ကိုလိုနီခေတ်ကလန်ချားများ(rickshaw)များ

လန်ချားကို အစောဆုံးစတင်အသုံးပြုခဲ့သူများကတော့
ဂျပန်များဖြစ်ပါတယ်လို့ သိရပါသည်။

ထိုမှပြန့်ပွားပြီး ၁၈၇၃ခုနှစ်မှာ တရုပ်နိုင်ငံသို့ ရောက်ရှိခဲ့ပါတယ်။

၁၈၈၀ခုနှစ်မှာ စင်္ကာပူ၊ india တို့မှာ အသုံးပြုခဲ့ကြပါတယ်

၁၈၉၇ခုနှစ်မှာ တရုပ်ကတဆင့် ဗမာပြည်သို့ ရောက်ခဲ့တယ်လို့မှတ်တမ်းများက ဖေါ်ပြကြပါတယ်။


တချို မှတ်တမ်းများကလည်း သီပေါမင်းပါတော်မူပြီးအနှစ်၂၀ကြာမှ ရောက်ခဲ့တယ်ဆိုကြပါတယ်။



အစပိုင်းတွင် တရုပ်လူမျိုးများဆွဲခဲ့ကြပေမယ့်
ဗမာပြည်(အဲ့ဒီအချိန်ကအခေါ်) အရင်ရောက်နှင့်နေကြသော တရုပ်လူကြီးများနဲ့ ဂုဏ်သရေရှိ တရုပ်လူမျိုးများက
တရုပ်များလန်ချားမဆွဲဘို့ တောင်းပန်တာကြောင့်
တရုပ်များနေရာမှာ india အိန္ဒိယအမျိုးသားဂေါ်ရင်ဂျီ နဲ့
တမီးလ် အများစုတို့က အစားထိုးဝင်ရောက်လာပါတယ်

အများစုက india အိန္ဒိယများဆိုတော့
ဒိုင်းနား ဘားယား (ဘယ်ကွေ့ ညာကွေ့)
ဟိုး ဂျောင်း (ရပ် သွား)စတဲ့ စကားများတော့
အဲ့ဒီအချိန်က ရန်ကုန်သူရန်ကုန်သားများ တတ်ခဲ့ကြပါတယ်





၁၉၅၁ခုနှစ်၊ လွပ်လပ်ရေးရပြီး ဖဆပလ အစိုးရက
လူဆွဲတဲ့ လန်ချားများက လူ့သိက္ခာညှိုးနွမ်းစေတဲ့
အလုပ်ဆိုပြီးတော့ လန်ချားများကို ပိတ်ပင်လိုက်ပါတယ်
ဤသို့နှင့် ဗမာပြည်မှ လန်ချားများ ပျောက်ကွယ်သွားကြသည်ဟု မှတ်သားခဲ့ဖူးပါတယ်
ဗြိတိသျှခေတ် (၁၈၈၅)ခုတွင် မြန်မာနိုင်ငံသို့
ဝင်ရောက်လာသော ကုလား အများစုဆိုင်ရာ
အခေါ်အဝေါ်များနှင့် လူမျိုးဆိုင်ရာအခေါ်အဝေါ်များ
♾️♾️♾️♾️♾️♾️♾️♾️♾️♾️♾️♾️♾️♾️♾️
၁။ ချစ်တီးကုလား
( နိုင်ငံလယ်ဧက ငါးသန်းရယူပိုင်ဆိုင်သူ )
၂။ ဝေလေကုလား
( လယ်လုပ်ကိုင်သူ )
၃။ မာရဝါရီကုလား ( စူရတီ )
( သိမ်ကြီးစျေးမှာ အဝတ်အထည်ရောင်းသူ )
၄။ မဂိုကုလား
( မဂိုလမ်းမှာ ရွှေဆိုင်ဖွင့်သူ )
၅။ ခေါ်တောကုလား
( လှေ/ သမ္ဗတွေခတ်သူ )
၆။ ပန်ချာပီကုလား
( ပုလိပ်၊ စစ်သား၊ ဆရာဝန်လုပ်သူ )
၇။ ကာကာကုလား
( လ္ဘက်ရည်ဆိုင်ရောင်းသူ )
၈။ ကျူလယာကုလား
( ကျေးလက်တွေမှာ ကုန်စုံဆိုင်ဖွင့်သူ )
၉။ ဂေါ်ရင်ဂျီကုလား
( လန်ချားဆွဲသူ )
တို့ဖြစ်သည်။
ရှေးမြန်မာစကားဆိုအရ လူမျိုး၁၀၁ပါး
မြန်မာသတ္တ၊ မွန်လေးဝ၊ ရှမ်းမျိုးသုံးဆယ်၊
ခြောက်ဆယ်ကုလား လူမျိုး၁၀၁ပါး၌ ပါဝင်သောလူမျိုးများ
(၁)မြန်မာသတ္တ(၇)မျိုး
၁။မြန်မာ
၂။ပျူ
၃။တောင်သူ
၄။ကမှးယံ
၅။ယော
၆။ရခိုင်
၇။ထား၀ယ်
ပေါင်း`မြန်မာသတ္တ´ခုနစ်မျိုး
(၂)မွန်လေး၀(၄)မျိုး
၁။မွန်သီ
၂။မွန်နှံ
၃။မွန်ညံ
၄။မွန်အား
ပေါင်းမွန်လေး၀´လေးမျိုး (၃)ရှမ်းမျိုးသုံးဆယ်ဆိုသည်မှာ ၁။လင်း ၂။းသက် ၃။ချင်း ၄။ဂုဏ် ၅။ရင်း ၆။ကတူး ၇။မြုံ ၈။အကျော် ၉။ဂင် ၁၀။ရှိန် ၁၁။ဇဝါ ၁၂။မျက်နှာမည်း ၁၃။ကသည်း ၁၄။ရေမီးတွက် ၁၅။ကရက် ၁၆။လ၀ ၁၇။လင်း ၁၈။ပန်းလောင်း ၁၉။တရက် ၂၀။ယွန်း ၂၁။ဓနု ၂၂။ဘဥူး ၂၃။ကရင် ၂၄။ကချင် ၂၅။ဓနော ၂၆။ရှမ်း ၂၇။လဝိုက် ၂၈။တရုပ် ၂၉။ယိုးဒယား ၃၀။ဘန ပေါင်း
ရှမ်းသုံးဆယ်´
ကုလား (၆၀) ဆိုသည်မှာ
၁။ ကလယ် ၂။ ပသီ ၃။ ဘုရင်ချီ ၄။ဇော်ဂီ ၅။မာလီ
၆။ဘော်ရီ ၇။ ဟိန္နူ ၈။ ရေဆူ ၉။ သောကုတ် ၁၀။ လဟုတ် ၁၁။ဒေါရား ၁၂။ပုဏ္ဏား ၁၃။ ပသျှူး ၁၄။ခန္တီ ၁၅။တပသီ ၁၆။ဟာရီ ၁၇။ဝေသာခ ၁၈။ပဋိစ္စယာ ၁၉။ဥစ္စယာ ၂၀။စန္ဒ ၂၁။စင်ကြံ ၂၂။သုတ္တံ ၂၃။ဗျာပါ ၂၄။ မိစ္ဆာ ၂၅။ဆကဲ ၂၆။ဦးဗြဲ ၂၇။အိပ်ကပ် ၂၈။ကလပ် ၂၉။ ဒေါဏ ၃၀။မစ္ဆ ၃၁။ဒေါလာ ၃၂။ဒါရက ၃၃။ဒါရက ၃၄။ပန္ထ ၃၅။ခြေချုပ် ၃၆။ဟိန္ဒုတ် ၃၇။လဘဲ ၃၈။သင်းတွဲ ၃၉။သတုံ ၄၀။ယုံ ၄၁။သောယ ၄၂။ဒေါရဏ ၄၃။လေန္တိက ၄၄။တောဘ
၄၅။ပလဝါ ၄၆။မောလိပ် ၄၇။ကာလီ ၄၈။ကြမ်းတန် ၄၉။ဇဟုတန် ၅၀။သုတံ ၅၁။ကလံ ၅၂။တောဘ
၅၃။ပဏ္ဍိတ် ၅၄။တိတ်က ၅၅။ရေဆ ၅၆။ဖုသ
၅၇။ဘင်္ဂါလီ ၅၈။ဗာရာဏသီ
၅၉။သိန်းခို ၆၀။ အင်္ဂလိပ်တို့ ဖြစ်ကြသည် ။
အထက်ပါ ကုလားမျိုး (၆၀) ရှိသော်လဲ မြန်မာနိုင်ငံသို့ ရောက်ရှိလာကြသော ကုလားလူမျိုးများကို
၁။ မောလိပ် ကုလား
၂။ပသီ ကုလား
၃။ ဟိန်နူ ကုလား
၄ ။ ဒုံး (ဟိန္နူပွား)ကုလား
၅ ။ဟာရီ ကုလား
၆။ သင်္ချီ ကုလား
၇။ဘင်္ဂါလီ ကုလား ဟူ၍ အသုံးအနှုန်းများဖြင့်
ခွဲခြားထားသည်။
မှတ်ရန်တစ်နည်း
မြန်မာ- သတ္တ
မွန် – လေးဝ
ရှမ်း -သုံးဆယ်
ကုလား – ခြောက်ဆယ်
Credit
🌀 Chitthu Min 🌀
်#crd-to-ownerChitthuMin