
မှတ် ဖွယ် မှတ် ရာ
စာ ပ ေဒသာ ( ၁၀၃ )
( မြန်မာ့ သမိုင်း )
သုဝဏ္ဏဘူမိ ရှာ ပုံတော် ။
ကျွန်တော် က ၁၉၈၇ မှ ၁၉၉၁ အထိ သထုံ ခရို င် ဆည် ေ မြာင်းမှာ ၅ နှစ် တာ မျှ တာ ဝန်ကျခဲ့ေ တာ့ ၊ ပုဂံ ခေတ်က နော်ရထာမင်းလက်ထက်မှာ သထုံ ကို တိုက်ပြီး ပိဋကတ် ၃ ပုံ ကို ရယူ ခဲ့ ပြီး နောက် ၊အ နော်ရထာ မင်းက သထုံက ပင့်လာတဲ့ ဆရာ တော် ရှင် အရဟံနဲ့ အတူ ပုဂံ နေ ပြည် တော် မှာ ဗု ဒ္ဓဘာ သာ၊သာသနာ ပိုမို ထွန်းလင်း အောင် လုပ်ခဲ့တဲ့သမိုင်း ေ နာက် ခံ ေ တွကို စိတ် ဝင်စားခဲ့တယ် ။ တာဝန်ကျစဉ် မှာ သထုံခရိုင် အတွင်းနေရာ အနှံ့မှာ အလုပ် ေ တွ ကွင်း ဆင်း လုပ်ခဲ့ ရင်း ၊ သထုံ ခရိုင် ထဲ က သုဝဏ္ဏဘူမိ သမိုင်းနောက် ခံ ေ နရာ ေ တွ ကို လဲ ဝင်
ေရာက်လေ့လာ ကြည့် ဖြစ် ခဲ့တ ယ် ။
မကြာ သေးခင်က သု ဝဏ္ဏဘုမ္မိသထုံ သမိုင်း သုတေသန စာအုပ်ကြီး တစ်အုပ် ဖြစ်တဲ့ စာမျက်နာ ၃၀၀ ေ ကျာ် ပါ စာအုပ်ကြီး တစ်အုပ် ၊ ကူးသိမ်းထားခဲ့တာ သွား ေ တွ့ တယ် ။ စာရေးသူက သမိုင်းသုတေသီ ပညာရှင် ဦးစံဝင်း ဖြစ်တယ်။
ထိုင်းနိုင်ငံက သူတို့ရဲ့ လေဆိပ်သစ်ကို သု ဝဏ္ဏဘူမိ လေဆိပ် လို့ လက် ဦးမှု ယူပြီး နာမည် ပေးခဲ့ တယ်။
မြန် မာ ေ တွ ဘက်ကလဲ မိမိတို့ နိုင်ငံမှာ သုဝဏ္ဏ ဘူမိ ေ နာက်ခဲ သထုံ မြို့ ကြီး ယ နေ့ထိ တိုင်ရှီ ေ န ေ ကြာင်း သမိုင်း အ ေ ထာက် အထား ေ တွ နဲ့ ၊ ပြန်ချေပ သင့်ကြ တယ်။
ခုစာအုပ်မှာ သမိုင်းတေသီ ဆရာကြီး ဦးစံဝင်းက သု ဝဏ္ဏဘူမိ သထုံ ပြည် သမိုင်း နောက်ခံ ေ တွကို မိလိန္ဒပညာ ဗုဒ္ဓဘာသာ ကျမ်း စာ ေ တွ အပါအဝင် ၊ ေ ရှး ဟောင်း မြန်မာ့ သမိုင်း ေ တွ ၊ ရာဇဝင် ေ တွ ထဲ မှာ ပါ ဖေါ် ပြထားခဲ့ တာ ေ တွ ကို အ ေ ထာက် အထား ေ တွ ဓာတ် ပု့ မှတ် တမ်း ေ တွ များစွာ နဲ့ သက်သေ ဆွဲထုတ် ပြ ထားတာ သွား ေ တွ့ ရ တ ယ် ။
မြန် မာ သ မိုင်း စီတ်ဝင်စားသူ ေ တွ ၊ ေ လ့ လာ ဖတ် ရှု သင့်တဲ့ သမိုင်း သုတေသန စာအုပ် ကြီး ဖြစ် တယ် ။
. သုဝဏ္ဏ ဘူမိသည် မြန်မာ ပြည် မှာ ရှိခဲ့ ေ ကြာင်း၊ အမှန်ဖြစ်ကြောင်း သက်သေ အထောက် အ ထား ေ တွ နဲ့ ပြ သထားပါတယ် .။
တာဝန်ရှိသူ လူကြီး တွေ English လို ဘာသာပြန် ပြီးကမ္ဘာကို ထုတ် ပြ ဘို့ အလွန် ကောင်းတယ် ။
သုဝ ဏ္ဏဘူမိ လေဆိပ်လို့ နာ မည် ပေးခဲ့ တဲ့ ထိုင်းနိုင်ငံ ကို သထုံနယ်က သုဝဏ္ဏ ဘူ မိ နယ် ေ မြတွေအေ ကြာင်း ၊ သမိုင်း နောက် ခံ ေ တွ ရှိ ေ ကြာင်း ကို သိကြရအောင် ထုတ် ဖေါ် ပြသင့်ကြပါတယ် ။
မျိုးချစ်စိတ် ဘယ်သူတွေ တကယ် ရှိကြသလဲ ။
မျိုးချစ်စိတ် အ ပြ ည့်နဲ့ မိမိနိင်ငံထဲ က ေ ရှးကထင်ရှားခဲ့တဲ့ သုဝဏ္ဏဘူမိ နယ် ေ မြ ေ ဒ သ ကြီးအ ေ ကြာင်းကို ၊အထောက် အထား ေ တွ ခိုင် လုံ စွာ နဲ့ ဆွဲထုတ် ပြ ခါ သုတေ သန ပြု ေ ရးသားပေးခဲ့သူ သမိုင်းသုတေ သီ ပညာရှင် ဆရာကြီး ဦး စံဝင်း မှာတော့ ၂၀၂၁ ဇူလိုင်လ ၂၀ ရက် နေ့ က ကွယ် လွန် သွားခဲ့ ရှာပါပြီ ။
မြန်မာ ပညာတတ် လူ တော် ပညာရှင် တစ် ဦး၊ ဆုံးရှုံး ခဲ့ ရပြန်ပါတယ် ။
အေးမြင့် (ညောင်တုန်း)
၇ ၊ ေ အာက် တိုဘ ာ ၊ ၂၀၂၂
ရည် ညွှန်း
သတင်းမီဒီယာများထဲက သုဝဏ္ဏဘူမိ သတင်းများ ။

၁။ VOA News , ၂၇ ဇွန်၊ ၂၀၁၃၊ မိုးဇော် ၏ ၁။ သုဝဏ္ဏဘူမိ တူးဖေါ် ရေး။ ပညာရှင်များဆွေးနွေး
၂ ။ Ayeyarwady News ဧရာဝတီ သတင်း 25 Jun 2014 သုဝဏ္ဏဘူမိ ရှာတော်ပုံ ခရီး နီးပြီ ။
၃ ။ လွတ်လပ်သောမွန်သတင်းအေဂျင်စီ သတင်းများ ။
၃-၁။ December 09, 2015 ၃-၁ ။ သုဝဏ္ဏဘူမိမြို့ဟောင်းကို တတိယအကြိမ် တူးဖော်၊
၃-၂။ February 29, 2016 သုဝဏ္ဏဘူမိကိုဆက်လက်တူးဖေါ်ရန် မြို့ရိုးဟောင်းကို ထိန်းသိမ်းစောင့်ရှောက်သွားမည်။
၃-၃။ November 6, 2014 / သုဝဏ္ဏဘူမိသုတေသနဖြင့် အမျိုးသားစာပေဆုရရှိသူ ဆရာဦးစံဝင်း
၃-၄ ။ July 21, 2021 လွတ်လပ်သောမွန်သတင်းအေဂျင်စီ
မွန်သမိုင်း သုတေသနပညာရှင် ဆရာကြီးဦးစံဝင်း အသက် (၇၄) နှစ် ကွယ်လွန်၊
——-
ရည် ညွှန်း စာများ ။
၁။ သုဝဏ္ဏဘူမိ တူးဖော်ရေး ပညာရှင်များဆွေးနွေး
( Topics: Art မြန်မာ)မိုးဇော် ၏ ၂၇ ဇွန်၊ ၂၀၁၃ VOA News
မွန်လူမျိုးတို့ရဲ့ ရှေးဟောင်းမြို့တော်ဖြစ်တဲ့ သုဝဏ္ဏဘူမိမြို့ဟောင်း ပြန်လည် တူးဖော်ရေးအတွက် စာတမ်းဖတ်ပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ၂ ရက်ကြာ ကျင်းပပြီး ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်အတွင်းမှာ ပထမအဆင့်အဖြစ် ကွင်းဆင်းစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မြို့ဟောင်း ပြန်လည်တူးဖော်ရေးကိုတော့ ရှေးဟောင်း သုတေသနဌာနက အဓိက ဆောင်ရွက်မှာဖြစ်ပြီး နှစ်တို၊ နှစ်ရှည်စီမံကိန်းနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ထားပါတယ်။
သုဝဏ္ဏဘူမိမြို့ဟောင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀ ကျော်က ကွယ်ပျောက်သွားခဲ့တဲ့ မြို့တမြို့အဖြစ် သမိုင်းပညာရှင်တွေက ယူဆထားပြီး ဒီရှေးဟောင်းမြို့တော်ကြီးကို ပြန်လည်တူးဖော်ဖို့အတွက် ဒီလ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ကြပါတယ်။
၂ ရက်ကြာ ဆွေးနွေးပွဲပြီးဆုံးတဲ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာတော့ ဘီးလင်းနဲ့ သထုံမြို့နယ်အတွင်းမှာ ကွင်းဆင်းစစ်ဆေးတာတွေကို ပထမဆုံး စတင်ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးဟောင်း ဦးနိုင်မောင်တိုး က ပြောပါတယ်။
“ပထမအဆင့်အနေနဲ့တော့ ဆာဗေးပေါ့။ ဆာဗေးကတော့ ဒီနှစ် ဘားဂျက်အတွင်းမှာတော့ ဖြစ်နိုင်ပါတယ်။ အဓိကကတော့ နှစ်နေရာပဲ နိုင်ပါသေးတယ်။ တခုကတော့ အရင်တုန်းက တူးပြီးသား သုဝဏ္ဏဘူမိ အချက်အခြာဖြစ်တဲ့ အရပ်သမအခေါ် သောနထေ ဥတ္တရထေ တို့ ရောက်ရှိတဲ့ ဝင်းက အရပ်သမရွာက တူးပြီးသားဟာတွေကို ဆက်လက်ပြီးတော့ တူးဖော်ဖို့ပါ။ နောက်တချက်ကတော့ နောက်ဆုံး သုဝဏ္ဏဘူမိဖြစ်တဲ့ သထုံမြို့ပေါ့။ မနူဟာ အနော်ရထာ ပုဂံကို ပါသွားတဲ့ သုဝဏ္ဏဘူမိပေါ့။ နောက်ဆုံးမြို့ပေါ့နော်။”
အရက်သမနဲ့ ဝင်းက မြို့ဟောင်းကတော့ ဘီးလင်းမြို့နယ်အတွင်းမှာ တည်ရှိတာပါ။ အဲ့ဒီနေရာကို ၁၉၇၅ ခုနှစ်က နောက်ဆုံးတူးဖော်ခဲ့တာကြောင့် ဒီနေရာကို ပြန်လည်တူးဖော်ဖို့ ပညာရှင်တွေနဲ့ သုတေသီတွေက တိုက်တွန်းကြတာ ဖြစ်တယ်လို့ ပြောပါတယ်။
ပထမအဆင့်ဖြစ်တဲ့ ကွင်းဆင်းစစ်ဆေးတာတွေ ဆောင်ရွက်ပြီးတဲ့နောက် မှာတော့ တူးဖော်ရေး၊ ထိန်းသိမ်းရေးနဲ့ တူးဖော်ရတဲ့ ရှေးဟောင်းအမွေအနှစ်တွေ ကို အများပြည်သူ လေ့လာနိုင်အောင် ဆောင်ရွက်ရေးဆိုတဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်မှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကိုတော့ နှစ်တို၊ နှစ်ရှည် စီမံကိန်းတွေ ချမှတ်ပြီး ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ မွန်ပြည်နယ် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး က ပြောပါတယ်။
“ပြည်ထောင်စုအစိုးရက လုပ်မှာပါ။ ပြည်ထောင်စုအစိုးရက နှစ်တို နှစ်ရှည် စီမံကိန်းစွဲပြီး သူ လုပ်မှာပါ။ ပထမ သုံးနှစ်လောက်ကတော့ နှစ်တို တစ်နှစ်ချင်းစီ လုပ်သွားမှာပေါ့။ နောက်ပြီးတဲ့အခါကျတော့ ဟိုဘက်မှာတော့ ဆက်လုပ်မှာပေါ့။ ဘယ်ဟာကို စ လုပ်မလဲဆိုတာ အကြမ်းဖျဉ်းတော့ ထွက်ပြီပေါ့။ အကြမ်းဖျဉ်းထွက်တဲ့အပေါ်မှာ ပထဝီအနေအထား မြေပြင်ရဲ့ အနေအထားကို ကျနော်တို့ ပြန်ကြည့်ရဦးမယ်။ လူနေတဲ့ အဆောက်အဦးတွေနဲ့ ကျနော်တို့ လွတ်ကင်းရဲ့လားဆိုတာ ကျနော်တို့ ဆင်းကြည့်ရဦးမယ်။ တူးတာကတော့ ကျနော်တို့ ချက်ချင်းတော့ တူးဖြစ်ဦးမှာ မဟုတ်သေးဘူး။ အများကြီးတော့ ပြင်ဆင်ရဦးမယ်။”
လုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ ရှေးဟောင်းသုတေသနဌာနရဲ့ ဘဏ္ဍာရေး အနေအထားအရ ၂၀၁၃-၂၀၁၄ အတွင်းမှာ ပထမဆင့်ကိုသာ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။
နိုင်ငံတကာ ပညာရှင်တွေအကြားမှာတော့ သုဝဏ္ဏဘူမိဟာ နယ်မြေဒေသတခုအဖြစ် မှတ်ယူထားပြီး ဒီဒေသဟာ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား စတဲ့ဒေသတွေ ဖြစ်တယ်လို့ ပြောဆိုရေးသားတာတွေလည်း ရှိနေတာဖြစ်ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို တက်ရောက်တဲ့ ပညာရှင်တွေကတော့ သုဝဏ္ဏဘူမိဟာ မွန်ဒေသမှာ ရှိတယ်ဆိုတာကို သဘောတူတယ်လို့ ဦးနိုင်မောင်တိုး က ပြောပါတယ်။
“အဲ့ဒီအပေါ်မှာ ထိုင်းကလည်း သူ့ဟာသူ သုဝဏ္ဏဘူမိ ဆိုတာရှိတယ်။ အိန္ဒိယကလည်း သူ့နေရာ သူ့ဒေသက သုဝဏ္ဏဘူမိ လို့ ပြောပါတယ်။ ဂျားဘားကျွန်း ဆူမတ်ထရားကိုလည်း သုဝဏ္ဏဘူမိ လို့ ပြောပါတယ်။ ကျနော်တို့က အဲ့ဒီအကြောင်းတွေကိုတော့ မပြောပါဘူး။ ကျနော် အခု ဒီနေ့ အဓိက ပြောချင်တာက ကျနော်တို့ဆီမှာ ရှိတဲ့ သုဝဏ္ဏဘူမိကို ဘယ်လို ပီပီပြင်ပြင်ဖြစ်အောင် လုပ်မလဲ။ ဖော်ရမလဲဆိုတဲ့ အပိုင်းကိုသာ ဆွေးနွေးခြင်းဖြစ်ပါတယ်။ သုဝဏ္ဏဘူမိ ဆိုတာ တကယ်ပဲ ကျနော်တို့ မွန်ဒေသမှာ ရှိတယ်ဆိုတဲ့အကြောင်း ပညာရှင်အားလုံက သဘောတူကြပါတယ်။”
သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနဌာနက ဦးဆောင်ကျင်းပခဲ့ပြီး သမိုင်း၊ သုတေသန၊ တူးဖော်ရေးအပါအဝင် မွန်ပညာရှင် စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို သုဝဏ္ဏဘူမိ မြို့ဟောင်းအကြောင်း စာတမ်း ၁၉ စောင် တင်ပြလာရာမှာ အဲဒီထဲ စာတမ်း ၉ စောင်ကို ဖတ်ကြားဆွေးနွေးခဲ့ကြပါတယ်။
မိုးဇော်
ဆက်စပ်သတင်းများ …
သုဝဏ္ဏဘူမိတူးဖော်ရေး။
၂ ။ သုဝဏ္ဏဘူမိ ရှာတော်ပုံ ခရီး နီးပြီ ။
Ayeyarwady News ဧရာဝတီ သတင်း 25 Jun 2014
ပြည်တွင်း ပြည်ပ ပညာရှင်ပေါင်းများစွာက ဆယ်စုနှစ်ပေါင်းများစွာဆွေးနွေး၊ ငြင်းခုံ၊ အဖြေထုတ်နေဆဲဖြစ်သော သုဝဏ္ဏဘူမိ မြို့ဟောင်း ရှာပုံတော် ပဟေဠိအတွက် အထောက်အထားသစ်များ ထပ်မံတူးဖော် ရရှိနေသဖြင့် ရေရှည် ရှာဖွေရေးဘတ်ဂျက် အခက်အခဲရှိသည့်တိုင် သုဝဏ္ဏ ဘူမိရှာပုံတော်ခရီး နီးလာပြီ ဟု ဆိုနိုင်ပေသည်။
ကေလာသပေါစဘုရား၏ အနောက်မြောက်ထောင့်
သုဝဏ္ဏဘူမိဒေသ၏ တည်နေရာကို မွန်ဘုရင် ရာမာဓိပတိဘွဲ့ခံ ဓမ္မစေတီ မင်းတရားကြီး၏ ကလျာဏီ မွန်ကျောက်စာ၌ အောက်ပါအတိုင်း ဖော်ပြခဲ့၏။ “သာသနာ တည်စိမ့်သောငှာ၊ သောဏနှင့် ဥတ္တရ ဟူသော ငါတို့ အရှင်နှစ်ပါးတို့ သုဝဏ္ဏဘူမိတိုင်းဟု ဆိုအပ် သော ရာမညအရပ်သို့ စေလွှတ်ပြီး ထို အရှင် မထေရ်နှစ်ပါး ရောက်သော အချိန်တွင် သုဝဏ္ဏဘူမိတိုင်း၌ သီရိမာသောက မည် သော မင်းသည် မင်းပြု၏။ ထိုမင်း၏ နေပြည်တော်သည် ကေလာသပေါစဘုရား၏ အနောက်မြောက်ထောင့်၌ ရှိ၏”ဟု ဖော်ပြထား သည်။
မြို့တဝက်က တောင်ပေါ် အခြားတဖက် မြေပြန့်ဟု ဆိုခဲ့သည့် အချက်များကား တိုက်ဆိုင်ခြင်း မဟုတ်နိုင်ပေ။ လက်ရှိ တူးဖော်နေ သည့် နေရာနှင့် အပ်ကျမတ်ကျပင် ဖြစ်နေသည်။ ထိုမြို့သည်သမုဒ္ဒရာ နှင့် နီးသောကြောင့်ဟု ဆိုထားရာ ကပ္ပလီပင်လယ် ပြင်၏ မုတ္တမကွေ့ရေပြင်ကို လှမ်း၍ မြင်နေရလေ သည်။ ဤနေရာကား ကေလာသပေါစဘုရား၏ အနောက်မြောက်ထောင့် သုဝဏ္ဏဘူမိ ၏ တည်နေရာ ဘီးလင်းမြို့နယ်ရှိ ဝင်းကရွာ၊ ရက်ကန်းသည်မရွာ နေရာတဝိုက်ပင် ဖြစ်သည်။ ကလျာဏီကျောက်စာ နှင့်အညီ ဖြစ် သည်။
အလွှာသုံးလွှာ၊ အထပ်သုံးထပ်
ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန ဦးစီးဌာန၊ ဝင်းကရွာရှိ တူးဖော်မှုအကွက် အမှတ် (၇) တွင် ပေ ၂၀ ခန့်အနက်၊ ပတ်လည်ပေ ၃၀ ခန့်ရှိ တူးဖော်မှုကို ရှေးဟောင်းသုတေသန ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက လိုက်လံပြသခဲ့သည်။ ၁၉၇၄-၇၈ တွင် တူးဖော်ခဲ့သည့် နေရာအနီးမှာပင်ဖြစ်သည်။ ယခင်က တူးဖော်ခဲ့ရာတွင် အပေါ်ယံအလွှာ တူးဖော်ခဲ့ ခြင်းဖြစ်ပြီး ယခုတူးဖော်မှုမှာ အောက်သို့ ၁၅ ပေနှင့် ပေ ၂၀ ခန့်အား တူးဖော်ခဲ့ခြင်း ဖြစ်သည်။ ဤတူးဖော်မှု၌ ထူးခြားချက်မှာ အုတ်သား၊ ကျောက်သား၊ အင်္ဂတေတို့သည် တလွှာတည်း၊ တချပ်တည်း၊ တဆက်တည်းမဟုတ်ဘဲ အလွှာ ၃ လွှာ၊ အချပ် ၃ ချပ် အထပ်လိုက် ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။
“ဒါကတော့ ဒီနေရာမှာ ခေတ်တခေတ်တည်း မြို့ပြထူထောင်ခဲ့တာ မဟုတ်ဘဲ ခေတ် ၃ ခေတ်၊ အကြိမ် ၃ ကြိမ်၊ မြို့ပြတခု ပျက်စီးခြင်းပေါ်မှာမှ နောက်တကြိမ် ပြန်တည်ဆောက်ခဲ့တာလို့ သုံးသပ်လို့ရပါတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ဆို၏။ နက်နက်နဲ့ ကျယ်ကျယ် ပြန့်ပြန့် တူးနိုင်လေ ပိုပြီး ပေါ်လွင်လေဖြစ်မှာပါဟုလည်း ဆိုသည်။
ဒွါရာဝတီခေတ် လက်ရာ
တူးဖော်မှုလုပ်ကွက်ကုန်း အမှတ် (၈) တွင် မတ်လ၏ ပူပြင်းသော နေပူရှိန်အောက်၌ နီးစပ်ရာ ကျေးရွာများမှ အလုပ်သမား၊ အလုပ်သမများ ရှေးဟောင်းသုတေသနမှ ဝန်ထမ်းများ၊ တိုင်းတာရေး ကိရိယာများဖြင့် အားကြိုးမာန်တက် လုပ်နေကြသည်။ ဦးကျော်မျိုးဝင်းက သမားရိုးကျတူးဖော်ခြင်း မဟုတ်ဘဲ မြေကို အကွက်ချ၍ ထောင့်ဖြတ် တူးဖော်နေခြင်းမှာ အလွှာလိုက်တည်ရှိနေမည့် အနေအထား တွေ့မြင်နိုင်ရန်ဖြစ်ကြောင်း ပြောသည်။
“ဒါက ဒီနေရာကို တူးဖော်တုန်း ရခဲ့တဲ့ အုတ်ခွက်လေးပါ။ ကျနော်တို့ရဲ့ ဒုညွှန့်ချုပ်ကတော့ ဒွါရာဝတီခေတ် ၆ ရာစုက လက်ရာလို့ ခန့်မှန်းပါတယ်” ဟု ဦးကျော်မျိုးဝင်းက ဆိုသည်။ ဒွါရာဝတီ ခေတ် ၅ ရာစု၊ ၆ ရာစုဆိုလျှင် သုဝဏ္ဏဘူမိ၏ ကာလနှင့် တိုက်ဆိုင် သည်။
မြို့ရိုးနှင့်ပစ္စင်
ဝင်းကရွာနှင့် ဇုတ်သုတ်ရွာသွား ကားလမ်းကြား တောင်ပေါက်အရပ်၌ ကားလမ်းကို ဖြတ်လျက်ရှိနေ သော မြို့ရိုးကြီးမှာ ၁၈ ပေခန့် မြင့်မားကာ ထုမှာ ပေ ၃၀ ခန့် ရှိသည်။
ကျောက်ချပ်များ၊ အုတ်ချပ်များ၊ သရွတ်ကိုင်ထားမှုများကို တွေ့ရသည်။ အပေါ်တွင်မူ မြေသားများ ဖုံးနေပြီး မြို့ရိုး၏ အပေါ်တွင် အလွန်ခိုင်မာသော အဆောက်အအုံ အုတ်မြစ်တခုကို တွေ့ရ၏။ အုတ်မြစ်၏ ထုထည်ကို ကြည့်ခြင်းအားဖြင့် ကြီးကျယ်မြင့်မား သော အဆောက်အအုံတခု မြို့ရိုးပေါ်တွင် တည်ဆောက်ခဲ့ဟန်တူသည်။ တောင်စွယ်တွင် ပင်လယ်ကမ်းခြေသည် နီးလျက်ရှိနေ သည်။ မြို့ရိုးကြီးသည် အရှေ့ဘက်သို့တောင်ကြောတလျှောက် ဂဝံချပ်များ၊ အုတ်ချပ်များ တံတိုင်းတည်ထားလျက် ရှိလေသည်။
“သုဝဏ္ဏဘူမိကိုတော့ ကျနော်တို့ တွေ့နေပြီလို့ ပဲဆိုရမှာပါ”ဟု ဦးကျော်မျိုးဝင်းက ဆိုသည်။
ကျိုက်တလန်းနှင့် ကျန်စစ်သားမင်း၏ ကျောက်စာ
“အရည်မ” ဟု တချို့သိပြီး “ရက်ကန်းသည်မ” ဟုလည်း အမည်တွင်သည့်ရွာသို့ အသွား ကျိုက်တလန်း စေတီကုန်းသို့ ကျောက် ခင်းလမ်း အတိုင်း ခဲယဉ်းစွာ တက်ရသည်။ မြန်မာသက္ကရာဇ် ၄၆၀ တွင် ကျန်စစ်သားမင်းက ဘုရားစေတီများကို ပြုပြင်ပြီး ကျိုက် တလန်းစေတီ၌ သမိုင်းဝင် ကျောက်စာကိုရေးထိုးခဲ့သည်။ ပြုပြင်ထိန်းသိမ်းထားသော စေတီမှာ ကြည်ညိုဖွယ်ရှိသော်လည်း အဓိက ကျသည့် ကျိုက်တလန်း ကျောက်စာနေရာတွင် မြန်မာဘာသာပြန် ကျောက်စာတချပ် စိုက်ထူထားသဖြင့် အရုပ်ဆိုးနေသည်။ မူရင်း ကျိုက်တလန်းကျောက်စာမှာ ရန်ကုန်မြို့ဖယ်ယာပြတိုက်၊ ထိုမှတဆင့် အတွင်းဝန်ရုံး၊ နောက်ဆုံးတွင် တက္ကသိုလ်များ စာကြည့် တိုက်သို့ အဆင့်ဆင့် ရောက်ရှိနေသည်။ စေတီတော်ဝင်းအတွင်းတွင် ရုပ်ရှင်သရုပ်ဆောင် လူမင်းလှူဒါန်းထားသည့် ကျန်စစ်သားနှင့် မဏိစန္ဒာ ကြေးရုပ်ကိုလည်း ခန့်ညားစွာ တွေ့ရသည်။
“မွန်ဘာသာနဲ့ ရေးထိုးထားတဲ့ မူရင်း ကျိုက် တလန်း ကျောက်စာကို ဒီစေတီပေါ် ပြန်ရောက် အောင် ဝိုင်းဝန်းပြီး ဆောင်ရွက်ပေးပါ။ ဒါမှ စေတီကြီး ပြန်အသက်ဝင်လာမှာပါ”ဟု စေတီကြီးကို ထိန်းသိမ်းစောင့်ရှောက်နေသည့် တောင်ကြီးသား ဦးသိန်းနိုင်က ဆို သည်။
ကျယ်ပြန့်လှသော သုဝဏ္ဏဘူမိ
ကျိုက်ထီးဆောင်းစေတီရှိရာ ဇုတ်သုတ်ရွာကို ဖြတ်ပြီး တောင်စွန်းရွာကို ထွက်လိုက်လျှင် ဆံတော်ရှင် ကေလာသကို လှမ်း၍ ဖူးမြင် ရသည်။ ထိုမှ မြို့ရိုးကြီးကို ကျော်ထွက်လာလျှင် တောင်ကျော်၊ ကုန်းအမှတ် (၇)၊ (၈) တို့ကို တူးဖော်နေသည့် ဝင်းက ရွာ၊ ကျိုက်တလန်း စေတီတည်ရှိရာ ရက်ကန်းသည်မရွာ တို့ ရှိသည်။
အိမ်များ၏ အောက်ခြေများကို တူးလျှင် ၁ ပေ အုပ်ချပ်များ၊ လက်ရာစင်း အုတ်ချပ်များတွေ့ရသည်။ မရမ်းကုန်း၊ ရွာတန်းရှည်ဘက် ရောက်ရှိနေသည့် ရှေးဟောင်းသုတေသန အငြိမ်းစား ညွှန်ကြားရေးမှူး ဦးစံမင်းက ထပ်မံတူးဖော်တွေ့ရှိရသည်များကို ရွာသားများနှင့်အတူ လိုက်လံ ပြသသည်။
ယခင်လုပ်ကွက်များ၏ အပြင်ဘက်၊ မရမ်းကုန်း၊ ရွာတန်းရှည် တဝိုက်တွင်လည်း ဂဝံဗုဒ္ဓရုပ်ပွားတော်၊ စေတီနေရာ၊ လျောင်းတော်မူ ဗုဒ္ဓပုံတော်ဟု ယူဆသောနေရာ၊ ဂဝံ ခြင်္သေရုပ်နှစ်ရုပ်တို့နှင့် လက်ရာစင်းပါ အုတ်ချပ်များစွာ ထပ်တွေ့ရသည်။
သုဝဏ္ဏဘူမိနေရာသည် ယခင်တူးဖော်နေသည့် ဝင်းက၊ ရက်ကန်းသည်မမှသည် ယခု မရမ်းကုန်း၊ ရွာတန်းရှည်အထိ ရှည်လျားနေ သည်။ နေရာတိုင်းတွင် အုတ်ချပ်၊ အုတ်ခွက်၊ စေတီ၊ ဆင်းတုများနှင့် ပြည့်နေသည်။
သုဝဏ္ဏဘူမိ ရှာပုံတော်
သုဝဏ္ဏဘူမိကို ရှာပုံတော် ဖွင့်ခဲ့ရာ ၁၉၇၄-၇၈ အတွင်း တူးဖော်မှုတွင် အိုးချမ်းပဲ့တခုအား စမ်းသပ်ရာ ၁၃ ရာစုဟု ခန့်မှန်းကာ ရပ်တန့်သွားခဲ့သည်။ အစွဲမကင်းသည့် သမိုင်းဆရာတချို့၊ သုတေသနသမား တချို့တို့ကြောင့် မွန်သမိုင်းနှင့်ပတ်သက်၍ တိမ်မြုပ်မှုများရှိကြောင်း၊ ယင်းကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိပါးစေကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
ဗိဿနိုး၊ ဟံလင်းကြီး၊ သရေခေတ္တရာ၊ ပျူတို့ကို တူးဖော်သကဲ့သို့ သုဝဏ္ဏဘူမိကို နိုင်ငံတော်အဆင့်က အာရုံစိုက် တူးဖော်ပါက ပိုမို ရှင်းလင်းတိကျစွာ သိရှိ နိုင်လာမည် ဖြစ်သည်။ မွန်မြို့ဟောင်း ဖြစ်စေ၊ ဗမာ မြို့ဟောင်းဖြစ်စေ နိုင်ငံ၏ သမိုင်း၊ အရှေ့တိုင်းဒေသ သမိုင်းအမွေဖြစ်သည်။
သို့သော်လည်း ယခု သုဝဏ္ဏဘူမိ တူးဖော်၍ အရှိန်ကောင်းဆဲတွင် ယခုနှစ် အတွက် ဘတ်ဂျက်ငွေ ကုန်သဖြင့် တူးဖော်မှု ရပ်စဲရ တော့ မည်ဟု သိရသည်။ ယခုနှစ် ဘတ်ဂျက် သိန်း ၂၀ဝ ကျပ်သည် မကျန်တော့ဟု ဆိုသည်။
မန္တလေးတိုင်း အမရပူရတွင် ထိုင်းဘုရင်မျိုးဆက်တပါး အုတ်ဂူ ရှာဖွေ တူးဖော်ရေးအတွက် ကျပ်သိန်း ၃၀ ချပေးခဲ့သည်။ ယခု သုဝဏ္ဏဘူမိ တူးဖော်ရေးအတွက် တနှစ်တာ ဘတ်ဂျက်ကျပ်သိန်း ၂၀ဝ ချပေးခဲ့သည်။ နောက်နှစ်အတွက် ဘတ်ဂျက် အရေအတွက်ကို မသိရသေးပေ။
ရှေးဟောင်းတူးဖော်မှုများအတွက် တနှစ်လျှင် ကျပ် သိန်း ၂၀ဝ မှာ ထိရောက်မှုမရှိကြောင်း၊ မြို့ဟောင်း တူးဖော်မှု ဧရိယာကိုလည်း မထိန်းချုပ်နိုင် သဖြင့် ရှေးဟောင်း ပစ္စည်းများ ခိုးထုတ်မှုကိုလည်း မတားဆီးနိုင်ကြောင်း၊ အုတ်ကျိုးများ၊ ကျောက်ချပ်များကိုပင် တူးဖော်၍ ရောင်းချနေကြကြောင်း သိရသည်။ ရှေးဟောင်းသုတေသန အမွေအနှစ် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ပြည်သူလူထု ကို ပညာပေးမှုလည်း မလုပ်ဆောင်နိုင်သေးကြောင်း၊ ပြည်နယ် အစိုးရကလည်း တက်ကြွစွာ ပူးပေါင်းလုပ်ကိုင်မှု အားနည်းပြီး တနိုင် တပိုင် တူးဖော်ရသည့် အခြေအနေ ဖြစ်နေသည်။
နိုင်ရဲဇော်သည် ဒု ဗိုလ်မှူးကြီး(ငြိမ်း) တဦး ဖြစ်ပြီး ယခုအခါ မွန်ရှေးဟောင်း သုတေသန အသင်းတွင် တွဲဖက် အတွင်းရေးမှူး တာဝန် ယူထားသည်။
၃ ။ လွတ်လပ်သောမွန်သတင်းအေဂျင်စီ သတင်းများ ။
၃-၁ ။ သုဝဏ္ဏဘူမိမြို့ဟောင်းကို တတိယအကြိမ် တူးဖော် ။

သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်ခဲ့စဉ်(Facebook)
Wednesday, December 09, 2015
By –
မွန်အေဂျင်စီ
AddThis Sharing Buttons
Share to Faceboo
တစ်နှစ်ကျော်ကြာ ရပ်နားထားသည့် သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ရေးလုပ်ငန်းကို နိုဝင်ဘာလ နောက်ဆုံးပတ်မှ စတင်ကာ ပြန်လည်တူးဖော်နေပြီဟု မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ယဉ်ကျေးမှုတာဝန်ခံ ဒေါက်တာမင်းနွယ်စိုး က ပြောသည်။
တူးဖော်ရေးလုပ်ငန်းကို ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ဦးဆောင်ကာ ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဘတ်ဂျက် ကျပ်သိန်း ၈၀၀ နှင့် စေတနာရှင်တစ်ဦးမှ လှူဒါန်းငွေ ကျပ်သိန်း ၃၀၀ စုစုပေါင်း သိန်း ၁၁၀၀ ဖြင့် ပြန်လည်တူးဖော်ခြင်း ဖြစ်သည်။
“တူးဖို့ ပြင်ဆင်စရာတွေ လုပ်ပြီးတော့ စတူးနေပြီ။ ဒီနှစ်အတွက် တူးဖို့ ၆ နေရာ ရွေးထားတယ်”ဟု ဒေါက်တာမင်းနွယ်စိုး က ပြောသည်။
ယခုတူးဖော်မှုသည် တတိယအကြိမ် ဖြစ်ပြီး၊ တူးဖော်ရန်အတွက် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းကတွင် ၅ နေရာနှင့် ကျိုက်ထိုမြို့နယ် မလော့ချောင်းတွင် ၁ နေရာကို ရွေးချယ်သတ်မှတ်ထားသည်ဟု ဝန်ကြီးက ပြောသည်။
ယခုတူးဖော်မှုမှ ထူးခြားသည့် မြို့ရိုး၊ မြို့ဝင်ပေါက်နှင့် နန်းတော်ကဲ့သို့သော နေရာများကို တွေ့ရှိနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ တူးဖော်ရာမှ တွေ့ရှိသည်များကို ထိန်းသိမ်းရန် အတွက်လည်း ထိန်းသိမ်းရေးအစီအစဉ်ကို လုပ်ဆောင်ထားကြောင်းလည်း ဝန်ကြီးက ပြောသည်။
သုဝဏ္ဏဘူမိမြို့ဟောင်းကို ၁၉၈၄ ခုနှစ်တွင် တစ်ကြိမ် စတင်တူးဖော်ခဲ့ပြီး၊ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေး နှစ်တွင် ပြည်ထောင်စု အစိုးရမှ ချမှတ်ပေးခဲ့သည့် ဘတ်ဂျက် ကျပ်သိန်း (၂၀ဝ) ဖြင့် သုဝဏ္ဏဘူမိ မြို့ဟောင်း တည်နေရာဟု ယူဆရသည့် ကုန်း (၄၀) ခုအနက် (၄) ခုကို တူးဖော်ခဲ့သည်။
၂၀၁၃ ခုနှစ်တွင် မော်လမြိုင်မြို့၌ သုဝဏ္ဏဘူမိစာတမ်းဖတ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲတရပ်ကို ကျင်းပကာ ဝင်းက၊ အရပ်သည်မနှင့် သထုံတဝိုက်ကို သုဝဏ္ဏဘူမိမြို့ဟောင်း တည်နေရာအဖြစ် သတ်မှတ်ထားခဲ့ကြပြီး ထိုသတ်မှတ်ချက်အတိုင်း မြို့ဟောင်းကို တူးဖော်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယအကြိမ် တူးဖော်မှုမှ ရရှိထားသည့် အုတ်ခွက်ဘုရားများ၊ ဆင်းတုတော်များ စသည့် ရှေးဟောင်းပစ္စည်း အမျိုးအစားပေါင်း ၁၀ဝ ကျော်ကို မော်လမြိုင်မြို့ရှိ ယဉ်ကျေးမှုပြတိုက်တွင် ထိန်းသိမ်းထားပြီး၊ ဘာသာရေးဟု ယူဆရသည့် အဆောက်အအုံနှင့် မြို့ရိုးဟု ယူဆရသည့် အဆောက်အအုံတို့ကို အမိုးအကာဖြင့် ထိန်းသိမ်းထားကြောင်း သိရသည်။
သုဝဏ္ဏဘူမိသည် ပုဂံထက် စောသည့် အထောက်အထားများ ရှိသော်လည်း သုဝဏ္ဏဘူမိမြို့ဟောင်း တည်ရှိကြောင်း ရပ်တည်သူ နည်းသည့်အတွက် မြို့ဟောင်းကို ပြန်တူးရခြင်း ဖြစ်သည်ဟု ဒေါက်တာမင်းနွယ်စိုးက ပြောသည်။
မွန်သမိုင်းမှတ်တမ်းအရ သုဝဏ္ဏဘူမိသည် မြန်မာနိုင်ငံအောက်ပိုင်း ရာမညဒေသအတွင်းတွင် တည်ရှိပြီး၊ စစ်တောင်းမြစ်ဝ ပတ်ဝန်းကျင်မှ တောင်ဘက် သံလွင်မြစ်ဝ ပတ်ဝန်းကျင်ထိ အကျယ်အဝန်း ရှိသည်ဟု သိရသည်။
၃-၂ ။ သုဝဏ္ဏဘူမိကိုဆက်လက်တူးဖေါ်ရန် မြို့ရိုးဟောင်းကို ထိန်းသိမ်းစောင့်ရှောက်သွားမည်
သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ခဲ့စဉ်(Internet)
Monday, February 29, 2016
By –
မွန်အေဂျင်စီ
Share to Facebook
သမိုင်းဝင် သုဝဏ္ဏဘူမိမြို့ဟောင်းကို လာမည့်နှစ်တွင် တူးဖေါ်နိုင်ရန် မြို့ရိုးဟောင်းနေရာကို မွန်ပြည်နယ် အစိုးရ၏အစီစဉ်ဖြင့် ခြံစည်းရိုးခတ် ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟု သိရသည်။
“သထုံဖက်မှာ ကျနော်တို့ မလုပ်ရသေးဘူး။ သွားရောက်လေ့လာတဲ့အဆင့်ပဲရှိသေးတယ်။ အခု ဒီမြို့ရိုးဟောင်းနေရာ မပျက်စီးအောင် ကျနော်တို့ ခြံစည်းရိုးခတ်လိုက်မယ်။ သံဆူးရိုးခတ် ထိန်းသိမ်းစောင့်ရှောက်မယ်။ စီမံချက် တင်ထားပြီးပြီ။ ဝန်ကြီးချုပ်လည်း သဘောတူတယ်။ ကျနော်တို့ ဆက်ပြီးလုပ်ဆောင်သွားမယ်” ဟု မွန်ပြည်နယ် ဝန်ကြီး ယဉ်ကျေးမှုတာဝန်ခံ ဒေါက်တာ မင်းနွယ်စိုးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။
ဇေကမ္ဘာဦးခင်ရွှေမှ လှူဒါန်သော ကျပ်ငွေ သိန်း (၃၀၀) ကို မွန်ပြည်နယ်အစိုးရက ဘဏ်မှာသွင်းထားပြီး အတိုးငွေ (၃၅) သိန်းခန့် ရရှိကာ ၎င်းငွေဖြင့်ပင် သထုံမြို့ မူလမင်းကွန်းဘုန်းတော်ကြီးကျောင်း (လေယာဉ်ကွင်းဟောင်း) အနီးတွင်ရှိသော အလျား (၁၃၀၀) ပေရှိ မြို့ရိုးဟောင်းကုန်းမြေကို စောင့်ရှောက် ထိန်းသိမ်းထားလျက်ရှိသည်။
သထုံနှင့်ဘီလင်းမြို့နယ်ရှိ သုဝဏ္ဏဘူမိမြို့ဟောင်းနေရာကို တူးဖေါ်ရန် နိုင်ငံတော်အစိုးရက ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်ငွေသိန်း (၈၀၀) ခန့် ချပေးခဲ့သည့် တူးဖေါ်မှုလုပ်ငန်းသည်လည်း ပြီးစီးသွားပြီဟု သိရသည်။
ယခုတူးဖေါ်သောနေရာတွင် လူအများနေထိုင်ခဲ့ဟန်တူသည်ဟု ယူဆရသော အဆောင်ငယ်များရှိသော အဆောက်အအုံကိုတွေ့ရပြီး အဆောင်တစ်ခုတွင် ပန်းကန်ခွက်စသော အိမ်သုုံးပစ္စည်းများ ပြည့်နှက်နေသည်ကိုလည်း တွေ့ရသည်။ တူးဖေါ်ပြီးစီးသွားသည့်နေရာကို သံတိုင်နှင့်သွတ်အမိုး အကွယ်အကာတို့ဖြင့် ထိန်းသိမ်းထားရန်ကိုလည်း စီစဉ်ထားကြောင်း ဆိုသည်။
ရှေ့ဆက်လက်တူးဖေါ်မှုပြုလုပ်သွားရန် လက်ရှိမွန်ပြည်နယ်အစိုးရမှ နိုင်ငံတော်သို့ ဘတ်ဂျက် နှစ်ဆ တိုးပေးရန် တောင်းခံထားသည်ဟု ဆိုသည်။ ရပြီးသော ဘတ်ဂျက်ငွေပမာဏသည် အင်မတန် နည်းနေသည့် အတွက်ကြောင့် ပျူနိုင်ငံ ဟန်လင်းမြို့ တူးဖေါ်မှုလုပ်ငန်း ဘတ်ဂျက်ရသကဲ့သို့ သုဝဏ္ဏဘူမိသုတေသနတူဖေါ်မှု လုပ်ငန်းအတွက်ကိုလည်း ထိုကဲ့သို့ ဖြစ်သင့်ကြောင်း မွန်သမိုင်းပညာရှင်များက ဆိုသည်။
“သမိုင်းအရ၊ ရှေးဟောင် စာပေ၊ ပေစာများအရ၊ သထုံစေတီကျောက်စာအရ ဆိုရင် မနုဟာမင်း သမိုင်းဟာ ရှိပြီးသားဖြစ်တယ်။ ဒီ့ထက်စောတဲ့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ရရှိအောင် ကျနော်တို့ တူးဖေါ်ရမယ်။ တွေ့ပြီဆိုရင် ဘယ်သူမှ စောဒကတက်စရာမရှိတော့ပါဘူး” ဟု မွန်သမိုင်းပညာရှင် နိုင်မောင်တိုးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။
ဘီစီ (၅၀၀) ခန့် ဂေါတမမြတ်စွာဘုရား ပွင့်တော်မမူခင်ကပင် သုဒ္ဓမာနဝ (သုဓမ္မနဝ) အမည်ရှိသော လုလင်သည် ရွှေထွက်သောချောင်းအနီးတဝိုက်တွင် မြို့တည်ထားသောကြောင့် သုဝဏ္ဏဘူမိ အမည်တွင်သည်ဟု သုဝဏ္ဏဘူမိသမိုင်းအရ သိရသည်။
၄။
TRENDING NOW
• HOME
◦
MORE
Homeမေးမြန်းချက်သုဝဏ္ဏဘူမိသုတေသနဖြင့် အမျိုးသားစာပေဆုရရှိသူ ဆရာဦးစံဝင်း

ဆရာဦးစံဝင်း(U San Win)
၃- ၃ ။ သုဝဏ္ဏဘူမိသုတေသနဖြင့် အမျိုးသားစာပေဆုရရှိသူ ဆရာဦးစံဝင်း
By
November 6, 2014

3
FacebookTwitterPinterestWhatsApp

သုဝဏ္ဏဘူမိသုတေသနစာအုပ်မျက်နှာဖုံး(U San Win)

ဆရာဦးစံဝင်း(U San Win)
မေး။ ။ပထမ ဦးဆုံးအနေနဲ့ ဒီစာအုပ် ရေးသားဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်လေး ပြောပြပေးပါ ?
ဖြေ။ ။ဆရာက သထုံမှာမွေးတယ်၊ သထုံခရိုင်မှာ သထုံမြို့ဟောင်းရှိတယ် ဆိုတာကို မသိကြဘူး၊ ဆရာက ဒါကိုသိတယ်လေး၊ ဟိုးကလေးဘဝကတည်းက ဒီအကြောင်းကိုသိခဲ့တယ်၊ အရွယ်ရောက်လာတော့ သမိုင်း ပညာကို တတ်လာတော့ သမိုင်းမှာ သင်ထားတဲ့ပညာတွေနဲ့ ဘာတွေလုပ်သင့်သလဲ၊ ပြန်ပြီးဖော်ထုတ်ဖို့က ရည်ရွယ်ချက် (၁) ပေါ့နော်၊ နောက်တစ်ချက်ကတော့ ဆရာတို့မွန်ပြည်နယ်မှာ တခြားရှေးဟောင်း ယဉ်ကျေးမှုမြို့တွေလည်း အများကြီးဘဲ ဒီလိုမြို့တွေ အများကြီးထဲကနေပြီး လေ့လာလိုက်စားတဲ့လူတွေ လေလာလိုက်စားနိုင်အောင် ရှေးဟောင်းမြို့တွေ အားလုံးကို ဖော်ထုတ်နိုင်အောင် ရေးလိုက်ခြင်းဖြစ်ပါတယ်။
မေး။ ။ ဆရာဒီစာအုပ်ကို ရေးတဲ့အခါမှာဘယ်လို အခက်အခဲတွေနဲ့ ကြုံတွေခဲ့ရပါသလဲ ?
ဖြေ။ ။ဒီစာအုပ်ရေးတုန်းက ခက်ခဲသိပ်မရှိဘူး၊ ဘာလို့မရှိလဲ ဆိုတော့ ကိုယ်သွားကိုယ်လာတာ တွေ့မြင်နေတာတွေ ပြန်ပြီးရေးချတာဘဲ၊ သိပ်အခက်ခဲကြီးတော့ မရှိပါဘူး။
မေး။ ။ဒီစာအုပ်မှာ စာမျက်နှာပေါင်း ဘယ်လောက်ရှိသလဲ ?
ဖြေ။ ။တိတိကျကျပြောရရင် အရုပ်ရောဘာရော အားလုံးဆိုရင် စာမျက်နှာပေါင်း ၃၀၆ ရှိပါတယ်။
မေး။ ။ဒီစာအုပ်တစ်အုပ်ပြီးဖို့ အတွက် အချိန်ဘယ်လောက်ပေးခဲ့ရသလဲ ?
ဖြေ။ ။ရေးတာရော၊ ထုတ်တာရော၊ ရိုက်ရာရော အားလုံးအပြီး စာအုပ်ထွက်သည် အထိဆိုတော့ အချိန် (၁) နှစ်လောက်တော့ ပေးရတယ်။
မေး။ ။ဒီစာအုပ် အုပ်ရေ ဘယ်လောက် ထုတ်ပြီးသွားပြီးလဲ ?
ဖြေ။ ။အုပ်ရေး ၁၀ဝ၀ ထုတ်ပြီးသွားပါပြီး၊ ကျနော်တို့ မွန်ပြည်နယ်ဘက်မှာဘဲ ဖြန့်ရသေးတယ်၊ ရန်ကုန်၊ မန္တလေးဘက် မဖြန့်ရသေးပါဘူး၊ အဲဒီဘက်မှာ ဖြန့်ဖို့ အစီ အစဉ်ရှိပါတယ်။
မေး။ ။ဒုတိယ အကြိမ်ဆက်ထုတ်ဖို့ အစီအစဉ်ရှိပါသလား ?
ဖြေ။ ။ဟုတ်ကဲ့ ရှိပါတယ်၊ အခု ဆရာတို့ ဒုတိယအကြိမ်ထုတ်ဖို့ စီစဉ်နေပါတယ်။ နောက်လလောက် ဆိုရင် ထွက်ပါပြီ။
မေး။ ။ဒီစာအုပ် တစ်အုပ်ကို ဈေးနှုန်းဘယ်လောက်နဲ့ ရောင်းသလဲ ?
ဖြေ။ ။တစ်အုပ်ကို ခုနှစ်ထောင် (၇၀ဝ၀) ကျပ်နဲ့ ရောင်းပါတယ်။
မေး။ ။သုဝဏ္ဏဘူမိသုတေသန အကြောင်းကို မှ ဆရာ ဘာကြောင့် ရွေးချယ်ခဲ့သလဲ ?
ဖြေ။ ။ဒါက ကနဦး ကတည်းက လုပ်လာတဲ့ သုတေသနအလုပ်၊ နှစ်(၂၀) လောက် သုတေသန လုပ်ထားတဲ့အကြောင်းအရာဖြစ်တယ်၊ တခြားရေးစရာတွေကတော့ ရှိပါတယ်၊ သုဝဏ္ဏဘူမိဆိုတာ လူတွေ သိပ်မသိကြဘူးလေး၊ တစ်ကမ္ဘာလုံးက အင်ဒိုနီးရှားမှာလိုလို၊ ထိုင်းမှာလိုလို၊ ကမ္ဘောဒီယားမှာလိုလို၊ အိန္ဒိယမှာအလိုလို ထင်ယောင်ထင်မှာဖြစ်နေတာတွေကို တွေ့ရတယ်၊ ဒါတွေ မကသေးပါဘူး တကယ်ရှိတာက သထုံမှာဘဲ ဆိုတာကို အဲဒါတွေကို ပြောချင်တယ်၊ ဒါတွေကို သိစေချင်လို ဒီအကြောင်းကို ရွေးပြီးရေးလိုက်တယ်။ ဒါဟာ ရှေ့ဟောင်း သုဝဏ္ဏဘူမိဆိုတာကို ရှေ့တောင်အာရှမှာ ပျောက်နေတဲ့ မြို့ဟောင်းကို သမိုင်းသုတေသန လေ့လာလိုက်စားတဲ့လူတွေ၊ ပညာရှင်တွေအကုန်လုံးက ဘယ်နေရာမှာ မှန်းကိုမသိဘူး။ ဂဃနဏ မညွှန်းပြနိုင်ဘူး၊ ဆရာက ဒါကို ညွှန်းပြနိုင်တာက ဆရာတို့နိုင်ငံရဲ့ ဂုဏ် ကျက် ရေ လည်း ဖြစ် တယ် ။၊ ဆရာ တို့မွန်လူမျိုးတွေရဲ့ ဂုဏ် သိက္ခာ နဲ့လည်း ဆိုင်တယ် ဆိုပြီး ဒါကို ရွေးချယ်ဖြစ်ခဲ့တယ်။
မေး။ ။ ဆရာ့အနေနဲ့ ဒီစာအုပ် ပြီးသွားတဲ့အခါမှာ ဘယ်လိုခံစားရပါသလဲ ?
ဖြေ။ ။ ဆရာတို့ သုတေသနလုပ်ပြီး တော့မှ ရေးတယ်၊ ထုဆစ်ပြီး ရေးချင်သလိုရေးခဲ့တာမဟုတ်ပါဘူး၊ အချက်အလက်တွေကို ရှာရတယ်၊ အထောက်အထားခိုင်လုံပြီး၊ ကမ္ဘာကို ချပြနိုင်ပြီးမှ ဆရာတို့က ရေးခဲ့ေ လ။ ဒီလိုရေးခဲ့တဲ့အတွက် အလုပ်တစ်ခုပြီးသွားတဲ့အတွက်ကျေနပ်ခဲ့ပါတယ်။
မေး။ ။ဆရာ စာပေနဲ့ ပါတ်သက်ပြီး ရှေ့ဆက်ဘာတွေလုပ်ဆောင်သွားဖို့ရှိပါသလဲ။
ဖြေ။ ။နောက်ထပ်လည်း ဒီလို သမိုင်းအကြောင်းအရာတွေကို သုတေသနလုပ်အုံးမယ်၊ ရေးအုံးမှာပါ၊ ဒါကအကြမ်းအပြင်းအနေနဲ့ပေါ၊ သုဝဏ္ဏဘုမိဆိုတာက နေရာပေါင်း (၉) နေရာလောက်ရှိတယ်၊ ဒက္ကာတာဆိုရင် ဒက္ကာတာအကြောင်း၊ သထုံဆိုရင် သထုံမြို့တစ်မြို့အကြောင်းပေါ့၊ ဝင်းကဆိုရင် ဝင်းက အကြောင်း အဲဒီလိုဆက်ပြီးရေးဖို့တော့အစီအစဉ်ရှိပါတယ်၊ နောက်ထပ် အသစ်အဆန်း သုတေသနတွေကို ဆက်တိုက်ဆက်တိုက်၊ တင်ပြသွားမယ် နောက်ထပ် အစီအရင်ခံဖို့အတွက် အစီစဉ်ရှိပါတယ်။
မေး။ ။ဒီလိုဆုမျိုးကို ဆရာ ဘယ်နှစ်ကြိမ်ရခဲ့ ပြီးပြီးလဲ ?
ဖြေ။ ။ ဒါက အမျိုးသားစာပေဆုကို ပထမ ဦးဆုံး ဆုရရှိတာလည်း ဖြစ်ပါတယ်။
မေး။ ။ဆုချီးမြှင့်မယ် အခမ်းအနားဘယ်နေ့လောက်မှာဖြစ်မလဲ ?
ဖြေ။ ။ဒီလ ၂၂ ရက်နေ့၊ နတ်တော်လဆန်း (၁) ရက် စာဆိုတော်နေ့မှာပါ၊ နေရာကတော့ အမျိုးသား ကဇာတ်ရုံမှာ အခမ်းအနားပြုလုပ်မှာပါ။
မေး။ ။ ဒီလိုဆုရတဲ့အပေါ်မှာ ဆရာရဲ့ခံစားချက်လေး ပြောပြပေးပါ ?
ဖြေ။ ။ တော်တော်လေးကို ဝမ်းသာပါတယ်၊ ဒီလိုဆုရလို့ ဂုဏ်ရှိတာက တစ်ပိုင်းပေါ့နော်၊ နောက်တစ်ခုက သုဝဏ္ဏဘူမိဆိုတာက ဖော်ထုတ်ဖို့ ခက်ခဲနေတယ်၊ အခုလိုဖော်ထုတ်လိုက်တာကို လူအများတစ်စုက လက်ခံတယ်၊ ယုံကြည်တယ် အဲဒီအတွက်ကြောင့်မို့ အရမ်းဝမ်းသာတယ်၊ ကိုယ့်သုတေသန လုပ်ငန်းတစ်ခုကို လူတွေက အသိမှတ်ပြုတယ်၊ လက်ခံတယ်ဆိုတော့လည်း အားရကျေနပ်မိပါတယ်၊ ကျနော်ရဲ့ ဆရာသမားတွေ တပည့်တွေလည်း၊ အားရကျေနပ်ဝမ်းသားကြပါတယ်၊ ကိုယ့်တစ်ယောက်ထဲ တစ်မိသားစုထဲ မကပါဘူး အသိုင်း အဝိုင်း အားလုံး တစ်ခု လုံးက အားရကျေနပ် ဝမ်းသား ဖြစ်ခဲ့ရပါတယ်။
မေး။ ။(စုစုမိ) စာပေ ကရော ဘယ်နေရာမှာ ဖွင့်ထားသလဲရှင် ?
ဖြေ။ ။ဒီ စုစုမိ စာပေက ဆရာရဲ တပည့်ဆိုင်လေးပါ၊ ကိုအောင် ၅ တန်းတုန်းက ဆရာ စာသင်ပေးခဲ့ဖူးတယ်၊ စုစုမိ ဆိုတာက သူ့ အမျိုးသမီး နာမည်ပါ၊ ရန်ကုန်မြို့ ၊ ဘားလမ်းမှာ ဖွင့်ထားတယ်၊ သူလည်း မွန်တိုင်းရင်းသားပါ။
မေး။ ။ နောက်ဆုံးအနေနဲ့ပေါ့နော်၊ ဒီလို အမျိုးသား စာပေဆုရရှိတဲ့အပေါ်မှာ ဆရာရဲ့ ပိတိ စကားသံလေးတွေကို စာဖိတ်ပရိတ်သတ်တွေကို ဘာများပြောချင်ပါသလဲရှင့် ?
ဖြေ။ ။ ဒါက သုတပဒေသာ (ဝိဇ္ဇာ) စာပေဆု ဆိုပြီးတော့ သူတို့ရွေးချယ်တာပေါ့နော်၊ ဆိုလိုချင်တာက ဆရာရေးထားတဲ့ သမိုင်းပေါ့နော်၊ သမိုင်းဆိုတာကလည်း ခေတ်အဆက်ဆက်က ဆရာတွေ ဆီက ဆည်းပူးလေ့လာပြီးတော့မှ ဒီပညာကို ရခဲ့တယ်၊ နောက်ပြီး တက္ကသိုလ်မှာလည်းသင်တဲ့ ပညာတွေပေါ့ ၊ ဒီသင်ခဲ့တဲ့ ပညာတွေနဲ့ ဆရာသမား တွေကို ဒီစာအုပ်နဲ့ ကန်တော့ရတဲ့ အတွက်ကြောင့်မို့လို့ ကျနော် အများကြီး တန်ဖို့ရှိတာပေါ့နော်၊ နောင်လာ နောက်သားအနေနဲ့ တပည့်တွေကိုလည်း ဆရာလုပ်တာတွေ မပြီးသေးဘူး မင်းတို့ဆက်လုပ်ကြ၊ လုပ်ငန်းလမ်းညွန်လိုမျိုး လုပ်ပေးဆိုပြီး အဲလိုခံယူတာပေါ့ ပိတိတော့ အရမ်းဖြစ်ရပါတယ်။
မှတ်ချက်- ဦးစံဝင်း (သမိုင်းသုတေသန) ရေးသားသည့် သုဝဏ္ဏဘူမိသုတေသန (စုစုမိ စာပေ) စာအုပ်ဖြင့် ၂၀၁၃ ခုနှစ် သုတပဒေသာ (ဝိဇ္ဇာ) စာပေဆုတွင် အမျိုးသားစာပေဆုရရှိခဲ့သည့် ဦးစံဝင်းနှင့် IMNA သတင်းထောက် အေမီအောင်၏ ဆက်သွယ်မေးမြန်း ချက်ဖြစ်ပါကြောင်း-အယ်ဒီတာ
• TAGSမေးမြန်းချက်အေမီအောင်
၃-၄ ။ မွန်သမိုင်း သုတေသနပညာရှင် ဆရာကြီးဦးစံဝင်း အသက် (၇၄) နှစ် ကွယ်လွန်


Wednesday, July 21, 2021
Share to Facebook
မွန်သမိုင်း သုတေသနပေါင်းများစွာ ပြုစုရေးသားခဲ့သူ သုဝဏ္ဏဘူမိမြို့ဟောင်းကို တူးဖော်ခဲ့သည့် မွန်သမိုင်း သုတေသနပညာရှင် ယဉ်ကျေးမှုဝန်ကြီးဌာန အငြိမ်းစား လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီးဦးစံဝင်း အသက် (၇၄) နှစ်သည် ယမန်နေ့ ဇူလိုင် ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နေအိမ်၌ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။
ဆရာကြီးဦးစံဝင်း ကွယ်လွန်ခြင်းသည် မွန်လူမျိုးတို့အတွက် အစားထိုးမရသော သုတေသနပညာရှင်တစ်ဦးဖြစ်သလို မြန်မာနိုင်ငံအတွက် သမိုင်းနှင့်ပတ်သက်၍ အစားထိုးမရသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု ရန်ကုန် မွန်စာပေယဥ်ကျးမှုကော်မတီ ဥက္ကဌ နိုင်စိုးအောင်က ဆိုသည်။

“ကျနော်တို့ကတော့ အလွန်ပဲ နှမြောတာပေါ့ဗျာ။ ဆရာက ကျနော်တို့ မွန်လူမျိုးအတွက် အင်မတန်မှ အစားထိုးမရတဲ့ သုတေသနပညာရှင်တစ်ယောက်လို့ ပြောရမယ်။ နောက်တစ်ခုက မြန်မာနိုင်ငံအတွက်လည်း သူက သမိုင်းကော်မရှင်အဖွဲ့ဝင်ဆိုတော့လေ မြန်မာနိုင်ငံသမိုင်းအတွက်လည်း အင်မတန်မှ အစားထိုးလို့မရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ပေါ့နော်။ သူက သုတေသနဘက်မှာ အရမ်းအားသန်တယ်” ဟု နိုင်စိုးအောင်က ပြောသည်။
သမိုင်းသုတေသနများကို ကိုယ်တိုင် တစိုက်မတ်မတ် ဦးစီးလုပ်ကိုင်လာသူဖြစ်ပြီး သမိုင်းတူးဖော်ရေးလုပ်ငန်းများကိုလည်း အသက်အရွယ်နှင့်မမျှအောင် လုပ်ဆောင်နိုင်သည်ဟု နိုင်စိုးအောင်က ဆိုသည်။
သူပြုစုရေးသားခဲ့သော သုဝဏ္ဏဘူမိသုတေသန (Research on Suvannabhumi) စာအုပ်ဖြင့် ၂၀၁၃ ခုနှစ်တွင် အမျိုးသားစာပေဆုရရှိခဲ့ပြီး သမိုင်းဆိုင်ရာ စာတမ်းဖတ်ပွဲများကို ပြည်တွင်းတွင်လည်းကောင်း ထိုင်းနိုင်ငံတက္ကသိုလ်များသို့လည်းကောင်း အကြိမ်ကြိမ် သွားရောက်ဖတ်ကြားခြင်း၊ ရန်ကုန်အရေးပိုင်ဟောင်း မောရစ်ကောလစ်၏ ယိုးဒယားဝှိုက်၊ ရာမညဒေသ ကျိုက္ကသာမြို့ဟောင်း သုတေသနခရီး၊ Mini Dictionary of Abhidhamma (University of Abhidhamma) စသည့်စာအုပ်များ ရေးသားထုတ်ဝေခဲ့သည့်အပြင် သမိုင်းသုတေသနဆောင်းပါးများစွာ ရေးသားပြုစုခဲ့သူလည်းဖြစ်သည်။
ဆရာကြီးဦးစံဝင်းသည် မွန်ပြည်နယ် ပေါင်မြို့နယ် ဖြူဘရွာဇာတိဖြစ်ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက မွန်စာပေသမိုင်းပညာရှင် နိုင်မောင်တိုး (၇၇ နှစ်) သည်လည်း ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။
——- ပြီး