ထီးကလေး၊ မိဖုရားစော၊ ရေပက်မဝင်၊ ငါးဘဝ၊ လောကဇာတ်ခုံ၊ လူ့ဓမ္မတာတို့ ဖြစ်သည်။

မြန်မာ့ရုပ်ရှင်[ပြင်ဆင်ရန်]

မြို့မငြိမ်း၏ သီချင်းများသည် ရုပ်ရှင်နောက်ခံသီချင်းများ ဖြစ်ရုံမက၊ ရုပ်ရှင်ဇာတ်ကားအမည်များ အဖြစ် မှည့်ခေါ်ယူခြင်း ပြုခဲ့ကြသည်။ ရုပ်ရှင်အဖြစ် မှည့်ခေါ်ခဲ့သော သီချင်း များမှာ (၁) တိမ်လွှာမို့မိုလွင်၊ (၂) သခွတ်ပန်း၊ (၃) နှစ်ယောက်ထဲ နေချင်တယ်၊ (၄) လေချိုသွေး၊ (၅) ဓာတ်တူနာမ်တူ၊ (၆) လေထဲက ဖူးစာ၊ (၇) ခိုင်းတော့ သက်ဝေ၊ (၈) ချစ်ကျိုး တော်ဆောင်၊ (၉) ချစ်မြင်းမိုရ်၊ (၁ဝ) ယဉ်ကျေးမှု ရုပ်ရှင်မှ ကားတစ်ကား စသည်တို့ ဖြစ်သည်။

မြို့မငြိမ်း၏ ရုပ်ရှင်သီချင်းများအဖြစ် ထင်ရှားသော သီချင်းနှင့် ဇာတ်ကားများမှာ (၁) သခွတ်ပန်း (သခွတ်ပန်းဇာတ်ကား)၊ (၂) ချစ်ကျိုး တော်ဆောင် (ဆုထူးငယ်ပန်ရွယ်သွန်း ဇာတ်ကား)၊ (၃) တချစ်ထဲချစ် (အပယ် ရတနာရုပ်ရှင်)၊ (၄) တိမ်လွှာမို့မိုလွင် (တိမ်လွှာမို့မိုလွင်ရုပ်ရှင်)၊ (၅) နှစ် ယောက်ထဲ (နှစ်ယောက်ထဲနေချင်တယ် ဇာတ်ကား)၊ (၆) လေထဲက ဖူးစာ (လေထဲကဖူးစာရုပ်ရှင်)၊ (၇) ကစားစရာ အသည်းမွှာ (တခိုင်လုံးရွှေဇာတ်ကားမှ)၊ (၈) မခို့တရို့ (သားရွှေဒေါင်းတောင် ရုပ်ရှင်) (၉) မပြီးသေးသော် ပန်းချီကား (ဆောင်းအိပ်မက်ရုပ်ရှင်)တို့ဖြစ်ကြပြီး၊ ရုပ်ရှင်ထဲပါ၊ မပါ မသိရသော်လည်း မင်းသားဝင်းဦး သီဆိုခဲ့သော တံမွှာပဉ္ဇင်၊ ပြုံးတဲ့မေ၊ မပြီးသေးသော ပန်းချီကားနှင့် သစ္စာ သီချင်းများဖြစ်၍ ရုပ်ရှင်မင်းသမီး နွဲ့နွဲ့စန်း(ပျို့မှာတမ်းသီချင်း)ကို သီဆိုခဲ့ ကြသည်။

အခြားသော သီချင်းများကိုလည်း ခေတ်ဟောင်းရုပ်ရှင်မင်းသား ပြည်လှဖေခင်မောင်ရင်၊ မင်းသမီး မေရှင်တို့ သီဆိုခဲ့ကြသည်။

မြို့မငြိမ်း၏ နောက်ဆုံး မကွယ်လွန်မီ ရေးခဲ့သော သီချင်းမှာ ‘တိမ်လွှာမို့မိုလွင်’ ဖြစ်သည်။

မိသားစု[ပြင်ဆင်ရန်]

အသက် (၂၂) နှစ်အရွယ်တွင် မသန်းသန်း (ဒေါ်သန်းမေ) ဆိုသူနှင့် အိမ်ထောင်ကျခဲ့၍ သားသမီး (၁၃) ယောက် ထွန်းကားခဲ့သည့်အနက် ကွယ်လွန်ချိန်တွင် (၈) ယောက် ကျန်ရစ်ခဲ့သည်။ ရှေးသီချင်းကြီးများကို မူမှန်သတ်မှတ်ရေး အထက်မြန်မာပြည် ကော်မတီ အဖွဲ့တွင် လူကြီးတစ်ဦးအဖြစ်လည်ကောာင်း ၊ မန္တလေးရုပ်ရှင် ကုမ္ပဏီတွင် ဂီတဘက်ဆိုင်ရာ ဒါရိုက်တာအဖြစ်လည်းကောင်း ဆောင်ရွက်နေခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၅၅ ခု၊ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်တွင် ယမန်နေ့ညက အိမ်သို့ ပြန်မလာဘဲ ပျောက်ဆုံးနေကြောင်း မိသားစုက ညွန့်ပေါင်းဈေး ရဲဌာနထံ တိုင်ကြားသည်။ နေ့လယ်ရောက်သော် ခေါင်းအား ကားနင်းထားသည့် အမည်မသိ အလောင်းတစ်လောင်းကို သံလျက်မှော်ရပ်၊ ပတ္တာရပ်လမ်းခွတွင် တွေ့၍ ဆေးရုံကြီးသို့ ပို့လာရာ မရှုမလှဖြစ်နေသည့် မြို့မငြိမ်းအလောင်းကို တွေ့ရတော့သည်။

ကိုးကား[ပြင်ဆင်ရန်]

[၁]

• ဆရာရွှေပြည်အေး ဆောင်းပါး

• ဦးကိုလေး (အမရပူရ) ဆောင်းပါး

• ရွာစားစိန်ဟန်တင်ဆောင်းပါး

• သန်းအောင်ခိုင်ရေး – မြို့မငြိမ်းနှင့် သူ့ အနုပညာစာအုပ်

[၁][လင့်ခ်သေ]

http://sawwai.blogspot.com/2008/01/myo-ma-nyein.html.

1. ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)

ကဏ္ဍများ: Infobox musical artist with missing or invalid Background field၁၉၀၉ မွေးဖွားသူများ၁၉၅၅ ကွယ်လွန်သူများမြန်မာ တေးရေးဆရာများ

ဤစာမျက်နှာကို ၂၉ ဒီဇင်ဘာ ၂၀၂၂၊ ၀၂:၂၈ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။


The Ultimate Guide to What’s On

spot_img

Home  Life & Style  Festivals  MYOMA NYEIN: The Enchanting Silver Swan

[Thingyan Special] MYOMA NYEIN: The Enchanting Silver Swan

By

R.E. SAW

-https://www.myanmore.com/category/articles/myanmore-magazine/,

April 12, 2017

You

.

.

မြို့မငြိမ်း(ဂီတပညာရှင်)

Thuta Travell Myanmar “ Facebook post 30 Mar 2020 မှ ကူးယူမျှဝေပါသည်.

မြို့မငြိမ်းသည် မြန်မာ့တေးဂီတသမိုင်းတွင် နှစ်ကာလရှည်လျားစွာ တည်တံ့ကျန်ရစ်မည့် သတ္တိများရှိသော မြန်မာသီချင်း (Modern classicisms) များကို သီကုံးရေးဖွဲ့သွားခဲ့သည့် အနုပညာပါရမီထူးသူ သီချင်းရေးဆရာ ဖြစ်သည်။ ဂီတကို ဝါသနာပါသည့်အပြင် ပန်းချီပန်းပု ပညာရပ်များကိုလည်း တတ်မြောက်ခဲ့သူဖြစ်သည်။

ငယ်ဘဝ
မန္တလေးမြို့ ပန်းယွန်းကုန်သည် ဦးညီ ၊ ဒေါ်ချစ်ဦးတို့၏ သားနှစ်ယောက်အနက် သားကြီးဖြစ်သည်။ ဦးကျော်ငြိမ်းအား ခရစ်နှစ် ၁၉၀၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် (၁၂၇၀ ခု တပို့တွဲလဆန်း ၅ ရက် ၊ တနင်္လာနေ့)တွင် မန္တလေးမြို့၌ ဖွားမြင်ခဲ့သည်။ မြို့မငြိမ်း၏ အမည်ရင်းမှာ ဦးကျော်ငြိမ်းဖြစ်သည်။ ဦးကျော်ငြိမ်းသည် ငယ်စဉ်ကပင် ပန်းချီနှင့် ဂီတကို ဝါသနာ ပါခဲ့သည်။ စောင်းတီးပညာကို ရွာစားကြီး စိန်ဗေဒါနှင့် စောင်း ဦးမောင်မောင်ကြီး တို့ထံမှ ဆည်းပူး သင်ယူခဲ့သည်။ ခရစ်နှစ် ၁၉၂၈ ခုနှစ်တွင် မန္တလေးမြို့မတူရိယာအဖွဲ့ ကို ဦးကော်လုံ ဆိုသူက တည်ထောင်ခဲ့ရာ ဦးကျော်ငြိမ်းလည်း ပါဝင်ခဲ့သည်။ ဦးကျော်ငြိမ်းသည် မြို့မ အဖွဲ့သားအဖြစ် အနောက်တိုင်း တူရိယာ တီးနည်းနှင့် တူရိယာ သင်္ကေတ ပညာတို့ကို သင်ယူခဲ့သည်။ ၁၉၃၁ မှစ၍ သီချင်းများကို ရေးစပ်ခဲ့ရာ မြို့မငြိမ်း ဟူသော ဂီတစာဆို အမည်ကို ခံယူခဲ့သည်။

ဂီတစာဆိုဘဝ
မြို့မငြိမ်းသည် ၁၉၂၅ ခုနှစ်တွင် သူနှင့် ဂီတဝါသနာတူ အပေါင်းအသင်းများဖြင့် မြို့မ တူရိယာအသင်းကို ဖွဲ့စည်းခဲ့ပြီး ၁၉၂၈ ခုနှစ်တွင် ၎င်းအသင်းကြီး၏ ဂီတအခြေပြု ရည်ရွယ်ချက်များဖြစ်သော မြန်မာသီချင်းကြီးများ ဆည်းပူးပြန့်ပွားရေး၊ ကမ္ဘာ့ခေတ်မီ တူရိယာဝိုင်းကြီး ဖြစ်မြောက်ရေး အစရှိသည့် အချက်များဖြင့် တိုးချဲ့ခဲ့သည်။

မြို့မငြိမ်း ရေးသားခဲ့သော သီချင်းပေါင်း (၂၀၀) ခန့် ရှိသည်ဟု မြန်မာ့စွယ်စုံကျမ်းတွင် ပါရှိသည်။ မြို့မငြိမ်း၏ သီချင်းများအနက် ပထမဦးဆုံး တစ်တိုင်းပြည်လုံး ကျော်ကြားခဲ့သော သီချင်းမှာ “ချစ်ထာပဓာန” သီချင်း ဖြစ်သည်။ သီချင်းရေး သက်တမ်း (၂၄) နှစ်အတွင်း ကျော်ကြားခဲ့သော သီချင်းများမှာ ခင့်အိပ်မက် ၊ တစ်ချစ်ထဲ ချစ် ၊ မြင်းခင်းတော် ၊ နတ်သျှင်နောင် ၊ မေ့ပါနိုင် ၊ ပျို့မှာတမ်း ၊ သက်ေ၀ ၊ ပါရမီတော် ၊ ချစ်ရဲဘော် ၊ မင်္ဂလာမောင်မယ် ၊ ငွေဇင်ယော် ၊ ပြုံးတဲ့မေ ၊ လေချိုသွေး စသော သီချင်းများ ဖြစ်ကြသည်။ မြို့မငြိမ်း သီချင်း စတင်ရေးသားခဲ့သော အချိန်၌ အနောက်တိုင်း တေးသွားများကို ပုံတူကုူး၍ မြန်မာ စကားလုံး သွင်းကာ စပ်ဆိုသော အလေ့အကျင့် ခေတ်စားနေသော အချိန်ဖြစ်သည်။ သို့သော် မြို့မငြိမ်းသည် အနောက်တိုင်း ဂီတမှ သီချင်းစပ်နည်းကို မှီငြမ်းသော်လည်း တေးသွားကို ခိုးချခြင်း မပြုပဲ သူ၏ ပင်ကိုယ်ဂီတဉာဏ်ဖြင့်သာ ကိုယ်ပိုင် တေးသွားများ ရေးစပ်ခဲ့သည်။

လူချွန်လူကောင်း
ဆရာမြို့မငြိမ်း၏ “လူချွန်လူကောင်း” သီချင်းနှင့် ပတ်သက်၍ ဆရာဗိုလ်ကလေးတင့်အောင်(ဆရာဗိုလ်ကလေးတင့်အောင် ယခုအချိန်ထိ သက်ရှိထင်ရှားရှိနေပါသေးတယ်။ အမှန်သိတဲ့သူရှိရင် ပြင်ပေးပါဦး။) မကွယ်လွန်ခင်က ချီးကျူး ပြောဆို ခဲ့ဖူးကြောင်း စာရေးဆရာ ချစ်ဦးညိုကလည်း ပထမအကြိမ် စင်ကာပူ စာပေဟောပြောပွဲတွင် ထည့်သွင်းပြောသွားခဲ့သည်။

ဝန်ကြီးချုပ်ဦးနုလက်ထက်က ၎င်း၏ ပြည်တော်သာစီမံကိန်းအကြောင်း သီချင်းစပ် ပြိုင်ပွဲကျင်းပရာ ဆရာ ဗိုလ်ကလေး တင့်အောင်က ပထမရခဲ့ကြောင်း၊ ထိုသီချင်းကို မြန်မာ့အသံက လွှင့်သော်လည်း နားထောင်သူပရိသတ်သာမက ဆရာ ဗိုလ်ကလေးတင့်အောင် ကိုယ်တိုင် မမှတ်မိတော့ကြောင်း၊ ဆုရရန် မရိုးသားသည့် ရည်ရွယ်ချက်ဖြင့် ရေးစပ်သည့် သီချင်း ဖြစ်သောကြောင့် လူအများ၏ စိတ်ထဲတွင် သတိမရတော့ခြင်း ဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့သည်ဟု ဆိုသည်။

ဆရာ ဗိုလ်ကလေးတင့်အောင်ကပင် ထိုသို့ ပြည်တော်သာစီမံကိန်းသီချင်း စပ်နေချိန်၌ မြို့မငြိမ်းက “လူချွန်လူကောင်း” သီချင်းကို လာရောက်ပြသခဲ့ကြောင်း၊ ထိုသီချင်းကို ကောင်းသည်ဟု မထင်ခဲ့သော်လည်း ထိုသီချင်းမှာ ယခုအချိန်အထိ လူအများ၏ ပါးစပ် ဖျား၌ စွဲမြဲနေဆဲဖြစ်ကြောင်း ပြောခဲ့သည်။

စာရေးဆရာမကြီး လူထုဒေါ်အမာ၏ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်တွင်လည်း“ဆရာငြိမ်း၏ သက်ဝေ၊ တချစ်ထဲချစ်၊ သခွပ်ပန်း၊ ဒေါင်းစက်ယဉ် တို့သည် မြင်းခင်းတော်၊ နန်းမြို့တော်၊ နတ်ရှင်နောင်၊ လက်ဝဲသုန္ဒရ စသည့် သီချင်းများနှင့်အတူ ကြာရှည်တည်မည့် ခေတ်သီချင်း (Modern classics) များ ဖြစ်နေပါလိမ့်မည်” ဟု မှတ်တမ်းတင်ထားသည်။

မြို့မငြိမ်းသည် သီချင်းရေးဂီတဘက်တွင်သာ ဝါသနာ ပါသည်မဟုတ်ပဲ ပန်းချီပန်းပု ပညာရပ်များတွင်လည်း ဝါသနာပါသည်။ ထိုပညာရပ်များတွင်လည်း အတော်ပင် လက်ရာမြောက်ခဲ့သည်။ ရှေးသီချင်းကြီၤးများကို မူမှန်သတ်မှတ်ရေး အထက်မြန်မာပြည် ကော်မတီ အဖွဲ့တွင် လူကြီးတစ်ဦးအဖြစ်၎င်း ၊ မန္တလေး ရုပ်ရှင် ကုမ္ပဏီတွင် ဂီတဘက်ဆိုင်ရာ ဒါရိုက်တာအဖြစ်၎င်း ဆောင်ရွက်နေခဲ့သည်။

မြို့မငြိမ်း၏ ဓါတ်ပုံ
အသက် (၂၂) နှစ်အရွယ်တွင် မသန်းသန်းဆိုသူနှင့် အိမ်ထောင်ကျခဲ့၍ သားသမီး (၁၃) ယောက် ထွန်းကားခဲ့သည့်အနက် ကွယ်လွန်ချိန်တွင် (၈) ယောက် ကျန်ရစ်ခဲ့သည်။ မြို့မကိုရွှန်းမြိုင်သည် မြို့မငြိမ်း၏ သားဖြစ်သည်။

ဘဝနိဂုံး
မြို့မငြိမ်းသည် မန္တလေးမြို့၊ ခရစ်နှစ် ၁၉၅၅ ခုနှစ် ၊ စက်တင်ဘာလ (၁၅) ရက်၊ မနက်ဝေလီဝေလင်း စိန်ပန်းလမ်းမပေါ်မှာ ကံဆိုးစွာ မော်တော်ကားတိုက်ခံရပြီး ကွယ်လွန်ခဲ့သည်။ မြန်မာသီချင်း (Modern classicisms) များကို သီကုံးရေးဖွဲ့သွားခဲ့သည့် မြို့မငြိမ်းကား အသေစော၍ နှမြောထိုက်သည့် မြန်မာ့သားကောင်းတစ်ဦးဖြစ်ပေသည်။ ဆရာငြိမ်းသည် အနုပညာပါရမီထူးသူ ဖြစ်သဖြင့် အကယ်၍သာ အရင်းရှင်စနစ်အတွက် ဆရာငြိမ်းလိုငယ်ရွယ်သေးသူကို စတေးမပေးလိုက်ရပါက ဆရာငြိမ်းသည် ယခုနေအချိန်၌ သူရည်မှန်း တမ်းတသည့် မြန်မာ့ဂီတကို ကမ္ဘာ့ဂီတနှင့် ရင်ပေါင်တန်းနိုင်ရေးကို ဆက်လက်၍ ကြိုးပမ်းနေဦးမည် မုချဖြစ်သည်။ သို့ ကြိုးပမ်းရင်း သူကပူဆာ၊ ငါကပူဆာကြမှုများကြောင့် ချစ်စဖွယ် ဆန်းကြယ်သည့် မြန်မာ့တေးသီချင်းကလေးတွေကိုလည်း တစ်ပုဒ်ပြီးတစ်ပုဒ် သီကုံးရေးဖွဲ့နေဦးမည် ဧကန်ဖြစ်ပေသည်။

မြန်မာ့ဆင်ဖိုနီ (သို့မဟုတ်) အလကာၤကျော်စွာ ဆရာမြို့မငြိမ်း
မြို့မဆရာငြိမ်းကို ပြည်သူက သိသည်မှာ သီချင်းရေးဆရာ ဟူ၍သာသိကြသည်။ သို့သော် ဆရာငြိမ်း၏ ရည်မှန်းချက်နှင့် သူ့တစ်သက်လုံး အချိန်ပြည့် ကြိုးပမ်းသွားမှုသည် မြန်မာ့ဂီတကို ကမ္ဘာ့ဂီတအဆင့်သို့ မြှင့်တင်နိုင်ရေး တိုးမြှင့်နိုင်စေရန် ဆင်ဖိုနီ (Symphony) ခေါ် မြန်မာ့သံစုံ တီးဝိုင်းကြီးတစ်ဝိုင်း ဖွဲ့စည်းနိုင်ရေးသာလျှင် ဖြစ်လေသည်။

ဤရည်မှန်းချက် အေင်မြင်ရေးအတွက် ဆရာက သူ့တွင်ရှိသမျှ အင်အားနှင့် အစွမ်းအစကို သွန်လှဲ၍ သုံးသည်။ သူ့တစ်သက်လုံး ဇွဲကြီးနပဲကြီးနှင့် မဖြစ်မနေ ကြိုးစာသည်။ အဆင်းရဲအမျိုးမျိုးကို ဆရာက မတုန်မလှုပ်ခံသည်။ ငတ်ပြတ်မှုကို ရင်ဆိုင်သည်။

ဆရာငြိမ်းသည် မြန်မာ့ဂီတများနှင့် ရင်ပေါင်တန်းနိုင်ရေးကိုသာ အမြဲတမ်း စိတ်ကူးလုပ်ဆောင်ရင်းက အခြေအနေ၏ တောင်းဆိုချက်အရ သီချင်းများကို ရေးစပ်ပေးခြင်း ဖြစ်လေသည်။ သူ့တစ်သက်တာ၌ သူ့ဉာဏ်စွမ်းရှိသမျှ၊ သူ့ကိုယ်စွမ်းရှိသမျှ ကြိုးပမ်းသွားခြင်းသည် မြန်မာ့ဂီတဝိုင်းကြီးဖွဲ့ရေးဖြစ်သည်။ သို့သော် သူ့ရည်မှန်းချက်သည် အကောင်အထည် မပေါ်ရစ်သောကြောင့် သွားရင်းဟန်လွဲ လုပ်ဆောင်ချက်ဖြစ်သည့် သီချင်းကလေးများ ရေးစပ် သီကုံးထားခဲ့ခြင်းများကိုသာ ဆုပ်ကိုင်၍ ဤနေရာမှ သူ့အနုပညာရည်ကို တစေ့တစောင်းကြည့်ပြီး ချီးကျူး ဝေဖန်ရမည်မှာ စင်စစ်တော့ ဆရာငြိမ်းအပေါ် တရားသော ဝေဖန်မှုပြုရာ မမည်ပေ။ သို့သော် ဆရာငြိမ်း အသက်နှင့် ထင်ရှားရှိလျှင်လည်း ဤအဖြစ်ကို ခွင့်လွှတ်မည် ဟူ၍ပင် ယုံမိသည်။ အဘယ်ကြောင့်ဆိုသော် ဆရာငြိမ်းသည် လောကဓံ၏ အချောက်အချားကို တသက်ပန်လုံး ကြံ့ကြံ့ခံ၍ သွားနိုင်သူ ဖြစ်သောကြောင့် ပါပေတည်း။

ဆရာငြိမ်း ရေးဆွဲထားသည့် ပန်းချီကားကို မြင်ဖူးသူတို့က ဆရာငြိမ်းကို ပန်းချီဆရာပဲဟု ဆိုသည်။ ဆရာ့ပန်းပုလက်ရာကို မြင်ဖူးသူတို့က ပန်းပုတွင် တကယ်တော်သူဟု ပြောသည်။ ဆရာငြိမ်းသီချင်းတွေကို ကြိုက်ကြသူတို့က ဆရာငြိမ်းသည် သီချင်းရေး အကောင်းဆုံး စာရေးဆရာဟု ဆိုသည်။ မြို့မဝိုင်းတော်သားများကမူ ဆရာသည် သူတို့အတွက် သီချင်းနှင့်အတူ တီးကွက်ကိုပါ ယူလာ၍ သီချင်းရော တီးကွက်ပါ ဖော်သူ (Composer)ပါဟု ဆိုမည်။ ထို့ပြင် ဘယ်သူက ဘာတီး၊ ဘယ်သူက ဘာကို ဘယ်အချိန်မှာ ဘယ်လိုဝင်၍ မှုတ်၊ ဘယ်အချိန်တွင် ရပ်ဟု တီးကွက်များ ခွဲခြားပေးပြီး တီးဝိုင်းက အသံဖွဲ့စည်း စီမံခန့်ခွဲပေးသူ (Arranger) နှင့် ဝိုင်းထိန်းသူ (Conductor) ပါဟုလည်း ဆိုကြလိမ့်မည်။

သို့သော် ဆရာငြိမ်းနှင့် အနီးစပ်ဆုံး အခင်မင် အရင်းအနှီးဆုံး သေတပန် သက်ဆုံး လက်ပွန်းတတီး အရှိဆုံး ဆရာငြိမ်းကို အသိဆုံး ချစ်မိတ်ဆွေ ဦးသန့်ကမူ ဆရာငြိမ်းသည် ပန်းချီဆရာလည်း မဟုတ်၊ ပန်းပုဆရာလည်း မဟုတ်၊ သီချင်းရေးဆရာလည်း မဟုတ်ပါ။ ဤအလုပ်တွေမှာ ဆရာငြိမ်းက အမြင်မတော်သောကြောင့် ကြည့်မနေနိုင်၍ လုပ်ကြည့်ခြင်၊ လုပ်မည့်သူမရှိ၍ လုပ်ရခြင်း၊ အအားမနေတတ်၍ လုပ်ကြည့်ခြင်းသာ ဖြစ်ပါသည်။ သူ ဖြစ်ချင်သည်မှာ ဘာမှန်းမသိပါ။ ဆရာငြိမ်းသည် အသိခက်လှသူ ဖြစ်သည်။ သူ့ကိုကြည့်ရသည်မှာ အဘိဓမ္မာဆရာနှင့် တူပါသည်။ သူသည် အလွန်လေးနက်သည့် အဘိဓမ္မာတရပ်ကို ဖွေရှာနေသူသာ ဖြစ်ပါသည်ဟု ပြောပါသည်။

ဆရာငြိမ်းသည် သီချင်းတပုဒ်ကို ရေးစပ်ပေးမည့်သူမရှိ၍၊ သို့မဟုတ် သူ့ကို သူများက ပူဆာ တောင်းဆို၍ ရေးစပ်ပေးခြင်းဖြစ်သော်လည်း သူက ထိုအလုပ်ကို သူ့အလုပ်ဟု ထင်သူမဟုတ်ပေ၊ ရေးစပ်ပေးပြီးသည့် သူ့သီချင်း မယ်တော့ မောင်တော့များအတွက် သူက ရှက်၍ နေလေသည်။ ထို့ကြောင့် သီချင်းစပ်ခိုင်းသူအား သူ့သီချင်းကို ပေးအပ်သည့်အခါ မျက်နှာမထားတတ်၍ သူက အရက်သောက် ရဲဆေးတင်ပြီးမှ သွားအပ်ရသည်။ ရဲဆေးတင်လာပါလျက်နှင့်ပင် မျက်နှာချင်းဆိုင်ပြီး တဘက်သား၏မျက်နှာကို စေ့စေ့ကြည့်၍ ပေးဝံ့သေးသည်မဟုတ်၊ သူရေးစပ်လာသည့်သီချင်း အပ်စဉ် ဆရာသည် သူ့မျက်နှာကို တဘက်သို့ လွှဲထားလျက်ကပင် ခေါင်းငုံ့ကြီးနှင့် သီချင်းကို ထိုးအပ်သည်။ အပ်သည့်အခါ သူ့သီချင်းကို သူ့က ဆိုပြဝံ့သူလည်း မဟုတ်ပေ။ ဆိုတတ်သူတဦးခေါ်၍ ဆိုစမ်းဟု ခိုင်းလျက် သူက အလိုက်ကို မှုတ်စရာနှင့်ဖြစ်စေ၊ တီးစရာနှင့်ဖြစ်စေ တီးမှုတ်၍ အသံပြပေးသွားသူ ဖြစ်လေသည်။

ဆရာငြိမ်းက သီချင်းတပုဒ်ကိုရေး၍သာ ရေးပေးခဲ့သည်၊ သူလုပ်ချင်သည်က ဤအလုပ်မဟုတ်၊ မလွှဲမကင်းသာ၍ အမြင်မတော်၍ ဝင်ရေးပေးခြင်းမျိုး ဖြစ်သောကြောင့် ထိုသီချင်းအတွက် သီချင်းရေးခ ရရေးဆိုသော ပြဿနာမှာ ဆရာငြိမ်းအဖို့ အလွန်ကျဲသည့် ကိစ္စ ဖြစ်ပေသည်။ ဆရာ့သီချင်း အများစုသည် ရေးခ တပြားတချပ်မှမရဘဲ ရေးပေးရသည့် သီချင်းတွေ ဖြစ်လေသည်။ ။

ကြယ်တစ်ပွင့်ကို မွေးဖွားခြင်း
ကျောင်းသားအရွယ် ကျောင်းသားဘဝသို့ ရောက်သောအခါ မြို့မငြိမ်းနှင့် သူ့ဖခင်တို့ ပြန်ဆုံတွေ့ကြ ပြီး၊ ဖခင်ဖြစ်သူက သူငယ်ချင်းဖြစ်သူ ဦးဘသက်(ခံစားမှုအနုပညာရှင် ပန်းချီ ဆရာကြီး ဦးဘသက်) ထံ သူဝါသနာ ပါသော ပညာရပ်များ ဆည်းပူးသင်ကြား ပေးရန် အပ်နှံပေးခဲ့သည်။ ထိုစဉ်က ဆရာငြိမ်း အသက် ၁၄ နှစ်သားသာ ရှိသေးသည်။ ဆရာငြိမ်းသည် ငယ်စဉ် ကပင် ဝါသနာ၊ ဝီရိယနှင့် ဇွဲလုံ့လ အလွန်ကြီးသည်။ သိပ်သိပ်ကုပ်ကုပ် နေလင့်ကစား၊ စူးစိုက်အမြင်ကျယ်မှု အားကောင်းသည်။ ဆရာဦးဘသက် သာမက ထိုအိမ်သို့ ဝင်ထွက်သွားလာသူ များက မြို့မငြိမ်း၏ ဂုဏ်ရည်နှင့် စိတ် အားထက်သန်မှုကို များစွာ နှစ်ခြိုက် ခဲ့ကြသည်။ ထို့ကြောင့် သူတို့ တတ် သော ပညာများကို စိတ်ရှည်လက်ရှည် သင်ကြားပြသပေးခဲ့ကြသည်။ သို့ဖြစ်၍ ၅ နှစ်ခန့်ကြာသောအခါ ပန်းချီ၊ ပန်းပု နှင့် မယ်ဒလင်၊ ဘင်ဂျို၊ ဗျက်စောင်း ပညာများကို သင်ကြားတတ်မြောက်ခဲ့ သည်။

ပြုစုပျိုးထောင်ပေးလိုက် သော ဆရာမြို့မငြိမ်း၏ လက်ဦးဆရာ များမှာ လက်ရင်းဆရာကြီး ဦးဘသက်၊ ‘မင်းကြီးဦးဆက်’ ဆိုသူ၏ ညီ ဦးချက်၊ ဦးလင်းနှင့် စောင်း ဦးမောင်မောင်လတ် (အာဠဝီ) တို့ဖြစ်ကြပါသည်။ ထပ်ဆင့်၍ ရွာစားစိန်ဗေဒါကြီးနှင့် စိန်ဗေဒါအိမ်သို့ ဝင်ထွက်သွားလာနေသော ဆရာ ဒေဝ ဣန္ဒာဦးမောင်မောင်ကြီးတို့ထံမှလည်း မြန်မာ့စောင်းပညာကို သင်ကြားတတ် မြောက်ခဲ့ပါသည်။

မြို့မငြိမ်းသည် အသက် ၂ဝ အရွယ်တွင် အိမ်ထောင်ကျခဲ့သည်။ သူ့ ဇနီးအမည်မှာ ဒေါ်သန်းမေဖြစ်ပြီး၊ ယခင် နော်မန်ကျောင်း (ယခု-အထက ၄) ကျောင်းသူဘဝက ကျောင်းကပွဲတစ်ခု တွင် သီချင်းတစ်ပုဒ် ဆိုခဲ့ပါသည်။ သီချင်းအမည်မှာ ‘စိန်ကြောင်နီလာ’ ဖြစ်ပြီး၊ တီးခတ်ပေးသူတွေထဲမှာ ဆရာ ငြိမ်းပါသည်ဟု ထိုစဉ်က မပွင့်တပွင့် ပြောဖူးပါသည်။ ဒေါ်သန်းမေက ‘နင်တို့ အဖေ တစ်ခါ တစ်ခါ ဝေ့လည်ကြောင် ပတ်လုပ်တယ်’ ဟု ပြောသောအခါ၊ သားသမီးများက ‘လုပ်မှာပေါ့ အမေတို့ က ‘စိန်ကြောင်နီလာ’ နဲ့ စခဲ့ကြတာ ကိုး၊ ‘ချစ်သမျှကို’ နဲ့မှ မစခဲ့ကြပဲ’ ဟူ၍ ပြန်လည်ကျီစယ်တတ်ပါသည်။ မြို့မငြိမ်းတို့မိသားစုသည် ဤသို့ တစ်ဦး နှင့် တစ်ဦး ချစ်ချစ်ခင်ခင်၊ နောက် ပြောင်ကျီစယ်တတ်ခဲ့ကြပါသည်။ ဤသို့ ဖြင့် ဆရာငြိမ်း ဂီတကြယ်တစ်ပွင့် မွေးဖွားခဲ့၍၊ ငယ်စဉ်ဘဝကို ဖြတ်သန်းခဲ့ပြီး ၁၉၂၅ ခုနှစ်တွင် မြို့မတူရိယာအသင်း ကြီးကို စတင်ဖွဲ့စည်းခဲ့ပါသည်။

သင်္ကေတတို့ စတင်မြစ်ဖျားခံခြင်း
ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်ဟူ၍ မြန်မာ့တူရိယာတွင် အမျိုး အစားများ ခွဲခြားထားပါသည်။ မြန်မာ့ တို့အခေါ်အဝေါ်အရ ပဉ္စင်ငါးပါးဟု ခေါ်ဆို ခဲ့သည်။ ထိုတူရိယာများကို တစ်ခုချင်း ကို ငြိမ့်ညောင်းစေရန် တီးမှုတ်နိုင်စွမ်း ရှိသော်လည်း၊ စုပေါင်း၍ တီးမှုတ်သော အခါ၊ ပိုမိုသာယာငြိမ့်ညောင်းမှုရှိသည် ဟု ဂီတကျမ်းများတွင် အဆိုရှိခဲ့ပါသည်။ ဤတွင် မြန်မာ့တူရိယာများ တီးမှုတ် သီဆိုမှုသည် အသံခွဲခြားမှုစနစ်မရှိ၊ တူရိယာများကို တစ်ပြိုင်တည်း တီးမှုတ် သီဆိုလေ့ရှိသည်ဟု ထင်မြင်ယူဆဖွယ် ဖြစ်လာပါသည်။

တကယ်တမ်း မြန်မာ့တူရိ ယာတီးဝိုင်းတစ်ခုကို လေ့လာကြည့်မည် ဆိုပါက ကြိုး၊ ဘွဲ့၊ သီချင်းခန့်၊ ပတ်ပျိုး၊ ယိုးဒယားစသည်တို့ကို တီးမှုတ်ရာတွင် ဦးဆောင်တီးမှုတ်တူရိယာနှင့် အရံ တူရိယာပစ္စည်းများသည် တေး၏ သက် ဆိုင်ရာအပိုဒ်များအလိုက်၊ တီးမှုတ်သီဆို မှုစနစ်ခွဲ၍ တီးမှုတ်သွားကြသည်။ တူရိယာများကို တစ်ပြိုင်တည်း တီးမှုတ် နေသည်ဟု ထင်သည့်တိုင် သေချာစွာ နားဆင်ကြည့်ပါက အသံ (Voice) အနိမ့်အမြင့်၊ အတိုအရှည်တို့ကို ဦးစား ပေး တီးမှုတ်နေကြကြောင်း သိနိုင်သည်။ သို့ဖြစ်၍ မြန်မာ့ဂီတသည် လက်ဦး နဂို ကတည်းက အဆင့်အတန်းရှိခဲ့သည်။ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် ဆိုပြီး တူရိယာစုံလင်စွာရှိခဲ့သည်။ နရီ၊ စည်းဝါးများနှင့်အတူ သံနိမ့်သံမြင့်၊ အတို အရှည်တီးမှုတ်သီဆိုမှုစနစ်များ အထူး ဦးစားပေးထားရှိခဲ့သည်ဟု မြန်မာ့ဂီတ ပညာရှင်များ၏ အဆိုအမိန့်များက သက်သေခံခဲ့ပေသည်။

ဆရာမြို့မငြိမ်းသည် ဤသို့ သော မြန်မာ့ဂီတ၏ ပင်ကိုယ်မူလ၊ ယဉ်ကျေးမှု အမွေအနှစ်များကို အခြေခံ ၍ ခေတ်ပေါ်တူရိယာများ၊ ထိုတူရိယာ များကို တီးမှုတ်သီဆိုမှုစနစ်ဖြစ်သော သင်္ကေတစနစ်ကို ငယ်စဉ်ကပင် အထူး လိုက်စားခဲ့သူ လမ်းပြရှေ့ဆောင်တစ်ဦး ဖြစ်သည်။ သူနှင့်အတူ လိုက်စားနေသူ (သို့မဟုတ်) ရှေ့ဆောင်လမ်းပြခဲ့သူတစ်ဦး မှာ နာမည်ကြီး ဒါးတန်းဦးသန့် ဖြစ်ပါ သည်။ ဦးသန့်တွင် ကိုယ်ပိုင်စန္ဒရား ရှိသည်။ အကော်ဒီယံနှင့် အနောက်တိုင်း သင်္ကေတစာအုပ်များစွာ ရှိပါသည်။ နှစ်ဦး စလုံးကြီးမားသော ရည်ရွယ်ချက်ရှိသူများ ပီပီ ကမ္ဘာသုံးသင်္ကေတစနစ် စသည်များ နှင့် မြန်မာ့သံစဉ်၊ မြန်မာ့တေးသွား၊ မြန်မာ့သီချင်းကြီး၊ သီချင်းခန့်များ တီးမှုတ်လိုသူများဖြစ်ခဲ့သည်။

ထို့ကြောင့် သူတို့၏ ရည်မှန်း ချက်များ အကောင်အထည်ဖော်ရန် ၁၉၂၈ ခုနှစ်တွင် တိုးချဲ့ဖွဲ့စည်းခဲ့သော မြို့မတူရိယာအသင်းကြီးတွင် အသင်း၏ ဥပဒေစည်းမျဉ်း (၃)၊ ရည်ရွယ်ချက် အပိုဒ်ခွဲ (က) (ခ) (ဂ) နှင့် (င) တို့ တွင် အောက်ပါအတိုင်း တွေ့ရှိနိုင်ပါ သည်။

မြို့မတူရိယာဥပဒေစည်းမျဉ်း (၃)၊ ရည်ရွယ်ချက်အပိုဒ်ခွဲတွင် (က) မြန်မာ့သီချင်းကြီးများ ဆည်းပူးပြန့်ပွား ရေး (မဟာဂီတဆည်းပူးရေး)၊ (ခ) ကမ္ဘာသုံးတူရိယာများ သင်ကြားတတ် မြောက်ရေး၊ (ဂ) မြူးဇစ်နုတ် ( music note) အမှတ်အသားဖြင့် ရေးသား သော တူရိယာပညာကို လေ့လာရန် (သင်္ကေတဖတ်ခြင်း၊ ရေးခြင်းအပါ အဝင်)၊ (င) ရှေးမြန်မာသီချင်းကြီးများ ကို ကျွမ်းကျင်သူများနှင့် ညှိနှိုင်း၍ ကမ္ဘာသုံးမြူးဇစ်နုတ်ပညာဖြင့် ကူး ပြောင်းလေ့လာရန်ဟူ၍ ပါရှိသည်။

သူတု့ိ၏ လက်တွေ့ရည်မှန်း ချက် စမ်းသပ်မှုအဖြစ် ၁၉၃ဝ ခုနှစ် ခန့်က ‘တောမြိုင်ခြေလမ်း’ ယိုးဒယား သီချင်းတစ်ပုဒ်ကို ပထမဦးဆုံး မြူးဇစ် နုတ်သင်္ကေတပြု၍ စတင်စမ်းသပ် တီးမှုတ်ခဲ့ကြပြီး၊ ဒုတိယသီချင်းမှာ ‘စံရာ တောင်ကျွန်း’ ဖြစ်၍၊ ၁၉၂၅ ခုနှစ်က ယဉ်ကျေးမှုဝန်ကြီး ဦးထွန်းဖေ၊ ရွှေပြည် ဆရာကြီးဦးဘတင် (သမိုင်း)၊ ဆရာ ဘကလေး (မန်းပန်တျာပတ္တလား၊ စန္ဒရားနည်းပြဆရာကြီး) တို့အား မြန်မာ သီချင်းကြီး၊ သီချင်းခန့်များကို သင်္ကေတ ပြု၍ ရနိုင်၊ မရနိုင်ကိစ္စနှင့် ပတ်သက်၍ နမူနာတီးပြခဲ့ကြပါသည်။ ၁၉၅၃-၅၄ ခုနှစ်တွင် ဆရာမြို့မငြိမ်းသည် ပန်တျာ မူမှန်ပြုရေးသင်္ကေတ တင်မှတ်ရေး အကြံပေးအဖွဲ့တွင် ပါဝင်ခဲ့သူလည်း ဖြစ်ပါသည်။

မြို့မငြိမ်း၏ ‘ကသစ်ပန်း’ သီချင်းကို အကော်ဒီယံမောင်သန့်၊ ဒါးတန်းဦးသန့် ဦးစီးသော တီးဝိုင်းဖြင့် ဓာတ်ပြားသွင်းခဲ့ပါသည်။ ထိုထဲမှာ ဝန်ကြီး ပဒေသရာဇာ၏ ‘ပုဇင်းတောင် သံကြိုး’ သီချင်းမှ ဆရာကြီးငြိမ်း မှီးယူ အသုံးပြုခဲ့သော ‘အုံ့ကာလေ တဖွဲဖွဲ၊ ရွာလေတသဲသဲ’ ဟူသော အပိုဒ်ကို ဒါးတန်းဦးသန့်က အနောက်တိုင်း တူရိယာ အကော်ဒီယံ (Accordian) ဖြင့် ဘယ်နှင့်ညာကို မြန်မာအတွဲအဖက်၊ မြန်မာမှု မြန်မာ့ဟန်အနှစ်သာရမပျက် စေဘဲ ကော့ဒ် (chord) များဖြင့် တီး ခတ်ခဲ့သည်။ ထိုအပိုဒ်ငယ် (4 bars) ၄ စည်းများရှိသည်ကိုပင် စည်းရှိန်မြှင့် ကာ (8 bars) မျှ ဆန့်ထုတ်၍ မူလ ပင်ကိုယ် မြန်မာ့ဟန်မှ အခြေခံတေး သွားအယူအဆကို မျိုးပွားဖန်တီးခြင်း၊ (Variations on Theme) နည်းစနစ် ဖြင့် တယောအစွမ်းပြတီးခတ်ပေးခဲ့ပြီး ဖြစ်သဖြင့် ကသစ်ပန်းသီချင်းသည် ဒါးတန်းဦးသန့်နှင့် ဆရာငြိမ်းတို့၏ အနောက်တိုင်း ဝိုင်းဖွဲ့စနစ်နှင့်ပတ်သက် သော စမ်းသပ်မှုမှတ်တိုင်ဖြစ်ခဲ့ပါသည်။

သင်္ကေတစနစ်နှင့်ပတ်သက် ပြီး ဒါးတန်းဦးသန့်နှင့် မြို့မငြိမ်းတို့၏ ဆရာများ၊ နည်းပညာပေးခဲ့သူများမှာ-မစ္စတာရီဂို၊ မစ္စတာဘော်ဘီ၊ မစ္စတာ ဒေးဗစ် စသူတို့ဖြစ်ကြပါသည်။ မစ္စတာ ရီဂိုသည် အယ်ဖင်စတုန်း ရုပ်ရှင်ရုံ (ရွှေတိုက်) ရုံဝင်းအတွင်း နေထိုင်သူဖြစ် ပြီး၊ ဘုရားရှိခိုးကျောင်းနှင့် ရုပ်ရှင်ရုံတွင် စန္ဒရားတီးသည်။ (ရီဂိုဗင်) ဟူသော တီးဝိုင်း Band နှင့် ဂီတသင်တန်းဖွင့် ထားသူဖြစ်ပါသည်။ မစ္စတာဘော်ဘီမှာ ထရမ်းပက်သမားတစ်ဦးဖြစ်၍၊ တူရိယာ ပစ္စည်းမျိုးစုံနှင့် ဂီတနှင့်သက်ဆိုင်သော စာအုပ်စာတမ်းများ ရောင်းသောဆိုင် ဖွင့် ထားသည်။ မစ္စတာဒေးဗစ်မှာ မန္တလေး နန်းတွင်း စစ်ဘင်ခရာတီးဝိုင်းမှ တီးဝိုင်း ခေါင်းဆောင်အဖြစ် မှတ်တမ်းတွင် တွေ့ရှိရပါသည်။

၁၉၃ဝ ခုနှစ်တစ်ဝိုက်က မန္တလေးမြို့ဟိုတယ် ပျော်ပွဲစားရုံနှင့် ကပွဲ ခန်းလေးများတွင် မစ္စတာရီဂိုက လာ ခေါ်တတ်၍ မြို့မငြိမ်း၊ ဒါးတန်းဦးသန့်တို့ လိုက်ပါ တီးမှုတ်ခဲ့ဖူးပါသည်။ ထိုစဉ်က ဆရာငြိမ်းမှာ ဆိုက်ဆိုဖုန်းနှင့် ကလာရီ နက် တူရိယာနှစ်မျိုးကို သင်္ကေတဖတ် စနစ်ဖြင့် တီးမှုတ်ခဲ့ပါသည်။ ဤသို့ဖြင့် သီချင်း များစွာတွင် တူရိယာပစ္စည်းမျိုး စုံကို သင်္ကေတစနစ်နှင့် ဝိုင်းဖွဲ့တီးမှုအ တွေ့ အကြုံများ တစတစ ရှာဖွေတီးခတ် ခဲ့ရင်း၊ မြန်မာ့သင်္ကေတမှတ်တိုင် ဆရာ တို့ စိုက်ထူခဲ့ကြသည်ဟုဆိုလျှင် မှားအံ့ မထင်မိပါချေ။

စစ်မဖြစ်မီကာလက မြို့မ တူရိယာအသင်း၏ သင်္ကေတသမားများ ဟု ဆိုနိုင်ကြသူများမှာ ဒါးတန်းဦးသန့်၊ မြို့မငြိမ်း၊ ဦးအေးကျော် (မန်းပန်တျာ ပန်းချီနည်းပြဟောင်း)၊ ဦးသိန်းမောင် (စမောသိန်းမောင်)၊ ချိုကြီး(ဂေါ်ချို)၊ တို့ဖြစ်ကြပါသည်။ ၁၉၃၅ မှ ၁၉၃၈ အတွင်း ခေတ်ပေါ်တူရိယာများ၊ သင်္ကေ တစနစ်နှင့် ဓာတ်ပြားသွင်းယူခဲ့သော ဆရာ မြို့မငြိမ်း၏ သီချင်းများမှာ ချစ်တာ ပဓာန၊ ခင့်အိပ်မက်၊ ရှုမဝ၊ အလှပြိုင်ပွဲ၊ နန်းတော်ရှေ့ဆရာတင်၏ ဧရာဝတီ၊ အောင်ပင်လယ်၊ ထို့နောက် မြို့မငြိမ်း၏ မန်ဒါလီ၊ နှစ်ပိဿခွဲ၊ ပျိုး၊ ကသစ်ပန်း စသည့် သီချင်းများ ဓာတ်ပြားသွင်းယူ ခဲ့ရာ အောင်မြင်မှုများစွာရရှိခဲ့ပါသည်။ မြို့မငြိမ်း၊ ဒါးတန်းဦးသန့်နှင့် မြို့မအသင်း တို့၏ အနောက်တိုင်းတူရိယာများကို တီးမှုတ်အသုံးပြုနိုင်ခြင်း၊ သင်္ကေတစနစ် ဖြင့် ဝိုင်းဖွဲ့တီးမှုတ်နိုင်ခဲ့ခြင်းတု့ိ၏ အောင်မြင်မှုသမိုင်းမှတ်တိုင်များဖြစ်ခဲ့ပါ သည်။

ဆရာ့အတွေး နှင့် ဆရာ့အရေး
ဆရာငြိမ်းသည် ရောင့်ရဲခြင်း၊ နှစ်သိမ့်ခြင်း၊ သစ္စာရှိခြင်း စသော ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံနေပေ သည်။ ရောင့်ရဲခြင်းဆိုရာတွင် မြို့မငြိမ်း သည် ရသမျှနှင့် ကျေနပ်နှစ်သိမ့်တတ် ပြီး၊ မရှိလျှင် မရှိသလို နေတတ်သည်။ ဘဝမုန်တိုင်းအလယ်တွင် မြုပ်ချည် တစ်လှည့်၊ ပေါ်ချည်တစ်မျိုး ရေစာ တိုက်ပွဲ၌ အလူးအလဲခံရသည်က တစ်ဖုံ၊ ဒေါင်ကျလိုက် ပြားကျလိုက်နှင့် နေခဲ့ရ သည့်တိုင် ဆရာသည် ငြီးညူခြင်း၊ တွေဝေခြင်း၊ အရှုံးပေးခြင်း လုံးဝ မရှိ ခဲ့ပေ။ နဂိုအနေအထိုင်ကိုက ကျစ်လျစ် သူဖြစ်ပြီး၊ ဝတ်စားဆင်ယင်မှုမှာလည်း လော်လီပလွှားခြင်း မရှိ၊ ဆင်းရဲ၍ မွဲပြာ ကျသော အခါမှာလည်း မဲပြာပုဆိုး၊ ဖောဖောသီသီနှင့် ငွေကလေး ကြေး ကလေး ရွှင်လျှင်လည်း မဲပြာပုဆိုး၊ ရိုးရိုးလေးနှင့် ကျေနပ်နေသူမှာ ဆရာ ပင်ဖြစ်ပါသည်။ နိမ့်ချည်၊ မြင့်ချည် လောကဓံတရားထဲတွင် မရှိလျှင်ပျော် ပျော်၊ ရှိပျော်ပျော်နေတတ်ခဲ့သူဖြစ်သည်။ ဆရာ့အား ပျော်ပျော်နေတတ်သူဖြစ် တိုင်း၊ အပျော်အပါး၌ အလေလိုက် ခုံမင် နေတတ်သူဟုထင်လျှင် မှားပါလိမ့်မည်။ ဆရာငြိမ်းသည် သူ့ဘဝတစ်လျှောက် ပျို့ကဗျာ၊ လင်္ကာရတုစာပေမှု၌သာ နှစ်မြုပ်ထားလျက်၊ စာပေဂီတအနုပညာ ထဲတွင် အမြဲတမ်း မွေ့လျော်နေသူဖြစ် ပါသည်။ အိမ်ထောင်ဖက်အပေါ်မှာ သစ္စာရှိပုံများလည်း သူမတူအောင် ထူးခြားပြီး၊ သူ့ဘဝ မဖြောင့်ဖြူး သလောက် သူ့အိမ်ထောင်ရေးသည် သာယာပါဘိတောင်း။ အနုပညာသမား ပီပီ လောကကို အနုပညာမျက်စိဖြင့် သာကြည့်လျက်၊ အနုပညာစိတ်ဖြင့်သာ မြင်တတ်သူဖြစ်သည်။ အနုအယဉ် အချောအလှမှစ၍ အကျည်းတန်ဆုံး အရာအားလုံးကိုပင် အနုပညာရှုထောင့် မှ ရှုမြင်ခံစားသူဖြစ်သည်။ ဒေဝဣန္ဒာ ဦးမောင်ကြီးထံ စောင်းပညာဖြင့် ‘ဇမ္ဗူ ကျွန်းလုံး’ တစ်ပုဒ်လုံးကို အဆိုနှင့် တီးကွက်အပါအဝင် နေ့ချင်းပြီး သင်ယူ တတ်မြောက်သွားသောအခါ၊ ဆရာကြီး က ‘မောင်လိုလူ ဇမ္ဗူမှာ ရှားပါပေ သည်’ ဟု ကျောသပ်ကာ ချီးကျူးခဲ့ရ သည်။

ဆရာသည် ပညာမာနလုံးဝ မထားတတ်ဘဲ၊ မဖြစ်လျှင် မနေဆိုသည့် ဇွဲနှင့် အရှုံးမပေးလိုသော မာနသာ ရှိပါ သည်။ သူ့ကို တွေ့ဆုံပေါင်းသင်းခဲ့ဖူးသူ တိုင်း ချစ်ခင်လေးစားကြည်ညိုကြသည်။ လူ့ဘဝသက်တမ်းတိုတိုလေးထဲတွင် တဒင်္ဂဟန်ပန်ကိုဖြစ်စေ၊ ပျော်ရွှင်မြူး တူးဖွယ်ဖြစ်အောင် ဖန်တီးနိုင်ခဲ့သော ဆရာငြိမ်းလိုလူမျိုးမှာ ရှာမှ ရှားလှပါ သည်။ ပြီး ဆရာငြိမ်းသည် ဂုဏ်တွေ၊ ပါဝါတွေမရှိ၊ ပကတိအရှိ အရှိအတိုင်း နေထိုင်တတ်သည်။ သီချင်းရေးသည့် အခါ ဘေးက လူရှိနေသည့်တိုင် ရှိမှန်း မသိ၊ တယောကလေးစမ်းတီးလိုက်၊ စာရေးလိုက်၊ ဆေးလိပ်တိုကို ကောက် ဖွာလိုက်၊ ခွက်ထဲပြန်ချလိုက်နှင့် တစ်ခါ တစ်ရံ မီးမရှိသော ဆေးလိပ်တိုကိုပင် ပြန်ဖွာပြီးမှ ပြန်ချချင် ချနေတတ်ပါ သည်။ ဆရာ၏ မျက်နှာကမူ သီချင်း ရေးသောစာရွက်ပေါ်၌ သူချရေးလိုက် သော စာလုံးများ၊ လက်မှ တီးနေသော သံစဉ်များ၌သာ စိတ်ဝင်စားနေတတ်၍၊ တလောကလုံးကို မေ့နေဟန် တူပါ သည်။ သူ သဘောမကျသည်များရှိလျှင် မည်သူ့ကိုမျှ စကားမပြော၊ ဆိတ် ဆိတ် နေတတ်ပါသည်။ မုတ်ဆိတ်မွှေး ပါးသိုင်း မွှေးများရှည်နေခြင်းကိုပင် သတိမပြုမိ။ တွေ့ထိသူတိုင်းကို အပြုံးနှင့် နှုတ်ဆက် တတ်သည်။ ဟက် ဟက် ပက် ပက် လှောင်ပြောင်ရယ်မောခြင်း ကင်းပြီး၊ သူ့ စိတ်ကြိုက် တီးလုံးတိုက်နေသည့်အခါ (သို့မဟုတ်) အဆိုရှင်မင်းသမီးဖြစ်သူက ဆရာ့စိတ်ကြိုက် သီဆိုပြီးစီးသွားသော အခါ ဆရာသည် သူ၏ မေးချွန်လေးကို ပွတ်သလို၊ ဆိတ်သလို လုပ်ပြီး၊ ဆေး လိပ်တိုကိုခဲကာ ပြုံးနေတတ်သည် ဟု ဆရာရွှေနန်းတင် မှတ်တမ်းပြုခဲ့ပါသည်။

ထိုခေတ် ကမ္ဘာစစ် မီး မြန်မာပြည်သို့ ကူးစက်လောင်ခဲ့စဉ်၊ စစ် ဘေးရှောင်တိမ်းရင်း၊ ဆရာ ကျောက်မဲ ဘက်သို့ ရောက်သွားပါသည်။ သူငယ် ချင်း ဦးဘဟန် (ကားသင်း ဥက္ကဋ္ဌ) နှင့် တွေ့မှ ပြန်ခေါ်လာပြီး စစ်ကိုင်းဘက် ကူးသွားကြပြန်သည်။ ထိုမှတဆင့် ဂီတ မိတ်ဆွေများ စုစည်းမိကာ (‘ကမ္ဘာစစ်မီး လောင်ရာတွင် သူ ငါ ခိုကိုးစစ်ကိုင်း တောင်ရိုးမှပင် မြို့မအသင်းဝင် ရသမျှ စုစည်းလို့ပင် တီးဆိုရေးမပျက်၊ အား ဆေးတစ်ခွက် အသွင်’) ဟူသော မြို့မ သမိုင်းသီချင်းများ ပေါ်ထွက်လာခဲ့သည်။ ထိုခေတ် မြို့မနှင့် ခေတ်ပြိုင်တီးဝိုင်းမှာ မာဃနှင့် မင်္ဂလာ ညွန့်အဖွဲ့တို့ ပေါ်နေပြီ။ မဟာဂီတ သီချင်းကြီး၊ ပတ်ပျိုး၊ ယိုး ဒယားများကိုနှင့် တွဲဖက်တီးစဉ်က ဆရာဦးကိုလေး၏ ဆရာငြိမ်းအပေါ် ချီး ကျူးမှုလေးကို ပြန်လည်ဖော်ပြလိုပါ သည်။ မိန့်ဆိုခဲ့ပုံက ဒီလို . .

‘ကိုငြိမ်း၏ ဘင်ဂျိုကိုတော့ ကျွန်တော် လက်လျှော့ရပါသည်။ သူ့ ဘင်ဂျိုက လက်ခတ်နဲ့ တီးပေမယ့်၊ စန္ဒရားအသံ တွဲဖက်မျိုး ထွက်လာ သည်။ ကိုငြိမ်းထံမှ ‘ပပဝင်း ပတ်ပျိုး’ နှင့် တေးထပ်တီးဖွဲ့ပုံကို ကျွန်တော် တက်ယူခဲ့ရပါသေးသည်။ ကိုငြိမ်းသည် ဂီတအခြေခံဖွဲ့စည်းမှု၊ ဖြစ်ပေါ်မှုကို တိတိ ကျကျသိသူတစ်ယောက်ဖြစ်သည်။ ဒါကို ကျွန်တော် ဉာဏ်မီသလောက် ပြောရ လျှင်၊ ဂျီအီးစီ (GEC)၊ ဒီအက်ဖ်အေ (DFA)၊ အီးဂျီဘီ (EGB)၊ အက်ဖ်အေစီ (FAC) စသည်တို့မှာ ၁၆၄၊ ၇၅၃၊ ၆၄၂၊ ၅၃၁ တို့သည် မြန်မာအဖွဲ့အနေ ဖြင့် တျာ၊ တျေ၊ တျောတို့ဖြစ်သည်။ အ ကျိုးတရားရှိလျှင် အကြောင်းတရား ရှိရမည်ဖြစ်သည့်အတိုင်း အသံအကွာ အဝေးနရီ (Duration)၊ အသံ အတိုး အကျယ် အင်တီစီတီ (Intensity)၊ အသံအနိမ့်အမြင့် ပိသ် (Pith)၊ အမျိုး အစား ကွာလတီ (Quality) ဟူ၍ ကမ္ဘာ့သီအိုရီတွင် အဆိုရှိသလို မြန်မာ့ ဂီတတွင်လည်း ဤအချက် ၄ ချက်ရှိ ပြီးသားနှင့် ကိုက်ညီပါသည်။ သို့မဟုတ် ပါက သံပုံးကို တီးခေါက်နေသည်သို့ တောက်လျှောက် ဆူညံ၍ နေပေမည်။ ဤအချက် ၄ ချက်ဖြင့် ဆိုက်ဆိုဖုန်း၊ ကလာရီနက်၊ ထရမ်းပက်တို့ဖြင့် ‘တော မြိုင်ခြေလမ်း’ ယိုးဒယားသီချင်းကို စစ်ကြိုခေတ်က သီပေါရုံ (ယခု မစိုးရိမ် ရုံ) ၌ အမျိုးသမီးသားဖွားရန်ပုံငွေ အလှူပွဲတွင် စမ်းသပ်သီဆိုခဲ့ရာ၊ မြန်မာ မှုမပျက်ဘဲ၊ အနောက်တိုင်းတူရိယာ သင်္ကေတစနစ်ဖြင့် ပထမဦးဆုံး စမ်းသပ် သီဆိုခဲ့သော မြန်မာသီချင်းဟု ယူဆ နိုင်ပါသည်။

ဤသို့ဖြင့် ဆရာငြိမ်းတို့ ဂီတ မိတ်ဆွေများတစ်စု၊ မန္တလေး ၈၄ လမ်း ရှိ ဘီကျင်ဟော်တယ်တွင် အဖျော် ယာမကာစုပ်ရင်း၊ အနုပညာအကြောင်း စိတ်ကူးဆွေးနွေးမှုလေး လုပ်ဖြစ်ခဲ့သည်။ ထိုသို့ ဆန်းသစ်မှု၊ တီထွင်မှု၊ နားဝင်ချိုမှု တို့အတွက် အမရပူရမော်တော်ယာဉ်အသင်း ရေသဘင်တွင် စတင်တင်ဆက် ခွင့်ရခဲ့လေသည်။ ယခုခေတ်လို ရစ်သမ် (Rhythm)၊ လိဒ် (lead)၊ ဘေ့စ် Bass ဂစ်တာ Guitar ရစ်သမ် ဝိုင်းပို့မှုပစ္စည်း စကရက်ချာ (Scratcher) ရှာကာ Shakerဆိုသော အနောက်တိုင်းသုံးပစ္စည်းတွေအစား၊ ထန်းသီးခလောက်၊ ဘူးသီးခြောက်၊ သံစည်ပိုင်းပြတ်ကို နွားသားရေနှင့် ကျတ်ပြီး ဝါးပုလွေအတို၊ ပုလွေရှည် စုံလင်စွာဖြင့် ဂီတသမားအစိမ်းသက် သက်သမားများကို ဒီအနားကျ ဒီလို မှုတ်၊ ဟိုနားကျ ဒီလိုတီးဆို၍ အနောက် တိုင်းတူရိယာဝိုင်းကဲ့သို့ တူရိယာသံစုံ ထွက်သည့်စောင်းကောက် ရေသဘင်မော် တော်ယာဉ်ကြီးလုပ်ပြ ခဲ့ကြပါသည်။ လူသားတို့အကျိုးအတွက် သိပ္ပံပညာရှင် များ ဓာတ်ခွဲခန်းထဲတွင် စမ်းသပ်တီ ထွင်မှုအသစ်များ ဖော်ထုတ် အကျိုး ပြုခဲ့သလို ဆရာငြိမ်းသည်လည်း ဂီတ ဓာတ်ခွဲခန်းမှ စမ်းသပ်တွေ့ရှိမှုများ ဖြစ် သော၊ အံ့သြဖွယ်ကောင်းသော၊ ဂီတ စာလုံးများ၊ ဂီတသံစဉ်သစ်များကို ဂီတ အနုပညာကို ခုံမင်နှစ်သက်မြတ်နိုးသူ တိုင်းအတွက် သူတို့အားလုံး၏ အကျိုးငှာ ဦးဆောင်ဖော်ထုတ်ပေးခဲ့သူဆိုလျှင်လည်း မှားအံ့မထင်ပါချေ။

ဤနေရာတွင် အလင်္ကာ ကျော်စွာရွှေပြည်အေးနှင့် ဆရာငြိမ်း ပထမဆုံး ရန်ကုန်ရောက်စဉ်က အကြောင်းဖြစ်ပါသည်။ ရန်ကုန် ရိုးလ် ကုမ္ပဏီမှ ကိုလံဘီယာဓာတ်ပြားဌာနသို့ လူပိန်ပိန်သေးသေးသွယ်သွယ် လူ တစ် ယောက် ဆရာရွှေပြည်အေးတို့ သီချင်း တိုက်နေစဉ် ရောက်လာပါသည်။ ဆရာ က မြို့မငြိမ်းကို မမြင်ဖူးခဲ့ပေ။ ယခုမှ လူချင်းဆုံတွေ့ကြပြီး၊ သူ့လက်သံကို စတင်ကြားရ၊ သိခဲ့ရ၍ သီချင်းပြီးဆုံးသွား သည်နှင့် ရွှေပြည်အေး သိလိုက်ရပါပြီ။ ဆရာ့အရည်အသွေး၊ ဖွဲ့နွဲ့ပုံ အသုံးအနှုန်း၊ အသံသွင်းထားပုံအားလုံးက အရသာခံ၍ မဆုံးအောင် ပြောင်မြောက်လှသော အရည်အသွေးကို အလင်္ကာကျော်စွာ ဆရာရွှေပြည်အေးမှ ချီးကျူးခဲ့ပါသည်။ ပထမဓာတ်ပြားတိုက်နှင့် ပြဿနာနည်း နည်းဖြစ်ပြီး၊ အေဝမ်းရုပ်ရှင်ကုမ္ပဏီ ဓာတ်ပြားဌာနသို့ ညွှန်ကြား၍ ပို့လိုက် ရာမှ ဆရာငြိမ်း၏ ပညာအရည်အချင်း များ၊ ဂုဏ်ပုဒ်များသည် တိုင်းပြည်တခွင် လုံးအနှံ့ ယနေ့တိုင် ထင်လင်းလျက် ရှိနေသည်မှာ မျက်မြင်ကိုယ်တွေ့ပင် မဟုတ်ပါလော ဟု ဆရာရွှေပြည်အေး မှ ဆက်ဖော်ပြခဲ့ပါသည်။ ထိုအခါမှစ၍ ဆရာတို့နှစ်ယောက် အခါသင့်တိုင်း ယခု ပန်းဆိုးတန်းရှိ ဝင်းဝင်းရုံ (ယခင် စတားရုံ) နှင့် မျက်နှာချင်းဆိုင်မှ ထိုအခါ က (ဂေတီ) ပျော်ပွဲစားရုံတွင် တွေ့ဆုံ စားသောက်ရင်း ဂီတအရေးများ ဆွေး နွေးခဲ့ကြပါသည်။ သို့ကလို ဆွေးနွေးကြ ရင်းမှ ဆရာငြိမ်း၏ အူသည်းနှလုံးနှင့် တူသော ဝမ်းတွင်းမှ မြိုသိပ်ထားသည့် စကားများကို ဆရာရွှေပြည်အေး ကြား ရသောအခါ အံ့အားသင့်လျက် နား ထောင်ရင်းမှ သက်ပြင်းချပြီး ဆရာငြိမ်း နှင့် ဆရာကြီးတို့ အကြံတူလေခြင်းဆို ပြီး၊ နှစ်ယောက်သား ထဖက်မိပါတော့ သည်။ ထိုအကြံကား အခြားမဟုတ်။ ကမ္ဘာ့တစ်ခွင်နှင့် မြန်မာ့ Symphony တီးဝိုင်းကြီး ထယ်ဝါစွာ ပေါ်ပေါက်လာ ရေးပင်ဖြစ်ပါသည်။ ထိုသို့ ဆွေးနွေးစဉ် ကပင် ဆရာငြိမ်းမှာ ကမ္ဘာသုံးသင်္ကေတ များ ကျွမ်းကျင်နေခဲ့ပါပြီ။

နောက်တစ်ဦးမှာ ဆရာငြိမ်း နှင့် လက်တွဲဖော် ရွာစားစိန်တင်ဟန်၏ ဆရာ့အပေါ် သူမြင်သည်ကို ဆရာ့ရုပ်ပုံ လွှာအား ယခုလို ရေးဖွဲ့ခဲ့ပါသည်။ ထိုစဉ်က မန္တလေးမြို့ လမ်း ၈ဝ နှင့် ၂၈ လမ်းထောင့်တွင် လင်းရောင်ခြည် ကဖီးလေး ရှိသည်။ ထိုဆိုင်တွင် ဦးလေး ငြိမ်း အမြဲထိုင်နေကျနေရာသည် ဆိုင်၏ အတွင်းဖက် ချောင်ကျကျစနေထောင့် စားပွဲတွင် ထိုင်လေ့ရှိသည်။ အင်္ကျီ ဖြူဖြူ ဆွတ်ဆွတ်လက်တိုကို လုံချည်က မန်ကျည်းစေ့ကွက်နုပ်၊ ဖိနပ်က မော်လမြိုင်ရှေ့ထိုးဖိနပ်၊ အိတ်ကပ်ထဲမှာ နဂါးဆေးလိပ် ဆယ်ပြားတန်အသေး သုံးလိပ်ပါသည်။ သုံးထောင့်ချွန်း လေးထောင့်အိတ်ကပ်အရွယ်သာသာ စာရွက်အဖြူလေးတစ်ရွက် အိတ်ထဲမှာ ထည့်ထားသည်။ ခဲတံက ဖော့ဖျက်နေရာ တွင် ဖော့တုံးသေးသေးလေးကို အပ်ချည် ကြိုးနှင့် ချည်ထားသည်။ ပါးစပ်က ကွမ်း ဝါးရင်း မြုံ့ရင်းက၊ ဝေးလံသီခေါင်သော နေရာတစ်ခုဆီသို့ ငေးရီနေတတ်သည်။စကားပြောရင်လည်း ချောချောမွေ့မွေ့ ထွက်မလာတတ်ပါ။ အတုံးအတစ်တွေ ပါလာတတ်သည်။ မှာထားသော လက် ဖက်ရည်တွေက အပေါ်ရည်လေးတွေ တင်းပြီး အေးစက်နေသည်အထိ မ သောက်ဖြစ်သေးသည်က များသည်။ အမှန်မှာ အတွေးတွေ နက်ရှိုင်းစွာ တွေး နေပြီး၊ သီချင်းတစ်ပုဒ် ငြီးတွားနေခြင်း ဖြစ်မည်။ ထိုစဉ်က ဦးလေးငြိမ်းကို အနု ပညာထဲမှာ နစ်မြှုပ်ထားပြီး၊ မိသားစု စားဝတ်နေရေး၊ စီးပွားရေးကို မကြည့်ဘဲ ပေါ့လျော့ပျက်ကွက်သည်ဟု တချို့က ပြောကြစဉ်၊ ရွာစားစိန်တင်ဟန်က ဆရာ ငြိမ်းဝင်ငွေကိစ္စမေးဖြစ်သည်။ ကျုပ် ဝင်ငွေကိစ္စကို မောင်ရင်က ဘာလို့ သိ ချင်ရတာလဲလို့ ဆရာက ပြန်မေးသည်။ ဆရာက ဘာမှမပြောဘဲ အေးစက်နေ သော လက်ဖက်ရည်ခွက်ကို ဖျတ်ကနဲ ယူ၍ မော့ချလိုက်သည်။ ပြီးမှ တစ်ချက် ပြုံးလိုက်ပြီး အောက်ပါအတိုင်း မေး တော့သည်။

‘မောင်ရင်၊ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျဆိုတာ သိတယ်နော်’ အလောင်းမင်းတရားကြီး မူးမြစ်ကို ဆည်တော်မူစဉ်၊ ဆရာနှုံးရေး သော ကျောက်ဘွဲ့ကုန်းတန်းကြိုး’ လို့ ဆိုတာ ရလား။ မူးမြစ်ကို ရောက်ဖူး သလား၊ ဟုတ်ကဲ့ ရောက်ဖူးပါတယ်ဟု ရွာစားက ပြန်ဖြေသည်။ ဆရာက သူ့ စာရွက်ပေါ်တွင် ရောက်ဖူးဟု ရေးလိုက် သည်။ မူးမြစ် ဘယ်ကစလဲ သိလား။ မသိပါဘူး။ စာရွက်ပေါ်တွင် မသိဟု ရေးလိုက်ပြန်သည်။ မူးမြစ်အကျယ် ဘယ်လောက်ရှိသလဲ၊ မသိပါဘူးဆရာ။

အင်း . . . မောင်ရင် မသိ တာတွေ တော်တော်များနေပြီ။ မူးမြစ် မှာ ဘယ်အခါ ရေများသလဲ၊ ဘယ်အခါ ရေနည်းသလဲသိလား။ မသိပါဟု ရွာစား က ဖြေသည်။ ဤတွင် ဆရာက ဆတ်ကနဲ

‘ယူဂိုဆလပ် မုန်လာဥ မြင်ဖူးသလား’

‘ဗျာ’ ကျွန်တော်က လန့်၍ အံ့အားသင့်သွားသည်။ ထိုအချိန်က ကျွန်တော်တို့နိုင်ငံတွင် ယူဂိုဆလပ် ဟူ သော အသုံးအနှုန်းများ သိပ်မရှိသေး၍ အံ့အားသင့်သွားခြင်းဖြစ်သည်။

ယူဂိုဆလပ်မုန်လာဥဟာ တစ်ဥကို တစ်ပိဿာခွဲ၊ နှစ်ပိဿာ ရှိ တယ်။ အဲဒါ မြင်ဖူးသလား သိသလား။ ‘ဟင့်အင်း’ ဟု ရွာစားက ပြန်ဖြေသည်။

‘သြော် . . . မောင်ရင်က သိလည်း မသိ၊ မြင်ဖူး ကြားဖူးဟန်ပင် မရှိဘူး ထင်တယ်’ ဟု ပြောရင်း စာရွက်ပေါ်တွင် ‘မသိ’ တစ်လုံး တိုး သွားပြန်၏။

‘မရှိတာထက် ဘာခက် သလဲ၊ မသိတာ ခက်ပါတယ်။ အင်း ကျုပ်က မသိတာအများကြီးလူနဲ့မှ စကားပြောနေရတာပဲ’ ဟု နှုတ်မှ ရွတ် ဆိုလိုက်သဖြင့် ရွာစားမှာ ခေါင်းမဖော် ဝံ့တော့ပေ။ နောက်မှ ဆရာငြိမ်းက အားရ ပါးရတောက်လျှောက်ပြောနေပုံ က ‘အလောင်းမင်းတရားကြီးရဲ့ မူးမြစ် ဟာ မိုင်အများကြီး ရှည်တယ်၊ မူးမြစ် ကမ်းနံဘေးက ဆင်ခြေလျောလေး ဖြစ် နေတယ်။ တစ်ဖက် တစ်ဖက် အကျဉ်း ဆုံးနေရာကိုပဲ နှစ်ဖျာရာစာလောက် ကျယ်တယ်။ ယူဂိုဆလပ်နိုင်ငံက မုန်လာဥဟာ သိပ်အထွက်ရဲတယ်။ တစ်ဥ တစ်ဥ နှစ်ပိဿာနီးနီးရှိတာတွေ တောင်ပါတယ်။ အဲဒီမုန်လာဥမျိုးကို ယူပြီး၊ မူးမြစ်ကမ်းဘေးမှာ စိုက်မယ်။ သဲနုန်းမြေနုမို့ မြေဆီအားကောင်းတယ်။ မြစ်ကမ်းနံဘေးမို့ ရေလောင်းစရာမလို ဘူး။ ကျွဲနွားတွေလည်း အခင်းဝင်စားမှာ ပူစရာ မလိုဘူး။ သီးနှံစိုက်ပျိုးစရိတ် အများကြီး အကုန်အကျသက်သာပြီး တစ်နှစ် တစ်နှစ် မုန်လာဥတန်ချိန် သန်းနဲ့ ချီထွက်မယ်။ ဒါ ကျုပ်ခေါင်းထဲ မှာရှိတဲ့ စီးပွားရေးစီမံကိန်းတစ်ခုပဲဖြစ် တယ်။ မောင်ရင် ပိုက်ဆံလိုချင်ရင်၊ ငွေ လိုချင်ရင်တော့ ကျုပ်ပြောတဲ့ မုန်လာဥ စီမံကိန်းကို လိုက်နာပြီး စိုက်ပါ။ ကျုပ် ကတော့ မစိုက်အားဘူး။ သီချင်းလေး တွေ အများကြီးရေးရဦးမယ်’ ဟု ဆရာ ငြိမ်းက မမောတမ်းပြောချလိုက်ပါ သည်။ ကဲ . . . မှတ်ကရော။ ဤနေရာ တွင် စာရေးသူ၏ အမြင်ကို အနည်းငယ် တင်ပြချင်ပါသည်။ ဤနေရာတွင် သာမန်လူများ အရပ်သုံးစကားအရ အနု ပညာရှင်စိတ်ကူးဖန်တီးနေတာက တစ်ခု။ သူတို့ လာပြောတာတွေက ‘နေကောင်းသလား၊ ဘာလုပ်နေလဲ၊ ဒီနေ့ ဘာနေ့လဲ၊ ဝင်ငွေ ရှိရဲ့လား၊ ခင်ဗျား အတော်ပိန်သွားတယ်’ ဆိုပြီး မဆိုင်တာတွေ လာမေးတတ်ပြီး၊ ထိုမေး သူမှာလည်း ဘဝမှာ ဘာမှ မယ်မယ်ရရ အောင်မြင်မှုမရှိဘဲ၊ အပ်ကြောင်းထပ် နေ့စဉ်သုံးစကားများ အချိန်ကုန်လာပြော နေသည်များကို ကြုံဖူးပါသည်။ ဤ မုန်လာဥစကားလေးတွင် ဆရာငြိမ်း၏ ဟာသမြောက်သော အနုပညာဒဿန ကို ရှာဖွေတွေ့ရှိနိုင်ပါသည်။

ဆရာငြိမ်းသည် သီချင်းများ ရေးရာတွင် အကြောင်းအရာ စာလုံး လွန်စွာစိစစ်သည်။ ရှုမဝ၊ ဘင်ဂျို၊ မေဓာဝီ၊ တကြိုက်တည်းကြိုက်၊ ကရဝိက်မြူးဇစ် အစရှိသော သီချင်းများ သည် ရိုးရိုးအပျော်ရေး၊ အပျော်ဆို သီချင်းများဖြစ်သော်လည်း ပါရမီတော်၊ နန်းမြို့တော်၊ တစ်ချစ်ထဲချစ်၊ ဒေါင်း စက်ယာဉ်၊ စာဆိုခံလလုံး စသည့်သီချင်း များကိုမူ ကျမ်းကိုးကျမ်းကား၊ စာကိုး စာကိုးစာကားတွေနှင့် ရေးထားခဲ့ပါသည်။ မြို့မငြိမ်းအိပ်သော ကုတင်ဘေးတွင် သူကိုယ်တိုင်ပြုလုပ်ထားသော ခုံလေး တစ်ခုံရှိသည်။ ထိုခုံလေးပေါ်တွင် ဝိသုဒ္ဓိ မဂ်၊ မာလာလင်္ကာရဝတ္ထုတော်ကြီး၊ နဝဒေးဆိုရတုပေါင်းချုပ်၊ နတ်သျှင်နောင် ရတု၊ ဂီတမေဒနီကျမ်း၊ သူဇာပျို့၊ ဦးပုည မေတ္တာစာ၊ မြန်မာစာ ညွန့်ပေါင်းကျမ်း၊ အနုစာပေကောက်နုတ်ချက် အစရှိသော စာအုပ်များစွာရှိသည်။ ထိုစာအုပ်များ သည် မြန်မာစာပေတွင် ထင်ရှားခဲ့သည်။ အချို့သီချင်းများ အကြောင်းအရာများ၊ စာလုံးများသည် ထိုစာအုပ်များထဲက ရကြောင်း ဆရာက မိန့်ဆိုခဲ့ဖူးပါသည်။

ဆရာငြိမ်းတွင် ဤသို့ လက် တကမ်းထားသော စာအုပ်များအပြင် ထင်းရှူးသေတ္တာဖြင့် ထားသော စာအုပ် ပေါင်းမြောက်များစွာ ရှိပေသည်။ ထိုအထဲတွင် အနောက်တိုင်းသင်္ကေတ စာအုပ်များလည်း များစွာပါဝင်ပါသည်။ ထိုစာအုပ်များကိုတော့ အပြင်တွင် များ များစားစား ပေါ်ပေါ်လွင်လွင် မထားပါ။ ရှားပါး၍ဟု ဆရာဆိုခဲ့ပါသည်။ စစ် မဖြစ် မီက ထိုစာအုပ်များကို မစ္စကွစ်တိုက်က ဝယ်သည်။ မရလျှင် ရန်ကုန်သို့ မှာ သည်။ နောက်ပိုင်းတွင် မန္တလေး စီးတီး စတိုးက ဝယ်သည်။ ပိုက်ဆံရှိလျှင် စာအုပ်ဝယ်ရန် ဝန်မလေးခဲ့ပါ။ ‘စစ်ပြေး စဉ်က သူ့စာအုပ်တွေ သယ်ရသည်က ပင် တဝန်တပိုး’ ဟု ဆရာငြိမ်း၏ ဇနီး ဒေါ်သန်းမေမှ ဆိုခဲ့ဖူးပါသည်။ ညည်းတွားခြင်းမဟုတ်။ လင့်အလိုကို ပါရမီဖြည့်ပေးခဲ့သော ဇနီးကောင်း ဇနီး မြတ်တစ်ဦးဟု ခေါ်ဆိုနိုင်ပါသည်။

၁၉၂၈-၂၉ ခုနှစ်တွင် ‘ကဆုန်ညောင်ရေနှင့် တဝါတွင်း’ သီချင်းများ ရေးဖြစ်ခဲ့ရာ၊ အသင်းသား များက လက်ခံအားပေးခဲ့ကြပါသည်. သူ သီချင်းရေးသည်ကြား၍ သူ့ဦးလေး တော်သူ ဘုန်းကြီး ဦးနန္ဒိယက ခေါ်၍ သဒ္ဒါသင်ပေးခဲ့ပါသည်။ ထို့ကြောင့် မဟာ ဂီတနှင့် မြန်မာစာပေအပါအဝင် အနောက်တိုင်း ကမ္ဘာသုံးသင်္ကေတစနစ် များနှင့် အသံအစပ်အဟပ်များ ကျွမ်း ကျင်ကာ၊ ကိုယ်ပိုင်ဆန်းသစ်သော သံစဉ် သီချင်းများကို ရှာဖွေနိုင်ခြင်း၊ အခြေခံ ကောင်းများရှိခြင်းတို့သည် အလိုရှိသော အခါ ဆရာငြိမ်းအား သီချင်းရေးသူဖြစ် လာစေသည့် အခြေအနေကောင်းများ ဖြစ်ခဲ့ပါတော့သည်။ ဤသို့ဖြင့် မြို့မငြိမ်း သည် သီချင်းများစွာ ရေးဖြစ်ခဲ့ပြီး၊ နာမည်ကြီးသီချင်းများတွင် မန်ဒါလီ၊ တချစ်ထဲချစ် သီချင်းများ ထွက်ပေါ် လာသည်။

၁၉၃၅ ခုနှစ်ခန့်တွင် မြို့မ တူရိယာအသင်းသည် ခွေးတံဆိပ် ဓာတ်ပြားကုမ္ပဏီနှင့် သီချင်းများစွာ သွင်းခဲ့ပါသည်။ နန်းတော်ရှေ့ဆရာတင်၏ ဥစ္စာရင်းမှန်၊ အလှူ့ရှင်၊ သော့တွဲ၊ ဧရာဝတီ၊ အောင်ပင်လယ် အပါအဝင် ဆရာငြိမ်း၏ ချစ်တာပဓာန၊ ခင့်အိပ်မက်၊ ရှုမဝ၊ အလှပြိုင်ပွဲများသည် ပထမဦးဆုံး သော ဓာတ်ပြားသီချင်းများဖြစ်ခဲ့သည်။ ထိုသီချင်းတို့သည် မြို့မငြိမ်းအား မန္တလေး မြို့မတီးဝိုင်းခေါင်းဆောင်နှင့် သီချင်း ရေးသူအဖြစ် ဓာတ်ပြားနှင့် မြန်မာ့ ဂီတလောကအတွင်းသို့ ရောက်သွားစေ ခဲ့သော ခြေလှမ်းများဖြစ်ပါသည်။ ဆရာ ငြိမ်းသီချင်းရေးသက် ၁၈ နှစ်၊ အနှစ် ၂ဝ အတွင်း သီချင်းပုဒ်ရေပေါင်း ၁၅ဝ မှ ၂ဝဝ နီးပါအထိ ရေးသားပြုစုသွား ခဲ့ပါသည်။ ၁၉၃၅ ခုနှစ်ခန့်မှစ၍ စစ် မဖြစ်မီအထိ ဓာတ်ပြားပေါင်း ၄ဝ ကျော် သွင်းခဲ့သည်။ သွင်းခဲ့သော သီချင်းတိုင်း လူအများ နှစ်ခြိုက်လက်ခံခဲ့ကြပါသည်။

အေဝမ်းနှင့် သွင်းယူခဲ့သော ဓာတ်ပြားများမှာ ပါရမီတော်၊ ရေခင်း တော်၊ နတ်သျှင်နောင်၊ ပျို့မှာတမ်း၊ မေ့ပါနိုင်၊ ဖူးစာပိုင်၊ မင်္ဂလာမောင်မယ်၊ သက်ဝေ၊ ချစ်လွန်းတင်၊ လှမြဉ္ဇူ၊ လေထဲက ဖူးစာ၊ ရွှေမင်းဝံ၊ နွဲ့မျိုးစုံ၊ ချစ်ကျိုးတော်ဆောင်တို့ ဖြစ်ပါသည်။ သက်ဝေကို အဆိုတော်ပြည်လှဖေ နှင့် တင်တင်အေးတို့က သီဆိုခဲ့သည်။ ချစ်ကျိုးတော်ဆောင်ကို တင်တင်အေး နှင့် သီဆိုစေခဲ့သည်။ အေဝမ်းနှင့် ဓာတ်ပြားသွင်း၍ မကြာမီ စစ်ဖြစ်ခဲ့ရာ ထို ဓာတ်ပြားများကို အချို့ စစ်မဖြစ်မီ ထုတ်၍၊ အချို့ကို စစ်ပြီးခေတ်မှ ပြန် ထုတ်ခဲ့သည်ဟု သိရှိရပါသည်။

ထို့ပြင် အထက်က ဖော်ပြ ပြီးဖြစ်သော မြို့မနှင့် မာဃအသင်းတို့ ၏ ဂီတစွမ်းရည်ပြိုင်ပွဲများတွင်လည်း မာဃအသင်းသားတစ်ဦးဖြစ်သူ ကလာရီ နက်ဘဦး (ခေါ်) ဦးဘဦး (အဆိုတော် အကော်ဒီယံ အံ့ကြီး၏ အစ်ကို) မြို့မ ဝါဆိုသင်္ကန်းကပ်ပွဲတွင်၊ မြို့မဝါဆို သီချင်း ကို သီဆိုခဲ့ကြပါသည်။ တဖန် မြန်မာ့ ဆိုင်းဝိုင်းကြီးများနှင့် အနောက်တိုင်း တူရိယာများ တွဲဖက်တီးမှုတ်ခြင်းကို ဆရာငြိမ်းမှ စခဲ့ပါသည်။ အချိန်မှာ ဆဋ္ဌသင်္ဂါယနာတင် မဟာနာယက ညောင်ရမ်းဆရာတော်ဘုရာကြီး၏ အန္တိမ ဈာပနသဘင်ပူဇော်ကျင်းပရန် ပြင်ဆင် နေသော အချိန်ဖြစ်ပါသည်။ နေရာမှာ မြို့မအသင်းယာယီတည်နေရာ မြို့မ ဦးဗစိန်၏ အိမ်တွင် ဖြစ်သည်။ ရှေးက ဧယင်ကျူးခြင်းကို ဆရာစိန်ဗေဒါနှင့် မြို့မတို့ တွဲဖက်ခဲ့ကြရာ၊ အသံပျောက် အောင် စောင့်ပြီးမှ တီးခဲ့ရကြောင်း သိရှိ ရပါသည်။ ဆရာငြိမ်းမှ မောင်းတစ်ဝိုင်း၊ ကြေးတစ်ဝိုင်း အသစ်အားဖြည့်ပြီး၊ ဆရာ ဦးစိန်မောင်ကိုကြီးထံမှာ မောင်းတစ်လုံး နှင့် ပျားဖယောင်း အရှာခိုင်းခဲ့ပါသည်။ မောင်းအား စန္ဒရား (စီ-C) သံနှင့် ကိုက်အောင် ဖယောင်းဖို့၍၊ ကြေးသွန်း ခတ်တန်းသို့ ယူသွားစေပြီး၊ မောင်း တစ်ဝိုင်း ကြေးတစ်ဝိုင်းကို ရိုက်ခိုင်းစေ ခဲ့ပါသည်။ ထိုအခါမှစ၍ မြန်မာ့ဆိုင်းဝိုင်း နှင့် အနောက်တိုင်း တူရိယာများနှင့် တွဲဖက်တီးမှုအစကို ဆရာငြိမ်းမှ စတင် ခဲ့ပါသည်။

ဆရာငြိမ်းသည် (ဒီသီချင်း ဒီလိုရေးပါ၊ ဟိုသီချင်းမျိုး ရေးပေးပါ) ဆိုလျှင် ဘယ်တော့မှ မရေးခဲ့။ အနု ပညာပီသစွာ သူများမခိုင်းဘဲ၊ ခံစား ထိရှလာမှသာ (တစ်နည်း) လမိုင်း ဝင်သည့်အခါ (Inspired) ဖြစ်လာမှ ရေးဖွဲ့တတ်သူတစ်ဦးဖြစ်ပါသည်။ ဤ သည်မှာ မာနကြီးခြင်းမဟုတ်၊ အတုကို မဖန်တီးချင်၍သာဖြစ်သည်။ ဤသို့ ဂီတ အနုပညာပါရမီရင့်သန်သူပီပီ သူ ကွယ် လွန်သည်အထိ သီချင်းပေါင်းမြောက် များစွာ ရေးဖွဲ့ခဲ့ပါသည်။ ထိုစဉ်က ဒေါ်သန်းမေနှင့် အိမ်ထောင်ကျခဲ့ရာ သားသမီး ၁၃ ယောက် ထွန်းကားခဲ့ပြီး၊ ယခု သားသမီး ၈ ဦးသာ ကျန်ခဲ့လေ သည်။ မတင်ကြည်၊ မရီ၊ မအေး၊ မထွေး၊ မောင်အောင်ခိုင်၊ မောင်ရွှန်းမြိုင်၊ မောင်ညွန့်လွင်နှင့် ၂ နှစ်အရွယ် မဝင်းမြိုင် တို့ ကျန်ရစ်ခဲ့သည်ဟု ဆရာ ကွယ်လွန် စဉ်က မှတ်တမ်းဆောင်းပါးများအရ သိရှိ ခဲ့ရပါသည်။ ဆရာငြိမ်းသွင်းယူခဲ့သော ဓာတ်ပြားသီချင်းများမှာ အောက်ပါ အတိုင်းတွေ့ရပါသည်။

ချစ်တာပဓာန၊ ခင့်အိပ်မက်၊ ရှုမဝ၊ အလှပြိုင်ပွဲ၊ နှစ်ပိဿာခွဲ၊ မန်ဒါလီ၊ တချစ်ထဲချစ်၊ လေချိုသွေး၊ လားတွေ ထပ်၊ ရှင်တခုပဲ၊ ဖရဲသီးနဲ့ ဘဲဥ၊ မောင့် အရည်ချင်း၊ ယောင်းမ၊ မျက်မှန်စိမ်းနှင့် မြက်ခြောက်၊ အူချင်ယောင်ယောင်၊ မေဓာဝီ၊ လက်ဝဲသုန္ဒရ၊ နှစ်ယောက်ထဲ၊ ကသစ်ပန်း၊ စစ်ကိုင်းတောင်၊ ချစ်ကဝေ၊ လင်းအာရုဏ်၊ ဒေါင်းစက်ယာဉ်၊ ခုံးမျက်စ၊ ပျိုး၊ ထီးကလေး၊ မိဖုရားစော၊ ရေပက်မဝင်၊ ငါးဘဝ၊ လောကဇာတ်ခုံ၊ လူ့ဓမ္မတာတို့ဖြစ်ကြပါသည်။

ဆရာနှင့် မြန်မာ့ရုပ်ရှင်
နိုင်ငံကျော်တေးပြုပုဂ္ဂိုလ် အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း၏ ဂီတသြဇာသည် မြန်မာ့ရုပ်ရှင်လောက အပေါ်တစေ့တစောင်း အရိပ်ထိုးနေခဲ့ပါ သည်။ ဆရာ့သီချင်းများစွာ ခေတ် ဟောင်း၊ ခေတ်သစ်ရုပ်ရှင်ကားများတွင် လှုပ်ရှားဆဲဖြစ်ပါသည်။ ထို့အတူ ၁၉၅၄-၅၅ ခုနှစ်တွင် တည်ထောင်ကြသော မန္တလေးရုပ်ရှင်တွင်၊ စတင်တည်ထောင် ကတည်းက တေးဂီတတာဝန်ခံအဖြစ် လုပ်ဆောင်ခဲ့ပါသည်။ သာမန်တေးမျိုး ထက် အစဉ်အမြဲတီထွင်ဆန်းစစ်နေ တတ်သော ပုဂ္ဂိုလ်ဖြစ်ပြီး (Musical Picture) မျိုး ဖန်တီးလိုသည်နှင့်အမျှ တယောများဖြင့် အိုးစည်သံထွက်စေ သည့် ရွှေအိုးစည်နှင့် တိမ်ထိုးမျိုး၊ ရုပ်ရှင် ဇာတ်ပို့တီးကွက်မျိုးစုံတို့ကို ပင်ပင် ပန်းပန်း ပြုစုဖန်တီးခဲ့ပါသည်။

ယနေ့တိုင် ဆရာ့သီချင်း များသည် ရုပ်ရှင်နောက်ခံသီချင်းများ ဖြစ်ရုံမက၊ ရုပ်ရှင်ဇာတ်ကားအမည်များ အဖြစ် မှည့်ခေါ်ယူခြင်း ပြုခဲ့ကြသည်။ ရုပ်ရှင်အဖြစ် မှည့်ခေါ်ခဲ့သော သီချင်း များမှာ (၁) တိမ်လွှာမို့မို့လွင်၊ (၂) သခွတ်ပန်း၊ (၃) နှစ်ယောက်ထဲ နေချင်တယ်၊ (၄) လေချိုသွေး၊ (၅) ဓာတ်တူနာမ်တူ၊ (၆) လေထဲက ဖူးစာ၊ (၇) ခိုင်းတော့ သက်ဝေ၊ (၈) ချစ်ကျိုး တော်ဆောင်၊ (၉) ချစ်မြင်းမိုရ်၊ (၁ဝ) ယဉ်ကျေးမှု ရုပ်ရှင်မှ ကားတစ်ကား စသည် ရုပ်ရှင်ကားများမှာ ဆရာငြိမ်း၏ သီချင်းအမည်များ၊ တေးစာသားများမှ နှုတ်၍ မှည့်ခေါ်ခဲ့ကြသော ဇာတ်ကား အမည်များဖြစ်ပါသည်။

ဆရာငြိမ်း၏ ရုပ်ရှင်သီချင်း များအဖြစ် ထင်ရှားသော သီချင်းနှင့် ဇာတ်ကားများမှာ (၁) သခွတ်ပန်း (သခွတ်ပန်းဇာတ်ကား)၊ (၂) ချစ်ကျိုး တော်ဆောင် (ဆုထူးငယ်ပန်ရွယ်သွန်း ဇာတ်ကား)၊ (၃) တချစ်ထဲချစ် (အပယ် ရတနာရုပ်ရှင်)၊ (၄) တိမ်လွှာမို့မို့လွင် (တိမ်လွှာမို့မို့လွင်ရုပ်ရှင်)၊ (၅) နှစ် ယောက်ထဲ (နှစ်ယောက်ထဲနေချင်တယ် ဇာတ်ကား)၊ (၆) လေထဲက ဖူးစာ (လေထဲကဖူးစာရုပ်ရှင်)၊ (၇) ကစားစရာ အသည်းမွှာ (တခိုင်လုံးရွှေဇာတ်ကားမှ)၊ (၈) မခို့တရို့ (သားရွှေဒေါင်းတောင် ရုပ်ရှင်) (၉) မပြီးသေးသော် ပန်းချီကား (ဆောင်းအိမ်မက်ရုပ်ရှင်)တု့ိဖြစ်ကြပြီး၊ ရုပ်ရှင်ထဲပါ၊ မပါ မသိရသော်လည်း မင်းသားဝင်းဦး သီဆိုခဲ့သော တံမွှာပဉ္ဇင်၊ ပြုံးတဲ့မေ၊ မပြီးသေးသော ပန်းချီကားနှင့် သစ္စာ သီချင်းများဖြစ်၍ ရုပ်ရှင်မင်းသမီး နွဲ့နွဲ့စန်း(ပျို့မှာတမ်းသီချင်း)ကို သီဆိုခဲ့ ကြပါသည်။

အခြားသော သီချင်းများကို လည်း ခေတ်ဟောင်းရုပ်ရှင်မင်းသား ပြည်လှဖေ၊ ခင်မောင်ရင်၊ မင်းသမီး မေရှင်တို့ သီဆိုခဲ့ကြပြီး၊ မန္တလေး ရုပ်ရှင် မှ ဇာတ်ကားများစွာတွင် ဆရာ၏ ကြိုးစားတီထွင်ခဲ့သော ဂီတပညာစွမ်း ရည်ကို အားလုံးအသိဖြစ်ပါသည်။ တဖန် ဆရာရှုမဝဦးကျော်နှင့် ဝင်းဦးတို့သည် သည်ဘက်အကယ်ဒမီခေတ်အထိ ဆရာ ငြိမ်းသီချင်းများစွာကို ဂုဏ်ယူသီဆို ဖော်ကျူးခဲ့ပြီး၊ ဒီကနေ့ခေတ်အထိ ဆရာ့ တေးများကို ကြားနေရဆဲဖြစ်ပါသည်။ ပြည့်ဝကုံလုံသော အရည်အသွေးနှင့် အတိပြီးသူပီပီ၊ ဆရာငြိမ်းတစ်ယောက် အသက်ထင်ရှားမရှိတော့သော်လည်း၊ သူ့တေး၊ သူ့ဂီတ၊ သူ့အနုပညာများမှာ ဘယ်သောအခါမှ တိမ်ကောပပျောက် သွားစရာအကြောင်း အလျဉ်းမရှိနိုင်ပါ ချေ။ ဤသည်မှာလည်း ဆရာလေးဇင် ၏ ဆောင်းပါးမှ အချို့အဝက်ကိုးကား ခဲ့ပါသည်။ တဖန် ဆရာကြီး မင်းသုဝဏ် ၏ ကဗျာကို ဆရာငြိမ်းက ဂီတပြု၍ မြို့မကိုဘစိန် သီဆိုအသံလွှင့်ခဲ့သော ‘ငွေဇင်ယော်သို့’ သီချင်းမှာလည်း သံစဉ် ပြေပြစ်နားဝင်ချိုလှပြီး နာမည်ကြီး သီချင်းတစ်ပုဒ်အဖြစ် ထင်ရှားခဲ့ပါသည်။

ငွေဇင်ယော်

မြစ် ယံ သဲ နု ကမ်း စ ချစ်သံတေးမြ ကြည်ကြည်

ငှက်ကလေးငွေဇင်ယော် ပျံကာမြူးရှာ သည်

သူ့ကိုခေါ်ပါဘဲနဲ့ ခွန်းချွေနှုတ်ဆက် ဖော်ရွေသည်

မောင်လဲဖော်မစုံ တကိုယ်ရေတည်း တူညီ

အစားအစာ တောင်းသလား သနား ချစ်စရာ့ဇင်ယော်ညီ ကိုယ့်အလို မပြည့်တဲ့တောင် မောင့်ကိုဖြည့်မည်

ချစ်ဖော်နဲ့ပင် ကမ်းစပ်၌ တူယှဉ်မှီ

မောင်မယ် မုန့်ကလေးဖဲ့ကာ ဖဲ့ကာ ကျွေးလိုက်ချင်သည်

သု့ိပေမယ့် ဝဲလက် ကိုယ့်ကိုယ်ကိုယ်ရည်

ယာလက်ချစ်သူကိုယ်စားတည် ရည်ရွယ် ကျွေးလိုက်မည်

စိတ်ရှိတိုင်းစားတော့ ခွင့်လွှတ်သာကြည် ကိုယ်စားပေါ့ မောင် သူနဲ့ပင် ဒီအချိန် ဝေးနေသည်

ဆရာမြို့မငြိမ်း၏ နောက်ဆုံး မကွယ်လွန်မီ ရေးခဲ့သော သီချင်းမှာ ‘တိမ်လွှာမို့မိုလွင်’ ဖြစ်ပါသည်။ အဆွေး နှင့် အလွမ်းဓာတ်ခံရှိသူတိုင်း၊ နှစ်ခြိုက် ကြသည့်သီချင်းဖြစ်ပြီး၊ စာရေးသူမှလည်း အထူးကြိုက်နှစ်သက်သော သီချင်း အဖြစ် အမြဲတမ်း ဆိုညည်းခဲ့ဖူးပါသည်။

တိမ်လွှာမို့မိုလွင်’

ပြာရီမှိုင်းကာမို့မို ညို့ညို့ညိုလွင်

ညှင်းလေပြည် သွေးလို့သာ ဖေးမကူချင်

တိမ်လွှာလေးတွေပြေးကာ တရွေ့ရွေ့ ယူငင်

ပြုံးယောင်ကာ ညှိုးဝတ်မှုန် မိုးပစ္စုန်ရှင်

သည်းသည်းမည်းမည်း ရွာလိုက်မှာပဲ ဟန်တွေဆင်

ဖော်နဲ့ဝေးတဲ့သူမှာ အဆွေးသာပိုချင်

လွမ်းစေကျွမ်းစေအောင်ပင် သည်းကာ ရွှေမိုးညိုးတော့တယ်

တင်စားလို့ပင် ငြိုငြင်ပြောလိုက်ချင်

ဖြေဆည်မရွှင် တစ်ကိုယ်တည်းအားနွဲ့သည်တွင်

မိုးသက်လေလေး ကြွေလေအောင် ဖန်ဆင်

တမ်းတကာ နွမ်းလျအင်

မှန်းဆကာ လွမ်းလှသခင်

မြင်လှည့်ချစ်သူရယ်ခင် မှိုင်းပြာရီညို့ တိမ်လွှာမို့မိုလွင်

ဆရာငြိမ်းသည် အလွမ်းတွေ ပြိုဆင်းလာ၍၊ ဆရာ့စာသားထဲကလိုပင် တိမ်လွှာလေးတွေပြေးကာ တရွေ့ရွေ့နှင့် ဆရာ့ကို ယူငင်ခေါ်ဆောင်သွားခဲ့လေ ပြီလား မသိ။ ဖော်နှင့်ဝေးရုံမက၊ ကမ္ဘာ မြေလောကတခွင်လုံးကို ထားရစ်ခဲ့ပြီး၊ ထွက်ခွာသွားလေသူ ဆရာကြီးသည် ၁၉၅၅ ခု၊ စက်တင်ဘာလ ၁၆ ရက် နေ့က ကွယ်လွန်သွားခဲ့ပါသည်။ လူသာ သေသော်လည်း၊ နာမည်မသေခဲ့သော အနုပညာရှင်ထဲတွင် ဆရာမြို့မငြိမ်း တစ် ယောက်အပါအဝင်ဖြစ်ပါသည်။ ဟော သင်္ကြန်ကျခဲ့ပြီ။ ရေတွေ ရေတွေ ရွှဲကုန် ပြီ။ ပိတောက်တွေ ကြူကြူသင်းနေပြီ။ တပြည်လုံး နှစ်သစ်ကူးမှာ သင်္ကြန်ရေ နှင့် အားလုံးပျော်ရွှင်မြူးတူးနေကြလေ ပြီ။ နှစ်စဉ် မရိုးနိုင်သော ဆရာငြိမ်း၏ သင်္ကြန်သီချင်းတစ်ပုဒ် . .။

မန်းတောင် ရိပ်ခို

ချိုပြုံးရွှင်သော နှမပျိုရယ်၊ တကိုယ်လုံး ပင်ချော အလှပိုတယ်

မြို့မနဲ့တမိတည်း ဖွားလို့ ဆိုတော့မယ် ကွယ်

(အမောက်ကလေးတသသနဲ့ မြှောက်လု့ိ ပေးတာ မဟုတ်ဘူးကွယ်)၂

ယဉ်စစနဲ့ မြင်လိုက်ရရင် အဝတ်အစား မှာပင် အလွန်တင့်တယ်

ထွန်းသစ်စ လရောင်ဝယ် ခိုင်ညှာတံ ပွင့်လန်း ပန်းသို့နှယ်

ရိုးရိုးသားသားနဲ့ ကျုပ်တို့မြို့မက ကျေနပ်တယ်။

မြနန္ဒာ ရေညိုညိုရစ်ကာသန်းတော့

ရွှေမန်းတောင်ရိပ် တူတူခိုသူ ပျိုဖြူ တွေရယ်

ပျော်ခင်းလေးသာပါဘိတယ် နိမိတ် ကောင်းယူမယ်

နှစ်ဦးသင်္ကြန်တော်ဝယ်

ခါးသေးနွဲ့မူယာကြွယ် လှဂုဏ်ဝင့်ထယ်

မာလာရယ် ခိုင်ညှာရယ်

တစ်ယောက်ဆိုတစ်ယောက်လို့ အောက် မေ့တယ်

ခင့်မြို့မလာပြီကွယ် ဆီးကြိုလို့ရယ်

မောင်နှမအရင်းပင် ခင်မင်ချစ်သွေး ကြွမိတယ်

ဇာတိမျက်ခြယ် ကျန်းမာပါစ သက်လယ်

အော် လောင်းပါလေကွယ် ဟင် ပက် လိုက်တော့ကွယ်

နှစ်ကူးတော့မယ် ခင်ခင်ရယ် လိုက်ခဲ့ ပါလား

အပျင်းတော့ပြေမယ် မောင်တို့လာချေ ပေါ့ကွယ် ကညာမေကျော့ရယ် ငွေငန်း ထွက်လာတယ်

မြနန္ဒာ . . . .နှစ်ဦးသင်္ကြန်တော်ဝယ်။

ကိုးကား
လူထု ဒေါ်အမာ၏ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်။
ဆရာရွှေပြည်အေး ဆောင်းပါး
ဦးကိုလေး (အမရပူရ) ဆောင်းပါး
ရွာစားစိန်ဟန်တင်ဆောင်းပါး
သန်းအောင်ခိုင်ရေး – မြို့မငြိမ်းနှင့် သူ့ အနုပညာစာအုပ်https://www.facebook.com/100015305229254/posts/pfbid0H9haE9dVER3PXmHez3HyDKbaPDQEcTMKqfynQEASoK4LXqe7dsfm1PJt8QKXsWPol/