ဝိပဿနာ ဘာဝနာ ။

မှတ်ဖွယ် မှတ်ရာ ၊
စာပ ဒေသာ ( ၈၇ )
( ဘာသာရေး )

ဝိပဿနာ
ဘာဝနာ

ဆရာကြီး ဒေါက်တာ မင်းတင်မွန် ၏
သမထ ၊ ဝိပဿနာ ၊ဘာဝနာ အကြောင်း
လေ့လာ ဖတ် ရှု မှတ် သား လိုက် နာ သင့်သော
ဘာသာရေး လမ်းပြ စာအုပ် ကောင်း တစ်အုပ် ။

ဒေါက်တ မင်းတင်မွန်က ဘာသာတရား အတော် နှံံ့နှံ့စပ်စပ်လေ့လာတယ်။သိပ္ပံသမားမို့ ကျွန်တော်တို့နဲ့။ လိုင်း တူတယ် ။ဆရာတောိကြီး Dr နန္ဒမာလာလို ဘာသာရေးကို ခေတ် အတွေးနဲ့ အင်္ဂလိပ်လို တွေပါ တွဲဘက်ခါ ကြားညှပ်ပြောဟောလို့ ကျွန်တော်တို့အတွက် ပို နားလည်လွယ် တယ် ။သဘောပေါက်တယ်။


ဒေါက်တာမင်းတင်မွန်က ဝိပဿနာနဲ့ပတ်သက်လို့ ဖါးအောက် ဆရာတော် နည်းတွေကိုယူတယ် ထင်တယ် ။
ဝိပဿနာ အတွက် ဆရာ ဒေါက်တာ မင်းတင်မွန်ရဲ့ စာအုပ် တွေ များစွာ ကို တွေ့ရတယ် ။ကောင်းတယ် ။သိမ်းထားတာအချို့ တော့ရှိပေမဲ့ ခုထိ ကောင်းကောင်းမဖတ်နိုင်သေးဘူး ။အချိန် သီးသန့်ပေးမှ အလေးအနက် ထားဖတ်လို့ ရပါမယ် ။


မိတ် ဆွေ ကြီး၊ ဘူမိ ဦးစိုမြငိ့အောင် ရှာတွေ့တဲ့ ဒေါက်တာမင်းတင်မွန် ရဲ့ ဘာဝနာ စာအုပ် ကို လိုက် ရှာ လိုက်တာ သွား တွေ့တယ် ။ဖတ်သင့်တယ် ။ကောင်းတယ် ။ဖတ်ပြီး လေ့လာ ကျင့် ကြံ ဘို့ ဘဲ လိုနေပါတော့တယ် ။ ကျေးဇူးတင်ရပါတယ် ခင်ဗျား ။
ကျွန်တော့်မှာ လုပ်ချင်တာတွေကများနေတော့ ခက်နေသေးတယ်။

အေးမြင့် ( ညောင်တုန်း )
၁၈/၈/၂၀၂၂