နှလုံးသန်မာ လူကျန်းမာ၊

မှတ်ဖွယ် မှတ်ရာ

စာပဒေသာ

ကျန်းမာ ရေးရာ (၁)

နှလုံးသန်မာ လူကျန်းမာ၊

နှလုံးေ သွး ေ ကြာ ပိတ်ခြင်း ၊လေ ဖြတ် ခြင်း နှင့်

ဆက်စပ် ေ သော နှ လုံး ေ ရာ ဂါ များနှင့် ပတ် သက်၍

ေ တွ့သိ ခဲ့ရသည့် မိတ် ေ ဆွ များ ၊ဆရာသမားကြီးများ၏

အ ေ တွ့အကြုံ သတင်းအချက်အလက်များနှင့်

Facebook တွင် တင်ပြကြသည့် နှလုံ ကျန်းမာရေး ဗဟုသုတများအား

ပြန်လည် စု ဆည်း တင်ပြ အပ်ပါသည် ။

စု ဆောင်းတင်ပြသူ

အေးမြင့်( ညောင်တုန်း )

၁၁ ဒီဇင်ယာ ၂၀၂၂

ရည်ညွှန်း

မှတ်ဖွယ် မှတ်ရာ စာပဒေသာ ( ၈၂ ) (ကျန်းမာရေး)

ကို ပြန်လည် တည်းဖြတ် ဖြည့်စွက်ေေ ဖါ် ပြ ခြင်း ဖြစ် ပါသည် ။

ကျန်းမာရေးအတွက် လိုအပ် တဲ့ ၊ မှန်လေးမှန် ထဲက

နှလုံး ကျန်းမာရေး။

လူတွေရဲ့ကျန်းမာရေးမှာ

ဆီးမှန် ၊ ဝမ်းမှန် ၊ လေမှန် နေရုံ နဲ့မပြီးသေး၊

သွေးမှန် နေဘို့ကလဲ

ပိုမိုအရေးအကြီးဆုံးဖြစ်နေပါတယ်။

နှလုံးခုန်နှုန်း မှန်နေဘို့ လိုတယ် ။

နှလုံး သွေးကြောထဲက သွေး တွေ

ခန္ဓာကိုယ်ထဲက နေရာအနှံ့မှာရှိနေတဲ့

သွေး ကြောတွေတစ်လျောက် ပုံမှန် စီးဆင်း သွားလာ နေဘို့လိုတယ်.။

နှလုံးရောဂါ ရှင် မိတ်ဆွေ အပေါင်းအသင်း ၊

ဆွေမျိုးတွေနဲ့ ဆရာသမားကြီးတွေ အကြောင်း။

နှလုးရောဂါ အကြောင်း

သတိထားစရာ Facebook ပေါ် က သတင်းတွေ ကို

စုစည်း မျှဝေ တင်ပြလိုက် ပါတယ်.။

မှတ်ချက်။

( ) အတွင်းမှ မှတ်ချက် စာများသည်

မူလတင်ပြခဲ့သည့် သတင်းများအပေါ်တွင်

နောက်ဆုံး/ ယနေ့ ၁၁/ ၈/၂၀၂၂ အခြေအနေများကို

ထပ်မံဖြည့်စွက် ဖေါ်ပြသည့် သတင်းများဖြစ်ပါတယ်။

၁။

RIT ကျောင်းနေဘက် သူငယ်ချင်း ကိုသန်းအောင် ။

သူရဲ့ ကျန်းမာရေး သတင်း ပေါ်လာခဲ့ တယ် ။

ဆွေမျိုးမိဿင်္ဂဟတို့….

ကျနော်ရဲ့နှလုံးသွေးကြောby pass ၃ လိုင်း ထည့် ထားရတာ

အခု ဒုတိယ ၆ လ follow up Check upကို

ကျနော်ခွဲစိတ်မှုခံယူခဲ့တဲ့

Bangkok VEJTHANIHospital မှာ

Blood , Urine ,

X_Ray , ECG ,Stress Test ,

Stiffness of Artery & Blockageof Artery.

ပြန်လည်စစ်ဆေးမှုအားလုံးလုပ်ပြီးသွားပါပြီ ၊

အားလုံးပို့သသောမေတ္တာ ကြောင့် အားလုံးကောင်းပါသည် ခင်ဗျား —-

ငယ်စဉ် စာမေးပွဲ result စောင့်ရသလို

အမှန်ပြောရယင် ရင်ခုံမှု ခံစားရပါသည် ၊

အားလုံးကိုကျေးဇူးတင်ပါသည် ခင်ဗျား….

၁၀ ရက်နေ့တွင် YGN ပြန်ပါမည်။

သန်းအောင်

ဘန်ကောက် နှလုံးသွားစစ်တာ

အားလုံးကောင်းနေတယ် လို့ ပြန်လာမဲ့ ရက် ပြော ပြ လို့

ေ အာက်ပါအတိုင်း ဝမ်းသာစကားပြောဖြစ်မိတယ် ။

ဘာမှ မဖြစ်လို့ ဘာ Complication မှ မရှိ လို့ ဝမ်းသာပါတယ် ။

အသက် ညာဏ်စောင့် ပေါ့ ။

ဒါပေမဲ့ ဒီနေ့ ခေတ် ကြီး မှ ာ ညာဏ်တခုထဲနဲ့မရသေးဘူး ၊

ဘဏ္တာ က လဲ လိုသေးတယ် ။

ရွေးခြ ယ် ဆုံးဖြတ် ချက်လဲ မှန်ဘို့ လို ပြန်တယ်။

၂။

NEPS ရုံးက လုပ်ဘော် ကိုင်ဘက်

ဆည် မြောင်း မြေ ဆီလွှာပညာရှင် ဦး ညို။

ဒီနေ့ ကျွန်တော်တို့ရဲ့ NEPS ရုံးက ထမင်းစားဝိုင်းမှာ သူ,နဲ့ ထပ် ဆွေးနွေးတော့ မနှစ်က ရန်ကုန် ဆေးရုံကြီးမှာ အရေးပေါ် တက်ပြီး နှလုံး ခွဲစိတ်မှု အကြီးစား လုပ်ခဲ့ ရပြီး အခု ကျန်းမာရေးကောင်းနေတဲ့ ဆည် မြောင်း မြေဆီလွှာ ပညာရှင် ဦးညို က သူ့ အတွေ့အကြံုအရ ဖြည့်စွက်ပြောတယ် ။

“အချိန်က လဲ အရေး ကြီးသေးတယ် “ တဲ့ ။

မှန်တယ် ။

ရောဂါကို အချိန်မှီသိဘို့ကလဲ အရေးကြီးတာ အမှန်ဘဲ ။

( ဒါ ပေမဲ့

ခုတော့ NEPS ရုံးမှာ အလုပ်အတူ လုပ်ဘော်ကိုင်ဘက် ဆည် မြောင်းမှာ မြေဆီလွှာပညာရှင် ကြီး ဦးညို ၊

ကိုဗစ်ကာလမှာ ကွယ်လွန်သွားခဲ့ရရှာတယ် )

ညနေ ရုံးဆင်းပြီး

အိမ်ရောက်တော့ ဇနီးကို ပြောပြတော့

အားလုံးက ကံ ကံ၏ အကျိုးဆက်တွေဘဲဆိုပြီး သူက ဖြည့်ပြော ပါ တယ် ။

၃။

မောင် ကျေးေရ (ေ မြ အောက်ရေ ပညာရှင် ) ဦးမြင့်သိန်း

နောက်တော့

အိမ်ပြန် ရာက်တာနဲ့ အမေရိကားရောက်နေတဲ့ မိတ်ဆွေ နှလုံးရောဂါသည်ရေ ဘူမိပညာရှင် ဦးမြင့်သိန်း ကို အချိန်ကြည့်ပြီး ဗီဒီယို နဲ့ ဆက်သွယ်ခေါ််လိုက်တယ် ။ဒီနေ့ သူ ဆေးရုံက ဆင်းတာ နေ့ လည် က ဝမ်းသာစရာ သတင်း ရထားလို့ပါ။သူ့ ဇနီးထံက ရတဲ့ ေ အာက် ေ ဖါ် ပြပါ သတင်းပါ။

ဦးမြင့်သိန်းကျန်းကျန်းမာမာနဲ့ဆေးရုံးကဆင်း

ပါပြီ ။ ဆေးရုံ ၂ လ တက်ခဲ့တဲ့အချိန်မှာလိုအပ်ချက်မရှိအောင်ဖြည့်စွမ်းပေးတဲ့သားကိုတေဇာနဲ့သမီးခိုင်ငြိမ်းချမ်းတို့မိသားစုပြောမပြတတ်အောင်ကျေးဇူးတင်ပါတယ်.။

အထူးသဖြင့်သွေးမတော်သားမစပ်ဘဲမေတ္တာရှေ့ထားပြီကူညီကြတဲ့

ကိုတေဇာ့သူငယ်ချင်းအပေါင်းအသင်းအားလုံးကိုအထူးအထူး

ကျေးဇူးတင်ပါတယ်။

စိတ်ချမ်းသာကိုယ်ကျန်းမာပြီလိုအင်ဆန္ဒ တလုံးတဝတည်းပြည့်စုံကြပါစေလို့

အန် တီမေကဆုတောင်းပေးပါတယ်။

ဝဠ်ကြွေးများရှိခဲ့ရင်လဲဒီမှာတင်ပြီးဆုံးပါစေ

တော့လို့…..

Daw May / California ?USA

မိတ် ေ ဆွ ကြီး ဦးမြင့်သိန်း ကလဲ နှလုံးရောဂါ အခံ နဂိုလ်ကတည်းကရှိနေရာက

USA သွားရင်း အကြီးစားခွဲစိတ်ဘို့ဖြစ်လာတယ် ။

ခွဲပြီးဆေးရုံပေါ်မှာ ၂ လခန့် နေခဲ့ရတယ်။

သူ့ဆီ အဲဒီ အချိန် ဆေးရုံ တက်စ တုံးက ဆက်သွယ်တဲ့အခါ

ဖြစ်စက စကား လုံးလုံးမပြော နိုင်တော့ဘူး ။

သူ့့တွေ့တော့ ကုတင်ပေါ်က နေ ကျွန်တော့ကို လက်ပြ နုတ်ဆက်ရှာတယ် ။

စိတ်မကောင်းခဲ့ရပါဘူး ။

ဒီနေ့ တော့ သူဆေးရုံကဆင်းတော့ စကားကောင်းကောင်းပြောနိုင်ပြီး မောမှာစိုးလို့ တားယူရတယ်။

ကျွန်တော်တို့ လုပ်ဘော် ကိုင်ဘက်ရေ အရေး ၊ရေ ရေးရာ ပညာရှင်တွေပါ။

သူက တော့ ခန္ဓာကိုယ် အတွင်းမှာ နှ လုံးနားကပ်လျက်စက်ထည့်ထားရတယ် ပြောတယ် ။

အပြင်က နေဆက်ထားတဲ့ စက်တစ်လုံးလွယ်ထားရတယ်ပြောတယ် ။

ကျန်းမာနေပါတယ် ။ အင်္ဂလန် အမေရိကားမှာဘဲ လုပ်လို့ရတယ် ဆိုလို့

USA ရောက်သွားတာ ကံကောင်းတာပေါ့ လို့ ဝမ်းသာစကားပြောခဲ့ရတ.ယ် ။

ခုတော့ မိတ်ဆွေကြီးက စာတောင်ရေးနေနိုင်ပါပြီ။

သူ ရေးသား ထားခဲ့တဲ့စာတွေ ကို ဆေးရုံကဆင်းပြီးနောက်မှာ စုစည်း ပြန်လည် ထုတ်ဝေခဲ့တဲ့

ေ မြ ေ အာက် ေ ရ စာအုပ် တစ်အုပ်အတွက် မြန်မာနိုင်ငံအမျိုးသားစာပေဆုပင် ရခဲ့ပါတယ် ။

ဦးမြင့်သိန်းသည် နှလုံး ခွဲစိတ်ကုသပြီးနောက် ယခုထိတိုင် ၅ နှစ်ကြာ ထိ ကျန်းမာနေဆဲပါ။ကျွန်တော်တို့တစ်တွေ လဲပါဝင်ကြတဲ့ နိုင်ငံတော် ရဲ့ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မီတီ ရဲ့

အကြံပေးအဖွဲ့ ဝင် တစ်ဥိးလဲ ဖြစ်တယ် ။

ဦးမြင့်သိန်းမှ သူရဲ့ နှလုံရောဂါ အတွေ့ အကြုံ ေ တွကို

အောက် ပါ အတိုင်း Facebook ေ ပါ် မှာ ေ ဝ ခဲ့ပါ တယ် ။

သေကံမရောက်သက်မပျောက်။

နှလုံးရောဂါသည်မြန်မာနှိင်ငံတွင်အဖြစ်များလာသည်ဟု

မှတ်တမ်းဆောင်းပါးများကအရသိရှိရပါသည်။

နှလုံးရောဂါတစ်ကြိမ်ဖြစ်ဘူးလျင်နောက်ထပ်၊ ၅နှစ်၊၁၀နှစ်၊၁၅နှစ် စသည်ဖြင့်ပြန်လည်ဖြစ်တတ်ကြောင်း

ကျွန်တော်အတွေ့အကြုံကပြောပြနေပါသည်။

ကျွန်တော်ယခုတတိယအကြိမ်ဖြစ်ပါသည်။ကံအားလျော်စွာ အမေရိကန်နှိင်ငံ၊ဆန်ဖရံစစ်စကိုမြို့၊

San Francisco Pacific Medical Centre; Heart Failure specialist department (SPMCHD) တွင်ကျွန်တော်သမီး၏စီစဉ်မူ့ဖြစ်၊တက်ရောက်ကုသခွင့်ရရှိခဲ့သဖြင့်သေကံမရောက်ခဲ့ပါ။

ကျွန်တော့ကိုယ်တွင် Heart MateIII စက်ကိုတတ်ဆင်ပေးထားပါသည်။ထိုစက်ကကျွန်တော်၏နှလုံးသွေးလည်ပတ်မူကိုအလုပ်လုပ်စေပါသည်။

ထိုစက်မတတ်ခင်ကနှလုံးအလုပ်လုပ်နှန်းမှာ ၃၅ ရာခိုင်နှန်းသာအလုပ်လုပ်နေနှိင်ပါသည်။

ယခုကျွန်တော့၏နှလုံးခံနှိင်အားအနေအထားအရအလုပ်ကောင်းကောင်းလုပ်နေပါပြီ။

ဒုတိယအကြိမ်၊၂၀၁၅ ခုနှစ်ကတကြိမ်။၂၀၀၀ ခုနှစ်ကတကြိမ်၊ဖြစ်ခဲ့ပါသည်။

ယခုတော့ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်မူ့တွေလုပ်ရပါဦးမည်။

ဘယ်တော့အထိအသက်ရှင်မလဲ၊ဘုရားမတစ်ပါး ……..

နောင်အင်အားပြည့်ပြီး၊စာကောင်းကောင်းရေးနှိင်လာရင်၊အသေးစိတ်ရေးပါဦးမည်။

ကျွန်တော်၏ရေအရင်းအမြစ်၊အတိုင်ပင်ခံ၊အဖွဲ့မိတ်ဆွေများ၊သတင်းမေးမြန်းခြင်းကိုအထူးကျေးဇူးတင်ပါသည်။

Myint Thein

၄။

ဦးအုန်းမြင့် ( လယ် ယာ/ ဆည်မြောင်း ဝန်ကြီးဌာန ၊ ဒု- ဝန်ကြီး / ငြိမ်း)

ပြီးခဲ့တဲ့လကတော့ ဆရာသမား၊ ဒုဝန်ကြီးဟောင်း ဦးအုန်းမြင့် တစ်ယောက် Heart Attack နဲ့ ၇၈ နှစ် မှာ ဆုံးသွားရှာတယ်။

ပထမအကြီ မ် Heart Attack ဖြစ်ခဲ့ ဘူးပြီး ပြန်ကောင်းနေခဲ့တာ အလုပ်တွေ မနားတမ်း လုပ်ကောင်းနေတုံး ကွယ်လွန်ခဲ့ရရှာ တယ်။ ကျွန်တော်တို့ အတွက် ရော နိုင်ငံအတွက်ပါ ဆုံးရှုံး မှုကြီးပေါ့ ။

ဆရာသမားဆုံး တဲ့အချိန်မှာ သူ့စာရေးစားပွဲပေါ်မှာ နိုင်ငံအတွက် ေ ရ အရေးကိစ္စ တစ်ခု နဲ့ပတ်သက် ပြီး စာရေးနေစဉ် ရေးလက်စစာ နဲ့အတူ ဆုံးပါး ခဲ့တယ်လို့ ဆရာရဲ့ မိသားစု ေ တွ ထံမှ သိ ရှိ လိုက်ရပါတယ်.

အ လုပ် သံယောဇင် အလွန်ကြီးလှသူပါ။ ကျွန်တော်တို့တစ်တွေ လဲပါဝင်ကြတဲ့ ၂ နှစ်ကြာမျှ အတူ တွဲ လုပ်နေခဲ့ကြတဲ့ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မီတီ ,အကြံပေးအဖွဲ့ ရဲ့ အဓီက ဥက္ကဌကြီးလဲဖြစ်တယ် ။

၅။ လယ်ယာ/ဆည်မြောင်း ဝန်ကြီးဌာန ၊အကြံပေး အရာရှိ ၊ဦးထွေးမြင့် ။

( ဆည် မြောင်း ၊ညွှန်ကြားရေးမှူး (ငြိမ်း) ညောင်တုန်းကျွန်း ထွေးမြင့် )

ဒု/ဝန်ကြီး ဦးအုန်းမြင့် လို နောက်တစ်ဦးက

မနှစ်က အသက် ၈၆ နှစ် မှာ ကွယ်လွန်ခဲ့သူ ဆရာသမား ဦးထွေးမြင့် တစ်ယောက်ကတော့ နှ လုံး ခွဲစိတ် ကုသ ထားတာ နှစ်ပေါင်းမနည်းတော့ဘူး ။ ၁၉၉၀ မတိုင်ခင် ခန့် က ဖြစ်မလားဘဲ ။

လူကောင်းပကတိ နဲ့ ဆုံးခါနီး ၂ လခန့် အလိုအထိ အလုပ်တွေလုပ်ကောင်းတုံး တက်ကြ ွနေခဲ့တုံး

သတိကောင်းတုံး နဲ့ လပိုင်းအတွင်း ဆုံးခဲ့ ရပြန်တယ် ။

အသက်ကလဲကြီးနေပါပြီ။ ဒါပေမဲ့ မဆုံခင် ၃/၄ လ ခန့် အလိုမှာ သူ့တပည့် ကျွန်တော်နဲ့ ကိုတင်ထွန်း တို့ ၂ ဦးကို သူ့အိမ်ကို အထူးသီးသန့်ခေါ်ပြီး သု့ သားသမီးတွေထံက ရတဲ့ စားဖွယ် တွေနဲ့ ဧည့်ခံ ေ ကြွး မွေးပြီး တစ်ညနေခင်းလုံး သူ့အိမ် မှာ စကားတွေ ဖေါင်ဖွဲ့ ပြောခဲ့ကြသေးတယ်.။ ဆရာသမားက ကျွန်တော်တို့နဲ့တွေ့ပြီး စကားပြောရတာ အကြေနပ်ကြီးကြေနပ်နေတဲ့ပုံ။ ကျန်းမာရေးကလဲ ပကတိ လူကောင်းပါ။

ဆုံးခါနီးဆေးရုံ တက်ကုသတော့ ၊ကျန်းမာရေးလဲဂရုစိုက်တဲ့ကြားက ဖြစ်ရလေခြင်း၊ နေလို့ထိုင်လို့မကောင်းဖြစ်နေတဲ့ရင်တွင်းဝေဒနာကို မခံစား ချင် တော့ လို့ လားမသိ ၊ I want to die quickly လို့ ေ ပြာ ပြီး သူ့ထံသတင်းလာမေး ကြကြည့်ကြ အားပေးကြတဲ့ ဆဘ် မြောင်းတပည့်တပန်းတွေကို မကြာမကြာထုတ်ပြောခဲ့တယ်။ မျက်နှာက တစ်ခါတလေ ပြုံးနေ ပေမဲ့ ညှိုး ငယ် ေ နတာက များတယ်။

. ဘဝတစ် လျောက်လုံး ပျော်ပျာ်ပါးပါး အလုပ်တွေ လုပ်နေခဲ့သူ ။

နှလုံး ရော ဂါ ကုခဲ့တာကလွဲလို့ နောက်ပိုင်းမှာ ကျန်းမာရေးက အများအားဖြင့်ကောင်းနေခဲ့ သူ

ကျန်းမာရေးအသိသတိေ နခဲ့သူ ဆရာသမားပါ။

ဆရာသမားက ဆိးချို အနည်း ငယ် ရှိတယ် ။ ထမင်း စားနည်းတယ် .အရွက်တွေ ရေလုံပြုတ် စားတာများခဲ့တယ် ။.ပဲနို့ကောင်းကောင်းသောက်ခဲ့တယ် ။ နောက်ပိုင်းတွေတဲ့အခါ ကျန်းမာရေးကိစ္စတွေ ပြောတာများတယ် ။သူသိတာတွေ ပြောပြ တတ် ပါ တယ်။

..ဆုံး တဲ့နေ့မှာ သူအိမ် ရာက်စဉ် ကျွန်တော်နဲ့အတူ သူ့မိသားစုဝင် တွေ ရှေ့မှာဘဲ ဆုံးပါးသွားခဲ့ပါတယ် ။

၆။ RIT ၁၉၇၂ ဆင်း ကျောင်းနေဘက် သူငယ်ချင်း ၊

ဆည်မြောင်း က နတ္တလင်းသား ကိုအေးသိန်း။

အရင် ၃ နှစ်ခန့်က ဆုံ း ခဲ့ တဲ့ RIT သူငယ်ချင်းကျောင်းနေဘက် ကိုအေးသိန်းလဲ သွားသွားလာ လာ နဲ့

လူ ေ ကာင်း ပကတိ နေ မမျော်လင့်ဘဲ ရုတ်တရက် ချက် ခြင်း ကွယ်လွန်သွား ခဲ့ရရှာ တယ် ။

သူလဲ နှလုံး ရော ဂါ အခံ ရှိပုံရပါတယ် ။

ဆည်မြေ င်းမှာ ညွှန်/မှူးနဲ့ပင်စင်ယူပြီး ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှာ လုပ်နေခဲ့တယ် ။

၇။

RIT ၁၉၇၂ ဆင်း ကျောင်းနေဘက် သူငယ်ချင်း ၊ ကိုသောင်းရွှေ .

RIT ကျာင်းနေဘက် နောက်တစ်ယောက် ဖြစ်တဲ့ ကိုသောင်း ေ ရွှ လဲ Heart Attack နဲ့ ဘဲ ချက်ခြင်း ကွယ် လွန်ခဲ့ရတယ် ။ေဂါက် သီး ရို က်ကပြန်လာပြီးအိမ် အရောက်မှာ ရုတ်တရက် ဆုံးခဲ့ရှာတယ်. ။ ၁၉၇၂ ကျောင်းဆင်းပြီးစ ပုသိမ်.မုံရွာလမ်း အု တ် ရှစ်ပင် ကမ္မ အပိုင်း လမ်းအူကြောင်းရှာဖွေ တိုင်းတာရေးမှာ အတူလက်တွဲလုပ်ခဲ့ကြတယ်။

၈။

ဇနီးဖြစ်သူရဲ့ အစ်ကိုအရင်း ဦးသန်းဝင်း ။

အမျိုး အဆွေထဲက

ယောက်ဖတော် ဦးသန်းဝင်း တစ်ယောက်လဲ သွားသွားလာလာ နဲ့ လူ ကောင်းပကတိနဲ့

ဒီလိုဘဲ မန္တလေး မှာ ရုတ်တရက် ချက်ချင်းကွယ်လွန်ခဲ့ ဘူးတယ် ။

မန္တလေးသူ့နေအိမ်မှာ Toilet အိမ်သာတက် နေရင်း အိမ်သာထဲမှာ ရုတ်တရက် ကွယ်လွန်ခဲ့တယ်။

မမျော် လင့်ဘဲ တိုက်ခိုက်တတ်တဲ့

နှလုံရောဂါ က ကြောက်စရာပါဘဲ ။

နှလုံးပြသနာနဲ့အတူ၊နှလုံး သွေးကြောနဲ့

ဦနှောက် သွေးကြောတွေ ပိတ်တာ ပေါက်တာတွေ ဖြစ်ပြီး

ရုတ်တရက် လေဖြတ် / အသက် ဆုံး ပါးခဲ့ကြတာတွေ များလိမ့် မယ်လို့ ထင်မိပါတယ်။

၉။ ဇနီးဖြစ်သူတို့မောင် နှမတစ် တွေထဲက

အစ်မ အကြီးဆုံး ဆရာမကြီးဒေါ် မြင့် ကြည် ။

ညောင်တုန်း အိမ်မှာ သွားသွားလာ လာ နေရင်း

လူ ကောင်းပကတိ က နေ ၊တစ်ရက် မှာ မနက်အိပ်ယာ ကထပြီးနောက် လေဖြတ် သလို ဖြစ် ခဲ့တယ် ။

ချက် ခြင်း ဘဲ အင်းစိန်က “ ကွယ် ေ ပါ” / နှ လုံး ေ သွး ေ ကြာနဲ့ ဦး ေ နှာက် အာရုံ ေ ကြာ

အထူးကုဆေး ရုံ ကြီးကို အမြန်ဆုံးရောက်အောင် သွားခဲ့တယ် .

အချိ န် မီ လိုက် တယ် ။ ကရင် ဆရာ ဝန်ကြီးနဲ့ ပြ သ စစ် ေ ဆး တော့ ဦး ေ နှာက်။ေ သွး ေ ကြာ ေပေါက် လို့ ဥ ေ နှာက် ခွဲစိတ် ကုသရတယ် ။ မူ လနေအထား ပြန် ရမှာ ခက်ခဲ နိုင် လို့ ဆေးကုသပြိး အိမ်ပြန် လာခဲ့တယ်.

ဦး ေ နှာက် နဲ့ အာ ရုံ ေ ကြာ ၊ ေ သွး ေ ကြာ ဆိုင် ရာ ေ တွ ေ ကြ င့် ဖြစ်လို့ ေ ခြေ လက် ေ တွ

မသန်စွမ်း တော့ဘဲ၊ အိပ်ရာထဲ ဘုံး ဘုံးလဲခဲ့ ရတယ် ။ စကားမ ေ ပြာ နိုင် ေ တာ့ ပေမဲ့၊

အသိသတိ တော့ ရှိ နေတယ် ၊မလှုပ် နိုင် မရှားနိုင် ။ ကိုယ် တိုင်တော့ အစားမစားနိုင်တော့ ။

ဒါ ေ ပမဲ့ခေတ်သစ် ကျန်းမာ ေ ရး ေ စာင့် ေ ရှာက် မှု အရ၊ USA Abbott ကုမ္ပဏီ ကထုတ်လုပ် တဲ့ Ensure အဟာရမှုန့်ကို သူ့သမီးက နေ့စဉ် ပုံ မှန် တိုက် ေ ကြွးခဲ့တယ် ။ အဟာရ မပြတ် ဘဲ ၊ ကျန်းရေးနဲ့ ညီညွတ် တဲ့ အဟာ ရ ကောင်း ကောင်း မီဝဲ နိုင်ခဲတာလဲ ပါ တာ ေ ကြာင့် လို့ ယူ ဆ မိ တ ယ်။ ။ အိပ်ယာပေါ် မှာ ၅ နှစ် ေ ကျာ် ကြာ ခန့် နေခဲ့ပြီး အသက် ၈၃ ခန့် ခန့် မှာမှ ကွယ်လွန်ခဲ့ရပါတယ်။ ။

၁၀။ ဖြစ်စဉ် တူ သူနောက် တစ် ဦးက

ဆည် ေ မြာင်းဌာနကို ၁၉၇၄ ခုနှစ်မေလ ၁၄ ရက်နေ့ မှာ ၊ဆည် ေ မြာင်း တိုင်းတာရေးရုံး (၂) မှာ တစ်ရုံး ထဲအတူ အလြပ် ဝင်ခဲ့ ကြ ၊ ၁၉၇၇ မှာ စပါးစီမံကိန်း (၁)ကို အတူ ေ ပြာ င်း ေ ရွှ့ လုပ်လာခဲကြတဲ့

ရ န်ကုန်သား ရင်းနှီးတဲ့၊ မိတ် ေ ဆွ ကြီး ဟင် နရီ မြ ေ ခါ် ကို ေ ကျာ် ဝင်း။

အသက် ၆၀ ပြည့် ပင်စင်ယူပြီး နောက်မှာ သူလဲလေဖြတ် ခါ အိပ်ယာထဲ ဘုန်းဘုန်းလဲသွား ခဲ့ ပြီးနောက် မလှုပ် မရှား နိုင်၊ စကားကောင်းကောင်း မ ေပြာ နိုင် ရှာ တော့ ပေမဲ့ ၊အသိ သတီတော့ နေ ပုံပါ။ ။

ဆရာသမား ဦးစဝ် အောင်မြင့်က သူ့တ ပည့် ကိုေ တွ့ ချင် တယ် ဆိုဘို့ ၊ .ကျွန်တော် က ကို ေ ကျာ် ဝင်း အိမ်ကို ဆရာသမားကိုခေါ် သွားခဲ့ တယ် ။ ေ တွ့ ကြ တဲ့အခါ ကိုေ ကျာ် ဝင်း က ဆရာသမားကိူ စူးစိုက် ကြည့်တယ်၊ ၊ အသိ ရှိနေတဲ့ပုံပါ။ သူလဲ ၅ နှစ် နီးနီး အိပ် ရာထဲမှာ လဲနေရင်း ဆုံးပါး သွားခဲ့ရတယ် ။ နှစ်များစွာအကြာ နောင် မှာ ဆရာ သမားလဲ ၂၀၂၁ ခုနှစ်မှာ ကိုဗစ်ခေါ်ရာ ပါသွားခဲ့ ရ ပြန် ပါ တယ်.။

ဘဝကံကြ မ္မာ ေ တွ လို့ဘဲ ဆို ကြရမလားမသိ ပါ။

လူတိုင်း သွားကြရမဲ့နောက် ဆုံး ခရီး ေ တွ ပါဘဲ။

,စာရင်း ချုပ်လိုက်ရင် အထက်မှာ ဆွေးနွေးခဲ့ သလို အသက်ညာဏ်စောင့် ရုံနဲ့ မပြီးသေးဘဲ လူ့ ဘဝရဲ့ အတိတ် နဲ့ ပစ္စုပ္ပန် ရဲ့ ကံ ကံ ၏ အကျိုးဆက်တွေအရ ဖြစ်ပျက်ပြောင်းလဲ နေတော့ မှာပါဘဲ လို့သာ

သံ ဝေဂရ၊ မှတ်ယူ ရပါတော့မယ် ခင်ဗျား ။

အေးမြင့် ( ညောင်တုန်း )

၉ သြဂုတ်လ ၂၀၁၇

( Revised 11/12/2022)

၁၁ ။ ဆည် မြောင်းက စာရေးဆရာ ဦးဘုန်းတင် ။

ဦးဘုန်းတင် က ဖြည့်စွက် အကြံပြုပေးတာကလဲ လက်ကိုင် ထားဘို့ လိုလာပြန် တယ် ။

၁၀ သြဂုတ်လ ၂၀၁၇ မှာ ကျွန်တော်ရေးခဲ့တဲ့ Facebookပေါ်က စာ ေ တွ ဖတ်ပြီး၊ ဦးဘုန်းတင် က ေ အာက်ပါ အတိုင်း မှတ်ချက် ပေးခဲ့ တယ် ။

“ ကံ ကံ ၏အကျိုးဆက် ဆိုတာလက်ခံပါတယ် ၊ သို့သော် သတိတရားလက်ကိုင်ထားဖို့တော့လိုမယ်ထင်ပါတယ် ၊ ကျေးဇူးပါSE”

( ဆည် မြောင်းမှာ ရှားရှားပါးပါး ပေါ် ထွက်လာခဲ့တဲ့ ဆည် မြောင်း အကြောင်းစာတွေ များစွာ ရေးသားခါ သတင်းစာထဲက ေ န လူထုပညာပေးခဲ့ တဲ့ စာ ေ တွ ေ ရး ခဲ့ တဲ့ ဆည် မြောင်း ညွှန်ကြားရေးမှူး စာရေးဆရာ ဦးဘုန်းတင် ခင်ဗျာ ၊ပင်စင် အနားယူပြီး စာတွေ ကောင်း ကောင်းရေး နေတုန်း အသက် ၆၀ ကျော် အရွယ် ကောင်းချိန် မှာ ကွယ် လွန်သွားခဲ့ရရှာ ပြန် ပါတယ် )

အေးမြင့် ( ညောင်တုန်း )

၁၁/ ၈/၂၀၂၂ ( Edited and added )

ရည်ညွှန်း စာများ ။

၁။ Myint Thein Facebook post ( 10 August 2017 )

၂။ ဒေါက်တာဦးစိုင်းဟန်ကျော်စိန် ဆမ..၁၁၀၀၈. ၏ Facebook post

သိထားသင့်တဲ့ အပေါ်သွေး အောက်သွေးအကြောင်း👈

ရည် ညွှန်းစာ (၁)

Myint Thein Facebook post

10 August 2017 (မူရင်း စာ)

၁၀ သြဂုတ်လ ၂၀၁၇

ဦးမြင့် သ်ိန်း က ဒီနေ့မှာဘဲ FB ပေါ််မှာ စာရေး နေပြီ။

သူ့ FB မှာ နှလုံးစက် ပုံ ကို ပြလာတယ်

စက်နဲ့ နှလုံး ရှင်သန် အလုပ်လုပ်နေရတာကလဲ မလွယ်ပါလား။

———

ရည် ညွှန်းစာ (၂)

ဒေါက်တာဦးစိုင်းဟန်ကျော်စိန် ဆမ..၁၁၀၀၈. ၏ Facebook post

သိထားသင့်တဲ့ အပေါ်သွေး အောက်သွေးအကြောင်း👈

သွေးကျဆေးမှန်မှန်မသောက်ရင်ဘာဖြစ်မလဲ၊

သွေးကျဆေးစွဲသောက်ရင်ကျောက်ကပ်ပျက်လားဆိုတဲ့ အမေးများနေလို့ ဖတ်ကြည့်စေချင်လို့ပါ

အယူမှန်ကန်.. ရောဂါဒဏ်..

အမြန်ကင်းဝေး.. ကျန်းမာရေး..

“သွေးတိုးရောဂါကို သဘောပေါက်စေချင်တယ်”

“သွေးကျဆေးမှန်မှန်သောက်သင့်တယ်ဆိုတာကိုလည်းအမြင်မှန်ရစေချင်တယ်”

************************

အမည်………

အသက်..၆၈..နှစ်..

ခေါင်းတအားမူး.. တအားမောနေတဲ့အပြင်..

ရင်ဘတ်ထဲဆို့ကြပ်နေလို့.. ဆေးခန်းရောက်လာပါတယ်..

သွေးအချိုဓာတ်.. သွေးတွင်းအောက်စီဂျင်ရာခိုင်နှုန်း..

သွေးခုန်နှုန်းတွေ..ပုံမှန်ပါပဲ..

သွေးပေါင်ချိန်ကတော့.. 190/110 mmHg..

ရှိသင့်ရှိထိုက်တာထက်.. အလွန်မြင့်တက်နေပါတယ်..

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ယခုနောက်ဆုံး..

WHO..World Health Organization.. ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီးရဲ့..

သတ်မှတ်ချက်အရ..

Blood Pressure..သွေးပေါင်ချိန်သည်.. 120/80mmHg..ကိုသာအမှန်လို့..

သတ်မှတ်ထားပါတယ်..

140/90mmHg..ဆိုရင်တောင်..

သွေးတက်နေပြီလို့သတ်မှတ်နေရပါပြီ..

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ECG..ဆွဲကြည့်တော့..

Left Ventricular Hypertrophy.. ဘယ်ဘက်နှလုံးကြီးနေတယ်..

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

သွေးတက်နေတာမသိဘူးလား..

သွေးပေါင်မချိန်ကြည့်ဘူးလား မေးတော့..

သိတယ်တဲ့.. မကြာခဏလည်းချိန်ကြည့်တယ်တဲ့..

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဒါဖြင့်..

သွေးကျဆေးမှန်မှန်မသောက်ဘူးလား..မေးတော့..

©သွေးတက်မှသောက်တာတဲ့..

ဘာလို့.. သွေးတက်မှသောက်တာတုန်းဆိုတော့..

©သွေးနည်းသွားမှာစိုးလို့တဲ့..

©သွေးကျဆေးသောက်တာကြာလာရင်.. ကျောက်ကပ်ပျက်တတ်တယ်ပြောကြလို့..

ကြာကြာစွဲမသောက်ရဲလို့.. မသောက်ဘူးတဲ့..

©သွေးတက်မှာစိုးလို့..

အားဆေးလည်း.. မသောက်ရဲဘူးတဲ့..

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အယူအဆမှားတွေ..

အယူအဆမှားတွေ..

………. လို အယူအဆမှားတွေကို.. အမှန်ယူပြီး..

သွေးတိုးရောဂါရှိနေပါလျက်.. ဆေးမှန်မှန်မသောက်ပဲ..

ရောဂါဆိုးရွားနေတဲ့လူတွေ.. ဘယ်လောက်များနေပြီလဲ..

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©သွေးပေါင်တက်.. သွေးဖိအားတက်.. သွေးတိုးနေရင်..

သွေးကျဆေးကို.. အမြဲစွဲစွဲမြဲမြဲသောက်ရပါမယ်..

သွေးတက်နေမှ.. တက်နေတုန်း.. သောက်ရမှာမဟုတ်ပါ..

©သွေးကျဆေးသောက်ရင်.. ရှိနေတဲ့သွေးတွေနည်းမသွားပါ..

©သွေးကျဆေးသောက်တာကြာလာရင်.. ကျောက်ကပ်ပျက်တတ်တယ်ဆိုတာ..

လုံဝမှားယွင်းနေပါတယ်..

©အားဆေးသောက်ရင်..အားဆေးထိုးရင်.. သွေးမတက်ပါ..

ဘာမှမဆိုင်ပါ..

****************************

Blood Pressure..

သွေးပေါင်ချိန်သွေးဖိအားအကြောင်းကို.. နားလည်အောင်ပြောပြပါမယ်..

သွေးပေါင်ချိန်အကြောင်းသိရှိသဘောပေါက်ပါမှ..

အမှန်မြင်နိုင်ကြမှာပါ..

**************************

အဆုပ်များမှသန့်စင်ပေးလိုက်သော.. အောက်စီဂျင်ဓာတ်ပြည့်ဝတဲ့.. သွေးအသစ်တွေကို..

နှလုံးရဲ့ဘယ်ဘက်သွေးဝင်ခန်းက.. လက်ခံရယူပြီး..

နှလုံးရဲ့ဘယ်ဘက်သွေးလွှတ်ခန်းကနေ.. သွေးလွှတ်ကြောမကြီးမှတဆင့်..

ခန္ဓာကိုယ်အနှံ့သွေးအသစ်များ.. ရောက်ရှိအောင်.. ညှစ်ထုတ်ပေးလိုက်ပါတယ်..

©နှလုံးညှစ်လိုက်တဲ့အချိန်..

ခန္ဓာကိုယ်တကိုယ်လုံးမှာရှိတဲ့.. သွေးကြောနံရံမှာ.. ဖြစ်ပေါ်လာတဲ့..

တင်းအားတွန်းအားကို..

Systolic Blood Pressure.. နှလုံးညှစ်ချိန်ဖြစ်လာတဲ့တွန်းအား.. လို့ခေါ်ပါတယ်..

သွေးပေါင်ချိန်တိုင်းရင်..

ကိန်းဂဏန်းကို.. အပေါ်မှာအမြဲရေးသားမှတ်သားရတဲ့အတွက်..

အပေါ်သွေးလို့..လွယ်လွယ်ခေါ်ပါတယ်..

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နှလုံး..တချက်ညှစ်ပြီးရင်.. နှလုံးနားနေပါတယ်..

Diastolic phase..လို့ခေါ်ပါတယ်..

နှလုံးနားနေချိန်မှာ..

ခန္ဓာကိုယ်တကိုယ်လုံးမှ.. အသုံးပြုပြီးသားသွေးအဟောင်း..

ကာဗွန်ဒိုင်အောက်ဆိုဒ်များစွာပါဝင်တဲ့.. သွေးအဟောင်းများသည်..

သွေးပြန်ကြော..သေး..လတ်..ကြီး..များမှတဆင့်..

နှလုံးရဲ့..ညာဘက်သွေးဝင်ခန်းသို့.. ပြန်လည်ဝင်ရောက်လာကြပါတယ်..

တနည်းအားဖြင့်..

နှလုံးနားနေချိန်မှာ..ခန္ဓာကိုယ်အနှံ့က..ပြန်ရောက်လာတဲ့..သွေးအဟောင်းတွေကို..

နှလုံးမှ..ပြန်လည်လက်ခံနေပါတယ်..

အဲဒီအခိုက်အတန့်မှာ..

©သွေးကြောများအတွင်း..ဖြစ်ပေါ်နေတဲ့..တင်းအား..တွန်းအားကိုတော့..

Diastolic Blood Pressure.. နှလုံးနားနေချိန်ဖြစ်လာတဲ့တင်းအား.. လို့ခေါ်ပါတယ်..

သွေးပေါင်ချိန်တိုင်းရင်..

ကိန်းဂဏန်းကို.. အောက်မှာအမြဲရေးသားမှတ်သားရတဲ့အတွက်..

အောက်သွေးလို့.. လွယ်လွယ်ခေါ်ပါတယ်..

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အသက်အရွယ်ကြီးလာလေလေ.. သွေးကြောတွေ..မာကြောလာကြတယ်..

သွေးကြောနံရံများရဲ့.. Elasticity..ဆန့်ထွက်အား.. လျော့ကျသွားကြတယ်..

ထို့မှတဆင့်ကျဉ်းကျုံ့သွားကြတယ်..

ဒီအခါ..

နှလုံးညှစ်လိုက်တဲ့အခါတိုင်း.. သွေးကြောများအလိုက်အထိုက်..

ပျော့ပြောင်းကျယ်ပြန့်မလာနိုင်တဲ့အတွက်..

သွေးကြောနံရံရဲ့တင်းအား.. မြင့်တက်သွားပါတယ်..

သွေးပေါင်ချိန်တိုင်းကိရိယာနဲ့.. တိုင်းတာလိုက်တဲ့အခါ..

Systolic Blood Pressure.. နှလုံးညှစ်ချိန်..သွေးဖိအားတွန်းအား.. မြင့်တက်နေပါတယ်..

အပေါ်သွေးတက်နေတယ်လို့.. လွယ်လွယ်ခေါ်ကြပါတယ်..

******ခန္ဓာကိုယ်အပေါ်ပိုင်း.. သွေးတွေများနေတာမဟုတ်ပါ..

******သွေးကြောဖိအားတွန်းအား.. များနေတာပါ..

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နှလုံးတချက်ညှစ်ပြီးချိန်..အလိုက်သင့်လေး.. သွေးဟောင်းများကိုပြန်လက်ခံချိန်မှာ..

ခန္ဓာကိုယ်အနှံ့က.. သွေးကြောတွေမှာလည်း.. နှလုံးဆီကိုသွေးပြန်ပို့ပေးနိုင်ဖို့..

တွန်းအားတင်းအားရှိရပါတယ်..

အသက်အရွယ်ကြီးလာတာနဲ့အမျှ.. သွေးကြောနံရံတွေ.. ဆန့်ထွက်အားလျော့..

မာကြော..ကျဉ်းကျုံ့လာကြတဲ့အတွက်..

နှလုံးဆီကိုပြန်တွန်းပို့တဲ့အားလည်း..လိုအပ်သည်ထက်.. မြင့်တက်နေပါတယ်..

သွေးပေါင်ချိန်တိုင်းကိရိယာနဲ့.. တိုင်းတာတဲ့အခါမှာ..

သွေးပေါင်သွေးဖိအားတက်နေပါတယ်..

ဒီသွေးပေါင်ချိန်ကတော့.. နှလုံးနားချိန်..တနည်းအားဖြင့်.. နှလုံးကသွေးဟောင်းလက်ခံချိန်..

သွေးကြောတွေမှာ.. ဖြစ်နေရှိနေတဲ့သွေးပေါင်ချိန်မို့လို့..

Diastolic Blood Pressure.. လို့ခေါ်ပါတယ်..

အောက်သွေးတက်နေတယ်..လို့လွယ်လွယ်ခေါ်ပါတယ်..

*****ခန္ဓာကိုယ်အောက်ပိုင်းကသွေးတွေများနေတယ်လို့အယူအဆမမှားလိုက်ပါနဲ့..

******သွေးများနေတာမဟုတ်.. သွေးဖိအားတင်းအားများနေတာပါ..

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©သွေးကြောများအတွင်း.. သွေးအချိုဓာတ်များ.. လွန်ကဲများပြားလာရင်..

သွေးကြောနံရံများ.. တတိတိနဲ့ပျက်စီးတတ်ပါတယ်..

ထိုမှတဆင့်..

သွေးကြောများ.. ကျဉ်းကျုံ့ကုန်တဲ့အတွက်..

သွေးချိုဆီးချို ရောဂါကိုစံနစ်တကျ.. ကုသမှုမပြုရင်..

သွေးပေါင်သွေးဖိအားတက်နေတတ်ပါတယ်..

©သွေးအချိုဓါတ်.. လွန်ကဲများပြားနေတဲ့အခါ..

သွေးစီးလမ်းကြောင်းကို.. ပိတ်ဆို့ထားတဲ့အတွက်..

နှလုံးညှစ်လိုက်တိုင်း.. နှလုံးသွေးလက်ခံတိုင်း..

သွေးစီးလမ်းကြောင်းဟာ.. ချောမွေ့မှုမရှိ..ဆန့်ကျင်အားတွေ.. ဖြစ်ဖြစ်နေတာကြောင့်..

သွေးကြောနံရံရဲ့တင်းအားမြင့်ပြီး.. သွေးတက်တတ်ပါတယ်..

©သွေးအဆီဓာတ်များပြားလာရင်လည်း..

သွေးကြောနံရံများမှာ..သွေးခဲစုစည်းမှု..

Platelet aggregation.. တွေဖြစ်ပေါ်စေပါတယ်..

ထိုမှတဆင့်.. သွေးခဲပိတ်ဆို့မှု.. Clot..တွေဖြစ်စေပါတယ်..

သွေးလည်ပတ်မှုချောမွေ့မှုမရှိတဲ့အတွက်..

သွေးကြောဖိအားတင်းအား.. မြင့်နေပါမယ်..

ဒီလိုအခြေအနေမျိုးမှာလည်း..

သွေးပေါင်ချိန်တိုင်းလိုက်တိုင်း.. သွေးပေါင်တက်သွေးတိုးနေမှာပါ..

*****အယူအဆမမှားရန်ထပ်မံ.. အသိပေးပါတယ်..

*****သွေးတက်တယ်ဆိုတာ.. သွေးများနေတာမဟုတ်ပါ..

*****သွေးကြောဖိအားတက်နေတာပါ..

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©နှလုံးရဲ့ဘယ်ဘက်ခန်းကနေ.. သွေးအသစ်တွေ..ခန္ဓာကိုယ်အနှံ့..

သွေးရောက်ရှိအောင်.. ညှစ်ထုတ်ပေးနေတဲ့အချိန်မှာ..

သွေးကြောတွေရဲ့.. တင်းအားဖိအားတွေ.. ရှိသင့်တာထက်များနေရင်..

နှလုံးဟာ.. ပိုပိုပြီး..အားစိုက်.. ပိုပိုပြီး..ညှစ်အားများများ ထုတ်ထုတ်သုံးရပါတယ်..

ထုတ်သင့်တဲ့ညှစ်အားထက်.. ညှစ်ထုတ်အားစိုက်နေရတဲ့..

အချိန်ကာလကြာလာတာနဲ့အမျှ..

ဘယ်ဘက်နှလုံးရဲ့ကြွက်သားတွေ.. ထူထဲလာကြပါတယ်..

နှလုံးအရွယ်အစားကြီးမားလာပါတယ်..

Left Ventricular Hypertrophy..

ဘယ်ဘက်နှလုံးအရွယ်ကြီးခြင်း.. နှလုံးကြီးခြင်း..လို့ခေါ်ပါတယ်..

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

*****သွေးတက်လို့တက်မှန်းမသိသူ..

*****သွေးတက်နေမှန်းသိလျက်နဲ့.. ဆေးမှန်မှန်မသောက်သူ..

*****သွေးကျဆေးမှန်မှန်သောက်ရင်..ရှိနေတဲ့သွေးကုန်သွားမှာစိုးရိမ်တဲ့..

အယူအဆမှားသူ..

*****သွေးကျဆေး..ကြာကြာသောက်ရင်.. ကျောက်ကပ်ပျက်တတ်တယ်ဆိုတဲ့..

အယူအဆမှားကြောင့်.. ဆေးမှန်မှန်မသောက်သူ..

ထိုသူများအားလုံး..

©နှလုံးအရွယ်အစားကြီးမားလာကြပါတယ်..

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©နှလုံးအရွယ်အစားကြီးမားတာ..တာရှည်လာရင်..

မနိုင်ဝန်ထမ်းရတဲ့…နှလုံးညှစ်အား.. လျော့ကျသွားတဲ့အခါ..

©Heart Failure.. နှလုံးအားနည်းရောဂါဝင်ပြီး..

မျက်ခွံမို့.. ခြေထောက်ရောင်.. အဆုပ်ထဲရေဝင်.. မောပမ်းလွယ်..

လူဖြစ်ရှုံးတဲ့ဘဝရောက်ရပါတယ်..

°°°°°°°°°°°°°°°°°°°°°•°°°°°°°°°°°

©သွေးတိုးတယ်ဆိုတာ.. သွေးတွေများလာတာမဟုတ်ပါ..

သွေးကြောများရဲ့.. ဖိအားတွန်းအား..တိုးနေများနေတာပါ..

သွေးပေါင်ချိန်တိုင်းကိရိယာမှာ..

သတ်မှတ်ထားတဲ့.. Pressure..ဖိအားတင်းအားထက်များနေလို့..

သွေးတက်တယ်လို့.. လွယ်လွယ်ပြောကြရာကနေ..

သွေးများနေတယ်လို့.. သဘောပေါက်မှားယွင်းသွားကြပါတယ်..

©သွေးကျဆေးသည်..

ခန္ဓာကိုယ်ထဲကရှိနေတဲ့သွေးတွေ.. နည်းသွားစေတာမဟုတ်ပါ..

ရှိနေတဲ့သွေးနဲ့ဘာမှမသက်ဆိုင်ပါ..

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

သွေးကျဆေးသည်..

©တင်းမာနေသော.. သွေးကြောနံရံများကို..

အလိုက်သင့်ပျော့ပြောင်းနူးညံ့စေပါတယ်..

©ကျဉ်းကျုံ့နေသော.. သွေးကြောများကို..

အလိုက်သင့်.. ပွင့်ကျယ်လာစေပါတယ်..

သွေးကျဆေးသောက်လိုက်တဲ့အခါ..

သွေးကြောများပျော့ပြောင်းလာပြီး.. သွေးကြောများပွင့်ကျယ်လာတဲ့အတွက်..

သွေးဖိအားများပုံမှန်.. ရောက်ရှိသွားပါတယ်..

နှလုံးကလည်း.. တအားညှစ်ထုတ်စရာမလိုတော့ပဲ..

သက်သာရာရသွားပါတယ်..

သွေးစီးလမ်းကြောင်းလည်း.. ချောမွေ့သွားတဲ့အတွက်..

ခန္ဓာကိုယ်အစိပ်အပိုင်းများ.. လုံလောက်မျှတတဲ့သွေးများ.. ရရှိနေပါတယ်..

ကျန်းမာတဲ့ခန္ဓာကိုယ်ကို.. ဖြစ်ပေါ်စေပါတယ်..

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©ကျောက်ကပ်သည်..

သွေးကြောငယ်ကလေးများ.. မြောက်များစွာဖြင့်ဖွဲ့စည်းထားပါတယ်..

သွေးတိုးရောဂါရှိနေသူများ.. သွေးကျဆေးမသောက်ရင်..

ကျောက်ကပ်သွေးကြောငယ်များအတွင်း.. ဖိအားတင်းအားများနေတဲ့အတွက်..

သွေးကြောငယ်များပျက်စီးလွယ်ပါတယ်..

ထိုမှတဆင့်. ကျောက်ကပ်ပျက်စီးသွားပါမယ်..

သွေးတိုးရောဂါရှိသူ..သွေးကျဆေးမှန်မှန်သောက်နေရင်..

ကျောက်ကပ်သွေးကြောငယ်များအတွင်း.. ဖိအားတင်းအားလျော့ကျစေတဲ့အတွက်..

ကျောက်ကပ်ပျက်စီးခြင်းမှ.. ကာကွယ်ပြီးသားဖြစ်သွားပါတယ်..

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အားဆေးဆိုတာ..

ဗီတာမင်ဓာတ်.. သတ္ထု ဓာတ်.. အသားဓာတ်..

ခန္ဓာကိုယ်တည်ဆောက်ပြုပြင်ဖို့.. လိုအပ်တဲ့ဓာတ်.. စတဲ့ဓာတ်အစုအပေါင်းသာဖြစ်ပါတယ်..

ထမင်းဟင်းစားသောက်တဲ့အခါမှာလည်း..ပါဝင်ပြီးသားဖြစ်ပါတယ်..

အားဆေးဆိုတာ..ခန္ဓာကိုယ်အတွက်..လိုအပ်မည့်..အာဟာရဓာတ်ကို..

ဖြည့်စွက်ပေးတာပါ..

သွေးတိုးသွေးတက်တာနဲ့..လားလားမှမဆိုင်ပါ..

အားဆေးသောက်ခြင်းဖြင့်..သွေးမတက်ပါ..

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အားဆေးသောက်ခြင်းသည်..

သွေးမတက်စေပါ.. ဘာမှမဆိုင်ပါ..

သို့သော်..

အဆီများသောအစာ..အငန်များသောအစာ..စားရင်တော့..

သွေးတက်စေပါတယ်..

အဆီဓာတ်…အငန်ဓာတ်များသည်..သွေးကြောများကို..

ကျဉ်းကျုံ့စေပြီး..ဖိအားတင်းအားတက်လာစေပါတယ်..

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အမှားကင်းစင်၍.. အမှန်မြင်နိုင်ကြပါစေ..

Crd, မေတ္တာဖြင့်..

ဒေါက်တာဦးစိုင်းဟန်ကျော်စိန်

ဆမ..၁၁၀၀၈..

မေတ္တာဖြင့် ပြန်လည်မျှဝေပါသည် ။