တွေးမိ တွေးရာ
ရေးမိ ရေးရာ ( ၁၄၁/ ခ )
( သဘာဝ ပတ်ဝန်းကျင် ရေးရာ )
Believe It Or Not
ယုံချင်ယုံ မယုံချင် နေ
သစ်တောသစ်ပင်
တကယ် ချစ်ခင်တဲ့နိုင်ငံ ၊
Amazing Wild City ,
GARDEN CITY SINGAPORE
And
Singapore’s Forest Life
ဥယာဉ် မြို့တော် စင်ကာပူ မြို့ပြ နိုင်ငံကြီးရဲ့
လူ မှုပတ် ဝန်းကျင် သဘာဝ ၊
သစ်တောတွေ နဲ့အတူ
သစ်တောထဲမှာ တောပျော် တိရစ္ဆာန် မျိုးစိတ် မျိုးစုံ လဲ
ရှိ နေတဲ့
စင်ကာပူ နိုင်ငံ ၊
နိုင်ငံတွင်းနေ
လူ တွေ ၊ ပြည်သူ တွေ အတွက်သာမက ၊
တိရိစ္ဆာန် တွေနဲ့ သတ္ထဝါ တွေ အတွက်ပါ
နေချင် စဖွယ် ဖြစ် အောင်
သဘာဝပတ်ဝန်းကျင် သစ်တော အုပ် ကြီးတွေနဲ့
ကောင်း ကောင်းဖန်တီးပေးထားတဲ့
ခေတ်မီ ဖွံ့ဖြိုးတိုးတက် နေတဲ့
၂၁ ရာစု အင်တာနက် ကမ္ဘာ့ ရွာ ကြီးထဲက
သူမတူတဲ့ အာရှ နိုင်ငံကြီး တစ်နိုင် ငံ ။
နိုင်ငံက ကျဉ်းပြီး
မြေ ဧရီယာ ချဲ့ ဘို့ ခဲယဉ်း နေတဲ့နိုင်ငံ၊
ဒ့ါပေမဲ့
နိုင်ငံနေလူဦးရေ အတွက် အိုးအိမ်တိုက်တာတွေ
အလုံအလောက် နေချင် စဖွယ်တည် ဆောက်ပေးထားတဲ့
အပြင်
တစ်နိုင်ငံလုံးမှာ မိုးမျှော် တိုက်ကြီး တွေ များစွာနဲ့
လွမ်းမိုးနေတဲ့နိုင်ငံ၊
မြေရှားတဲ့နိုင်ငံမှာ
နိုင်ငံထဲမှာ
သစ်တောသစ်ပင် တွေလဲ ပေါကြွယ် နေတယ် ဆိုလျင်
ယုံ ကြပါ့မလား။
ကောင်းကင် လေယဉ် ပေါ်က ကြည့်လိုက်လျင်
မို မျှော် တိုက်ကြီးတွေအများအပြားတွေ့ရသလို
လေဆိပ်ရောက်ပြီး
မြို့ထဲ ဆက် သွားလျင်
ကား လမ်းမကြီး တွေဘေးမှာ
နေရာအနှံ့ စိုက်ထားတဲ့ သစ်ပင် ကြီးတွေ ကြောင့်
အချို့ နေရာ လမ်းမကြိးတွေ မှာ သွားနေရတာ
တောထဲဖြတ်သွားနေရသကဲ့ သို့ ပင်
ခံစားနိုင်ကြပါတယ်။
သစ်တောသစ်ပင် တကယ် ချစ်တဲ့
သစ်တောသစ်ပင် ကို တကယ် အလေးထားတဲ့နိုင် ငံ ၊
မြိ့ထဲ နေရာတကာမှာ
သစ်တော သစ်ပင် မျိုးစုံ စိုက် ပျိုး ထားတဲ့နိုင်ငံ ၊
စိုက်ထားပြီး သစ်တော သစ်ပင် တွေကို လဲ
စဉ်ဆက်မပြတ်
ဂရုတစိုက် ထိန်းသိမ်း စောင့် ရှောက် ပြုပြင် ပေးနေတဲ့နိုင်ငံ။
သစ် တောထဲက သတ္တဝါ မျိုးစုံရဲ့
ဇီဝပတ်ဝန်းကျင် သဘာဝတွေကိုလဲ မပျက်စီးရအောင်
အထူး အလေးထား ဂရုစိုက်ခါ
ထိန်းသိမ်းစောင့် ရှောက် ပေးနေတဲ့နိုင်ငံ
လို့ ဆိုလျင်
ယုံ ကြမယ် မထင် ။
အေးမြင့် ( ညောင်တုန်း)
၁၊၁၀၊၂၀၂၂
ရည် ညွှန်း
(၁) youTube Video : WILD CITY : SINGAPORE
( ၂) A High-Resolution Map of Singapore’s Terrestrial Ecosystems
Leon Yan-Feng Gaw 1,2,*, Alex Thiam Koon Yee 3 and Daniel Rex Richards
(၃) Trees on road sides in downtown city Singapore photos