တွေးမိ တွေးရာ ၊
ရေးမိ ရေးရာ ( ၁၂၅ )
( ဆည် မြောင်း လော က)
“ ဝါသနာ “
၂၁ ရာစု ရဲ့ အာရုဏ်ဦး ၊
ရေနက်ကွင်းရဲ့ လင်းရောင် ခြည် ၊
ဆည်မြောင်း ရေတံခါး သီချင်းများ ။
၂၀ ရာစု အကုန် ၊ ၂၁ ရာစုအစ ပိုင်း ကျွန်တော်တို့ခေတ်တွေမှာ
ဆည်မြောင်း အလုပ်တွေလဲ လုပ်ရင်း ၊
ရေတံခါး သီချင်းတွေပါ လုပ်ဖြစ်ခဲ့တယ် ။


ဝါသနာပါလို့ အချိန်ပေးလုပ်ခဲ့တဲ့
ဆည်မြောင်းရေတံခါးသီချင်းတွေ များစွာထဲက
အားရ အကြေနပ်ဆုံး၊
အကြိုက်ဆုံး၊
ဆည်မြောင်းပညာပေးသီချင်းတစ်ပုဒ် ။
“ ဥဿာတိုင်းရဲ့ ရွှေရှမ်းကိုင်း “
လူ့ဘဝသံသရာမှာ
လာဆုံတွေ့ ကြ ၊
ရင်နှီးခဲ့ကြတဲ့ ၊
ဒါရိုက်တာ ကိုစိန်လင်း လဲမရှိတော့ ။
တယောပညာရှင်ပဂေးကြီး
တယောဦးတင်ရီ လဲ မရှိကြတော့ ပါ ။
လူ့ဘဝကနေ ခွဲခွါသွားနှင့်ကြပြီ ။
ရန် ကုန်မြို့တွင်းက တေးသံသွင်းစတူဒီယို ထဲမှာ ၊
ကိုစိနိလင်းနဲ့အတူ ကွန် ပြူ တာစားပွဲခုံ မှာ
နှစ်ယောက်သား အတူထိုင်ပြီး ၊
၂ နာရီ ကြာ ခန့် သူရိုက်ယူ လာခဲ့တဲ့
သီချင်းဗီဒီယို တွေထဲက သီချင်းနဲ့လိုက်ဖက် ဆီလျော်တဲ့
ဗီဒီယို ရုပ် ပုံ တွေကို ကွန်ပြူတာဖန်သား ပြင်ပေါ်မှာ
ကြည့်ကြပြီး
၆ မိနစ်စာခန့်သာ ရအောင် ၊
ဗီဒီယိုတွေ ကို ကွန်ပြူတာနဲ့ ဖြုတ် ၊ထုတ်၊ ဖြည့် ၊
ဖြတ် ၊ညှပ် ၊ ကပ် video editing လုပ် ခဲ့ကြ တာ ၊
နှစ်ယောက်သား
မနက် မိုးလင်းလို့ လင်းမှန်းမသိခဲ့ကြ တဲ့ အဖြစ်တွေကတော့
ဘဝအတွက် မမေ့နိုင်စရာ တွေပါဘဲ။
Video editing အားထည့် လုပ်ခဲ့ရတဲ့ ရလဒ်က
ဆည် မြောင်းရေတံခါးပညာပေး သီချင်းတွေ ကို ၊
စိတ်တိုင်းကျ ရရှိခဲ့ ပါတယ်.။
အပင်ပန်းခံ လုပ်ခဲ့ရကျိုး၊ နပ်ခဲ့ပါတယ်။
ဒါ ရိုက် တာ စိန်လင်း ( ပုံရိပ် ရွှေမြေ) နဲ့ တယော ဦးတင်ရီ တို့ရဲ့
အမှတ်တရ တေးဂီတ လက်ရာကောင်း
ဆည်မြောင်း သီချင်း ကောင်း တစ်ပုဒ် ဖြစ်တဲ့
ရေနက်ကွင်း ရဲ့ လင်းရောင်ခြည် ထဲက
“ ဥဿာတိုင်းရဲ့ ရွှေရှမ်းကိုင်း “ သီချင်း ကတော့ ၊
မိခင် ဆည်မြောင်းဌာနအတွက်
ထားကျန်ရစ် ပေး ခဲ့ကြပါတယ် ။
အဲဒီခေတ် မှာ နာမည်ရနေကြတဲ့ အဆိုတော် တင်ဇာမော်နဲ့
သရုပ်ဆောင် မင်းသမီး အေးဝတ် ရည် သောင်း တို့ ကိုခေါ်ပြီး
သီးချင်း mtv ရိုက်ထုတ်ခါ ၊
မြန်မာ့အသံမှ ရေတံခါး ပညာပေး သီချင်း
ထုတ်လွှင့် ဖြစ်ခဲ့တယ် ။
သီချင်းဝါသနာပါသူ ကျွန်တော်က ၊
မြန်မာလို ရေတံခါးပညာပေး
ဆည်မြောင်းသီချင်းတွေ
တစ်ပုဒ် ပြီး တပုဒ် မထပ်ရ ၊ မရိုးမအီရအောင် ၊
စီစဉ် ကြံဆ ထုတ် လုပ်နေ ရာက ၊
အားမရ နိုင် သေးဘဲ ၊
တစ်ရုံးထဲ မှာ
ဆည်မြောင်းအလုပ်တွေအတူလက်တွဲလုပ်နေတဲ့
တေးရေးဆရာ ဆည်မြောင်းသား
ကိုစံသွင် ( နမ္မတူ ) နဲ့ ထပ်မံ တိုင်ပင်ညှိနီုင်းပြီး ၊
အဓိကကျ၊အရေးကြီးတဲ့ မြန်မာဆည်မြောင်းသီချင်း ၃ ပုဒ် ကို
အင်္ဂလိပ်လို ပြင်ဆင်ပြောင်းလဲခါ ၊
တီထွင်ကြံဆ ထုတ် လုပ်ဖြစ် ခဲ့ပါတယ် ။
စုစုပေါင်း
မြန်မာလို ဆည်မြောင်းရေတံခါးသီချင်း ၃ ပုဒ်ကို
ဂီတသမား ပညာရှင် တွေ့နဲ့ပါတိုင်ပင် ခါ အကူအညီ ရယူပြီး ၊
အင်္ဂလိပ်စာသား နဲ့ သံစဥ်တွေထည့်ပြီး ၊
MRTV အင်္ဂလိပ်ပိုင်းအစီအစဥ် တွေစတင် ထုတ်လွှင့် ချိန် မှာ၊
သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းအချိန်တွေမှာ
မြန်မာ့အသံ
အင်္ဂလိပ်ပိုင်းအစီအစဥ် တွေအတွက်
တာဝန်ယူ ကြိုးစား အားဖြည့် ကူညီ ပေးနိုင်ခဲ့ပါသေးတယ်။
မိမိတတ်ကျွမ်းထားတဲ့ ဆည်မြောင်းပညာ အလုပ် တွေ ကို ၊
နိုင်ငံတော်အတွက် ၊ လယ်သမားတွေအတွက် ၊
လယ် ယာမြေတွေအတွက် ,စပါးသီးနှံတွေအတွက် ,
ရေမကြီးစေရေး၊ သီးနှံတွေအတွက် စိုက် ပျိုးရေရရှီရေး ၊
ဆည် မြောင်း အလုပ် မျိုးစုံကို
ဆည် မြောင်းဌာနမှာ
မနေမနား ၊မအား ရအောင် လှုပ်ရှားသွားလာ လုပ် နေခဲ့ရင်း၊
ဝါသနာပါတဲ့အနုပညာအလုပ် တွေကိုလဲ ,
မနားတမ်း လုပ်နေဖြစ်ခဲ့တဲ့ ၊
သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် ကုန်ဆုံး ခါနီး
၂၁ ရာစုရဲ့ အာရုဏ်ဦး ကာလ တွေ အတွက် ,
အမှတ်တရ လုပ် ဖြစ် ခဲ့တဲ့ သီချင်းတွေပါ။

ဘာမဆို
ဝါသနာပါရင်
လုပ်ချင်တာတွေ
လုပ်ချင် တဲ့ အလုပ်တွေ လုပ်ဖြစ်ပါတယ်။
ဆည်မြောင်းရေတံခါးသီချင်းတွေအားလုံး
အချိန်မရွေးပြန်ကြည့် လို့ရ၊
ပြန် နားဆင် လို့ ရ နိုင်ရအောင်၊
အင်တာနက် ကမ္ဘာကြီးထဲက
youtube video စင်မြင့်ပေါ်မှာလဲ
ကျွန်တော်တင်ထားဖြစ်ခဲ့ပါတယ်။
အင်တာနက်ပေါ်က
youtube video search box မှာ ၊
“twilight over wetland “
“ ရေနက်ကွင်းရဲ့လင်းရောင်ခြည် “စာရိုက်ပြီး
သီချင်းတွေကို
အချိန်မရွေးရှာကြည့်နိုင်ကြပါတယ် ။
ဝါသနာ အဓိကပါ ။
မိမိဘဝမှာတော့
ကံကောင်းတယ် ဆိုရမလား၊
ဘာမဆို
ဝါသနာပါရင်၊
လုပ်နိုင်ဘို့ များတယ် ။
လုပ်ဖြစ်ခဲ့ ပါတယ်။
အေးမြင့် ( ညောင်တုန်း )
၂၀/၈/၂၀၂၂
ရည်ညွှန်း (၁)
အင်တာနက် Youtube video ထဲက
ဆည်မြောင်း ရေတံခါး သီချင်းများ ။
အင်တာနက် Youtube တွင် ရှာဖွေ ကြည့်ရန်-
Twilight of Twenty First Century:Dawn Over Wetland ဖြင့် စာရိုက်၍ ကြည့်ရှုနိုင်သည့် အပြင် ၊ ၂၁ ရာစု ရဲ့ အာရုဏ်ဦး ၊ ရေနက်ကွင်းရဲ့ လင်းရောင်ခြည် ၊ MRTV ရုပ်/သံ သီချင်းများ အဖြစ် အောက်ပါ အတိုင်း စာရိုက် ရှာဖွေ ကြည့် ရှု နိုင်ပါသည် ။
See YOUTUBE VIDEOS:
1- u aye myint heart of wetland songs ,
2-twilight over wet lands u aye myint
ရည် ညွှန်း (၂)
မောင်အေးမြင့် ( ညောင်တုန်း)၏
“မှတ်ဖွယ် မှတ်ရာ စာပဒေသာ “ စာအုပ် ၊
အပုင်း(ခ) စာရေးသူ ၏ ဘဝ မှတ်တမ်း အထွေ။
- စာရေးသူ ၏ ဘဝတာ တစ်လျောက် ဆောင်ရွက်ခဲ့သော
အဓီက လုပ်ငန်းများနှင့် ၊
ပြည်တွင်း၊ပြည်ပ လုပ်ငန်း အတွေ့အကြုံများ။
( စာမျက်နှာ ၁၆၉ -၁၉၇ )
(စ) ဆောင်ရွက်ခဲ့သော အနုပညာရပ်များ ။
( စာ မျက်နှာ ၁၈၄-၁၉၂)
– ၃ ။ ဂီတ ( စာ မျက်နှာ ( ၁၈၉ -၁၉၂)
