မြန်မာသံစဉ် သီချင်းကောင်းများ ။ စိုင်းထီးစိုင် – မေတ္တာ ရေစုန် မျောှခဲ့သူ

18Feb 2023 Facebook post တစ်ခုမှာ တွေ့ရတဲ့
သီ ချင်း ချစ်သူ ဝါသနာရျင် တစ်ဦးရဲ့ ခံစားချက်

မေတ္တာရေစုန်မျောခဲ့သူ တဲ့
စကားလုံးအားရော သံစဥ်ရော
စိုင်းထီးဆိုင်ရဲ့ အသံအားရော ပေါင်းစပ်ပြီး
နားထောင်ရတိုင်း
အတော်ကို ခံစားမိလိုက်တဲ့ သီချင်းပါပဲ
တစ်ခါကပေါ့လေ
ကျနော် နန်းတွင်းကျောင်းတော်ကြီး ရောက်ခဲ့စဥ်အခါက အမျိုးသမီးဆောင်တိုက်ခန်းတွဲမှာ
၅ ည အပြင် ပုံမှန်အကျဥ်းသူထဲက
စိတ်ဝေဒန ာ ​ဖောက်တဲ့သူရှိလာပြီဆိုရင်တော့
တိုက်ခန်းထဲကို လာထားတတ်ကြတယ်
တစ်ခါတော့ ပြည့်တန်ဆာမှုနဲ့ကျတဲ့ အကျဥ်းသူ
ကောင်မလေးတစ်ယောက် ရောက်လာတယ်
ရောက်ကတည်းက သီချင်းဆိုတော့တာပဲ
အသံကလည်း အတော်ကောင်းပါတယ်
အဲ့ဒီ မေတ္တာရေစုန်မျောခဲ့သူသီချင်းကို ဆိုတာမှ
အသံက အတော်ကိုခံစားချက်ပါတာကလားဗျ
ဒါနဲ့ တံခါးဖွင့်ထားလို့ လူလစ်ရင် ကျနော်တို့က
အဲ့သီချင်းကို သွားပြီး ဆိုခိုင်းနေကျဗျ
တစ်ရက်တော့ဗျာ စိတ်က တော်တော်ဖောက်ပြီး
အဝတ်အစားမကပ်ဘဲကို ငိုယိုအော်ဟစ်နေလို့
စိတ်ငြိမ်ဆေးတွေ ချုပ်ပြီးထိုးကြတာဗျာ
နောက်နေ့ကျတော့ လူလစ်တာနဲ့ သူ့အခန်းဘက်
သွားကြည့်တာပေါ့ သူ့ကိုတော့ တံခါးပိတ်ထားပြီး
ကျနော်တို့က အပြင်ကနေ နေကောင်းရဲ့လားလို့
မေးတော့ မျက်လုံးတွေရီဝေဝေနဲ့
သူဘာမှမမှတ်မိဘူးပဲပြောတယ်
ဒါက ဒီသီချင်းကို နားထောင်မိရင်
ခံစားချက်အပြည့်နဲ့ဆိုခဲ့သူတစ်ဦးကို
သတိတရရှိသွားမိတာသက်သက်ပါ
နောက်တစ်ယောက်က အဲ့ကျောင်းတော်ကြီးမှာပဲ
ရှမ်းအမျိုးသမီးတစ်ယောက်
သူက ဟိုးတုန်းက ခွန်ဆာနယ်ကို သွားပြီးသီချင်းဆိုလို့ဆိုပြီး တိုက်ခန်းထဲ လာထည့်ထားတာ သူ့ကိုတော့
အာရကေ ညှစ်ချင်တာသက်သက်လို့ ထင်တာပါပဲ
သူကတော့ နေ့တိုင်းငိုတာ သူ့ကလေးတွေသတိရလိ​ု့ ဆိုပြီးတော့လေ သူကလည်း ရှမ်းအဆိုတော်ဗျ
ထီးဆိုင်တူမလို့လည်း ပြောသဗျ
နာမည်တော့ ထားလိုကိပါတော့လေ
ကျနော်အိမ်ပြန်ရောက်ပြီး ကျောင်းဆက်တက်
ကျောင်းပြီးသွားတော့ အလုပ်တစ်ခုလုပ်မှ ဖြစ်မှာဆိုတော့ တေးသံသွင်းဆိုင်တစ်ဆိုင်မှာ
စာရင်းကိုင်ရတဲ့နေရာမှာ တစ်နှစ်လောက်လုပ်ခဲ့ဖူးတော့ သူ့နာမည်နဲ့ သူ့ပုံနဲ့ ရှမ်းသီချင်းခွေနှစ်ခွေ
ထုတ်ထားတာ .တွေ့ခဲ့ရတယ်
သူက ထီးဆိုင်သီချင်းတွေကို ပြန်ဆိုချင်တာတဲ့
အဲ့တုန်းက မေဆွိက ပြန်ဆိုလိုက်လို့
သူ မဆိုဖြစ်တာတဲ့…ကျနော်တို့က
ထီးဆိုင်သီချင်းတွေ ဆိုခိုင်းတော့ ဆိုပြတယ်
အတော်ကောင်းပါတယ်…. အဲ့တော့
မေတ္တာရေစုန်မျောခဲ့သူ သီချင်းလည်း ပါတာပေါ့ဗျာ
အဲ့ဒီသီချင်းကိုပဲ အမျိုးသမီးနှစ်ယောက်ဆိုတယ်
တစ်ယောက်က အဆိုတော်ဖြစ်တဲ့အတွက်
ကောင်းပေမယ့် ခံစားချက်နဲ့ဆိုတဲ့ဟိုမိန်းကလေးရဲ့ အသံစူးစူးလေးကိုပဲ ပိုပြီးမှတ်မိနေခဲ့တယ်

ဒါက ဒီသီချင်းကို မှတ်မှတ်ရရ ရှိခဲ့ရတဲ့အကြောင်းပေါ့လေ … ဟိုးအရင်က နားထောင်ခဲ့ရတာနဲ့
ဘဝလောကဓံအထွေထွေနဲ့ လူ့အသိုက်အဝန်းထဲ
ကျင်လည်ရတဲ့ ဒီအရွယ်မှာ နားထောင်ရတာ
ခံစားချက်ချင်း မတူတော့တာအမှန်ပဲဗျ

ဒီသီချင်းကို နားထောင်မိရင်း အတွေးတွေ
နည်းနည်းဖြန့်ကျက်မိတယ်ပေါ့ဗျာ
မေတ္တာတရားဆိုတာ အက်ရှင်မပါရင်
ဖမ်းဆုပ်ပြဖို့ အတော်ခက်ပါတယ်
ပါးစပ်ဖျားမှာတင် လမ်းဆုံးနေရုံ သက်သက်ပဲလို့
ကိုယ့်တစ်ကိုယ်​ရေ အထင်ဖြစ်လာတယ်
ကျနော်ကတော့ အဲ့သီချင်းထဲက
အိုဘယ် မနှင်းဆီဟာ
တစ်ဘက်လူပုဂ္ဂိုလ်ကို ရည်ညွှန်းခြင်းလို့ မထင်မိဘူးမေတ္တာတရားမှာ ပေးကားပေး၏ မရ ဆိုတာရှိသလို
အဟောသိကံဖြစ်သွားတဲ့အခါ သူ့ရဲ့မေတ္တာကို
နှင်းဆီတစ်ပွင့်လို တင်စားလိုက်ရင်း
ပြန်မေးခွန်းထုတ်နေရင်း
တန်ဖိုးမထားခံရတဲ့ သူ့ရဲ့မေတ္တာ သို့မဟုတ်
နှင်းဆီတစ်ပွင့်အတွက်ပဲ ကြေကွဲရတဲ့လူတစ်ယောက်ရဲ့ခံစားချက်လို့ပဲ မြင်မိတာပေါ့လေ

ဒီအသက်အရွယ်မှာတော့
ဘယ်လောက် ဖြူစင်ပြီးနှောင်ကြိုးမပါ
မျှော်လင့်ချက်မပါဘူးဘဲပြောပြော
တန်ဖိုးအထားမခံရတဲ့အခါ တခြားအရာတွေထက်
ကိုယ့်မေတ္တာတရားကိုပဲ
ကိုယ်ပြန်အားနာပေးလိုက်တာ အကောင်းဆုံးပါပဲ
အက်ရှင်ပြန်မလာတဲ့ အဟောသိကံမေတ္တာဆိုရင်
ကိုယ့်နှလုံးသားလေးကိုပဲ
ပြန်အားနာလိုက်သင့်ပါတယ်ပေါ့ဗျာ

တွမ်ခရုစ်ရဲ့ ဟစ်တလာကို လုပ်ကြံဖို့ကြိုးစားတဲ့
Valkyrie ဇာတ်ကားထဲကလိုပဲ
သစ္စာတရားဆိုတာ ထားသင့်ပေမယ့်
သစ္စာထားတာ နေရာလွဲတဲ့အခါ
အမှန်တရားနဲ့ လူများစုအတွက် ရပ်တည်သူတွေ
ကျရှုံးရသလိုပဲ
မေတ္တာတရား ဆိုတာဟာလည်း
တန်ဖိုးမသိတဲ့သူလက်ထဲဆိုရင်
အဟောသိကံဖြစ်ရတာပါပဲ
အသက်ရလာတဲ့အခါမှာတော့ ကိုယ့်နှင်းဆီတစ်ပွင့်ကို
ကိုယ့်အတွက်ပဲ ရေလောင်းပေါင်းသင်လုပ်ရတာ
အရသာပိုရှိတဲ့ဘဝကိုရပြီးတော့
ကိုယ့်နှလုံးသားအတွက်ကိုယ်
ပြန်အဖတ်ဆယ်ရတာ ပိုအကျိုးရှိမယ်ထင်ပါရဲ့လေ
လို့ပဲ …. တစ်ခါတလေတော့ တွေးမိတယ်ဗျ

ရုပ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှုနဲ့
စိတ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှု နှစ်ခုမှာ
စိတ်ပိုင်းဆိုင်ရာကို ပိုတန်ဖိုးထားတတ်သူတွေဟာ
သစ္စာတရားနဲ့ မေတ္တာတရားဟာ သူတို့အတွက် အရေးပါတယ် ဒါတွေအဟောသိကံဖြစ်တဲ့အခါ
ဒီလိုလူတွေဟာ အလဲလဲအကွဲကွဲဖြစ်တတ်တယ်
ပိုခံစားတတ်ကြရတယ်….
ရုပ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှုတွေ ပိုအားကောင်းလာတဲ့
ဒီကနေ့ကမ္ဘာကြီးမှာ
တချို့အသည်းတွေကို မခွဲကောင်းပေမယ့်
တန်ဖိုးမထားတတ်သူတွေကတော့
အသည်းနှလုံးဆိုတာ အရေးမပါဘူးပေါ့ဗျာ ဒါပါပဲ
တစ်ခါတလေလည်း တချို့လူတွေဟာ
အတော်ခက်ပါတယ်ဗျာ 😅 ဒါပေမဲ့
ဒီကနေ့ကမ္ဘာကြီးမှာတော့ သူတို့လိုလူမျိုးတွေ
ပိုအောင်မြင်နေသလိုပဲဗျ တကယ်…..😐
သီချင်းခံစားချက်ကတော့
ကျနော်နဲ့ အမြင်တူကြမှာမဟုတ်ဘူးဗျ
သီချင်းကို မတန်မရာဘာသာပြန်တာမဟုတ်
ကျနော်ခံစားမိသလို ပြောပြမိတာသက်သက်ပါဗျ
လွဲကောင်းလွဲနိုင်ပါတယ်………………………….