ကင်းတားဆည် အတွေး

မှတ် ဖွယ် မှတ်ရာ
ဆည် ေ မြာင်းရေးရာ
စာပဒေသာ ( ၂၄ -ခ )

ကင်းတားဆည် အတွေး
Edited ( 15 Feb 2023 / 24 Jun 2019 / 28 Oct 2018 )

အေးမြင့် (ညောင်တုန်း ) ၏
ဆည်မြောင်း ဝ န်ထမ်းဟောင်းများအသင်း ၂၅ နှစ် ပြည့် ငွေ ရတု မဂ္ဂဇင်း အတွက်
၂၄/၆/၂၀၁၉ နေ့တွင် ပြန် လည် ပြင်ဆင် ဖြည့်စွက် ရေးသားခဲ့ သည့်ဆောင်းပါးကို
ပြန်လည် တည်းဖြတ်ဖေါ်ပြပါသည်. ။

ရည်ညွှန်း (၁) ။

တွေးမိတွေးရာ ရေးမိရေးရာ (၅၆)

ဘုံဓမ္မတာမှာ ကြုံလာလေသမျှ
ဘဝသံသရာ ထဲက ကင်းတားဆည် အတွေး
.
ဖေ့စ်ဘွတ် လူမှုကွန်ယက်မှာ ပြန်ပေါ်လာ တာ
ပြန်လည်မျှဝေလိုက်ပါတယ် ။

စိတ်မကောင်းဝမ်းနည်းစရာက
ဆည်မြောင်း ဝန်ထမ်းဟောင်း ဝါရင့် အင်ဂျင်နီယာ ဆရာ သမား ကြီး ၊
ညျွန်ကြားရေးမှူး ဦးဘချစ်က ဆည်မြောင်း ဝန်ထမ်းဟောင်း အသင်း ရုံးကို
အခါအားလျော်စွာ လာနေခဲ့ရာက
အသက် ၈၅ နှစ် အကျော်မှာ ဆုံးသွားခဲ့ပါတယ်။
အသင်းရုံးကိုလာရင်
ညွှန်ကြားရေးမှူး ချုပ် ဝန်ထန်းဟောင်း
ဝါရင့် အင်ဂျင်နီယာကြီး ဦးအောင်ပါသိန်းနဲ့အတူ
တွဲလာနေကြတာ မကြာခန တွေ့ရတယ်။
ဆရာသမားကြီး ဦးအောင်ပါသိန်းလဲမရှိတော့။
ကိုဗစ်ကပ်ရောဂါဘေးမတိုင်ခင်က ဆုံးပါး သွားခဲ့ပါတယ် ။

ကိုဗစ်ကပ်ရောဂါဘေး ဆိုးဝါးလာချိန် ၂၀၂၁ ထဲမှာ
ကင်းတာစီမံကိန်း လုပ်ခဲ့ဘူးတဲ့ ဦးသောင်းထွန်းက
ဆည်မြောင်းဝန်ထမ်းဟောင်းအသင်း ဥက္ကအဖြစ်တက်တက်ကြွကြွလုပ်ကာင်းနေတုံး အချိန်မှာ
ကင်းတာဦီးမံကိန်းဒါရိုက်တာ ဦးဘချစ်တပည့်တပန်းတွေထဲက ဦးသောင်းထွန်းခင်ဗျာ
ကိုဗစ်နဲ့ဆုံးပါးသွားခဲ့ရ ပြန်တယ်။
ပေါ်လာ တဲ့ပုံထဲက ဦးဘချစ်ဘေး ထိုင်နေတဲ့ ဦးသောင်းထွန်း ။
ကျွန် တော့်မှာ သူရှိနေသေးတယ် လို့ ထင်နေတုံး ။
သူနဲ့တွေ့ခဲ့စဉ်က သူ့ပုံရိပ်တွေပြန်အမှတ်ရ မြင်နေမိပါတယ်။
သူလက်ထက်မှာ ဆည် မြောင်း ဝန်ထမ်းဟောင်း ငွေရတု မဂ္ဂဇင်း ထွက်တယ်

ဦးသောင်းထွန်း
ကောင်းရာဘုံဘဝရောက်ပါစေ ခင်ဗျား ။

ကင်းတားအတွေး
စာရေးဖြစ်ခဲ့တဲ့ နောက်ကြောင်းရှိခဲ့တယ်။
မကြာမီက ကိုဗစ်နဲဆုံးပါး့သွားလေသူ ဦးသောင်းထွန်းရှေ့က
ဆည် မြောင်းဝန်ထမ်းဟောင်း အသင်း ဥက္ကဌ ခေတ္တ လုပ်သွား ပြီး
ကွယ်လွန် သွား ခဲ့သူ ဝန်ထမ်းဟောင်း မိတ်ဆွေကြီး ဦးကျော်ညွန့်နဲ့ပတ်သက်နေတယ်။

ပြန် တွေးရင် စိတ်မကောင်းစရာတွေပါ။

တစ်ရက်မှာ ဦးကျော်ညွန့်ထက် ကြီး တဲ့ ဝါရင့် စက်မှ ုအင်ဂျင်နီယာ ကြီးဝန်ထမ်းဟောင်းဆည်မြာင်း စက်မှ ုအင်ဂျင်နီယာချုပ် ဦးမျို းသွင်ရဲ့ နာရေး ကိစ္စပေါ်တယ်။
ရေဝေးကိုသွားဘို့ တစ်ရပ်ကွက်သား မိတ်ဆွေ ဝန်ထမ်းဟောင်း တစ်ဦး ဖြစ်တဲ့ ဦးကံညွန့် ရဲ့ကားနဲ့ ဦးကျော်ညွန့်အိမ်ဝင်ပြီးသူ့ကိုဝင်ခေါ်တယ်
ဦးကျော် ညွန့်နဲ့က ၁၉၈၀ ဝန်းကျင် ဆည်မြောင်း စပါးစီမံကိန်းကာလကတည်းကသိခဲ့ကြရင်းနှီးခဲ့ကြတယ်။
သူက တွေ့တာနဲ့
ကိုအေးမြင့်ကြီးကျွန်တော်တို့ဆည်မြောင်းဝန်ထမ်းဟောင်းအသင်း ကြီး ကျွန်တော့လက်ထက်မှာ ၂၅ နှစ်ပြည်ပြီ ငွေရတုမဂ္ဂဇင်းထုတ်မှာမို့ ခင်ဗျားက စာ တွေရေးနေလို့ ရေးပေးအုံးနော်ဆို ပြီး တွေ့တာနဲ့ပြောပါတယ်
သူက ဆည်မြောင်းဝန်ထမ်းဟောင်းဥက္ကဌ လုပ်နေတာလပိုင်းဘဲရှိသေးတယ်။
ရေးတာပေါ့ဗျာ ၊ ရေးပါမယ်လို့ပြန်ပြောခဲ့တယ်။

ချက်ခြင်းမရေးဖြစ်သေးပေမဲ့ ဆည်မြောင်းဝန်းထမ်းဟောင်းဒေါ်နီလာတင် က ဖေ့စဘွတ်ပေါ်မှာ သူလုပ်ခဲ့ဘူးတဲ့ ကင်းတားစီမံကိန်းက စီမံကိန်းဒါရိုက်တာ ကြီး ဦးဘချစ်ကို အတူ လုပ်ခဲ့ဘူးကြတဲ့ တပည့်တွေက တွေ့ဆုံဂါရဝပြုကြတဲ့အကြောင်းဓာတ်ပုံတွေနဲ့ရေးတင်တယ်

ကျွန်တော်က လဲကင်းတားစီမံကိန်းနဲ့ ဆက်စပ် ခဲ့ လုပ်ခဲ့ဘူးတော့ ချ က် ခြင်းဘဲ ကင်းတားစီမံ ကိန်းဒါရိုက်တာကြီးနဲ့ပထမဆုံးစတင်တွေ့ခဲ့ဘူးတာ ကိုသတိရပြီး ကောက်ခါငင်ခါ ချရေးစာစီကုံးရေးလိုက်တာ ဆောင်းပါးတစ်ပုဒ်စာဖြစ်သွားတယ်။

ရပြီ ဆည်မြောင်း ဝန်ထမ်းဟောင်းအသင်း ငွေရတုမဂ္ဂဇင်းအတွက်ဆောင်းပါးအသင့်ရပြီ ။
ဝန်ထမ်းဟောင်း ဥက္ကဌ အသစ် ဦးကျော်ညွန် ထပ် တောင်းရင် ပေးလို့ရ ပြီ ။
ဒါပေမဲ့ ဦးကျော်ညန့်က မမျော်လင့်ဘဲ ဆေးရုံတက်ရင်း ဆုံးသွားခဲ့တယ်။

နောင်တက်လာတဲ့ ၀န်ထမ်းဟောင်းဥက္ကဌ ဥိးသောင်းထွန်း ကို ဝန် ထမ်း ေ ဟာင်း မဂ္ဂဇင်းဆောင်းပါးအတွက် ပေးဖြစ်ခဲ့တယ်။
မဂ္ဂဇင်းကော်မတီအစည်းအ ဝေးတစ်ခုမှာ ကျွန် တော့်ကို ဆည် ေ မြာင်း ဝန် ထမ်းဟောင်း အသင်း ဥက္ကဌ ဖြစ်တဲ့ ဦး သောင်းထွန်းက “ ဦးအေးမြင့်က လဲဗျာ မြစ်ဝ ကျွန်း ပေါ် အလု ပ် တွေ လုပိ နေပြီး အညာက ကင်းတား ဆည်အ ကြောင်းတွေ ရေးနေတယ် လို့ တရင်းတနှီး ရယ်သွမ်းသွေးခဲ့ ပြော ခဲ့သေးတယ် “
သူလဲကိုဗစ်နဲ့ ဆုံးပါးသွားခဲ့ ရပြန်ပါတယ်။

လူ့ပြည် လော က လူ့ဘဝ၊
ဘုံဓမ္မတာမှာ ကြုံလာရလေသမျ ဘဝ တွေ ပါဘဲ ။
စိတ်မ. ကောင်းစ ရာ တွေပါ ။

ဆရာသမားများ မိတ် ဆွေမျ ား
ကောင်းရာဘုံ ဘဝ ရော က်ကြ ေ နကြ ပါစေခင် ဗျား ။

အေး မြင့်( ညောင်တုန်း)
၂၈/၁၀/၂၀၂၁

ရည် ညွှန်း (၂)
ကင်းတား အ ေ တွး
( ၂၈/၁၀/၂၀၁၈ နေ့က ရေးခဲ့တဲ့ ကင်းတား အ တွေး စာ ကို ပြန်လည် တည်း ဖြတ် ပြင် ဆင်ဖေါ်ပြပါသည် )

စပါး စီမံကိန်း (၁) ( အောက်မြန်မာပြည် စပါးစိုက်ပျိုး မှု တိုးတက် ဖွံဖြိုး ရေး စီမံကိန်း / Lower Burma Paddy-land Development Project ,Phase 1 ) ရဲ့ ဒီဇိုင်းနဲ့ ပုံထုတ် ရုံး လက်အောက်မှာ ရှိတဲ့ Survey Section တိုင်းတာရေး ဌာနစိတ် က ကျွန်တော်တို့ တိုင်းတာရေး အဖွဲ့သားတွေ (အင်အား ၄၀ ခန့် ) ဟာ စပါး (၁)လုပ် ငန်း တိုင်းရေး အလုပ် တွေ ၁၉၈၀ ခုနှစ်နောက်ပိုင်းမှာ ပြီးသွား တော့ ၊ကင်းတား အ စောပီုင်း ကာလတွေ ၁၉၈၁/၁၉၈၂ မှာ ကင်းတား စီမံကိန်းစတင် ခါစ
ေ မြ ပြင် တိုင်းတာရေး အလုပ်တွေကို ၂ နှစ် သွားရောက် ကူ ညီ လုပ် ပေးခဲ့ကြရပါတယ်။

ကျောင်းနေဘက် မိတ်ဆွေ Survey 1 ( ဆည်မြောင်း တိုင်းတာရေး ၁ မိတ္ထီလာ က ) လက်ထောက် အင်ဂျင်နီယာ AE ဦးမျိ ုး မြင့် (ပသိုင်း မျိုးမြင့်/ ယခု ကွယ် လွန် ) က ကင်းတား မှာ တာဝန်ကျ နေစဉ် စီမံ ကိန်းရဲ့ တူးမြောင်း ပိုင်း ဒါရိုက် တာ SE ဦးဘချစ် ( ယခု ကွယ် လွန် ) ကီု စ တင် တွေ့ ခဲ့ ဆုံခဲ့ သိခဲ့ ရပါတယ်။ စီမံကိန်း စတင်စ ကာလ ေ တွ မှာ တူးမြောင်း ဘက်ဆိုင်ရာ အမှု ဆောင် အင်ဂျင်နီယာ EE ၂ ယောက် ဦးစန်းလွင် ( ယခု ကွယ် လွန်) နဲ့ ဦး မြင့်မောင် (ယခု ကွယ် လွန် ) တို့ နဲ့ လည်း ဆုံ ခဲ့ ရဘူးတယ် ။ ( နှစ်ယောက်စလုံး ပင် စင်ယူပြီ း စောစော စီး စီး ကွယ် လွ န်သွ ားခဲ့ကြတယ် ။) ဟွန် ဒိုင်း Hyundai ကိုရီးယား အင်ဂျင် နီယာ အဖွဲ့တွေလဲ ကင်းတားတမံ တည်ဆောက် ေ ရ း အလုပ်တွေ စ လုပ်နေ ကြ ပြီ။

ကင်တား Dam Site စခန်း မှာ ဆည် မြောင်း စီနီယာ အင်ဂျင် နီယာ ကြီးတွေ ဖြစ်ကြ တဲ့
ဦးကျော်စန် ဝင်း (နောင် မှာ ဆည် ေ မြ ာင်း ညွှရေးမှူးချုပ်) ။ ဦးမောင် မောင် တင် ။ဦးမျိ ုး ညွန့် ။ ဦး ဝင်း လှိုင် ( ထိုင်းနိုင်ငံ မှာ သွားနေရင်း ကွယ်လွန် ) စတဲ့ ကျွန်တော်ထက် အသက်ရော ရာထူးပါကြီးကြတဲ့ စီနီယာ အင်ဂျင် နီယာ ကြီးတွေကို ပထမဆုံး စတင် တွေ့ ခဲ့ရ၊ သိခဲ့ ရ ဘူး တယ် ။

ကင်း တား ရေသောက် မြောင်းမကြီးAlignment Survey /LS-CS Survey ေ မြာင်း အူ ေ ကြာင်း နဲ့ ေ မြာင်း ဖြတ်ပိုင်းပဲ့ တိုင်းတာ သတ်မှတ်ရေး နဲ့ အတူ ၊ ကင်းတားဆည် ရေဝပ် ဧရီယာ တိုင်းတာရေး Survey ကို ၂ နစ် အတွင်းပြီးအောင် ကျွန်တော် တို့ လုပ်ခဲ့ကြရတယ် ။
ကင်းတား Diversion Weir ရေလှဲ ဆည် ကနေ တံတားဦး အရောက် ကင်းတား လက်ဝဲ မြောင်းမကြီး တလျောက်မှာ စပါး (၁) ရဲ့ တိုင်းတာရေးအဖွဲ့သားတွေ ဟာ စပါး (၁) ရုံးက တိုၤင်းးတာာရေး ကရိယာ အသစ်တွေကို သုံးပြီး ကင်းတား လက်ဝဲ မြောင်းမ ကြီး တစ်လျောက် အစုံအဆန် တိုင်းတာရေးတွေ လုပ် ခဲ့ ကြတယ် ။
ကင်းတာ းဆည် မှာ အတိုင်ပင် ခံ လာကူညီလုပ်ပေးနေတဲ့ LAHMEYER Co. ရဲ့ Survey consultant ဓျာမန် နိုင်ငံက နိုင်ငံခြားသား တိုင်းတာ ရေးပညာရှင် Mr Daute နဲ့ ဆုံပြီး သူ့ Dam site Reservoirr survey သူတာဝန်ယူ လုပ် နေတဲ့ တမံ လမ်း အူေ ကြာင်း တိုင်းတာ သတ်မှတ် ရေး အတွက် သူ့ထံ Survey Report မိမိတို့လုပ်ခဲ့တဲ့ တိုင်းတာရေး အစီရင်ခံစာ ကို တင်ပေးခဲ့ဘူး တယ်။ ကျွန်တော့် အတွက် ဆည်မြောင်းမှာ အင်္ဂလိပ် လို Report အဏီရင်ခံစာ တစ်စောင် ပထမဆုံး ကိုယ်တိုင် ရေး သား တင် ဖြစ် ခဲ့တဲ့ အတွေ့ အကြုံ ရခဲ့ လိုက်ပါတယ် ။နောက် သူနဲ့ ရင်း နှီးလာလို့ သူကဘဲ ကင်း တား Dam site survey ေရ ေ လှာင်တမံ တည်နေရာ တိုင်းတာ သတ်မှတ် ဘို့ အလုပ် အတွက် ကျွန်တော် တို့ အဖွဲ့ထံမှ တိုင်းတာရေး ကရိယာ ငှားလို့ ကျွန်တော်တို့ စပါး (၁) မှာသာရှိ ပြီ း၊ ကျွန်တော် တို့ ရုံးက စပါး (၁) ပုံထုတ် ရုံး တိုင်း တာရေး အင်ဂျင် နီယာေ တွ ကျင်လည် စွာ ကောင်း ကောင်း သုံးနေကြတဲ့ အဲဒီ အချိန် က ခေတ် မီ Wild DI 3 S ,Distomat Electronic Disttancer လို နောက်ဆုံး ပေါ် အီလက်ထရိုနစ် နည်းစနစ်နဲ့ လုပ်ထားတဲ့ တိုင်းတာရေး ကရိယာကို သူ့ကို ပေး ငှားသုံး ခဲ့ ဘူးတယ်။ အဲဒီကိရိယာတွေဟာ အဲဒီအချိန်က မြန်မာနိုင်ငံ ကောင်းကင် မြေတိုင်း အဖွဲ့ရုံး မှာ ပင် မရှိသေးပါ။
နိုင်ငံခြာ ပညာရှင် တစ်ယောက်ရဲ့ အထင် ကြီး လေးစား မှု လဲ ခံကြရတယ်။သူနဲ့ရင်းနှီးလာလို့ သူနဲ့ ယှဉ်ပြီး ကိုယ့် အလုပ် တိုင်း တာရေး Survey ကိစ္စ တွေ ကောင်းကောင်း ဆွေးနွေးနိုင် ခဲ့ တယ် ။

ကင်းတား ဆည် စီမံကိန်းအတွက် Survey Team တိုင်းတာရေး အဖွဲ့ ကို စပါး (၁) စီမံကိန်းမှ Survey Team တိုင်းတာရေး အင်အား တစ် ဖွဲ့ လုံး လာရောက် တိုင်းတာရေး ဆင်း လုပ် ခဲ့ကြ တာ ဖြစ် ပြီး ကျွန်တော် လက်ထောက်အင်ဂျင်နီယာ Assistant Engineer AE ၁ ယောက်က ခေါင်းဆောင် တာဝန်ယူ ပြီး၊ ဒု လက်ထောက်အင်ဂျင်နီယာ Sub -Assistant Engineer SAE ကိုအောင်စိန် ၊ ကို စောစမွတ်၊ ကိုသန်း ဌေး ၊ ကို ထင်အောင် ၊ ကို ထွန်းထွန်းတို့ ( အားလုံး ပင်စင် အနား ယူ ကုန် ကြပါ ပြီ။) နဲ့ အတူ ၊ကျွန်တော် တို့ တစ်တွေ စပါး (၁)ရုံး မှာ လေ့ကျင့် သင် ကြား ပျိုး ထောင် ပေး ထား ခဲ့တဲ့ လူငယ် တိုင်းတာရေး အင်ဂျင်နီယာ Engineer Surveyor ES ကိုလှ ကြိုင် ခေါင်းဆောင်တဲ့ တိုင်းတာရေး အင်ဂျင် နီယာ မျိုးဆက်သစ်ပေါင်း များစွာ၊ (အားလုံး ပင်စင်ယူ ကုန် ကြ ပါ ပြီ )ကိုယ့်ရုံးက Assistant Engineer Surveyor AES တွေ Helper အကူ တွေ များစွာနဲ့ တိုင်းတာရေးအတွက် စပါးစီမံကိန်း (၁) က အင်ဂျင်နီယာတွေ ဝန်ထမ်းတွေ စုစုပေါင်း အင်အား ၄၀ ကျော် ခန့် ပါဝင် လုပ်ကိုင် ခဲ့ ကြပါတယ် ။

ပထမနှစ် ၁၉၈၁ မှ ာ ညွှရေးမှူး SE ဦးဘချစ် နဲ့ ဆုံတွေ့ ခဲ့ ရပြီး ဒုတိယ နှစ် ၁၉၈၂ တိုင်းတာရေး နှစ်မှာ ညွှေ ရးမှူး SE ဦးစောဝေါ်တာလူး Site ကွင်း ထဲ လာရင်း ပထမဆုံး တွေ့ဆုံ ခဲ့ရတယ် ။ တိုင်းတာရေး ကာလအတွင်း စီမံကိန်း ဒါ ရိုက် တာ ဦးစောဝေါ်တာ လူး၊ သူ့ မိတ် ဆွေ သမိုင်းပညာရှင် ဆ ရာ ကြီး ဒေါက်တာ သန်း ထွန်း တို့ နဲ့အတူ ရွာတရွာမှာ တွေ့ထားတဲ့ ရှေးခေတ် ပျူ ကျောက်စာ တ စ် ချပ် ကို သွား ကြည့်ကြတာ လဲ အတူ လိုက် ပါ ကြည့် ခဲ့ ဘူးသေးတယ်။

အဲဒီ နှစ်တွေ မှာဘဲ ကင်းတား ဆည် စီမံကိန်း အတွက် မြစ်သားမှာ ဒီ ဇိုင်း ပုံထုတ် ရုံး စဖွင့် ခဲ့ပါတယ် ။
အစမှာ ရုံးဖွင့်ဘို့ အတွ က် ရန်ကု န် ဒီ ဇိုင်း ပုံထုတ်ရုံး က ရောက် လာ ကြတဲ့ ဆည်မြောင်း ရဲ့ စီဣီယာ ဒီဇိုင်း ပညာရှင် ကြီးတွေ ဖြစ်ကြတဲ့ ဦးမြတ်စိုး ( ယခု ကွယ် လွန်) ၊ ဦးစိုင်း ကျော် မြင့် နဲ့ဦး အုန်းခိုင် တို့ကို ကျွန် ေ တာ် တို့ အဖွဲ့က မြစ်သားမြို့ ပြင် မှာ ထွက် ခရီး ဦးကြို ပြု ပြီး အလွန် လေးစား ရတဲ့ ဆည်မြောင်းရဲ့ ပုံ ထုတ် / ဒီ ဇိုင် းပညာရှင် ကြီး ၃ ဦးကို ကျွန်တော်တို့ ရန်ကုန်က စပါး (၁) အဖွဲ့ က နံနက်စာ ဖြင့် ဧည့် ခံပြီး ကင်းတား ဒီဇိုင်း နဲ့ ဆက်စပ်နေတဲ့ ကင်းတားလက် ဝဲ မြောင်းမ ကြီး အတွက် ကျွန် ေ တာ်တို့တစ် ေ တွ တိုင်းတာရေး လုပ်နေကြတဲ့ Alignment Survey အလုပ် တွေ အကြ ာ င်း ရှင်း ပြတယ်။ ရန်ကုန်မှာကတည်းက ခင်မင် ရင်း နှီးပြီးသားလဲ ဖြစ်၊ စပါး (၁) ရုံး က ကျွန် တော်တို့ အေ ကြာင်း နဲ့ လုပ်ပုံ ကိုင်ပုံ တွေလဲ ဆရာသမား ဝါရင့် ဆည်မြောင်း အင် ဂျ င် နီ ယာကြီး တွေက သိထား ပြီးဖြစ်တော့ ကင်းတားဒီဇိုင်း ရုံး ဖွင်ပြီး နောမှာ ၊ ကင်းး တား လက်ဝဲမြောင်း Survey Result တိုင်းတာ ရေး ရလဒ် တွေကို ဒီဇိုင်း ပညာရှင် ဦးစိုင်းကျော်မြင့်က ယုံကြည် အား ထားကြာင်း နောင်မှာ ပြော ပါတယ်။
၂ နှစ်တာ ကာလအတွင်း ကျွန်တော်တို့ စပါး(၁) က တိုင်းတာရေး အဖွဲ့တွေ အလုပ်ထဲမှာ
မငြီးမငြူ တပျော်တပါးနဲ့ စည်းစည်းရုံးရုံး တိုင်းတာရေး အလုပ်တွေ လုပ်ခဲ့ ကြ ပါတယ် ။

ကင်းတား Survey သွာ းလုပ်ရင်း မြန်မာပြည် မှာ ကျောက်ခေတ် လူသား တွေ နေခဲ့တယ်ဆိုတဲ့ ရွာငံမြို့ နယ်ထဲက ကင်း တား ရေဝပ် ဧရိယာ အထက်ပိုင်း မှာ တည်ရှိတဲ့ ပြဒါးလင်း ဂူကို ရောက်ဖြစ်အော င် အရောက် သွား ခဲ့ လိုက် ကြသေးတယ် ။ ရောက်တုံးရောက်ခိုက် ဒေသန္ဒ ရ ဗဟု သု တ လဲ ရှာခဲ့ လိုက် ကြသေးတယ် ။


ပြဒါးလင်း ဂူ လေ့ လာရေး ခရီး သွားခဲ့ ရာမှာ ကျွန်တော်တို့ Survey တိုင်းတာရေး ဖွဲ့သား အချို့နဲ့အတူ ဦးမြတ်စိုး ပါ လိုက်ခဲ့တယ် ။ပန်း လောင် မြစ် ကို နွေအခါ ရေနဲ ချိန် မှာ ရေ ထဲ ဖြတ်ပြီး
ချော င်း ထဲမှာ ခြေ လျင် ကူး ဖြတ်ကြတယ်။ ပန်းလောင် မြစ် အလယ်မှာ ခါးအထက် ရင်ခေါင်း လောက် အထိ ရေနက်နေ သေးတယ်။
နွေဆိုသော် လဲ ရေ အရမ်း စီး နေပြီး ရေစီးသန်တယ် ။
မှတ် မိနေပ ါသေးတယ် ။ မြစ်ကို တစ်ယောက် ချင်း ဖြတ်ဘို့ အန္တရာ ယ် ရှိတော့ ကျွန်တော် တို့ အဖွဲ့ သားတွေ ရေစီးသန်တဲ့ ပန်းလောင် မြစ် ထဲ့မှာ ကန့်လန့်ဖြတ်ပြီး တစ်ယောက်ကို တစ်ယောက် လက် တွဲပြီး ဖြ တ်ကြ ရတ ယ်။
တော်သေးတယ် ။ၤကျွန် တော့်ဘေး မှ ာ အရပ် ရှည်တဲ့ ဦး မြတ် စိုး က ကျွန့် တော့်ကို ဆုတ်ကိုင် တွဲထားပေလို့ ။ရေလည် ခေါင် ရောက်တော့ ချောင်းရိုး က တဖြည်း ဖြည်း နက် လာ ။ လက်တွေ တွဲပြီး ရေစီးထဲ လမ်းလျောက်နေရင်း တခါ တလေ ခြေ လွတ် သွားရင်း ရေ စီးထဲ လွင့်မျော သွား တတ် တယ်။ ရေစီး အလွန်သန်တဲ့မြစ် ရေအားပမာဏ နွေရာသီမှာပင်လျင် အလွန် များ ပြား လှနေတာကို ချောင်းရေထဲ ဖြတ်လျောက်ရင်း ကိုယ် တွေ့ သိ ခဲ့ လိုက် ရတယ် ။အောက်ပြည်
မြစ်ဝကျွ န်း ပေါ်သား ဖြစ် သော်လဲ ခုလို အဖြစ်ကြံု ရတော့လဲ ရေထဲမှာ ကြောက်လိုက်တဲ့ ဖြစ်ခြင်း။ ဒီလို ရေစီးထဲ မှာ ချောင်း ကို လက်တွဲပြီ း လမ်း ဖြတ် လျောက် ကြရင်း ချောင်း တစ် ဘက် ကမ်းကို ရင် ေ မာစွာနဲ့ ရောက် သွား ခဲ့ကြတယ်။
ချောင်းထဲ အတူ လက်တွဲ လမ်းလျောက် ခဲ့တဲ့ ဝါရင့် စီနီယာ အင်ဂျင် နီယာကြီး ဦးမြတ်စိုး က ချင်းတောင် မှာ တာဝန်ကျ လို့ သွားေ နရင်း နေမကောင်း ဖြစ်ခါ ရန်ကုန် မှာ ပြောင်းနေခိုက် ဆုံးပါး သွား ခဲ့ပါတယ် ။
စပါး စီမံ ကိန်း ရုံး အစောပိုင်း ကာလ အလု ပ် တွေ စတင်ကတည်းက ကျွန်တော်နဲ့ ရေစက်ဆုံခဲ့တဲ့ ဦးမြတ်စိုး တာဝန်ယူ ထမ်းဆောင်ခဲ့တဲ့ ချင်းတောင် ဟား ခါး မြို့က ချင်းပြည်နယ်ဆည်မြောင်း ရုံးကို သူ ရန်ကုန် ပြောင်း ပြီး နောက် ကျွန်တော်က တနှစ် ခန့်နေ ပြီး ဆက်လက် တာဝန် ယူ ထမ်းဆောင်ခဲ့ရပါသေးတယ် ။
ပန်း လောင် မြစ် တဘက် ကမ် းမှာ ဒေသခံ တော လိုက် မု ဆိုး တစ် ယော က် အကူ အညီ နဲ့
တောထဲ မှာ ပြဒါ်း လင်း ဂူ အရောက် ခြေလျင် လျောက် သွားကြတာ ၁ နာရီ ကျော် ကျော်အ ကြာ မှာ ဂူကို ရောက် ကြပါတယ် ။
ဂူထဲ မှာ ကျောက် ခေတ် လက် ရာ တွေတော့ သတိ မပြုမိခဲ့ ဘူး ။
လှိုဏ် ဂူ ထဲ တစ်လျောက် လိုက် ကြည့် ဖြစ် ခဲ့ ကြတယ် ။

နောင်မှာ ၊ မိမိ တို့ ဆည် ေ မြာင်း ဌာနအတွက် သမို င်း ဆရာ ကြီ း ဒေါက် တာ တိုးလှရေး ပေးခဲ့တဲ့ လယ်တွင်းကိုး ခ ရိုင် ဆည် မြောင်း သမိုင်းစာအုပ် ထဲမှာ ပြဒါးလင်ဂူနေ ရှေ း ကျောာ် ခေတ် လူသားတွေ လယ်တွင်းကိုး ခရိင် ယနေ့ ခေ တ် ကျေ က် ဆည် လွင်ပြင်ကို ဆင်းပြီး သူတို့ ဘဝ ရှင်သန် ရေး အမဲ လိုက် သားငါး ရှာဖွေ စား သော က် နေထိုင် နိုင်ကြတယ် လို့ မှန်းဆ ရေးသား ထားပါတယ် ။
နောင် လူသား တွေ အဆင့် မြင့်လာ ကြ တဲ့အခါ မြစ် ချောင်း ရေကို ယူ ပြီး ကျောက်ဆည် လွင်ပြင် မှာ စပါး စိုက် ပျိုးစား တတ် လာတယ် ။ ပုဂံခေတ် အနော်ရထာ လက်ထက် ရောက်လာ တော့ ပန်းလောင် မြစ် ကို ဖြတ် ပိတ်ပြီး သစ် ခက် ထန်း ပင်တွေနဲ့ ရေလွှဲ ဆည် တည် ဆောက်ခါ ၊ ရေရယူပြီး ကျောက် ဆည် နယ်ကို ပုဂံနေ ပြည် တော် ရဲ့ အဓိ က စပါး ကျ ည် လုပ်ခဲ့ တယ် ။
နွေမှာလဲ ရေများပြီး ရေစီးသန်တဲ့ ပန်းလောင် မြစ်ကို ကိုယ်တိုင် ရေထဲ ဖြတ်ဘူးရုံတင်မကဘဲ အောက်ပြည်အောက်ရွာ့ မြစ်ဝ ကျွန်း ပေါ် ဒေသစုံ ရန်ကုန် /ပဲခူး/ဧရာဝတီ /မွန် လို နေရာမျိုးစုံ မှာ ကျွန်တော် ဆည် မြာင်း တာဝန်ကျခဲ့စဉ် ချောင်း ကြီးချောင်းငယ် မျို’ စုံမှာရေ ေ လှာင် ဘို့ ချောင်း ပိတ်တမံ တွေ တည်ဆောက် ရ တဲ့ အခက်အခဲ မျိုးစုံ လုပ်ခဲ့ဘူး၊ တွေ့ခဲ့ကြံုခဲ့ရဘူးတော့
အနော်ရထာခေတ်မှာ ဘယ်လိုများ ပန်း လောင် မြစ် ကြီး ကို ချောင်းပိတ်ဆို့ နိုင်ခဲ့ကြပါလိမ့်လို့ အတွေးနယ် ချဲ့ မိ ပြီး၊ အံ့သြ မိခဲ့ရ တယ် ။ ေ ရှး က မြန် မာ ဆည် ေ မြာင်း သား ေ တွကို ဂုဏ် ယူ မိရပါတယ်.။ .
ဒါနဲ့ ဆရာ ုကြီးဒေါက်တာတိုးလှ ရေးသား ပြု စုပေးတဲ့ ” ရှေးမြန်မာမင်း များ လက်ထက် ဆည်မြောင်းများ / အပိုင်း (၁) လယ်တွင်းကိုးရို င်( ကျောက်ဆည် ) သမိုင်း ” စာအုပ်ရဲ့ ရှေ့ နောက်မျက် နှာဖုံး ကို တစ်ဆက်ထဲ လုပ် ပြီး အနော်ရထာခေတ် သူ့ ဝန်ထမ်းတွေ ထန်း ပင် တွေ ထန်းလက် ေ တွနဲ့ ပန်းလောင်မြစ် ကြီး ကို ပိတ်ပြီး ကင်းတားဆည်ပိတ်ဖို့ နေစဉ် အနော်ရထာဘုရင် ကိုယ်တိုင် အနီးမှာကြည့်ရှု စစ် ဆေး လမ်းညှွန်ကြ ည့်ကြပ် နေပုံ ကို စိတ် ကူး ပုံ ထုတ် ပြီး တစ်ခေတ်က ပန်းချီ ဦးငွေကိုင် ဆု ပထမဆုံး ရခဲ့ဘူးတဲ့ ညောင်တုန်းသား ပန်းချီ ကျော် ဝင်း မြင့်မိုး ကို မျက် နှာဖုံး ပန်းချီ ရေးဆွဲစေခဲ့ပါတယ် ။ စာအုပ် အကြောင်း ဟောပြောပွဲမှာမျက် နှာ ဖုံး ပန်းချီကား ကို ဆည်မြောင်းကို လက်ဆောင် ပေးခဲ့ပါသေးတယ်။
အနော်ရထာ ခေတ် ကင်းတားဆည်ဟာ ယနေ့ခေတ်မှာ ဘက်စုံသုံး ကင်းတား ဆည်၊ ရေ လှောင်တမံကြီး ဖြစ် လို့ နေပါပြီ ။


ဘာဘဲ ဖြစ်ဖြစ် ကင်းတားဆည် စီမံကိန်း မှာ ၊ ဒေသခံ တောင် သူလယ် သမား ေ တွ အတွက် သီးနှံ မျိုးစုံစိုက်ညပျိုးရေ ရရှိ ရေး မှာ နိုင်ငံတော် ပြည်အ ရေးေဒေသခံ လယ် သမား ေ တွ အ ရေး အ တွက် ၊ တစ်တပ် တစ်အား တစ်စိတ်တစ်ပိုင်း ပါဝင် ကူညီ ဆောင်ရွက်ခွင့် ရခဲ့လို့ ဝမ်းသာ ပီတိ ကျေနပ်မိရပါတယ် ။

မှတ်မှတ်ရရ တစ်ခုက ၁၉၈၁-၈၂!ပညာသင် နှစ် အတွက် နယ်သာလန် ပညာသင် လျောက်ခဲ့တာ နောက်ကျပြီး ၁၉၈၂-၈၃ မှာ ပြန် ရလို့ ၁၉၈၂ နွေရာသီ မှာ ကင်းတား စီမံကိန်း တိုင်းရေး Survey အလုပ် ေ တွကို ထပ် ပြီး လိုက် ပါ ဆောင် ရွက် ခွင့် ရ လိုက် ပါတယ် ။

ကွယ်လွန်သွား လေသူ ဆရာ သမား ေ ထွး မြင့် ကို DVB. က အင်တာဗြ ူး လာ လုပ် ရာမှာ မြစ်ဆုံ စီမံကိန်း အကြောင်းသူ့ သဘောထား မေးရာမှာ ၊ သူ က မြစ် ဆုံ အ ေ ကြာင်း သူမလုပ်ခဲ့လို့မသိြောင်း၊ မသိလို့ မပြော လို ေ ကြာင်း ၊ ပြောလိုတာက မြန်မာပြည် မှာ မြစ်ဆုံလို ဧရာမ စီမံ ကိန်းကြီးတွေ လုပ်ကြ မယ်ဆို ရင် ၊ ကင်းတားစီမံကိန်းမန် နေဂျာအဖြ စ် သူတာဝန်ကျခဲ့ဘူး တဲ့ ကင်း တား စီမံကိန်း ကိုသာ နမူနာ ယူ ပြီး ၊ကင်းတားမှာလို နှစ် ပေါင်းများ စွာ အချိန် ယူ ပြီး, စနစ် တကျ စူးးစမ်း လေလာပြီးမှသာ၊ လုပ်သင့်ရင် လုပ် ကြဘို့ ဖြစ် ကြာင်း ပြော ခဲ့တာ အမှတ်ရမိပါသေးတယ် ။
တခါ ကျွန်တော်က ကင်းတားမှာ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ကိစ္စတွေရော စဉ်းစားရဲ့လား လို့ ဆရာသမားကိုမေး ကြည့်တော့၊ ဆရာသမား က သူ့အိမ် စာ ဘတ်ခန်း ထဲ ဝင် ပြီး ကင်းတားစီမံကိန်း အဏီရင်ခဲစာ Report တ စ်အုပ် ဆွဲ ယူထုတ်လာ ပြီး ကင်းတား စီမံကိန်း စတင်တော့မယ် တော့ လုပ်ခဲ့ကြရတဲ့ ပဏာမ ဖြစ် ေ မြ ာက် နိုင် စွမ်းလေ့လာ မှု အစီရင်ခံစာFeasibility Study ထဲ မှာ ပတ် ဝန်းကျင်ကိစ္စကိုလဲ ပစ်မထား ခဲ့ ေ ကြာင်း အစီ ရင် ခံစာ စာအုပ် ထဲက အခန်းတစ်ခန်းကိူ ကျွန်တော့် ကို ရှာဖွင့်ပြပါတယ် ။

ကင်းတား စီမံကိန်း ရဲ့ ဒါ ရိုက်တာ လုပ်ခဲ့ ဘူးတဲ့ ညွှန် ကြားရေး မှူး SE ဦးဘချစ် ကို ရန်ကုန် မှာ တပည့် တွေ အပေါင်းက ဝိုင်း ကန်တော့ကြတာ တွေ့ခဲ့ရ တာနဲ့၊ ကင်းတာ းနဲ့ ပတ်သက်ရာတွေ ကို အတွေး နယ် ချဲ့မိ တာ ပါ ခင် ဗျား ။

၁၉၈၂ ခုနှစ်မှာ ကျွန်တော်တို့ ရောက်ခဲ့ တာဝန်ကျ ခဲ့ တာ ပင်လျင် ၃၇ နှ စ် ေ ကျာ် ၊နှစ် ပေါင်း ၄၀ ခန့် ပင် ကြာခဲ့ ပါ ပြီ။
နှစ်ပေါင်း ၄၀ ကြာ ကာ လ အတွင်း ကင်း တား ဆည် ရေသောက် စနစ် အတွင်း မှာလဲ အပြောင်း အလဲ တေွ အများကြီး ဖြါစ် ပေါ် နေခဲ့ ပြီ လို့ ယူဆရပါတယ်.။

ရှေးဘုရင်များခေတ်က ကင်းတား ဆည် ဒေသနဲ့ ယနေ့ ကင်းတားဆည် နဲ့အတူ ဆည်ရေသောက် စနစ် လုပ်ငန်းတွေကလဲ များစွာ တိုးတက် ပြောင် းလဲ နေ ပါပြီ။

ရှေးမြန်မာမင်းတို့ တည်ဆောက်ခဲ့သော ဆည်မြောင်းများ အပိုင်း ( ၁) အဖြစ် လယ်တွင်းကိုးရိုင် ကျောက်ဆည် သမိုင်း စာအုပ်ကို ၂၀၁၅ ခုနှစ်မှာ စတင် ထုတ်ဝေဖြန့်ချီ ခဲ့ပြီးနောက် ဆည်မြောင်းသမိုင်း စာအုပ်တွေ ကို မိခင်ဆည်မြောင်း ဌာနရဲ့ အားပေး ကူညီမှုနဲ့ ဆက်ခါဆက်ခါ ထုတ်ဝေခဲ့ရာမှာ ၂၀၁၉ ခု နှစ် အတွင်းမှာ အပိုင်း (၄) စာအုပ်အဖြစ် တောင်ပြုန်းရိုင် ဆည်မြောင်းသမိုင်း ( ကန် ကြီးများ အခြေပြု မြန်မာ့ လူမှ ု အဖွဲ့ အစည်း ) စာအုပ် ထုတ်ဝေနိုင်ရေး ကို ကျွန်တော် တာဝန်ယူ စီမံနေ ခဲ့တာ စာအုပ်ကို အချိန်မီ ထုတ် ဝေနိုင်ခဲ့ပြီးပါပြီ ။


ဆည်မြောင်း သမိုင်း စာအုပ်တွေ တစ်အုပ် ပြီးတစ်အုပ် ကူညီ ရေးသားပေးနေတဲ့ သမိုင်းပညာရှင် ဆရာ ကြီး ဒေါက်တာတိုးလှ တို့ နဲ့အတူ မန္တလေးတိုင်းလက်အောက်က ဆည်တော် ကြီး ဆည်ရေသောက် ဒေသတွေက ဆည်မြောင်း အလုပ်များ နဲ့ ကျောက်ဆည် န ယ် ကင်းတားဆည်ရေသောက် ဒေသ က ဆည်မြောင်း လုပ် ငန်း များကို လက်ရှိ ဆည်မြောင်း များ အခြေအနေတွေ ကို သမိုင်းပညာရှင် ဆရာ ကြီးဒေါက်တာ တိုးလှ ကိုာ မျက်မြင် သိရှိရအောင် ဆရာ ကြီးကို ၂၀၁၉ မေလ အတွင်း က ကျွန်တော်တို့ဆည်မြောင်းအင်ဂျင်နီယာတွေက လိုက် လံ ရှင်းလင်း ပြသပေး ခဲ့ ကြပါတယ်။
ကင်းတာ ဆည် မှာ ၁၉၈၀ ကာလတွေက မူလ ကင်းတားဘက်စုံစီမံကိန်း လုပ်ခဲ့စဉ်ကအခြေအနေတွေရဲ့ နောက်ပိုင်းမှာ လိုအပ်ချက်တွေအရ နောက်ထပ် ဖြည့်စွက် တိုး့ချဲ့ လုပ်ကိုင် နေ ခဲ့ ကြ တဲ့ ဆည်မြောင်း လုပ်ငန်း များ အခြေအနေကြောင့် မူလ ကင်းတာ း ဘက်စုံ စီ မံကိန်း ကြီးဟာ ယနေ့အခါမှာ များစွာ တိုးတက် ပြောင်းလဲ့လို့နေ ပါပြီ။

ဆက်ရန်

  • မြေပုံ ဓာတ်ပုံ ခရီးသွားမှတ်တမ်း ပုံများ ဆည် အချက်အလက်များ ထပ်ဖြည့်ရန်

အေးမြင့် (ညောင်တုန်း )

စတင်ရေးသားသည့်နေ့
၂၈ အောက်တို ဘာ ၂၀၁၈
ခေတ္တစင်္ကာ ပူ ၊
( ယခု ပြန်လည် တည်း ဖြတ် သည့်နေ့ ၁၅ဖေဖေါ် ဝါရီ ၂၀၂၃/ခေတ္တစင်ကာပူ)