
မှတ်ဖွယ် မှတ် ရာ
ဆည် ေ မြာင်း ရေးရာ
စာပ ဒေသာ ( ၁ )
နွံနစ်နေတဲ့ ပန်းလှိုင် မြစ် ၏ ယခင် နှင့် ယခု အခြေအနေ

မြန်မာ့ ဆည် ေမြာင်းလောက ၏
ရေအရင်းအမြစ် စီမံခန့်ခွဲမှုများ၊ဖြစ် သော
ရေထုတ် ၊ ေ ရနုတ် လုပ်ငန်းများ၊
ဆည် တမံကြီးများ၊နှင့် ရေထုတ်/ ရေထိန်း/ ရေသွင်း ရေတံခါးကြီးများ၊
မြစ်ဝကျွန်း ပေါ်ဒေသ ရေ စီမံခန့်ခွဲမှု နည်းပညာများ၊
အောက်မြန်မာ ပြည် ေ မြ နိမ့်ပိုင်း ဒေသ များ အတွက်
ရေးအရင်းအမြစ် ဘက်စုံ စီမံခန့်ခွဲမှု နည်း ပညာများ ၊
ပင်လယ်ရေငန် နှင့် နုန်းများနေ့စဉ် စီးဆင်း ဝင် ထွက် ေန ေသာ
မြစ် များ ၊ ေ ချာင်းများ အနီး ရှိ လယ်ယာ ေ မြ များ တွင်
ရေကြီးနစ် မြုပ် မှု များ မဖြစ်စေ ရေး နည်းလမ်းများ ၊
မြစ်ဝကျွန်းပေါ် အလယ် ပိုင်း ၊အောက် ပိုင်း ရှိ ရေငန် ပိုင်း ဒေသများတွင်
ရေချိုများ သွင်း ယူ ရရှီရေး နည်းလမ်း များ ။
မြန်မာနိုင်ငံ တွင်း ရှိ အဓီက မြစ် ကြီး များ ၊ ေ ချာင်း ကြီးများ ၊
စသည့်
မြန်မာ့ ဆည် ေ မြာင်း လောက ေ ကြာင်း
သိမှတ်ဖွယ် ရာ ဗဟု သု တ အဖြာဖြာ ကို
“ မှတ်ဖွယ် မှတ်ရာ ၊ ဆည်ေ မြာင်းးရေး ရာ “ အမည်ဖြင့်
ပြန်လည် ရှာ ေ ဖွ မျှ ဝေ သွားပါမည် ။
အေးမြင့် (ညောင်တုန်း)
၁၃ ဒီဇင်ဘာ ၂၀၂၂
ရည် ညွှန်း စာ ၊
တွေးမိတွေးရာ
ရေးမိရေးရာ ( ၇၁ )
နွံနစ်နေတဲ့ ပန်းလှိုင် မြစ်

နုန်းတွေဖုံးလွမ်းနေတဲ့ ရန်ကုန်တစ်ဘက်ကမ်းက ပန်းလှိုင် မြစ်ကြီးကို သက်ဆိုင်ရာ ဌာနတွေက
စက်ယန္တယားပေါင်း ရာ ချီသုံးပြီး ငွေကုန်ကြေးကျအကုန်ခံ ခါ တစ်နှစ်ထဲတစ်ရာသီထဲနဲ့အပြီး တူးဖေါ် ဖေါက်လုပ်ခဲ့ကြတာ ဖြစ် ပါတယ်
တူးပြီးစအရမ်းကောင်းတယ်

မတူးလို့ကလဲမဖြစ်
ရှေးအခါက
ပန်းလှ ိုင်မြစ်ဘေး ဝဲယာ မှာရှိနေတဲ့ ညောင်တုန်းကျွန်း / အရွှဲ ရေမြုပ်ကွင်း/ ထန်းတပင် တက်သစ်ကျွန်းကွင်း / တွံတေးနြိ ု့နယ်ထဲက ရှေ ွမယင်းကွင်းတွေ မှာ မိုးတွင်းရေကြီး ရေနစ်မြုပ်တာတွေမဖြစ်အောင် ကွင်းရေကိုရေနုတ်မြေင်းတွေတူး မြောင်းထိပ်မှာ ရေထုတ် ရေထိန်း ရေတံခါးတွေ တည် ဆောက်ခဲ့ကြ ပြီး ပန်းလှိုင် မြစ်ထဲကိုရေထုတ်ခဲ့ တာ အောင်မြင်ခဲ့တယ်
၁၀ နှစ်ကျော်၁၅ နှစ်ကျော်အထိ အောင် မြင် ပါတယ်
ဒါပေမဲ့ပန်းလှိုင်မြစ်က နှစ်ကြာလာတဲ့အခါ နုန်းတွေတက်လာ ကောလာ လို့ ရေထုတ်ချတဲ့ လက်ခံ မြစ်ကြမ်း ခင်း ပြင် က နုန်းတွေနဲ့ မြင့်တက်လာတာကြောင့် နောင်မှာ ချောင်းဘေး ဝဲယာက လယ်တွေအတွက် ကွင်းရေ ကောင်းကောင်းမထုတ်နိုင်တော့ဘူး ပန်းလှုင်မြစ်ဘေး ကွင်းတွေက မိုးစပါးစိုက်နေကြတာ စုစုပေါင်း ဧက ၂သိန်း ကျော်ခန့်ရှိနေတာ ပါ
ဒါနဲ့ ပန်းလှိုင်ချောင်းမှာတက်နေတဲ့နုန်းတွေ ပြန်တူး ထုတ်ဘို့ အလုပ်ပေါ့််လာခဲ့တယ်
ကောင်းတဲ့အလုပ်ပါ
စေတနာနဲ့ပါ
ဒါပေမဲ့
နောင်မှာ စေတနာက ဝေဒနာဖြစ်သွား လိမ့် မယ်ဆိုတာ တာဝန်ရှိသူတွေ မသိခဲ့ကြဘူး ဂရုမထားခဲ့ကြဘူး
ကြိုတင် သိတဲ့သူကထောက်ပြခဲ့တာလဲ ဂရု မစိုက်ခဲ့ပါဘူး
ချောင်း ပြန်မတူးခင်အ ချိန် က
တူးမယ်လို့
သိကတည်းက ကျွန်တော်ထောက် ပြ ခဲ့တယ်
ပင်စင်စားပြီးအပြင်ရောက်နေတဲ့ ကျွန်တော်က
အလုပ်တွေအကြောင်း နေရာဒေသအကြောင်းတွေသိထားခဲ့လို့ မဖြစ်သင့်တာမဖြစ်အောင်
စေတနာနဲ့ ကိုယ့်ရဲ့မိခင်မိဌာနအကျိုးမျော်တွေးပြီး
တရားဝင်စာနဲ့လဲ့ရေးတင် ပြခဲ့တယ်
အင်ဂျင်နီယာအများသိအောင်လဲ့လုပ်ခဲ့တယ်
အနားယူပြီး မနေသာလို့ ဖြစ်မှာဘဲ သိနေလို့
အမုန်းခံဝင် ပြောခဲ့ ပေမဲ့
ပင်စင်စားအင်ဂျင်နီယာတစ်ယောက်ရဲ့အကြံပေး ပြောပြ ရေး ပြ ခဲ့တာကိုဘယ်သူမှဂရုမစိုက်ခဲ့ ကြပါဘူး
နောင်မှာတော့ ကျွန်တော်ကြိုတင်ဟောကိန်းထုတ်ထားခဲ့တဲ့
အတိုင်း ယနေ့အချိန်ထိ ဖြစ်နေပါတယ်
ချောင်းထဲနုန်းတွေပြန်ဝင်ပြီး
လွန်ခဲ့တဲ့၅ နှစ်ခန့်ကတူးထား တဲ့ချောင်းအောက်ပိုင်းမှာ
နုန်း တွေပြန်ဝင်ပြန်ကောလာနေပ့ါတယ်
ယနေ့အချိန်ထိပါဘဲ
ချောင်းအောက်ပိုင်း ရန်ကုန် တစ်ဘက်ကမ် း
ပန်းလှိုင်မြစ်ဝ အောက်ပိုင်းမှာ
နုန်းတွေနဲ့ ချောင်းအပြည့် နီးပါးပါ
သက်ဆိုင်ရာဌာနက ပန်းလှိုင်ချောင်းမတူးခင်
ပဲခူးနယ်က ပဲခူးစစ်တောင်းတူးမြောင်း ကြီး ကို
ပြန် တူးဆယ်ခဲ့တာ
ကျွန်တော်တို့ဆည်မြောင်းတစ်သက်သာမက
ဘယ်တုန်းကမှ လဲ မလုပ်ဘူးခဲ့တဲ့အလုပ် လဲဖြစ် လို့
အလွန်တရာအောင်မြင်ခဲ့ပါတယ်
မိခင်ဌာနရဲ့ ထူ း ခြားပြောင်မြောက်တဲ့အလုပ် ပါ
ငွေကုန်ရကျိ ုးနပ်ခဲ့တဲ့အလုပ်လို့
ကျွန်တော်ကအဝေးကနေအသိအမှတ်ပြု ခဲ့တယ်
ချီးမွမ်းခဲ့တယ်
ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရ ပီတိဖြစ်ခဲ့ရ ဂုဏ်ယူ ခဲ့ရပါတယ်
ပဲခူး ဒေသမှာ ၅နှစ်ခန့်ကျွန်တော်ကျင်လည်အလုပ်လုပ်ခဲ့လို့လဲ့ပိုသိပိုနားလည်ပ့ါတယ်
နောင်နှစ်မှာ စက်တွေအလုံးအရင်းနဲ့နုန်းတက်ကောလာနေတဲ့
ပန်းလှိုင် မြစ် ကိုလဲ ပြန် တူးမယ်လို့သိလိုက်ရတယ်
ကျွန်တောမနေသာတော့ဘူး
နှစ်နေရာစလုံးကကျွန်တော် အလုပ်တွေ အများကြီး
နှစ်ပေါင်းများစွာ လုပ်ခဲ့ဘူးတဲ့ နေရာတွေ ဖြစ်နေလို့
ချောင်း မြောင်းတွေရဲ့ သဘာဝကို
ကောင်းကောင်းသိ ကောင်းကောင်းနားလည်တယ်
သဘာဝမတူဘူး အခြေအနေမတူဘူး
ပဲခူးစစ်တောင်းတူး မြောင်းမှာက
နုန်းဝင်နိုင်တဲ့ တူးမြောင်းထိပ် တစ်ဘက်တစ်ချက် စီမှာ
ရေကိုစိတ်ကြိုက် သွင်း/ ထုတ် လုပ်နိုင်တဲ့
ရေထိန်းရေထုတ် ရေတံခါးကြီး တွေရှိထားတယ်
တူးမြေင်းအထဲမှာ
မြောင်းကို ကြိုက်သ လို တူးနိုင် ဆွနိုင် ပြင် နိုင်တယ်
လုပ်လဲ့လုပ်ကြတယ် ကောင်းလဲကောင်းသွားပါတယ်
ပန်းလှိုင်ကသဘာဝချောင်း ပါ
ချောင်းထိပ် နှစ်ဘက် ကအပွင့်
ဒိုးယိုပေါက် ရေဝင်ရေထွက် ရှိနေတယ်
ပိုဆိုးတာက ရန်ကုန်ဘက်မှာရှိတဲ့ ပန်းလှိုင် ချောင်း ဝက
ပင်လယ်ကလာ တဲ့ ရန်ကုန်မြစ် ရေက
နွေရာသီမှာဆိုနုန်းတွေအပြည့်နဲ့
နောက်ကျိနေတဲ့ ရေငန်နုန်းတွေဖြစ်တယ်
ဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်
တံခါးမရှိဒါးမရှိလွတ်လပ်စွာ စီးဝင်စီး ထွက်ဖြစ်နေတာ
ပန်းလှိုင်ချောင်ကောရခြင်းရဲ့ အဓိကတရားခံ နုန်းတွေပါ
ပင်လယ်ကလာတဲ့ရေငန်နုန်းတွေ
သက်ဆိုင်သူတွေသတိမထားကြ ဂရုမထားကြ ပါဘူး
သိတဲ့သူက သိလို့ပြောလဲ ဂရုမစိုက် ခဲ့ကြပါဘူး
ပန်းလှိုင်ချောင်းထိပ်နှစ်ဘက်ကို
ပဲခူးစစ်တောင်းတူးမြောင်းမှာ လို
ရေထိန်းရေထုတ် ရေ တံခါး တွေ အထိန်းအကွတ် တွေမရှိဘဲနဲ့ ချောင်းအပွင့်ကိုတူးကြ ဆွကြရင်
မလွဲ မသွေ
ပင်လယ်ရေငန်နုန်းတွေ ပြန် ဝင် ပြန်ကောသွားနိုင်ပါတယ်လို့ တာဝန်ရှိသူတွေကို စာတစ်တန်ပေတစ်တန်နဲ့ပါ
ကျွန်တော် ရေးခဲ့ပြောခဲ့ ရှင်း ပြခဲ့ပါတယ်
အလေးမထားကြပါဘူး
ဂရုမစိုက်ကြပါဘူး
ပင်စင်စား အင်ဂျင်နီယာ တာဝန်မရှိတော့ လို့
အလေးမထားတာလားလို့ ဘဲ မိမိကိုယ်မိမိ ဖြေသိမ့် ခဲ့ရပါတယ်
စိတ်တော့မကောင်းဘူးပေါံ့
ထင်တဲ့အတိုင်းဆက်လုပ်တယ်
ဆက်တူးတယ်
ထင်တဲ့အတိုင်းဆက်ဖြစ်ပါ တယ်
ပန်းလှီုင် ချောင်းထဲ နုန်းတွေဆက်ဝင် ဆက်ပြည့်နေတာ
ဒီနေ့ထိတိုင် ဖြစ် နေတယ် လို့ ယူဆရပါတယ်
ကြာခဲ့ပါပြီ

(မှတ်ချက် / ပန်း လှို င်နဲ့ပတ်သက်ဘို့ ရောထွေးစရာ အမှတ်မှားစရာရှိပါတယ် ဧရာဝတီမြစ်ခွဲ ပန်းလှိုင်မြစ် ကြီး က ညောင်တုန်းမြိုးဘေး ကပ်လျက်စီးသွားတဲ့မြစ်မကြီးပါ ဆားမလောက်ရွာ မဲဇလီရွာ တွေ အထိစီးဆင်းသွားပြီး မဲဇလီ ရွာအလွန်မှာ ကုက္ကိုလ်ဝရွာဘက်ကိုခွဲထွက်ဆက်စီးသွားတာက ပန်းလှိုငဟင်မြစ်မကြီးနဲ့မြစ်ကြောင်းတစ်ဆက်ထဲ လှိုင်မြစ် ရန်ကုန်မြစ်အထိ ပင်လယ်ထဲဆက်ဆင်းသွာူးတယ်
ကုက္ကိုလ်ဝမြစ်အဖြစ်ဆက်မစီးခင်မှာ ပန်းလှိုမြစ်ခွဲအဖြစ် ငှက်ပျောကျွန်း ၊ ခထ္ထိယရွာတွေဘေးကနေခွံထွက်စီးဆင်းသွားခါ လှုိုင်သာယာ ပန်းလှိုင်ဆေးရုံအောက်နား ရန်ကုန်မြစ်ထဲ့ကိုပြန်စီး ဝင်သွားပါ တယ် ညောင်တုန်းက ပန်းလှုင်မြစ်နဲ့ကွဲပြားအောင်ရှင်းအောင် ရန်ကုန်မြစ်ထဲ စီးဝင်တဲ့ပန်းလှိုင်ကို ပန်းလှိုင် ချောင်းလို့ တစ်ခါတစ်ရံ ကျွန်တော်ခွဲခြာ းရေးပါတယ် )
အေးမြင့်(ညောင်တုန်း)
၃/၁၂/၂၀၂၁
၁၃/၁၂/၂၀၂၁
နောက်ဆက်တွဲ
ပန်း လှို င်ချောင်း ရဲ့
ယနေ့အခြေအနေ
ပန်းလှိုင်မြစ်ခွဲ ပန်းလှိုင်ချောင်းထဲကနန်းတွေကို ပြန် တူး ဖေ ါ် ခဲ့သော်လဲ နှစ်များမကြာခင် ပန်းလှိုင်ချောင်းအောက်ပိုင်း တွေမှာနုန်းတွေပြန်တက် လာခဲ့ တယ် ။
သက်ဆိုင်ရာဌာနက နုန်းပြန်တက်တဲ့ အခြေအနေ ထပ်မဆိုးလာရအောင်ရည်ရွယ်ချက်နဲ့
ပန်းလှိုင်မြစ်ခွဲ ပန်းလှိုင်ချောင်း ထိပ် မှာ နောင်မှာ နုန်းတား ရုံသာမက ဘဲ ရေသွင်းရေထုတ် ရေထိန်း နိုင်မဲ့ မဲဇလီရေထိန်း ရေတံခါး အမှတ်(၂) ကို ဖြည့်စွက် တည်ဆောက် နိုင် ခဲ့ ပါတယ်။
ပန်းလှိုင် မြစ်ခွဲပန်းလှိုင်ချောင်း အောက်ပိုင်းမှာ ပင်လယ်ကလာတဲ့ရေ ငန်နုန်းတွေ ဝင်ထွက် ပြီးရေငန် နုန်းတွေနဲ့ ပြန် တက် ပီး ၊ ပြန် ပြည့် လာ တာကို သက်ဆိုင်ရာတာဝန်ရှိသူတွေ လဲ
နောင်မှာ သတိ ပြ ုမိ လာကြ ပုံ ရ တယ်လို့ ယူဆရပါတယ် ။
နိုင်ငံတကာနဲ့ဆ က် ဆံရေးတွေ ကောင်းနေတဲ့ ခေတ်ကောင်းချိန်ကာလတွေမှာ နယ်သာလန် နိုင် ငံ က မြစ်ဝ ကျွန်း ပေါ် ရေပညာရှင်တွေလဲ့ရောက် လာကြ ပြီး
ြ မန်မာ နိုင်ငံ က ရေပညာရှင် အင်ဂျင် နီယာ တွေ နဲ့ပူးပေါင်း ပြီး စူးစမ်းလေ့လာ ရေး အလုပ်တွေ လုပ်ဖြ စ်ခဲ့ကြ ပါ တယ် ။
ပန်း လှိုင် မြ စ် အတွက် လေ့လာရေးတွေကျယ်ကျယ်ပြန်ပြန့် လုပ့် နိုင် ခဲ့ လုပ် ဖြစ် ခဲ့ ကြတယ်။
။ရန်ကုန် တစ် ဘက်ကမ်း ပန်း လှိုင်ချောင်း ထိပ် မှာ နုန်း တက် တိမ်ကောလာနေတဲ့ ပန်းလှိုင်ချော င်း အောက်ပိုင်းကို နယ်သာလန် ရေပညာရှင်တွေလဲတွေ့သွားကြ သိသွား ခဲ့ ကြတယ် ။
ပန်းလှိုငိချောင်း ထိပ်မှာ တည်ဆောက်ဘို့ လို အပ် နေတဲ့ ရေငန်နုန်းတွေကို တားဆီးထားနိုင်မဲ့ ရေနုတ် ရေထိန်း ရေတံခါ းကြီး ကို သူတို့ နယ်သာလန်နိုင်ငံ ရေပညာရှင် အင်ဂျင်နီယာတွေ စူးစမ်းလေ့လာ ဒီဇိုက်းပုံထုတ်ခဲ့ကြတာ ပြီး နေခဲ့ပါ ပြီ။
အကောင်အထည် ဖေါ် တည်ဆောက်နိုင်ဘို့ လိုအပ်တဲ့ရန်ပုံငွေအတွက် ပြည်တွင်းပြည်ပ ရန်ပုံငွေရရှိနိုင်ရေးကို နည်း မျိုးစုံ နဲ့ ကြံဆနေကြ ဆဲ့ မှာ မြန်မာန်ုင်ငံတစ် ခု လုံး ပျက်သုဉ်းသွားတဲ့့အ ဖြစ် ဆိုးတွေ နဲ့ကြ ုံတွေ့ လို က်ကြ ရ တယ် ။
သူ တို့ လဲ ဆက် မဆောင်ရွက်နိုင်တော့ ဘူး ။
ဘယ်သူမှလဲစိတ်မဝင်စားနိုင်တော့ ဘူး ။
ဘယ်သူမှလဲဘာမှမလုပ်နိုင် ကြတော့ပါဘူး ။
ပန်းလှိုင် ချောင်း ရဲ့ကံ ကြမ္မာ ဖြစ်တဲ့ ချောင်းထဲ နုန်း ဆက်တက်နေအုံးမဲ့အခြေအနေ တွ ဘယ်လောက်ြကြာ ကြာ ဆက် ရှိနေအုံးမလဲဆိုတာ ကို ယနေ့အချိန်အခါမှာ ဘယ် သူ မှ လဲ မသိကြ တော့ပါဘူး ။
အလုံး စုံပျက် သုဉ်းနေလို့ ပါ။
အေးမြင့်(ညောင်တုန်း)
၃/၁၂/၂၀၂၁
ရည်ညှ ွန်း(၁)
ဦးကျော်ဦးရဲ့ kyawoo.com အင်တာနက်စာမျက်နှာ ေl ဲက
နုန်းနစ် ပန်း လှိုင်
၂/ ၁၂/၂၀၂၁/
ရည်ညွှန်း(၂)
ဦကျော်ကျော်အောင် ဆည်မြောင်းရဲ့
မဲဇလီရေတံခါး(၂) တည်ဆောက်ရေး လုပ်ငန်းခွင်
မှတ်တမ်းပုံများ











ဦးကျော်ဦးရဲ့ kyawoo.com အင်တာနက်စာမျက်နှာ ေl ဲက
နုန်းနစ် ပန်း လှိုင်
၂/ ၁၂ ၂၀၂၁/
နုန်းနစ်ပန်းလှိုင်
ON DECEMBER 2, 2021 BY UKYAWOOIN RESOURCES, WATER
(အေးမြင့်(ညောင်တုန်း)၏ ရေအင်ဂျင်နီယာနည်းပညာအချက်အလက်နှင့် အယူအဆ ရေးသားချက်ကို ကျော်ဦးက တည်းဖြတ်မွမ်းမံပါသည်။)
မြစ်များ တိမ်ကောလာခြင်း၏ အကြောင်းရင်းများမှာ မြစ်ဖျားခံရာနှင့် ဖြတ်သန်း စီးဆင်းရာ ဒေသများ၌ မိုးနည်းသွားခြင်း၊ ထုတ်ယူသုံးစွဲမှု များလွန်းခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် နုန်းအနည် များလာခြင်း စသည်တို့ကြောင့် ဖြစ်သည်။ လူဦးရေများလာ၊ ရာသီဥတုပြောင်းလဲလာသော ကမ္ဘာတွင် တိမ်ကောသော မြစ်စင်းရေ ပို၍များလာသည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းက တရုတ်နိုင်ငံ၌ မြစ်ပေါင်း ၂၈၀၀၀ ကျော် ပျောက်ဆုံးသွားသော သတင်းသည် ရေအရင်းအမြစ်နယ်ပယ်တွင် ဟိုးလေးတကျော်ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း အကြောင်းအမျိုးမျိုးကြောင့် တိမ်ကောသွားသော မြစ်ချောင်းများရှိသည်။ လေ့လာ မှတ်တမ်းပြုစုမှု အားနည်းသောနိုင်ငံဖြစ်၍ မြစ်ချောင်းတိမ်ကောမှု အများစုကို ဆိုင်ရာဒေသခံများသာ သိမီလိုက်သည်။ အချိန်ကြာလာသောအခါ ဒေသခံများပင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြသည်။
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့အနီး၌ ဧရာဝတီမြစ်မှ ခွဲထွက်လာကာ ၃၄ မိုင်မျှ စီးဆင်းလာပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်းအနီးတွင် လှိုင်မြစ်အတွင်းသို့ စီးဝင်သော ပန်းလှိုင်မြစ် တိမ်ကောခြင်းသည်မူ လူဦးရေထူထပ်သောဒေသဖြစ်၍ အများက အာရုံစိုက်မိကြသည်။
Source:The Farmer Myanmar
မြစ်ဝ၌ ပေ ၁၀၀၀ ခန့်ကျယ်ပြီး မြစ်ရိုးတလျှောက်ပျမ်းမျှပေ ၃၀၀ မှ ၅၀၀ အထိကျယ်သောပန်းလှိုင်မြစ်တွင် တစ်ချိန်က လူစီးသင်္ဘောများ၊ ပဲ့ထောင်များ ဖြတ်သန်း သွားလာနိုင်ခဲ့သဖြင့် အနီးဝန်းကျင်ရွာများ ရေကြောင်းသွားလာရေးအတွက် အားထားရာ ဖြစ်ခဲ့သည်။ ထို့အပြင် ပန်းလှိုင်မြစ်ရေသည် စိုက်ပျိုးရေးအတွက်လည်း အကျိုးပြုသည်။ ညောင်တုန်းကျွန်းထဲတွင် ယခင်ကရှိခဲ့သည့် ရေနက်ကွင်းများတွင် မိုးစပါးအပြင် နွေစပါးအတွက် ရေထိန်းတံခါးများ၊ ရေထုတ် ရေသွင်းမြောင်းများ တည်ဆောက်ကာ ညောင်တုန်းကျွန်းမြောက်ပိုင်းရှိ ပန်းလှိုင်ရေတံခါးနှင့် မဲဇလီရေတံခါးကတဆင့် ပန်းလှိုင်မြစ်ရေကို ကွင်းထဲသွင်းသည်။ ထန်းတပင်မြို့နယ် တက်သစ်ကျွန်းအတွက်လည်း ပန်းတိုင်ရေတံခါးကတဆင့် ပန်းလှိုင်မြစ်ရေကို သွင်းယူပြီး စပါးစိုက်ခဲ့ကြသည်။
ယင်းသို့အဆင်ပြေခဲ့သော်လည်း လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်မှစ၍ ပန်းလှိုင်မြစ်သည် တဖြည်းဖြည်း ကောလာခဲ့သည်၊ ကောလာခဲ့သည့် အဓိကအကြောင်းများအနက် တစ်ခုမှာ ရေစီးနည်းလာခြင်းဖြစ်သည်၊
ပန်းလှိုင်ရေသည် ဧရာဝတီရေပင်ဖြစ်ရာ ဧရာဝတီမြစ်ကိုယ်နှိုက်က ရေစီးနည်းလာသည့်အပြင် ပန်းလှိုင်မြစ် ဖြတ်သန်းရာ အညာစုရွာ တစ်ဖက်ကမ်းရှိ ကတွယ်မြစ်ကွေ့ကို ဖြတ်ဖောက် တူးဖော်လိုက်ခြင်းကြောင့် ဧရာဝတီရေသည် မိုးရောနွေပါ ယင်းဖြတ်မြောင်းအတိုဘက်သို့ ရေစီးသန်သွားပြီး ပန်းလှိုင်မြစ်ဘက်သို့ အဝင်နည်းသွားခြင်း ဖြစ်နိုင်သည်။
ပန်းလှိုင်မြစ် ကောခြင်း၏ နောက်ထပ်အကြောင်းမှာ နုန်းပို့ချမှု များလာခြင်း ဖြစ်သည်။ ပန်းလှိုင်မြစ်ထဲရှိ နုန်းများသည် မိုးတွင်း၌ အထက်ဧရာဝတီမြစ်က ဆင်းလာသည့်ရေတွင် ပါလာသော ရေချိုနုန်းနှင့် အောက်ဖက် ရန်ကုန်မြစ်ထဲက တက်လာသည့် ပင်လယ်ရေတွင် ပါလာသော ရေငန်နုန်းတို့ ဖြစ်ကြသည်။ ပန်းလှိုင်မြစ်ရိုး၌ ဒီဆိုင် ဖြစ်နေခြင်းကလည်း မြစ်ကောရန် အထောက်အကူပြုသည်။ ဒီဆိုင်ဆိုသည်မှာ တက်လာသောပင်လယ်ဒီရေနှင့် မြစ်ညာမှရေစီးတို့ ထိပ်တိုက်တွေ့ဆုံကာ ရေစီးSource: https://www.agri.com.mm
တန့်သွားသောနေရာကို ခေါ်သည်။ ယင်းသို့ ထိပ်တိုက်ဆုံမိကြသောနေရာ၌ ပါလာသော အနည်အများအပြားကို ပို့ချသဖြင့် မြစ်ကောလာရသည်။
ပန်းလှိုင်မြစ် ရေစီးရေလာကောင်းနေခဲ့စဉ် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသူများသည် မြစ်ကို ဝါးများ တုတ်တန်းများ ငါးဖမ်းပိုက်များဖြင့် တားဆီးပိတ်ကာ၍ ဖမ်းကြသည်၊ ငါးဖမ်းရာသီကုန်သော်လည်း တန်းများ ပိုက်များကို နောက်နှစ် ငါးဖမ်းရာသီအတွက် မသိမ်းဘဲချန်ထားခဲ့ခြင်း၊ ဖြုတ်သိမ်းသော်လည်း တိုင်ငုတ်များ မြစ်ကြမ်းပြင်ပေါ်တွင် ကျန်နေခဲ့ခြင်းတို့ကြောင့် နုန်းတင်လွယ်သဖြင့် ကောခြင်း ဖြစ်နိုင်သည်။
ပန်းလှိုင်မြစ်ကောခြင်းကြောင့် သွားရေးလာရေး ခက်ခဲလာသည့်အပြင် ပန်းလှိုင်မြစ်ရိုးတလျှောက်ရှိ(မိုးရာသီ ရေမကြီးရန်၊ ကွင်းရေများထုတ်ရန်နှင့် မြစ်ရေပြန်မဝင်စေရန် တည်ဆောက်ထားခဲ့သော) ရေနုတ် ရေတံခါးများမှ (မြစ်ထဲတွင် နုန်းမြင့်တက်လာသဖြင့်) ရေမထုတ်နိုင်တော့ဘဲ အရွှဲကွင်း၊ ညောင်တုန်းကျွန်း၊ တက်သစ်ကျွန်း၊ ရွှေမယင်းကွင်းစသော နေရာများတွင် ရေကြီးရေလျှံအန္တရာယ်နှင့် ကြုံတွေ့ရသည်။
Source: Pan Hlaing System Report
Source: Pan Hlaing System Report
ထို့ကြောင့် ပန်းလှိုင်မြစ်ကို ပြန်လည်တူးဖော်ရန် ဆည်မြောင်းဌာနက ၂၀၁၄ ခုနှစ်တွင် စတင်စီစဉ်သည်။
ထိုအချိန်၌ ကျွန်တော်(ဦးအေးမြင့်)သည် ဆည်မြောင်းဌာနမှ အငြိမ်းစားယူပြီး ဖြစ်နေသည်။ ကျွန်တော် တာဝန် ထမ်းဆောင်ခဲ့စဉ်က မြန်မာနိုင်ငံ အခြားဒေသများအပြင် ပန်းလှိုင်မြစ်ဝန်းကျင်နှင့် ဆက်စပ်နေသော ညောင်တုန်းကျွန်း၊ ရွှေမယင်းကွင်း၊ တက်သစ်ကျွန်း၊ ရန်ကုန်တိုင်း တိုက်ကြီး ဘောလယ်ကျွန်း အိုင်ကလောင်ကျွန်း၊ ပန်းတနော် ဗောဓိကွင်း၊ မိုးကုတ် ဒီးဒုတ်ကွင်းစသည့်ဒေသများတွင် ရေစီမံမှု၊ ရေကြီး ရေလျှံသက်သာရေး၊ မိုးစပါးအပြင် နွေစပါးပါ စိုက်ပျိုးနိုင်ဖို့ ရေသွင်းအလုပ်များ၊ မြစ်ချောင်းတူးမြောင်း ထိန်းသိမ်းပြုပြင်ခြင်း၊ မြေယာသစ် ဖော်ထုတ်ခြင်း စသည်တို့ကို ပြည်တွင်း ပြည်ပ ဗဟုသုတ ပညာများကို အခြေခံပြီး ကွယ်လွန်သူ မြစ်ဝကျွန်းပေါ် ရေအင်ဂျင်နီယာကြီး ဦးထွေးမြင့်၏ နည်းပေးလမ်းပြမှုနှင့် အတွေ့အကြုံကောင်းများကို ရရှိခဲ့သည်။
ထို့အပြင် ပန်းလှိုင်မြစ်အပါအဝင် ဧရာဝတီမြစ်ဝကျွန်းပေါ် ရေစီမံခန့်ခွဲမှု လုပ်ငန်းများတွင် နယ်သာလန် မြစ်ဝကျွန်းပေါ်ရေပညာရှင်များနှင့် တွဲဖက်လုပ်ကိုင်ခဲ့ဖူးသည်။
တိမ်ကောနေသည့် မြစ်ချောင်းများကို ယခင်ကလည်း ပြန်လည် တူးဖော်ခဲ့ကြဖူးရာ နည်းပညာပိုင်းနှင့် ထိန်းသိမ်းရေး အားနည်းချက်တို့ကြောင့် ပြန်လည်တိမ်ကောသွားဖူးသည့် သာဓကများ ရှိသည်။
သန်လျင်မြို့နယ်၊ သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်တို့ကို ဖြတ်စီးနေသော ခရမ်းချောင်းကို မဆလခေတ်က ပြန်လည် တူးဖော်ပြုပြင်ခဲ့ဖူးသည်။ သို့သော် ခရမ်းချောင်း၀ ပွင့်နေသောကြောင့် တူးပြီး နှစ်အနည်းငယ် အတွင်း ပဲခူးမြစ်၊ ရန်ကုန်မြစ်တို့မှတဆင့် နုန်းဝင်ရောက်ကာ ပြန်လည်တိမ်ကောခဲ့ဖူးသည်။ အလားတူ ဝေါမြို့နယ် အဗျားရှမ်းကိုင်းချောင်းကို အကြိမ်ကြိမ် တူးဖော်ခဲ့သော်လည်း တူးပြီး ပထမနှစ်တွင်သာ ကောင်းနေပြီး နောက်နှစ်များတွင် တဖြည်းဖြည်းပြန်ကောသွားဖူးသည်။ ခရမ်းချောင်းနှင့် အဗျားရှမ်းကိုင်ချောင်းတို့၏ ထိပ်တွင် ရေငန်နှင့်နုန်းကို တားဆီးပြီး ရေချိုထိန်းထားနိုင်သည့် ရေတံခါးကြီးများကို တည်ဆောက်လိုက်မှ နုန်းမဝင် မြစ်ပြန်မကောသည့် သာဓကများ ရှိခဲ့သည်။
ယင်းအတွေ့အကြုံများကို အခြေခံကာ ပန်းလှိုင်မြစ်ကို တူးဖော်ရုံ သက်သက်မဟုတ်ဘဲ မြစ်ထိပ် တစ်ဘက် တစ်ချက်၌ ရေထိန်း ရေထုတ် နုန်းတားရေတံခါးကြီးများ တည်ဆောက်မှသာ အရာထင် အောင်မြင်မည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက မိုးရာသီ၌ ဧရာဝတီနုန်းများ၊ နွေရာသီ၌ ပင်လယ်ရေငန်နုန်းများ အနည်ထိုင်ခြင်းကြောင့် ပြန်ပြည့်သွားနိုင်ကြောင်း မိခင်ဆည်မြောင်းဌာနသို့ အကြံပြုစာများ ပေးပို့သည်။
သို့သော် ကျွန်တော့အကြံပြုချက်သည် တစ်ဝက်တစ်ပျက်သာ အောင်မြင်သည်။ နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေ ၂၂ . ၅ ဘီလျံကျပ်ဖြင့် ၂၀၁၄ နိုဝင်ဘာမှ ၂၀၁၅ မေလအထိ လုပ်ငန်းဆောင်ရွက်ရာတွင် မြစ်ကြောင်းတူးဖော်ခြင်းနှင့် ပန်းလှိုင်မြစ်ထိပ် ကုက္ကိုလ်ဝမြစ်ဘက်တွင် မဲဇလီရေတံခါး အမှတ်(၂)တို့ကို ဆောက်လုပ်ခြင်းတို့သာ ပါဝင်သည်။ နွေရာသီတွင် အရှေ့တောင်ဘက် ရန်ကုန်မြစ်က ဝင်လာမည့် ပင်လယ်နုန်းကို ကာကွယ်ရန် နုန်းတားတမံ မပါဝင်ချေ။
ထို့ကြောင့် ပန်းလှိုင်မြစ် မကြာမီပြန်ကောမည် ဖြစ်ကြောင်း ကြိုတင် မှန်းဆခဲ့သည်။ မှန်းဆချက် မှန်ကြောင်း Weekly Eleven Journal ပါ ခိုင်သွေးကို၏ မြစ်တစ်စင်း၏ တန်ဖိုး ဆောင်းပါးက သက်သေခံလာသည်။ ယင်းဆောင်းပါးပါ အချက်အချို့ကို ကောက်နုတ်ဖော်ပြရလျှင် –
“ကျွန်တော် မြင်နေ တွေ့နေရတာ ပန်းလှိုင်မြစ်ပါပဲ။ မြစ်ပြင်အကျယ်အဝန်းက ရေမြောင်းကြီးတစ်ခုသာသာ အနေအထားမှာပဲရှိပါတယ်။ မြစ်ထဲမှာ သင်္ဘောမပြောနဲ့၊ စက်လှေအကြီးစားတစ်စီးတောင် ခုတ်မောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မြစ်ဆိုပေမယ့်လည်း မြစ်ရဲ့ဧရိယာအကျယ်အဝန်းက ကျွန်တော်တွေ့ဖူးတဲ့ မုန်းချောင်း မန်းချောင်း တောင်ကုတ်ချောင်း လမုချောင်းစတဲ့ ချောင်းတွေလောက်တောင် ရေပြင်မကျယ် မြစ်မဆန်တာကို တွေ့ရတယ်။ ဗေဒါပင်တွေအုံခဲနေတဲ့ မြစ်ရေပြင်ကိုငေးပြီး ဆို့နင့်သွားမိတယ်။ လက်ရှိမြင်တွေ့နေရတဲ့မြစ်ဆိုတာ ပြီးခဲ့တဲ့အစိုးရလက်ထက်ကမှ မြစ်ကြောင်းအတိုင်း တူးမြောင်းပုံစံ ပြန်ဖော်ထားတာလို့ သိရတယ်။ ဘာကြောင့် ဒီလောက်အထိ ဖြစ်သွားတယ် ကျွန်တော်မသိပါဘူး။ မြစ်တစ်စင်းကို အသက်ဝိဉာဉ်မဲ့သွား သေဆုံးသွားအထိ ဘယ်သူတွေကများ သတ်ပစ်ခဲ့ကြတာလဲ”
Source: https://www.agri.com.mm
Weekly Eleven Journal တွင် ယင်းဆောင်းပါးပါလာသည့် ရက်စွဲမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၉ ရက်ဖြစ်ရာ ပန်းလှိုင်မြစ် ပြန်လည် တူးဖော်ခြင်းလုပ်ငန်း ပြီးစီးချိန်မှရေတွက်လျှင် နှစ်နှစ်ခွဲမျှသာ ရှိသေးသည်။ ပန်းလှိုင်မြစ်ကို ပြန်လည်တူးဖော်ရာတွင် သုံးစွဲခဲ့သော ၂၂ . ၅ ဘီလျံကျပ် (ကျပ်သိန်းပေါင်း ၂၂၅၀၀၀) တိုတောင်းသော အချိန်အတွင်း အလဟသဖြစ်သွားခဲ့ရသဖြင့် နောင်ထပ်မံဆုံးရှုံးမှုမဖြစ်ရအောင် ထပ်မံအကြံပြုရေးသားရခြင်း ဖြစ်ပါသည်။
ကိုးကား –
၁။ Pan Hlaing System Report, 29 August 2019, Royal HaskoningDHV, Arcadis
၂။ ပန်းလှိုင်မြစ်ကို ရင်ခွဲ၍ အသက်ပြန်သွင်းခြင်း၊ အောင်ဆန်း(စိုက်ပျိုးရေး)၊ The Farmer Myanmar မေ ၁၈-၂၄၊ ၂၀၁၅
ဦးလှဘော် မှတ်ချက်။
ပန်းလှိုင်မြစ်ကဲ့သိုသောအပေါ်ရေနှင့်အောက်ဘက်ဒီရေအတက်ရှိသည့်မြစ်ချောင်းများတွင်စီမံကိန်းများဆောင်ရွက်မည်ဆိုပါကသေချာစွာစူးစမ်းလေ့လာပြီးမှရည်ရွယ်ချက်ပြည့်မြောက်အောင်ဆောင်ရွက်သင့်ပါတယ်၊ ပန်းလှိုင်မြစ်ကိုနုန်းမပို့စေချင်ပါက downstream regulator sluice gate မဖြစ်မနေပါရမှာဖြစ်ပြီး၊ upstream gate နဲ့ regulation ကိုသေသေချာချာ အချိန်ကိုက်ဆောင်ရွက်နိုင်အောင်ရေးဆွဲထားဘို့လိုအပ်ပါတယ်။ ရေတံခါးတွေမှာရေဆုံ့ရှုံးမှာစိုးလို့ဆိုပြီး နုန်းဖျော်ရေလွှတ်ရမဲ့ regulationကိုမလိုက်နာခဲ့ကြလို့ gateတွေဖွင့်မရ ရေလမ်းကြောင်းတွေပိတ်စတဲ့ပြသနာတွေဖြစ်ပြီးနောက်ဆုံးရေတံခါးပါသုံးမရဖြစ်သွားတာတွေရှိခဲ့ပါတယ်။