မှတ် ဖွယ် မှတ်ရာ
စာဒေသာ ( ၈၄ )
(ပညာရေး )
စာအုပ် စာပေ ၊ လူ့ မိတ် ေဆွ ။
အမှောင်ခွင်း၍ အလင်းဆောင်အံ့ ။
မြန်မာနိုင်ငံ စာပေဗိမာန်ကြီးနဲ့ မြန်မာ့ စွယ် စုံကျမ်း များ ။
( စွယ် စုံကျမ်း လောက )
စာ ရေးဆရာ အင်ဂျင်နီယာ ဦးကျော်ဦးက စာအလွန်ဖတ်သူ ။ သူ ဖတ်ထား သိထားတာတွေကိုလဲ ၊ အများပြည်သူ စာဖတ် သူ ေတွ ကို တစ်ဆင့် ပြန် လည် ဖြန့်ဝေပေး နေတဲ့စာရေးဆရာ။ သူ့လိုလူ မရှိသလောက် ရှားတယ် ။ ရေရေး ရာ ဗဟုသုတ တွေကို အဓီက မျှဝေပေးနေသူဖြစ်တယ် ။ တော် တယ် ။
ကျွန် ေ တာ် ထင် တယ်.။ သူက ရည် ညွှန်းကိုးကားဘို့ စက္ကူ စာအုပ်တွေ အချိန် ကုန် ခံ ရှာဖွေနေတာမဟုတ်ဘဲ ၊ ကျွန်တော့် လိုဘဲ၊ ကွန်ပြူတာ စား ပွဲပေါ် တစ် နေ့လုံး ၊( ကျွန် တော်က) တစ်ညလုံး ထိုင်ပြီး အင်တာနက် ကမ္ဘာကြီးထဲ မှာ မနားတမ်း လျောက်သွားလေ့လာနေသူလို့ထင် တယ် ။
သူရေးတဲ့စာ အများစုက အင်တာနက် ထဲက သတင်းတွေ များတယ် လို့ မှတ်ပါတယ် ။ ကျွန်တောာ်တို့ သူ့လို ၊ သူ့လောက် မလုပ်နိုင်ကြဘူး ၊ အချိန်မပေးနိုင်ကြဘူး။ ေရရေးရာ ၊ မြန် မာ နဲ့ ကမ္ဘာပေါ် က ရေအရင်းအမြစ် ဆိုင်ရာ ဗဟုသုတ မျိုး စုံ ေတွ ကို အချိ န် နဲ့အမျှ ေ မြာက် များစွာ ဖြန့် ဝေ ေပး နေ လို့ ၊ မသိ တာ ေတွ သိ နေရ တဲ့ အတွက် ၊ မိတ် ေဆွ စာရေ း ဆရာကြီး ကို အထူး ေကျး ဇူး တင် နေရတယ်။
မြန်မာ့စွယ်စုံကျမ်းထုတ်ဝေရေးကော်မတီ မှာလဲ သူ ပါခဲ့တယ် ။ စွယ်စုံကျ မ်း အသစ် edited new version အသစ် ထုတ်ဝေ ဘို့ နိုင်ငံတော် အဆင့် ဆွေးနွေး ကြတာ သူက စက္ကူ စာအုပ်တွေ ခေတ် ကုန် သွားပြီ ၊ စာရွက်တွေ အများကြီး လိုမဲ့၊ စျေး မတန်တဆ နဲ့ မှ ရောင်း မှ ရတော့မဲ့, မြန်မာ့စွယ် စုံကျမ်း အတွဲတွေ
မထုတ်သင့်တော့ကြောင်း သူက ဆွေးနွေးတင်ပြတာကို အများသော ၂၀ ရာစု မှာ ကြီးပြင်း လာကြတဲ့ သက်ကြီးတန်း လူအိုလူကြီး စာပေသမား ပညာရှင် စာရေးဆရာ အဖိုးကြီး တွေက လက်မခံ ကြဘူးပြောပြခဲ့ ဘူးတယ်။
နိုင်ငံသိ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့၊ ကွယ်လွန်သွားလေသူ ထွန်းဖေါင်ဒေး ရှင်း စာပေဆု တီထွင် သွားခဲ့ တဲ့ ထွန်းဖေါင်ဒေးရှင်း ပိုင်ရှင် ၊ မြန်မာ စာ ပေတွေကိုလဲ စိတ်ဝင်စား လေ့လာ သူ လို့ ယူဆရတဲ့ ဦးသိန်း ထွန်း က စွယ်စုံကျမ်းအသစ်ထုတ်ဝေဘို့ သူက ငွေ အရင်းအနှီး ကူညီ ပံ့ပိုး စိုက်ထုတ်တယ် ကြား ခဲ့ ရတယ် ။ ဝမ်းသာဘို့ ကောင်းပါတယ်.။ မြန်မာ့ စွယ် စုံ ကျမ်း အသစ် ပထမ တွဲ စလုပ်နေတယ်ထင်တယ် ။
ကျွန်တော်က ရန်ကုန် ရောက်လာပြီး ၁၉၆၆ ခုနှစ် မှာ RIT ကျောင်းသား လူငယ် ဘဝကတည်းက စာပေဗိမာန်ကထုတ်တဲ့ ပြည်သူ့လက်စွဲ စာအုပ်တွေ အ ကြောင်း အရာ မျိုးစုံ ဘာသာရပ် မျိုး စုံ ေတွ ကို ဝယ် ဖတ် ဖြစ် နေခဲ့ရာက ၊ လျော့စျေးနဲ့ရလို့ စာ ေပ ဗိမာန် စာဖတ် အသင်းဝင်ခဲ့ဘူးတယ်.။ စာအုပ်သစ် ထွက်တိုင်းစာတိုက်ကနေ ပို့ပေးတာ သဘောတွေကျခဲ့တယ်။ ၁၉၆၅ ခုနှစ်ကာလတွေ ပါ။
စာပေဗိမာန်က ထုတ်ထားပြီး မြန်မာ့ စွယ်စုံကျမ်းတွေကို အရစ်ကျနဲ့ပေးဝယ်လို့ရခဲ့ တယ်။ အသင်းဝင်ကြေးသွင်းပြီး နောက် စွယ် စုံ ကျမ်းစာ အုပ်ဘိုး ငွေ ၊ ကြိုတင် ငွေ အနည်းအကျဉ်းပေး သွင်း ပြီးတာ,နဲ့ ထုတ် ေဝ ထား ပြီးစွယ် စုံကျမ်း အတွဲတွေအားလုံး ကို စာပေဗိမာန်ကကျွန်တော့်ကို ချက်ချင်း ထုတ် ပေးလိုက် တော့တာပဲ။
စာဖတ်ဝါသနာ စတင်ပါလာနေစ လူငယ် ေကျာင်းသားပြီ ပြီ ၊ အလွန် သဘောတွေကျခဲ့ လိုက်တာ။
ထုတ်ဝေပြီး စွယ်စုံကျမ်း စာအုပ် အတွဲ ၊ အထူ ကြီးတွေ တပွေ့ တပိုက်ကြီး နဲ့ စာပေဗိမာန်ရှိ ရာ ဟံသာ ဝတီ ပြည်လမ်းမကြီး နဲ့မဝေးတဲ့ ၊ ကြည့် မြင်တိုင် အိမ်ကို ကျွန် တော် ငယ် စဉ် လူ ငျောင်းသား ဘဝမှာ ၊ ဝမ်းသာ လုံးဆို့မတတ် ၊သယ် ယူ လာခဲ့ရတာ ဘဝအတွက် မမေ့ နိုင်စရာ ကျွန် တော်တို့ ခေတ် တွေမှာ ပါ။
ကျန်ဆက်ထွက် လာမဲ့ စွယ်စုံကျမ်းစာအုပ်ဘိုးတွေက နောင်မှ လစဉ် အရစ်ကျ ပေးသွင်းရပြီး၊ကျမ်း စာ အုပ် ေ တွ တစ်တွဲ ပြီး တစ်တွဲထွက် လာတဲ့ အချိန်မှာ စာပေဗိမာန်မှာ သွား ထုတ် ယူရုံ ပါဘဲ။
ဒီလိုနဲ့ မြန်မာ့ စွယ် စုံကျမ်းစု စုပေါင်း အတွဲ ၁၅ တွဲ စလုံး ကို၊ လူငယ် ေ ကျာင်း သား ဘဝမှာ ပိုင်ဆိုင်ခဲ့ပါတယ်.။နောင်မှာ ၂၀၀၀ ခုနှစ်နောက်ပိုင်း မှာ ရှားပါး မြန်မာ့စွယ်စွယ် စုံ ကျမ်း အတွဲ စုံ အားလုံး ရှိ နေတဲ့၊ အ မြဲ သွား ေငး နေကျ၊ ပန်း ဆိုးတန်း စာအုပ် အဟောင်းအကောင်းဆိုင် ေတွ မှာ တန်ဘိုး ေစျး စနည်းနာကြည့်တာ ၁ သိန်း ေ ကျာ် ၂ သိန်း လား မသိ , ေစျး ခါ် ကြတယ်။ စျေး မှန် မ မှန် သိဘို့ ခေတ် အလိုက် ရွှေ စျေး နဲ့ တနိဘိုး နှိုင်း ယှဉ် ကြည့်မှ သိပါမယ်။( ၁၉၆၅ ခုနှစ်ခန့်က ရွှေ ၁ ကျပ်သား တန်ဘိုး ၃၀၀ ကျပ် ဝန်းကျင် မှတ် တယ် )
ကျွန်တော်တို့ ၁၉၆၅ ဝန်းကျင် ခေတ်မှာ စွယ် စုံကျမ်း စာအုပ် ထူထူ ကြီး အတွဲ တစ်အုပ်ကို ၂၅ ကျပ် ပေးရပါတယ်.။ သာမန် ပုံမှန် စာအုပ် တွေကို ၂ ကျပ် ၃ကျပ် နဲ့ေ ရာင်.နေချိ န် မှာ စာအုပ် တန် ဘိုးက နင့်နေအောင် ပေးဝယ်ရတယ် ။. လူငယ် တွေ စာဖတ် ချင်အောင် စာအုပ် စျေးကြီးတဲ့ စွယ် စုံကျမ်းကြီး လို
စာအုပ် ကြီးကို စာဖတ် သူ ေ တွ ဘတ်မှတ်လေ့လာချင်ရအောင် နိုင်ငံတော် အစိုးရမင်းများရဲ့ သက်ဆိုင်ရာ စာပေဗိမာန် ဌာနကြီးက အရစ်ကျ ငွေသွင်းဝယ် ယူ နိုင်တဲ့စနစ်နဲ့ ဝယ် ချင် ေ အာင် ဆွဲ ေ ဆာင် ပြီး ေ ရာင်း ပေးတယ် ။ေ ငွ အနည်းငယ် နဲ့ ၊ ထုတ် ေဝထား ပြီး စာအုပ်တွေ အကုန်လုံး ကြိုတင် ပေးလိုက် တဲ့ စနစ် က လဲ့ ကောင်းလိုက် တာ ။ သဘောကျစရာ ။ ဘာဘဲဖြစ်ဖြစ် မြန်မာ့စွယ်စုံကျမ်း စာအြပ် တွေ အတွဲ ၁၅ တွဲ အားလုံး စောစောစီးစီး ကှါန် တော် ပိုင် ခဲ့တယ်။ လိုအပ်တဲ့အခါ သိချင်တာဆွေ အခါအားလျော်စွာ ရည် ညွှန်း ကိုးကား ,ရှာ ဖွေ ဖတ် ရျု နိုင်ခဲ့ပါတယ်။ ဘနေ့တိုင် သု့းနေတယ် ။
အတွဲအားလုံး ေ ငွ မ ေ ကျ သေးဘူး ၊ ထွက်ထားပြီးမြန်မာ့စွယ်စုံ ကျ မ်း ေ တွ ကို ကျောင်း နေစဉ် လူငယ် ဘဝမှာ ကြို တင်လေ့ လာ ဖတ်လို့ ရနေခဲ့တာ ၊ ကောင်းလိုက်တာ ။
သာမန်အားဖြင့် မြန်မာစွယ် စွယ်ကျမ်း စာအုပ် အ တွဲ ေ တွ ကသူ့ခေတ် ကာလ ေ လျာက် ေစျး ကြီး လို့ ေ တာ် ရုံ သာမန် စိတ် ဝင်စားရုံ နဲ့
ဝယ် မဖတ် ဖြစ် ကြပါဘူး ။
ကျွန် တော်တို့ခေတ်မှာ ခေတ် လူငယ် တွေကို နိုင်ငံတော် အစိုးရမင်းတွေက လူငယ် တွေ ပညာရေးတိုးတက် ထွန်းကားကြဘို့အရေး ထောက်ကူပံ့ ပိုးပေးကြတယ် ။ကောင်းလိုက် တာ ၊
မိမိတို့ ေ ခတ် မှာ ၊ လူငယ် ဘဝက သ ဘောကျ စရာ ကောင်း ခဲ့လိုက်တာ။
နိုင်ငံ တော် အုပ် ချုပ် သူ လူကြီး များက၊ .နိုင်ငံ မျက်နှာနဲ့ လူ ငယ် ေ တွ ရဲ့ အနာဂတ် ကို ကြည့်တယ် ။
ပြည်သူတွေအတွက် ပြည်သူ့မျက်နှာကြည့်ပြီး လုပ်ပေး တယ် ။ နိုင်ငံ ကို အုပ် ချုပ် တယ် ။
.ပါလီမန် ဒီမိုကရေစီစနစ်ကြီး စတင် ပျိုးထောင် ခဲ့သူ ၊စာပေဗိမာန် တည် ထောင်ခဲ့သူ ဝန်ကြီးချုပ် ကြီး စာသမား ၊ ပညာတတ် ကြီး ၊ ဦးနုကို အထူး ကျေးဇူးတင်နေရတယ်။
စာပေဗိမာနိကထုတ်ဝေခဲ့တဲ့၊ ပြည်သူ့လက်စွံစာစဉ် တွေ၊ ယဉ်ကျေးမှု ရေးရာ စာစဉ် တွေ ၊ ကမ္ဘာ ရေးရာ စာ စဉ် တွေ ၊ စာပေဗိမာန် မဂ္ဂဇင်းတွေ ၊မြန်မာ့စွယ်စုံ ကျမ်း တွေစတဲ့ စာအုပ် မျိုးစုံ နဲ့ ၂၀ ရာစု ခေတ် မှာ ၊ကျွန်တော် တို့ လူငယ် ကျောင်းသားဘဝတွေကို ဖြတ်သန်းလာခဲ့ ကြ ရပါတယ် ။
ယ နေ့ မှာ ခေတ် ကြီး က ေပြာင်း နေပါပြီ။
၂၁ ရာစု ခေတ် ကြီး က online internet ခေတ်ကြီး ကို ပြောင်းသွား ပြီ ။
ဒီအချက်ကြောင့်လားမသိ၊ အင်္ဂလန် နိုင်ငံမှာ စတင် ထုတ် ဝေခဲ့တာ နှစ် ပေါင်း ၂၄၄ နှစ် ေ ကျာ် ကြာ တိုင် ၊ သက်တန်း ရှိနေ ပြီ ဖြစ်တဲ့ ကမ္ဘာ ကျော် Encyclopedia Britannica ဗျိတိ သျှ စွယ်စုံကျမ်းကြီးကို စက္ကူ စာအုပ် အဖြစ်နဲ့ ၂၀၁၃ ခုနှစ် နောက်ပိုင်းမှာ ဆက် မထုတ်တော့တာ ဖြစ်နိုင်တယ်
ပတ်ဝန်းကျင်ရေးရာ ၊ Global climate change အတွက် စာရွက် တွေ နဲ့ စာအုပ်တွေ မလုပ်သင့်ကြတော့လို့လား။
ကမ္ဘာပေါ်မှာ Carbon Emission လျော့ဘို့ တစ်ဘက်က အထောက်အကူ ပြု ချင်ကြလို့ လား။
နိုင်ငံကြီးတွေအချို့မှာတော့ စာအုပ်စာကြည့် တိုက်ကြီးတွေ ယနေ့ ထက် တိုင် ရှိနေတာ စာအုပ်ကိုင် ဖတ်နေကြတာ တွေ့နေ ရပါ သေး တယ်။
EB စာအုပ်တွေအစုံလိုက် အတွဲလိုက် ပိုင်ဆိုင်ထားသူ၊ RIT ကငယ် ဆရာ ဖြစ်ခဲ့ဘူးသူ ၊ ဆရာ သမားတစ်ယောက် အဖို့မှာ တော့
ယခုအခါ ဗျိတိန် နိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ် စွယ် စုံ ကျမ်း ကြီး တွေ ကို အ တွဲ လိုက် လက်ဝယ်ပိုင်ဆိုင် သွား ပြီ ။
ယနေ့ကမ္ဘာကြီးမှာ ခေတ်ကြီးက နေ့ တစ်ဓူဝ ၊ တိုး တက်ပြောင်းလဲ နေ ပါတယ်။
ဒေသဆိုင်ရာ အလိုက် နယ်ပယ် စုံမှာ ၊ခေတ် နဲ့အညိ၊ခေတ် မီ အောင်
နိုင်ငံအများက
လို အပ် သလို ၊ ပြု ပြင် ေ ပြာင်းလဲ လုပ်ဆောင်နေ ကြတယ်.။
သက် တော် ရှည် ဗျိတိန် နိုင်ငံ စွယ် စုံကျမ်း ကြီးက နမူနာတစ်ခုမျှသာပါ။
စိတ်မကောင်းရတာက ၊
၁၉၆၂ ကာလ ၊ ၂၀ ရာစု ခေတ် ကြီးထဲကို ၊ ခေတ် နောက်ပြန် ဆွဲ သွား နေတဲ့
နိုင်ငံ ကလဲ ရှိနေ ပြန် တယ်။
ကမ္ဘာ လောကကြီးထဲက စိတ်မ ေကာင်းစရာ ေ တွပါ။
အေး မြင့် (ညောင်တုန်း )
၁၄၊ ၈၊ ၂၀၂၂
———
ပူးတွဲပါ၊ ရည် ညွှန်းစာများ ။
ရည် ညွှန်း(၁) Facebook Notes by Kyaw Oo/ 14/ 8 /2022
Encyclopædia Britannica
ကမ္ဘာကျော် စွယ်စုံကျမ်း ၊ ဘရစ်တန်နိကား စွယ်စုံကျမ်း ကြီး၊
ရည် ညွှန်း (၂) ပြန်လ ည်ပြည့် ဖြိုးမြဲ စွမ်း အ င် ။ ( အေးမြင့် ) � နေစွမ်းအ င် ဇြင့် ၊ အမှောင်ခွင်း၍ အလင်းဆောင်အံ့ ။
Solar Power : The Renewable Energy�ရည် ညွှန်း ၊(၃) တွေးမိတွေးရာ ရေးမိရေးရာ. ( ၈၇ ) / ( အေးမြင့် )
အမှောင်ခွင်း၍ အလင်းဆောင်အံ့ ။ (Revised : 11/2/2022)
ရည်ညွှန်း( ၄ )ရန်ကုန် မြို့ ကျခတ်ဝါယာ ဆရာတော်ရဲ့Facebook post 20/1/2022
ရည်ညွှန်း( ၅ ) Facebook post by U Zaw Win ( Hydro-) � စာပေဗိမာန် သမိုင်းအကျဉ်း ၊စာအုပ် ။
—————-
ရည် ညွှန်း(၁)
Facebook Notes by Kyaw Oo/ 14/ 8 /2022
Encyclopædia Britannica
ကမ္ဘာကျော် စွယ်စုံကျမ်း ၊ ဘရစ်တန်နိကား စွယ်စုံကျမ်း ကြီး၊
ကိုယ်မဝယ်နိုင်သော်လည်း ကမ္ဘာကျော် စွယ်စုံကျမ်း ဖြစ်သော ဘရစ်တန်နိကား စွယ်စုံကျမ်း Encyclopædia Britannica ပုံနှိပ်ထုတ်ဝေခြင်းကို ရပ်ဆိုင်းတော့မည်ဟု လွန်ခဲ့သော ကိုးနှစ်ခန့်က သိရသောအခါ ဝမ်းနည်းခဲ့ကြသည်။ ယင်းစွယ်စုံကျမ်းကြီးနှင့် တိုက်ရိုက်သက်ဆိုင်နေသောသူများအဖို့ ပိုဝမ်းနည်းခဲ့မည်ဟု ထင်ခဲ့သည်။
တကယ်က ထိုသို့မဟုတ်ကြောင်း Jorge Cauz, the president of Encyclopædia Britannica ၏ ဆောင်းပါးအရ အခုမှ သိရသည်။ ယင်းကို မိတ်ဆွေများ စိတ်ဝင်စားကြမည်ဟု ယူဆ၍ ဆောင်းပါး၏ အစပိုင်းကို ဘာသာပြန်၍ ဝေမျှပါသည်။
ဘရစ်တန်နိကား စွယ်စုံကျမ်း ပုံနှိပ်ထုတ်ဝေခြင်းကို ရပ်ဆိုင်းတော့မည်ဟု ကျွန်တော် ကြေညာလိုက်သောအခါ မီဒီယာလောကတစ်ခုလုံး ဂယက်ထသွားခဲ့သည်။ ရာစုနှစ်တစ်ခု၏ လေးပုံတစ်ပုံခန့် ကြာရှည်ခဲ့သော အထင်ကရ စာအုပ်ကြီး၏ နိဂုံးချုပ်ခြင်းသတင်းကြောင့် စိတ်မကောင်း ဖြစ်ကြဟန်တူသည်။ ကျွန်တော်တို့၏ ချီကာဂိုရုံးခန်းတွင်မူ မည်သူမျှ ဝမ်းနည်းခြင်း မဖြစ်ကြရုံမျှမက ကျွန်တော် ကြေညာသည့်နေ့တွင် ဝန်ထမ်းများ စုပေါင်း၍ ပါတီပွဲပင် ကျင်းပလိုက်သေးသည်။ ပါတီပွဲတွင် ဘရစ်တန်နိကား စွယ်စုံကျမ်း ၃၂ တွဲနှင့် ပုံစံတူ ကိတ်မုန့်ကြီးကို လှီးကြသည်။ ဘရစ်တန်နိကား စွယ်စုံကျမ်း ထုတ်ဝေခဲ့သော ၂၄၄ နှစ်ကို ကိုယ်စားပြုသည့် ငွေရောင်ပူဖောင်း ၂၄၄ လုံးကို အခန်းထဲ၌ ချိတ်ဆွဲထားသည်။ ကျွန်တော်တို့သည် ရှမ်ပိန်အရက်များဖြင့် မိတ်ဆွေဟောင်း ဘရစ်တန်နိကား စွယ်စုံကျမ်း ပုံနှိပ်စာအုပ်ကြီးကို နှုတ်ဆက်ကာ ရောက်လာနေသော ခေတ်သစ်တစ်ခုကို ခိုင်မြဲသော သန္နိဋ္ဌာန်ဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။
(ဘာ့ကြောင့် ဝမ်းမနည်းကြသလဲ၊ ရောက်လာနေသော ခေတ်သစ်က ဘာလဲဆိုသည်ကို Jorge Cauz က တင်ပြထားသည်မှာလည်း အထူးစိတ်ဝင်စားစရာ ဖြစ်ပါသည်။
https://hbr.org/2013/03/encyclopaedia-britannicas-president-on-killing-off-a-244-year-old-product တွင်လေ့လာ ရန် ။)
———-
ရည် ညွှန်း (၂)
ပြန်လ ည်ပြည့် ဖြိုးမြဲ စွမ်အ င် ။�နေစွမ်းအ င် ဇြင့် ၊ �အမှောင်ခွင်း၍ အလင်းဆောင်အံ့ ။
Solar Power�The Renewable Energy��တစ်ကိုယ်ရေ၊ အလွယ်တကူ တပ်ဆင်အသံုးပြုနိုင်တဲ့ ၊�အိမ်သုံး ဆိုလာ လျှပ်စစ် မီးများ ။�ဒီဇယ် ဆီမလို၊ အနံ့ မထွက် ၊ အသံမထွက်။�ရန်ကုန်မှာလဲ ဝယ်ယူ အသုံးပြုနိုင်ကြပါ ပြီ ။�အသုံး ပြုပုံ များသိရှိလိုပါက ayemyint.blog တွင် လေ့လာ ဖတ်ရှု နိုင်ကြပါသည် ။
New item�7 APR 2022�UAMYINT�မီး ပျက်နေတဲ့နိုင်ငံ ။ဘာလုပ်ကြမလဲ ။
ဌာနမှာတုန်းက လုပ်ဖေါ် ကိုင်ဖက် ဖြစ်သူ ၊ရန်ကုန်မြို့တော်ကြီး မှာနေတဲ့ မိတ်ဆွေ ကြီး တစ်ဦးကလူမှုကွန်ယက် ဖေ့စ်ဘွတ်ပေါ်မှာ အများနည်းတူ ရင်ဖွင့်တာ တွေ့လိုက်ရတယ် ။
လျှပ်စစ်ကတော့ အဆင်ပြေသလိုလေး ဖြစ်နေပြီ၊ ဒီနေ့ ၉ နာရီဖြတ် ၁ နာရီပြန်လာ ၊ ၃ နာရီပျက်၊ ၄ ပြန်လာ၊ ဒီနေ့က ၅ နာရီကနေ ည၉ အထိ မီးဖြတ်နေ့၊ ၅ နာရီ ဖြတ်မလားဘဲ၊ ဖြတ်တော့လည်း ၆ခွဲကနေ ၉အထိ မီးစက်သံလေး တညံညံနဲ့ ဖြတ်သန်းရမှာဘဲ၊ဘယ်လောက်အဆင်ပြေသလဲ၊ဒီဇယ်ဘိုးတော့ ကုန်တာပေါ့ဗျာ၊ ကိုယ့် တအိမ်ထဲမှမဟုတ်ဘဲ၊အဖေါ်တွေနဲ့ပါ။ တဲ့ ။
ကျွန် တော်က အားကျမခံ ပြန် ရေးခဲ့ တယ် ။၂၁ ရာစု အဖိုးအို ရဲ့ အတွေးနဲ့အရေး ။
�ကျွန်တော့် လူမှုဘဝ ပတ်ဝန်းကျင် ။
ယခင် ခေတ် ေကာင်းချိန် ၊ တစ်ခါတစ်ရံမှသာ မီးပျက်ခဲ့တဲ့အချိန် ကာလတွေက ၊ မီးပျက်ရင် မိမိ အိမ်ပတ်ခြာလည်မှာမီးစက်သံတွေ အပြိုင်ဆူညံနေချိန် မှာကျွန်တော့်အိမ်မှာတော့ ၊ အိမ်တွင်းအိမ်ပြင် မီးတွေလင်းထိန်နေပြီး ၊ ဘာစက်သံမှမကြားရပါဘူး ။မိမိအိမ်မှာ တော့ တိတ်လို့ ၊ဆိတ် လို့ ၊ မီး က လဲ လင်းနေတယ် ။ ဒီဇယ် နံ့လဲ မထွက်ဘူး ။ အသံလဲမထွက်ဘူး ။ ပတ်ဝန်းကျင်ကိုလဲ မထိခိုက်ဘူး ။မီးပျက်တာ ကိုယ်နဲ့ဘာမှ မဆိုင်သလိုပါဘဲ ။ဂရုစိုက်စရာလဲ မလိုဘူး။နိုင်ငံတော်မီး လာ ချင်လာ၊မလာချင်နေ ၊ယခင်ကတည်းကပုံမှန် စာရေးစာဖတ် လုပ် နေနိုင်ခဲ့ပါတယ် ။ဘာ ကွာလို့လဲ။ဘာပါလိမ့် ။
သူရိယ နေမင်းကပေးတဲ့ သဘာဝအလင်းအား ဆိုလာမီးတွေကို ကျွန်တော် သုံးနေတာ ကြာပြီ ။ ၂၀၀၉ ပင်စင်ယူ ပြီးချိန်ကတည်းက ဝါသနာပါလို့ ဆို လာမီးတွေ ဆက်ခါ ဆက်ခါ ဝယ် သုံး လာ နေခဲ့တာ ၁၀ နှစ်ကျော် ခဲ့ပါ ပြီ .။
�အများစုတွေက စိတ်မဝင်စား ကြဘူး ။ ။ .အချို့ကမသိကြ. ။ ဝါသနာမပါ တာလဲ ရှိပါမယ် ။အိမ် မှာ အိမ်တွင်း အခန်းတွေ နဲ့ ၊အိမ်ပြင် အိမ်ပတ်ပတ်လည်မှာဆိုလာမီးတွေ သုံးနေခဲ့တာကြာပြီ .။
�ခုတော့ တစ်နိုင်ငံလုံး မီးတွေပျက်ကုန်လို့ ဆိုလာမီးတွေ စျေးတွေကလဲ အခြားလူသုံး ကုန်တွေ ၊စားသောက်ကုန်တွေ နဲ့အပြိုင် စျေးတွေ ၂ဆ ခန့်တက်ကုန်ပါပြီ ။�သိကျွမ်းတဲ့ ဘုန်းကြီးကျောင်းတွေကိုလဲ ကျွန်တော် ဒါနပြု ခါ လှူထား ပါသေးတယ် ။
မူလအရင်းအနှီးက ကြီးတယ် များတယ် ပြောနိုင်ပေမဲ့ ကျွန်တော့်အတွက် ကတော့ တန်ပါတယ် ။အလုပ်မရှုတ်ဘူး ။ ဆိုလာမီးတွေကို အလုပ်ရှုတ်ခံပြီး နေ့တစ်ဓူဝ ၊ နေ့စဉ် ဖွင့်ပိတ် လု ပ်နေစရာလဲမလိုဘူး ။
�ညမှောင်ရင် သူ့အလိုလို လင်း တယ် ။ မိုးလင်းလို့ အလင်းရောင် ပေါ်လာရင် သူ့အလိုလို ပိတ် တယ် ။ ဘာလိုသေးလဲ ။Auto ခလုတ်ကိုနှိပ်ထားလိုက်ရုံပါဘဲ။
တစ်ညလုံး ၁၂ နာရီကြာအောင် မီး အား အပြည့်လင်းတယ်။မီးအားက နွေရာသီ၊မိုးရာသီ နေ ရောင် အား ရရှိမှုပေါ်မှာတော့မူတည်ပါတယ် ။ မိုး ရာသီမှာလဲ အဆင်ပြေပါတယ် ။ တစ်နေကုန် မိုး အုံ့ ၊ မိုးဆက်တိုက် ရွာတဲ့ရက်နဲ့ ၊ တစ်နှစ် လုံး မှာ နေရောင် လုံး လုံး မရတဲ့ ရက်က မရှိသလောက် နည်းပါတယ် ၊ ဘာ လို သေးလဲ ။
ဆိုလာအားသွင်းထားတဲ့ ဘက်ထရီ ချွှေတာချင်ရင် တော့ ၊ တွဲပါလာတဲ့ Remote control အဝေးထိန်း ခလုတ် နဲ့ လိုတဲ့အချိန် မှသာ ကြိုက် သလိုဖွင့်ပိတ်လုပ် ။ဘာလိုသေးလဲ.။
�အိမ် ဘေးက မြက်ခင်းပြင်ကို အိမ်ပေါ်ကဆိုလာမီး ဆလိုက်နဲ့ ညမှောင်မှောင်မှာ မီးထိုးပေးနေခဲ့တာ၁၀ နှစ် ၁၀ မိုး ကျော် ခဲ့ ၊ ကြာ ခဲ့ ပါ ပြီ ။ခုချိန်ထီ ဆက်သုံးလို့ရ နေတုန်း .။
�လူတွေဘာကြောင့်စိတ်မဝင်စားကြတာကိုနားမလည်ခဲ့ ။
�အင်ဂျင်နီယာသဘောအရ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ပါ ။တစ်ကိုယ် ရေ အိမ်သုံး ဆိုလာစွမ်းအင်နဲ့ ဆိုလာမီး ။ကာဘွန် ဓာတ်ငွေ့ ထုတ်လုပ်မှု လျော့ ချ ရေး ကိုလဲတစ်ဘက်တလမ်း က တစ်ဦးချင်း နိုင်သလောက် ကူပေးနေပါ တယ် ။ဘာလိုသေးလဲ .။
အေးမြင့် ( ညောင်တုန်း )
၆/၄/၂၀၂၂
————-
ရည် ညွှန်း ၊(၃)
တွေးမိတွေးရာ ရေးမိရေးရာ. ( ၈၇ ) အမှောင်ခွင်း၍ အလင်းဆောင်အံ့ ။� (Revised : 11/2/2022)
ငယ်စဉ် အခါ ပညာရှာခဲ့ စဉ် ကတည်းက စတင် သိခဲ့ရတဲ့ ဒီမိုကရေစီနိုင်ငံ သစ် စတင်တည်ထောင်ခဲ့သူ ၊
�ဝန်ကြီးချုပ် ဦးနုကဘဲ စတင် ပျိုးထောင်ပေးခဲ့တဲ့ ၊ယနေ့ စာပေဗိမာန် အဖွဲ့အစည်းကြီးရဲ့ ဦးတည်ချက် ဆောင်ပုဒ် ပါ။

�ငယ်စဉ်ပညာရှာခဲ့စဉ်ကာလက စာပေဗိမာန်ကထုတ်ဝေခဲ့တဲ့ ဗဟုသုတရစရာစာအုပ်တွေ အတော်များများနဲ့ ရင်းနှီး ကျွမ်းဝင် လေ့လာမှတ်သား ခါဘဝကိုရုန်းကန် လှုပ်ရှားလာခဲ့ရာကဒီနေ့ဒီဘဝ ဒီအခြေအနေကို ရောက်ခဲ့တာလို့ မိမိကိုယ်ကို မိမိ ခံယူ ထားပါတယ် ။
အမှောင်ခွင်း၍ အလင်းဆောင်အံ့ ။�မာန်ပါပါ ကျုံးဝါး ခဲ့တဲ့ ဆောင်ပုဒ် ပါ။
အမိုက်မှောင်တွေ ဖယ်ရှား ပြီး ၊ပညာအလင်းတွေ ရအောင် ဖန်တီးပေးခဲ့ တဲ့ ဝန်ကြီးချုပ် ဦးနု နဲ့ သူ့ရဲ့ စာပေဗိမာန်အဖွဲ့ကြီးကို အထူးကျေးဇူးတင်ရပါတယ် ။�လူငယ်တွေ ၊စာဖတ်ဝါသနာပါသူတွေ ၊ပညာလိုလားရှာဖွေနေကြသူတွေအတွက် ပညာပေး စာ အုပ်တွေ အများအ ပြား စာပေဗိမာန် ကြီး က ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။
မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲ ၊�လူထုသိပ္ပံကျမ်း အတွဲတွေ ၁၀ တွဲခန့် ။
ကမ္ဘာရေးရာ နဲ့ ကမ္ဘာစစါကြီးများအ ေ ကြာင်း စာအုပ် အ တွဲ ေ တွ ။ �မြန်မာ့ ယဉ်ကျေးမှု ဆိုင်ရာစာအုပ်အတွဲတွေ၊�အခြားဗဟုသုရစရာ ၊ ပြည်သူ့လက် စွဲ စာအုပ်မျိုးစုံတွေ ၊
ကျန်းမာ ရေး ဆိုင် ရာ စာ အုပ် မျိုး စုံ ။
ငယ်စဉ်ကျောင်းသားဘဝမှာ ကျွန်တော်ကိုယ်တိုင် အားလုံး နီးပါး ကို ဝယ်ယူ စုဆောင်းလေ့လာ ဘတ်ရှုခဲ့ပါတယ် ။စာဖတ်ဝါသနာစတင်ရရှိခဲ့ တယ်လို့ ပြောရင် မမှားပါဘူး ။
�၂၅ ကျပ်တန် မြန်မာ့စွယ် စုံကျမ်း အတွဲ ၁၅ တွဲ အားလုံးကို လေ့လာ ဖတ် ရှု လိုတာနဲ့ ကျောင်းသား လူငယ်ဘဝမှာ စာပေဗိမာန်ကနေ လပေး စနစ်နဲ့ အရစ်ကျ ဝယ် ယူစုဆောင်း နိုင်ခဲ့တယ် ။ စာရေးဆရာကြီး ဦးထင်ကြီး စာပေဗိမ န်မှာ အုပ်ချုပ်နေစဉ်ကာလ ပါ။( ကျောင်းသားလူငယ်ဘဝမှာ သူ့ကို ကန္နားလမ်း စာ ပေ ဗိမာန် မှာ ကိုယ်တိုင်သွားတွေ့ ဆုံခဲ့ဘူးေသး တယ် ။ )
စာတွေမျိုးစုံဖတ်ခဲ့ရာက ကိုယ့်နိုင်ငံအကြောင်း ကမ္ဘာ့နိုင်ငံတွေအကြောင်း ခေတ်သမိုင်း ေ တွ အ ေ ကြာင်း။ မိမိ နိုင်ငံရဲ့ စာ ပေ၊ဂီတ ၊ ပန်းချီ အနုပညာ ေ တွ အ ေ ကြာင်း နဲ့ ၊ သိသင့်သိထိုက်တဲ့ မိမိနိုင်ငံရဲ့ အ ေ ကြာင်း တွေကို ငယ်စဉ်ခလေးဘဝကျောင်းသားလူငယ်ဘဝကတည်းကကျောင်းစာအပြင် ၊ သမိုင်း ဗဟုသုတ မျိုးစုံကို စာပေဗိမာန်ကျေးဇူးနဲ့ စတင် သိကျွမ်းခဲ့ရတယ် ။
�စာ မျိုးစုံ ဖတ်လာရာက ၊ နိုင်ငံ အနာဂတ် ေ ကာင်းစား ဘို့ အ ရေးအတွက် ၊ ဖက်ဆစ် ဂျပန် လူဆိုးလူယုတ်မာတွေကို ဝိုင်း ေ တာ် လှန် ခဲ့ ကြ ပုံ ေ တွ ၊ တိုင်းပြည်သယံဇာတတွေကို ထုတ် ယူပြီး ၊သူ့လူမျိုး သူ့အမျိုးတွေ ကိုယ်ကျိုး အတွက် သာလုပ်နေကြတဲ့ နယ်ချဲ့သွေးစုတ် နေတဲ့အင်္ဂလိပ် လူ မျိုးတွေကို တိုင်းပြည်ထဲက အပြီးအပိုင် မောင်းထုတ်ခါ အမြဲ မ ပြတ် ချေ မှုန်းဘို့ အတွက် တစ်တိုင်းတစ်ပြည်လုံး အုံကြွ တော်လှန် ခဲ့ကြ တာ ေ တွ ကိုေ ကျာင်း သား လူ င ယ် ဘဝ မှာ သိမြင် လာတယ် ။
�တို့ဗမာအစည်းအရုံးကြီး ပေါ်လာတယ် ။ကြွေး ေ ကြာ် သံ ဆောင်ပုဒ်တွေရေးပြီး ရေးတဲ့အတိုင်းဆက်လုပ်ခဲ့ကြတယ် ။အပြော သက်သက် မဟုတ် ။အလုပ်နဲ့သက်သေပြခဲ့ကြတယ် ။
�တစ်နိုင်ငံလုံး ပြည်သူတွေရဲ့အား .လူထုအားနဲ့ နယ်ချဲ့ မသမာသူတွေကို တက်ညီလက်ညီ နဲ့ တစ်တိုင်းတစ်ပြည်လုံးစုပေါင်းတော်လှန်ခဲ့ကြပါတယ် ။ အောင်မြင်ခဲ့တယ် ။

သင် န်းစာတွေပါတဲ့ သမိုင်းတွေပါ။�တခေတ်တစ်ခါက တို့ဗမာအစည်းအရုံးကြီး ရဲ့ ကျယ်လော င်သောရဲရဲတောက် ကြွေးကြော် သံ ပေါ်ခဲ့တယ် ။
“ တို့ဗမာ”�“ ဗမာပြည်သည် –တို့ပြည် ၊�ဗမာစာသည် –တို့စာ၊�ဗမာစကားသည် —တို့စကား ၊�တို့ပြည်ကို —ချစ်ပါ၊�တို့စာကို —ချီးမြှင့်ပါ၊�တို့စကားကို—လေးစားပါ ။ “
မြန်မာပြည် လွတ်လပ်ရေးရဘို့အရေးမှာ တစ်နိုင်ငံလုံးက လူငယ်တွေလူကြီးတွေ စုပေါင်းညီညာ ဝိုင်းဝန်း လုပ်ခဲ့ကြရတယ် ။လွတ်လပ်ရေးရခဲ့ပါတယ် ။မြန်မာ့သမိုင်းတွေပါ။
လွတိလပ်ရေးရ ပြီး နောက်မှာနိုင်ငံအုပ်ချုပ်ခဲ့သူ လူတော် ပညာရှိကြီ.းတွေရဲ့ ကျေးဇူးနဲ့ စာပေဗိမာန် အဖွဲ့ကြီးပေါ် ေပါက်လာခဲ့တယ် ။
�“အမှောင်ခွင်း၍အလင်းဆောင်အံ့”ကြွေးကြော်သံဆောင်ပုတ်ရေးပြီး ၊အပြောမဟုတ် လေ တွ့တကယ် လုပ်ခဲ့တယ် ။
ကျွန်တော်တို့လူငယ်တွေ စာပေဗိမာန် ပေါ်ပေါက်ခဲ့တဲ့ခေတ်ကောင်းမှာ လူလားမြောက် ကြီးပြင်းခဲ့ကြရတယ် .။စာတွေဖတ်ဖြစ်တယ် ။ သမိုင်းတွေသိလာတယ် ။ ပတ်ဝန်းကျင် ရဲ့ အကောင်းအဆိုးအကြောင်းအကျိုး တွေဝေဖန်သုံးသပ်နိုင်ခဲ့ကြတယ် ။ေ ခတ်မျိုးစုံ လူမျုးစုံ တွေ့ခဲ့ရတယ် .။သမိုင်းထဲက လူငယ် တစ်ဦးအနေနဲ့ ၊ခေတ်အဆက်ဆက် ဖြတ်သန်း ခဲ့ရ၊ရုန်းကန်ခဲ့ရ၊ကြိုးစားခဲ့ရပါတယ် ။
ကျွန်တော် ဘဝမှာ ခေတ်တွေအဆက်ဆက် ဖြတ်သန်းလာခဲ့ပြီးနောက် ၊
ဒီနေ့မှာတော့�အမိ နိုင်ငံတော်မှာ၊စိတ်မချမ်းမြေ့ဘွယ်ရာ ၊အမိုက်မှောင်တွေ နဲ့ ဖုံး လွမ်း နေ၊ ပညာအလင်းတွေ အားနည်းပျောက်ဆုံး နေ တာတွေကို မြင်တွေ့ ကြားသိနေရတာ ၊ စိတ်မချမ်းမြေ့ စရာပါ။
တိုင်း ပြည် က အ ပျ က်လမ်းေ ကြ ာ င် းပါ် ရောက်နေသလို ၊ အပျက်မျိုးစုံကြားထဲ့မှာ ၊တစ်နိုင်ငံလုံးနီးပါး အနှံ့အပြားမှာ အလင်းပေးတဲ့ မီးတွေလဲ ခနခန ပျက်နေတာ မှောင်နေတာ ကြားသိနေရပါတယ် ။အမိုက်မှောင်တွေ မျိုးစုံ လွမ်းနေတဲ့နမိတ်တွေပါဘဲ။
စိတ်မကောင်းစရာတွေပါ။
မိမိ နိုင်သရွေ့ ကူညီလှူဒါန်းလိုတာနဲ့စာပေမိတ်ဆွေ ကျခတ်ဝါယာဆရာတော် ကို ဆရာတော်သီတင်းသုံးရာတောင် ဒဂုံ မြို့နယ် ထဲက ကျောင်းမှာ အမှောင် ခွင်း၍ အလင်းဆောင်နိုင်ဘို့ အတွက် ရည်စူးပြီး ၊နိုင်ငံတော်ကပေးလာမဲ့လျှပ်စစ်မီးကို အားကိုးမျော်စောင့်နေစရာမလိုဘဲ၊ ကမ္ဘာကြီးစတင်ကတည်းက သဘာဝကပေးထားတဲ့ သူရိယနေမင်းရဲ့ အလင်း စွမ်းအားကိုအသုံချထားတဲ့ နေရောင်ခြည်သုံးဆိုလာလျှပ်စီး မီးတွေကို ဆရာတော်ဘုန်းကြီးကျောင်း မှာ သဘာဝအလင်းဆောင်နိုင်ဘို့ ဒီနေ့ပေးလှူ ခဲ့ပါတယ် ။
ဆိုလာမီးတွေကောင်းချက် ကောင်းကွက်က၊ဆိုလာပြားတစ်ချပ်အသေး လေး ကိုနေရောင် ကောင်းကောင်းရတဲ့နေရာမှာထား ပြီး ၊. နေ့ ဘက်မှာဆိုလာ ပြားက ၊ နေစွမ်း အား ကို စုဆောင်းပါတယ်.။. ဆက်သွယ်ထားတဲ့ ဝပ် ၁၀၀ အား လျှပ်စစ် မီး လုံးက ညအခါ မှောင်လာတာနဲ့ အလိုအလျောက်လင်းပါတယ်။ညဘက် ၁၂ နာရီခန့် တစ်ညလုံးမီးလင်းနေ ပြီး နောက် ၊ နောက်နေ့မနက် မိုးလင်း လို့ နေထွက်လာ ၊ အလင်းရောင် ပေါ် လာတာ နဲ့ ၊ လျှပ်စစ်မီးလုံးက အလိုလို ပိတ်သွားပါတယ် ။�မီးလုံးကို နေ့စဉ်အဖွင့်အပိတ် လုပ်နေစရာမလိုပါဘူး။မီးအား စုထားချင် လို့ ပိတ်လိုလျင် တော့ ၊ပူးတွဲပါလာတဲ့ Remote Control ခလုတ်နဲ့ အဖွင့်အပိတ် လိုသလို လုပ်နိုင်ပါတယ်။
�စုဆောင်းနိုင်တဲ့ ဆိုလာနေအားက နေ့ဘက် နေပူတဲ့အချိန်ပေါ် မူတည်ပါတယ် နွေရာသီနဲ့ မိုးရာသီ နေအားရရှိမှုကွာခြားပါတယ် ။
ဆိုလာ ပြားနဲ့ ဆိုလာမီးက ဘယ်လောက်ကြာကြာ အသုံးပြုနိုင် ပါ သလဲ။
ကျွန်တော် ကိုယ်တိုင် က တော့ စိတ်ဝင်စားလို့ ၊ဝါသနာပါလို့ ၊ကျွန်တော် တောက် လျောက် ဝယ်သုံး လာနေခဲ့တာ ၊ ပထမဆုံးသုံးခဲ့တဲ့ ဆိုလာမီးက ၁၀ နှစ်ခန့် ကြာရှိနေပြီး ၊ယနေ့ အထိ တိုင် အိမ်မှာ အသုံးပြု လို့ရနေဆဲ ၊ သုံးနေတုန်း ပါ။
စျေးဘယ်လောက်ရှိသလဲ ။
ဒီနေ့ ကာလ ပေါ က် စျေးက ဆရာတော့်ကို လှူဒါန်းခဲ့တဲ့ဝပ် ၁၀၀ ဆိုလာမီးအစုံလိုက်က တစ်စုံကို မြန်မာ. ငွေ ကျပ် ၆၅,၀၀၀/ ကျပါတယ် ။
ဘယ်မှာဝယ်လို့ရသလဲ။
ရန်ကုန်မြို့ ၂၈ လမ်း အလယ် ဘလောက်မှာ ရှိတဲ့ လျှပ်စစ်မီး ပစ္စည်းမျိုးစုံရောင်းတဲ့ဆိုင်တွေမှာ�စုံစမ်း မေး မြန်း ဝယ်ယူ အသုံးပြု နိုင်ကြပါတယ် ။မိတ်ဆွေ များ စဉ်းစားချင့်ချိန် သုံးသပ် နိုင် ကြ ပါတယ်။
မြန်မာ ပြည်ကြီးလဲ၊�အမှောင်ခွင်း၍ အလင်းဆောင်နိုင်ပါစေ ကြောင်း ၊ ဆု တောင်း လိုက်ရပါတယ် ခင်ဗျား ။
အေးမြင့်( ညောင်တုန်း)�၂၀/၁/၂၀၂၂�NEPS .
ရည်ညွှန်း( ၄ )�ရနကုန် မြို့ ကျခတ်ဝါယာ ဆရာတော်ရဲ့Facebook post 20/1/2022
�စင်္ကာပူနိုင်ငံမှာရောက်ရှိနေတဲ့ စာပေမိတ်ဆွေကြီး ဒကာကြီးဦးအေးမြင့်(အေးမြင့်-ညောင်တုန်း)နှင့်ဇနီး၊သား သမီး မြေးမိသားတစုတို့က လျှပ်စစ်မီးမရရှိသေးတဲ့ မိမိတို့ကျောင်းအတွက် ဆိုလာမီးပွင့် နှစ်ပွင့်လှူဒါန်းကြပါတယ်။ဒကာကြီးဦးအေးမြင့်တို့မိသားစုကိုယ်စား ရုံးဝန်ထမ်းများက လာရောက်လှူဒါန်းပေးတာဖြစ်ပါတယ်။


ကောင်းမှုရှင် မိသားစုအားလုံး ဘေးရန်ကင်းပ၊အေးမြသာယာကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ဒကာကြီးဦးအေးမြင့်လည်း စာပေရေးသားခြင်းအလုပ်ကို စွမ်းအားရှိသလောက် ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။


ရည်ညွှန်း(၅ )
Facebook post by U Zaw Win �ဆည်မြောင်းက ဆရာသမား ၊ဝါရင့်အင်ဂျင်နီယာကြီး ၊ဒု/ညွန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးဇော်ဝင်း(ဇလ) စုဆောင်းထားတဲ့ စာပေဗိမာန် သမိုင်းအကျဉ်း ၊စာအုပ် ။



END / 14/8/2022
—————————