“အစာလည်း ဆေး” သိသူဖေါ်စား၊မသိသူကျော်သွား။ အနာ နဲ့ဆေး တွေ့ခဲ့ တဲ့Cranberry ခရန်ဘယ်ရီသီး ။

မှတ်ဖွယ် မှတ်ရာ
စာပဒေသာ ( ၆၉ -ခ )

( ကျန်းမာရေး )

သိသူဖေါ်စား၊
မသိသူကျော်သွား။

အနာ နဲ့ဆေး တွေ့ခဲ့ တဲ့
Cranberry ခရန်ဘယ်ရီသီး ။

မ ကြာခင် က ဆီးပြသနာတက်ခဲ့ဘူးတယ်။
ဆီးသွားရခက်၊ ဆီးကျင်တယ်။ ဆီး သွားချင်ပြီး သွားရ ခက်ခဲတယ်။ ၊
သွားပြန်ရင်လဲ နည်းနည်းပဲ ဆီးကျင်လျက်သွားတယ် ။

အဖြေသွားတွေ့ခဲ့တယ်၊အနာနဲ့ဆေး တွေ့ခဲ့တယ်။
အစာလည်းဆေးဖြစ်တဲ့ ဖျော် ရည်မှုန့်ကို
Urisol တံဆိပ် ဖျော်ရည်မှုန်ထုတ်သေးလေးတွေ သွားတွေ့တယ် ။
ဖျော်သောက်တယ်။ တစ်ပတ်အတွင်းသက်သာသွားတယ်။
Cranberry သီးနဲ့လုပ်ထားတဲ့ဆေးမှုံ့ ဖျော်ရည်ပါ။

ဆီးသွားလမ်းကြောင်းရှင်းပေးပြီးဆီးသွားရကောင်းခါ ၊
UTI ခေါ် ဆီးလမ်းထဲကို ဆီးပိုးဝင်ခါ
ဆီးသွားရခက်တဲ့ Urine Track Infection. ပြသနာကို ကာကွယ်ပေး နိုင်တဲ့
cranberry ဆေးမှုန့်ဖျော်ရည် Urisol ဆေးမှုန့်က လက်တွေ့ပျောက်ကင်းကောင်းခဲ့လို့ ၊
ခရန်ဘယ်ရီ သီးတွေကို လိုက်ရှာခဲ့ တာ
ဖျော်ရ ည်ကို ရှာတွေခဲ့လို့ ပုံမှန်ဝယ်သောက် ဖြစ် နေပါတယ်။

သကြားမပါ Cranberryေဖျာ် ရည် ေ တွက
ဩစတျေလျားကထွက်တဲ့ ခရန်ဘယ်ရီသီးဖျော်ရည် ၂ မျိုးဖြစ်တယ်။
ဆီးသွားရ အလွန်ကောင်းတာအသေအခြာ လက်တွေ့ပါ။
လေ့လာ လိုက် တော့ Cranberry အသီးက ဆေးဘက်ဝင်အသီးဖြစ်နေတာတွေ့ရပြီး၊
ဆီးပြသနာတွေ အတွက် အထောက်အကူပြူ ဖြေရှင်းပေးနိုင်ကြောင်း
လက်တွေ့ လေ့လာသိရှိရပါတယ်။

အစာ လဲ ဆေး ပါဘဲ။

အစာလဲဆေး ၊
ဆေးလဲအစာ လို့ မြန်မာစကား တွဲဲသုံးတယ် ၊

ကွယ်လွန်သွားလေသူ ဆည်မြောင်း မိတ်ဆွေ
စက်မှုအင်ဂျင်နီဘာ ဦးကျောါ်ညွန့်ကို သွားသတိရတယ် ။
သူမကွယ်လွန်မီ လပိုင်း အလို ရက်တရက်မှာ
ရန်ကုန် ပါရမီလမ်း စိန်ဂေဟာ ဘေးက ဆေးဆိုင်မှာ
ဆေး ဝင်ဝယ် ရင်း သူနဲ့မမျော်လင့်ဘဲ သွားတွေ့တယ် ။

သူ ကလဲ သူသုံး နေကြ ဆေးတွေ လာဝယ် တယ် ။
ခင်နေကြသူတွေမို့ တွေ့တာနဲ့သူကတရင်း တနှီး ပြောတယ် .
ကိုအေးမြင့်ကြီးရာ
ကျွန်တော်တို့မှာ ဆေးသက်ဘဲရှိတယ် ။
ဆေးနဲ့အသက်ရှင်နေကြ၇တယ် လို့ပြောတယ်

မှန်တာပေါ့ဗျာလို့ ကျွန်တော်က ထောက်ခံပြောခဲ့တယ်
မကြာဘူး၊လပိုင်းမှာ မမျော်လင့်ဘဲ သူဆုံးသွားခဲ့တယ် ။
ကိုယ် နိုင်သရွေ့ကာကွယ် နေတဲ့ကြားက ဘာမှမတတ်နိုင်။
စိတ်မကောင်း ဖြစ်ခဲ့ရတယ်။
လူတစ်ခု ၊ကံတစ်ခုပါဘဲ။
အသက်တွေကလဲရလာကြပြီကိုး။

ခရန် ဘယ် ရီသီးရဲ့ ဆေးစွမ်းထက်ပုံကို သဘောကျပြီး ၊
ခရန်ဘယ် ရီ Crazy ရောဂါ ထနေမိတယ် ၊
မိသားစုဝင်တွေကလဲ ရှာကြတယ် ၊
ဝယ် သုံးတယ် ၊ ဝယ် သောက်တယ် ။
အစာလဲဆေး မဟုတ်ပါလား ။
ဒါပေမဲ့၊
ဆေးလဲအစာ လို့ဆိုရာမှာ
ဒီနေ့ခေတ်မှာ ကျန်းမာရေးကတန်ဘိုးရှိ တော့ ဆေးတွေက စျေးကြီးတယ် ။ကျန်းမာရေး ဆေးတွေက တန်ဘိုးကြီးတယ်။
ဆေးတွေစျေးကြီးလို့
ဆေးမသုံးဘဲ ၊
ဆေးဘက် ဝင်တဲ့ အသီးအနှံ သစ် ဥသစ်ဖု တွေ
ဝယ် စားမယ် လုပ်ပြန်တော်လဲ ။
ရှင်းနေပါတယ် ၊’
တကဲ့ ဆေးဘက်ဝင်ပြီး
ကျန်းမာရေးအတွက် လုံးဝ အထောက်အပံ့ပေးတဲ့
သဘာတ အသီးတွေက ၊အခြား အသီးတွေထက်
စျေးကြီးသလားမပြောနဲ့ ။
စားစရာ တွေ ေ ရာင်းတဲ့စ တိုးဆိုင်ကြိးတွေမှာ
Almond စေ့တွေ ၊ cranberry ဖျော်ရည်တွေ စတဲ့
ဆေးဘက်တင် အစာတွေက
စျေး ကြီးတဲ့ အစာအဟာရ တွေဖြစ်နေတယ် ။
ကျန်းမာရေးအတွက် ကောင်းတာကိုး ။

အစာလဲဆေး၊ဆေးလဲအစာ ၊

ဆေးဘို့ ၊ဝါးခ မြန်မာစကားရှိပြန် တယ် ။
ကျွန်တော့်အတွက်
ဆေးဘိုးက စျေးကြီးသလို ၊
မူလက
ဝါးခက မထောင်းတာ သော် လည်း.
ယခုအခါ
ကျန်းမာရေး အထောက်အကူပြု ,
ဆီးရောဂါ အထောက်အကူပြု
စာစရာတွေက ဆေးဘိုးလိုဘဲ
စျေးကြီးနေတာ တွေ့နေရပါတော့တယ် ခင်ဗျာ ။

အေးမြင့် ( ညောင်တုန်း )
၅/၇/၂၀၂၂

ရည် ညွှန်း ၊
Facebook post ၄/၇/၂၀၂၂
မှတ်ဖွယ် မှတ်ရာ စာပဒေသာ ( ၆၉ -က ) ( ကျန်းမာရေး )
“ ယောက်ျားမှာ – ဆီး “

——

မှတ်ဖွယ် မှတ်ရာ
စာပဒေသာ ( ၆၉ -က )

( ကျန်းမာရေး )

“ ယောက်ျားမှာ – ဆီး “

ဆီးကျန်းမာရေး
အတွက်

အထောက်အကူပြုနိုင်သော
Cranberry + blueberry
ခရန်ဘယ်ရီသီး နှင့် ဘလူးဘယ်ရီသီး
Cranberry + pomegranate
ခရန်ဘယ်ရီသီး နှင့် သလဲသီး
NO SUGAR ADDED
100% Fruit Juice ဖျော်ရည်

Cranberry ဖြင့် ဖေါ်စပ်ထားသော
Urisol တံဆိပ် ဆေးမှုန့် ဖျော်ရည်မှုန့်က
ဆီးသွားကောင်းစေကြောင်း
မကြာခင်က ကိုယ်တွေ့ ဖျော်သောက်ပြီး သိခဲ့ရလို့ ၊
Cranberry သီး ကို သဘောကျ ရာက၊
ခရန်ဘယ်ရီ သီးနဲ့ ဆက်စပ် တာတွေ လိုက်ရှာတယ် ။
ခရန် ဘယ် ရီ သီး အခြောက် တွေ တွေ့တယ် ၊
ခရန်ဘယ် ရီ သီး ယိုလုပ်ထားတာတွေ့တယ် ၊
ခရန်ဘယ်ရီ ဖျော်ရည် ၂ မျိုးသွားတွေ့တယ် ။

ရှာလို့တွေ့တဲ့
ခရန်ဘယ်ရီ သီးဖျော်ရည် ၂ မျိုး က၊
ခရန်ဘယ်ရီ သီး ထွက်တဲ့ ဩစတျေလျ နိုင်ငံကတင် သွင်းတယ်။

ခရန်ဘယ် ရီ သီးရဲ့သဘာဝ ဆေးးစွမ်း သတ္တိက
ဆီးနဲ့ပတ်သက်တဲ့ ဆီး သွား လမ်းကြောင်းကို ရှင်းပေးတယ် ။ ဆီးပိုးကိုလဲ ကာကွယ် ပေးတယ် လို့
အချို့ ကျန်းမာရေး သတင်းအချက်အလက်တွေမှာ
တွေ့ ရသေးတယ် ။

ခရန် ဘယ် ရီနဲ့ထုတ် လုပ် ထားတဲ့ဆေးမှုန့်ကို
မကြာမီက ဆီးပြသနာ ဖြစ်နေစဉ် မှာ
ေဖျာ် သောက် ခဲ့တာ ၊ တစ်ပတ် ကျော် အတွင်း မှာ
ဆိးသွားကောင်းခဲံတယ် ၊
ဆီးသွားရခက်တာ ပျောက်သွားခဲ့တယ် ။
ဆီးမကျင်တော့ဘူး။
ကိုယ် တွေ့ပါ။

ဆီးပြသနာ တွေ များစွာရှိတဲ့အ ထဲမှာ
UTI Urine Tract Infection
ဆီးပြွန်ထဲပိုးဝင်တဲ့ပြသနာက ဆီး ရောဂါ ဆီး ပြသနာ ေ တွ ထဲမှာ
အဖြစ်များ ကြမယ်ထင်ပါတယ် ။
ကပ်လျက် စအို ပြွန်ထဲ က အစာဟောင်းတွေထဲမှာ ရှိနေတတ်တဲ့
ခန္ဓာကိုယ်ထဲ အူသိမ် အူမတွေထဲမှာ
အများအားဖြင့်ကျက်စားသွားလာနေကြတဲ့၊
Ecoli ပိုးတွေ ဟာ ၊
ဆီးပြွန် ဝကတစ်ဆင့် ဆီးလမ်းကြောင်းထဲဝင်လာပြီး ၊
ဆီးအိမ်ထဲရောက် ၊ကျောက်ကပ်ထဲရောက် ၊ ဆီးကျိတ်ထဲဝင်နဲ့
ဆီးအလုပ်တာဝန်တွေလုပ်နေ ကြတဲ့
ဆီးနဲ့ပတ်သက်ရာ ခန္ဓာကိုယ်တွင်းက ဆီး အစိတ်အပိုင်းတွေဟာ
ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘဲ ၊
ဆီးသွားရခက်၊ဆီးကျင်ခါ ဆီးကောင်းကောင်းမသွားနိုင်တော့တဲ့ အထိ ဖြစ်သွားတတ်တဲ့
ဖြစ်တတ်ကြတဲ့ ဆီးရောဂါပြသနာပါ၊

ယောက်ျားမှာဆီး၊ လို့ဆိုသော်လဲ၊
ဆီးပြွန်နဲ့စအိုဝ နီးတဲ့ အမျိုးသမီးများမှာပိုဖြစ်တတ်တယ် လို့
ကျန်းမာရေးသတင်းအချက်အလက် စာတွေထဲ မှာ
တွေ့ ရတတ် ပါတယ် ။

ကျွန်တော်တို့လို သာမန် လူပြီန်း တွေမသိနိုင်တဲ့၊
ဆီးပြသနာ အခြားအကြောင်းပြချက်တွေကိုတော့
ဆီးနဲ့ကျောက်ကပ် အထူးကု ဆရာဝန် ကြီးတွေက ဘဲ သိကြမှာပါ။

အေးမြင့် ( ညောင်တုန်း)
၄.၇/၂၀၂၂

ရည် ညွှန်း ၊

Facebook post ( ၁၉/၆/၂၀၂၂) မှတ်ဖွယ် မှတ်ရာ စာပဒေသာ ( ၆၉ )

( ကျန်းမာရေး ) “ ယောက်ျားမှာ – ဆီး “

———

မှတိဖွယ် မှတ်ရာ
စာပဒေသာ ( ၆၉ )

( ကျန်းမာရေး )

“ ယောက်ျားမှာ – ဆီး “

FATHER DAY
သားတွေမြေးတွေနဲ့
အမှတ်တရ

သတိ ။
ကျန်းမားရေးသတိ ။

ကာကွယ်ခြင်းသည်
ကုသခြင်းထက် ကောင်းသည် ။ တဲ့

အစာလည်းဆေး ၊
ဆေးလဲ အစာ ။ တဲ့

ရှေး လူကြီးသူမများရဲ့ ၊
ကျန်းမာရေး အသိ ၊သတိ ပေး စကားများ ။

ဘယ် တုန်းကမှ
မဝတ်ဘူးတဲ့ဆေးရုံ ဝတ်စုံ ဝတ်လိုက်ရတယ် ။
ထူးဆန်း နေတယ် ။

ယောက်ျားမှာ ဆီးတဲ့ ။
ရှေးလူကြီးသူမတွေရဲ့ စကား၊
သိပ်မှန်တယ် ။

ဘဝအနာဂတ် ရေး ၊
အိုစာမင်းစာ တတ်နိုင်သရွေ့စု တာ ၊
ဆေးဘို့ ဝါးခမှာ ၊
အစားအသောက်ကနည်းတော့ ၊
ဝါးခမှာ မထောင်းတာ ၊
အသက် ကို ၊နိုင်သရွေ့ ဆွဲဆန့် ဘို့ ၊
ဆေးဘို့ကတော့
ဘာပြောရမှန်းမသိတော့ ။

ကျန်းမာရေးက
ငယ်စဉ် ခလေးဘဝထဲက
ဂရစိုက် နိုင်ကြ လျင် ၊
သူတို့လေးတွေ အနာဂတ် ၊
စိတ်ချမ်းသာ ၊ ကိုယ် ကျန်းမာကြပြီး၊
အနာဂတ် သူတို့ ဘဝ အေးချမ်း သာယာဖြောင့်ဖြူး ကြမယ် ။

Father Day မှာ
အဖိုးရဲ့ အတွေး ။
——-

ရင်းနီးသူ မိတ်ဆွေ​ေတွ ၊တပည့်တွေ က
ကျန်းမာရေးသတင်း မေးကြပါတယ် ။
သတိတရ နဲ့ စိုးရိမ်ကြလို့ မေးကြတာပါ။
ကျေးဇူးအများကြီးတင်ရပါတယ် ။

လက်ရှိ အခြေအနေ
စိုးရိမ် စရာ ဘာမှ မရှိသေး ဟု
မိမိကိုယ် မိိမိ မှတ်ယူ ထားပါတယ် ။

မိတ်ဆွေကြီး ဦးလှဘော် က ဘာဖြစ်တာလဲမေးလို့ ၊ မိတ်ဆွေများကျန်းမာရေးသတိထားနိုင်ကြရအောင်
မိမိ ဆီး ကျန်ူးမာရေးအခြေအနေ တွေကို ပြနိလည် ဝေမျှ တင် ပြ လိုက်ပါတယ်

အိမ်နီးပါးခြင်း မိတ်ဆွေကြီး U Hla Baw သို့ ပြန်ကြားချက် ။

ဆီးသွား ရခက်တာပါ ။
ရေသောက်များလာ လို့ ခုတော့ တဖြည်းဖြည်းကောင်းလာ ပါပြီ ။

ဆီးချိုသမားတွေ ဆီးခနခန သွားတာ ကျွန် တော် အရင် မဖြစ်ခဲ့ပါဘူး ၊
သူတို့ပြောတဲ့လက္ခဏာ ကျွန်တော့်အတွက် မမှန်ဘူးလို့ ပင် မှတ်ထားခဲ့ သေး တယ် ။
ဆီးချို သမားတွေမျကိစေ့ ထိ ခိုက်နိုင်တာလဲရှိတယ် ။
ယနေ့ထိ ကျွန်တော်စာဖတ် နေတာ မျက်မှန် မသုံးရသေးပါဘူး ။ အလွတ် ဖတ်နေနိုင်ပါတယ် ွ
ချွင်းချက်က ကောင်း ေ တွ ရိုးရိုးမျက် စေ့နံပင် ဖတ် မအောင်ရေးရိုက် ထားတဲ့၊
စာလုံးသေး ၊ပီစီ ေ ကွး ေ ွေတောာ့ ၊အိတ် ဆောင်စာဖတ် မျက်မှန်အ သေး လေးနဲ့ဖတ်မှ မြင် ရတယ် . တ ါတရံ မှသာပါ။ မျက်မှန် သုံးခဲလှပါတယ် ။ကျွန် တော် ဆီးချို သမားအမှန်ပါ။

ခုတော့ ဆီးမကြာမကြာသွား ၊ ဆီး သွားရခက် ၊ ဆီးပူ ဆီးကျင်တယ် ။ ဖြစ် လာလို့ဆီးချိုကြောင့်လား သံသယဖြစ်လာပြီ ။

လေ့လာလိုက်တော့
UTI Urine Tract Infection ဆီးလမ်းကြောင်းထဲပိုးဝင် ရင်လဲဖြစ်တတ်တာသွားေ တွ့ တယ်
၂၀၂၀ ခန့်က ဖြစ်ဘူးလို့ ရန်ကုန် သင်္ခန်းကျွန်း ၊အောင်ရတနာ ဆေးခန်း မှာ ပြခဲ့ဘူးတယ် ။
ပေးတဲ့ Antibiotic ပိုးသတ်ဆေး စားလိုက်တာမကြာဘူး၊ တစ်ပတ် ခန့်အကြာမှာ ပျောက်သွားတယ် ။
ခုဖြစ်တော့ အောင်ရတနာဆေးခန်းသွားသတိရတယ် ။
ဆေးခန်းကပေးတဲ့ ဆေးမှုန့်ထုပ်တွေ အရင် က ဘာမှ ဘာမှ မဖြစ် ေ တော့ လို့ မစားခဲ့တ ာ ၊
Urisol တံဆိပ် ဆေးအထုပ်တွေ သွား​ တွေ့ တယ် ။ expire မဖြစ်သေးဘူး ။
လေ့လာကြည့်တော့ Australia ကထွက်တဲ့ Cranberry ဘယ်ရီသီးတစ်မျိုး နဲ့ထုတ်လုပ်ထားတဲ့
ဆေး ဖျော်ရည်မှုန့်ဖြစ်နေ တယ် ။
တစ်နေ့ ၃ ကြိမ်ထိ ဖျော်သောက်နိုင်တယ် ။
ဆီးသွားလမ်းကြောင်းကို ရှင်းပေးနိုင်တဲ့ ဆေးမှုန်ု့ လို ့ ဆိုထားတယ် ။
ဆေးမှုန့်ထုပ် သေးသေးလေးတွေ တစ်၇က် တစ်ထုပ် / နှစ်ထုပ် ဆက် တိုက် သောက်လာလိုက် တာ
ဆီ.သွားရခက် တဲ့ပြသနာ တစ်ဖြည်းဖြည်းသက်သာ လာတယ် ၊လျော့လာတယ် ။
သက်သာသွား တယ် ။
ဒီနိုင်ငံကြီးမှာ၊ နာမည် ဆေးရဲံကြီးမှာ ဆရာဝန် နဲ့ဆီးပြသနာ ပြနေ၊ ဆရာဝန် နဲ့ေ ဆွး ေ နွး နေ ၊ ဆီးစစ် ွေးစစ် ၊ Ultrasound. ေ တွ ရိုက် ၊CTScan ေ တွရိုက် နဲ့ တစ်ပတ် ၁၀ ရက်ခနိ့ ခုနေချိန် ထိ ဆရာ ဝန်က ဘာဆေးမှ ေ ပး သေးဘူး ။သေချာ အောင် စစ် ဆေးကောနေတုန်း ။
၁၀ ရက် ခန့်အ ကြာ ဆရာ ဝေ တွ့ တဲ့အခါ ၊ ကျွတော် မှာ ဆီးသွားရခက်တဲ့ ပြသနာ ေ လျာ့နေပြီ ။
Cranberry. ဆေးမှုန့်ကိုဆေးစစ်နေစဉ် ကာလ မှာ နေ့စဉ် ေ ဖျာ ်သောက်နေလာတာ
ဆေးစွေ ဿိရလို့ ဆရာ ဝန်နဲ့ ေ တွ့ တဲ့ အချိ န် မှာ
ဆီးသွားရခက် တဲ့ ကျွန်တော့် ဆီး ပြ သနာ က သက်သာ လောက် ဖြနေပြီ။

ကျန်းမ ရေးအစာတွေ ရောင်းတဲ့ GUARDIAN ဆိုင်မှာ Urisol ဆေးထုပ် အလွတ် ပြ ဝယ် တာ မရှီ ဘူး ။
ရန်ကုန် ကို လှမ်း မှာ လို က်တာ၊ ဒီနေ့ မနက်ဘဲ ချက်ခြင်း ရောက်လာတယ် ။
နောင်ဖြစ် ရင် ၊သိသွားပြီ ။
ဆီးပူရင် ၊ ဆီးသွားခက်ရင် ၊ဆီးမကြမကြာ တစ်စက် တစက် သွားရင်
သောက်ရင် ပျောက်နိုင်တဲ့သဘော သွားတွေ့တယ် ။

ဆီးပြသနာနဲ့ပတ် သက်လို့ မကြာသေးခင်။လ ပိုင်း ေ တွ မှာ ၊ ေ သွး နဲ့ဆီးစစ်ခဲ့ ဘူးသေး တယ် ။
ရလဒ် တစ်ခုက ဆီးထဲ မှာ White Blood Cell သွေးဖြူဥုတွေ နဲ့ Redblood cell သွေးနီဥ တွေ ရှိသင့်တာထက် များတာတွေ့ရတယ် ။
တစ်နေရာထဲက အဖြေ နဲ့ မကျေ နပ် လို့ ၊
သေချာအောင် အခြားဆေးခန်း တစ်ခုမှာထပ်စစ် ကြည့်မယ် ၊ အဖြေ အသစ် နောက်တစ်ခု ရအောင် စစ် အုံး မယ် စိတ်ကူးထား တာ အခုဆီးပြသနာအကြောင်းပြပြီး နာမည်ကြီး ပြင်ပ ဆေးခန်းတစ်ခုသွာ းပြပါတယ် ၊

ပြချိန်မှာ ဆီးသွားရခက်တာက တ ဖြည်း ဖြည်း လျော့ ကျလာ နေပြီ ။
ဒါ ပေမဲ့ ဆီးအဖြေသစ်သိချင်လို့ ဆီးနဲ့ သွေးကို ဆက်စစ်တယ် ..
ဆီးကျိတ် အ​ ေ ခြ အနေ သိချင်လို့ ဆရာက သူကိုယ် တိုင် လက်နဲ့ နှိုက် စမ်းသပ် တယ် ။ ု
စအို ပေါက်ထဲ ကင်မရာထည့်ပြီး Ultrasound ပုံရိပ်တွေ ရိုက် ယူတယ် ။
ကျောက်ကပ် ၊ ဆီးအိမ် ,ဆီးပြွန် တို့ရဲ့အခြေအနေ နဲ့ အထဲက ေ ခြ အနေတွေ ပေါ်လာတယ် ။
Ultra sound အဖြေအရ ထူးထူ းထွေထွေ ပြသနာ မတွေ့ရဘူး ။
ဒါပေမဲ့မသင်ကာ စရာလေးတစ်ခုတော့တွေတယ် ၊
ကျောက်ကပ်ထဲမှာ လေအိတ် ေ၇အိတ် လို အဖုအစက် သေးသေး တွေ့တယ် လို့ဆရာကရှင်းပြတယ် ။ သေချာအောင် CT Scan ရိုက် ပြီး ထပ် စစ် ကြည့် ရမယ် ပေါ့၊ .ဝမ်းဘိုက် တစ်ခု လုံး CT Scan ရိုက်မယ် ၊
ရိုက်ရင် အသေးစိတ်သိရပြီး ၊ ကင်ဆာပိုးလို အန္တရာယ် ရှိမရှိ လဲနသိနိုင်ကောင်းမယ် ယူဆတယ် ။
စစ်မှာက ဆီးပြသနာ ။
ကျွန်တော်က စျေးဆစ်ကြည့်တယ် ၊ ဆီး အင်္ဂါဆွေစစ်ရင် း ယခင် ကျွန်တော်စစ်ဘူးတဲ့ သည်းခြေကျောက် အခြေအနေ ပါ CT Scan မှာသိ၇နိုင်မလားဆ ရာ လို့ မေးကြည့် တယ် ၊. သိရမလိုလို၊ ဘာမှ အထူးေ ပြာ ။
ကြာပါပြီ ။’သည်း ခြေကျောက် ပြသနာ တွေ့ ခဲ့ စဉ် က လဲ ပန်း လှိုင် ဆေး ရုံ မှာ ၊ အခက်အခဲမ ရှိ ရင် ကျောက် ကပ် ထဲကျောက် ရှိ မရှိ စျေးဆစ်ခဲ့ ခါ၊ စစ်ခဲ့ ဘူးတယ် ။ ေ ကျာက်ကပ် ထဲ မှာ ေ ကျာ က် မ ေ တွ့ ဘူး ။ ။
ဒါ နဲ့အခြားဆီးပြသနာ တွေ ပိုပြီး အသေးစိတ် သိ၇အောင် CTScan ၇ိုက် သင့်တယ် ရိုက်ရမယ် ဆရာက ပြော တယ် ။

ကြားသာကြားဘူးခဲ့ပြီးဘာမှန်းမသိလို့ ။ဆရာအကြံပြုလို့ သာ ၊တ ခါ မှမလုပ်ဘူးတာ လုပ်ကြည့်မယ် ၊စစ်ကြည့်မယ် ၊ဆုံး ဖြတ် လိုက် ပါတယ် ။

နာမည် ကြီး ဆေးခန်းကြီးမှာ သွားပြစစ်ဆေးတာ ခုထိ ဘာဆေးမှ မပေးသေးဘူး ၊
အကြောင်းပြပြီးဆေးခန်းချိန်း ပြီး သွားပြတဲ့ ဆီးအခက်အခဲက ပထမဖြစ်ခဲ့ တာက ခု ပျောက်သလောက်ဖြစ်နေပြီ ။

မနက်ဖြန ၂၀/၆/၂၀၂၂ မှာ ဆီး /သွေး နဲ့ CTScan အဖြေတွေ ရပါ ပြိ ။
ဆေခန်းမှာ ဆရာနဲ့တွေ ့ ။သူရှင်းပြရင် ဘာတွေဖြစ်နေတယ် မဖြစ်ဘူး ၊ ဆီးကျန်းမ ာရေး အဆိုးအကောင်း အသေးစိတ် သိ ရပြီ ယူဆပါတယ် ။

အနာရှိ ဆေးရှိ မြန်မာစကားအတိုင်း သူတို့က တော့ အသေးစိတ် စစ်တဲ့သူတွေ, ပါ ။
ဆက်ကြည့်ရမယ် ။

ကျန်းမာရေးသတင်းမေးကြသူမိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ပါတယ် .
အဓီကကတော့ ကာကွယ် ခြင်းသည် ကုသခြင်းထက် ကောင်းတယ် ။
ငွေကုန် ကြေး ကျ သက်သာနိုင်ပါမယ် ။
လေ့လာချက်တေ့အရ Cranberry သီးက ဆီးအတွက် အ လွန် ကောင်းပုံရတယ် ။ စထ ရော် ဘယ် ရီ အပါအဝင် ၊ဘယ်ရီသီး မျိ ုး စုံ အားလုံးဟာ ယခင်ကတည်းက ဆေးဘက်ဝင် တဲ့အသီးတွေ၊ ကောင်းမှန်းသိထားပြီးသား ပါ.။ စျေးကြီးတယ် ။
ခုတစ်ဖန် Cranberry ဘယ်ရီသီးတစ်မျိုးက ဆီးလမ်းကြောင်းကို ကောငိးကောင်း ရှေး ေပးနိုင် တာ သိလာ ရတယ် ။ ကောင်းမှန်းသိလို့ သား က Cranberry သီး ဖျော်ရည် ရှာဝယ် တယ် ။ သမီးက စတျော် ဘယ်ရီသီး အခြောက်လို Cranberry အသီးအခြောက် ရှာဝယ် တယ် ။ အပြိုင်အဆိုင် . ရှ ာဖွေ ဝယ် နေကြလေရဲ့ ။
ဆီးနဲ့ပတ်သက်တဲ့အလွ ယ် ဆုံး ကြို တင်ကာကွယ် နည်း တစ်ခု ကတော့ ‘မိတ်ဆွေများ
ရေများများသောက်ကြ ပါ ။

ကျွန်တော်က ေတာ့ ေ၇မသောက်ဘဲ ရေနွေး ကြမ်း သာ တစ်သက်လုံး နီးပါး သောက်လာခဲ့သူပါ ။
လဘက်ခြေက်ကောင်းကောင်းသုံးတယ် ။ရှမ်း ပြည် လဖေ ခြ ာက် ေ တွ သုံး တယ် ။
ကြိုချက်ထားတဲ့ရေနဲ့ လဘက် ခြေက်ခပ်သောက်လာတာ ကြာပြီ။. ယနေ့ထိ ပါ။
ရေစိမ်းသောက်တာတော့ အလွန် နည်းခဲ့ပါတယ် ၊
ခုတော့ ဆင်ခြင် ဘို့လို မလားတော့မသိ ။

အေးမြင့် ( ညောင်တုန်း )
၁၉/၆/၂၀၂၂